Zawgyi
အပိုင္း (၁၈၄၇) – မဟာဗ်ဴဟာ (၃)
ရွီမာယူယူသည္ အခန္းသို႔ ျပန္လာလိုက္သည္။ သိပ္မၾကာခင္တြင္ ဟြမ္ ျပန္လာည္။
"ဘယ္လိုလဲ" သူမ ေမးလိုက္သည္။
"ေျဖရွ၈င္းၿပီးသြားၿပီ" ဟြမ္ သူမကို ေခါင္းညိတ္ျပသည္။
ေနာက္ဆိုလွ်င္ လန္ယြိ သူ႔ကိုျမင္သည္ႏွင့္ ေကာင္းမြန္စြာျပဳမူမည္ဟု ယုံၾကည္သည္။
"ရွင့္အတြက္ အခန္းစီစဥ္ေပးထားတယ္ ကြၽန္မအခန္းေဘးမွာပဲ အဆင္ ေျပတယ္မလား" ရွီမာယူယူ ေမးလိုက္သည္။
"ၿပီးျပည့္စုံပါတယ္" ဟြမ္သည္ ထိုစီစဥ္မႈကို ေက်နပ္ေနသည္။
"ဒါဆိုလည္း သြားနားေတာ့ေလ... မနက္ျဖန္မနက္က်ရင္ ၿပိဳင္ပြဲကို သြား ရဦးမွာ ရွင့္အခန္းကိုလိုက္ျပေပးရဦးမလား" ရွီမာယူယူ ေမးလိုက္သည္။
"ရပါတယ္ ကြၽန္ေတာ္ သခင္မေလးေနာက္လိုက္တဲ့ အခ်ိန္ကတည္းက လမ္းေတြသိၿပီးသားပါ" ဟြမ္ ေျပာလိုက္သည္။
"ဒါဆိုလည္း ေကာင္းတာၿပီေလ... ေကာင္းေသာညပါ" ရွီမာယူယူသည္ သူမ အခန္းသို႔ျပန္ကာ ဝိညာဥ္ေစတီအတြင္းတြင္ ေရခ်ိဳးၿပီးေနာက္ သက္ေတာင့္သက္သာပင္ အိပ္ေပ်ာ္သြားေလသည္။
တည္းခိုေဆာင္၏ တျခားတစ္ဖက္တြင္ လန္ယြိသည္ မ်က္ႏွာရႈံ႕မဲ့ေနေလ သည္ "ဒီဟြမ္ဆိုတဲ့လူက ဘယ္ကလာတာလဲ.... သူ ဘာေကာင္းတယ္ မေကာင္းဘူးဆိုတာကို ေျပာေတာင္မေျပာရေသးဘူး ငါ့ကို ဒီလိုျဖစ္ေအာင္ ႐ိုက္လႊတ္တယ္ ဒီေကာင္က ရန္ၿငိဳးႀကီးတာပဲ"
"သူ လက္ပဲသုံးတာတင္ကို မင္း ေက်းဇူးတင္သင့္တယ္" ယြိရွီသည္ သူ႔ကို ေဆးလိမ္းေပးေနသည္ "သူသာ ဝိညာဥ္စြမ္းအင္သုံးမယ္ဆိုရင္ အခုလက္ရွိ အေျခအေနထက္ေတာင္ ပိုဆိုးမွာပဲ"
"သူ ဘယ္ကလာလဲဆိုတာ မင္း ေျပာႏိုင္လား အာ... အသာလုပ္ပါဟ" လန္ယြိသည္ နာက်င္သျဖင့္ ေအာ္ေလသည္။
"မင္းကို ဘယ္သူက မဟုတ္တာေတြ ေျပာခိုင္းလို႔လဲ... သူ မင္းကို မ႐ိုက္ ရင္ေတာင္ ငါ မင္းကို ပညာေပးမိေတာ့မယ္" ယြိရွီ ေျပာေလသည္။
"အင္း... ဟုတ္တယ္... ငါ အဲလိုမေျပာသင့္ဘူး ဒါေပမဲ့ ငါ ေနာက္ေနတာ မဟုတ္ဘူး... ၿပီးေတာ့ သူ႔အေၾကာင္း သတင္းမ်ားရမလားလို႔ ၾကည့္ခ်င္တာ... သူ အဲေလာက္ အရည္အခ်င္းျမင့္မယ္လို႔ ထင္မထားဘူး" လန္ယြိ၏ ႏႈတ္ခမ္း တြန႔္သြားသည္ "ရွီမာယူယူက တေစၦေလာကမွာ ဘယ္ေလာက္ၾကာေအာင္ ရွိေနမွာလဲ အဲေလာက္ အားေကာင္းတဲ့လူေတြက ဘာလို႔ သူမကို ကာကြယ္ေန ၾကတာလဲ"
"ၿပီးေတာ့ အဲလူရဲ႕အသက္ရႈပုံက နည္းနည္းထူးဆန္းတယ္" ယြိရွီသည္ ေဆးလိမ္းေပးရင္း ေျပာေလသည္ "သူမ သူနဲ႔ ဘယ္လိုေတြ႕တာလဲမသိဘူး"
"သူက သူမကို ကာကြယ္ဖို႔လာတယ္လို႔ တစ္ဖက္လူေျပာေနမွေတာ့ အခု လက္ရွိေတာ့ သူက ရန္သူမဟုတ္ဘူး" လန္ယြိ ေျပာလိုက္သည္။
