စုလုရီ
အပိုင်(၅၃) ငါမင်းကို လိုက်ချင်တယ်
"ဘွန်း"
စုလုရီ၏ စိတ်ထဲ၌ ဗုံးပေါက်ကွဲကာ ဆွံ့အသွားသည်။
စုချီက "ငါ မင်းကို ကြိုက်တယ်" ဟု တိုက်ရိုက် မပြောသော်လည်း စုချီ၏ ရင်ခုန်သံများက သက်သေပြနေ၏။
စုလုရီက စုချီ၏ ရင်ခွင်ထဲ၌ ရပ်နေကာ အေးခဲနေသည်။
ထို့နောက် သူ၏ ခါးမှ စုချီ၏ လက်က တဖြည်းဖြည်း ဖယ်သွားကာ စုလုရီကို လွှတ်ပေးလိုက်ပြီး "မင်း မေးမယ့် စကားကို ငါ ဖြေပေးရမလား" ဟု မေးလိုက်သည်။
စုလုရီက ခေါင်းခါကာ "ရတယ် အစ်ကိုကြီး၊ သိသွားပြီ" ဟု ပြောလိုက်သည်။
"ဒါဆို ကောင်းတာပေါ့"
စုလုရီက စုချီ၏ စကားကြောင့် မိနစ် အနည်းငယ် အတွေး ပျောက်ကွယ်သွားကာ ခဏကြာမှ အသိပြန်ဝင်လာခဲ့၏။
ထို့နောက် စုချီ၏ အဝေးသို့ ဆုတ်သွားကာ စုချီနှင့်ဝေးသွားမှ စုလုရီက စိတ်သက်သာရာ ရသွားတော့သည်။
"အစ်ကိုကြီး...ဘာတွေပြောနေတာလဲ။ ကျွန်တော့်ကို ဘာလို့ ကြိုက်တာလဲ"
"ငါ မင်းကို ထပ်ဖက်ချင်သေးတယ်"
"..."
"မဟုတ်ဘူးလေ အစ်ကိုကြီးရဲ့။ ကျွန်တော် မေးတာက ကျွန်တော့်ကို ဘာလို့ စိတ်ဝင်စားသွားတာလဲလို့လေ"
"ဘာလို့ ကြိုက်လို့ မရရမှာလဲ။ မင်းကိုယ်မင်း အထင် မသေးစမ်းပါနဲ့ စုလုရီရာ"
"အဲ့လို မဟုတ်ပါဘူး၊ အစ်ကိုကြီးကလည်း"
"ဒါဆိုလည်း မင်းရဲ့ ကောင်းတဲ့ အချက်တွေကို လက်ခံလိုက်လေ။ မင်းက ငါ့ကို အမြဲတမ်း စိတ်တိုအောင် လုပ်တာက လွဲရင် ကျန်တာ အကုန်အဆင်ပြေပါတယ်"
စုချီက ဖွင့်ပြောရင်း မကျေနပ်ချက်များကိုပါ ထည့်ပြောနေသဖြင့် စုလုရီ၌ ပြောစရာ စကား မရှိတော့ပေ။
"အစ်ကိုကြီးကမှ ခဏခဏ စိတ်တိုနေတာ မဟုတ်ဘူးလား"
"ငါ မင်းကို ဂရုစိုက်လို့ စိတ်တိုနေရတာပေါ့"
စုချီ၏ စကားကြောင့် စုလုရီက ရင်ခုန်သွားကာ "ကျွန်...ကျွန်တော်..."
"မင်း အလျင်လိုစရာ မလိုပါဘူး။ မင်း သေချာ စဉ်းစားပြီးမှ ငါ့ကို ပြော" ဟု စုချီက ဖြတ်ပြောလိုက်၏။
ထို့ကြောင့် စုလုရီက စိတ်သက်သာရာ ရသွားတော့သည်။
စုလုရီက လွယ်လွယ်နှင့် ခေါင်းညိတ် လက်မခံချင်သေးသော်လည်း သူ၏ အစ်ကိုကြီး ဖြစ်နေသဖြင့် ငြင်းပယ်ရန် ခက်ခဲနေ၏။
"ဒါဆို အေးဆေးနေလို့ ရပြီမလား"
"မဟုတ်ဘူး"
"ငါ မင်းကို အရင်လိုက်မှာ"
...
