Zawgyi
အပိုင္း (၁၈၂၆) – သူလည္းမိုးႀကိဳးကိုထိန္းခ်ဳပ္ႏိုင္တာပဲ
"ငါ မင္းကိုတားဖို႔ႀကိဳးစားေနတာမဟုတ္ဘူး မင္းကို သတိေပးခ်င္ေနတာ မင္းတို႔ ေမ့ေပ်ာက္ျခင္းျမစ္မွာ ထပ္ေတြ႕မွာပဲ အဲဒါေၾကာင့္ ဒီေနရာက မင္းတို႔ ျပန္ေတြ႕မယ့္ေနရာပဲ... အဲဒါေၾကာင့္ အခုသြားရင္ေတာင္ သူမကို ေတြ႕မွာ မဟုတ္ဘူး" အရိပ္မည္းေျပာေလသည္။
ဝူလင္းယူ ရပ္တန႔္သြားၿပီးမွ ေရွ႕ကို ဆက္ေလွ်ာက္ကာ ေျပာလိုက္သည္ "ငါ့ ကံတရားက ငါ့လက္ထဲမွာပဲရွိတယ္... အဲဒီစကားေတြက ဘာအဓိပၸာယ္မွ ရွိတာမဟုတ္ဘူး... ငါသြားရွာေနသေ႐ြ႕ သူမကိုေသခ်ာေပါက္ ရွာေတြ႕မွာပဲ"
"မင္းက အခုခ်ိန္မွာ ဝိညာဥ္သာသာပဲ ေမ့ေပ်ာက္ျခင္းျမစ္နဲ႔ ေပါင္းစပ္ ထားတဲ့ ဝိညာဥ္ပဲ... မင္းက ေမ့ေပ်ာက္ျခင္းျမစ္ကေန ခြာလို႔မရဘူး... မင္းက ဒီကေနပဲ အားအင္ေတြရမွာ.. တေစၦေလာကက ဒီေလာက္ႀကီးတာ သူမကို မေတြ႕ခင္ မင္း ေပ်ာက္ကြယ္သြားမွာပဲ"
ဝူလင္းယူ ရပ္တန႔္သြားကာ ေဒါသေပါက္ကြဲလာၿပီး သူ၏ ဆံပင္ႏွင့္ အက်ႌ မ်ားသည္ ေလအေဝွ႔တြင္ လႊင့္သြားေလသည္။
"မင္းသာ ငါ့ကို ေမ့ေပ်ာက္ျခင္းျမစ္ထဲကို မပစ္လိုက္ရင္ ဘယ္လိုလုပ္ ဒီလိုျဖစ္လာမွာလဲ" သူသည္ ဝိညာဥ္စြမ္းအင္စုစည္းၿပီး အရိပ္မည္းကို တိုက္ခိုက္ ရာ ထိုေနရာမွာ ပ်က္စီးသြားေလသည္။
သူ၏ အင္အား ဤမွ်အျမန္ တိုးတက္လာသည္ကိုျမင္ေသာအခါ အရိပ္ မည္းအံ့ဩသြားသည္။ သူသည္ ထင္ထားသည္ထက္ပင္ ေမ့ေပ်ာက္ျခင္းျမစ္ ေအာက္ေျခမွ မ်ားစြာပိုရလာသည့္ပုံပင္။
သို႔ေသာ္ သူသည္ ထိုစြမ္းအားကို မလႊမ္းမိုးႏိုင္ေသးေပ။ မဟုတ္လွ်င္ သူ၏ လက္ရွိအားသည္ အရိပ္မည္းကို ထိခိုက္ေအာင္ မလုပ္ႏိုင္ေသးေပ။
ဝိညာဥ္စြမ္းအားသည္ အရိပ္မည္း၏ ခႏၶာကိုယ္ကို ျဖတ္သြားၿပီး နိဗၺာန္ ျမစ္ဆီသို႔ က်သြားရာ လႈိင္းလုံးႀကီးမ်ားသည္ ေၾကာက္မက္ဖြယ္ရာ အရွိန္ႏွင့္ ႐ိုက္ခတ္လာၿပီး ကမ္းစပ္ကို ေဆးေပးေလသည္။ "ေမ့ေပ်ာက္ျခင္းျမစ္က မရဏာကမာၻကေန လာတာပဲ... သူ႔စြမ္းအားကလည္း မရဏာေလာကကပဲ အဲေတာ့ မင္းရဲ႕ စြမ္းအားအရင္းအျမစ္က ေမ့ေပ်ာက္ျခင္းျမစ္ပဲ.. အဲဒါေၾကာင့္ ငါ့ကို ထိခိုက္ေအာင္ လုပ္လို႔မရဘူး" အရိပ္မည္းသည္ နိဗၺာန္ျမစ္ဆီမွ လႈိင္းလုံး မ်ားထလာၿပီး ေျမႀကီးကို လႊမ္းမိုးသည္ကို ေစာင့္ၾကည့္ၿပီးေျပာလိုက္သည္ "မင္း ခုနကလုပ္လိုက္တဲ့ အျပဳအမူက လူေတြရဲ႕ အာ႐ုံကိုဆြဲေဆာင္ေစလိုက္ၿပီ ဝိညာဥ္ေလာကနဲ႔ တေစၦေလာက,ကလူေတြ ဒီကိုလာၿပီးစုံစမ္းေတာ့မယ္... ဒီျမစ္မွာ တစ္ခုခုျဖစ္ရင္ အဲလူေတြ ေရာက္လာၾကမွာပဲ"