ယြိရွီသည္ ဘာမွမေျပာဘဲ သူ႔ကို စိုက္ၾကည့္လိုက္သည္။ တိတ္ဆိတ္မႈ သည္ သူ႔ကို ေခါင္းကိုက္ေစသည္ "ငါ အနစ္နာခံလိုက္တာက ငါတို႔အတြက္ပဲ ေလ အဲဒါေၾကာင့္ သူက ရန္သူေတာ့မဟုတ္ဘူးမလား"
"သူမက ငါတို႔အတြက္ ၾကားလူျဖစ္ေနတယ္ဆိုေတာ့ သူက ရန္သူမဟုတ္ ဘူး" ယြိရွီ၏ စကားလုံးမ်ားသည္ စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်ေစ သည္။ သူသည္ ဤမွ်အားေကာ္ငးေသာလူႏွင့္ ရန္သူမျဖစ္ေစခ်င္ေပ။ ဟြမ္ သည္ အလြန္အားေကာင္းကာ သူ႔ကို မိနစ္ပိုင္းအတြင္း အျပဳတ္ျဖဳတ္ႏိုင္သည္ ဟု ခံစားရသည္။
"အိုး... နာလိုက္တာ အသာလုပ္ပါဟ"
"မင္းကို ဒီလိုလုပ္ဖို႔ ငါခိုင္းတာမဟုတ္ဘူးေလ"
"မင္း အဲေလာက္ ေက်းဇူးမကန္းနဲ႔ေလ"
"ေက်းဇူးကန္းတယ္ဟုတ္လား"
"...."
....
ေနာက္ေန႔မနက္အေစာတြင္ ရွီမာယူယူသည္ ဖန္းရင္ဟန္ႏွင့္ တျခားသူ မ်ားႏွင့္အတူ ၿပိဳင္ပြဲကြင္းသို႔ သြားသည္။ မု႐ုန္ေဟြ႕သည္ ညလယ္တြင္ ေပ်ာက္ သြားခဲ့သည္။ ၿပိဳင္ပြဲ ေနာက္တစ္ဆင့္သို႔ မတက္ႏိုင္သူမ်ားသည္ သည္တစ္ ေခါက္တြင္ ပြဲၾကည့္ရန္ လိုက္မလာၾကေပ။
သူတို႔ ျပည္နယ္တင္သာမကဘဲ တျခားေသာျပည္နယ္မ်ားကပါ လိုက္ မလာၾကေပ။ ထို႔ေၾကာင့္ ယေန႔ၿပိဳင္ပြဲမွာ ၾကည့္ရႈသူ အေတာ္နည္းေနသည္။ ယေန႔အေျခအေနကို ၾကည့္လိုက္သည္ႏွင့္ တစ္စုံတစ္ရာျဖစ္ေတာ့မည္ဟု ေသခ်ာသလိုရွိသည္။
ၿပိဳင္ပြဲစတင္သည့္အခ်ိန္တြင္ တယြိနန္းေတာ္မွ မည္သူမွ ေရာက္မလာၾက ေပ။ တင္ဆက္သူႏွင့္ ဒိုင္လူႀကီးတို႔သာ ပြဲကိုဆက္လုပ္သည္။
"ၿပိဳင္ပြဲဝင္မ်ား ေရွ႕ထြက္လာၿပီး နံပါတ္ဆြဲလိုက္ပါ" တင္ဆက္သူသည္ အဖြင့္ေၾကညာခ်က္မ်ား ေျပာမေနေတာ့ဘဲ ၿပိဳင္ပြဲဝင္မ်ားကို ေရွ႕ထြက္လာၿပီး နံပါတ္ဆြဲရန္ ၫႊန္ၾကားလိုက္ၿပီး သူတို႔၏ အေဆာင္ကို ေကာက္ကိုင္လိုက္ သည္။
ဤတစ္ဆင့္ၿပိဳင္ပြဲမွာ လက္ေ႐ြးစင္မ်ားျဖစ္သျဖင့္ နံပါတ္စဥ္ အုပ္စု အလိုက္ ဗလာနယ္ေျမသို႔ဝင္သြားၾကကာ လူအေယာက္ ၁၅၀ အထိ ေလွ်ာ့ခ်ရ မည္။ ထို႔ေၾကာင့္ပင္ အျပင္မွ ပြဲၾကည့္ပရိသတ္မ်ားသည္ ၾကည့္ရသည္မွာ ပို၍ အဆင္ေျပေနသည္။
လူ ၃၀၀ ပါ အဖြဲ႕ ၄ ဖြဲ႕အတြင္းတြင္ ရွီမာယူယူသည္ ေနာက္ဆုံးအဖြဲ႕ကို ေ႐ြးမိၿပီး ေရွ႕ၿပိဳင္ပြဲမ်ားၿပိဳင္ၿပီးသည္အထိ ေစာင့္ကာ ကြင္းထဲသို႔ ဝင္ရသည္။
ဖန္းရင္ဟန္ႏွင့္ က်န္းမင္တတို႔သည္ ပထမဆုံးအဖြဲ႕တြင္ပါဝင္ၾကကာ သူတို႔၏ နံပါတ္မ်ားသည္ ၂၅ ႏွင့္ ၄၀ တို႔အသီးသီးရၾကသည္။ သူတို႔ႏွစ္ေယာက္ လုံးသည္ ေဆးမ်ားႏွင့္ ရွီမာယူယူ ေပးထားေသာ တစ္ခါသုံး ဝကၤပါကိုသုံးၿပီး ေနာက္တစ္ဆင့္သို႔ အဆင့္တက္ၾကသည္။
