ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

142K 15.1K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-62

1K 121 3
By PrettiOcean

Chapter 62

မော့တိ သူကြားလိုက်သည်ကို မယုံကြည်နိုင်ပေ။ ခွေးပေါက်လေးနာမည်ကို ကြက်သွန်ဖြူလို့ ဘယ်လိုတောင်ပေးရတာပါလိမ့်?!

သို့ပေမယ့် မုထျန်းဟန်၏ ကျေနပ်နေသောအမူအရာကိုကြည့်ပြီး သူ့မှာငြင်းဆိုရန် နှလုံးသားမရှိတော့ပေ။

နာမည်က အတော်လေး...ဆွဲဆောင်မှုရှိပါတယ်။

"ကလေးလေးရော ဘယ်လိုထင်လဲ..."

မုထျန်းဟန်က ကောင်လေး၏အမူအရာကို အနီးကပ်စိုက်ကြည့်ရင်း ပျော်ရွှင်မှုတွေနှင့် ပြည့်နှက်နေသည်။

"ဟားဟား...အဲဒီနာမည် အတော်လေးကောင်းပါတယ်"

မော့တိဖျစ်ညှစ်ရယ်လိုက်ပြီး သူ့လက်ထဲမှ 'ကြက်သွန်ဖြူလေး'ကို ကြည့်လိုက်သည်။

'ကြက်သွန်ဖြူလေး'က သူ့ကို အပြစ်ကင်းပြီးရွှန်းလဲ့နေသော မျက်လုံးမည်းမည်းလေးတွေနှင့် ကြည့်နေသည်။

မော့တိ: "..."

မရတော့ဘူး ဒီချစ်ဖို့ကောင်းတဲ့ 'ကြက်သွန်ဖြူ'လေးအတွက် သူကိုယ်စားတိုက်ခိုက်ပေးရမည်!

မော့တိခေါင်းမော့၍ မုထျန်းဟန်ကိုပြုံးပြပြီး

"ကိုကို အဲဒီနာမည်ကကောင်းပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူဆိုတာ နေ့တိုင်းစားနေကြစားစရာတွေထဲက ပါဝင်ပစ္စည်းကြီးလေ။ ကျွန်တော်တို့စွမ်းစွမ်းလေးက အပြစ်ကင်းပါတယ်"

"အမ် ဟုတ်သားပဲ"

မုထျန်းဟန်က သူ့အငြင်းစကားကို အပြုံးလေးနှင့် တုန့်ပြန်လိုက်သည်။ သူ့မိသားစုဝင်ဖြစ်သော မော့တိက ဤအကောင်ပေါက်လေးကို ဘယ်လိုထိန်းကြောင်းလဲဆိုတာ သူမြင်ချင်မိသည်။

"ဒါဆို ကလေးလေး မင်းမှာပိုကောင်းတဲ့နာမည်တွေရှိလား?"

"ဟုတ်ပါပြီ...ကိုကိုရွေးတဲ့ နာမည်ကကောင်းပါတယ်။ တစွမ်း...အဲဒါက ခိုင်မာပြီးအားကောင်းတဲ့နာမည်ပဲ။ စကားလုံးလေး နည်းနည်းပြောင်းလိုက်မယ်ဆိုရင် ပိုပြီးချစ်ဖို့ကောင်းသွားမှာပါ။အဟမ်း..."

မော့တိ သူ့အတိုက်အခံစကားတွေကို ထို့ထက်ပိုမပြောရဲတော့ပေ။

"ကျွန်တော်တို့ စကားလုံးနည်းနည်းလောက်ပြောင်းပြီး သူ့အတွက် ပိုထူးခြားတဲ့နာမည်ကို ဘာလို့မပေးရတာလဲ..."

မုထျန်းဟန် အကျယ်ကြီးရယ်လိုက်ချင်ပေမယ့် သူ၏အေးဆေးတည်ငြိမ်သောအမူအရာကို ထိန်းထားပြီး

"ဒါဆို မင်းဘယ်လိုစကားလုံးကို သုံးချင်လဲ?"

"စွမ်းစွမ်း (算算)ဆိုရင်ရော...! ကျိစွမ်း (计算 = တွက်ချက်ခြင်း)က စွမ်းလေ။ ကိုကိုပေးထားတဲ့နာမည် အတိုင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံးက အတွက်အချက်တော်တော့ အဲဒီအဓိပ္ပါယ်က အိမ်ဆိုတာနဲ့ပိုနီးစပ်တယ်လေ။ အဲဒါလေးက ကျွန်တော်တို့ရဲ့ လာဘ်ကောင်လေးဖြစ်နိုင်တယ်! ခဲတစ်လုံးတည်းနဲ့ ငှက်သုံးကောင်မိတာပဲ! ကိုကိုရော ဘယ်လိုထင်လဲ?"

"စွမ်းစွမ်း?"

မော့တိကိုဖျောင်းဖြပြောဆိုရန် ခွေးပေါက်လေးအတွက် ပိုကောင်းသောနာမည်ကို စိတ်ပင်ပန်းခံပြီး မုထျန်းဟန်စဥ်စားခဲ့ပေမယ့် မော့တိပေးသည့်အကြံကိုသာ လက်ခံလိုက်ရသည်။ သူ့ကလေးလေးက အရမ်းကိုချစ်ဖို့ကောင်းပြီး အရမ်းလည်းဥာဏ်ကောင်းတာပဲ။

မုထျန်းဟန်လည်း မနေနိုင်တော့ဘဲ လက်ဆန့်ထုတ်၍ မော့တိ၏ဆံပင်ကို ထိလိုက်သည်။ သူပြုံးပြီးပြောလိုက်သည်။

"အဲဒါက တကယ်ကို အရမ်းကောင်းတဲ့ နာမည်လေးပဲ"

မော့တိ၏မျက်နှာသည်လည်း ချက်ချင်း ပြုံးသွားပြီး စွမ်းစွမ်း၏အမွှေးထူသောနားရွက်လေးများကို ဖျစ်ညှစ်လိုက်သည်။

စွမ်းစွမ်း ဒီကျေးဇူးကို မင်းမှတ်ထားသင့်တယ်။ အဲဒီလို ပြင်းထန်တဲ့နာမည်မျိုး အပေးမခံရအောင် ငါလုပ်ပေးခဲ့လို့ပဲ။

"ဟုတ်ပြီ အခု စွမ်းစွမ်းကို နှောင့်ယှက်နေတာရပ်လိုက်တော့။ ထမင်းစားဖို့အချိန်ရောက်ပြီ။ မင်း ညစာကို ဘာစားချင်လဲ?"