"အဲဒါနဲ႔ ငါက ဘာဆိုင္လို႔လဲ" ဝူလင္းယူသည္ သူ႔ကို မထိခိုက္ႏိုင္သည္ကို ျမင္ေသာအခါ ေဒါသကိုခ်ဳပ္တည္းမရေတာ့ေပ။ ထို႔ေၾကာင့္ သူသည္ ထိုလူမ်ား ကို လုံးဝဂ႐ုမစိုက္ေပ။
"မင္းက မင္းခႏၶာကိုယ္ကို ပစ္ထားခဲ့ၿပီး သူမအတြက္ တေစၦေလာကကို လာတုန္းက မင္းတို႔ကံၾကမၼာကလည္း ဆက္စပ္ၿပီးသားျဖစ္သြားၿပီ ကံတရား... မင္း ျပန္မတုံ႔ျပန္ရင္ အဲလမ္းအတိုင္းသြားမွာပဲ"
"ငါ ဘာလုပ္ရမလဲ" ဝူလင္းယူ၏ သေဘာထားမွာ ခ်က္ခ်င္း ေျပာင္းလဲ သြားသည္။
အရိပ္မည္း၏ ႏႈတ္ခမ္းမွာတြန႔္သြားသည္ "ေမ့ေပ်ာက္ျခင္းျမစ္နဲ႔ နိဗၺာန္ ျမစ္တို႔က ျမစ္တစ္ခုတည္းပဲ... ေနာက္မွ ႏွစ္စင္းျဖာသြားတာ... မင္း ေမ့ေပ်ာက္ ျခင္းျမစ္ကို ထိန္းခ်ဳပ္ႏိုင္ရင္ နိဗၺာန္ျမစ္ကိုလည္း ထိန္းခ်ဳပ္ႏိုင္လိမ့္မယ္... ေမ့ေပ်ာက္ျခင္းျမစ္ေလာက္ ထိန္းခ်ဳပ္ရ အဆင္မေခ်ာႏိုင္ေပမဲ့ မင္းအတြက္ ေရကိုထိန္းခ်ဳပ္ဖို႔ဆိုရင္ လြယ္ေနဦးမွာပဲ"
ဝူလင္းယူသည္ သူ႔ကိုစိုက္ၾကည့္ၿပီး ျမစ္မ်က္ႏွာျပင္ဆီသို႔ ပ်ံသြားကာ လႈိင္းထန္ေနေသာ ျမစ္ကို အေနာက္သို႔ျပန္ဆုတ္ရန္ ထိန္းခ်ဳပ္သည္။ ေရမ်ား ျပန္က်သြားေသာအခါ ႐ႊံ႕ႏွင့္ ေက်ာက္မ်ားကို အေဝးသို႔ပို႔ကာ လမ္းကိုပိတ္လိုက္ သည္။
"မင္းက အရည္အခ်င္းေတာ့ ရွိတဲ့ပုံပဲ" အရိပ္မည္း ေျပာလိုက္ၿပီးေနာက္ ဝူလင္းယူ သူ႔ကိုၾကည့္ပုံကို ၾကည့္လိုက္ရာ ရွီမာယူယူႏွင့္တူေသာ အၿပဳံးကို ျမင္လိုက္သည္ႏွင့္ မသိစိတ္မွ ေဘးသို႔ေရွာင္လိုက္သည္။
"႐ႊီး"
မိုးႀကိဳးတစ္စင္းက်လာၿပီး အေစာက သူရပ္ေနသည့္ ေနရာသို႔က်သြား သည္။ သူ ေစာေစာသာ မေရွာင္လိုက္လွ်င္ ဆိုး႐ြားစြာ ထိခိုက္သြားႏိုင္သည္။ သူ အျမန္ေရွာင္လိုက္ေသာ္ျငား လက္မွာ ထိုစြမ္းအားေၾကာင့္ ထိခိုက္သြားေတာ့ သည္။
လက္တစ္ျခမ္း ေလာင္ကြၽမ္းသြားသျဖင့္ နာက်င္မႈေၾကာင့္ အံႀကိတ္မိ သည္။
"မင္း သတိေပးတဲ့အတြက္ ေက်းဇူးတင္တယ္... ငါ ယူယူနဲ႔ ဆက္စပ္ေန တယ္လို႔ ၾကားလိုက္ေတာ့ ငါမိုးႀကိဳးကိုသုံးႏိုင္မယ္လို႔ စဥ္းစားမိသြားတယ္" တကယ္ အသုံးဝင္လိမ့္မယ္လို႔ ထင္မထားဘူးပဲ" ဝူလင္းယူသည္ အရိပ္မည္း ရွိရာသို႔ လက္သီးဆုပ္အ႐ိုအေသျပဳ ေက်းဇူးတင္ကာ ရယ္ေမာၿပီး ေမ့ေပ်ာက္ ျခင္းျမစ္ဆီသို႔ ပ်ံသြားေလသည္။
"ဒီလူကလည္း ယူယူနဲ႔အတူတူပဲ... ဒီအတြက္ သူ ျပန္ေပးဆပ္ရမယ္" အရိပ္မည္းသည္ သူ႔လက္ကိုၾကည့္ၿပီး ေဆးတစ္လုံးထုတ္ေသာက္ၿပီးသည္ႏွင့္ ေလထဲတြင္ ေပ်ာက္ကြယ္သြားေလသည္။