"မဆိုးဘူး" ရွီမာယူယူသည္ သူတို႔ကို ၿပဳံးျပလိုက္သည္။
"အဆင့္တက္ဖို႔က သခင္မေလးအေပၚမွာ မူတည္သြားတာပါ" က်န္းမင္တသည္ ရွီမာယူယူကို ေက်းဇူးတင္စြာျဖင့္ ၾကည့္လိုက္သည္။
သည္တစ္ေခါက္ ၿပိဳင္ပြဲတြင္ အဆင့္တက္သြားပါက ထိပ္တန္း အေယာက္ ၃၀၀ အတြင္းေရာက္သြားမည္ျဖစ္သည္။ ဤအဆင့္သို႔ေရာက္ရန္ သူတို႔သည္ မိမိတို႔တိုင္းျပည္၏ အျပင္းအထန္ေလ့က်င့္မႈကိုခံခဲ့ရသည္။ သူတို႔၏ အနာဂတ္ ေပါက္ေျမာက္မႈမွာလည္း သက္ေသျပရန္မလိုေတာ့ေပ။ သူတို႔သာ အဆင့္ တက္ႏိုင္ပါက ပိုေကာင္းသြားေပမည္။
သို႔ေသာ္ ဤမွ်ကြၽမ္းက်င္လွေသာ ၿပိဳင္ဘက္မ်ားကို ရင္ဆိုင္ရခ်ိန္တြင္ ေနာက္တစ္ဆင့္ ထပ္တက္မည္ကိုေတာ့ မေမွ်ာ္လင့္ထားေပ။ သူတို႔သည္ လက္ရွိ ေရာက္ေနေသာ အဆင့္၌ပင္ ေက်နပ္လ်က္ရွိသည္။
"သြားနားၿပီး ဒဏ္ရာေတြကို ကုလိုက္ၾကေတာ့" ရွီမာယူယူသည္ သူတို႔ကို ေခါင္းညိတ္ျပၿပီး တျခားဘာမွမေျပာေတာ့ေပ။
"အင္း"
သူမ၏ ယေန႔ခံစားခ်က္ မတည္ၿငိမ္သည္ကို ဖန္းရင္ဟန္ႏွင့္ က်န္းမင္တ တို႔ သိသျဖင့္ သူတို႔ေနရာသို႔သာ လိမ္လိမ္မာမာနဲ႔ ျပန္ၾကေလသည္။ သူတို႔ သည္ ေဆးတစ္လုံးေသာက္ကာ ဒဏ္ရာမ်ားကို ကုစားရင္း ၿပိဳင္ပြဲကို ဆက္ ၾကည့္ေနလိုက္ၾကသည္။
ယြမ္ယြမ္ႏွင့္ မိုက်ိတို႔ ေရာက္မလာေပ။ လန္ယြိလည္း အ႐ိုက္ခံထားရ ေသာေၾကာင့္ မ်က္ႏွာမွာဖူးေယာင္ေနသျဖင့္ ေပၚမလာေပ။ ထို႔ေၾကာင့္ ယြိရွီႏွင့္ ဟြမ္တို႔သာ ရွီမာယူယူကို အေဖာ္ျပဳေပးေနသည္။ သူမ စိတ္မေအးျဖစ္ေနသည္ ကို သူတို႔ သိၾကသည္။
"အဆင္ေျပသြားမွာပါ" ယြိရွီ ေျပာလိုက္သည္ "မင္းအေဖရဲ႕ လႊမ္းမိုးမႈ လည္းရွိေနေသးေတာ့ ေရွ႕တန္းေတာ့ အပို႔မခံရေလာက္ပါဘူး"
"အဲဒါက ကြၽန္မကို ႏွစ္သိမ့္ဖို႔ႀကိဳးစားေနတာလား" ရွီမာယူယူသည္ ဆြံ႕အ သြားသည္ "အေဖ့ရဲ႕ အင္အားက အရမ္းမသန္မာေပမဲ့ မင္းသားအင္အားစုရဲ႕ ပင္တိုင္အဖြဲ႕ဝင္တစ္ေယာက္ပါ"
"အဆင္ေျပသြားမွာပါ" ဟြမ္လည္း သူမကို ႏွစ္သိမ့္ေပးေလသည္။
"ဒီေန႔ ဘယ္နယ္စားမွမလာၾကဘူး... သူတို႔လည္း ၾကင္ယာေတာ္ မင္းသမီး ဒါမွမဟုတ္ တယြိမင္းသားေနာက္ကို လိုက္သြားၾကတာေနမွာ" ရွီမာယူယူ သက္ျပင္းခ်ေလသည္ "ဒီေန႔ ဒီကၿပိဳင္ပြဲဝင္ေတြက ဒီေန႔အေျခအေန ကို ရင္ဆိုင္စရာမလိုေတာ့ ကံေကာင္းတယ္လို႔ထင္တာပဲ"
ရွီမာယူယူ၏ ဝမ္းနည္းေသာ ပုံစံကို ယြိရွီ ျမင္ဖူးသည္မွာ ပထမဆုံးအႀကိမ္ ျဖစ္သည္။ သူ သေဘာမေတြ႕လွေပ။ ထို႔ေၾကာင့္ သူ စကားလမ္းေၾကာင္းလႊဲၿပီး ေျပာလိုက္သည္ "ဒီေန႔ မင္း အားေကာင္းတဲ့ ၿပိဳင္ဘက္နဲ႔မ်ားေတြ႕မလားမသိဘူး မင္းရဲ႕ အင္အားကိုၾကည့္ဖို႔ ငါတို႔ေစာင့္ေနတယ္"
