ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

515K 54.6K 416

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 58

4.7K 515 0
By Doh_Clover

စုလုရီ
အပိုင်း (၅၈) နွေးထွေးမှု


စုလုရီ ကားထဲသို့ ရောက်သွားသောအခါ အနွေးဓာတ်ကို ခံစားလိုက်ရပြီး သက်တောင့်သက်သာ ရှိသွားသည်။

စုချီက ကားကို စတင်ထွက်ခွာလာပြီး "ကျိုးချင်းချန်က မင်းကို ဘာတွေ ပြောနေတာလဲ။ အကြာကြီးပဲ" ဟု စုလုရီကို မေးလိုက်၏။

"သူ့ အိမ်မှာ နှစ်ကုန်ရင် ပါတီပွဲလုပ်မှာမို့လို့ ကျွန်တော်တို့ကို ဖိတ်နေတာ"

"မင်း သွားမှာလား"

"အင်း၊ သွားရမှာပေါ့" ဟု စုလုရီက ပြောပြီးနောက် စုချီ ဘက်သို့ လှည့်ကာ "အစ်ကိုကြီးရော" ဟု ထပ်မေးလိုက်သည်။

စုချီက အပူချိန်ကို ထပ်မြှင့်လိုက်ပြီး "ကြည့်ရတာ မင်းရဲ့ ဦးနှောက်က အခုထိ အရည် မပျော်သေးဘူးထင်တယ်" ဟု ပြောလိုက်၏။

"..."

"အစ်ကိုကြီးက ဒီလို နေရာတွေကို စိတ်မဝင်စားဘူးလို့ ထင်နေတာ။ အစ်ကိုကြီးက ပါတီပွဲတွေကို သိပ်မတက်ဘူး မလား"

"မင်း သွားမှတော့ ငါ တစ်ယောက်တည်း အိမ်မှာ ဘာလုပ်နေရမှာလဲ"

ထိုအခါ စုလုရီက ခဏ စဉ်းစားလိုက်ပြီး စုချီ၏ စကားမှာ မှန်ကြောင်း လက်ခံလိုက်၏။

...

နှစ်ယောက်သား အိမ်သို့ ပြန်ရောက်သောအခါ ည (၁၀) နာရီ ထိုးနေပြီ ဖြစ်သည်။

ထိုအချိန်တွင် အလုပ်သမားများလည်း ပြန်သွားပြီ ဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်နေရာ၌ အန္တရာယ် မဖြစ်စေရန် မီးများ ထွန်းထားလေသည်။

စုချီက စုလုရီ၏ လက်ကိုဆွဲပြီး "ပြုတ်မကျစေနဲ့နော်၊ လမ်းကို သေချာ ကြည့်လျှောက်" ဟု သတိပေးလိုက်သည်။

ထို့နောက် "ငါ မင်း ခြေချော်ကျသွားမှာ စိုးလို့" ဟု ပြောပြီး စုချီက စုလုရီ၏ နောက်မှ လိုက်လျှောက်လိုက်၏။

စုလုရီက စုချီ၏ ရှေ့မှ သက်တောင့်သက်သာဖြင့် အိမ်ထဲသို့ ရောက်ရှိလာသည်။

အိမ်ထဲသို့ ရောက်သောအခါ အပူပေးစက်ကို ဖွင့်လိုက်ပြီး စုလုရီက ရေချိုးရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။

ရေချိုးပြီးသောအခါ နွေးနွေးထွေးထွေး ဖြစ်စေရန် စုလုရီက အောက်ထပ်သို့ ဆင်းလာပြီး နွားနို့ကို အစေခံအား နွှေးခိုင်းလိုက်၏။

ထို့နောက် စုချီအတွက်ပါ တစ်ခွက်ယူပြီး စုချီ၏ အခန်းသို့ သွားပို့လိုက်သည်။

စုချီ၏ အခန်းရှေ့သို့ ရောက်သောအခါ "အစ်ကိုကြီး" ဟု အော်ခေါ်လိုက်သည်။

စုချီက ဆံပင်ရေ တစ်ဝက်ခြောက်၊ အင်္ကျီကြယ်သီး  နှစ်လုံး မတပ်ရသေးသည့် အနေအထားဖြင့် တံခါးဖွင့်လာပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

စုလုရီက နွားနို့ခွက်ကို ကမ်းပေးကာ "အစ်ကိုကြီး၊ တံခါး လာဖွင့်တာ နောက်ကျတယ်နော်။ ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။

"ငါ ဒီနေ့ အရက်တွေ သောက်ထားလို့ ရေချိုးလိုက်တာ။ ပြီးတော့ အဝတ်လဲနေတုန်း မင်း ရောက်လာတာပဲ။ လာလေ၊ အထဲဝင်ပြီး ထိုင်"

"ရပါတယ်။ မဝင်ထိုင်တော့ဘူး"

"ကြောက်လို့လား။ ငါ မင်းကို အတင်းအကျပ် မခိုင်းပါဘူး"

"မဟုတ်ပါဘူး။ အစ်ကိုကြီးက ကျွန်တော့် အပေါ် အ
မြဲ လေးလေးစားစားနဲ့ ဆက်ဆံတာကို သိပါတယ်"

"မင်း သိရင် ပြီးတာပဲ။ နွားနို့ သောက်ပြီးရင် မင်း အခန်း မင်း ပြန်တော့"

"အင်း"
...

