အခန်းတံခါးကို ရန်ငြိမ်း အသာအယာဖွင့်ကာ အခန်းထဲ ဝင်ခဲ့သည်။ ရှုပ်ပွနေမည် ထင်ထားပေမယ့် တစ်ခန်းလုံး ပစ္စည်းတွေက သေသေသပ်သပ်ဖြင့် ခြေရာလက်ရာ မပျက် ရှိနေသည်။
" ဆလိုင်း ... ဆလိုင်း ... "
ရန်ငြိမ်းက ခေါ်ကြည့်တော့ ဆလိုင်း၏ တုံ့ပြန်သံ မကြားပေ။ ရေချိုးခန်းတံခါးကို ဖွင့်ကြည့်တော့လည်း ရေချိုးခန်းထဲမှာလည်း ဆလိုင်းက ရှိမနေပေ။ ရန်ငြိမ်း စိတ်ပူစွာဖြင့် bath_tubထဲ ရှာတော့လည်း ဆလိုင်းကို မတွေ့ပေ။ ဆလိုင်း ဒီအခန်းထဲ ဝင်သွားတာ နှစ်နာရီလောက်ရှိပြီ။ ပြန်ထွက်လာတာ မတွေ့သေးတာမို့ ဒီအခန်းအတွင်းမှာသာ ရှိနိုင်သည်။
" ဆလိုင်း ... ဘယ်မှာလဲ။ "
ရန်ငြိမ်းက ခြေစုံရပ်ပြီးမှ အသံကို နားစွန့်ကြည့်သည်။ အသက်ရူူသံ သဲ့သဲ့ကြားမှ ရန်ငြိမ်းက မယုံတစ်ဝက်ဖြင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။ဆလိုင်းက တကယ်ပဲ ကုတင်အောက်မှာ ရှိနေခဲ့သည်။ ပက်လက်လှန်ပြီး ဖြစ်သလို လှဲနေကာ မျက်လုံးတွေက မျက်ရည်ကျနေသည်။
" ဆလိုင်း "
ရန်ငြိမ်းက စိုးရိမ်စွာဖြင့် ဆလိုင်း၏ လက်တစ်ဖက်ကို ဆွဲလိုက်ပြီး ကုတင်အောက်မှ ဆွဲထုတ်လိုက်သည်။ဆလိုင်း၏ မျက်နှာမှာ အရာအားလုံး ဆုံးရှုံးလိုက်ရသလို ကြေကွဲရိပ်တွေ ရှိနေသည်။ဆလိုင်းက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဝှက်ထားသလို ဖုံးကွယ်ထားပြီး ခန္ဓာကိုယ်ကို ကွေးကုပ်ထားပြီး တဆက်ဆက်တုန်နေသည်။
" ဖြစ်ပြီးတာတွေက ပြန်ပြင်လို့မှ မရတော့တာ။ မင်းလည်း တမင်လုပ်ခဲ့တာမှ မဟုတ်တာကွာ ဆလိုင်းရာ ...။ "
" ရန်ငြိမ်း ... ငါကြောက်တယ်။ ငါ အရမ်း ကြောက်တယ် ... "
ဆလိုင်းကို ကြည့်ပြီး ရန်ငြိမ်းလည်း စိတ်မကောင်းပေ။ချစ်တဲ့သူကို အရက်စက်ဆုံး နည်းလမ်းနဲ့ ဆုံးရှုံးရသည့် ခံစားချက်က ဆိုးဝါးသည်။ရန်ငြိမ်းက ဆလိုင်းကို ဆွဲထူလိုက်ပြီး ပခုံးကို ဖက်ထားပေးသည်။
" ငါကြောက်တယ်။ ငါ ပြန်မတွေးရဲဘူး။ ငါ မနေချင်တော့ပါဘူး ရန်ငြိမ်းရာ။ ငါ ဒီလို ဘဝကြီးနဲ့ မနေချင်တော့ပါဘူး။ ငါ့မှာ တွယ်တာစရာလည်း မရှိတော့ပါဘူး။ ငါ့ရဲ့ တစ်ခုတည်းသော တန်ဖိုးထားရာကို ငါ့လက်နဲ့ ဖျက်ဆီးပစ်လိုက်မိတာ။ ငါ ထပ်မနေချင်တော့ဘူး။ ရှင်သန်ရမှာ ကြောက်တယ်။ "
