Zawgyi
အပိုင္း (၁၈၃၂) – လွ်ိဳ႕ဝွက္လမ္းေၾကာင္း
ယြိလ်ိဳသည္ ရွီမာယူယူ၏ အင္အားကို အာ႐ုံမရွိေပ။ သူ သူမကို ၾကည့္ လိုက္ခ်ိန္တြင္ သူမကို သူ႔ေအာက္ဆြဲသြင္းလိုက္လွ်င္ မည္သို႔ျဖစ္မည္ကို ေတြး ေနသည္။
ယြိေဖးႏွင့္ ယြိခ်ီတို႔ႏွစ္ေယာက္လုံးသည္ ရွီမာယူယူမွာ ႐ိုးရွင္းေသာ လူ မဟုတ္သည္ကို ခံစားမိၾကသည္။ သို႔ေသာ္ အေတြးမ်ားေတာ့မတူေပ။ တစ္ေယာက္မွာ သူမအႏိုင္ရလွ်င္ သူတို႔ဘက္သို႔ဆြဲေခၚရန္ ေတြးေနကာ ေနာက္ တစ္ေယာက္မွာ သူမကို ဖ်က္ဆီးခ်င္သည္။
ပထမအခ်ီ ၿပိဳင္ပြဲမ်ားကို တစ္ေနကုန္က်င္းပသည္။ ေလ်ာင္ျပည္နယ္မွ အဖြဲ႕မ်ားသည္ အေျခအေနမေကာင္းလွေပ။ အေယာက္ ၃၀ အတြင္းတြင္ အေယာက္ ၂၀ သည္ ပထမေန႔၌ပင္ ျပဳတ္သြားရာ တစ္ဝက္ေက်ာ္ေလ်ာ့သြား ေလသည္။
ရွီမာယူယူႏွင့္ တျခားသူမ်ား တည္းခိုေဆာင္သို႔ျပန္ခ်ိန္တြင္ ယြိရွီႏွင့္ လန္ယြိတို႔သည္ အေခၚရွိသျဖင့္ လမ္းတစ္ဝက္တြင္ ထြက္သြားရာ မု႐ုန္ေဟြ႕ ဦးေဆာင္ၿပီး ျပန္လာခဲ့လိုက္ၾကသည္။
"ေကာင္းေကာင္းနားၾက ေနာက္ၿပိဳင္ပြဲ အဆင့္တက္တဲ့လူက ေနာက္ ႏွစ္ရက္အတြင္းကို ဒဏ္ရာေတြ ျပန္ေကာင္းဖို႔လိုတယ္ အျပင္မထြက္ၾကနဲ႔" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ နယ္စား"
ၿပိဳင္ပြဲဝင္မ်ားသည္ လူစုခြဲလိုက္ၾကၿပီး ရွီမာယူယူသည္လည္း သူမအခန္း သို႔ျပန္ရန္ ျပင္ေလသည္။ မု႐ုန္ေဟြ႕သည္ သူမအား တားလိုက္သည္ "ရွီအာ ေနခဲ့ဦး"
တျခားသူမ်ား ထြက္သြားၿပီး ရွီမာယူယူ ခ်န္ေနခဲ့လိုက္သည္။ အေစာက မု႐ုန္ေဟြ႕ သူမကို ေျပာစရာရွိသည္ဆိုသည္မွာ ဆင္ေျခတစ္ခုသာျဖစ္လိမ့္မည္ ဟု ထင္ခဲ့မိသည္။ သူ တကယ္ပဲ တစ္ခုခု လုပ္ေတာ့မလို႔လား။
"ရွီအာ... သမီးကို ေျပာစရာရွိတယ္ လိုက္ခဲ့" မု႐ုန္ေဟြ႕သည္ သူမ၏ အခန္းဆီသို႔ ေျခဦးလွည့္ေခၚသြားလိုက္သည္။ သူမ တံခါးပိတ္ၿပီး အတားအဆီး ျပဳလုပ္လိုက္သည္။
သူအလြန္ ခ်င့္ခ်ိန္ေနသည္ကို ရွီမာယူယူျမင္ေသာအခါ လွ်ိဳ႕ဝွက္ခ်က္ ေျပာေတာ့မလားဟု သိခ်င္မိသည္။
"ရွီအာ သမီးကို တစ္ခုေလာက္ လုပ္ေစခ်င္တယ္... အရင္က အေဖက သမီးကို ဘာမွမလုပ္ခိုင္းခဲ့ဖူးဘူး အဲဒါေၾကာင့္ ဒီတစ္ခါေတာ့ ကူညီေပးပါဦး" မု႐ုန္ေဟြ႕သည္ သူမအား ေလးေလးနက္နက္ၾကည့္ေလသည္။
သူ႔ကို ထိုပုံစံအတိုင္း ပထမဆုံးအႀကိမ္ျမင္ဖူးသျဖင့္ သူမ ေျပာလိုက္သည္ "ဘာျဖစ္လို႔လဲ သမီးလုပ္ႏိုင္တာဆိုရင္ လုပ္ပါ့မယ္"
"သမီးကို ေဆးကုေပးေစခ်င္တာ" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
"မင္းသားလား" ရွီမာယူယူ ေမးလိုက္သည္။