နောက်နှစ်ရက် ကြာပြီးနောက် စုကျစ်ထုံက ဖုန်းထပ်ခေါ်ကာ "ဘယ်တော့ ပြန်လာမှာလဲ သားတို့" ဟု မေးပြန်သည်။

စုချီက အလုပ်ရှိသေးသည်ဟု ဆိုကာ အလုပ်ပြီးမှ ပြန်လာမည် ဖြစ်ကြောင်း ပြန်ပြောလိုက်၏။

နှစ်ယောက်သား စုကျစ်ထုံနှင့် စကားအနည်းငယ် ပြောကြပြီးနောက် ဖုန်းချလိုက်ကြသည်။

...

နှစ်ကုန် အစည်းအဝေးပွဲနှင့် ဝန်ထမ်း အသစ် ခန့်အပ်သည့်နေ့မှာ တစ်ရက်တည်း ဖြစ်နေသဖြင့် စုချီက HR ဌာနကိုသာ ဝန်ထမ်းအသစ် ခန့်အပ်သည့် ကိစ္စကို လွှဲထားလိုက်သည်။

အိမ်မှ ထွက်လာပြီး လမ်းပေါ်သို့ ရောက်သောအခါ စုချီက ဝတ်စုံအပြည့် ဝတ်လာသော စုလုရီကို ကြည့်ရင်း "ဝန်ထမ်းအသစ် ခန့်တာကို မင်း အဲ့လောက်တောင် စိတ်ဝင်စားနေတာလား" ဟု မေးလိုက်သည်။

"ကုမ္ပဏီရဲ့ အနာဂတ်အတွက် ဝန်ထမ်း အသစ်တွေကို ဂရုတစိုက် ကြည့်ချင်တာပါ အစ်ကိုကြီးရဲ့"

"ဝန်ထမ်းအသစ် ခန့်တာ HR ဌာနကို ငါ လွှဲပေးထားတာ။ မင်း ကြည့်ချင်တယ်ဆိုရင် ငါ သူတို့ကို လှမ်းပြောပြီး နေရာ တစ်နေရာ စီစဉ်ခိုင်းထားလိုက်မယ်"

"အင်း ၊ ကျေးဇူးပဲ အစ်ကိုကြီး"

စုလုရီက ယခင်ဘဝ၌ အလုပ် သုံး၊ လေးခု လိုက်လျှောက်ဖူးသဖြင့် ယခုတစ်ခေါက် စစ်ဆေးသူ နေရာမှ ထိုင်ရမည်ကို တွေးကာ ကျေနပ်သွားသည်။

"ဒီအခွင့်အရေးမျိုးက ရှားတယ်။ သေချာကြည့်ပြီး
အတွေ့အကြုံ ယူရမယ်" ဟု စိတ်ထဲတွင်လည်း တွေးလိုက်သည်။

စုချီ မောင်းလာသော ကားမှာ ကားပါကင် အတွင်းသို့ ဝင်ရောက်လာပြီး နေရာတွင် ရပ်ကာ နှစ်ယောက်သား ကားပေါ်မှ ဆင်းလိုက်ကြ၏။

"ငါ ၂ လွှာမှာပဲ နေခဲ့မယ်။ မင်း အပေါ်ဆုံး အထပ်ထိ သွားပြီး ရှောင်ချင့်ကို လိုက်ပို့ခိုင်းလိုက်"

"အစ်ကိုကြီး၊ ရှောင်ချင့်ကို မှာထားပြီးပြီလား"

"မင်း သူ့ကို ပြောပြီး လိုက်ပို့ခိုင်းလိုက်"

စကားအနည်းငယ် ပြောပြီးနောက် ဓာတ်လှေကားတံခါး ပွင့်လာကာ စုချီက ထွက်သွားတော့သည်။

"ကောင်းကောင်းလုပ်နော်။ တစ်ခုခုဆို ငါ့ကို စာပို့လိုက်"

"တင်း တောင်"

စုချီ၏ စကားအဆုံးတွင် ဓာတ်လှေကား တံခါးပြန်ပိတ်သွားကာ စုလုရီက အပေါ်ဆုံးထပ်သို့ ဆက်တက်သွား၏။

