ကိုယ့်ရဲ့ငှက်ကလေး OC(Unicode...
By Miko_Arlerchinno
5.6K 251 17
semeကpsychoပါရှင့် Red flagထဲကမှRed flagအကြီးစားပါ🚩 အသဲငယ်သူ‌တွေမဖတ်ပါနဲ့ semeကpsychoပါရွင့္ Red flagထဲကမွRe... More
part 1
part 3
Part4
Part5
Part 6
Part 7
Part 8
Part 9
Part10
Part 11
Part 12
Part 13
Part 14
Part 2
541 31 4
By Miko_Arlerchinno
"ကျွန်တော်အစ်ကို့ကိုချစ်တယ်"
"ဟမ်"
စစ်ခွန်းဆက်သည်ကြောင်အနေသော သွန်းမင်းနောင်ဆီအလွန်နီးကပ်သော အနေအထားအထိတိုးကပ်လိုက်သည်။ထို့နောက် ခေါင်းတစ်လုံးစာပုနေသောသူ့အရပ်ကြောင့်ခြေဖျားထောက်ကာ အရင်ကျောချမ်းဖွယ်အပြုံးအစား ချစ်မြတ်နိုးစိတ်အပြည့်ရှိတဲ့ ကြယ်လိုမျက်လုံးလေးနဲ့...
"ကျွန်တော် အစ်ကို့ကိုအရမ်းချစ်တယ်"
သွန်းမင်းနောင်အလွန်နီးကပ်သော သူတို့နှစ်ဦး၏အနေအထားကြောင့် အလန့်တစ်ကြားနောက်သို့ဆုတ်လိုက်ပေမယ့် ရလာတာကတော့အိမ်သာတံခါးဆောင့်မိခြင်းပင်။
"ဒုန်း!"
"အာ့!"
"နာသွားလား"
ခြေဖျားထောက်ရင်းသွန်းမင်းနောင်၏ ခေါင်းနောက်ကိုလက်ဖြင့်အသာပွတ်ပေးကာ ထိခိုက်သွားတာရှိမရှိသေချာကြည့်ပေးနေသော စစ်ခွန်း‌ဆက်ကြောင့် သွန်းမင်းနောင်အမည်မသိတဲ့ တစ်မျိုးတစ်မည်ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။သွန်းမင်းနောင်သူ့ခေါင်းနောက်ကိုသာသာလေးပွတ်ပေးနေသော စစ်ခွန်းဆက်ကိုကြည့်နေချိန် ထိုသူမှာလဲပြန်ကြည့်လာလေမယ်ဆိုတာကို အဘယ်သို့ထင်ခဲ့လိမ့်မည်နည်း။ယခင်ကထဲကနီးကပ်သော ထိုသူ‌နှစ်ယောက်၏အနေအထားသည် ယခုတော့ နှုတ်ခမ်းချင်းထိမိဖို့ လက်မအနည်းငယ်အကွာသာလိုတော့လေသည်။
'ဒုတ် ဒုတ်'
သွန်းမင်းနောင် ပေါက်ထွက်တော့မည်ထင်ရသည့် နှလုံးခုန်သံကြောင့်ထိုအနေအထားမှ အလျင်အမြန်ခွာလိုက်သည်။ရှက်ရမ်းရမ်းကာ ထိုနှလုံးခုန်သံထွက်ပေါ်လာခြင်းကို ဆင်ခြေပေါင်းစုံပေးရင်း ကိုယ့်ကိုကိုယ်နှစ်သိမ့်နေမိသည်။
'ဒီလောက်ထိနီးသွားတော့ လန့်ပြီးနှလုံးခုန်သွားတာနေမှာ ဟုတ်တယ် လန့်ပြီး ခုန်တာ'
"အစ်ကို အဖြေပြန်မပေးသေးဖူးနော်"
ကိုယ့်စိတ်ကိုယ်ဆင်ခြေပြန်ပေးရင်းအလုပ်များနေသောသွန်းမင်းနောင်မှာ စစ်ခွန်းဆက်မေးမြန်းသည့်မေးခွန်း၏ဆိုလိုရင်းကိုနားမလည်ပေ။
"ဘာအဖြေလဲ"
"ကျွန်တော် အစ်ကို့ကိုချစ်တယ်လို့ အဖြေ‌‌ပြန်ပေးနော်"
ကြယ်ကလေးများလိုတစ်လက်လက်တောက်ကာ လုံး၀န်းသောpuppyမျက်လုံးလေးဖြင့် ပြောလာသောစစ်ခွန်းဆက်ကြောင့် သွန်းမင်းနောင်မှာအခုချက်ချင်းပင်အဖြေပြန်ပေးမိတော့မလို။
"မင်း..မင်းငါ့ကိုဒီတိုင်းခနတာကြိုက်မိတာပါကွာ ငါကစာလဲတော်တယ် ရုပ်လဲချောတယ် ပိုက်ဆံလဲရှိတော့ မင်းငါ့ကိုလေးစားအားကျပြီး ဒီတိုင်းကြိုက်မိတာနေမှာပါ ဟိုလိုကြီးကြိုက်တာမဟုတ်လောက်ပါဖူး မင်းကိုယ်မင်းပြန်..စဉ်းစားကြည့်ပါအုံး"
"ချစ်တာ"
"ဘာကြီး?"