"ကြၽန္မကို အဲေလာက္ေတာင္ ယုံတာလား ကြၽန္မက ေလထြားတာျဖစ္ မယ္ဆိုရင္ ဘယ္လိုလုပ္မလဲ" ရွီမာယူယူသည္ လွည့္ၿပီး သူ႔ကိုေမးလိုက္သည္။
ယြိရွီ ရယ္ေမာေလသည္ "မင္းကလား"
ရွီမာယူယူသည္ ႏႈတ္ခမ္းဆူေလသည္။ သူ၏ တုံ႔ျပန္ခ်က္မွာ မရယ္ရေပ "ဒီေန႔ ေၾကာက္စရာေကာင္းတဲ့ ၿပိဳင္ဘက္နဲ႔မေတြ႕ရပါေစနဲ႔လို႔ ဆုေတာင္းပါ တယ္"
"ဒါကေတာ့ မင္းကံေပၚမွာပဲမူတည္မွာပဲ"
သူမ ကံမွာ အလြန္ေကာင္းေနသည္ကို အခ်ိန္က ျပသြားသည္။ သူမႏွင့္ ေတြ႕ရေသာ ၿပိဳင္ဘက္မွာ ေတာ္ေသာ္လည္း သူမ လႈပ္ရွားရန္ပင္မလိုလိုက္ေပ။
သို႔ေသာ္ သူမ၏ ၿပိဳင္ဘက္တြင္ ပိုအားေကာင္းေသာ သားရဲရွိသျဖင့္ ရွီမာယူယူသည္ အမည္းေလးကို ေခၚထုတ္ရသည္။ အစေတာ့ ဝိညာဥ္စြမ္းအင္ မရွိသည့္ အမည္းေလးကို အားလုံးျမင္ေသာအခါ အသုံးမဝင္သည့္ ေခြးကို ေခၚ ထုတ္လာရေအာင္ ရွီမာယူယူသည္ ဆင္းရဲသလားဟု အားလုံးေတြးၾကေလ၏။ သို႔ေသာ္ အမည္းေလး၏ အျမန္ႏႈန္းကိုျမင္ေသာအခါ သူတို႔အားလုံး ၾကက္ေသ ေသၾကသည္။
ထို႔ေၾကာင့္ပင္ သူမသည္ သာမာန္မရဏာသားရဲမ်ားကို စိုးရိမ္ပူပန္ျခင္း မရွိေပ။
ရွီမာယူယူ ျပန္ေရာက္လာခ်ိန္တြင္ ယြိရွီ၏ ေဖာ္ျပမရေသာ မ်က္ႏွာထား ကိုျမင္ေသာအခါ ႏႈတ္ခမ္းတြန႔္ၿပီး ၿပဳံးလိုက္သည္ "ကြၽန္မ အားကိုမျပလိုက္ရလို႔ စိတ္မေကာင္းပါဘူး ဦးေလး"
ယြိရွီသည္ မ်က္ခုံးမ်ားကို ပင့္လိုက္သည္ "ၾကည့္လို႔ရပါေသးတယ္"
"ေနာက္က်ေနၿပီ ကိစၥေတြက အခုေလာက္ဆို ေျဖရွင္းၿပီးေလာက္ၿပီ" ရွီမာယူယူသည္ အေဝးရွိေကာင္းကင္ႀကီးကို ၾကည့္လိုက္သည္။
"ဘယ္သူႏိုင္မယ္လို႔ထင္လဲ" ယြိရွီ ေမးလိုက္သည္။
"ေျပာဖို႔မလိုဘူးေလ အေဖ့ကို ယုံထားၿပီးသားပဲ" ရွီမာယူယူ ေျပာလိုက္ သည္။
"မင္းက ရလဒ္ကိုေတာင္ သိၿပီးေနၿပီလား"
"ေျပာၿပီးၿပီေလ ကြၽန္မမွာ အရင္းအျမစ္ေတြရွိပါတယ္လို႔" ရွီမာယူယူ ေျပာလိုက္သည္ "အျပင္က ကိစၥေတြ ၿပီးၿပီဆိုေတာ့ ငါတို႔အခု ျပန္လို႔ရၿပီ"
ထိုအခ်ိန္တြင္ တပ္သားတခ်ိဳ႕သည္ အျပင္မွေျပးဝင္လာရာ ထြက္သြား ေတာ့မည့္ ၿပိဳင္ပြဲဝင္မ်ားသည္ ရပ္တန႔္သြားၾကေလသည္။
"ဘာျဖစ္လို႔လဲ"
တခ်ိဳ႕မွာ အျဖစ္အပ်က္ကိုမသိၾကေပ။ သို႔ေသာ္ ရွီမာယူယူတို႔သည္ သိ ထားၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ တပ္သားမ်ားႏွင့္ တခ်ိဳ႕ေသာ ၿပိဳင္ပြဲဝင္မ်ား ၿပိဳင္ပြဲကြင္းမွ ထြက္သြားသည္ကို ျမင္ရသည္မွာ မအံ့ဩေတာ့ေပ။
Unicode
အပိုင်း (၁၈၄၇) – မဟာဗျူဟာ (၃)