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်" မော့တိ ပြန်ဖြေလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်...အဲဒါက ပိုပြီးဖြေရှင်းဖို့ ခက်တယ်"

မုထျန်းဟန် မော့တိကို နူးညံ့သည့်မျက်လုံးတို့နှင့် ကြည့်လိုက်ပြီး ခဏကြာတော့ သူပြုံးကာပြောလိုက်သည်။

"အသားကင်ဆိုရင်ရော ဘယ်လိုလဲ...နောက်ဆုံးအကြိမ်တုန်းက ကိုယ်တို့ဆီမှာ နည်းနည်းကျန်သေးတယ်"

"အင်း" မော့တိ ပြီးပြီးရောခေါင်းညိတ်လိုက်သည်။ 'ဘာဖြစ်ဖြစ် အဆင်ပြေတယ်'လို့ပြောတုန်းက ဘာဖြစ်ဖြစ် ငြင်းမှာမဟုတ်ဘူးလို့ တကယ်ဆိုလိုချင်တာဖြစ်သည်။

"ဒါဆို ကိုယ်သွားလုပ်လိုက်မယ်။ မင်းက ဧည့်ခန်းထဲမှာနေပြီး စောင့်နေ"

"ကိုကို ကျွန်တော် ကိုကို့ရဲ့လက်ထောက် လုပ်ပေးမယ်"

မော့တိ ပျင်းပျင်းရိရိနေဖို့ ငြင်းပယ်လိုက်သည်။ သူ စွမ်းစွမ်းကို အောက်ချလိုက်ပြီး မီးဖိုဆောင်ထဲသို့ ဝင်သွားသည်။

"မလိုပါဘူး။ အဲဒါက ချက်ဖို့ လွယ်ပါတယ်။ လက်ထောက်မလိုပါဘူး ပြီးတော့..."

မုထျန်းဟန်က စွမ်းစွမ်းကို တွေးတွေးဆဆကြည့်၍

"မင်းနာမည်မပြောင်းလိုက်ဘူးဆိုရင် အရသာပိုကောင်းအောင်လို့ တကယ်ကြီး ကိုယ် မင်းကို ကူညီခွင့်ပေးခဲ့မှာ ဒါပေမဲ့ အခု မေ့လိုက်ကြရအောင်"

(TN: 算了吧က တစ်ခုခုကို မေ့လိုက်တော့ ဒါမှမဟုတ် စိတ်ထဲမထားပါနဲ့ လို့ဆိုလိုပါသည်။ အဲဒါက စွမ်းစွမ်း၏နာမည်နှင့် စကားလုံးချင်းတူပါသည်။)

အလွန် ရယ်စရာကောင်းသောကြောင့် မော့တိ အသံထွက်ကာရယ်မောလိုက်သည်။ သူ စွမ်းစွမ်း၏ ခြေဖဝါးလေးကို ကိုင်ထားပြီးပြောလိုက်သည်။

"ဟားဟား စွမ်းစွမ်း မင်းသိပြီလား? မင်းက ဟင်းခတ်အမွှေးအကြိုင်လေးပဲ!"

မုထျန်းဟန်နှင့် မော့တိတို့နှစ်ဦးသား နွေးထွေးပြီးချိုမြိန်မှုတွေကြား ပျော်ရွှင်နေကျချိန်တွင် မော့မိသားစုသည် မငြိမ်မသက် ဆူဆူပူပူ အခြေအနေဖြစ်နေကြသည်။

မော့ရှစ်ကွော် သူ့သားကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ တောင်ဝှေးကိုယူ၍ မော့စန်းကျစ်ဒေါသတကြီး ရိုက်လိုက်ပြီး

"မင်း အသုံးမကျတဲ့ကောင်! တော်တော်ကို အသုံးမကျဘူး။ ဒီနှစ်တွေအတွင်း အမေရိကမှာနေပြီး မင်း ဘာတွေသင်ယူခဲ့တာလဲ?! အကျင့်ပျက်ဖောက်ပြန်တဲ့သူဖြစ်ဖို့လား?! ယောက်ျားတွေကိုကြိုက်ဖို့လား?! လိင်တူချင်းဆက်ဆံတဲ့သူဖြစ်ဖို့လား?! ငါ မင်းကိုသေအောင်ရိုက်မယ်! အရှက်မရှိတဲ့ကောင်! ငါ မင်းကိုသတ်..."

"ဦးလေး! တော်ပါတော့! ဒီထက်ပိုပြီး တတိယအစ်ကိုကို မရိုက်ပါနဲ့တော့!"

မော့စန်းကျစ်အား တုတ်နှင့်ရိုက်မည်ကို မြင်ပြီး မော့လျှိုကွေ့သည် မော့ကျစ်စန်းအတွက် ကမန်းကတန်း ကာပေးလိုက်သည်။

"ဦးလေး သူ့ကို ဒီထက်ပိုပြီး မရိုက်ပါနဲ့တော့။ အစ်ကို အမှားလုပ်ခဲ့တာ ဘာမှမရှိဘူး"

"သူက ဘာအမှားမှ မလုပ်ခဲ့ဘူးလား... ဒီဟာက ဘယ်လိုလုပ် အမှားမဟုတ်ရမှာလဲ....ရှောင်ကွေ့ သူ့ကိုကာကွယ်ပေးမနေနဲ့။ ငါ ဒီအရှက်မရှိတဲ့ကောင်ကို ဒီနေ့သတ်ကိုသတ်ရမယ်! သူ ယောက်ျားတွေခေါ်လာတာကို ငါခွင့်မပြုနိုင်ဘူး။ အဲဒါ ငါတို့မိသားစုကို သိက္ခာကျစေတယ်!"

"ရှောင်ကွေ့...ရှောင်ကွေ့ အဝေးမှာနေ။ မင်း ငါ့ကိုကာကွယ်ပေးစရာ မလိုဘူး။ မင်းကိုမှားရိုက်မိရင် ငါပိုပြီးတော့တောင် စိတ်သောကရောက်ရလိမ့်မယ်"

မော့စန်းကျစ် ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည်။ သူ မော့လျှိုကွေ့ကိုကြည့်ပြီး သူ့ညီမသည်သာ အကောင်းဆုံးလို့ ခံစားရသည်။ ဘယ်သူကမှ အနားတိုးမလာကြပေ။

တစ်ယောက်ယောက်က သူမကို ထိခိုက်နာကျင်အောင် သူလုပ်ခွင့်ပေးမှာမဟုတ်ဘူး။

"တတိယအစ်ကို အစ်ကိုဒီလိုမျိုး အရိုက်ခံနေရတာကို ငါရပ်ကြည့်မနေနိုင်ဘူး"

မော့လျှိုကွေ့ နီရဲသောမျက်လုံးများနှင့် မော့စန်းကျစ်ကိုကြည့်လိုက်ပြီး မော့ရှစ်ကွော်ကိုကြည့်လိုက်သည်။ သူမ အသနားခံစွာဖြင့်

"ဦးလေး သူ့ကိုမရိုက်ပါနဲ့တော့။ ဆက်ရိုက်မယ်ဆိုရင် သူဆေးရုံရောက်သွားလိမ့်မယ်။ ဒါဆို နာကျင်ရတဲ့သူက ဦးလေးဘဲဖြစ်လိမ့်မယ်"

"ဟုတ်တယ် ရှစ်ကွော် သူ့ကိုမရိုက်ပါနဲ့တော့ ကျေးဇူးပြုပြီး..."