ည (၉) နာရီခန့်တွင် စုလုရီက ရေချိုးပြီး အိပ်ယာဝင်လိုက်သည်။
သို့သော် မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားကာ စုချီ တံခါး လာခေါက်မှ နိုးလာခဲ့သည်။
ဆေးကြော သန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာကာ စုချီ၏ မျက်နှာကို မကြည့်ဘဲ မနက်စာကို ငုံ့စားနေတော့သည်။
"ငုံ့ပြီး စားတာ ပိုမြန်မယ်လို့ ထင်နေလို့လား"
စုချီ၏ အသံမှာ ပုံမှန် ဖြစ်နေသဖြင့် စုလုရီက မော့ကြည့်ကာ "ဘာလို့ အစ်ကိုကြီးက ကျွန်တော့်ကိုကြည့်နေတာလဲ" ဟု မေးလိုက်၏။
"ငါ ကြိုက်လို့"
"..."
စုလုရီက စုချီကို အရှုံးပေးကာ ဆက်မငြင်းတော့ပေ။
မနက်စာ စားပြီးနောက် ရုံးသို့ သွားရန် နှစ်ယောက်သား ထွက်လာခဲ့ကြသည်။
အပြင်၌ အေးနေသဖြင့် စုလုရီက သွားချင်းရိုက်ကာ ခိုက်ခိုက်တုန်ပြီး ကားဆီသို့ လျှောက်လာခဲ့၏။
ကားပေါ်သို့ ရောက်သောအခါ စုချီက အနွေးစက်ကို ဖွင့်ပေးထားလိုက်သည်။
ထို့နောက် စုချီက ကားစက်ကို နှိုးကာ ကုမ္ပဏီသို့ စတင် ထွက်ခွာလာခဲ့၏။
ကုမ္ပဏီသို့ ရောက်သောအခါ ရှောင်ချင်ကအစည်းအဝေးရှိသဖြင့် စုချီ၏ အခန်းထဲ၌ ထိုင်စောင့်နေသည်။
ထို့နောက် လိုအပ်သည်များကို ပြင်ဆင်ကာ စုချီနှင့်အတူ အောက်ထပ်သို့ ဆင်းသွား၏။
ရုံးခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သော စုလုရီက ခုံ၌ထိုင်ကာ အဘိဓာန် စာအုပ်ကို ဖတ်နေလိုက်သည်။
ထို့နောက် ဖုန်းမှ အချက်ပေးသံ မြည်လာသဖြင့် ဖုန်းကို ကြည့်လိုက်ရာ လွီချင်းလင်းထံမှ စာဖြစ်ကြောင်းကို သိလိုက်ရ၏။
လွီချင်းလင်း - "ဒီနေ့ ဦးလေး စုတို့ လာလည်တုန်းက အစ်ကို လုရီနဲ့ အစ်ကိုကြီးတို့ ပြန်သွားကြတယ်လို့ ပြောတယ်။ အစ်ကို လုရီက ဘာလို့ လိုက်သွားတာလဲ။ အစ်ကိုကြီး မရှိရင် အစ်ကို လုရီ စားချင်တာ စားလို့ရပြီဟာကို"
စုလုရီ - "အစ်ကို့မှာ လုပ်ရမယ့် အလုပ်ပေါ်လာလို့ အစ်ကိုကြီးနဲ့ လိုက်ပြန်လိုက်တာ"
လွီချင်းလင်း - "ဦးလေး စုကို မေးကြည့်တော့ အစ်ကို လုရီက လိုက်သွားစရာ မလိုဘူးဆို။ အစ်ကို လုရီက အစ်ကိုကြီးအနားကို အဲ့လောက် လိုက်ကပ်နေလို့ အစ်ကိုကြီးက ဂရုစိုက်နေတာကိုး"
စုလုရီက လန့်သွားကာ ဖုန်းကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
"အစ်ကိုကြီးက ငါ့ကို ချစ်နေမှန်း သူ ဘယ်လို သိသွားတာပါလိမ့်" ဟုလည်း စိတ်ထဲ၌ တွေးလိုက်၏။
ထိုအချိန်၌ စုချီ အစည်းအဝေးမှ ပြန်လာသဖြင့် စုလုရီက စုချီက အကျိုးအကြောင်း ပြောပြကာ တိုင်ပင်လိုက်သည်။
"ညီမလေး လင်းလင်းက ကျွန်တော့်ကို အစ်ကိုကြီးနဲ့ ဘာလို့ ပြန်လိုက်သွားတာလဲလို့ မေးနေတယ်။ ကျွန်တော် ဘယ်လိုဖြေလိုက်ရမလဲ"
"အင်း....ငါ မင်းကို မခွဲနိုင်လို့ မင်းကိုပါ ခေါ်သွားတာလို့ ဖြေလိုက်"
"..."