" ငါ မင်းကို နားလည်ပါတယ်။ ဒါပေမယ့် စောမင်းခန့် ဖြစ်သွားတဲ့ ကိစ္စက မတော်တဆပါ။ မင်း သူ့ကို ကယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့တာပဲ။ "
ရန်ငြိမ်းက နှစ်သိမ့်ပေးတော့ ဆလိုင်းက ခေါင်းရမ်းသည်။ ဆလိုင်းက အော်ဟစ် ငိုမနေတော့ပေမယ့် ရင်ထဲမှာ မွန်းကြပ်ပြီး လည်ချောင်းဝအထိ ဆို့တက်နေသည်။
" တရားခံကငါ ...ငါပါ။ ငါသာ သူ့ကို ယုံကြည်ပြီး မချုပ်ထားရင် ... "
ဆလိုင်းက ထပ်မပြောနိုင်တော့ဘဲ အန်ချသည်။ အစားမရှိတာမို့ လေတွေပဲ အန်မိကာ ခံစားချက်က ပြင်းထန်လာတော့ သွေးတွေပါ ပါသည်။
" လွင်ဦးနိုင် ပြောသလို ငါကသာ ... ငါက ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူကို အနာကျင်ဆုံး၊ အရက်စက်ဆုံး နည်းနဲ့ သေစေခဲ့တာ။ ငါတောင်းဆိုပါတယ်။ ငါ့ကို လွတ်မြောက်ခွင့်ပေးပါ။ သူ့ ခြေထောက်တစ်ဖက် ဒုက္ခအဖြစ်ခံပြီး ကယ်ခဲ့တဲ့ ငါ့အသက်ကို ငါ့လက်နဲ့တော့ မဖျက်ဆီးရက်ဘူး။ အဲဒါကြောင့် ငါ့ကို သတ်ပေးပါ။ ငါတောင်းဆိုပါတယ်။ အသက်ရှင်နေရင် ပိုနာကျင်ရလို့ပါ။ ငါ့ကို တစ်ခုခုလုပ်ပေးပါ။ ငါ မနေချင်တော့ပါဘူး။ နေလည်း မနေရဲတော့ဘူး။ "
စကားတွေ တရစပ်ပြောပြီး မချိမဆန့် နာကျင်နေတဲ့ ဆလိုင်းကို ကြည့်ကာ ရန်ငြိမ်းက ပိုမိုတင်းကြပ်နေအောင် ဖက်ထားပေးသည်။ အခုအချိန်မှာ ဘယ်စကားကမှ ဆလိုင်းကို နှစ်သိမ့်ရာ ရောက်မှာမဟုတ်ပေ။
" ရူးနေလား။ ဘာလို့ အဲဒီလို တွေးရတာလဲ။ အစ်ကို စောမင်းခန့်လည်း အဲဒီလို ဖြစ်စေချင်မှာ မဟုတ်ဘူး။ မင်း ကောင်းကောင်း အသက်ရှင်ဖို့အတွက်တောင် သူက ... "
ဆလိုင်းက ခေါင်းရမ်းသည်။ ပြီးနောက် ရန်ငြိမ်း၏ ရင်ဘတ်ပေါ် မျက်နှာအပ်ထားကာ ရှိုုက်ငိုနေသည်။
" ပေါင်မုန့်လေးတစ်ဖဲ့အတွက်လေ။ ဘယ်နှကြိမ်ပဲ ပြန်စဥ်းစား၊ စဥ်းစား ငါ သူ့အပေါ်ကောင်းပေးတာဆိုလို့ ဘာမဟုတ်တဲ့ ပေါင်မုန့်လေးပဲ လုပ်ပေးဖူးတာ။ အဲဒီ ပေါင်မုန့်လေး တစ်ဖဲ့အတွက်နဲ့ သူ့တစ်ဘဝလုံးနဲ့ လဲခဲ့ရတယ်။ တန်လို့လား ရန်ငြိမ်းရာ။ တန်လို့လား ... ငါတော့ ရူးရပါပြီ။ ရူးရပါပြီ။ "