ဒုတိယအဒေါ်က သူနောက်၌ ငိုရှိုက်ရင်းပြောသည်။ သူမက မော့ရှစ်ကွော်၏ လက်ကိုကိုင်ပြီး အသနားခံကာဖြင့်

"ရှစ်ကွော် တောင်းဆိုပါတယ်။ ငါတို့ သူ့အမှားကို ပြန်ပြင်လို့ရသေးတယ်လေ။ ဒါပေမဲ့ သူ့ကိုတော့ အဲလိုရိုက်လို့မရဘူး"

မော့လျှိုကွေ့သည်လည်း ထပ်ပြောသည်။

"ဦးလေး စုန့်ယွီက တတိယအစ်ကိုကို လမ်းမှားရောက်အောင် သွေးဆောင်ဖျားယောင်းတာပါ ဒါပေမဲ့ အခုသူတို့ပြတ်သွားပါပြီ။ သူအဲဒီလူကို မကြိုက်တော့ပါဘူး။ သူ့ကိုဘာလို့ဆက်ပြီး အပြစ်ပေးနေရသေးတာလဲ...ဒီလိုလုပ်တာက သူ့တစ်ယောက်တည်းကိုပဲ နာကျင်စေလိမ့်မယ်"

"သူပြောခဲ့တာတွေကြောင့် သူပြောင်းလဲနိုင်မယ်လို့ ငါမယုံဘူး!"

မော့ရှစ်ကွော်၏ မျက်လုံးများက ဒေါသကြောင့် သွေးရောင်နီရဲနေသည်။

"ဒီလိုကောင်မျိုးကို ငါ့သားအဖြစ် အသိအမှတ်မပြုနိုင်ဘူး!"

"အဖေ ကျွန်တော်ပြောင်းလဲသွားပါပြီ။ တကယ်ကိုပြောင်းလဲသွားပါပြီ!"

မော့လျှိုကွေ့မျက်လုံးမှိတ်ပြသည်ကိုမြင်ပြီး မော့စန်းကျစ်က အချက်ပြကို နားလည်လိုက်ကာ အလျင်အမြန်ပင် နောင်တရနေသောအပြုအမူကို ဖော်ပြလိုက်သည်။

"အဖေ ကျွန်တော်မှားတာသိပါတယ်။ ဒါပေမဲ့ အခုပြီးသွားပါပြီ။ အဲဒီအချိန်တုန်းက ကျွန်တော်က စုန့်ယွီဖျားယောင်းသွေးဆောင်တာကို ခံရတာပါ။ သူ့ကို သဘောကျလာအောင်လုပ်တယ်။ အဖေမသိလို့ သူက တစ်ယောက်ယောက်ကို သွေးဆောင်တဲ့နေရာမှာ အရမ်းတော်တယ်"

"ဒါပေမဲ့ ကျွန်တော် အိမ်ပြန်လာတော့ ကျွန်တော် လှည့်စားခံလိုက်ရတယ်ဆိုတာ နားလည်သွားတယ်။ ကျွန်တော့်မှာ သူ့အတွက် ဘာခံစားချက်မှမရှိပါဘူး။ ကျွန်တော် သူနဲ့ လမ်းခွဲချင်ပေမဲ့ သူ ကျွန်တော့်ကို ဒီကို လာရှာမယ်လို့ မမျှော်လင့်ထားဘူး။ ကျွန်တော် လမ်းခွဲချင်တယ်ဆိုတာ သူသိလို့ ဒီလို မဟုတ်မမှန်အတင်းအဖျင်း စကားတွေကိုပြောခဲ့တာ။ အဖေ သူက ကျွန်တော် ပျက်စီးသွားတာကို လိုချင်တာ"

"ကျွန်တော် သူ့ကို လုံးဝမကြိုက်ဘူး။ အခု သူ့ကို မုန်းတောင်မုန်းသွားပြီ။ အဖေ ကျွန်တော် ယောက်ျားတွေကို မကြိုက်ပါဘူး။ မိန်းမတွေကိုဘဲ ကြိုက်တာပါ!"

"ရှစ်ကွော်! ရှစ်ကွော် ကြည့်ပါအုံး! ငါတို့သားက သူ့အမှားကို သိပြီးသားပါ။ သူပြောင်းလဲသွားပါပြီ။ သူ့ကိုမရိုက်ပါနဲ့တော့!"

ဒုတိယအဒေါ်က ငိုပြီး မော့ရှစ်ကွော်၏လက်ထဲက တောင်ဝှေးကို လှမ်းဆွဲလိုက်ကာဖြင့်

"စန်းကျစ်က မြေခွေးကောင်ရဲ့ ပြုစားမှုအောက်ရောက်သွားတာပါ။ အခု သူအဆင်ပြေပါပြီ။ အရင်တုန်းက မှားခဲ့တာကိုလည်း သူသိပါတယ်။ ပြီးတော့ မိန်းကလေးကိုပဲ ကြိုက်တုန်းပါ။ ဒါကြောင့် တောင်းဆိုပါတယ်။ သူ့ကိုခွင့်လွှတ်ပေးပါ ခွင့်လွှတ်ပေးပါ..."

မော့ရှစ်ကွော် ဒေါသထွက်ထွက်ဖြင့် "နင် တိတ်တိတ်နေစမ်း! သူ့ကိုအလိုလိုက်လွန်းလို့ သူကဆိုးနေတာ။ တစ်သက်လုံးစာအတွက် ဒီနေ့ကို သူအမှတ်ရနေအောင် ငါလုပ်ပေးမယ်!ငါ..."

"တော်သင့်ပြီ!" အဓိကထိုင်ခုံ၌ ထိုင်နေသော မိသားစုအကြီးအကဲသည် ဒေါသတကြီးအော်လိုက်သည်။ သူသည် လက်ဖက်ရည်ခွက်ကို ဘေးရှိစားပွဲပေါ်ထားလိုက်သည်။

မော့ရှစ်ကွော်သည် မော့မိသားစုအကြီးအကဲကို ကြည့်လိုက်ပြီး "အဖေ..."

"မင်းအော်နေတာ ရပ်လိုက်တော့! ငါ့ကို မင်းအဖေလို့ရော ထင်သေးရဲ့လား?!"

