Zawgyi
အပိုင္း (၁၈၄၈) – သူမအတြက္လာျခင္း
ေခၚသြားခံရေသာ လူမ်ားကိုၾကည့္ၿပီး သူတို႔၏ ခန႔္မွန္းခ်က္ မွန္ကန္ေန သည္ကို ေသခ်ာသြားသည္။
ၾကင္ယာေတာ္မင္းသမီးႏွင့္ သူမ၏ ကေလးမ်ားသည္ က်ရႈံးသြားေလၿပီ။
တပ္သားမ်ားထြက္သြားၿပီးေနာက္တြင္ ဖန္းရင္ဟန္သည္ ရွီမာယူယူအား ေျပာေလသည္ "ျပန္ၾကတာေပါ့"
"ဟုတ္ၿပီ" ရွီမာယူယူ ေခါင္းညိတ္လိုက္သည္။ သို႔ေသာ္ ေျခလွမ္း အနည္း ငယ္လွမ္းၿပီးေနာက္တြင္ သူမ၏ မ်က္ႏွာသည္ ႐ုတ္တရက္ေျပာင္းသြားၿပီး ယြိရွီ ကိုေျပာလိုက္သည္ "ဦးေလး သူတို႔ကို ေခၚသြားေပးလို႔ရမလား"
"ဘာျဖစ္လို႔လဲ"
"ကြၽန္မ လုပ္စရာရွိေသးလို႔ ေက်းဇူးပဲေနာ္ ဦးေလး" ေျပာၿပီးသည္ႏွင့္ ရွီမာယူယူ ေပ်ာက္သြားေလသည္။
ယြိရွီႏွင့္ ဖန္းရင္ဟန္တို႔ႏွစ္ေယာက္လုံးသည္ ရွီမာယူယူ ခ်က္ခ်င္းႀကီး ေပ်ာက္သြားလိမ့္မည္ဟု ထင္မထားသျဖင့္ အံ့အားသင့္သြားကသည္။ ဟြမ္သည္ လည္း ခ်က္ခ်င္းပင္ သူမႏွင့္အတူ ထြက္သြားေလသည္။ သူမ လုပ္စရာဆိုသည္ ကို ယြိရွီ သိခ်င္ေသာ္လည္း ေနာက္မွလိုက္သြားရန္ လက္ေလ်ာ့ကာ ဖန္းရင္ဟန္ ႏွင့္ က်န္းမင္တတို႔ကို ၾကည့္လိုက္သည္။
သူမ၏ ၫႊန္ၾကားခ်က္ကိုလည္း လ်စ္လ်ဴရႈ၍မရေပ။
"သခင္မေလးက ဘယ္လိုလုပ္ ဒီအတိုင္းေပ်ာက္သြားတာလဲ" က်န္းမင္တသည္ ဖန္းရင္ဟန္၏ လက္ကိုယူၿပီး ရွီမာယူယူ ရပ္သြားသည့္ေနရာ ကို ၾကည့္ေနသည္။
"သခင္မေလးက အဲေလာက္ အားေကာင္းလိမ့္မယ္လို႔ ထင္မထားဘူး..." ဖန္းရင္ဟန္သည္လည္း ရွီမာယူယူေၾကာင့္ လန႔္ေနသည္။
"သြားၾကမယ္ မင္းတို႔ကို အရင္လိုက္ပို႔မယ္" ယြိရွီ လွည့္ၿပီးေနာက္ ေရွ႕မွ ဦးေဆာင္ေလွ်ာက္သြားၿပီးသည္ႏွင့္ တစ္ေယာက္တည္း ေရ႐ြတ္လိုက္သည္ "ဒီ ေကာင္မေလးကေတာ့ လွ်ိဳ႕ဝွက္လိုက္တာ... ဒါေပမဲ့ သူမ စြမ္းအားကို ျပတဲ့ အခ်ိန္ကေတာ့ တကယ္ကို မိုက္တာပဲ တကယ္ကို..."