" ဆလိုင်း "
တံခါးဝမှာ ရပ်နေတဲ့ တော်နေဇော်က ခေါ်လိုက်သည်။ ဆလိုင်း စိတ်အခြေအနေ အဆိုးဝါးဆုံးဖြစ်နေတာမို့ ရန်ငြိမ်းက တော်နေဇော့်ကို တောင်းပန်သလို ကြည့်သည်။
" တော်တော့ ... အရူးလို လုပ်မနေနဲ့တော့။စိတ်ပျက်လာပြီ။စောမင်းခန့် နေယံနှင့်အတူရှိနေတယ်။နေယံ သူ့ကို စောင့်ရှောက်ထားတယ်။ သတိရ၊မရတော့ မသိဘူး။ "
တော်နေဇော်က ခပ်တန်းတန်းသာ ပြောလိုက်သည်။ ဆလိုင်းက ချက်ချင်းပင် ဒယိမ်းဒယိုင်ဖြင့် ထ, လာကာ တော်နေဇော့် အနား ပြေးသွားသည်။သို့ပေမယ့် တော်နေဇော်၏ မျက်နှာကိုသာ ကြည့်နေကာ အတည်ပြုချင်ဟန် ဘာမှမပြောဘဲ ငြိမ်နေသည်။နားကြားလွဲမှာ သေလောက်အောင် ကြောက်နေသည်။
" အင်း ... သူအသက်ရှင်တယ်။ မီးထဲကနေ နေယံနှင့်ငါ မနည်း ခေါ်ထုတ်ထားရတာမို့ ငါ ဒီကို မလာခင်ထိ သူ သတိတော့မရသေးဘူး။"
ဆလိုင်းက တော်နေဇော်၏ လက်ကို ဆုပ်ကိုင်ကာ အားကိုးတကြီး မေးသည်။
" တကယ်လား။ "
" အင်း ... အဲဒီတုန်းက သတိမေ့နေတဲ့ စောမင်းခန့်အတွက် အလျင်လိုနေလို့ အိမ်အနောက်ဘက် အပေါက်က ထွက်ပြီးပြီးချင်း နေယံက ချက်ချင်း ထွက်သွားခဲ့တာ။မီးလွတ်တာဆိုလို့ အိမ်အနောက်ဘက်က တစ်နေရာစာပဲ ရှိတာ။ ငါတို့ထွက်ပြီး ခဏအတွင်းမှာပဲ တစ်အိမ်လုံး ပေါက်ကွဲသွားတာ။ အချိန်မီလိုက်တယ်။ မင်းသာ ဒီလိုပုံစံဖြစ်မနေရင် ငါပြောပြမှာ မဟုတ်ဘူး။ "
ဆလိုင်းက ကြမ်းပေါ်ထိုင််ချလိုက်သည်။ ဒီအခိုက်အတန့်ကနေ ကျော်လွှားနိုင်ပြီ။ ဒီအခြေအနေဆိုးကြီးမှ ကျော်လွှားနိုင်ခဲ့ပြီ။ ဆလိုင်းက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီးနောက် အားယူကာ ပြန်ထပြီး ချက်ချင်း ထ, ပြေး သွားသည်။
" လိုက်သွားဦး။ ဘယ်အိမ်မှာလဲ မမေးဘဲ သွားရတယ်လို့။ မြောက်ဘက်အိမ်မှာ စောမင်းခန့်က ... "
တော်နေဇော်က ရန်ငြိမ်း၏ လက်ထဲ ကားသော့ကို ပစ်ပေးကာ မေးငေါ့ပြသည်။ ရန်ငြိမ်းက ကားသော့ကို ဖမ်းယူကာ ပြုံးလိုက်ပြီး အနောက်မှ ပြေးလိုက်သွားသည်။ ဆလိုင်းအတွက် တကယ်ပင် ဝမ်းသာပါသည်။
.................................