"ဟုတ္တယ္" မု႐ုန္ေဟြ႕သည္ သူမကို ဖုံးကြယ္၍ရလိမ့္မည္ဟု ဘယ္ေသာအခါမွ မေတြးခဲ့ေပ "မင္းသားရဲ႕ အေျခအေနက အခုခ်ိန္ထိ အရမ္း ကို ၾကာေနၿပီ... သူက်န္းမာေရးမေကာင္းလို႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို မကိုင္တြယ္ႏိုင္တာနဲ႔ ၾကင္ယာေတာ္မင္းသမီးက အဲဒီအင္အားစုေတြကို ထိန္းခ်ဳပ္ေနတာပဲ... သူ႔ကို ေဆးကုလို႔ရမလားလို႔ သမီး သူ႔ကိုၾကည့္ေပးပါဦး"
"ဟုတ္ကဲ့ပါ" ရွီမာယူယူ ျပန္ေျဖလိုက္သည္ "သမီးတို႔ ဘယ္ေတာ့ သြား ၾကမလဲ"
"အခုပဲ"
"အခုလား သမီးတို႔ ႏွိမ့္ခ်ၿပီးေနရမွာမဟုတ္ဘူးလား" ရွီမာယူယူသည္ အနည္းငယ္ အံ့ဩေနသည္။ သူတို႔သာ သူ႔ကို ပြင့္လင္းျမင္သာစြာ သြားေတြ႕ လိုက္ပါက လွ်ိဳ႕ဝွက္ထား၍ရေတာ့မည္မဟုတ္ေပ။
"အေဖနဲ႔ လိုက္ခဲ့" မု႐ုန္ေဟြ႕သည္ သူ၏ အိပ္ခန္းဆီသို႔ သြားလိုက္သည္။ သူသည္ အိပ္ရာဆြဲထုတ္လိုက္ရာ သူတို႔ေရွ႕တြင္ လိုဏ္ေခါင္းေပၚလာသည္။
ရွီမာယူယူ ဆြံ႕အသြားသည္။ ဒါက တည္းခိုေဆာင္မဟုတ္ဘူးလား။ ဒီမွာ ဘယ္လိုလုပ္ လွ်ိဳ႕ဝွက္လိုဏ္ေခါင္းရွိေနတာလဲ။
မု႐ုန္ေဟြ႕သည္ လိုဏ္ေခါင္းဆီသို႔ ခုန္ဆင္းသြားၿပီး ရွီမာယူယူကိုပါ လာရန္ အခ်က္ျပလိုက္သည္။ သူတို႔ လိုဏ္ေခါင္းသို႔ဝင္ၿပီးေနာက္တြင္ ရွင္းျပ ေလသည္ "ဒီတည္းခိုေဆာင္က မင္းသားရဲ႕ လွ်ိဳ႕ဝွက္အင္အားပဲ"
သူမ သတင္းၾကားလိုက္ေသာအခါ ပါးစပ္အနည္းငယ္ ပြင့္ဟ,သြားသည္။ အေၾကာင္းမွာ တည္းခိုေဆာင္သည္ မင္းသား၏ အင္အားျဖစ္သည္ဆိုသည့္ စကားကို ၾကားလိုက္ရျခင္းေၾကာင့္မဟုတ္ဘဲ ထိုေနရာတြင္ ေလ်ာင္ျပည္နယ္မွ လူမ်ား ေနထိုင္ေနျခင္းေၾကာင့္ျဖစ္သည္။
"အေဖက အၿမဲတမ္း မင္းသားကို သစၥာရွိခဲ့တယ္" သူမသည္ မု႐ုန္ေဟြ႕ ေၾကာင့္ အံ့ဩသြားမိသည္။ သူရွင္းျပေလသည္ "ဒီလွ်ိဳ႕ဝွက္လမ္းက မင္းသားကို သစၥာရွိတဲ့သူေတြ သူ႔ဆီသြားေတြ႕လို႔ရေအာင္ လုပ္ထားတာပဲ"
"ဆိုလိုတာက ဒီလမ္းေၾကာင္းက မင္းသားအိမ္ေတာ္ကို တိုက္႐ိုက္ေပါက္ တယ္ေပါ့" ရွီမာယူယူ ေျပာလိုက္သည္။
"မဟုတ္ဘူး ဒီလိုဏ္ေခါင္းက မင္းသားအိမ္ေတာ္ရဲ႕ ေဘးၿခံဝန္းကိုေရာက္ တာ သူက အဲဒီမွာပဲ နလန္ထူတာမ်ားတယ္... အဲဒီေနရာက ၾကင္ယာေတာ္ မင္းသမီးအာဏာမေရာက္တဲ့ တစ္ခုတည္းေသာေနရာပဲ" မု႐ုန္ေဟြ႕ ရွင္းျပ သည္ "ဒါေပမဲ့ အျပင္မွာ ေစာင့္ၾကည့္ေနေသးတဲ့ လူေတြအမ်ားႀကီးရွိေသး တယ္ အဲဒါေၾကာင့္ အထဲကိုဝင္ဖို႔ ဒီနည္းလမ္းကိုပဲ သုံးလို႔ရမယ္"
သူတို႔ႏွစ္ေယာက္သည္ အတန္ၾကာသည္အထိ ေလွ်ာက္လာၿပီး ေလွကား ကိုျမင္ေသာအခါ ေလွကားအတိုင္း တျဖည္းျဖည္းတက္သြားလိုက္သည္။ မု႐ုန္ေဟြ႕သည္ ေခါင္းအထက္တြင္ရွိသည့္ တံခါးေပါက္ငယ္ကို သုံးႀကိမ္ ေခါက္ ၿပီးေနာက္ ႏွစ္ႀကိမ္ထပ္ေခါက္ကာ ၿပီးသည္ႏွင့္ သုံးႀကိမ္ထပ္ေခါက္သည္။
"ကြၽီ..."