"ကျွန်တော်ပြောခဲ့တာ အစ်ကို့ကိုချစ်တယ်လို့ပြောခဲ့တာ ကြိုက်တယ်လို့ပြောခဲ့တာမဟုတ်ဖူး အစ်ကို့ကိုအမြဲစောင့်ကြည့်နေခဲ့တာ အစ်ကို့ကိုအရမ်းချစ်မိခဲ့တာ အစ်ကို့အတွက်ကြိုက်တာနဲ့ချစ်တာကတူမတူကျွန်တော်မသိပေမယ့် ကျွန်တော့်အတွက်တော့အဓိပ္ပာယ်အများကြီးကွာပါတယ်"
သွန်းမင်းနောင်ကြောင်အကာ တောင့်တောင့်ကြီးပင်ရပ်နေမိခဲ့သည်။သူ့လိုkingတစ်ယောက်အတွက် ဖွင့်ပြောခံရတာပထမဆုံးမဟုတ်ပေမယ့် ကောင်လေးတစ်ယောက်ဆီကနေဖွင့်ပြောခံရတာကတော့ ဒီတစ်ခါပထမဆုံးဖြစ်သည့်အတွက် အလွန်ကြောင်အနေမိခြင်းဖြစ်သည်။
"အစ်ကိုလို့~"
အလွန်ချစ်စဖွယ်ကောင်းသောအသံလေးသည် သွန်းမင်းနောင်ကိုဆွဲဆောင်နေခဲ့သည်။သို့ပေမယ့် သွန်းမင်းနောင်သည်ဂေးမဟုတ်ပေ။ကောင်လေးတစ်ယောက်နဲ့တွဲဖို့ဆိုတာ သူအတွက်အထူးအဆန်းပင်ဖြစ်သည်။ထိုအချိန်မှာပင် သွန်းမင်းနောင်၏စိတ်ထဲ အလွန်ယုတ်မာသောအကြံတစ်ခုရောက်လာမိသည်။
'ငါတစ်ခါမှကောင်လေးတွေနဲ့တွဲဖူးတာမရှိဖူး အသစ်အဆန်းဖြစ်အောင် စစ်ခွန်းဆက်ကိုအပျော်တွဲကြည့်ရမလား?'
ထိုအကြံ‌နှင့်အတူစစ်ခွန်းဆက်နှင့်တွဲဖို့သွန်းမင်းနောင်ဆုံးဖြတ်လိုက်သည်။သို့သော် ခဏကတင်ရတီမောင်ကိုဖွင့်ပြောလာခဲ့ပြီးမှ ချက်ချင်းကြီးလက်ခံလိုက်ရင် သံသယ၀င်မှာဆိုးသည့်အတွက်စဉ်းစားချင်ယောင်တော့ဆောင်ရပေမည်။
"ငါကမင်းနဲ့ခုမှစကားသေချာပြောဖူးတာ မင်းအကြောင်းသိပ်မသိသေးဖူး ငါစဉ်းစားဖို့အချိန်လိုတယ်"
စစ်ခွန်းဆက်ကတော့မျက်လွှာအသာချကာ သူလိုချင်သည့်အဖြေမရသည့်အတွက် သက်ပြင်းရှည်ကြီးချလိုက်သည်။ထို့နောက်အကြံတစ်ခုရသွားဟန် မျက်နှာလေးမှာပြန်လည်၀င်းပလာသည်။
"အဲ့တာဆို ဒီနေ့အတန်းမတက်နဲ့တော့ မဟုတ်လဲတစ်ချိန်ဘဲရှိတော့တာ ကျွန်တော်နဲ့shoppingထွက်ရအောင် တစ်ယောက်အကြောင်းတစ်ယောက်ပိုသိတာပေါ့"
သွန်းမင်းနောင်လဲထိုအကြံကိုသဘောတူလိုက်ကာ နှစ်ယောက်သားယောက်ျားလေးအိမ်သာကအထွက်တွင် ၀င်ပေါက်မှာမတ်တပ်ရပ်နေသော ရတီမောင်ကိုမြင်လိုက်ရသည်။
"ရတီမောင်? ဘာပြောစရာရှိလို့ အိမ်သာရှေ့ရပ်စောင့်နေရတာတုံး"
ရတီမောင်သည် ညိုးငယ်နေသောမျက်နှာနှင့်အားနာနေဟန်လေသံဖြင့်ပြောလာသည်။
"ငါပြောချင်တာရှိလို့ပါ နင့်ကိုငြင်းတာကငါ့မှာကောင်လေးရှိနေလို့ပါ နင်ငါ့ကိုကြိုက်နေခဲ့တယ်ဆိုတာကိုလဲအရင်ကထဲကငါသိပါတယ် အဲ့တာကြောင့်ကန်တင်းမှာပြောခဲ့တဲ့နင့်ရဲ့စကားတွေကိုငါယုံပါတယ် လောင်းကစားက‌လဲနင့်သူငယ်ချင်းတွေတွန်းအားပေးလို့ လုပ်ခဲ့တာကိုလဲငါယုံပါတယ် အခုငါ့ကြောင့်နင်အရှက်ကွဲခဲ့ရတာမို့ ငါလာတောင်းပန်တာပါ တောင်းပန်ပါတယ်‌နော်"