ရွီမာယူယူ သြားမည့္ေနရာမေရာက္ခင္တြင္ ဟြမ္မွီလာသည္။ သူတို႔ႏွစ္ ေယာက္သည္ လမ္းတစ္ေလွ်ာက္ ဘာမွမေျပာၾကေပ။ သူမသည္ သူ႔ကို မင္းသား ၇ ၏အိမ္ေတာ္ဆီသို႔ တိုက္႐ိုက္ေခၚသြားလိုက္သည္။ ထိုေနရာတြင္ ပြဲမၿပီးေသးေပ။ မင္းသား ၇ ယြိခ်ီသည္ သူ႔လူမ်ားႏွင့္ ေခါင္းမာမာျဖင့္ ခုခံေန တုန္းပင္။
ယြိယန္းသည္ သူ႔လူမ်ားႏွင့္ မင္းသားအိမ္ေတာ္ကို တိုင္းထားၿပီး အေနာက္ဘက္ၿခံဆီသို႔ ေနာက္ဆုတ္ရန္ ဖိအားေပးေနသည္။ ေနာက္ဆုတ္ရန္ ေနရာမက်န္ေတာ့သည္ႏွင့္ သူတို႔ႏွစ္ ေလးဖက္ေလးလံ ပိတ္မိသြားသည္။""
"ညီေတာ္ ၇ ထြက္ေျပးစရာေနရာမရွိေတာ့ဘူး က်ိဳးက်ိဳးႏြံႏြံနဲ႔ပဲ အညံ့ခံ လိုက္ေတာ့" ယြိယန္းသည္ အဖြဲ႕၏ေရွ႕သို႔ထြက္လာၿပီး ယြိခ်ီကို ေခ်ာ့ေလသည္။
ယြိယန္း ပုံမွန္အတိုင္း ျပန္ျဖစ္သြားသည္ကို ၾကည့္ၿပီး ယြိခ်ီသည္ ေအးစက္စြာ ႏွာမႈတ္လိုက္သည္ "လွ်ိဳ႕ဝွက္ခ်က္အႀကီးစားရွိတဲ့လူက မင္းျဖစ္ လိမ့္မယ္လို႔ထင္မထားဘူး ဒီေလာက္ႏွစ္ေတြအမ်ားႀကီးမွာ မင္းက လုံးဝကို ဖုံးထားႏိုင္တာပဲ"
"ငါက မင္း ဖိအားေပးတာကိုခံရတာပါ" ယြိယန္းသည္ အက်ႌလက္ကို သပ္လိုက္သည္ "ငါသာ အားနည္းခ်က္ကို ျပမထားရင္ ငါ့မယ္ေတာ္ေနာက္ လိုက္သြားေနရေလာက္ၿပီ... အခုထိ အသက္ရွင္ေနဦးမယ္လို႔ မင္းထင္လား"
"ဟင္း... မင္းက မင္းခႏၶာကိုယ္ကို အသုံးခ်ခဲ့တာပဲ ဘယ္ေလာက္ ရက္စက္လိုက္သလဲ... ခမည္းေတာ္က မင္းလွ်ိဳ႕ဝွက္ခ်က္ကို သိထားေပမဲ့ အကုန္လုံးကို အၾကာႀကီး လွ်ိဳ႕ဝွက္ထားေပးခဲ့တာပဲ... သူက ညီေတာ္ေလးကို အလိုလိုက္ဆုံးလို႔ အကုန္လုံးက ေျပာၾကတာ... ဒါေပမဲ့ ၾကည့္ရတာ အဲဒါက သူ႔ ရဲ႕အေပၚယံပဲျဖစ္တဲ့ပုံပဲ... သူမ မင္းကို နန္းေပးခ်င္ေနတာ ၾကာၿပီပဲ"
"မင္းသာ ခမည္းေတာ္အေပၚ သစၥာရွိရင္ သူက မင္းကိုလက္ေလ်ာ့မွာ မဟုတ္ဘူး ဒါေပမဲ့ မင္းက သူ႔ကိုသစၥာမရွိခဲ့ဘူး" ယြိယန္း ေျပာလိုက္သည္။
"ဟားဟား... ဒါေပါ့ ငါ့သစၥာက သူ႔အတြက္မဟုတ္ဘူး... သူက ငါ့ ခမည္းေတာ္မဟုတ္ဘူး... သူလည္းသိတယ္.. အဲဒါေၾကာင့္ သူက ပုလႅင္ကို ငါ့ကိုေပးဖို႔ ဘယ္ေတာ့မွ ေတြးခဲ့တာမဟုတ္ဘူး... အဲလိုဆိုမွေတာ့ ငါလည္း ငါ့ ဘာသာယူရေတာ့မွာေပါ့... အဲဒါဘာမွားေနလို႔လဲ"
"ၾကည့္ရတာ မင္း ဒီအေၾကာင္းေတြ သိထားတာၾကာၿပီထင္တယ္" ယြိယန္းေျပာလိုက္သည္ "ဒါဆိုလည္း ၾကင္ယာေတာ္မင္းသမီးနဲ႔ မင္းရဲ႕ အေဖ အရင္းတို႔ အဖမ္းခံလိုက္ရၿပီဆိုတာကိုလည္း သိသင့္တာေပါ့ အဲဒီေတာ့ မင္း အခုပဲ အညံ့ခံလိုက္ေတာ့"
"အညံ့ခံရမယ္ဟုတ္လား အစ္ကိုေတာ္ ၂ ငါ့ကို ငတုံးလို႔ထင္ေနလား မဟုတ္ရင္ မင္းကပဲ ႐ိုးစင္းလြန္းတာလား" ယြိခ်ီ ၿပဳံးလိုက္သည္ "ငါသာ အညံ့ခံ လိုက္ရင္ အၾကာႀကီးအသက္ရွင္ႏိုင္မွာမဟုတ္ဘူး... ငါ အဲေလာက္ မတုံးဘူး"