ျပည္နယ္ၿပိဳင္ပြဲမတိုင္ခင္ တစ္ရက္တြင္ မိုက်ိ ျပန္လာသည္။ ရွီမာယူယူ သည္ သူ၏ ဝမ္းနည္းၿပီးမႈိင္ေတြေနေသာ ပုံစံကိုၾကည့္ၿပီးေျပာလိုက္သည္ "ကြၽန္မလည္း ဒီမွာရွိပါတယ္ ဒီေလာက္ျမန္ျမန္ႀကီးျပန္လာဖို႔ မလိုပါဘူး"
"အဲေတာ့ ငါ့အားထုတ္မႈေတြက ဘာမွမဟုတ္ဘူးလို႔ မင္းေျပာေနတာ လား" မိုက်ိသည္ သူမအား နစ္နာသလိုၾကည့္ေလသည္။
"မဟုတ္ပါဘူး ကြၽန္မ ဝမ္းသာပါတယ္" ရွီမာယူယူ ေျပာလိုက္သည္ "အဲဒါ ေၾကာင့္ ရွင့္အတြက္ ဟင္းေကာင္းေကာင္း ျပင္ထားတယ္"
"လက္ဖက္ရည္ေရာ ပါလား"
"ရွိတယ္"
ရွီမာယူယူသည္ သူ႔ကို ထမင္းစားေဆာင္သို႔ ေခၚသြားသည္။ စားပြဲေပၚ တြင္ အစားအေသာက္မ်ားျပင္ဆင္ထားၿပီး ယြမ္ယြမ္သည္ ေနရာယူကာ သူ႔ကို ေစာင့္ေနသည္။
"ေနာက္ဆုံးေတာ့ေရာက္လာၿပီပဲ မင္းေရာက္မလာရင္ ငါ သြားရည္ေတြ ေတာင္ ထြက္က်ေတာ့မယ္" ယြမ္ယြမ္ ေျပာလိုက္သည္။
"မင္းကို တစ္ႏွစ္ေလာက္ပဲမေတြ႕ရတာကို မင္းက သခင္ေလးျဖစ္သြား ေတာ့ ဘယ္လိုေတြအပိုလုပ္ရမလဲဆိုတာကိုပါ သိေနၿပီလား" မိုက်ိ ေျပာလိုက္ သည္။
"အဲဒါ မင္းက ရွီအာ ခ်က္ေကြၽးတဲ့အစားအေသာက္ကို မစားဖူးေသးလို႔ ေလ" ယြမ္ယြမ္ ေျပာေလသည္ "စားၾကည့္လိုက္ရင္ စားပြဲေပၚမွာ စားေကာင္း ေသာက္ဖြယ္ေတြ ေစာင့္ေနတဲ့ ဘဝက ဘယ္ေလာက္ေတာင္ ေပ်ာ္ဖို႔ေကာင္းလဲ ဆိုတာ သိသြားမွာ"
သူ ခ်ဲ႕ကားလြန္းသည္ဟု အထင္ႏွင့္ မိုက်ိ ရယ္ေမာလိုက္သည္။ သူ ႀကိဳက္ႏွစ္သက္သည္မွာ လက္ဖက္ရည္သာျဖစ္သည္။ အစားအေသာက္ မည္မွ် ေကာင္းေစကာမူ မ်ားမ်ားစားစားစိတ္မဝင္စားလွေပ။
"ထိုင္ေလ" ရွီမာယူယူသည္ သူမဘာသာ ထိုင္လိုက္ၿပီး ယြမ္ယြမ္သည္ စတင္စားေသာက္ေတာ့သည္။
မိုက်ိသည္ သူ႔ကို စိတ္မရွည္သည္ကို ၾကည့္ကာ ေခါင္းကို ခါလိုက္ၿပီး ဟင္းမ်ားကို ေကာက္ယူလိုက္သည္။
ပထမတစ္လုတ္စားၿပီးေနာက္တြင္ ရွီမာယူယူ၏ ဟင္းခ်က္လက္ရာသည္ တျခားသူမ်ား၏ လက္ရာထက္ ပိုေကာင္းသည္ကို ေတြ႕လိုက္ရသည္။ သူသည္ အစားအေသာက္ကို ခုံမင္သူမဟုတ္ေသာ္လည္း သူ အမွန္အတိုင္းဝန္ခံရလွ်င္ ပုံမွန္ထက္ စားေနျခင္းျဖစ္သည္။
စားေသာက္ၿပီးေနာက္တြင္ သူတို႔သုံးေယာက္သည္ တည္းခိုေဆာင္၏ ဥယ်ာဥ္ထဲတြင္ ေခတၱမွ်လမ္းေလွ်ာက္ၿပီးေနာက္ လက္ဖက္ရည္ေသာက္ၾက သည္။
"စားေကာင္းေသာက္ဖြယ္ရာေတြရွိတယ္ ရွီအာႏွပ္ေပးတဲ့ လက္ဖက္ရည္ လည္း ေသာက္ရတယ္ တစ္ခါတေလ ဒီလိုဘဝကလည္း ေကာင္းတာပဲ" ယြမ္ယြမ္ သက္ျပင္းခ်လိုက္သည္။