မြောက်ဘက်အိမ်ကို ရောက်ပြီး စောမင်းခန့် ရှိနေမည့် အခန်းကို အိမ်အကူတွေမှ တဆင့် သိပြီးနောက် ဆလိုင်းက အိမ်ပေါ်ကို စိတ်လှုပ်ရှားစွာ တက်လာခဲ့သည်။ ဒီသတင်းကို တော်နေဇော် ပြောတာမဟုတ်ရင် ဆလိုင်း ယုံမှာမဟုတ်ပေ။
ဆေးနှင့်ရေဇလုံအပြင် ပတ်တီးလိပ်တွေ သယ်လာတဲ့ အိမ်အကူကောင်မလေးက စောမင်းခန့်၏ အခန်းမှ ထွက်လာခဲ့သည်။ဆလိုင်းကို တွေ့တော့ နှုတ်ဆက်ဖို့ ဟန်ပြင်ပြီးမှ ဆလိုင်းက စောမင်းခန့် အိပ်နေသေးရင် အနှောက်အယှက်ဖြစ်မှာ စိုး၍ တိုးတိုးလေးနေဖို့ အချက်ပြလိုက်သည်။ ကောင်မလေးက ခေါင်းငြိမ့်ပြီး ထွက်လာသည်။
အနည်းငယ် လစ်ဟနေတဲ့ အခန်းတံခါး၏ လက်ကိုင်ဘုကို ဆလိုင်းက ဆွဲလိုက်ပြီး တိတ်တဆိတ် ဖွင့်ဖို့ လုပ်ပြီးမှ အထဲက အသံကြားလာရတော့ တံခါးနားမှာတင် ရပ်နေမိသည်။
" အခုလို ဖြစ်ရတာနဲ့ တန်လို့လား။ အစ်ကို သေတော့မလို့ နည်းနည်းပဲ လိုတော့တာ။ "
" အချစ်မှာ ပေးဆပ်တာတွေ ရယူတာတွေ မရှိသလိုတန်တယ်၊ မတန်ဘူး မရှိပါဘူး။အားလုံးက ငါ့စိတ် ငါ့သဘောမို့ ရလဒ်တိုင်းကို ငါ ကျေနပ်နိုင်ပါတယ်။ တစ်ခုပဲ သူ့ကို နာကျင်စေဖို့ မရွယ်ရွယ်ပေမယ့် သူကို ခံစားစေမိပြီ။ "
နေယံက ခေါင်းတရမ်းရမ်းဖြင့် စောမင်းခန့်၏ လက် တစ်လျှောက်မှာ ဟိုတစ်ကွက်၊ဒီတစ်ကွက် မီးဟပ်ရာတွေကို ဆေးလိမ်းပေးနေသည်။စောမင်းခန့်၏ မျက်နှာတစ်ဝိုက်မှာလည်း ပတ်တီးတွေ၊ အနာကပ် ကပ်ခွာတွေ ဟိုဒီအပြည့်ပင်။ လည်တိုင်၏ ညာဘက်မှာ ဂွမ်းစ ခပ်ကြီးကြီးခံကာ အပေါ်မှ ဆေးကပ်ခွာ ကပ်ထားရသေးသည်။
" ဘာလို့ သူ့ကိုမှ အဲဒီလောက်ချစ်ရတာလဲ။ သူက အစ်ကိုနဲ့ တကယ်မတန်ဘူး။ "
" သူက ပထမဆုံးသူ။ ငါ့ကို နွေးထွေးပေးတဲ့သူ။ အမေပြီးရင် သူက ငါ့အပေါ် နွေးထွေးပေးတဲ့ ပထမဆုံးသူ။ "
" ကျွန်တော်သာဆို သူ့ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ "
" ငါ သူ့အတွက် လုပ်ပေးခဲ့တာ မှန်တယ်။ ဒါပေမယ့် ငါ့အမှား မကင်းတာမို့ သူဒီလမ်းကို ရောက်လာသေးတယ်မလား။ သေချာစဥ်းစား ကြည့်ရင် ငါကလည်း သူ့အပေါ် နာကျင်စေခဲ့တာပဲလေ။ ငါတို့ ပွင့်လင်းခဲ့ရင် သူလည်းနာကျင်ရမှာ မဟုတ်ဘူး။ "