"မင္း ဆက္ၿပီးခုခံေနရင္ သြားစရာေနရာမရွိေတာ့ဘူး... မင္းသာ ဒီလမ္း ကိုပဲ ဆက္ေ႐ြးမယ္ဆိုရင္ ခ်င္ခ်င္းေသသြားမွာပဲ" ယြိယန္း ေျပာလိုက္သည္ "ငါတို႔က ႏွစ္ေပါင္းမ်ားစြာ ညီအစ္ကိုျဖစ္ခဲ့တာဆိုေတာ့ အဲလိုမလုပ္ဖို အႀကံေပး ခ်င္တယ္"
"မင္းက ငါ့ကို သတ္ခ်င္ေနတာပဲ အဲေလာက္လုပ္ဖို႔မလိုပါဘူး" ယြိခ်ီ ေအာ္ ေျပာေလသည္ "ငါ ေသခ်ာေပါက္ ထြက္ေျပးမဘ္"
"ထြက္ေျပးမယ္ဟုတ္လား ရွင္ကေလ" ေရွာင္ေရာ့ပိုင္သည္ တံခါးဖြင့္ကာ အထဲမွထြက္လာသည္။ သူ၏ သူမဆီသို႔ ခ်က္ခ်င္းအာ႐ုံသြားသည္။
"ေရွာ့ပိုင္ ငါ မင္းကိုလာေခၚမလို႔ပဲ" ယြိခ်ီသည္ ေရွာင္ေရာ့ပိုင္ေဘးသို႔ ေလွ်ာက္လာသည္။ သူ၏ ခ်စ္ျခင္းမ်ားျဖင့္ ျပည့္ေနသည့္ အၾကည့္မွာ အစစ္ အမွန္အတိုင္းပင္။
"ရွင္က ကြၽန္မကိုေခၚဖို႔ လာတယ္ဟုတ္လား" ေရွာင္ေရာ့ပိုင္၏ ႏႈတ္ခမ္း သည္ ေလွာင္ေျပာင္သလို တြန႔္တက္သြားသည္။
"ဟုတ္တယ္ေလ မင္းကို ေခၚဖို႔လာတာေလ" ယြိခ်ီသည္ သူမကို ၾကည့္ လိုက္သည္ "နည္းနည္းေတာ့ ခက္ခဲေပမဲ့ ငါတို႔ ထြက္သြားလို႔ရပါေသးတယ္"
"ဒါေပမဲ့ ကြၽန္မက ရွင္နဲ႔မသြားခ်င္ဘူး" ေရွာင္ေရာ့ပိုင္ ေျပာလိုက္သည္ "ကြၽန္မက ဒီမွာ ဘယ္တုန္းကမွ မေနခ်င္ခဲ့ဘူး"
"မဟုတ္ဘူး မင္း ငါနဲ႔အတူ ထြက္သြားရမယ္ ေရာ့ပိုင္ မင္းမွာ ေ႐ြးခ်ယ္ စရာမရွိဘူး" ယြိခ်ီသည္ သူမကို ၾကည့္ၿပီး ျငင္းဆန္ခြင့္မေပးေပ။
ေရွာင္ေရာ့ပိုင္သည္ သူ႔ကို ျပန္ၾကည့္လိုက္သည္ "ရွင္ဘာလိုခ်င္လဲဆိုတာ ကြၽန္မသိတယ္ ဒါေပမဲ့ ရွင္နဲ႔ ကြၽန္မ မလိုက္ႏိုင္ဘူး"
ယြိခ်ီသည္ ဓားရွည္ကိုဆြဲထုတ္ၿပီး သူမ၏ လည္တိုင္ေပၚသို႔တင္ၿပီး ေျပာ လိုက္သည္ "ငါက စိတ္ရွည္တဲ့လူမဟုတ္ဘူးေနာ္.. ေရွာ့ပိုင္ မင္း ငါ့အေၾကာင္း သိပါတယ္... မင္း ဒီေန႔ ငါနဲ႔မလိုက္ရင္ မင္းကိုဒီမွာပဲအဆုံးသတ္ေပးလိုက္မယ္"
"ဒါဆိုလည္း လုပ္လိုက္ေလ" ေရွာင္ေရာ့ပိုင္သည္ ေၾကာက္႐ြံ႕ျခင္းမရွိေပ "ေရွာင္မ်ိဳးႏြယ္တစ္ခုလုံး ပ်က္စီးၿပီးသြားၿပီ... ဒီ ၂ ႏွစ္မွာ ကြၽန္မဘဝကလည္း အခိုးခံခဲ့ရတယ္... ဒီေန႔ ကြၽန္မသြားၿပီး သူတို႔နဲ႔ ပူးေပါင္းမယ္... အဲဒါက ကြၽန္မ အတြက္ေကာင္းတဲ့လမ္းပဲ"
"မင္းဘဝက အခိုးခံရတယ္ဟုတ္လား" ယြိခ်ီသည္ ထိုစကားကို ၾကားေသာအခါ ႐ုတ္တရက္ ၿပဳံးေလသည္ "ငါ မင္းအေပၚကို ဒီေလာက္ေတာင္ အားထုတ္ခဲ့တာ... မင္းကေတာ့ အခု ဒီလိုေျပာတယ္ေပါ့"
"အခုထိကို ရွင္က ရွင့္ကိုယ္ရွင္ အဟုတ္ႀကီးထင္ေနတာလား ဒါေပမဲ့ ရွင္ ကအၿမဲတမ္း ဒီလိုပဲထင္ပါတယ္" ေရွာင္ေရာ့ပိုင္သည္ ေမးကိုပင့္လိုက္သည္ "ရွင္ လုပ္ခ်င္သလိုသာ လုပ္ေတာ့"
"မင္းသား ၇ ဒီလိုမ်ိဳး ဆက္သြားလို႔မျဖစ္ဘူး" သူ႔ေနာက္မွလူမ်ားသည္ တိုက္တြန္းေလသည္။
ယခုအခ်ိန္တြင္ ထြက္ေျပးရမည္ျဖစ္ေၾကာင္းကို ယြိခ်ီ သိသည္။ သူသည္ ေရွာင္ေရာ့ပိုင္၏ ခံစားခ်က္ကင္းမဲ့ေနေသာ မ်က္ႏွာကိုၾကည့္ၿပီး ဓားရွည္ကိုခ် လိုက္သည္။
"ခြၽင္..."