အပေါ်ဆုံးထပ်သို့ ရောက်သောအခါ စုလုရီက ရှောင်ချင့်ထံ လျှောက်သွားပြီး ဝန်ထမ်းအသစ်ရွေးချယ်မည့် နေရာသို့ လိုက်ပို့ခိုင်းလိုက်သည်။

ရှောင်ချင်က စုလုရီကို ဦးဆောင် ခေါ်သွားပြီး အလုပ် ခန့်အပ်မည့် အဆင့်များကို ရှင်းပြလိုက်သည်။

"အလုပ် ခန့်အပ်တဲ့ အဆင့်က (၃) ဆင့် ရှိတယ် လက်ထောက် စု။ ဖောင်ကို စိစစ်ရွေးချယ်တာရယ်၊ လူတွေ့ စစ်ဆေးတာရယ်၊ အုပ်စုဖွဲ့ စစ်ဆေးတာရယ်။ လက်ထောက် စုက ဘယ်တစ်ခုကို ကြည့်ချင်တာလဲ"

"လူတွေ့ စစ်ဆေးတာကို ကြည့်ချင်တယ်"

"ဟုတ်ကဲ့၊ ကျွန်တော် စီစဉ် ပေးမယ်နော်"

နှစ်ယောက်သား ရှစ်လွှာသို့ ရောက်သောအခါ ခန်းမကျယ်၌ အင်တာဗျူး လာရောက် ဖြေဆိုသူ အများအပြားကို တွေ့လိုက်ရသည်။

ဝန်ထမ်းများက "အတွင်းရေးမှူး ချင်နဲ့ လက်ထောက် စု" ဟု ခေါ်ကာ နှုတ်ဆက်သွားသဖြင့် အင်တာဗျူး လာဖြေသူများက နှစ်ယောက်သားကို ဝိုင်းကြည့်ကြတော့၏။

သို့သော် ရှောင်ချင်က တည်ငြိမ်စွာဖြင့် ... "လက်ထောက် စုအတွက် နေရာ တစ်နေရာ ပြင်ပေးလိုက်" ဟု ဝန်ထမ်းများကို ပြောလိုက်သည်။

ထို့နောက် ရှောင်ချင်က HR ဌာနမှူးဆီသို့ သွားကာ စုလုရီ အင်တာဗျူးပွဲတွင် တက်ရောက်မည့် အကြောင်းကို ပြောလိုက်သည်။

ထိုအခါ ဌာနမှူး ချန်က ယခင်တစ်ခေါက်ကဲ့သို့ မဟုတ်ဘဲ " ရတာပေါ့ဗျာ။ လက်ထောက် စုကို ဘယ်သူက ငြင်းရဲမှာလဲ။ ဒါရိုက်တာ စုကို စော်ကားသလို ဖြစ်နေမှာပေါ့" ဟု ပြောပြီး ဝန်ထမ်းများဘက်သို့ လှည့်ကာ "လက်ထောက် စုကို ကောင်းကောင်း ဂရုစိုက်ကြနော်။ သူက ဒါရိုက်တာ စုရဲ့ ညာလက်ရုံးပဲ" ဟု ပြောလိုက်၏။

ထို့ကြောင့် စုလုရီနှင့် ရှောင်ချင်တို့က အနည်းငယ် အံ့ဩသွားလေသည်။
...

အင်တာဗျူးမှာ မနက် (၉) နာရီခွဲတွင် စတင်မည် ဖြစ်သည်။

စုလုရီက အင်တာဗျူးမည့် အခန်းသို့ ဝင်သွားကာ အင်တာဗျူးမည့် သူများကို နှုတ်ဆက်ပြီး ... "ကျွန်တော်လည်း ခဏလောက် ကြည့်မယ်နော်" ဟုပြောလိုက်၏။

စစ်ဆေးသူများက စုလုရီကို ကြိုဆိုကာ ... "လွတ်လွတ်လပ်လပ် နေနော်၊ လက်ထောက် စု" ဟု ပြောလိုက်ကြသည်။

စုလုရီ ထိုင်လိုက်ပြီးနောက် အင်တာဗျူး စတင်ကာ တစ်ယောက်ပြီး တစ်ယောက် မေးခွန်းများကို ဖြေကြ၏။

ပထမ အသုတ်မှာ မိနစ် (၄၀) အကြာတွင် ပြီးသွား၍ စုလုရီက ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ စုချီထံမှ စာရောက်နေကြောင်း တွေ့လိုက်ရသည်။

စုချီ : "ဘယ်လိုလဲ"

စုလုရီ : "ပထမ အသုတ် ပြီးသွားပြီ။ ကျွန်တော်တို့  ကုမ္ပဏီကို လာလျှောက်တဲ့ သူတွေက အရမ်းတော်တာပဲ သိလား၊ အစ်ကိုကြီး။ ကျွန်တော့်ကို ကျွန်တော်တောင် အားမရ ဖြစ်မိတယ်"