ရုံးဆင်းချိန်သို့ ရောက်သောအခါ နှစ်ယောက်သား ကားဆီသို့ ဆင်းလာပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။
လမ်းတစ်ဝက်သို့ ရောက်သောအခါ စုချီက စုလုရီဘက်သို့ လှည့်ကာ "အိမ်မှာ ဆောက်လုပ်ရေး အလုပ်တွေ မသိမ်းသေးရင် နားငြီးနေလိမ့်မယ်။ ဆိုင်တစ်ခုခုမှာ ဝင်စားကြမလား" ဟု မေးလိုက်၏။
စုလုရီကလည်း "အင်း ... အစ်ကိုကြီး၊ ဒါဆိုလည်း ဆိုင်မှာ သွားစားကြမယ်လေ။ မဟုတ်လည်း ဒီရက်ပိုင်း မှာစားနေရတာပဲဆိုတော့ မထူးပါဘူး" ဟုပြောလိုက်သည်။
မီးပွိုင့် စိမ်းသွားသောအခါ စုချီက စတီယာရင်ကိုလှည့်ပြီး အခြားနေရာသို့ ဦးတည်လိုက်၏။
ဆယ်မိနစ်ခန့်ကြာပြီးနောက် အမဲသားစားသောက်ဆိုင် တစ်ခု၏ ရှေ့၌ ကားရပ်လိုက်သည်။
စုချီက ဦးဆောင်ပြီး ဝင်သွားကာ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံ၌ ဝင်ထိုင်လိုက်၏။
ထို့နောက် စားပွဲထိုး ရောက်လာပြီး "ဘာမှာချင်ပါလဲ ခင်ဗျာ" ဟု မေးလိုက်သည်။
စုချီက မီနူးစာအုပ်ကို စုလုရီထံသို့ လှမ်းပေးကာ "မင်း ကြိုက်တာ မှာလိုက်" ဟု ပြောလိုက်၏။
ထို့ကြောင့် စုလုရီက အမဲသား ခေါက်ဆွဲ၊ အမဲသား အစပ်ကြော်၊ အမဲသား မုန်ညင်းကြော်နှင့် တို့ဖူးဟင်း၊ အမဲသား ခရမ်းချဉ်သီး စွပ်ပြုတ်တို့ကို မှာလိုက်သည်။
ထိုအခါ စားပွဲထိုးက အံ့ဩသွားကာ "ဧည့်သည်က ဒါအကုန်ပဲလား ခင်ဗျ" ဟု မေးလိုက်၏။
"ဟုတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ပဲ။ ဘာဖြစ်လို့လဲဟင်"
"ကျွန်တော်တို့ ဟင်းပွဲတွေက ကြီးလို့ပါ"
"အဲ့ဒါဆို ကောင်းတာပေါ့"
ဟင်းပွဲကြီးသည်ဟု သိလိုက်ရသဖြင့် စုလုရီက ပျော်သွားကာ စုချီက ပြုံးပြီး စုလုရီကို ကြည့်နေသည်။
ထို့ကြောင့် စုလုရီက "အစ်ကိုကြီး ဘာလို့ ရယ်နေတာလဲ" ဟု မေးလိုက်သည်။
"မင်းအတွက် ဝမ်းသာလို့ပါ"
"အများကြီး စားရတော့မှာ မို့လို့လား"
"မင်းအတွက် စားတာက ပျော်ရွှင်စရာ ဆိုတော့ ကောင်းကင်ပေါ်မှာ သွားပျော်ရတော့မှာ မို့လို့"
"..."