ရတီမောင်သည် ရုပ်ရည်ကလဲစိတ်ထားလေးလိုဖြူစင်ကာလှပသောကြောင့်ကျောင်းရဲ့queenဖြစ်နေခြင်းပင်။အခုလဲသူမ မလုပ်ခဲ့တဲ့အမှားကြောင့်တစ်ကူးတစ်က လာတောင်းပန်နေရှာ၏။
"မင်းတောင်းပန်စရာမလိုပါဖူး လူပုံအလယ်ဖွင့်ပြောခဲ့တဲ့ငါ့အမှားကြောင့်ပါ မင်းရဲ့ရည်းစားဖြစ်ရတဲ့ကောင်လေးကလဲအရမ်းကံကောင်းပါတယ်"
"နားလည်ပေးလို့ကျေးဇူးပါ သွန်းမင်းနောင်ရယ်"
"ရပါတယ် ငါလုပ်စရာလေးရှိလို့သွားတော့မယ် လာ စစ် သွားမယ်"
နာမည်ကိုအဖျားဆွတ်ခေါ်လိုက်သော သွန်းမင်းနောင်ကြောင့်စစ်ခွန်းဆက်၏ချစ်စဖွယ်မျက်နှာလေးမှာညိုးကျနေတဲ့ပန်းပွင့်တွေတောင် ပြန်လည်ဖူးပွင့်စေနိုင်သည့်အလား အပြုံးပန်းဝေရတော့သည်။ရတီမောင်ကတော့ မမြင်ဖူးသည့်ထိုကောင်ကလေး၏ချစ်စဖွယ်အပြုံးကြောင့် သူမပါကြည်နူးသွားရလေသည်။သို့ပေမယ့် ထိုချစ်စဖွယ်အပြုံးနှင့်ကောင်ကလေးမှာ သူမအနားရောက်သည်နှင့် ညအမှောင်ထုတောင်အရှူံးပေးရလောက်သည် ကြောက်ဖွယ်အပြုံးနှင့်အတူ ရတီမောင်နားမလည်နိုင်သောစကားကိုပြောဆိုလာ၏။
"ခင်ဗျား သွန်းမင်းနောင်ကိုလက်မခံမိတာ ကံကောင်းတယ်မှတ်ပါ"
ထိုသို့ပြောပြီးသည်နှင့်၎င်းအပြုံးမှာဘယ်တော့ကမှမရှိခဲ့သည့်အလား လွင့်ပြယ်သွားကာယခင်ချစ်စဖွယ်အပြုံးလေးကအစားထိုးရင်း ရတီမောင်ကိုမရှိသူတစ်ယောက်နှယ်ဘဘောထားရင်း သွန်းမင်းနောင်ဆီခပ်သွက်သွက်လျှောက်သွားတော့သည်။ကျန်ရစ်ခဲ့သည့် ရတီမောင်၏သွယ်လှသောခြေထောက်များမှာ အဖွားအိုတစ်ယောက်နှယ်တုန်ရီနေလျက်..။
______________________________________________________________________________________
"အဲ ငါတို့ဘယ်လိုထွက်မှာလဲ ကျောင်းဂိတ်မှာကအစောင့်ရှိတယ်ဟ"
"‌ကျွ‌န်တော်တို့ ကျောင်းခြံစည်းရိုးကျော်ပြီး ထွက်ကြတာပေါ့"
ထိုသို့ဆိုကာ ညိုမှိုင်းမှိုင်းအုတ်တွေနဲ့တည်ဆောက်ထားသော ကျောင်းခြံစည်းရိုးပေါ်"ဝှစ်"ခနဲ တက်သွားသော စစ်ခွန်းဆက်။မျက်စိတစ်မှိတ်စာပင်မကြာလိုက် ခြံစည်းရိုးတစ်ဘက်ခြမ်းစီသို့ရောက်သွားချေပြီ။သွန်းမင်းနောင်မှာ စစ်ခွန်းဆက်ကိုမမြင်ရတော့သောကြောင့် လှမ်းအော်ကာပြောလိုက်သည်။
"မင်းကနင်ဂျာဂိုဏ်းကလာတာလား ဘယ်လိုကျော်ခွသွားတာလဲငါတောင်မမြင်လိုက်ဖူး!"