စုလုရီ ပို့ပြီး နောက်ထပ် သုံးမိနစ် ကြာသောအခါ စုချီထံမှ ပြန်စာဝင်လာခဲ့သည်။

စုချီ : "တစ်ခုခုဆို ငါ့ကို လှမ်းပြောနော်။ ငါ ပြီးဖို့ တစ်နာရီ လိုသေးတယ်။ ပြီးရင် ငါ မင်းဆီကို လာခဲ့မယ်"

စုချီက အစည်းအဝေး လုပ်နေစဉ်အတွင်း ပြန်စာမြန်မြန် ပို့လိုက်သဖြင့် စုလုရီက အနည်းငယ် အံ့ဩသွားသည်။

မကြာခဏ စာပို့နေပါက အစည်းအဝေးတွင် အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် စုလုရီက
ပြန်စာမပို့ဘဲ ထားလိုက်သည်။

နားချိန်မှာ ဆယ်မိနစ် ဖြစ်ပြီး ဒုတိယ အသုတ်ကို မကြာခင် စတင် အင်တာဗျူးတော့မည် ဖြစ်၏။

ဒုတိယ အသုတ်မှာ အနည်းငယ် ကြာမြင့်သွားသဖြင့် ပြီးဆုံးချိန်မှာ နေ့လည် (၁၁) နာရီခွဲ ဖြစ်သည်။

မနက်ပိုင်း အင်တာဗျူးမှာ ပြီးဆုံးသွားပြီ ဖြစ်၏။

စစ်ဆေးသူများက ဖောင်များ ကိုင်ကာ အင်တာဗျူးသည့် အခန်းမှ ထွက်သွားကြသဖြင့် စုလုရီကလည်း လိုက်ထွက်လိုက်သည်။

အပြင်သို့ ရောက်သောအခါ စစ်ဆေးသူများက မလှုပ်မယှက် ကြောင်ကြည့်နေကြသည့် နေရာကို စုလုရီက လှမ်းကြည့်လိုက်သည်။

ထိုအခါ စုလုရီက ထောင်ထောင်မောင်းမောင်းနှင့် ခန့်ညားတည်ကြည်သော မျက်နှာပိုင်ရှင် စုချီကို တွေ့လိုက်ရ၏။

စုချီက စုလုရီကို တွေ့လိုက်သောအခါ စုလုရီထံသို့တည့်တည့်မတ်မတ် လျှောက်လာသဖြင့် လူအများက လမ်းဖယ်ပေးလိုက်ကြသည်။

"ပြီးသွားပြီလား"

"အင်း"

"မင်းတို့က ဆယ်မိနစ်ကျော်လောက် နောက်ကျမှ ပြီးသွားတာပဲ။ အဲ့လိုမှန်း သိရင် ငါ ဖြည်းဖြည်း လာခဲ့တာပေါ့။ ဗိုက်ဆာနေပြီ မလား။ ကဲ လာ၊ နေ့လည်စာ သွားစားကြမယ်"

စုချီက စုလုရီ၏ လက်မောင်းကို သိုင်းဖက်ကာ နေ့လည်စာစားရန် ခေါ်သွားတော့သည်။

စုလုရီကလည်း ရင်ခုန်သံ မြန်နေသည့်ကြားမှ ... "အစ်ကိုကြီး၊ မြန်မြန် လာစရာမှ မလိုတာ။ ကျွန်တော် ထွက်မပြေးပါဘူး" ဟု ကပ်ပြောလိုက်၏။


...…….................................
.........................................


အပိုင်း (၅၈) ပြီးပါပြီ။

Zawgyi

စုလုရီ
အပိုင္း (၅၈) ေႏြးေထြးမႈ


စုလုရီ ကားထဲသို႔ ေရာက္သြားေသာအခါ အေႏြးဓာတ္ကို ခံစားလိုက္ရၿပီး သက္ေတာင့္သက္သာ ရွိသြားသည္။

စုခ်ီက ကားကို စတင္ထြက္ခြာလာၿပီး "က်ိဳးခ်င္းခ်န္က မင္းကို ဘာေတြ ေျပာေနတာလဲ။ အၾကာႀကီးပဲ" ဟု စုလုရီကို ေမးလိုက္၏။

"သူ႕ အိမ္မွာ ႏွစ္ကုန္ရင္ ပါတီပြဲလုပ္မွာမို႔လို႔ ကြၽန္ေတာ္တို႔ကို ဖိတ္ေနတာ"

"မင္း သြားမွာလား"

"အင္း၊ သြားရမွာေပါ့" ဟု စုလုရီက ေျပာၿပီးေနာက္ စုခ်ီ ဘက္သို႔ လွည့္ကာ "အစ္ကိုႀကီးေရာ" ဟု ထပ္ေမးလိုက္သည္။

စုခ်ီက အပူခ်ိန္ကို ထပ္ျမႇင့္လိုက္ၿပီး "ၾကည့္ရတာ မင္းရဲ႕ ဦးေႏွာက္က အခုထိ အရည္ မေပ်ာ္ေသးဘူးထင္တယ္" ဟု ေျပာလိုက္၏။

"..."