" အစ်ကို့ကိုကြည့်ပြီး ချစ်ရမှာ ကြောက်လာပြီ။ ကိုယ်ချစ်တဲ့ တစ်စုံတစ်ယောက်ကို တွေ့ရမှာ ကြောက်လာပြီ။ ဒါနဲ့ ... အန်ကယ်ဇေယျာက ဘာပြောလဲ။ "
" သူနောင်တ ရနေပါတယ်။ တောင်းပန်တယ်လို့ ပြောတယ်။ သူရိန်တို့အုပ်စုကို မိသွားပြီဆိုတော့ ငါ သေပြီအထင်နဲ့ ဆလိုင်းကို နာကျင်ရအောင် ငါ သူ့အပေါ် ကောင်းပေးခဲ့တဲ့ အကြောင်းတွေ ဖော်နိုင်တယ်။ငါ သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ငါ့ဘက်က တစ်ဖက်သတ် ခံစားချက်တွေကို သူ သိသွားပြီး အားနာနေမှာလည်း မဖြစ်စေချင်ဘူး။ သူ ချစ်တဲ့ မိန်းကလေးနှင့်အတူ အေးအေးချမ်းချမ်း လက်တွဲသွားနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ ရက်ပိုင်းလောက်နေရင် ငါ ထွက်သွားတော့မယ်။ သူလည်း ကြာရင် ငါ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ။ "
" အစ်ကိုကလေ တကယ်ကိုပဲ ... "
နေယံက စောမင်းခန့်ကို အပြစ်တင်ချင်ပေမယ့် အပြစ်တင်မည့် စကားတွေက မထွက်ဘဲ စောမင်းခန့်၏ မျက်နှာ နုနုငယ်ငယ်လေးကိုသာ ငေးကြည့်နေလိုက်သည်။
ဆလိုင်း၏ လက်တစ်ဖက်မှ လက်သီးဆုပ်ထားလိုက်သည်။ နောက်ဆုံးအထိ ကိုယ့်အပေါ် တွေးပေးတဲ့ စောမင်းခန့်၏ အချစ်တွေကို ထပ်ပြီး ခံယူရမှာ ကြောက်မိသည်အထိပင်။ ဆလိုင်းက ကိုယ့်ကိုယ်ကိုယ်သာ အချစ်တတ်ဆုံး ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ စောမင်းခန့်ကို မယှဥ်သာပေ။
" ကျွန်တော့်ကို ထားခဲ့ဖို့ လုပ်ပြန်ပြီလား။ "
ဆလိုင်းက တံခါးကို အဆုံးထိ ဖွင့်ကာ ဝင်လာသည်။ စောမင်းခန့်က ခေါင်းအုံးကို မီကာ ခပ်လျောလျော ထိုင်နေရာမှ ချက်ချင်းပင် ခါးမတ်လာသည်။
" ခင်ဗျားပဲ ဆုံးဖြတ်ချက် ချနေတော့မှာလား။ ကျွန်တော့်ကို ဘာမှမမေးတော့ဘူးလား။ ခင်ဗျား ထင်ရာတွေလျှောက်လုပ်တာ ကျွန်တော့်မှာ အရူးလိုပဲ။ အခုလည်း ထားခဲ့ဖို့ လုပ်ပြန်ပြီ။ "