ရှီမာယူယူသည် အခန်းသို့ ပြန်လာလိုက်သည်။ သိပ်မကြာခင်တွင် ဟွမ် ပြန်လာည်။
"ဘယ်လိုလဲ" သူမ မေးလိုက်သည်။
"ဖြေရှ၈င်းပြီးသွားပြီ" ဟွမ် သူမကို ခေါင်းညိတ်ပြသည်။
နောက်ဆိုလျှင် လန်ယွိ သူ့ကိုမြင်သည်နှင့် ကောင်းမွန်စွာပြုမူမည်ဟု ယုံကြည်သည်။
"ရှင့်အတွက် အခန်းစီစဉ်ပေးထားတယ် ကျွန်မအခန်းဘေးမှာပဲ အဆင် ပြေတယ်မလား" ရှီမာယူယူ မေးလိုက်သည်။
"ပြီးပြည့်စုံပါတယ်" ဟွမ်သည် ထိုစီစဉ်မှုကို ကျေနပ်နေသည်။
"ဒါဆိုလည်း သွားနားတော့လေ... မနက်ဖြန်မနက်ကျရင် ပြိုင်ပွဲကို သွား ရဦးမှာ ရှင့်အခန်းကိုလိုက်ပြပေးရဦးမလား" ရှီမာယူယူ မေးလိုက်သည်။
"ရပါတယ် ကျွန်တော် သခင်မလေးနောက်လိုက်တဲ့ အချိန်ကတည်းက လမ်းတွေသိပြီးသားပါ" ဟွမ် ပြောလိုက်သည်။
"ဒါဆိုလည်း ကောင်းတာပြီလေ... ကောင်းသောညပါ" ရှီမာယူယူသည် သူမ အခန်းသို့ပြန်ကာ ဝိညာဉ်စေတီအတွင်းတွင် ရေချိုးပြီးနောက် သက်တောင့်သက်သာပင် အိပ်ပျော်သွားလေသည်။
တည်းခိုဆောင်၏ တခြားတစ်ဖက်တွင် လန်ယွိသည် မျက်နှာရှုံ့မဲ့နေလေ သည် "ဒီဟွမ်ဆိုတဲ့လူက ဘယ်ကလာတာလဲ.... သူ ဘာကောင်းတယ် မကောင်းဘူးဆိုတာကို ပြောတောင်မပြောရသေးဘူး ငါ့ကို ဒီလိုဖြစ်အောင် ရိုက်လွှတ်တယ် ဒီကောင်က ရန်ငြိုးကြီးတာပဲ"
"သူ လက်ပဲသုံးတာတင်ကို မင်း ကျေးဇူးတင်သင့်တယ်" ယွိရှီသည် သူ့ကို ဆေးလိမ်းပေးနေသည် "သူသာ ဝိညာဉ်စွမ်းအင်သုံးမယ်ဆိုရင် အခုလက်ရှိ အခြေအနေထက်တောင် ပိုဆိုးမှာပဲ"
"သူ ဘယ်ကလာလဲဆိုတာ မင်း ပြောနိုင်လား အာ... အသာလုပ်ပါဟ" လန်ယွိသည် နာကျင်သဖြင့် အော်လေသည်။
"မင်းကို ဘယ်သူက မဟုတ်တာတွေ ပြောခိုင်းလို့လဲ... သူ မင်းကို မရိုက် ရင်တောင် ငါ မင်းကို ပညာပေးမိတော့မယ်" ယွိရှီ ပြောလေသည်။
"အင်း... ဟုတ်တယ်... ငါ အဲလိုမပြောသင့်ဘူး ဒါပေမဲ့ ငါ နောက်နေတာ မဟုတ်ဘူး... ပြီးတော့ သူ့အကြောင်း သတင်းများရမလားလို့ ကြည့်ချင်တာ... သူ အဲလောက် အရည်အချင်းမြင့်မယ်လို့ ထင်မထားဘူး" လန်ယွိ၏ နှုတ်ခမ်း တွန့်သွားသည် "ရှီမာယူယူက တစ္ဆေလောကမှာ ဘယ်လောက်ကြာအောင် ရှိနေမှာလဲ အဲလောက် အားကောင်းတဲ့လူတွေက ဘာလို့ သူမကို ကာကွယ်နေ ကြတာလဲ"
"ပြီးတော့ အဲလူရဲ့အသက်ရှုပုံက နည်းနည်းထူးဆန်းတယ်" ယွိရှီသည် ဆေးလိမ်းပေးရင်း ပြောလေသည် "သူမ သူနဲ့ ဘယ်လိုတွေ့တာလဲမသိဘူး"
"သူက သူမကို ကာကွယ်ဖို့လာတယ်လို့ တစ်ဖက်လူပြောနေမှတော့ အခု လက်ရှိတော့ သူက ရန်သူမဟုတ်ဘူး" လန်ယွိ ပြောလိုက်သည်။