"ကိုယ္ရံေတာ္ေတြက ရွင့္ကိုျပန္ဖို႔မေျပာဘူးလား" ရွီမာယူယူ ေမးလိုက္ သည္။
"ငါ မိုက်ိနဲ႔အတူရွိတယ္ဆိုတာ မိသားစုကသိတယ္... သူနဲ႔ ခဏေလာက္ ေနခ်င္တယ္ဆိုတာကို သိၾကေတာ့ သူတို႔ေတြ ေနခိုင္းရတာပဲ" ယြမ္ယြမ္ ေျပာ လိုက္သည္။
"ဒီသခင္ေလးရဲ႕ အက်င့္ကလည္း အရင္ကနဲ႔ ဘာလို႔တူေနေသးတာလဲ ေခါင္းစည္းေျပာင္းသြားတာကလြဲၿပီး ဘာမွမေျပာင္းသလိုပဲ" မိုက်ိ ေျပာေလ သည္။
"အင္း... ဘာလို႔လဲဆိုေတာ့ ဒီသခင္ေလးက မင္းေလာက္ မလႊမ္းမိုးႏိုင္ လို႔ေလ" ယြမ္ယြမ္သည္ စိတ္မတိုေပ "ဒါနဲ႔ နိဗၺာန္ျမစ္က ဘာျဖစ္တာလဲ"
ရွီမာယူယူလည္း သူ႔ကိုၾကည့္လိုက္သည္။
"တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး ဒါေပမဲ့ နိဗၺာန္ျမစ္က အခုတေလာ ထႂကြေနတယ္... ရတနာမ်ားေပၚလာမလားလို႔ အကုန္လုံးက ထင္ေနၾကတယ္" မိုက်ိ ေျပာလိုက္သည္။
"ရွင့္ရဲ႕ အခုလိုပုံကိုၾကည့္ရတာ ဒီသတင္းက အတုဆိုတာ သိၿပီးသား မလား" ရွီမာယူယူ ေမးလိုက္သည္။
"ငါမသိဘူး" မိုက်ိ၏ အေျဖမွာ မထင္မွတ္ေလာက္စရာပင္။
"မသိဘူးလား"
"ငါ သြားၾကည့္ေတာ့ နိဗၺာန္ျမစ္က တကယ္ပဲ မၿငိမ္ဘူး ဒါေပမဲ့ အဲဒါက ရတနာရွိရမယ္လို႔ မဆိုလိုဘူးေလ... အဲဒီမွာ ဘာရတနာေရာင္ဝါမွ မခံစားမိဘူး ဒါေပမဲ့ လႈပ္ရွားမႈကေတာ့ ရတနာနဲ႔နည္းနည္းဆင္ေနတယ္" မိုက်ိ ေျပာလိုက္ သည္။
"အဲလိုမ်ိဳးရွိေသးတာလား မင္းတို႔မိုမ်ိဳးႏြယ္ေတြက ရတနာေရာင္ဝါကို အရမ္းသိတာေလ... အရင္ကဆိုရင္ ရတနာေတြကို မင္းတို႔ပဲရွာေတြ႕ခဲ့တာ... မင္းေတာင္မေသခ်ာဘူးဆိုေတာ့ အဲဒီမွာထူးဆန္းေနတာပဲ"
"ကြၽန္မလည္း သိခ်င္တယ္" ရွီမာယူယူ ေျပာလိုက္သည္ "ရတနာေပၚတာ ေၾကာင့္မဟုတ္ရင္ အဲလိုလႈပ္ရွားမႈလုပ္ႏိုင္တာ သာမာန္႐ိုးရွင္းတဲ့လူေတာ့ မဟုတ္ဘူး"
"ငါလည္း အဲလိုထင္တယ္" မိုက်ိသည္ သူမစကားကို သေဘာတူသည္ "အစတုန္းေတာ့ အနီးကပ္စစ္ေဆးမလို႔ပဲ.. ဒါေပမဲ့ မင္းတယြိၿမိဳ႕ေတာ္ကို ေရာက္ေနၿပီလို႔ထင္လို႔ အရင္ျပန္လာလိုက္တာ... ျပည္နယ္ၿပိဳင္ပြဲကိစၥၿပီးသြား ရင္ေတာ့ ငါ သြားျပန္ၾကည့္ရမယ္"
ရွီမာယူယူ၏ မ်က္လုံးမ်ား အေရာင္ေတာက္သြားသည္။ သူမသည္ သူ႔ကို ၿပဳံးၿပီးၾကည့္ေလသည္ "ကြၽန္မလည္း ရွင္နဲ႔လိုက္ၾကည့္လို႔ရမလား"
Unicode
အပိုင်း (၁၈၂၆) – သူလည်းမိုးကြိုးကိုထိန်းချုပ်နိုင်တာပဲ