ဟိုဘက်နံရံမှစစ်ခွန်းဆက်ကလဲရယ်သံသွေးသွေးဖြင့်ပြန်လည်ကာအော်လိုက်သည်။
"ဟားဟား ဘေးကသစ်ပင်ရဲ့သစ်ကိုင်းပေါ်က‌နေတက်လာခဲ့လိုက် ရလိမ့်မယ်!"
သွန်းမင်း‌နောင်လဲ စစ်ခွန်းဆက်ပြောသလို သေချာအာရုံစူးစိုက်ရင်း လိုက်လုပ်ကြည့်တာ အမှန်ပင် အုတ်နံရံပေါ်တက်နိုင်သွားသည်။သို့ပေမယ့်ပြဿနာစလေပြီ။သွန်းမင်းနောင် ခုန်မဆင်းရဲပေ။အုတ်နံရံသည် မမြင့်သော်လည်းနိမ့်လဲမနိမ့်ပေ။‌ဖြည်းဖြည်းချင်းဆင်းရအောင်လဲ အုတ်နံရံသည်ပြောင်ချောကြီးဖြစ်နေသဖြင့် ဆုပ်ကိုင်ဖို့‌နေရာမရှိ။ထို့ကြောင့် အမြင့်ကြောက်သောသွန်းမင်းနောင်သည် ခုန်ဆင်းဖို့ကြောက်ရွံ့နေမိသည်။
"ငါ..ငါခုန်မဆင်းရဲဖူး"
"ကျွန်တော် ဖမ်းပေးမယ်လေ"
"မင်းရဲ့ခန္ဓာကိုယ်လေးနဲ့ငါ့ကိုဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ တော်ပြီ ငါမသွားတော့ဖူး ခုနကသစ်ပင်ပေါ်ကနေဘဲ ကျောင်း၀န်းထဲပြန်ဆင်း--"
"‌ဟိတ်ကလေးတွေ ဘာလုပ်နေကြတာလဲ ဘယ်အတန်းကလဲပြောစမ်း!"
ဆရာအစည်းအဝေးပွဲပြီးလို့ပြန်လာသော ဆရာမတစ်ယောက်သည် သွန်းမင်းနောင်နှင့်စစ်ခွန်းဆက်တို့၏ အပြန်အလှန်အော်သံများကို ကြားသောကြောင့်ထင်၏ အော်ကာဟစ်ကာဖြင့်ရောက်လာပေသည်။သွန်းမင်းနောင်လန့်ကာ ဖမ်းပေးမယ်ဆိုသော စစ်ခွန်းဆက်ပေါ်‌သို့ ရုတ်တရက်ခုန်ချလိုက်တော့သည်။
"ဖမ်းပေးထား!"
"ဟမ် ကျွန်တော်မပြင်ဆင်ရ-"
"ဘုန်း!"