ေခါင္းေပၚမွ ၾကမ္းျပင္တံခါးျပားသည္ ပြင့္သြားရာ ရွီမာယူယူသည္ အလင္းခပ္မွိန္မွိန္ကို ျမင္လိုက္ရသည္။
"နယ္စားမု႐ုန္ ေရာက္ၿပီလား မင္းသား ေစာင့္ေနတာ ၾကာေနၿပီ" တံခါး ျပားကို လာဖြင့္ေသာလူ ေျပာေလသည္။
"ဟုတ္ကဲ့ပါ" မု႐ုန္ေဟြ႕သည္ လိုဏ္ေခါင္းမွထြက္လိုက္ရာ ရွီမာယူယူ ေနာက္မွလိုက္ခဲ့လိုက္သည္။
ေစာင့္ေနေသာလူသည္ ရွီမာယူယူကို ျမင္ေသာအခါ အနည္းငယ္ အံ့ဩ သြားသည္။ မု႐ုန္ေဟြ႕မွ လူတစ္ေယာက္ ေခၚလာမည္ဟု ေျပာခ်ိန္တြင္ သူမ ျဖစ္လိမ့္မည္ဟု ထင္မထားေပ။
"ဒါက မင္းသားရဲ႕ ကိုယ္ရံေတာ္ေလ သူ႔နာမည္က ေကာင္းယယ္ ကိုယ္ရံေတာ္ေကာင္း" မု႐ုန္ေဟြ႕သည္ မိတ္ဆက္ေပးေလသည္။
ရွီမာယူယူ ေကာင္းယယ္ကို အ႐ိုအေသျပဳလိုက္သည္။
"ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ပါ" ေကာင္းယယ္ ေျပာလိုက္သည္။ သူသည္ မု႐ုန္ေဟြ႕ကို ေစာင့္ေနရာ အခ်ိန္ဆြဲမေနေတာ့ေပ။ ထို႔ေၾကာင့္ တယြိမင္းသား ဆီသို႔ တစ္ခါတည္းေခၚသြားလိုက္သည္။
"မင္းသားယြိက ေရပူစမ္းမွာလား" မု႐ုန္ေဟြ႕ ေမးလိုက္သည္။
"ဟုတ္ပါတယ္ ဒီေန႔ ေရပူစမ္းက ေရစိမ္လို႔ေကာင္းေနတယ္ မင္းသားက ျပည္နယ္ၿပိဳင္ပြဲၿပီးတာနဲ႔ ေရပူစမ္းမွာရွိေနတာပါ" ေကာင္းယယ္ ေျပာေလ သည္။ အတန္ၾကာေလွ်ာက္ၿပီးေနာက္တြင္ အိမ္အျပင္ေရပူစမ္းႏွစ္ခုရွိေသာ ခမ္းနားသည့္ၿခံဝန္းသို႔ ေရာက္ေလသည္။ ထိုေရပူစမ္းတစ္ခုစီတြင္ လူတစ္ ေယာက္စီ ထိုင္ေနသည္။
"မင္းသားနဲ႔ မင္းသား ၂ ကိုႏႈတ္ဆက္ပါတယ္... မင္းသား ၂ လည္းဒီကို ေရာက္ေနမယ္လို႔ ထင္မထားဘူး" မု႐ုန္ေဟြ႕သည္ သူတို႔ႏွစ္ေယာက္ကို ႏႈတ္ ဆက္လိုက္သည္။ မင္းသား၂ ယြိယြန္းပါ ဤေနရာတြင္ ရွိေနလိမ့္မည္ဟု ထင္ မထားသျဖင့္ တစ္ခဏမွ် အံ့ဩသြားသည္။
ရွီမာယူယူလည္း ေနာက္မွလိုက္သြားသည္။
တယြိမင္းသားသည္ ရွက္ကိုးရွက္ကန္းျဖစ္ေနရာမွ ျပန္သတိဝင္လာကာ ေျပာေလသည္ "မု႐ုန္ မင္းက သမားေတာ္ေခၚလာမယ္လို႔ ေျပာထားတာ မဟုတ္ဘူးလား ဘာလို႔ မင္းရဲ႕ သမီးကိုေခၚလာတာလဲ"
"မင္းသား ရွီအာက ကြၽန္ေတာ္မ်ိဳးေျပာတဲ့ သမားေတာ္ပါပဲ" မု႐ုန္ေဟြ႕ ျပန္ေျဖသည္။
"သူမကလား" တယြိမင္းသားသည္ ရွီမာယူယူအား မေသခ်ာသလို ၾကည့္ သည္။ သို႔ေသာ္ သူ႔အဆင့္အတန္းႏွင့္ မညီသည့္ မည္သည့္စကားမွ မေျပာေပ။
"ဟုတ္ပါတယ္ ကြၽန္ေတာ့္သမီးက အရင္က ေဆးပညာေလ့လာထားလို႔ နည္းနည္းေတာ့ ခရီးေရာက္ထားပါတယ္... သူမက ရွားပါးတဲ့ေရာဂါတခ်ိဳ႕ကို လည္း ေလ့လာထားၿပီးပါၿပီ" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