စောမင်းခန့်က နှုတ်ခမ်းတွေ အနည်းငယ် တုန်ယင်နေသည်။ သေတောင်သေရဲပေမယ့် ဆလိုင်း ငိုနေတာမျိုးကို မကြည့်ရဲပေ။ စောမင်းခန့်၏ ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်တွေကို ဆလိုင်းက ဝေ့ဝဲကြည့်ပြီး ခက်ခက်ခဲခဲ အသက်ရူူလိုက်ရသည်။ ပြီးနောက် ခြေနှစ်လှမ်းလောက်ဖြင့် စောမင်းခန့် အနားရောက်လာကာ ကုတင်ပေါ် တင်ပါးလွှဲ ဝင်ထိုင်ပြီး စောမင်းခန့်၏ ခါးမှ ပွေ့ကာ မျက်နှာချင်းဆိုင် သိုင်းဖက်လိုက်သည်။
" အစကနေအဆုံးထိ ကျွန်တော် ချစ်တာ ခင်ဗျား တစ်ယောက်တည်းပါ။ ခင်ဗျား ဘာလို့ အထင်တွေလွဲနေမှန်း မသိပေမယ့် ခင်ဗျားကသာ ကျွန်တော်ချစ်တဲ့ တစ်ဦးတည်းသောလူပါ စောမင်းခန့်ရယ်။ "
စောမင်းခန့်၏ မျက်လုံးလေးက အံ့သြသလို ပြူးကျယ်နေပြီးမှ ဆလိုင်း၏ စကားတွေကို ဦးနှောက်နှင့်နှလုံးသားမှ လက်ခံသိရှိလိုက်သည့်အခါ ချက်ချင်းပင် မျက်ရည်ကျလာသည်။ နေယံက ကြောင်ပြီး ထိုင်နေရာမှ အသိဝင်လာတော့ ထွက်သွားပေးသည်။
" ခင်ဗျား ဘယ်ကိုမှ သွားချင်လို့မရဘူး။ ဘယ်သွားသွား ကျွန်တော်ပါ လိုက်မယ်။ ကျွန်တော် ကြောက်တယ် ... ခင်ဗျားနဲ့ ထပ်မတွေ့ရမှာ တကယ်ကို ကြောက်တယ်။ ကျွန်တော့်ကို ထားမသွားပါနဲ့တော့။ "
နှစ်ယောက်လုံး မျက်ရည်ကျနေရင်းမှ စောမင်းခန့်က ခေါင်းငြိမ့်ပြသည်။ ပြီးနောက် ဆလိုင်း၏ ခေါင်းက ဆံပင်တွေကို လက်နဲ့ ခပ်ဖွဖွ ပွတ်သပ်ပေးသည်။
" ငါတောင်းပန်ပါတယ်။ ငါမထင်ခဲ့မိလို့ ... ငါ့အမှားပါ။ "
" ကျွန်တော့်အမှားပါ။ ကျွန်တော်ကသာ တောင်းပန်သင့်တာ။ "
မျက်ရည်တွေက မျက်နှာ အပြည့် ဖြစ်သွားသည့်အခါ စောမင်းခန့်၏ မီးဟပ်ထားသည့် ဒဏ်ရာတွေမှ စပ်လာသည်။
" ငါတို့ မရည်ရွယ်ပေမယ့် တစ်ယောက်ကို တစ်ယောက် နာကျင် စေခဲ့ပြီးပြီ။ ဖြစ်ခဲ့တာတွေ ထားလိုက်ရအောင်။ "
စောမင်းခန့်က လူချင်းခွာလိုက်ပြီးမှ ဆလိုင်း၏ မျက်နှာပေါ် လက်လေးတစ်ဖက်ဖြင့် အုပ်ကိုင်ကာ ခပ်တိုးတိုးပြောသည်။
" ငါ မင်းကို ချစ်တယ် ဆလိုင်းခမ်းမနား။ ဒီစကားကို ပြောခွင့်မရတော့ဘူး ထင်ခဲ့တာ။ မင်း သိအောင် ပြောခွင့်မရှိတော့ဘူး ထင်ခဲ့တာ။ "
ဆလိုင်းက ခေါင်းငြိမ့်လိုက်ပြီး စောမင်းခန့်၏ လည်တိုင်အနောက်မှ လက်ဖြင့် ခပ်ဖွဖွ အုပ်ကိုင်ကာ စောမင်းခန့်၏ နဖူးကျဥ်းကျဥ်းလေးကို နမ်းသည်။ ဒီလောက် သေးငယ်တဲ့ အနမ်းလေးတစ်ခုအတွက် ဘယ်လောက်တောင် နာကျင်ခဲ့ရပါသလဲ။