"ငါ မင်းကိုတားဖို့ကြိုးစားနေတာမဟုတ်ဘူး မင်းကို သတိပေးချင်နေတာ မင်းတို့ မေ့ပျောက်ခြင်းမြစ်မှာ ထပ်တွေ့မှာပဲ အဲဒါကြောင့် ဒီနေရာက မင်းတို့ ပြန်တွေ့မယ့်နေရာပဲ... အဲဒါကြောင့် အခုသွားရင်တောင် သူမကို တွေ့မှာ မဟုတ်ဘူး" အရိပ်မည်းပြောလေသည်။
ဝူလင်းယူ ရပ်တန့်သွားပြီးမှ ရှေ့ကို ဆက်လျှောက်ကာ ပြောလိုက်သည် "ငါ့ ကံတရားက ငါ့လက်ထဲမှာပဲရှိတယ်... အဲဒီစကားတွေက ဘာအဓိပ္ပာယ်မှ ရှိတာမဟုတ်ဘူး... ငါသွားရှာနေသရွေ့ သူမကိုသေချာပေါက် ရှာတွေ့မှာပဲ"
"မင်းက အခုချိန်မှာ ဝိညာဉ်သာသာပဲ မေ့ပျောက်ခြင်းမြစ်နဲ့ ပေါင်းစပ် ထားတဲ့ ဝိညာဉ်ပဲ... မင်းက မေ့ပျောက်ခြင်းမြစ်ကနေ ခွာလို့မရဘူး... မင်းက ဒီကနေပဲ အားအင်တွေရမှာ.. တစ္ဆေလောကက ဒီလောက်ကြီးတာ သူမကို မတွေ့ခင် မင်း ပျောက်ကွယ်သွားမှာပဲ"
ဝူလင်းယူ ရပ်တန့်သွားကာ ဒေါသပေါက်ကွဲလာပြီး သူ၏ ဆံပင်နှင့် အင်္ကျီ များသည် လေအဝှေ့တွင် လွှင့်သွားလေသည်။
"မင်းသာ ငါ့ကို မေ့ပျောက်ခြင်းမြစ်ထဲကို မပစ်လိုက်ရင် ဘယ်လိုလုပ် ဒီလိုဖြစ်လာမှာလဲ" သူသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး အရိပ်မည်းကို တိုက်ခိုက် ရာ ထိုနေရာမှာ ပျက်စီးသွားလေသည်။
သူ၏ အင်အား ဤမျှအမြန် တိုးတက်လာသည်ကိုမြင်သောအခါ အရိပ် မည်းအံ့ဩသွားသည်။ သူသည် ထင်ထားသည်ထက်ပင် မေ့ပျောက်ခြင်းမြစ် အောက်ခြေမှ များစွာပိုရလာသည့်ပုံပင်။
သို့သော် သူသည် ထိုစွမ်းအားကို မလွှမ်းမိုးနိုင်သေးပေ။ မဟုတ်လျှင် သူ၏ လက်ရှိအားသည် အရိပ်မည်းကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။
ဝိညာဉ်စွမ်းအားသည် အရိပ်မည်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားပြီး နိဗ္ဗာန် မြစ်ဆီသို့ ကျသွားရာ လှိုင်းလုံးကြီးများသည် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် ရိုက်ခတ်လာပြီး ကမ်းစပ်ကို ဆေးပေးလေသည်။ "မေ့ပျောက်ခြင်းမြစ်က မရဏာကမ္ဘာကနေ လာတာပဲ... သူ့စွမ်းအားကလည်း မရဏာလောကကပဲ အဲတော့ မင်းရဲ့ စွမ်းအားအရင်းအမြစ်က မေ့ပျောက်ခြင်းမြစ်ပဲ.. အဲဒါကြောင့် ငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး" အရိပ်မည်းသည် နိဗ္ဗာန်မြစ်ဆီမှ လှိုင်းလုံး များထလာပြီး မြေကြီးကို လွှမ်းမိုးသည်ကို စောင့်ကြည့်ပြီးပြောလိုက်သည် "မင်း ခုနကလုပ်လိုက်တဲ့ အပြုအမူက လူတွေရဲ့ အာရုံကိုဆွဲဆောင်စေလိုက်ပြီ ဝိညာဉ်လောကနဲ့ တစ္ဆေလောက,ကလူတွေ ဒီကိုလာပြီးစုံစမ်းတော့မယ်... ဒီမြစ်မှာ တစ်ခုခုဖြစ်ရင် အဲလူတွေ ရောက်လာကြမှာပဲ"