မော့အကြီးအကဲမှာ ဒေါသကြောင့် သူ့အသံကျယ်သွားသည့်အတွက် အသက်ကို ပြင်းပြင်းထန်ထန်ရှူထုတ်လိုက်သည်။

"သူ နောင်တရပြီးပြီ။ ဒါတောင် မင်းက သူ့ကို ဆေးရုံရောက်အောင်လုပ်နေတာလား? အဲဒီအကြောင်းသာ သတင်းပြန့်သွားပြီး လူတွေက မေးခွန်းထုတ်လာရင် ဘာဆက်ဖြစ်မလဲ...သူက လိင်တူချင်းကြိုက်တဲ့သူဖြစ်တာကြောင့် မင်းက သူ့ကိုဆေးရုံတင်ရလောက်အောင်အထိ ရိုက်လိုက်တာလို့ မင်းပြောမှာလား... ရှက်ဖို့ကောင်းတယ်ဆိုတာ ဘာလဲရော မင်းသိရဲ့လား...!"

"အဖေ အဲဒါက..."

မော့ရှစ်ကွော် သူ့လက်ထဲမှ တောင်ဝှေးကို ပစ်ချလိုက်ပေမဲ့ ဒေါသတော့ မပြေသေးပေ။

"အဖေက သူ့အတွက် အပြစ်လျော့အောင် လုပ်နေရုံပါပဲ။ ကျွန်တော်တို့ ဒါကိုဒီအတိုင်း ကျော်မသွားနိုင်ဘူး"

"ဘာလို့ မရ ရမှာလဲ...သူ သူ့အမှားကိုသိပြီး ပြုပြင်နေပြီ။ အဲဒါနဲ့မလုံလောက်သေးဘူးလား...မင်းက သူ့ကို ဘာလုပ်စေချင်သေးတာလဲ? သူယောက်ျားတွေ မကြိုက်ဘူးလို့လည်း ပြောခဲ့ပြီးပြီ။ မင်းသူ့ကို မယုံဘူးဆိုရင် ဒါဆိုဘာလဲ ယောက်ျားတွေကိုကြိုက်ပါတယ်လို့ပြောအောင် မင်းက သူ့ကိုတွန်းအားပေးနေတာလား..."

မော့အကြီးအကဲသည် မော့ရှစ်ကွော်ကို စိုက်ကြည့်လိုက်သည်။

ဒုတိယအဒေါ်က ဆက်ငိုနေတုန်းပင်။

"ဟုတ်ပြီ ချွေးမလေး ငိုမနေနဲ့တော့"

မော့အကြီးအကဲက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူ့အမူအရာက အနည်းငယ်ပြေလျော့သွားပြီး ပြောလိုက်သည်။

"စန်းကျစ်က ၂၇နှစ်ပြည့်ပြီးပြီ။ မငယ်တော့ဘူး။ မင်းအတွက် လက်တွဲဖော်ရှာဖို့ အချိန်ရောက်ပြီ။ မနက်ဖြန် မင်းနဲ့ အဆင့်အတန်းတူတဲ့သူတွေနဲ့ စကားစမြည်ပြောပြီး သင့်တော်တဲ့မိန်းကလေးရှိလားရှာကြည့်။ ရှိရင် သူတို့အတွက် ရက်တစ်ရက်ကို သတ်မှတ်ပေးပြီး သူ့ကိုတွေ့ခိုင်းလိုက်"

"ဟုတ်ကဲ့ နားလည်ပါပြီ အဖေ"

ဒုတိယအဒေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး သဘောတူလိုက်သည်။

ကြမ်းပြင်ပေါ်၌ရှိနေသေးသော မော့စန်းကျစ်သည် ဘာမှမပြောရဲပေ။ သူဖြည်းဖြည်းထလိုက်ပေမယ့် ဒူးထောက်ထားတုန်းပင်။

ဧည့်ခန်းထဲ၌ ကင်မရာတပ်ဆင်မထားသောကြောင့် မော့အိမ်တော်၌ ဘာဖြစ်သွားသည်ကို မော့တိမသိပေ။ သို့ပေမယ့် ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကြိုတင်ဟောကိန်းထုတ်နိုင်သည်။

မော့မိသားစု လိမ်ညာလက်ထပ်ဖို့ ကြိုးစားနေတာကို သူခွင့်မပြုနိုင်ပေ။

သူတို့စကားပြောနေသည်ကို စုန့်ယွီ မှတ်တမ်းမတင်ခဲ့သော်လည်း ကင်မရာ၌ မှတ်တမ်းတင်ထားသည်။ သူဒါကို ဦးလေးစုန့်အသံကိုပြောင်းပြီး သူ့နာမည်ကို ဖြတ်တောက်ပစ်ရန်သာ လုပ်ဖို့လိုသည်။ ဒါဆို ဒီဟာကို အင်တာနက်ပေါ်၌ သူ တင်လို့ရနိုင်သည်။

Xxxxxxx

Chapter 62

ေမာ့တိ သူၾကားလိုက္သည္ကို မယုံၾကည္နိုင္ေပ။ ေခြးေပါက္ေလးနာမည္ကို ၾကက္သြန္ျဖဴလို႔ ဘယ္လိုေတာင္ေပးရတာပါလိမ့္?!

သို႔ေပမယ့္ မုထ်န္းဟန္၏ ေက်နပ္ေနေသာအမူအရာကိုၾကည့္ၿပီး သူ႕မွာျငင္းဆိုရန္ ႏွလုံးသားမရွိေတာ့ေပ။

နာမည္က အေတာ္ေလး...ဆြဲေဆာင္မႈရွိပါတယ္။

"ကေလးေလးေရာ ဘယ္လိုထင္လဲ..."

မုထ်န္းဟန္က ေကာင္ေလး၏အမူအရာကို အနီးကပ္စိုက္ၾကည့္ရင္း ေပ်ာ္႐ႊင္မႈေတြႏွင့္ ျပည့္ႏွက္ေနသည္။

"ဟားဟား...အဲဒီနာမည္ အေတာ္ေလးေကာင္းပါတယ္"

ေမာ့တိဖ်စ္ညွစ္ရယ္လိုက္ၿပီး သူ႕လက္ထဲမွ 'ၾကက္သြန္ျဖဴေလး'ကို ၾကည့္လိုက္သည္။

'ၾကက္သြန္ျဖဴေလး'က သူ႕ကို အျပစ္ကင္းၿပီး႐ႊန္းလဲ့ေနေသာ မ်က္လုံးမည္းမည္းေလးေတြႏွင့္ ၾကည့္ေနသည္။

ေမာ့တိ: "..."

မရေတာ့ဘူး ဒီခ်စ္ဖို႔ေကာင္းတဲ့ 'ၾကက္သြန္ျဖဴ'ေလးအတြက္ သူကိုယ္စားတိုက္ခိုက္ေပးရမည္!