"အစ္ကိုႀကီးက ဒီလို ေနရာေတြကို စိတ္မဝင္စားဘူးလို႔ ထင္ေနတာ။ အစ္ကိုႀကီးက ပါတီပြဲေတြကို သိပ္မတက္ဘူး မလား"

"မင္း သြားမွေတာ့ ငါ တစ္ေယာက္တည္း အိမ္မွာ ဘာလုပ္ေနရမွာလဲ"

ထိုအခါ စုလုရီက ခဏ စဥ္းစားလိုက္ၿပီး စုခ်ီ၏ စကားမွာ မွန္ေၾကာင္း လက္ခံလိုက္၏။

...

ႏွစ္ေယာက္သား အိမ္သို႔ ျပန္ေရာက္ေသာအခါ ည (၁၀) နာရီ ထိုးေနၿပီ ျဖစ္သည္။

ထိုအခ်ိန္တြင္ အလုပ္သမားမ်ားလည္း ျပန္သြားၿပီ ျဖစ္ကာ ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေနရာ၌ အႏၲရာယ္ မျဖစ္ေစရန္ မီးမ်ား ထြန္းထားေလသည္။

စုခ်ီက စုလုရီ၏ လက္ကိုဆြဲၿပီး "ျပဳတ္မက်ေစနဲ႕ေနာ္၊ လမ္းကို ေသခ်ာ ၾကည့္ေလွ်ာက္" ဟု သတိေပးလိုက္သည္။

ထို႔ေနာက္ "ငါ မင္း ေျခေခ်ာ္က်သြားမွာ စိုးလို႔" ဟု ေျပာၿပီး စုခ်ီက စုလုရီ၏ ေနာက္မွ လိုက္ေလွ်ာက္လိုက္၏။

စုလုရီက စုခ်ီ၏ ေရွ႕မွ သက္ေတာင့္သက္သာျဖင့္ အိမ္ထဲသို႔ ေရာက္ရွိလာသည္။

အိမ္ထဲသို႔ ေရာက္ေသာအခါ အပူေပးစက္ကို ဖြင့္လိုက္ၿပီး စုလုရီက ေရခ်ိဳးရန္ အေပၚထပ္သို႔ တက္သြားလိုက္သည္။

ေရခ်ိဳးၿပီးေသာအခါ ေႏြးေႏြးေထြးေထြး ျဖစ္ေစရန္ စုလုရီက ေအာက္ထပ္သို႔ ဆင္းလာၿပီး ႏြားနို႔ကို အေစခံအား ေႏႊးခိုင္းလိုက္၏။

ထို႔ေနာက္ စုခ်ီအတြက္ပါ တစ္ခြက္ယူၿပီး စုခ်ီ၏ အခန္းသို႔ သြားပို႔လိုက္သည္။

စုခ်ီ၏ အခန္းေရွ႕သို႔ ေရာက္ေသာအခါ "အစ္ကိုႀကီး" ဟု ေအာ္ေခၚလိုက္သည္။

စုခ်ီက ဆံပင္ေရ တစ္ဝက္ေျခာက္၊ အကၤ်ီၾကယ္သီး  ႏွစ္လုံး မတပ္ရေသးသည့္ အေနအထားျဖင့္ တံခါးဖြင့္လာၿပီး "ဘာျဖစ္လို႔လဲ" ဟု ေမးလိုက္၏။

စုလုရီက ႏြားနို႔ခြက္ကို ကမ္းေပးကာ "အစ္ကိုႀကီး၊ တံခါး လာဖြင့္တာ ေနာက္က်တယ္ေနာ္။ ဘာလုပ္ေနတာလဲ" ဟု ေမးလိုက္သည္။

"ငါ ဒီေန႕ အရက္ေတြ ေသာက္ထားလို႔ ေရခ်ိဳးလိုက္တာ။ ၿပီးေတာ့ အဝတ္လဲေနတုန္း မင္း ေရာက္လာတာပဲ။ လာေလ၊ အထဲဝင္ၿပီး ထိုင္"

"ရပါတယ္။ မဝင္ထိုင္ေတာ့ဘူး"

"ေၾကာက္လို႔လား။ ငါ မင္းကို အတင္းအက်ပ္ မခိုင္းပါဘူး"

"မဟုတ္ပါဘူး။ အစ္ကိုႀကီးက ကြၽန္ေတာ့္ အေပၚ အ
ၿမဲ ေလးေလးစားစားနဲ႕ ဆက္ဆံတာကို သိပါတယ္"

"မင္း သိရင္ ၿပီးတာပဲ။ ႏြားနို႔ ေသာက္ၿပီးရင္ မင္း အခန္း မင္း ျပန္ေတာ့"

"အင္း"
...