"အဲဒါနဲ့ ငါက ဘာဆိုင်လို့လဲ" ဝူလင်းယူသည် သူ့ကို မထိခိုက်နိုင်သည်ကို မြင်သောအခါ ဒေါသကိုချုပ်တည်းမရတော့ပေ။ ထို့ကြောင့် သူသည် ထိုလူများ ကို လုံးဝဂရုမစိုက်ပေ။
"မင်းက မင်းခန္ဓာကိုယ်ကို ပစ်ထားခဲ့ပြီး သူမအတွက် တစ္ဆေလောကကို လာတုန်းက မင်းတို့ကံကြမ္မာကလည်း ဆက်စပ်ပြီးသားဖြစ်သွားပြီ ကံတရား... မင်း ပြန်မတုံ့ပြန်ရင် အဲလမ်းအတိုင်းသွားမှာပဲ"
"ငါ ဘာလုပ်ရမလဲ" ဝူလင်းယူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲ သွားသည်။
အရိပ်မည်း၏ နှုတ်ခမ်းမှာတွန့်သွားသည် "မေ့ပျောက်ခြင်းမြစ်နဲ့ နိဗ္ဗာန် မြစ်တို့က မြစ်တစ်ခုတည်းပဲ... နောက်မှ နှစ်စင်းဖြာသွားတာ... မင်း မေ့ပျောက် ခြင်းမြစ်ကို ထိန်းချုပ်နိုင်ရင် နိဗ္ဗာန်မြစ်ကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်... မေ့ပျောက်ခြင်းမြစ်လောက် ထိန်းချုပ်ရ အဆင်မချောနိုင်ပေမဲ့ မင်းအတွက် ရေကိုထိန်းချုပ်ဖို့ဆိုရင် လွယ်နေဦးမှာပဲ"
ဝူလင်းယူသည် သူ့ကိုစိုက်ကြည့်ပြီး မြစ်မျက်နှာပြင်ဆီသို့ ပျံသွားကာ လှိုင်းထန်နေသော မြစ်ကို အနောက်သို့ပြန်ဆုတ်ရန် ထိန်းချုပ်သည်။ ရေများ ပြန်ကျသွားသောအခါ ရွှံ့နှင့် ကျောက်များကို အဝေးသို့ပို့ကာ လမ်းကိုပိတ်လိုက် သည်။
"မင်းက အရည်အချင်းတော့ ရှိတဲ့ပုံပဲ" အရိပ်မည်း ပြောလိုက်ပြီးနောက် ဝူလင်းယူ သူ့ကိုကြည့်ပုံကို ကြည့်လိုက်ရာ ရှီမာယူယူနှင့်တူသော အပြုံးကို မြင်လိုက်သည်နှင့် မသိစိတ်မှ ဘေးသို့ရှောင်လိုက်သည်။
"ရွှီး"
မိုးကြိုးတစ်စင်းကျလာပြီး အစောက သူရပ်နေသည့် နေရာသို့ကျသွား သည်။ သူ စောစောသာ မရှောင်လိုက်လျှင် ဆိုးရွားစွာ ထိခိုက်သွားနိုင်သည်။ သူ အမြန်ရှောင်လိုက်သော်ငြား လက်မှာ ထိုစွမ်းအားကြောင့် ထိခိုက်သွားတော့ သည်။
လက်တစ်ခြမ်း လောင်ကျွမ်းသွားသဖြင့် နာကျင်မှုကြောင့် အံကြိတ်မိ သည်။
"မင်း သတိပေးတဲ့အတွက် ကျေးဇူးတင်တယ်... ငါ ယူယူနဲ့ ဆက်စပ်နေ တယ်လို့ ကြားလိုက်တော့ ငါမိုးကြိုးကိုသုံးနိုင်မယ်လို့ စဉ်းစားမိသွားတယ်" တကယ် အသုံးဝင်လိမ့်မယ်လို့ ထင်မထားဘူးပဲ" ဝူလင်းယူသည် အရိပ်မည်း ရှိရာသို့ လက်သီးဆုပ်အရိုအသေပြု ကျေးဇူးတင်ကာ ရယ်မောပြီး မေ့ပျောက် ခြင်းမြစ်ဆီသို့ ပျံသွားလေသည်။