"အဟမ္း.. အဲလိုဆိုမွေတာ့ သူမကို ေဘးခန္းမကို ေခၚသြားလိုက္ ငါတို႔ ဒီမွာခဏေနလိုက္ဦးမယ္" တယြိမင္းသား ေျပာေလသည္။
"ဟုတ္ကဲ့ပါ မင္းသား"
သူ အခုခ်ိန္တြင္ အဝတ္ဝတ္ထားလွ်င္ေတာင္ ေနာက္က်ခြၽတ္ရမွာပဲဟု ရွီမာယူယူ ေျပာခ်င္ေနသည္။ သို႔ေသာ္ သူမသည္ ဤမွ်ရဲတင္းေသာ စကားမ်ား ကို မေျပာရဲေပ။
သူမသည္ မု႐ုန္ေဟြ႕ေနာက္လိုက္ကာ ေဘးခန္းမသို႔ သြားလိုက္သည္။ မၾကာမီတြင္ တယြိမင္းသားႏွင့္ ယြိယန္းတို႔ ဝင္လာသည္။
ရွီမာယူယူသည္ ယြိယန္းကိုၾကည့္ၿပီး တယြိမင္းသားသည္ သူ႔ကို ခ်စ္ခင္၍ ေရပူစမ္းကိုပါ အတူဝင္ေစသည္ဟု သူမဘာသာ တိတ္တိတ္ေလးေတြးေနမိ သည္။
ဒီမက်န္းမာတဲ့လူက ေစာဒကမတက္ႏိုင္တဲ့မင္းသားလား။
"မု႐ုန္ ငါ ဒီဒဏ္ရာနဲ႔ ပတ္သက္ၿပီး သမားေတာ္ ေတာ္ေတာ္မ်ားမ်ားကို ျပဖူးေပမဲ့ ဘယ္သူမွ မကုႏိုင္ဘူးဆိုတာ မင္းလည္းသိတာပဲ... ဧကရာဇ္ရဲ႕ သမားေတာ္ေတြေတာင္ ဘာမွတတ္ႏိုင္တာမဟုတ္ဘူး" တယြိမင္းသား ေျပာ လိုက္သည္။
"မင္းသား ကြၽန္ေတာ့္ရဲ႕သမီးကို ၾကည့္ခိုင္းေပးပါဦး သူမ ကူညီႏိုင္ရင္ ကူညီႏိုင္မွာပါ" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
"မင္းသား ကြၽန္မ ေသြးခုန္ႏႈန္းစမ္းၿပီး အေျခအေနကို စစ္ေဆးၾကည့္ရပါ မယ္" ရွီမာယူယူ ေျပာလိုက္သည္။
တယြိမင္းသားသည္ စကၠန႔္ပိုင္းမွ် ေတြေဝသြားၿပီးေနာက္ လက္ကို ဆန႔္ထုတ္လိုက္သည္။ ရွီမာယူယူသည္ ေရွ႕တိုးၿပီး သူ႔ေဘးတြင္ ထိုင္လိုက္ သည္။ သူမသည္ သူ႔လက္ေကာက္ဝတ္ေပၚသို႔ လက္ေခ်ာင္းမ်ားတင္ၿပီး ေသြးခုန္ႏႈန္းကို စမ္းသပ္လိုက္သသည္။
တယြိမင္းသားႏွင့္ ယြိယန္းတို႔သည္ သူမကို ၾကည့္ေနၾကသည္။ သူမသည္ အလြန္တည္ၿငိမ္ၿပီး အရင္ကၾကားဖူးသည္ ဒ႑ာရီမ်ားႏွင့္ အလြန္ကြာျခားေန သည္။
သို႔ေသာ္ သူတို႔ႏွစ္ေယာက္၏ အမူအရာကို အကဲျဖတ္ၾကည့္ရလွ်င္ သူမ အေပၚ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားမရွိသည္ကို ျမင္ႏိုင္သည္။ သူမ လုပ္ႏိုင္ မည္ဟု ယုံၾကည္သည္မွာ မု႐ုန္ေဟြ႕ တစ္ေယာက္သာျဖစ္သည္။
ခဏအၾကာတြင္ ရွီမာယူယူသည္ လက္ကိုျပန္႐ုတ္ၿပီး တည္ၿငိမ္စြာပင္ ေျပာေလသည္ "ေနာက္လက္တစ္ဖက္ေပးပါ"
တယြိမင္းသားသည္ ေနာက္တစ္ဖက္ဆန႔္ထုတ္ေပးရာ ခဏၾကာေအာင္ စမ္းသပ္ၿပီးခ်ိန္တြင္ ရွီမာယူယူ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
Unicode
အပိုင်း (၁၈၃၂) – လျှို့ဝှက်လမ်းကြောင်း
ယွိလျိုသည် ရှီမာယူယူ၏ အင်အားကို အာရုံမရှိပေ။ သူ သူမကို ကြည့် လိုက်ချိန်တွင် သူမကို သူ့အောက်ဆွဲသွင်းလိုက်လျှင် မည်သို့ဖြစ်မည်ကို တွေး နေသည်။