ေနာက္ႏွစ္ရက္ ၾကာၿပီးေနာက္ စုက်စ္ထုံက ဖုန္းထပ္ေခၚကာ "ဘယ္ေတာ့ ျပန္လာမွာလဲ သားတို႔" ဟု ေမးျပန္သည္။

စုခ်ီက အလုပ္ရွိေသးသည္ဟု ဆိုကာ အလုပ္ၿပီးမွ ျပန္လာမည္ ျဖစ္ေၾကာင္း ျပန္ေျပာလိုက္၏။

ႏွစ္ေယာက္သား စုက်စ္ထုံႏွင့္ စကားအနည္းငယ္ ေျပာၾကၿပီးေနာက္ ဖုန္းခ်လိဳက္ၾကသည္။

...

ႏွစ္ကုန္ အစည္းအေဝးပြဲႏွင့္ ဝန္ထမ္း အသစ္ ခန႔္အပ္သည့္ေန႕မွာ တစ္ရက္တည္း ျဖစ္ေနသျဖင့္ စုခ်ီက HR ဌာနကိုသာ ဝန္ထမ္းအသစ္ ခန႔္အပ္သည့္ ကိစၥကို လႊဲထားလိုက္သည္။

အိမ္မွ ထြက္လာၿပီး လမ္းေပၚသို႔ ေရာက္ေသာအခါ စုခ်ီက ဝတ္စုံအျပည့္ ဝတ္လာေသာ စုလုရီကို ၾကည့္ရင္း "ဝန္ထမ္းအသစ္ ခန႔္တာကို မင္း အဲ့ေလာက္ေတာင္ စိတ္ဝင္စားေနတာလား" ဟု ေမးလိုက္သည္။

"ကုမၸဏီရဲ႕ အနာဂတ္အတြက္ ဝန္ထမ္း အသစ္ေတြကို ဂ႐ုတစိုက္ ၾကည့္ခ်င္တာပါ အစ္ကိုႀကီးရဲ႕"

"ဝန္ထမ္းအသစ္ ခန႔္တာ HR ဌာနကို ငါ လႊဲေပးထားတာ။ မင္း ၾကည့္ခ်င္တယ္ဆိုရင္ ငါ သူတို႔ကို လွမ္းေျပာၿပီး ေနရာ တစ္ေနရာ စီစဥ္ခိုင္းထားလိုက္မယ္"

"အင္း ၊ ေက်းဇူးပဲ အစ္ကိုႀကီး"

စုလုရီက ယခင္ဘဝ၌ အလုပ္ သုံး၊ ေလးခု လိုက္ေလွ်ာက္ဖူးသျဖင့္ ယခုတစ္ေခါက္ စစ္ေဆးသူ ေနရာမွ ထိုင္ရမည္ကို ေတြးကာ ေက်နပ္သြားသည္။

"ဒီအခြင့္အေရးမ်ိဳးက ရွားတယ္။ ေသခ်ာၾကည့္ၿပီး
အေတြ႕အႀကဳံ ယူရမယ္" ဟု စိတ္ထဲတြင္လည္း ေတြးလိုက္သည္။

စုခ်ီ ေမာင္းလာေသာ ကားမွာ ကားပါကင္ အတြင္းသို႔ ဝင္ေရာက္လာၿပီး ေနရာတြင္ ရပ္ကာ ႏွစ္ေယာက္သား ကားေပၚမွ ဆင္းလိုက္ၾက၏။

"ငါ ၂ လႊာမွာပဲ ေနခဲ့မယ္။ မင္း အေပၚဆုံး အထပ္ထိ သြားၿပီး ေရွာင္ခ်င့္ကို လိုက္ပို႔ခိုင္းလိုက္"

"အစ္ကိုႀကီး၊ ေရွာင္ခ်င့္ကို မွာထားၿပီးၿပီလား"

"မင္း သူ႕ကို ေျပာၿပီး လိုက္ပို႔ခိုင္းလိုက္"

စကားအနည္းငယ္ ေျပာၿပီးေနာက္ ဓာတ္ေလွကားတံခါး ပြင့္လာကာ စုခ်ီက ထြက္သြားေတာ့သည္။

"ေကာင္းေကာင္းလုပ္ေနာ္။ တစ္ခုခုဆို ငါ့ကို စာပို႔လိုက္"

"တင္း ေတာင္"

စုခ်ီ၏ စကားအဆုံးတြင္ ဓာတ္ေလွကား တံခါးျပန္ပိတ္သြားကာ စုလုရီက အေပၚဆုံးထပ္သို႔ ဆက္တက္သြား၏။