ေက်ာက္တုံးေသးတစ္တုံးသည္ ယြိခ်ီ၏ လက္ထဲမွဓားရွည္ကို မွန္သြား ေလသည္။ သို႔ေသာ္ သူ အျမန္ပင္တုံ႔ျပန္ကာ ေရွာင္ေရာ့ပိုင္ကို ဆြဲၿပီး သူမ၏ လည္ပင္းကို ဆုပ္ကိုင္ထားလိုက္သည္။
ထိုေနရာမွလူမ်ားသည္ ေက်ာက္တုံးလာရာလမ္းကို ၾကည့္လိုက္ရာ ရွီမာယူယူႏွင့္ ဟြမ္တို႔သည္ တျဖည္းျဖည္းထြက္လာေလသည္။
"မင္းလား" ယြိခ်ီသည္ သူမအား တအံ့တဩၾကည့္ေလသည္။ သူမ ဤ ေနရာသို႔ ေရာက္လာမည္ဟု သူ ထင္မထားေပ။
ေရွာင္ေရာ့ပိုင္သည္ သူမကို ၾကည့္လိုက္သည္။ သူမ၏ မ်က္လုံးမ်ား အေရာင္လက္သြားေသာ္လည္း ဘာမွမေျပာေပ။
"ရွီအာ ဘာလို႔ ဒီကိုေရာက္လာတာလဲ" ရွီမာယူယူ ေရာက္လာသျဖင့္ ယြိယန္းသည္လည္း အံ့ဩေနသည္။
"ေရာ့ပိုင္ကို လာေခၚတာပါ" ရွီမာယူယူ ေျပာလိုက္သည္။
ယြိခ်ီသည္ ေခါင္းငုံ႔ကာ ေရွာင္ေရာ့ပိုင္၏ နား႐ြက္ကို ကိုက္လိုက္သည္ "ဟားဟား ငါ့ရန္သူက မင္းကို သူငယ္ခ်င္းအျဖစ္ သတ္မွတ္ၿပီးေတာ့ မင္းကို လာကယ္တာျဖစ္မယ္"
ေရွာင္ေရာ့ပိုင္သည္ ရွီမာယူယူကို ၾကည့္ေနေသာ္လည္း ဘာမွမေျပာေပ။
"အစ္ကိုေတာ္ ၂ မု႐ုန္ေဟြ႕နဲ႔ မု႐ုန္ရွီတို႔က မင္းတို႔ဘက္ကဆိုတာကို ငါ သိ တယ္... ငါတို႔ ဘာလို႔အလဲအလွယ္ မလုပ္ရမွာလဲ... ငါ မင္းကို ေရွာင္ေရာ့ပိုင္ကို ေပးမယ္ ငါ့ကိုသြားခြင့္ေပး... ဘယ္လိုလဲ" ယြိခ်ီ ေမးလိုက္သည္။
ယြိယန္းသည္ ရွီမာယူယူကို ၾကည့္လိုက္သည္။ သို႔ေသာ္ ထိုအၾကည့္သည္ ယြိခ်ီ၏ သံသယကို အတည္ျပဳၿပီးသားျဖစ္သြားသည္။
မု႐ုန္ရွီသည္ သူ႔စိတ္ထဲတြင္ ေနရာတစ္ခုရွိၿပီးသားျဖစ္ရမည္။ သူမသည္ ေရွာင္ေရာ့ပိုင္ဆီမွလည္း ေလးစားမႈရရွိထားသည္။ ထို႔ေၾကာင့္ ေရွာင္ေရာ့ပိုင္ သည္ ယေန႔တြင္ သူ၏ အေပးအယူျဖစ္ႏိုင္သည္။
ရွီမာယူယူသည္ သူ႔အေတြးမ်ားကို ျမင္ေနရသျဖင့္ ေျပာလိုက္သည္ "ရွင္ က သူမကို အေပးအယူအေနနဲ႔ အသုံးခ်ခ်င္ေနတာမလား"
"ဟုတ္တယ္ ဘယ္လိုလဲ မု႐ုန္ရွီ... မင္း ေရွာင္ေရာ့ပိုင္ကို အသက္ရွင္ လ်က္ လိုခ်င္တယ္ဆိုရင္ ငါ့ကိုထြက္သြားခြင့္ျပဳရမယ္... မင္းနဲ႔အတူရွိေနတဲ့လူ က အရမ္းကိုအားေကာင္းမွန္း ငါ သိတယ္... မင္းသာ သေဘာတူရင္ သူမကို ေခၚသြားလို႔ရမယ္... ဘာမွေတာ့ လွည့္စားမယ္မႀကံနဲ႔ သူမကို ခ်က္ခ်င္းသတ္ ပစ္လိုက္မယ္"