ယွိဖေးနှင့် ယွိချီတို့နှစ်ယောက်လုံးသည် ရှီမာယူယူမှာ ရိုးရှင်းသော လူ မဟုတ်သည်ကို ခံစားမိကြသည်။ သို့သော် အတွေးများတော့မတူပေ။ တစ်ယောက်မှာ သူမအနိုင်ရလျှင် သူတို့ဘက်သို့ဆွဲခေါ်ရန် တွေးနေကာ နောက် တစ်ယောက်မှာ သူမကို ဖျက်ဆီးချင်သည်။
ပထမအချီ ပြိုင်ပွဲများကို တစ်နေကုန်ကျင်းပသည်။ လျောင်ပြည်နယ်မှ အဖွဲ့များသည် အခြေအနေမကောင်းလှပေ။ အယောက် ၃၀ အတွင်းတွင် အယောက် ၂၀ သည် ပထမနေ့၌ပင် ပြုတ်သွားရာ တစ်ဝက်ကျော်လျော့သွား လေသည်။
ရှီမာယူယူနှင့် တခြားသူများ တည်းခိုဆောင်သို့ပြန်ချိန်တွင် ယွိရှီနှင့် လန်ယွိတို့သည် အခေါ်ရှိသဖြင့် လမ်းတစ်ဝက်တွင် ထွက်သွားရာ မုရုန်ဟွေ့ ဦးဆောင်ပြီး ပြန်လာခဲ့လိုက်ကြသည်။
"ကောင်းကောင်းနားကြ နောက်ပြိုင်ပွဲ အဆင့်တက်တဲ့လူက နောက် နှစ်ရက်အတွင်းကို ဒဏ်ရာတွေ ပြန်ကောင်းဖို့လိုတယ် အပြင်မထွက်ကြနဲ့" မုရုန်ဟွေ့ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ နယ်စား"
ပြိုင်ပွဲဝင်များသည် လူစုခွဲလိုက်ကြပြီး ရှီမာယူယူသည်လည်း သူမအခန်း သို့ပြန်ရန် ပြင်လေသည်။ မုရုန်ဟွေ့သည် သူမအား တားလိုက်သည် "ရှီအာ နေခဲ့ဦး"
တခြားသူများ ထွက်သွားပြီး ရှီမာယူယူ ချန်နေခဲ့လိုက်သည်။ အစောက မုရုန်ဟွေ့ သူမကို ပြောစရာရှိသည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာဖြစ်လိမ့်မည် ဟု ထင်ခဲ့မိသည်။ သူ တကယ်ပဲ တစ်ခုခု လုပ်တော့မလို့လား။
"ရှီအာ... သမီးကို ပြောစရာရှိတယ် လိုက်ခဲ့" မုရုန်ဟွေ့သည် သူမ၏ အခန်းဆီသို့ ခြေဦးလှည့်ခေါ်သွားလိုက်သည်။ သူမ တံခါးပိတ်ပြီး အတားအဆီး ပြုလုပ်လိုက်သည်။
သူအလွန် ချင့်ချိန်နေသည်ကို ရှီမာယူယူမြင်သောအခါ လျှို့ဝှက်ချက် ပြောတော့မလားဟု သိချင်မိသည်။
"ရှီအာ သမီးကို တစ်ခုလောက် လုပ်စေချင်တယ်... အရင်က အဖေက သမီးကို ဘာမှမလုပ်ခိုင်းခဲ့ဖူးဘူး အဲဒါကြောင့် ဒီတစ်ခါတော့ ကူညီပေးပါဦး" မုရုန်ဟွေ့သည် သူမအား လေးလေးနက်နက်ကြည့်လေသည်။
သူ့ကို ထိုပုံစံအတိုင်း ပထမဆုံးအကြိမ်မြင်ဖူးသဖြင့် သူမ ပြောလိုက်သည် "ဘာဖြစ်လို့လဲ သမီးလုပ်နိုင်တာဆိုရင် လုပ်ပါ့မယ်"
"သမီးကို ဆေးကုပေးစေချင်တာ" မုရုန်ဟွေ့ ပြောလိုက်သည်။
"မင်းသားလား" ရှီမာယူယူ မေးလိုက်သည်။
"ဟုတ်တယ်" မုရုန်ဟွေ့သည် သူမကို ဖုံးကွယ်၍ရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ "မင်းသားရဲ့ အခြေအနေက အခုချိန်ထိ အရမ်း ကို ကြာနေပြီ... သူကျန်းမာရေးမကောင်းလို့ ကိစ္စတော်တော်များများကို မကိုင်တွယ်နိုင်တာနဲ့ ကြင်ယာတော်မင်းသမီးက အဲဒီအင်အားစုတွေကို ထိန်းချုပ်နေတာပဲ... သူ့ကို ဆေးကုလို့ရမလားလို့ သမီး သူ့ကိုကြည့်ပေးပါဦး"