ယွိရှီသည် ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်လိုက်သည်။ တိတ်ဆိတ်မှု သည် သူ့ကို ခေါင်းကိုက်စေသည် "ငါ အနစ်နာခံလိုက်တာက ငါတို့အတွက်ပဲ လေ အဲဒါကြောင့် သူက ရန်သူတော့မဟုတ်ဘူးမလား"
"သူမက ငါတို့အတွက် ကြားလူဖြစ်နေတယ်ဆိုတော့ သူက ရန်သူမဟုတ် ဘူး" ယွိရှီ၏ စကားလုံးများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချစေ သည်။ သူသည် ဤမျှအားကော်ငးသောလူနှင့် ရန်သူမဖြစ်စေချင်ပေ။ ဟွမ် သည် အလွန်အားကောင်းကာ သူ့ကို မိနစ်ပိုင်းအတွင်း အပြုတ်ဖြုတ်နိုင်သည် ဟု ခံစားရသည်။
"အိုး... နာလိုက်တာ အသာလုပ်ပါဟ"
"မင်းကို ဒီလိုလုပ်ဖို့ ငါခိုင်းတာမဟုတ်ဘူးလေ"
"မင်း အဲလောက် ကျေးဇူးမကန်းနဲ့လေ"
"ကျေးဇူးကန်းတယ်ဟုတ်လား"
"...."
....
နောက်နေ့မနက်အစောတွင် ရှီမာယူယူသည် ဖန်းရင်ဟန်နှင့် တခြားသူ များနှင့်အတူ ပြိုင်ပွဲကွင်းသို့ သွားသည်။ မုရုန်ဟွေ့သည် ညလယ်တွင် ပျောက် သွားခဲ့သည်။ ပြိုင်ပွဲ နောက်တစ်ဆင့်သို့ မတက်နိုင်သူများသည် သည်တစ် ခေါက်တွင် ပွဲကြည့်ရန် လိုက်မလာကြပေ။
သူတို့ ပြည်နယ်တင်သာမကဘဲ တခြားသောပြည်နယ်များကပါ လိုက် မလာကြပေ။ ထို့ကြောင့် ယနေ့ပြိုင်ပွဲမှာ ကြည့်ရှုသူ အတော်နည်းနေသည်။ ယနေ့အခြေအနေကို ကြည့်လိုက်သည်နှင့် တစ်စုံတစ်ရာဖြစ်တော့မည်ဟု သေချာသလိုရှိသည်။
ပြိုင်ပွဲစတင်သည့်အချိန်တွင် တယွိနန်းတော်မှ မည်သူမှ ရောက်မလာကြ ပေ။ တင်ဆက်သူနှင့် ဒိုင်လူကြီးတို့သာ ပွဲကိုဆက်လုပ်သည်။
"ပြိုင်ပွဲဝင်များ ရှေ့ထွက်လာပြီး နံပါတ်ဆွဲလိုက်ပါ" တင်ဆက်သူသည် အဖွင့်ကြေညာချက်များ ပြောမနေတော့ဘဲ ပြိုင်ပွဲဝင်များကို ရှေ့ထွက်လာပြီး နံပါတ်ဆွဲရန် ညွှန်ကြားလိုက်ပြီး သူတို့၏ အဆောင်ကို ကောက်ကိုင်လိုက် သည်။
ဤတစ်ဆင့်ပြိုင်ပွဲမှာ လက်ရွေးစင်များဖြစ်သဖြင့် နံပါတ်စဉ် အုပ်စု အလိုက် ဗလာနယ်မြေသို့ဝင်သွားကြကာ လူအယောက် ၁၅၀ အထိ လျှော့ချရ မည်။ ထို့ကြောင့်ပင် အပြင်မှ ပွဲကြည့်ပရိသတ်များသည် ကြည့်ရသည်မှာ ပို၍ အဆင်ပြေနေသည်။
လူ ၃၀၀ ပါ အဖွဲ့ ၄ ဖွဲ့အတွင်းတွင် ရှီမာယူယူသည် နောက်ဆုံးအဖွဲ့ကို ရွေးမိပြီး ရှေ့ပြိုင်ပွဲများပြိုင်ပြီးသည်အထိ စောင့်ကာ ကွင်းထဲသို့ ဝင်ရသည်။
ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့သည် ပထမဆုံးအဖွဲ့တွင်ပါဝင်ကြကာ သူတို့၏ နံပါတ်များသည် ၂၅ နှင့် ၄၀ တို့အသီးသီးရကြသည်။ သူတို့နှစ်ယောက် လုံးသည် ဆေးများနှင့် ရှီမာယူယူ ပေးထားသော တစ်ခါသုံး ဝင်္ကပါကိုသုံးပြီး နောက်တစ်ဆင့်သို့ အဆင့်တက်ကြသည်။