"ကြၽန္မတို႔နဲ႔ ညႇိႏႈိင္းခြင့္ရွိမယ္လို႔ထင္ေနတာလား ရွင္က ေရာ့ပိုင္ကို သတ္ ခ်င္ေနတာပဲမဟုတ္ဘူးလား" သူမ ေျပာၿပီးသည္ႏွင့္ ယြိခ်ီႏွင့္ ေရွာင္ေရာ့ပိုင္၏ ေရွ႕တြင္ေပၚလာကာ သတိပင္မေပးဘဲ သူမ၏ လက္ကိုဆုပ္ကိုင္လိုက္သည္။
Unicode
အပိုင်း (၁၈၄၈) – သူမအတွက်လာခြင်း
ခေါ်သွားခံရသော လူများကိုကြည့်ပြီး သူတို့၏ ခန့်မှန်းချက် မှန်ကန်နေ သည်ကို သေချာသွားသည်။
ကြင်ယာတော်မင်းသမီးနှင့် သူမ၏ ကလေးများသည် ကျရှုံးသွားလေပြီ။
တပ်သားများထွက်သွားပြီးနောက်တွင် ဖန်းရင်ဟန်သည် ရှီမာယူယူအား ပြောလေသည် "ပြန်ကြတာပေါ့"
"ဟုတ်ပြီ" ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သို့သော် ခြေလှမ်း အနည်း ငယ်လှမ်းပြီးနောက်တွင် သူမ၏ မျက်နှာသည် ရုတ်တရက်ပြောင်းသွားပြီး ယွိရှီ ကိုပြောလိုက်သည် "ဦးလေး သူတို့ကို ခေါ်သွားပေးလို့ရမလား"
"ဘာဖြစ်လို့လဲ"
"ကျွန်မ လုပ်စရာရှိသေးလို့ ကျေးဇူးပဲနော် ဦးလေး" ပြောပြီးသည်နှင့် ရှီမာယူယူ ပျောက်သွားလေသည်။
ယွိရှီနှင့် ဖန်းရင်ဟန်တို့နှစ်ယောက်လုံးသည် ရှီမာယူယူ ချက်ချင်းကြီး ပျောက်သွားလိမ့်မည်ဟု ထင်မထားသဖြင့် အံ့အားသင့်သွားကသည်။ ဟွမ်သည် လည်း ချက်ချင်းပင် သူမနှင့်အတူ ထွက်သွားလေသည်။ သူမ လုပ်စရာဆိုသည် ကို ယွိရှီ သိချင်သော်လည်း နောက်မှလိုက်သွားရန် လက်လျော့ကာ ဖန်းရင်ဟန် နှင့် ကျန်းမင်တတို့ကို ကြည့်လိုက်သည်။
သူမ၏ ညွှန်ကြားချက်ကိုလည်း လျစ်လျူရှု၍မရပေ။
"သခင်မလေးက ဘယ်လိုလုပ် ဒီအတိုင်းပျောက်သွားတာလဲ" ကျန်းမင်တသည် ဖန်းရင်ဟန်၏ လက်ကိုယူပြီး ရှီမာယူယူ ရပ်သွားသည့်နေရာ ကို ကြည့်နေသည်။
"သခင်မလေးက အဲလောက် အားကောင်းလိမ့်မယ်လို့ ထင်မထားဘူး..." ဖန်းရင်ဟန်သည်လည်း ရှီမာယူယူကြောင့် လန့်နေသည်။
"သွားကြမယ် မင်းတို့ကို အရင်လိုက်ပို့မယ်" ယွိရှီ လှည့်ပြီးနောက် ရှေ့မှ ဦးဆောင်လျှောက်သွားပြီးသည်နှင့် တစ်ယောက်တည်း ရေရွတ်လိုက်သည် "ဒီ ကောင်မလေးကတော့ လျှို့ဝှက်လိုက်တာ... ဒါပေမဲ့ သူမ စွမ်းအားကို ပြတဲ့ အချိန်ကတော့ တကယ်ကို မိုက်တာပဲ တကယ်ကို..."