စုလုရီက စုချီ၏ နောက်ပြောင် စကားကြောင့် ထိတ်လန့်သွား၏။
ဟင်းပွဲများ ရောက်လာသောအခါ စုလုရီက ဟိုတစ်ပွဲ၊ သည်တစ်ပွဲ နှိုက်ကာ စားသောက်နေသည်။
စုချီက မစားဘဲ "မင်း ဘယ်ဟာကို အကြိုက်ဆုံးလဲ" ဟု မေးလိုက်၏။
"အမဲသား ခေါက်ဆွဲ"
"ဟုတ်လား။ ဘယ်လို အရသာရှိလဲ"
"အစ်ကိုကြီး စားကြည့်ပါလား။ စားလို့ ကောင်းတယ်"
"မတူဘူးလေ"
"ဘာက မတူတာလဲ အစ်ကိုကြီး"
"မင်း သိချင်တယ်ဆိုရင် ငါ့ကို မြန်မြန် ပြန်ကြိုက်လိုက်"
...…….................................
.........................................
အပိုင်း (၅၃) ပြီးပါပြီ။
Zawgyi
စုလုရီ
အပိုင္(၅၃) ငါမင္းကို လိုက္ခ်င္တယ္
"ဘြန္း"
စုလုရီ၏ စိတ္ထဲ၌ ဗုံးေပါက္ကြဲကာ ဆြံ႕အသြားသည္။
စုခ်ီက "ငါ မင္းကို ႀကိဳက္တယ္" ဟု တိုက္ရိုက္ မေျပာေသာ္လည္း စုခ်ီ၏ ရင္ခုန္သံမ်ားက သက္ေသျပေန၏။
စုလုရီက စုခ်ီ၏ ရင္ခြင္ထဲ၌ ရပ္ေနကာ ေအးခဲေနသည္။
ထို႔ေနာက္ သူ၏ ခါးမွ စုခ်ီ၏ လက္က တျဖည္းျဖည္း ဖယ္သြားကာ စုလုရီကို လႊတ္ေပးလိုက္ၿပီး "မင္း ေမးမယ့္ စကားကို ငါ ေျဖေပးရမလား" ဟု ေမးလိုက္သည္။
စုလုရီက ေခါင္းခါကာ "ရတယ္ အစ္ကိုႀကီး၊ သိသြားၿပီ" ဟု ေျပာလိုက္သည္။
"ဒါဆို ေကာင္းတာေပါ့"
စုလုရီက စုခ်ီ၏ စကားေၾကာင့္ မိနစ္ အနည္းငယ္ အေတြး ေပ်ာက္ကြယ္သြားကာ ခဏၾကာမွ အသိျပန္ဝင္လာခဲ့၏။
ထို႔ေနာက္ စုခ်ီ၏ အေဝးသို႔ ဆုတ္သြားကာ စုခ်ီႏွင့္ေဝးသြားမွ စုလုရီက စိတ္သက္သာရာ ရသြားေတာ့သည္။
"အစ္ကိုႀကီး...ဘာေတြေျပာေနတာလဲ။ ကြၽန္ေတာ့္ကို ဘာလို႔ ႀကိဳက္တာလဲ"
"ငါ မင္းကို ထပ္ဖက္ခ်င္ေသးတယ္"
"..."
"မဟုတ္ဘူးေလ အစ္ကိုႀကီးရဲ႕။ ကြၽန္ေတာ္ ေမးတာက ကြၽန္ေတာ့္ကို ဘာလို႔ စိတ္ဝင္စားသြားတာလဲလို႔ေလ"
"ဘာလို႔ ႀကိဳက္လို႔ မရရမွာလဲ။ မင္းကိုယ္မင္း အထင္ မေသးစမ္းပါနဲ႕ စုလုရီရာ"
"အဲ့လို မဟုတ္ပါဘူး၊ အစ္ကိုႀကီးကလည္း"
"ဒါဆိုလည္း မင္းရဲ႕ ေကာင္းတဲ့ အခ်က္ေတြကို လက္ခံလိုက္ေလ။ မင္းက ငါ့ကို အၿမဲတမ္း စိတ္တိုေအာင္ လုပ္တာက လြဲရင္ က်န္တာ အကုန္အဆင္ေျပပါတယ္"
စုခ်ီက ဖြင့္ေျပာရင္း မေက်နပ္ခ်က္မ်ားကိုပါ ထည့္ေျပာေနသျဖင့္ စုလုရီ၌ ေျပာစရာ စကား မရွိေတာ့ေပ။
"အစ္ကိုႀကီးကမွ ခဏခဏ စိတ္တိုေနတာ မဟုတ္ဘူးလား"
"ငါ မင္းကို ဂ႐ုစိုက္လို႔ စိတ္တိုေနရတာေပါ့"
စုခ်ီ၏ စကားေၾကာင့္ စုလုရီက ရင္ခုန္သြားကာ "ကြၽန္...ကြၽန္ေတာ္..."