"မဆိုးဘူး" ရှီမာယူယူသည် သူတို့ကို ပြုံးပြလိုက်သည်။
"အဆင့်တက်ဖို့က သခင်မလေးအပေါ်မှာ မူတည်သွားတာပါ" ကျန်းမင်တသည် ရှီမာယူယူကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
သည်တစ်ခေါက် ပြိုင်ပွဲတွင် အဆင့်တက်သွားပါက ထိပ်တန်း အယောက် ၃၀၀ အတွင်းရောက်သွားမည်ဖြစ်သည်။ ဤအဆင့်သို့ရောက်ရန် သူတို့သည် မိမိတို့တိုင်းပြည်၏ အပြင်းအထန်လေ့ကျင့်မှုကိုခံခဲ့ရသည်။ သူတို့၏ အနာဂတ် ပေါက်မြောက်မှုမှာလည်း သက်သေပြရန်မလိုတော့ပေ။ သူတို့သာ အဆင့် တက်နိုင်ပါက ပိုကောင်းသွားပေမည်။
သို့သော် ဤမျှကျွမ်းကျင်လှသော ပြိုင်ဘက်များကို ရင်ဆိုင်ရချိန်တွင် နောက်တစ်ဆင့် ထပ်တက်မည်ကိုတော့ မမျှော်လင့်ထားပေ။ သူတို့သည် လက်ရှိ ရောက်နေသော အဆင့်၌ပင် ကျေနပ်လျက်ရှိသည်။
"သွားနားပြီး ဒဏ်ရာတွေကို ကုလိုက်ကြတော့" ရှီမာယူယူသည် သူတို့ကို ခေါင်းညိတ်ပြပြီး တခြားဘာမှမပြောတော့ပေ။
"အင်း"
သူမ၏ ယနေ့ခံစားချက် မတည်ငြိမ်သည်ကို ဖန်းရင်ဟန်နှင့် ကျန်းမင်တ တို့ သိသဖြင့် သူတို့နေရာသို့သာ လိမ်လိမ်မာမာနဲ့ ပြန်ကြလေသည်။ သူတို့ သည် ဆေးတစ်လုံးသောက်ကာ ဒဏ်ရာများကို ကုစားရင်း ပြိုင်ပွဲကို ဆက် ကြည့်နေလိုက်ကြသည်။
ယွမ်ယွမ်နှင့် မိုကျိတို့ ရောက်မလာပေ။ လန်ယွိလည်း အရိုက်ခံထားရ သောကြောင့် မျက်နှာမှာဖူးယောင်နေသဖြင့် ပေါ်မလာပေ။ ထို့ကြောင့် ယွိရှီနှင့် ဟွမ်တို့သာ ရှီမာယူယူကို အဖော်ပြုပေးနေသည်။ သူမ စိတ်မအေးဖြစ်နေသည် ကို သူတို့ သိကြသည်။
"အဆင်ပြေသွားမှာပါ" ယွိရှီ ပြောလိုက်သည် "မင်းအဖေရဲ့ လွှမ်းမိုးမှု လည်းရှိနေသေးတော့ ရှေ့တန်းတော့ အပို့မခံရလောက်ပါဘူး"
"အဲဒါက ကျွန်မကို နှစ်သိမ့်ဖို့ကြိုးစားနေတာလား" ရှီမာယူယူသည် ဆွံ့အ သွားသည် "အဖေ့ရဲ့ အင်အားက အရမ်းမသန်မာပေမဲ့ မင်းသားအင်အားစုရဲ့ ပင်တိုင်အဖွဲ့ဝင်တစ်ယောက်ပါ"
"အဆင်ပြေသွားမှာပါ" ဟွမ်လည်း သူမကို နှစ်သိမ့်ပေးလေသည်။
"ဒီနေ့ ဘယ်နယ်စားမှမလာကြဘူး... သူတို့လည်း ကြင်ယာတော် မင်းသမီး ဒါမှမဟုတ် တယွိမင်းသားနောက်ကို လိုက်သွားကြတာနေမှာ" ရှီမာယူယူ သက်ပြင်းချလေသည် "ဒီနေ့ ဒီကပြိုင်ပွဲဝင်တွေက ဒီနေ့အခြေအနေ ကို ရင်ဆိုင်စရာမလိုတော့ ကံကောင်းတယ်လို့ထင်တာပဲ"
ရှီမာယူယူ၏ ဝမ်းနည်းသော ပုံစံကို ယွိရှီ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ သဘောမတွေ့လှပေ။ ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲပြီး ပြောလိုက်သည် "ဒီနေ့ မင်း အားကောင်းတဲ့ ပြိုင်ဘက်နဲ့များတွေ့မလားမသိဘူး မင်းရဲ့ အင်အားကိုကြည့်ဖို့ ငါတို့စောင့်နေတယ်"