အေပၚဆုံးထပ္သို႔ ေရာက္ေသာအခါ စုလုရီက ေရွာင္ခ်င့္ထံ ေလွ်ာက္သြားၿပီး ဝန္ထမ္းအသစ္ေ႐ြးခ်ယ္မည့္ ေနရာသို႔ လိုက္ပို႔ခိုင္းလိုက္သည္။

ေရွာင္ခ်င္က စုလုရီကို ဦးေဆာင္ ေခၚသြားၿပီး အလုပ္ ခန႔္အပ္မည့္ အဆင့္မ်ားကို ရွင္းျပလိုက္သည္။

"အလုပ္ ခန႔္အပ္တဲ့ အဆင့္က (၃) ဆင့္ ရွိတယ္ လက္ေထာက္ စု။ ေဖာင္ကို စိစစ္ေ႐ြးခ်ယ္တာရယ္၊ လူေတြ႕ စစ္ေဆးတာရယ္၊ အုပ္စုဖြဲ႕ စစ္ေဆးတာရယ္။ လက္ေထာက္ စုက ဘယ္တစ္ခုကို ၾကည့္ခ်င္တာလဲ"

"လူေတြ႕ စစ္ေဆးတာကို ၾကည့္ခ်င္တယ္"

"ဟုတ္ကဲ့၊ ကြၽန္ေတာ္ စီစဥ္ ေပးမယ္ေနာ္"

ႏွစ္ေယာက္သား ရွစ္လႊာသို႔ ေရာက္ေသာအခါ ခန္းမက်ယ္၌ အင္တာဗ်ဴး လာေရာက္ ေျဖဆိုသူ အမ်ားအျပားကို ေတြ႕လိုက္ရသည္။

ဝန္ထမ္းမ်ားက "အတြင္းေရးမႉး ခ်င္နဲ႕ လက္ေထာက္ စု" ဟု ေခၚကာ ႏႈတ္ဆက္သြားသျဖင့္ အင္တာဗ်ဴး လာေျဖသူမ်ားက ႏွစ္ေယာက္သားကို ဝိုင္းၾကည့္ၾကေတာ့၏။

သို႔ေသာ္ ေရွာင္ခ်င္က တည္ၿငိမ္စြာျဖင့္ ... "လက္ေထာက္ စုအတြက္ ေနရာ တစ္ေနရာ ျပင္ေပးလိုက္" ဟု ဝန္ထမ္းမ်ားကို ေျပာလိုက္သည္။

ထို႔ေနာက္ ေရွာင္ခ်င္က HR ဌာနမႉးဆီသို႔ သြားကာ စုလုရီ အင္တာဗ်ဴးပြဲတြင္ တက္ေရာက္မည့္ အေၾကာင္းကို ေျပာလိုက္သည္။

ထိုအခါ ဌာနမႉး ခ်န္က ယခင္တစ္ေခါက္ကဲ့သို႔ မဟုတ္ဘဲ " ရတာေပါ့ဗ်ာ။ လက္ေထာက္ စုကို ဘယ္သူက ျငင္းရဲမွာလဲ။ ဒါရိုက္တာ စုကို ေစာ္ကားသလို ျဖစ္ေနမွာေပါ့" ဟု ေျပာၿပီး ဝန္ထမ္းမ်ားဘက္သို႔ လွည့္ကာ "လက္ေထာက္ စုကို ေကာင္းေကာင္း ဂ႐ုစိုက္ၾကေနာ္။ သူက ဒါရိုက္တာ စုရဲ႕ ညာလက္႐ုံးပဲ" ဟု ေျပာလိုက္၏။

ထို႔ေၾကာင့္ စုလုရီႏွင့္ ေရွာင္ခ်င္တို႔က အနည္းငယ္ အံ့ဩသြားေလသည္။
...

အင္တာဗ်ဴးမွာ မနက္ (၉) နာရီခြဲတြင္ စတင္မည္ ျဖစ္သည္။

စုလုရီက အင္တာဗ်ဴးမည့္ အခန္းသို႔ ဝင္သြားကာ အင္တာဗ်ဴးမည့္ သူမ်ားကို ႏႈတ္ဆက္ၿပီး ... "ကြၽန္ေတာ္လည္း ခဏေလာက္ ၾကည့္မယ္ေနာ္" ဟုေျပာလိုက္၏။

စစ္ေဆးသူမ်ားက စုလုရီကို ႀကိဳဆိုကာ ... "လြတ္လြတ္လပ္လပ္ ေနေနာ္၊ လက္ေထာက္ စု" ဟု ေျပာလိုက္ၾကသည္။

စုလုရီ ထိုင္လိုက္ၿပီးေနာက္ အင္တာဗ်ဴး စတင္ကာ တစ္ေယာက္ၿပီး တစ္ေယာက္ ေမးခြန္းမ်ားကို ေျဖၾက၏။