"ဟုတ်ကဲ့ပါ" ရှီမာယူယူ ပြန်ဖြေလိုက်သည် "သမီးတို့ ဘယ်တော့ သွား ကြမလဲ"
"အခုပဲ"
"အခုလား သမီးတို့ နှိမ့်ချပြီးနေရမှာမဟုတ်ဘူးလား" ရှီမာယူယူသည် အနည်းငယ် အံ့ဩနေသည်။ သူတို့သာ သူ့ကို ပွင့်လင်းမြင်သာစွာ သွားတွေ့ လိုက်ပါက လျှို့ဝှက်ထား၍ရတော့မည်မဟုတ်ပေ။
"အဖေနဲ့ လိုက်ခဲ့" မုရုန်ဟွေ့သည် သူ၏ အိပ်ခန်းဆီသို့ သွားလိုက်သည်။ သူသည် အိပ်ရာဆွဲထုတ်လိုက်ရာ သူတို့ရှေ့တွင် လိုဏ်ခေါင်းပေါ်လာသည်။
ရှီမာယူယူ ဆွံ့အသွားသည်။ ဒါက တည်းခိုဆောင်မဟုတ်ဘူးလား။ ဒီမှာ ဘယ်လိုလုပ် လျှို့ဝှက်လိုဏ်ခေါင်းရှိနေတာလဲ။
မုရုန်ဟွေ့သည် လိုဏ်ခေါင်းဆီသို့ ခုန်ဆင်းသွားပြီး ရှီမာယူယူကိုပါ လာရန် အချက်ပြလိုက်သည်။ သူတို့ လိုဏ်ခေါင်းသို့ဝင်ပြီးနောက်တွင် ရှင်းပြ လေသည် "ဒီတည်းခိုဆောင်က မင်းသားရဲ့ လျှို့ဝှက်အင်အားပဲ"
သူမ သတင်းကြားလိုက်သောအခါ ပါးစပ်အနည်းငယ် ပွင့်ဟ,သွားသည်။ အကြောင်းမှာ တည်းခိုဆောင်သည် မင်းသား၏ အင်အားဖြစ်သည်ဆိုသည့် စကားကို ကြားလိုက်ရခြင်းကြောင့်မဟုတ်ဘဲ ထိုနေရာတွင် လျောင်ပြည်နယ်မှ လူများ နေထိုင်နေခြင်းကြောင့်ဖြစ်သည်။
"အဖေက အမြဲတမ်း မင်းသားကို သစ္စာရှိခဲ့တယ်" သူမသည် မုရုန်ဟွေ့ ကြောင့် အံ့ဩသွားမိသည်။ သူရှင်းပြလေသည် "ဒီလျှို့ဝှက်လမ်းက မင်းသားကို သစ္စာရှိတဲ့သူတွေ သူ့ဆီသွားတွေ့လို့ရအောင် လုပ်ထားတာပဲ"
"ဆိုလိုတာက ဒီလမ်းကြောင်းက မင်းသားအိမ်တော်ကို တိုက်ရိုက်ပေါက် တယ်ပေါ့" ရှီမာယူယူ ပြောလိုက်သည်။
"မဟုတ်ဘူး ဒီလိုဏ်ခေါင်းက မင်းသားအိမ်တော်ရဲ့ ဘေးခြံဝန်းကိုရောက် တာ သူက အဲဒီမှာပဲ နလန်ထူတာများတယ်... အဲဒီနေရာက ကြင်ယာတော် မင်းသမီးအာဏာမရောက်တဲ့ တစ်ခုတည်းသောနေရာပဲ" မုရုန်ဟွေ့ ရှင်းပြ သည် "ဒါပေမဲ့ အပြင်မှာ စောင့်ကြည့်နေသေးတဲ့ လူတွေအများကြီးရှိသေး တယ် အဲဒါကြောင့် အထဲကိုဝင်ဖို့ ဒီနည်းလမ်းကိုပဲ သုံးလို့ရမယ်"
သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ လျှောက်လာပြီး လှေကား ကိုမြင်သောအခါ လှေကားအတိုင်း တဖြည်းဖြည်းတက်သွားလိုက်သည်။ မုရုန်ဟွေ့သည် ခေါင်းအထက်တွင်ရှိသည့် တံခါးပေါက်ငယ်ကို သုံးကြိမ် ခေါက် ပြီးနောက် နှစ်ကြိမ်ထပ်ခေါက်ကာ ပြီးသည်နှင့် သုံးကြိမ်ထပ်ခေါက်သည်။
"ကျွီ..."