ရှီမာယူယူ သွားမည့်နေရာမရောက်ခင်တွင် ဟွမ်မှီလာသည်။ သူတို့နှစ် ယောက်သည် လမ်းတစ်လျှောက် ဘာမှမပြောကြပေ။ သူမသည် သူ့ကို မင်းသား ၇ ၏အိမ်တော်ဆီသို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။ ထိုနေရာတွင် ပွဲမပြီးသေးပေ။ မင်းသား ၇ ယွိချီသည် သူ့လူများနှင့် ခေါင်းမာမာဖြင့် ခုခံနေ တုန်းပင်။
ယွိယန်းသည် သူ့လူများနှင့် မင်းသားအိမ်တော်ကို တိုင်းထားပြီး အနောက်ဘက်ခြံဆီသို့ နောက်ဆုတ်ရန် ဖိအားပေးနေသည်။ နောက်ဆုတ်ရန် နေရာမကျန်တော့သည်နှင့် သူတို့နှစ် လေးဖက်လေးလံ ပိတ်မိသွားသည်။""
"ညီတော် ၇ ထွက်ပြေးစရာနေရာမရှိတော့ဘူး ကျိုးကျိုးနွံနွံနဲ့ပဲ အညံ့ခံ လိုက်တော့" ယွိယန်းသည် အဖွဲ့၏ရှေ့သို့ထွက်လာပြီး ယွိချီကို ချော့လေသည်။
ယွိယန်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို ကြည့်ပြီး ယွိချီသည် အေးစက်စွာ နှာမှုတ်လိုက်သည် "လျှို့ဝှက်ချက်အကြီးစားရှိတဲ့လူက မင်းဖြစ် လိမ့်မယ်လို့ထင်မထားဘူး ဒီလောက်နှစ်တွေအများကြီးမှာ မင်းက လုံးဝကို ဖုံးထားနိုင်တာပဲ"
"ငါက မင်း ဖိအားပေးတာကိုခံရတာပါ" ယွိယန်းသည် အင်္ကျီလက်ကို သပ်လိုက်သည် "ငါသာ အားနည်းချက်ကို ပြမထားရင် ငါ့မယ်တော်နောက် လိုက်သွားနေရလောက်ပြီ... အခုထိ အသက်ရှင်နေဦးမယ်လို့ မင်းထင်လား"
"ဟင်း... မင်းက မင်းခန္ဓာကိုယ်ကို အသုံးချခဲ့တာပဲ ဘယ်လောက် ရက်စက်လိုက်သလဲ... ခမည်းတော်က မင်းလျှို့ဝှက်ချက်ကို သိထားပေမဲ့ အကုန်လုံးကို အကြာကြီး လျှို့ဝှက်ထားပေးခဲ့တာပဲ... သူက ညီတော်လေးကို အလိုလိုက်ဆုံးလို့ အကုန်လုံးက ပြောကြတာ... ဒါပေမဲ့ ကြည့်ရတာ အဲဒါက သူ့ ရဲ့အပေါ်ယံပဲဖြစ်တဲ့ပုံပဲ... သူမ မင်းကို နန်းပေးချင်နေတာ ကြာပြီပဲ"
"မင်းသာ ခမည်းတော်အပေါ် သစ္စာရှိရင် သူက မင်းကိုလက်လျော့မှာ မဟုတ်ဘူး ဒါပေမဲ့ မင်းက သူ့ကိုသစ္စာမရှိခဲ့ဘူး" ယွိယန်း ပြောလိုက်သည်။
"ဟားဟား... ဒါပေါ့ ငါ့သစ္စာက သူ့အတွက်မဟုတ်ဘူး... သူက ငါ့ ခမည်းတော်မဟုတ်ဘူး... သူလည်းသိတယ်.. အဲဒါကြောင့် သူက ပုလ္လင်ကို ငါ့ကိုပေးဖို့ ဘယ်တော့မှ တွေးခဲ့တာမဟုတ်ဘူး... အဲလိုဆိုမှတော့ ငါလည်း ငါ့ ဘာသာယူရတော့မှာပေါ့... အဲဒါဘာမှားနေလို့လဲ"
"ကြည့်ရတာ မင်း ဒီအကြောင်းတွေ သိထားတာကြာပြီထင်တယ်" ယွိယန်းပြောလိုက်သည် "ဒါဆိုလည်း ကြင်ယာတော်မင်းသမီးနဲ့ မင်းရဲ့ အဖေ အရင်းတို့ အဖမ်းခံလိုက်ရပြီဆိုတာကိုလည်း သိသင့်တာပေါ့ အဲဒီတော့ မင်း အခုပဲ အညံ့ခံလိုက်တော့"
"အညံ့ခံရမယ်ဟုတ်လား အစ်ကိုတော် ၂ ငါ့ကို ငတုံးလို့ထင်နေလား မဟုတ်ရင် မင်းကပဲ ရိုးစင်းလွန်းတာလား" ယွိချီ ပြုံးလိုက်သည် "ငါသာ အညံ့ခံ လိုက်ရင် အကြာကြီးအသက်ရှင်နိုင်မှာမဟုတ်ဘူး... ငါ အဲလောက် မတုံးဘူး"