"ဒီလူကလည်း ယူယူနဲ့အတူတူပဲ... ဒီအတွက် သူ ပြန်ပေးဆပ်ရမယ်" အရိပ်မည်းသည် သူ့လက်ကိုကြည့်ပြီး ဆေးတစ်လုံးထုတ်သောက်ပြီးသည်နှင့် လေထဲတွင် ပျောက်ကွယ်သွားလေသည်။
ပြည်နယ်ပြိုင်ပွဲမတိုင်ခင် တစ်ရက်တွင် မိုကျိ ပြန်လာသည်။ ရှီမာယူယူ သည် သူ၏ ဝမ်းနည်းပြီးမှိုင်တွေနေသော ပုံစံကိုကြည့်ပြီးပြောလိုက်သည် "ကျွန်မလည်း ဒီမှာရှိပါတယ် ဒီလောက်မြန်မြန်ကြီးပြန်လာဖို့ မလိုပါဘူး"
"အဲတော့ ငါ့အားထုတ်မှုတွေက ဘာမှမဟုတ်ဘူးလို့ မင်းပြောနေတာ လား" မိုကျိသည် သူမအား နစ်နာသလိုကြည့်လေသည်။
"မဟုတ်ပါဘူး ကျွန်မ ဝမ်းသာပါတယ်" ရှီမာယူယူ ပြောလိုက်သည် "အဲဒါ ကြောင့် ရှင့်အတွက် ဟင်းကောင်းကောင်း ပြင်ထားတယ်"
"လက်ဖက်ရည်ရော ပါလား"
"ရှိတယ်"
ရှီမာယူယူသည် သူ့ကို ထမင်းစားဆောင်သို့ ခေါ်သွားသည်။ စားပွဲပေါ် တွင် အစားအသောက်များပြင်ဆင်ထားပြီး ယွမ်ယွမ်သည် နေရာယူကာ သူ့ကို စောင့်နေသည်။
"နောက်ဆုံးတော့ရောက်လာပြီပဲ မင်းရောက်မလာရင် ငါ သွားရည်တွေ တောင် ထွက်ကျတော့မယ်" ယွမ်ယွမ် ပြောလိုက်သည်။
"မင်းကို တစ်နှစ်လောက်ပဲမတွေ့ရတာကို မင်းက သခင်လေးဖြစ်သွား တော့ ဘယ်လိုတွေအပိုလုပ်ရမလဲဆိုတာကိုပါ သိနေပြီလား" မိုကျိ ပြောလိုက် သည်။
"အဲဒါ မင်းက ရှီအာ ချက်ကျွေးတဲ့အစားအသောက်ကို မစားဖူးသေးလို့ လေ" ယွမ်ယွမ် ပြောလေသည် "စားကြည့်လိုက်ရင် စားပွဲပေါ်မှာ စားကောင်း သောက်ဖွယ်တွေ စောင့်နေတဲ့ ဘဝက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ ဆိုတာ သိသွားမှာ"
သူ ချဲ့ကားလွန်းသည်ဟု အထင်နှင့် မိုကျိ ရယ်မောလိုက်သည်။ သူ ကြိုက်နှစ်သက်သည်မှာ လက်ဖက်ရည်သာဖြစ်သည်။ အစားအသောက် မည်မျှ ကောင်းစေကာမူ များများစားစားစိတ်မဝင်စားလှပေ။
"ထိုင်လေ" ရှီမာယူယူသည် သူမဘာသာ ထိုင်လိုက်ပြီး ယွမ်ယွမ်သည် စတင်စားသောက်တော့သည်။
မိုကျိသည် သူ့ကို စိတ်မရှည်သည်ကို ကြည့်ကာ ခေါင်းကို ခါလိုက်ပြီး ဟင်းများကို ကောက်ယူလိုက်သည်။
ပထမတစ်လုတ်စားပြီးနောက်တွင် ရှီမာယူယူ၏ ဟင်းချက်လက်ရာသည် တခြားသူများ၏ လက်ရာထက် ပိုကောင်းသည်ကို တွေ့လိုက်ရသည်။ သူသည် အစားအသောက်ကို ခုံမင်သူမဟုတ်သော်လည်း သူ အမှန်အတိုင်းဝန်ခံရလျှင် ပုံမှန်ထက် စားနေခြင်းဖြစ်သည်။
စားသောက်ပြီးနောက်တွင် သူတို့သုံးယောက်သည် တည်းခိုဆောင်၏ ဥယျာဉ်ထဲတွင် ခေတ္တမျှလမ်းလျှောက်ပြီးနောက် လက်ဖက်ရည်သောက်ကြ သည်။