"မင္း အလ်င္လိုစရာ မလိုပါဘူး။ မင္း ေသခ်ာ စဥ္းစားၿပီးမွ ငါ့ကို ေျပာ" ဟု စုခ်ီက ျဖတ္ေျပာလိုက္၏။
ထို႔ေၾကာင့္ စုလုရီက စိတ္သက္သာရာ ရသြားေတာ့သည္။
စုလုရီက လြယ္လြယ္ႏွင့္ ေခါင္းညိတ္ လက္မခံခ်င္ေသးေသာ္လည္း သူ၏ အစ္ကိုႀကီး ျဖစ္ေနသျဖင့္ ျငင္းပယ္ရန္ ခက္ခဲေန၏။
"ဒါဆို ေအးေဆးေနလို႔ ရၿပီမလား"
"မဟုတ္ဘူး"
"ငါ မင္းကို အရင္လိုက္မွာ"
...
ည (၉) နာရီခန႔္တြင္ စုလုရီက ေရခ်ိဳးၿပီး အိပ္ယာဝင္လိုက္သည္။
သို႔ေသာ္ မနက္မိုးလင္းခါနီးမွ အိပ္ေပ်ာ္သြားကာ စုခ်ီ တံခါး လာေခါက္မွ နိုးလာခဲ့သည္။
ေဆးေၾကာ သန႔္စင္ၿပီးေနာက္ ေအာက္ထပ္သို႔ ဆင္းလာကာ စုခ်ီ၏ မ်က္ႏွာကို မၾကည့္ဘဲ မနက္စာကို ငုံ႕စားေနေတာ့သည္။
"ငုံ႕ၿပီး စားတာ ပိုျမန္မယ္လို႔ ထင္ေနလို႔လား"
စုခ်ီ၏ အသံမွာ ပုံမွန္ ျဖစ္ေနသျဖင့္ စုလုရီက ေမာ့ၾကည့္ကာ "ဘာလို႔ အစ္ကိုႀကီးက ကြၽန္ေတာ့္ကိုၾကည့္ေနတာလဲ" ဟု ေမးလိုက္၏။
"ငါ ႀကိဳက္လို႔"
"..."
စုလုရီက စုခ်ီကို အရႈံးေပးကာ ဆက္မျငင္းေတာ့ေပ။
မနက္စာ စားၿပီးေနာက္ ႐ုံးသို႔ သြားရန္ ႏွစ္ေယာက္သား ထြက္လာခဲ့ၾကသည္။
အျပင္၌ ေအးေနသျဖင့္ စုလုရီက သြားခ်င္းရိုက္ကာ ခိုက္ခိုက္တုန္ၿပီး ကားဆီသို႔ ေလွ်ာက္လာခဲ့၏။
ကားေပၚသို႔ ေရာက္ေသာအခါ စုခ်ီက အေႏြးစက္ကို ဖြင့္ေပးထားလိုက္သည္။
ထို႔ေနာက္ စုခ်ီက ကားစက္ကို ႏွိုးကာ ကုမၸဏီသို႔ စတင္ ထြက္ခြာလာခဲ့၏။
ကုမၸဏီသို႔ ေရာက္ေသာအခါ ေရွာင္ခ်င္ကအစည္းအေဝးရွိသျဖင့္ စုခ်ီ၏ အခန္းထဲ၌ ထိုင္ေစာင့္ေနသည္။