ေမာ့တိေခါင္းေမာ့၍ မုထ်န္းဟန္ကိုၿပဳံးျပၿပီး

"ကိုကို အဲဒီနာမည္ကေကာင္းပါတယ္။ ဒါေပမဲ့ ၾကက္သြန္ျဖဴဆိုတာ ေန႕တိုင္းစားေနၾကစားစရာေတြထဲက ပါဝင္ပစၥည္းႀကီးေလ။ ကြၽန္ေတာ္တို႔စြမ္းစြမ္းေလးက အျပစ္ကင္းပါတယ္"

"အမ္ ဟုတ္သားပဲ"

မုထ်န္းဟန္က သူ႕အျငင္းစကားကို အၿပဳံးေလးႏွင့္ တုန့္ျပန္လိုက္သည္။ သူ႕မိသားစုဝင္ျဖစ္ေသာ ေမာ့တိက ဤအေကာင္ေပါက္ေလးကို ဘယ္လိုထိန္းေၾကာင္းလဲဆိုတာ သူျမင္ခ်င္မိသည္။

"ဒါဆို ကေလးေလး မင္းမွာပိုေကာင္းတဲ့နာမည္ေတြရွိလား?"

"ဟုတ္ပါၿပီ...ကိုကိုေ႐ြးတဲ့ နာမည္ကေကာင္းပါတယ္။ တစြမ္း...အဲဒါက ခိုင္မာၿပီးအားေကာင္းတဲ့နာမည္ပဲ။ စကားလုံးေလး နည္းနည္းေျပာင္းလိုက္မယ္ဆိုရင္ ပိုၿပီးခ်စ္ဖို႔ေကာင္းသြားမွာပါ။အဟမ္း..."

ေမာ့တိ သူ႕အတိုက္အခံစကားေတြကို ထို႔ထက္ပိုမေျပာရဲေတာ့ေပ။

"ကြၽန္ေတာ္တို႔ စကားလုံးနည္းနည္းေလာက္ေျပာင္းၿပီး သူ႕အတြက္ ပိုထူးျခားတဲ့နာမည္ကို ဘာလို႔မေပးရတာလဲ..."

မုထ်န္းဟန္ အက်ယ္ႀကီးရယ္လိုက္ခ်င္ေပမယ့္ သူ၏ေအးေဆးတည္ၿငိမ္ေသာအမူအရာကို ထိန္းထားၿပီး

"ဒါဆို မင္းဘယ္လိုစကားလုံးကို သုံးခ်င္လဲ?"

"စြမ္းစြမ္း ()ဆိုရင္ေရာ...! က်ိစြမ္း ( = တြက္ခ်က္ျခင္း)က စြမ္းေလ။ ကိုကိုေပးထားတဲ့နာမည္ အတိုင္းပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက အတြက္အခ်က္ေတာ္ေတာ့ အဲဒီအဓိပ္ပါယ်က အိမ္ဆိုတာနဲ႕ပိုနီးစပ္တယ္ေလ။ အဲဒါေလးက ကြၽန္ေတာ္တို႔ရဲ႕ လာဘ္ေကာင္ေလးျဖစ္နိုင္တယ္! ခဲတစ္လုံးတည္းနဲ႕ ငွက္သုံးေကာင္မိတာပဲ! ကိုကိုေရာ ဘယ္လိုထင္လဲ?"

"စြမ္းစြမ္း?"

ေမာ့တိကိုေဖ်ာင္းျဖေျပာဆိုရန္ ေခြးေပါက္ေလးအတြက္ ပိုေကာင္းေသာနာမည္ကို စိတ္ပင္ပန္းခံၿပီး မုထ်န္းဟန္စဥ္စားခဲ့ေပမယ့္ ေမာ့တိေပးသည့္အႀကံကိုသာ လက္ခံလိုက္ရသည္။ သူ႕ကေလးေလးက အရမ္းကိုခ်စ္ဖို႔ေကာင္းၿပီး အရမ္းလည္းဥာဏ္ေကာင္းတာပဲ။

မုထ်န္းဟန္လည္း မေနနိုင္ေတာ့ဘဲ လက္ဆန့္ထုတ္၍ ေမာ့တိ၏ဆံပင္ကို ထိလိုက္သည္။ သူၿပဳံးၿပီးေျပာလိုက္သည္။

"အဲဒါက တကယ္ကို အရမ္းေကာင္းတဲ့ နာမည္ေလးပဲ"

ေမာ့တိ၏မ်က္ႏွာသည္လည္း ခ်က္ခ်င္း ၿပဳံးသြားၿပီး စြမ္းစြမ္း၏အေမႊးထူေသာနား႐ြက္ေလးမ်ားကို ဖ်စ္ညွစ္လိုက္သည္။

စြမ္းစြမ္း ဒီေက်းဇူးကို မင္းမွတ္ထားသင့္တယ္။ အဲဒီလို ျပင္းထန္တဲ့နာမည္မ်ိဳး အေပးမခံရေအာင္ ငါလုပ္ေပးခဲ့လို႔ပဲ။

"ဟုတ္ၿပီ အခု စြမ္းစြမ္းကို ႏွောင့္ယွက္ေနတာရပ္လိုက္ေတာ့။ ထမင္းစားဖို႔အခ်ိန္ေရာက္ၿပီ။ မင္း ညစာကို ဘာစားခ်င္လဲ?"

"ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္" ေမာ့တိ ျပန္ေျဖလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္...အဲဒါက ပိုၿပီးေျဖရွင္းဖို႔ ခက္တယ္"

မုထ်န္းဟန္ ေမာ့တိကို ႏူးညံ့သည့္မ်က္လုံးတို႔ႏွင့္ ၾကည့္လိုက္ၿပီး ခဏၾကာေတာ့ သူၿပဳံးကာေျပာလိုက္သည္။

"အသားကင္ဆိုရင္ေရာ ဘယ္လိုလဲ...ေနာက္ဆုံးအႀကိမ္တုန္းက ကိုယ္တို႔ဆီမွာ နည္းနည္းက်န္ေသးတယ္"

"အင္း" ေမာ့တိ ၿပီးၿပီးေရာေခါင္းညိတ္လိုက္သည္။ 'ဘာျဖစ္ျဖစ္ အဆင္ေျပတယ္'လို႔ေျပာတုန္းက ဘာျဖစ္ျဖစ္ ျငင္းမွာမဟုတ္ဘူးလို႔ တကယ္ဆိုလိုခ်င္တာျဖစ္သည္။

"ဒါဆို ကိုယ္သြားလုပ္လိုက္မယ္။ မင္းက ဧည့္ခန္းထဲမွာေနၿပီး ေစာင့္ေန"

"ကိုကို ကြၽန္ေတာ္ ကိုကို႔ရဲ႕လက္ေထာက္ လုပ္ေပးမယ္"

ေမာ့တိ ပ်င္းပ်င္းရိရိေနဖို႔ ျငင္းပယ္လိုက္သည္။ သူ စြမ္းစြမ္းကို ေအာက္ခ်လိဳက္ၿပီး မီးဖိုေဆာင္ထဲသို႔ ဝင္သြားသည္။

"မလိုပါဘူး။ အဲဒါက ခ်က္ဖို႔ လြယ္ပါတယ္။ လက္ေထာက္မလိုပါဘူး ၿပီးေတာ့..."