"စားကောင်းသောက်ဖွယ်ရာတွေရှိတယ် ရှီအာနှပ်ပေးတဲ့ လက်ဖက်ရည် လည်း သောက်ရတယ် တစ်ခါတလေ ဒီလိုဘဝကလည်း ကောင်းတာပဲ" ယွမ်ယွမ် သက်ပြင်းချလိုက်သည်။
"ကိုယ်ရံတော်တွေက ရှင့်ကိုပြန်ဖို့မပြောဘူးလား" ရှီမာယူယူ မေးလိုက် သည်။
"ငါ မိုကျိနဲ့အတူရှိတယ်ဆိုတာ မိသားစုကသိတယ်... သူနဲ့ ခဏလောက် နေချင်တယ်ဆိုတာကို သိကြတော့ သူတို့တွေ နေခိုင်းရတာပဲ" ယွမ်ယွမ် ပြော လိုက်သည်။
"ဒီသခင်လေးရဲ့ အကျင့်ကလည်း အရင်ကနဲ့ ဘာလို့တူနေသေးတာလဲ ခေါင်းစည်းပြောင်းသွားတာကလွဲပြီး ဘာမှမပြောင်းသလိုပဲ" မိုကျိ ပြောလေ သည်။
"အင်း... ဘာလို့လဲဆိုတော့ ဒီသခင်လေးက မင်းလောက် မလွှမ်းမိုးနိုင် လို့လေ" ယွမ်ယွမ်သည် စိတ်မတိုပေ "ဒါနဲ့ နိဗ္ဗာန်မြစ်က ဘာဖြစ်တာလဲ"
ရှီမာယူယူလည်း သူ့ကိုကြည့်လိုက်သည်။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ နိဗ္ဗာန်မြစ်က အခုတလော ထကြွနေတယ်... ရတနာများပေါ်လာမလားလို့ အကုန်လုံးက ထင်နေကြတယ်" မိုကျိ ပြောလိုက်သည်။
"ရှင့်ရဲ့ အခုလိုပုံကိုကြည့်ရတာ ဒီသတင်းက အတုဆိုတာ သိပြီးသား မလား" ရှီမာယူယူ မေးလိုက်သည်။
"ငါမသိဘူး" မိုကျိ၏ အဖြေမှာ မထင်မှတ်လောက်စရာပင်။
"မသိဘူးလား"
"ငါ သွားကြည့်တော့ နိဗ္ဗာန်မြစ်က တကယ်ပဲ မငြိမ်ဘူး ဒါပေမဲ့ အဲဒါက ရတနာရှိရမယ်လို့ မဆိုလိုဘူးလေ... အဲဒီမှာ ဘာရတနာရောင်ဝါမှ မခံစားမိဘူး ဒါပေမဲ့ လှုပ်ရှားမှုကတော့ ရတနာနဲ့နည်းနည်းဆင်နေတယ်" မိုကျိ ပြောလိုက် သည်။
"အဲလိုမျိုးရှိသေးတာလား မင်းတို့မိုမျိုးနွယ်တွေက ရတနာရောင်ဝါကို အရမ်းသိတာလေ... အရင်ကဆိုရင် ရတနာတွေကို မင်းတို့ပဲရှာတွေ့ခဲ့တာ... မင်းတောင်မသေချာဘူးဆိုတော့ အဲဒီမှာထူးဆန်းနေတာပဲ"
"ကျွန်မလည်း သိချင်တယ်" ရှီမာယူယူ ပြောလိုက်သည် "ရတနာပေါ်တာ ကြောင့်မဟုတ်ရင် အဲလိုလှုပ်ရှားမှုလုပ်နိုင်တာ သာမာန်ရိုးရှင်းတဲ့လူတော့ မဟုတ်ဘူး"
"ငါလည်း အဲလိုထင်တယ်" မိုကျိသည် သူမစကားကို သဘောတူသည် "အစတုန်းတော့ အနီးကပ်စစ်ဆေးမလို့ပဲ.. ဒါပေမဲ့ မင်းတယွိမြို့တော်ကို ရောက်နေပြီလို့ထင်လို့ အရင်ပြန်လာလိုက်တာ... ပြည်နယ်ပြိုင်ပွဲကိစ္စပြီးသွား ရင်တော့ ငါ သွားပြန်ကြည့်ရမယ်"
ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမသည် သူ့ကို ပြုံးပြီးကြည့်လေသည် "ကျွန်မလည်း ရှင်နဲ့လိုက်ကြည့်လို့ရမလား"