ထို႔ေနာက္ လိုအပ္သည္မ်ားကို ျပင္ဆင္ကာ စုခ်ီႏွင့္အတူ ေအာက္ထပ္သို႔ ဆင္းသြား၏။
႐ုံးခန္းထဲတြင္ တစ္ေယာက္တည္း က်န္ခဲ့ေသာ စုလုရီက ခုံ၌ထိုင္ကာ အဘိဓာန္ စာအုပ္ကို ဖတ္ေနလိုက္သည္။
ထို႔ေနာက္ ဖုန္းမွ အခ်က္ေပးသံ ျမည္လာသျဖင့္ ဖုန္းကို ၾကည့္လိုက္ရာ လြီခ်င္းလင္းထံမွ စာျဖစ္ေၾကာင္းကို သိလိုက္ရ၏။
လြီခ်င္းလင္း - "ဒီေန႕ ဦးေလး စုတို႔ လာလည္တုန္းက အစ္ကို လုရီနဲ႕ အစ္ကိုႀကီးတို႔ ျပန္သြားၾကတယ္လို႔ ေျပာတယ္။ အစ္ကို လုရီက ဘာလို႔ လိုက္သြားတာလဲ။ အစ္ကိုႀကီး မရွိရင္ အစ္ကို လုရီ စားခ်င္တာ စားလို႔ရၿပီဟာကို"
စုလုရီ - "အစ္ကို႔မွာ လုပ္ရမယ့္ အလုပ္ေပၚလာလို႔ အစ္ကိုႀကီးနဲ႕ လိုက္ျပန္လိုက္တာ"
လြီခ်င္းလင္း - "ဦးေလး စုကို ေမးၾကည့္ေတာ့ အစ္ကို လုရီက လိုက္သြားစရာ မလိုဘူးဆို။ အစ္ကို လုရီက အစ္ကိုႀကီးအနားကို အဲ့ေလာက္ လိုက္ကပ္ေနလို႔ အစ္ကိုႀကီးက ဂ႐ုစိုက္ေနတာကိုး"
စုလုရီက လန႔္သြားကာ ဖုန္းကို စားပြဲေပၚသို႔ ပစ္ခ်လိဳက္သည္။
"အစ္ကိုႀကီးက ငါ့ကို ခ်စ္ေနမွန္း သူ ဘယ္လို သိသြားတာပါလိမ့္" ဟုလည္း စိတ္ထဲ၌ ေတြးလိုက္၏။
ထိုအခ်ိန္၌ စုခ်ီ အစည္းအေဝးမွ ျပန္လာသျဖင့္ စုလုရီက စုခ်ီက အက်ိဳးအေၾကာင္း ေျပာျပကာ တိုင္ပင္လိုက္သည္။
"ညီမေလး လင္းလင္းက ကြၽန္ေတာ့္ကို အစ္ကိုႀကီးနဲ႕ ဘာလို႔ ျပန္လိုက္သြားတာလဲလို႔ ေမးေနတယ္။ ကြၽန္ေတာ္ ဘယ္လိုေျဖလိုက္ရမလဲ"
"အင္း....ငါ မင္းကို မခြဲနိုင္လို႔ မင္းကိုပါ ေခၚသြားတာလို႔ ေျဖလိုက္"
"..."