မုထ်န္းဟန္က စြမ္းစြမ္းကို ေတြးေတြးဆဆၾကည့္၍

"မင္းနာမည္မေျပာင္းလိုက္ဘူးဆိုရင္ အရသာပိုေကာင္းေအာင္လို႔ တကယ္ႀကီး ကိုယ္ မင္းကို ကူညီခြင့္ေပးခဲ့မွာ ဒါေပမဲ့ အခု ေမ့လိုက္ၾကရေအာင္"

(TN: က တစ္ခုခုကို ေမ့လိုက္ေတာ့ ဒါမွမဟုတ္ စိတ္ထဲမထားပါနဲ႕ လို႔ဆိုလိုပါသည္။ အဲဒါက စြမ္းစြမ္း၏နာမည္ႏွင့္ စကားလုံးခ်င္းတူပါသည္။)

အလြန္ ရယ္စရာေကာင္းေသာေၾကာင့္ ေမာ့တိ အသံထြက္ကာရယ္ေမာလိုက္သည္။ သူ စြမ္းစြမ္း၏ ေျခဖဝါးေလးကို ကိုင္ထားၿပီးေျပာလိုက္သည္။

"ဟားဟား စြမ္းစြမ္း မင္းသိၿပီလား? မင္းက ဟင္းခတ္အေမႊးအႀကိဳင္ေလးပဲ!"

မုထ်န္းဟန္ႏွင့္ ေမာ့တိတို႔ႏွစ္ဦးသား ႏြေးေထြးၿပီးခ်ိဳၿမိန္မႈေတြၾကား ေပ်ာ္႐ႊင္ေနက်ခ်ိန္တြင္ ေမာ့မိသားစုသည္ မၿငိမ္မသက္ ဆူဆူပူပူ အေျခအေနျဖစ္ေနၾကသည္။

ေမာ့ရွစ္ေကြာ္ သူ႕သားကို ျပင္းျပင္းထန္ထန္ စိုက္ၾကည့္လိုက္သည္။ ေတာင္ေဝွးကိုယူ၍ ေမာ့စန္းက်စ္ေဒါသတႀကီး ရိုက္လိုက္ၿပီး

"မင္း အသုံးမက်တဲ့ေကာင္! ေတာ္ေတာ္ကို အသုံးမက်ဘဴး။ ဒီႏွစ္ေတြအတြင္း အေမရိကမွာေနၿပီး မင္း ဘာေတြသင္ယူခဲ့တာလဲ?! အက်င့္ပ်က္ေဖာက္ျပန္တဲ့သူျဖစ္ဖို႔လား?! ေယာက္်ားေတြကိုႀကိဳက္ဖို႔လား?! လိင္တူခ်င္းဆက္ဆံတဲ့သူျဖစ္ဖို႔လား?! ငါ မင္းကိုေသေအာင္ရိုက္မယ္! အရွက္မရွိတဲ့ေကာင္! ငါ မင္းကိုသတ္..."

"ဦးေလး! ေတာ္ပါေတာ့! ဒီထက္ပိုၿပီး တတိယအစ္ကိုကို မရိုက္ပါနဲ႕ေတာ့!"

ေမာ့စန္းက်စ္အား တုတ္ႏွင့္ရိုက္မည္ကို ျမင္ၿပီး ေမာ့လွ်ိုေကြ႕သည္ ေမာ့က်စ္စန္းအတြက္ ကမန္းကတန္း ကာေပးလိုက္သည္။

"ဦးေလး သူ႕ကို ဒီထက္ပိုၿပီး မရိုက္ပါနဲ႕ေတာ့။ အစ္ကို အမွားလုပ္ခဲ့တာ ဘာမွမရွိဘူး"

"သူက ဘာအမွားမွ မလုပ္ခဲ့ဘူးလား... ဒီဟာက ဘယ္လိုလုပ္ အမွားမဟုတ္ရမွာလဲ....ေရွာင္ေကြ႕ သူ႕ကိုကာကြယ္ေပးမေနနဲ႕။ ငါ ဒီအရွက္မရွိတဲ့ေကာင္ကို ဒီေန႕သတ္ကိုသတ္ရမယ္! သူ ေယာက္်ားေတြေခၚလာတာကို ငါခြင့္မျပဳနိုင္ဘူး။ အဲဒါ ငါတို႔မိသားစုကို သိကၡာက်ေစတယ္!"

"ေရွာင္ေကြ႕...ေရွာင္ေကြ႕ အေဝးမွာေန။ မင္း ငါ့ကိုကာကြယ္ေပးစရာ မလိုဘူး။ မင္းကိုမွားရိုက္မိရင္ ငါပိုၿပီးေတာ့ေတာင္ စိတ္ေသာကေရာက္ရလိမ့္မယ္"

ေမာ့စန္းက်စ္ ျပင္းျပင္းထန္ထန္ တြန္းထုတ္လိုက္သည္။ သူ ေမာ့လွ်ိုေကြ႕ကိုၾကည့္ၿပီး သူ႕ညီမသည္သာ အေကာင္းဆုံးလို႔ ခံစားရသည္။ ဘယ္သူကမွ အနားတိုးမလာၾကေပ။

တစ္ေယာက္ေယာက္က သူမကို ထိခိုက္နာက်င္ေအာင္ သူလုပ္ခြင့္ေပးမွာမဟုတ္ဘူး။

"တတိယအစ္ကို အစ္ကိုဒီလိုမ်ိဳး အရိုက္ခံေနရတာကို ငါရပ္ၾကည့္မေနနိုင္ဘူး"

ေမာ့လွ်ိုေကြ႕ နီရဲေသာမ်က္လုံးမ်ားႏွင့္ ေမာ့စန္းက်စ္ကိုၾကည့္လိုက္ၿပီး ေမာ့ရွစ္ေကြာ္ကိုၾကည့္လိုက္သည္။ သူမ အသနားခံစြာျဖင့္

"ဦးေလး သူ႕ကိုမရိုက္ပါနဲ႕ေတာ့။ ဆက္ရိုက္မယ္ဆိုရင္ သူေဆး႐ုံေရာက္သြားလိမ့္မယ္။ ဒါဆို နာက်င္ရတဲ့သူက ဦးေလးဘဲျဖစ္လိမ့္မယ္"

"ဟုတ္တယ္ ရွစ္ေကြာ္ သူ႕ကိုမရိုက္ပါနဲ႕ေတာ့ ေက်းဇူးျပဳၿပီး..."