နှစ်ယောက်သားမြေပြင်တွင်ပူးကပ်ကာ လဲကျနေကြသည်။သွန်းမင်းနောင်ကအပေါ်က ကျလာသူမို့သိပ်မနာပေမယ့် အောက်မှခံပေးလိုက်ရသောစစ်ခွန်းဆက်အတွက်တော့အာမမခံနိုင်။သွန်းမင်းနောင် သူ့ရဲ့ရုတ်တရက်လုပ်ရပ်ကြောင့် စစ်ခွန်းဆက်နာသွားမည်ကိုစိုးရိမ်သွားရသည်။
"စစ် ဘာဖြစ်သွားသေးလဲ နာသွားလား"
စစ်ခွန်းဆက်သည် အောက်ကခံပေးရတာသူမဟုတ်သည့်အတိုင်း ရယ်သံလွင်လွင်လေးနဲ့သာပြန်ဖြေသည်။
"ဟားဟား မနာပါဖူး အစ်ကို့ကိုဖမ်းပေးမယ်ဆိုတော့မခုန်ချဘဲနဲ့ အစ်ကိုကပြန်ဆင်းတော့မယ်ဆိုလို့ ကျွန်တော်လက်ပြန်ချလိုက်တဲ့အချိန်မှရုတ်တရက်ကြီး အစ်ကိုကခုန်ချလာတော့ ကျွန်တော်တောင်လန့်သွားတယ်"
"ငါလဲအနောက်ကလူထက်အသံအရင်လာတဲ့ ဘွားတော်ကြီးရဲ့အသံဗြဲကြီးကြောင့် လန့်ပြီးခုန်ချမိတာပါကွာ"
တစ်ယောက်စကားတစ်ယောက်နားထောင်ပြီးနောက် နှစ်ယောက်သားအချင်းချင်း လေးစက္ကန့်လောက်စိုက်ကြည့်ပြီးမှ ထရယ်ကြတော့သည်။
"ဟားဟားဟား အူလိမ်နေပါပြီ"
"ဟဲ့ဟိုဘက်က ကလေးတွေ နင်တို့အတန်းနဲ့နာမည်ကိုပြောကြစမ်း ကျောင်းမပြီးခင်အတန်းလစ်တဲ့သောက်ကလေးတွေ ကြားကြလား!"
"ချီးမလို့ပြောရမှာလား ဘွားတော်ကြီးရဲ့ သိချင်ရင်ဘုရားမှာဆုတောင်း"
စစ်ခွန်းဆက်၏ရဲရဲတင်းတင်းပြောဆိုသံကြောင့် သွန်းမင်းနောင်မှာ ထပ်ပြီးဗိုက်နှိပ်ရယ်ရတော့သည်။ထို့နောက်သူသည်ပင်အလိုတူအလိုပါတစ်ယောက်နှယ်။
"သွားပြီနော် ဘွားတော်ကြီးရေ တာ့တာ ဘိုင်ဘိုင် ဆီးယူ အီးရူ ဟားဟားဟား"
"ဘာ သောက်ကလေးတွေ နာမည်သိလို့ကတော့ ကျောင်းထုတ်ပစ်မယ်!"
"လာ စစ် ပြေးမယ် ဟီးဟီး"
နှစ်ယောက်သား လက်ချိတ်ကာအမောတကောပြေးကြတော့သည်။ချွေးဆို့နေသောမျက်နှာလေးနှစ်ခုတွင်တော့ အပြုံးပန်းတွေဝေဆာနေလျက်။
_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$
"ဟမ်"
"ဒုန်း!"
"အာ့!"
"နာသွားလား"
'ဒုတ် ဒုတ်'
"ဘာအဖြေလဲ"
"ချစ်တာ"
"ဘာကြီး?"
"အစ်ကိုလို့~"
______________________________________________________________________________________
"ငါ..ငါခုန်မဆင်းရဲဖူး"
"ဖမ်းပေးထား!"
"ဘုန်း!"
"လာ စစ် ပြေးမယ် ဟီးဟီး"
_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$_$
Continue Reading
You'll Also Like
744K 94K 59
Black-eyed Susan ဆိုတဲ့ ပန်းရဲ့ အဓိပ္ပါယ်​ကို သိလား စုံ​ထောက်​ကြီး... Black-eyed Susan ပန်းဟာ တရားမျှတမှုကို ကိုယ်​စားပြုတယ်​တဲ့.. သူ့ကို Flower of...
289K 44.5K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story
Twenty Six Revenge By Grey
Mystery / Thriller
964K 58.9K 49
Khoon Thant Shein Wah+Sunshine SiThu
160K 11.6K 33
ကျိန်စာဆိုးများနှင့်ပြည့်နှက်နေသော ကြောက်မက်ဖွယ်ဝိညာဉ်ဆိုးများဖြင့် ဆာလောင်မွတ်သိပ်နေသော "မြနန်းစံတော်" အတိတ်ဘဝရန်ငြိုးတွေနှင့်.. အမုန်းတရားတွေပြည့်...