႐ုံးဆင္းခ်ိန္သို႔ ေရာက္ေသာအခါ ႏွစ္ေယာက္သား ကားဆီသို႔ ဆင္းလာၿပီး အိမ္သို႔ ျပန္လာခဲ့ၾကသည္။
လမ္းတစ္ဝက္သို႔ ေရာက္ေသာအခါ စုခ်ီက စုလုရီဘက္သို႔ လွည့္ကာ "အိမ္မွာ ေဆာက္လုပ္ေရး အလုပ္ေတြ မသိမ္းေသးရင္ နားၿငီးေနလိမ့္မယ္။ ဆိုင္တစ္ခုခုမွာ ဝင္စားၾကမလား" ဟု ေမးလိုက္၏။
စုလုရီကလည္း "အင္း ... အစ္ကိုႀကီး၊ ဒါဆိုလည္း ဆိုင္မွာ သြားစားၾကမယ္ေလ။ မဟုတ္လည္း ဒီရက္ပိုင္း မွာစားေနရတာပဲဆိုေတာ့ မထူးပါဘူး" ဟုေျပာလိုက္သည္။
မီးပြိုင့္ စိမ္းသြားေသာအခါ စုခ်ီက စတီယာရင္ကိုလွည့္ၿပီး အျခားေနရာသို႔ ဦးတည္လိုက္၏။
ဆယ္မိနစ္ခန႔္ၾကာၿပီးေနာက္ အမဲသားစားေသာက္ဆိုင္ တစ္ခု၏ ေရွ႕၌ ကားရပ္လိုက္သည္။
စုခ်ီက ဦးေဆာင္ၿပီး ဝင္သြားကာ ျပတင္းေပါက္ေဘးရွိ ထိုင္ခုံ၌ ဝင္ထိုင္လိုက္၏။
ထို႔ေနာက္ စားပြဲထိုး ေရာက္လာၿပီး "ဘာမွာခ်င္ပါလဲ ခင္ဗ်ာ" ဟု ေမးလိုက္သည္။
စုခ်ီက မီႏူးစာအုပ္ကို စုလုရီထံသို႔ လွမ္းေပးကာ "မင္း ႀကိဳက္တာ မွာလိုက္" ဟု ေျပာလိုက္၏။
ထို႔ေၾကာင့္ စုလုရီက အမဲသား ေခါက္ဆြဲ၊ အမဲသား အစပ္ေၾကာ္၊ အမဲသား မုန္ညင္းေၾကာ္ႏွင့္ တို႔ဖူးဟင္း၊ အမဲသား ခရမ္းခ်ဥ္သီး စြပ္ျပဳတ္တို႔ကို မွာလိုက္သည္။
ထိုအခါ စားပြဲထိုးက အံ့ဩသြားကာ "ဧည့္သည္က ဒါအကုန္ပဲလား ခင္ဗ်" ဟု ေမးလိုက္၏။
"ဟုတ္တယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ပဲ။ ဘာျဖစ္လို႔လဲဟင္"
"ကြၽန္ေတာ္တို႔ ဟင္းပြဲေတြက ႀကီးလို႔ပါ"
"အဲ့ဒါဆို ေကာင္းတာေပါ့"
ဟင္းပြဲႀကီးသည္ဟု သိလိုက္ရသျဖင့္ စုလုရီက ေပ်ာ္သြားကာ စုခ်ီက ၿပဳံးၿပီး စုလုရီကို ၾကည့္ေနသည္။
ထို႔ေၾကာင့္ စုလုရီက "အစ္ကိုႀကီး ဘာလို႔ ရယ္ေနတာလဲ" ဟု ေမးလိုက္သည္။
"မင္းအတြက္ ဝမ္းသာလို႔ပါ"
"အမ်ားႀကီး စားရေတာ့မွာ မို႔လို႔လား"
"မင္းအတြက္ စားတာက ေပ်ာ္႐ႊင္စရာ ဆိုေတာ့ ေကာင္းကင္ေပၚမွာ သြားေပ်ာ္ရေတာ့မွာ မို႔လို႔"
"..."
စုလုရီက စုခ်ီ၏ ေနာက္ေျပာင္ စကားေၾကာင့္ ထိတ္လန႔္သြား၏။
ဟင္းပြဲမ်ား ေရာက္လာေသာအခါ စုလုရီက ဟိုတစ္ပြဲ၊ သည္တစ္ပြဲ ႏွိုက္ကာ စားေသာက္ေနသည္။
စုခ်ီက မစားဘဲ "မင္း ဘယ္ဟာကို အႀကိဳက္ဆုံးလဲ" ဟု ေမးလိုက္၏။
"အမဲသား ေခါက္ဆြဲ"
"ဟုတ္လား။ ဘယ္လို အရသာရွိလဲ"
"အစ္ကိုႀကီး စားၾကည့္ပါလား။ စားလို႔ ေကာင္းတယ္"
"မတူဘူးေလ"
"ဘာက မတူတာလဲ အစ္ကိုႀကီး"
"မင္း သိခ်င္တယ္ဆိုရင္ ငါ့ကို ျမန္ျမန္ ျပန္ႀကိဳက္လိုက္"
...…….................................
.........................................
အပိုင္း (၅၃) ၿပီးပါၿပီ။