ဒုတိယအေဒၚက သူေနာက္၌ ငိုရွိုက္ရင္းေျပာသည္။ သူမက ေမာ့ရွစ္ေကြာ္၏ လက္ကိုကိုင္ၿပီး အသနားခံကာျဖင့္

"ရွစ္ေကြာ္ ေတာင္းဆိုပါတယ္။ ငါတို႔ သူ႕အမွားကို ျပန္ျပင္လို႔ရေသးတယ္ေလ။ ဒါေပမဲ့ သူ႕ကိုေတာ့ အဲလိုရိုက္လို႔မရဘူး"

ေမာ့လွ်ိုေကြ႕သည္လည္း ထပ္ေျပာသည္။

"ဦးေလး စုန့္ယြီက တတိယအစ္ကိုကို လမ္းမွားေရာက္ေအာင္ ေသြးေဆာင္ဖ်ားေယာင္းတာပါ ဒါေပမဲ့ အခုသူတို႔ျပတ္သြားပါၿပီ။ သူအဲဒီလူကို မႀကိဳက္ေတာ့ပါဘူး။ သူ႕ကိုဘာလို႔ဆက္ၿပီး အျပစ္ေပးေနရေသးတာလဲ...ဒီလိုလုပ္တာက သူ႕တစ္ေယာက္တည္းကိုပဲ နာက်င္ေစလိမ့္မယ္"

"သူေျပာခဲ့တာေတြေၾကာင့္ သူေျပာင္းလဲနိုင္မယ္လို႔ ငါမယုံဘူး!"

ေမာ့ရွစ္ေကြာ္၏ မ်က္လုံးမ်ားက ေဒါသေၾကာင့္ ေသြးေရာင္နီရဲေနသည္။

"ဒီလိုေကာင္မ်ိဳးကို ငါ့သားအျဖစ္ အသိအမွတ္မျပဳနိုင္ဘူး!"

"အေဖ ကြၽန္ေတာ္ေျပာင္းလဲသြားပါၿပီ။ တကယ္ကိုေျပာင္းလဲသြားပါၿပီ!"

ေမာ့လွ်ိုေကြ႕မ်က္လုံးမွိတ္ျပသည္ကိုျမင္ၿပီး ေမာ့စန္းက်စ္က အခ်က္ျပကို နားလည္လိုက္ကာ အလ်င္အျမန္ပင္ ေနာင္တရေနေသာအျပဳအမူကို ေဖာ္ျပလိုက္သည္။

"အေဖ ကြၽန္ေတာ္မွားတာသိပါတယ္။ ဒါေပမဲ့ အခုၿပီးသြားပါၿပီ။ အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္က စုန့္ယြီဖ်ားေယာင္းေသြးေဆာင္တာကို ခံရတာပါ။ သူ႕ကို သေဘာက်လာေအာင္လုပ္တယ္။ အေဖမသိလို႔ သူက တစ္ေယာက္ေယာက္ကို ေသြးေဆာင္တဲ့ေနရာမွာ အရမ္းေတာ္တယ္"

"ဒါေပမဲ့ ကြၽန္ေတာ္ အိမ္ျပန္လာေတာ့ ကြၽန္ေတာ္ လွည့္စားခံလိုက္ရတယ္ဆိုတာ နားလည္သြားတယ္။ ကြၽန္ေတာ့္မွာ သူ႕အတြက္ ဘာခံစားခ်က္မွမရွိပါဘူး။ ကြၽန္ေတာ္ သူနဲ႕ လမ္းခြဲခ်င္ေပမဲ့ သူ ကြၽန္ေတာ့္ကို ဒီကို လာရွာမယ္လို႔ မေမွ်ာ္လင့္ထားဘူး။ ကြၽန္ေတာ္ လမ္းခြဲခ်င္တယ္ဆိုတာ သူသိလို႔ ဒီလို မဟုတ္မမွန္အတင္းအဖ်င္း စကားေတြကိုေျပာခဲ့တာ။ အေဖ သူက ကြၽန္ေတာ္ ပ်က္စီးသြားတာကို လိုခ်င္တာ"

"ကြၽန္ေတာ္ သူ႕ကို လုံးဝမႀကိဳက္ဘူး။ အခု သူ႕ကို မုန္းေတာင္မုန္းသြားၿပီ။ အေဖ ကြၽန္ေတာ္ ေယာက္်ားေတြကို မႀကိဳက္ပါဘူး။ မိန္းမေတြကိုဘဲ ႀကိဳက္တာပါ!"

"ရွစ္ေကြာ္! ရွစ္ေကြာ္ ၾကည့္ပါအုံး! ငါတို႔သားက သူ႕အမွားကို သိၿပီးသားပါ။ သူေျပာင္းလဲသြားပါၿပီ။ သူ႕ကိုမရိုက္ပါနဲ႕ေတာ့!"

ဒုတိယအေဒၚက ငိုၿပီး ေမာ့ရွစ္ေကြာ္၏လက္ထဲက ေတာင္ေဝွးကို လွမ္းဆြဲလိုက္ကာျဖင့္

"စန္းက်စ္က ေျမေခြးေကာင္ရဲ႕ ျပဳစားမႈေအာက္ေရာက္သြားတာပါ။ အခု သူအဆင္ေျပပါၿပီ။ အရင္တုန္းက မွားခဲ့တာကိုလည္း သူသိပါတယ္။ ၿပီးေတာ့ မိန္းကေလးကိုပဲ ႀကိဳက္တုန္းပါ။ ဒါေၾကာင့္ ေတာင္းဆိုပါတယ္။ သူ႕ကိုခြင့္လႊတ္ေပးပါ ခြင့္လႊတ္ေပးပါ..."

ေမာ့ရွစ္ေကြာ္ ေဒါသထြက္ထြက္ျဖင့္ "နင္ တိတ္တိတ္ေနစမ္း! သူ႕ကိုအလိုလိုက္လြန္းလို႔ သူကဆိုးေနတာ။ တစ္သက္လုံးစာအတြက္ ဒီေန႕ကို သူအမွတ္ရေနေအာင္ ငါလုပ္ေပးမယ္!ငါ..."

"ေတာ္သင့္ၿပီ!" အဓိကထိုင္ခုံ၌ ထိုင္ေနေသာ မိသားစုအႀကီးအကဲသည္ ေဒါသတႀကီးေအာ္လိုက္သည္။ သူသည္ လက္ဖက္ရည္ခြက္ကို ေဘးရွိစားပြဲေပၚထားလိုက္သည္။

ေမာ့ရွစ္ေကြာ္သည္ ေမာ့မိသားစုအႀကီးအကဲကို ၾကည့္လိုက္ၿပီး "အေဖ..."