"မင်း ဆက်ပြီးခုခံနေရင် သွားစရာနေရာမရှိတော့ဘူး... မင်းသာ ဒီလမ်း ကိုပဲ ဆက်ရွေးမယ်ဆိုရင် ချင်ချင်းသေသွားမှာပဲ" ယွိယန်း ပြောလိုက်သည် "ငါတို့က နှစ်ပေါင်းများစွာ ညီအစ်ကိုဖြစ်ခဲ့တာဆိုတော့ အဲလိုမလုပ်ဖို အကြံပေး ချင်တယ်"
"မင်းက ငါ့ကို သတ်ချင်နေတာပဲ အဲလောက်လုပ်ဖို့မလိုပါဘူး" ယွိချီ အော် ပြောလေသည် "ငါ သေချာပေါက် ထွက်ပြေးမဘ်"
"ထွက်ပြေးမယ်ဟုတ်လား ရှင်ကလေ" ရှောင်ရော့ပိုင်သည် တံခါးဖွင့်ကာ အထဲမှထွက်လာသည်။ သူ၏ သူမဆီသို့ ချက်ချင်းအာရုံသွားသည်။
"ရှော့ပိုင် ငါ မင်းကိုလာခေါ်မလို့ပဲ" ယွိချီသည် ရှောင်ရော့ပိုင်ဘေးသို့ လျှောက်လာသည်။ သူ၏ ချစ်ခြင်းများဖြင့် ပြည့်နေသည့် အကြည့်မှာ အစစ် အမှန်အတိုင်းပင်။
"ရှင်က ကျွန်မကိုခေါ်ဖို့ လာတယ်ဟုတ်လား" ရှောင်ရော့ပိုင်၏ နှုတ်ခမ်း သည် လှောင်ပြောင်သလို တွန့်တက်သွားသည်။
"ဟုတ်တယ်လေ မင်းကို ခေါ်ဖို့လာတာလေ" ယွိချီသည် သူမကို ကြည့် လိုက်သည် "နည်းနည်းတော့ ခက်ခဲပေမဲ့ ငါတို့ ထွက်သွားလို့ရပါသေးတယ်"
"ဒါပေမဲ့ ကျွန်မက ရှင်နဲ့မသွားချင်ဘူး" ရှောင်ရော့ပိုင် ပြောလိုက်သည် "ကျွန်မက ဒီမှာ ဘယ်တုန်းကမှ မနေချင်ခဲ့ဘူး"
"မဟုတ်ဘူး မင်း ငါနဲ့အတူ ထွက်သွားရမယ် ရော့ပိုင် မင်းမှာ ရွေးချယ် စရာမရှိဘူး" ယွိချီသည် သူမကို ကြည့်ပြီး ငြင်းဆန်ခွင့်မပေးပေ။
ရှောင်ရော့ပိုင်သည် သူ့ကို ပြန်ကြည့်လိုက်သည် "ရှင်ဘာလိုချင်လဲဆိုတာ ကျွန်မသိတယ် ဒါပေမဲ့ ရှင်နဲ့ ကျွန်မ မလိုက်နိုင်ဘူး"
ယွိချီသည် ဓားရှည်ကိုဆွဲထုတ်ပြီး သူမ၏ လည်တိုင်ပေါ်သို့တင်ပြီး ပြော လိုက်သည် "ငါက စိတ်ရှည်တဲ့လူမဟုတ်ဘူးနော်.. ရှော့ပိုင် မင်း ငါ့အကြောင်း သိပါတယ်... မင်း ဒီနေ့ ငါနဲ့မလိုက်ရင် မင်းကိုဒီမှာပဲအဆုံးသတ်ပေးလိုက်မယ်"
"ဒါဆိုလည်း လုပ်လိုက်လေ" ရှောင်ရော့ပိုင်သည် ကြောက်ရွံ့ခြင်းမရှိပေ "ရှောင်မျိုးနွယ်တစ်ခုလုံး ပျက်စီးပြီးသွားပြီ... ဒီ ၂ နှစ်မှာ ကျွန်မဘဝကလည်း အခိုးခံခဲ့ရတယ်... ဒီနေ့ ကျွန်မသွားပြီး သူတို့နဲ့ ပူးပေါင်းမယ်... အဲဒါက ကျွန်မ အတွက်ကောင်းတဲ့လမ်းပဲ"
"မင်းဘဝက အခိုးခံရတယ်ဟုတ်လား" ယွိချီသည် ထိုစကားကို ကြားသောအခါ ရုတ်တရက် ပြုံးလေသည် "ငါ မင်းအပေါ်ကို ဒီလောက်တောင် အားထုတ်ခဲ့တာ... မင်းကတော့ အခု ဒီလိုပြောတယ်ပေါ့"
"အခုထိကို ရှင်က ရှင့်ကိုယ်ရှင် အဟုတ်ကြီးထင်နေတာလား ဒါပေမဲ့ ရှင် ကအမြဲတမ်း ဒီလိုပဲထင်ပါတယ်" ရှောင်ရော့ပိုင်သည် မေးကိုပင့်လိုက်သည် "ရှင် လုပ်ချင်သလိုသာ လုပ်တော့"
"မင်းသား ၇ ဒီလိုမျိုး ဆက်သွားလို့မဖြစ်ဘူး" သူ့နောက်မှလူများသည် တိုက်တွန်းလေသည်။
ယခုအချိန်တွင် ထွက်ပြေးရမည်ဖြစ်ကြောင်းကို ယွိချီ သိသည်။ သူသည် ရှောင်ရော့ပိုင်၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာကိုကြည့်ပြီး ဓားရှည်ကိုချ လိုက်သည်။
"ချွင်..."