ခေါင်းပေါ်မှ ကြမ်းပြင်တံခါးပြားသည် ပွင့်သွားရာ ရှီမာယူယူသည် အလင်းခပ်မှိန်မှိန်ကို မြင်လိုက်ရသည်။
"နယ်စားမုရုန် ရောက်ပြီလား မင်းသား စောင့်နေတာ ကြာနေပြီ" တံခါး ပြားကို လာဖွင့်သောလူ ပြောလေသည်။
"ဟုတ်ကဲ့ပါ" မုရုန်ဟွေ့သည် လိုဏ်ခေါင်းမှထွက်လိုက်ရာ ရှီမာယူယူ နောက်မှလိုက်ခဲ့လိုက်သည်။
စောင့်နေသောလူသည် ရှီမာယူယူကို မြင်သောအခါ အနည်းငယ် အံ့ဩ သွားသည်။ မုရုန်ဟွေ့မှ လူတစ်ယောက် ခေါ်လာမည်ဟု ပြောချိန်တွင် သူမ ဖြစ်လိမ့်မည်ဟု ထင်မထားပေ။
"ဒါက မင်းသားရဲ့ ကိုယ်ရံတော်လေ သူ့နာမည်က ကောင်းယယ် ကိုယ်ရံတော်ကောင်း" မုရုန်ဟွေ့သည် မိတ်ဆက်ပေးလေသည်။
ရှီမာယူယူ ကောင်းယယ်ကို အရိုအသေပြုလိုက်သည်။
"ကျွန်တော်နဲ့ လိုက်ခဲ့ပါ" ကောင်းယယ် ပြောလိုက်သည်။ သူသည် မုရုန်ဟွေ့ကို စောင့်နေရာ အချိန်ဆွဲမနေတော့ပေ။ ထို့ကြောင့် တယွိမင်းသား ဆီသို့ တစ်ခါတည်းခေါ်သွားလိုက်သည်။
"မင်းသားယွိက ရေပူစမ်းမှာလား" မုရုန်ဟွေ့ မေးလိုက်သည်။
"ဟုတ်ပါတယ် ဒီနေ့ ရေပူစမ်းက ရေစိမ်လို့ကောင်းနေတယ် မင်းသားက ပြည်နယ်ပြိုင်ပွဲပြီးတာနဲ့ ရေပူစမ်းမှာရှိနေတာပါ" ကောင်းယယ် ပြောလေ သည်။ အတန်ကြာလျှောက်ပြီးနောက်တွင် အိမ်အပြင်ရေပူစမ်းနှစ်ခုရှိသော ခမ်းနားသည့်ခြံဝန်းသို့ ရောက်လေသည်။ ထိုရေပူစမ်းတစ်ခုစီတွင် လူတစ် ယောက်စီ ထိုင်နေသည်။
"မင်းသားနဲ့ မင်းသား ၂ ကိုနှုတ်ဆက်ပါတယ်... မင်းသား ၂ လည်းဒီကို ရောက်နေမယ်လို့ ထင်မထားဘူး" မုရုန်ဟွေ့သည် သူတို့နှစ်ယောက်ကို နှုတ် ဆက်လိုက်သည်။ မင်းသား၂ ယွိယွန်းပါ ဤနေရာတွင် ရှိနေလိမ့်မည်ဟု ထင် မထားသဖြင့် တစ်ခဏမျှ အံ့ဩသွားသည်။
ရှီမာယူယူလည်း နောက်မှလိုက်သွားသည်။
တယွိမင်းသားသည် ရှက်ကိုးရှက်ကန်းဖြစ်နေရာမှ ပြန်သတိဝင်လာကာ ပြောလေသည် "မုရုန် မင်းက သမားတော်ခေါ်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား ဘာလို့ မင်းရဲ့ သမီးကိုခေါ်လာတာလဲ"
"မင်းသား ရှီအာက ကျွန်တော်မျိုးပြောတဲ့ သမားတော်ပါပဲ" မုရုန်ဟွေ့ ပြန်ဖြေသည်။
"သူမကလား" တယွိမင်းသားသည် ရှီမာယူယူအား မသေချာသလို ကြည့် သည်။ သို့သော် သူ့အဆင့်အတန်းနှင့် မညီသည့် မည်သည့်စကားမှ မပြောပေ။
"ဟုတ်ပါတယ် ကျွန်တော့်သမီးက အရင်က ဆေးပညာလေ့လာထားလို့ နည်းနည်းတော့ ခရီးရောက်ထားပါတယ်... သူမက ရှားပါးတဲ့ရောဂါတချို့ကို လည်း လေ့လာထားပြီးပါပြီ" မုရုန်ဟွေ့ ပြောလိုက်သည်။