"မင္းေအာ္ေနတာ ရပ္လိုက္ေတာ့! ငါ့ကို မင္းအေဖလို႔ေရာ ထင္ေသးရဲ႕လား?!"

ေမာ့အႀကီးအကဲမွာ ေဒါသေၾကာင့္ သူ႕အသံက်ယ္သြားသည့္အတြက္ အသက္ကို ျပင္းျပင္းထန္ထန္ရႉထုတ္လိုက္သည္။

"သူ ေနာင္တရၿပီးၿပီ။ ဒါေတာင္ မင္းက သူ႕ကို ေဆး႐ုံေရာက္ေအာင္လုပ္ေနတာလား? အဲဒီအေၾကာင္းသာ သတင္းျပန့္သြားၿပီး လူေတြက ေမးခြန္းထုတ္လာရင္ ဘာဆက္ျဖစ္မလဲ...သူက လိင္တူခ်င္းႀကိဳက္တဲ့သူျဖစ္တာေၾကာင့္ မင္းက သူ႕ကိုေဆး႐ုံတင္ရေလာက္ေအာင္အထိ ရိုက္လိုက္တာလို႔ မင္းေျပာမွာလား... ရွက္ဖို႔ေကာင္းတယ္ဆိုတာ ဘာလဲေရာ မင္းသိရဲ႕လား...!"

"အေဖ အဲဒါက..."

ေမာ့ရွစ္ေကြာ္ သူ႕လက္ထဲမွ ေတာင္ေဝွးကို ပစ္ခ်လိဳက္ေပမဲ့ ေဒါသေတာ့ မေျပေသးေပ။

"အေဖက သူ႕အတြက္ အျပစ္ေလ်ာ့ေအာင္ လုပ္ေန႐ုံပါပဲ။ ကြၽန္ေတာ္တို႔ ဒါကိုဒီအတိုင္း ေက်ာ္မသြားနိုင္ဘူး"

"ဘာလို႔ မရ ရမွာလဲ...သူ သူ႕အမွားကိုသိၿပီး ျပဳျပင္ေနၿပီ။ အဲဒါနဲ႕မလုံေလာက္ေသးဘူးလား...မင္းက သူ႕ကို ဘာလုပ္ေစခ်င္ေသးတာလဲ? သူေယာက္်ားေတြ မႀကိဳက္ဘူးလို႔လည္း ေျပာခဲ့ၿပီးၿပီ။ မင္းသူ႕ကို မယုံဘူးဆိုရင္ ဒါဆိုဘာလဲ ေယာက္်ားေတြကိုႀကိဳက္ပါတယ္လို႔ေျပာေအာင္ မင္းက သူ႕ကိုတြန္းအားေပးေနတာလား..."

ေမာ့အႀကီးအကဲသည္ ေမာ့ရွစ္ေကြာ္ကို စိုက္ၾကည့္လိုက္သည္။

ဒုတိယအေဒၚက ဆက္ငိုေနတုန္းပင္။

"ဟုတ္ၿပီ ေခြၽးမေလး ငိုမေနနဲ႕ေတာ့"

ေမာ့အႀကီးအကဲက လက္ဖက္ရည္ခြက္ကို ယူလိုက္ၿပီး တစ္ငုံေသာက္လိုက္သည္။ သူ႕အမူအရာက အနည္းငယ္ေျပေလ်ာ့သြားၿပီး ေျပာလိုက္သည္။

"စန္းက်စ္က ၂၇ႏွစ္ျပည့္ၿပီးၿပီ။ မငယ္ေတာ့ဘူး။ မင္းအတြက္ လက္တြဲေဖာ္ရွာဖို႔ အခ်ိန္ေရာက္ၿပီ။ မနက္ျဖန္ မင္းနဲ႕ အဆင့္အတန္းတူတဲ့သူေတြနဲ႕ စကားစျမည္ေျပာၿပီး သင့္ေတာ္တဲ့မိန္းကေလးရွိလားရွာၾကည့္။ ရွိရင္ သူတို႔အတြက္ ရက္တစ္ရက္ကို သတ္မွတ္ေပးၿပီး သူ႕ကိုေတြ႕ခိုင္းလိုက္"

"ဟုတ္ကဲ့ နားလည္ပါၿပီ အေဖ"

ဒုတိယအေဒၚက မ်က္ရည္ေတြကို သုတ္လိုက္ၿပီး သေဘာတူလိုက္သည္။

ၾကမ္းျပင္ေပၚ၌ရွိေနေသးေသာ ေမာ့စန္းက်စ္သည္ ဘာမွမေျပာရဲေပ။ သူျဖည္းျဖည္းထလိုက္ေပမယ့္ ဒူးေထာက္ထားတုန္းပင္။

ဧည့္ခန္းထဲ၌ ကင္မရာတပ္ဆင္မထားေသာေၾကာင့္ ေမာ့အိမ္ေတာ္၌ ဘာျဖစ္သြားသည္ကို ေမာ့တိမသိေပ။ သို႔ေပမယ့္ ဘယ္လိုေတြ ျဖစ္လာမလဲဆိုတာကိုေတာ့ ႀကိဳတင္ေဟာကိန္းထုတ္နိုင္သည္။

ေမာ့မိသားစု လိမ္ညာလက္ထပ္ဖို႔ ႀကိဳးစားေနတာကို သူခြင့္မျပဳနိုင္ေပ။

သူတို႔စကားေျပာေနသည္ကို စုန့္ယြီ မွတ္တမ္းမတင္ခဲ့ေသာ္လည္း ကင္မရာ၌ မွတ္တမ္းတင္ထားသည္။ သူဒါကို ဦးေလးစုန့္အသံကိုေျပာင္းၿပီး သူ႕နာမည္ကို ျဖတ္ေတာက္ပစ္ရန္သာ လုပ္ဖို႔လိုသည္။ ဒါဆို ဒီဟာကို အင္တာနက္ေပၚ၌ သူ တင္လို႔ရနိုင္သည္။

Xxxxxxx

Continue Reading

You'll Also Like

299K 5.7K 29
{COMPLETE} A high school romance about a girl and a guy who find a new path to start their love. Hot bad boy jungkook meets new y/n at school and sta...
188K 372 19
Just a horny girl
My Boy By Taehyun

Non-Fiction

4.2K 453 23
تهیونگ کیم، تازه‌ وارد دبیرستان تاونسند هریس ایالات متحده، فکرش رو نمی‌کرد پسری که توی پیست مسابقه شکستش داده یکی از دانش‌آموزهای اون مدرسه باشه. جون...
238K 11.9K 91
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...