"ကျွန်မကို အဲလောက်တောင် ယုံတာလား ကျွန်မက လေထွားတာဖြစ် မယ်ဆိုရင် ဘယ်လိုလုပ်မလဲ" ရှီမာယူယူသည် လှည့်ပြီး သူ့ကိုမေးလိုက်သည်။
ယွိရှီ ရယ်မောလေသည် "မင်းကလား"
ရှီမာယူယူသည် နှုတ်ခမ်းဆူလေသည်။ သူ၏ တုံ့ပြန်ချက်မှာ မရယ်ရပေ "ဒီနေ့ ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့မတွေ့ရပါစေနဲ့လို့ ဆုတောင်းပါ တယ်"
"ဒါကတော့ မင်းကံပေါ်မှာပဲမူတည်မှာပဲ"
သူမ ကံမှာ အလွန်ကောင်းနေသည်ကို အချိန်က ပြသွားသည်။ သူမနှင့် တွေ့ရသော ပြိုင်ဘက်မှာ တော်သော်လည်း သူမ လှုပ်ရှားရန်ပင်မလိုလိုက်ပေ။
သို့သော် သူမ၏ ပြိုင်ဘက်တွင် ပိုအားကောင်းသော သားရဲရှိသဖြင့် ရှီမာယူယူသည် အမည်းလေးကို ခေါ်ထုတ်ရသည်။ အစတော့ ဝိညာဉ်စွမ်းအင် မရှိသည့် အမည်းလေးကို အားလုံးမြင်သောအခါ အသုံးမဝင်သည့် ခွေးကို ခေါ် ထုတ်လာရအောင် ရှီမာယူယူသည် ဆင်းရဲသလားဟု အားလုံးတွေးကြလေ၏။ သို့သော် အမည်းလေး၏ အမြန်နှုန်းကိုမြင်သောအခါ သူတို့အားလုံး ကြက်သေ သေကြသည်။
ထို့ကြောင့်ပင် သူမသည် သာမာန်မရဏာသားရဲများကို စိုးရိမ်ပူပန်ခြင်း မရှိပေ။
ရှီမာယူယူ ပြန်ရောက်လာချိန်တွင် ယွိရှီ၏ ဖော်ပြမရသော မျက်နှာထား ကိုမြင်သောအခါ နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည် "ကျွန်မ အားကိုမပြလိုက်ရလို့ စိတ်မကောင်းပါဘူး ဦးလေး"
ယွိရှီသည် မျက်ခုံးများကို ပင့်လိုက်သည် "ကြည့်လို့ရပါသေးတယ်"
"နောက်ကျနေပြီ ကိစ္စတွေက အခုလောက်ဆို ဖြေရှင်းပြီးလောက်ပြီ" ရှီမာယူယူသည် အဝေးရှိကောင်းကင်ကြီးကို ကြည့်လိုက်သည်။
"ဘယ်သူနိုင်မယ်လို့ထင်လဲ" ယွိရှီ မေးလိုက်သည်။
"ပြောဖို့မလိုဘူးလေ အဖေ့ကို ယုံထားပြီးသားပဲ" ရှီမာယူယူ ပြောလိုက် သည်။
"မင်းက ရလဒ်ကိုတောင် သိပြီးနေပြီလား"
"ပြောပြီးပြီလေ ကျွန်မမှာ အရင်းအမြစ်တွေရှိပါတယ်လို့" ရှီမာယူယူ ပြောလိုက်သည် "အပြင်က ကိစ္စတွေ ပြီးပြီဆိုတော့ ငါတို့အခု ပြန်လို့ရပြီ"
ထိုအချိန်တွင် တပ်သားတချို့သည် အပြင်မှပြေးဝင်လာရာ ထွက်သွား တော့မည့် ပြိုင်ပွဲဝင်များသည် ရပ်တန့်သွားကြလေသည်။
"ဘာဖြစ်လို့လဲ"
တချို့မှာ အဖြစ်အပျက်ကိုမသိကြပေ။ သို့သော် ရှီမာယူယူတို့သည် သိ ထားပြီးသားဖြစ်သည်။ ထို့ကြောင့် တပ်သားများနှင့် တချို့သော ပြိုင်ပွဲဝင်များ ပြိုင်ပွဲကွင်းမှ ထွက်သွားသည်ကို မြင်ရသည်မှာ မအံ့ဩတော့ပေ။