"အဟမ်း.. အဲလိုဆိုမှတော့ သူမကို ဘေးခန်းမကို ခေါ်သွားလိုက် ငါတို့ ဒီမှာခဏနေလိုက်ဦးမယ်" တယွိမင်းသား ပြောလေသည်။
"ဟုတ်ကဲ့ပါ မင်းသား"
သူ အခုချိန်တွင် အဝတ်ဝတ်ထားလျှင်တောင် နောက်ကျချွတ်ရမှာပဲဟု ရှီမာယူယူ ပြောချင်နေသည်။ သို့သော် သူမသည် ဤမျှရဲတင်းသော စကားများ ကို မပြောရဲပေ။
သူမသည် မုရုန်ဟွေ့နောက်လိုက်ကာ ဘေးခန်းမသို့ သွားလိုက်သည်။ မကြာမီတွင် တယွိမင်းသားနှင့် ယွိယန်းတို့ ဝင်လာသည်။
ရှီမာယူယူသည် ယွိယန်းကိုကြည့်ပြီး တယွိမင်းသားသည် သူ့ကို ချစ်ခင်၍ ရေပူစမ်းကိုပါ အတူဝင်စေသည်ဟု သူမဘာသာ တိတ်တိတ်လေးတွေးနေမိ သည်။
ဒီမကျန်းမာတဲ့လူက စောဒကမတက်နိုင်တဲ့မင်းသားလား။
"မုရုန် ငါ ဒီဒဏ်ရာနဲ့ ပတ်သက်ပြီး သမားတော် တော်တော်များများကို ပြဖူးပေမဲ့ ဘယ်သူမှ မကုနိုင်ဘူးဆိုတာ မင်းလည်းသိတာပဲ... ဧကရာဇ်ရဲ့ သမားတော်တွေတောင် ဘာမှတတ်နိုင်တာမဟုတ်ဘူး" တယွိမင်းသား ပြော လိုက်သည်။
"မင်းသား ကျွန်တော့်ရဲ့သမီးကို ကြည့်ခိုင်းပေးပါဦး သူမ ကူညီနိုင်ရင် ကူညီနိုင်မှာပါ" မုရုန်ဟွေ့ ပြောလိုက်သည်။
"မင်းသား ကျွန်မ သွေးခုန်နှုန်းစမ်းပြီး အခြေအနေကို စစ်ဆေးကြည့်ရပါ မယ်" ရှီမာယူယူ ပြောလိုက်သည်။
တယွိမင်းသားသည် စက္ကန့်ပိုင်းမျှ တွေဝေသွားပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။ ရှီမာယူယူသည် ရှေ့တိုးပြီး သူ့ဘေးတွင် ထိုင်လိုက် သည်။ သူမသည် သူ့လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများတင်ပြီး သွေးခုန်နှုန်းကို စမ်းသပ်လိုက်သသည်။
တယွိမင်းသားနှင့် ယွိယန်းတို့သည် သူမကို ကြည့်နေကြသည်။ သူမသည် အလွန်တည်ငြိမ်ပြီး အရင်ကကြားဖူးသည် ဒဏ္ဍာရီများနှင့် အလွန်ကွာခြားနေ သည်။
သို့သော် သူတို့နှစ်ယောက်၏ အမူအရာကို အကဲဖြတ်ကြည့်ရလျှင် သူမ အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားမရှိသည်ကို မြင်နိုင်သည်။ သူမ လုပ်နိုင် မည်ဟု ယုံကြည်သည်မှာ မုရုန်ဟွေ့ တစ်ယောက်သာဖြစ်သည်။
ခဏအကြာတွင် ရှီမာယူယူသည် လက်ကိုပြန်ရုတ်ပြီး တည်ငြိမ်စွာပင် ပြောလေသည် "နောက်လက်တစ်ဖက်ပေးပါ"
တယွိမင်းသားသည် နောက်တစ်ဖက်ဆန့်ထုတ်ပေးရာ ခဏကြာအောင် စမ်းသပ်ပြီးချိန်တွင် ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။