ပထမ အသုတ္မွာ မိနစ္ (၄၀) အၾကာတြင္ ၿပီးသြား၍ စုလုရီက ဖုန္းကို ထုတ္ၾကည့္လိုက္ေသာအခါ စုခ်ီထံမွ စာေရာက္ေနေၾကာင္း ေတြ႕လိုက္ရသည္။

စုခ်ီ : "ဘယ္လိုလဲ"

စုလုရီ : "ပထမ အသုတ္ ၿပီးသြားၿပီ။ ကြၽန္ေတာ္တို႔  ကုမၸဏီကို လာေလွ်ာက္တဲ့ သူေတြက အရမ္းေတာ္တာပဲ သိလား၊ အစ္ကိုႀကီး။ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ေတာင္ အားမရ ျဖစ္မိတယ္"

စုလုရီ ပို႔ၿပီး ေနာက္ထပ္ သုံးမိနစ္ ၾကာေသာအခါ စုခ်ီထံမွ ျပန္စာဝင္လာခဲ့သည္။

စုခ်ီ : "တစ္ခုခုဆို ငါ့ကို လွမ္းေျပာေနာ္။ ငါ ၿပီးဖို႔ တစ္နာရီ လိုေသးတယ္။ ၿပီးရင္ ငါ မင္းဆီကို လာခဲ့မယ္"

စုခ်ီက အစည္းအေဝး လုပ္ေနစဥ္အတြင္း ျပန္စာျမန္ျမန္ ပို႔လိုက္သျဖင့္ စုလုရီက အနည္းငယ္ အံ့ဩသြားသည္။

မၾကာခဏ စာပို႔ေနပါက အစည္းအေဝးတြင္ အေႏွာင့္အယွက္ ျဖစ္မည္ကို စိုးရိမ္သျဖင့္ စုလုရီက
ျပန္စာမပို႔ဘဲ ထားလိုက္သည္။

နားခ်ိန္မွာ ဆယ္မိနစ္ ျဖစ္ၿပီး ဒုတိယ အသုတ္ကို မၾကာခင္ စတင္ အင္တာဗ်ဴးေတာ့မည္ ျဖစ္၏။

ဒုတိယ အသုတ္မွာ အနည္းငယ္ ၾကာျမင့္သြားသျဖင့္ ၿပီးဆုံးခ်ိန္မွာ ေန႕လည္ (၁၁) နာရီခြဲ ျဖစ္သည္။

မနက္ပိုင္း အင္တာဗ်ဴးမွာ ၿပီးဆုံးသြားၿပီ ျဖစ္၏။

စစ္ေဆးသူမ်ားက ေဖာင္မ်ား ကိုင္ကာ အင္တာဗ်ဴးသည့္ အခန္းမွ ထြက္သြားၾကသျဖင့္ စုလုရီကလည္း လိုက္ထြက္လိုက္သည္။

အျပင္သို႔ ေရာက္ေသာအခါ စစ္ေဆးသူမ်ားက မလႈပ္မယွက္ ေၾကာင္ၾကည့္ေနၾကသည့္ ေနရာကို စုလုရီက လွမ္းၾကည့္လိုက္သည္။

ထိုအခါ စုလုရီက ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ခန႔္ညားတည္ၾကည္ေသာ မ်က္ႏွာပိုင္ရွင္ စုခ်ီကို ေတြ႕လိုက္ရ၏။

စုခ်ီက စုလုရီကို ေတြ႕လိုက္ေသာအခါ စုလုရီထံသို႔တည့္တည့္မတ္မတ္ ေလွ်ာက္လာသျဖင့္ လူအမ်ားက လမ္းဖယ္ေပးလိုက္ၾကသည္။

"ၿပီးသြားၿပီလား"

"အင္း"

"မင္းတို႔က ဆယ္မိနစ္ေက်ာ္ေလာက္ ေနာက္က်မွ ၿပီးသြားတာပဲ။ အဲ့လိုမွန္း သိရင္ ငါ ျဖည္းျဖည္း လာခဲ့တာေပါ့။ ဗိုက္ဆာေနၿပီ မလား။ ကဲ လာ၊ ေန႕လည္စာ သြားစားၾကမယ္"

စုခ်ီက စုလုရီ၏ လက္ေမာင္းကို သိုင္းဖက္ကာ ေန႕လည္စာစားရန္ ေခၚသြားေတာ့သည္။

စုလုရီကလည္း ရင္ခုန္သံ ျမန္ေနသည့္ၾကားမွ ... "အစ္ကိုႀကီး၊ ျမန္ျမန္ လာစရာမွ မလိုတာ။ ကြၽန္ေတာ္ ထြက္မေျပးပါဘူး" ဟု ကပ္ေျပာလိုက္၏။


...…….................................
.........................................


အပိုင္း (၅၈) ၿပီးပါၿပီ။

Continue Reading

You'll Also Like

140K 24.1K 110
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...