ကျောက်တုံးသေးတစ်တုံးသည် ယွိချီ၏ လက်ထဲမှဓားရှည်ကို မှန်သွား လေသည်။ သို့သော် သူ အမြန်ပင်တုံ့ပြန်ကာ ရှောင်ရော့ပိုင်ကို ဆွဲပြီး သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။
ထိုနေရာမှလူများသည် ကျောက်တုံးလာရာလမ်းကို ကြည့်လိုက်ရာ ရှီမာယူယူနှင့် ဟွမ်တို့သည် တဖြည်းဖြည်းထွက်လာလေသည်။
"မင်းလား" ယွိချီသည် သူမအား တအံ့တဩကြည့်လေသည်။ သူမ ဤ နေရာသို့ ရောက်လာမည်ဟု သူ ထင်မထားပေ။
ရှောင်ရော့ပိုင်သည် သူမကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများ အရောင်လက်သွားသော်လည်း ဘာမှမပြောပေ။
"ရှီအာ ဘာလို့ ဒီကိုရောက်လာတာလဲ" ရှီမာယူယူ ရောက်လာသဖြင့် ယွိယန်းသည်လည်း အံ့ဩနေသည်။
"ရော့ပိုင်ကို လာခေါ်တာပါ" ရှီမာယူယူ ပြောလိုက်သည်။
ယွိချီသည် ခေါင်းငုံ့ကာ ရှောင်ရော့ပိုင်၏ နားရွက်ကို ကိုက်လိုက်သည် "ဟားဟား ငါ့ရန်သူက မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်ပြီးတော့ မင်းကို လာကယ်တာဖြစ်မယ်"
ရှောင်ရော့ပိုင်သည် ရှီမာယူယူကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
"အစ်ကိုတော် ၂ မုရုန်ဟွေ့နဲ့ မုရုန်ရှီတို့က မင်းတို့ဘက်ကဆိုတာကို ငါ သိ တယ်... ငါတို့ ဘာလို့အလဲအလှယ် မလုပ်ရမှာလဲ... ငါ မင်းကို ရှောင်ရော့ပိုင်ကို ပေးမယ် ငါ့ကိုသွားခွင့်ပေး... ဘယ်လိုလဲ" ယွိချီ မေးလိုက်သည်။
ယွိယန်းသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သို့သော် ထိုအကြည့်သည် ယွိချီ၏ သံသယကို အတည်ပြုပြီးသားဖြစ်သွားသည်။
မုရုန်ရှီသည် သူ့စိတ်ထဲတွင် နေရာတစ်ခုရှိပြီးသားဖြစ်ရမည်။ သူမသည် ရှောင်ရော့ပိုင်ဆီမှလည်း လေးစားမှုရရှိထားသည်။ ထို့ကြောင့် ရှောင်ရော့ပိုင် သည် ယနေ့တွင် သူ၏ အပေးအယူဖြစ်နိုင်သည်။
ရှီမာယူယူသည် သူ့အတွေးများကို မြင်နေရသဖြင့် ပြောလိုက်သည် "ရှင် က သူမကို အပေးအယူအနေနဲ့ အသုံးချချင်နေတာမလား"
"ဟုတ်တယ် ဘယ်လိုလဲ မုရုန်ရှီ... မင်း ရှောင်ရော့ပိုင်ကို အသက်ရှင် လျက် လိုချင်တယ်ဆိုရင် ငါ့ကိုထွက်သွားခွင့်ပြုရမယ်... မင်းနဲ့အတူရှိနေတဲ့လူ က အရမ်းကိုအားကောင်းမှန်း ငါ သိတယ်... မင်းသာ သဘောတူရင် သူမကို ခေါ်သွားလို့ရမယ်... ဘာမှတော့ လှည့်စားမယ်မကြံနဲ့ သူမကို ချက်ချင်းသတ် ပစ်လိုက်မယ်"
"ကျွန်မတို့နဲ့ညှိနှိုင်းခွင့်ရှိမယ်လို့ထင်နေတာလား ရှင်က ရော့ပိုင်ကို သတ် ချင်နေတာပဲမဟုတ်ဘူးလား"သူမ ပြောပြီးသည်နှင့် ယွိချီနှင့် ရှောင်ရော့ပိုင်၏ ရှေ့တွင်ပေါ်လာကာ သတိပင်မပေးဘဲသူမ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။