ဆလိုင်းက ခန္ဓာကိုယ်ကို လျောလိုက်ပြီး စောမင်းခန့်၏ ဗိုက်သားကပ်ကပ်လေးပေါ်မှာ မျက်နှာအပ်ထားပြီး စောမင်းခန့်၏ ခါးကို သိုင်းဖက်ထားသည်။
" အဖက်ဆယ်လိုက်နိုင်ပြီ။ ဒီလောက်နာကျင်စရာကောင်းတာတွေကနေ အဖက်ဆယ်လိုက်နိုင်ခဲ့ပြီ။ နှစ်ယောက်အတူ ရှိနိုင်ခဲ့ပြီ။ "
ဆလိုင်းက အချိန်အကြာကြီး ငိုနေခဲ့သည်။ သူ့အမှားတွေကို ပြောပြရင်း ငိုသည်။စောမင်းခန့် နာကျင်ခဲ့ရတာတွေကို တောင်းပန်ရင်း ငိုသည်။ ပြီးနောက် ကံကောင်းထောက်မစွာဖြင့် အတူရှိနိုင်ခဲ့သည့် အကြောင်းပြောရင်း ငိုသည်။
" မင်းက ဒီလောက်ထိတောင် အငိုသန်တဲ့ ကလေးလား။ "
...............................
" ငါ ဘာများ ကူလုပ်ပေးနိုင်လဲ။ "
စောမင်းခန့်က ဧည့်ခန်းနေရာမှာ ခုံချထိုင်နေရင်းမှ မေးတော့ ဆလိုင်းက ခေါင်းရမ်းပြသည်။ ဆလိုင်းက ရှပ်အင်္ကျီအဖြူအပေါ်မှာ ပန်းရောင်အဖျော့ လက်ရှည်ကို ကြယ်သီးမတပ်ဘဲ သွက်လက်တဲ့ လူငယ်တစ်ယောက်လို ဂျင်းဘောင်းဘီဖြင့် တွဲဖက်ဝတ်ထားသည်။
" အစ်ကို ထိုင်နေပါ။ "
" ထိုင်ရပါ များလို့ ငြီးငွေ့နေပြီ။ "
စောမင်းခန့်က ခြေထောက်တစ်ဖက် ထော့နဲ့စွာဖြင့် လျှောက်လာကာ ပစ္စည်းတွေကို ကူညီပြီး နေရာချပေးသည်။ မလုပ်ဖို့ ဆလိုင်း ပြောချင်ပေမယ့် စောမင်းခန့် ပျော်နေသည်ဆိုတော့လည်း ခွင့်ပြုပေးပါသည်။
" နေယံ ဧည့်ခန်းက ခုံတွေ ကူရွှေ့ပေးဦး။ "
နေယံက ဆလိုင်းနဲ့ သိပ်မတည့်တာမို့ မျက်နှာမဲ့ချင်နေတော့ စောမင်းခန့်က လုပ်ပေးလိုက်ပါဆိုတဲ့ သဘော ခပ်ဖျော့ဖျော့ ပြုံးပြသည်။နှစ်တွေအများကြီး ကြာပြီးမှ စောမင်းခန့်ဆီက ဒီလိုမျိုး အသက်ဝင်တဲ့ အပြုံးကို ပြန်မြင်ရတာမို့ နေယံက မညည်းမညူ ကူညီလိုက်ပါသည်။
ဆလိုင်း၏ စိတ်ကူးထဲက အတိုင်း ချစ်တဲ့သူနဲ့အတူတူ အေးချမ်းသည့် နေရာလေးတစ်ခုမှာ ဘဝတစ်ခု ထူထောင်ဖြစ်သည်။ ခြံဝန်းအကျယ်ကြီးနှင့် ခြံထဲမှာ အသီးပင် သုံး၊လေးမျိုးလောက်ရှိသည်။စောမင်းခန့်က ခဏပဲကူလုပ်ပေးပြီးနောက် အောက်ထပ်မှာ လုပ်စရာ မရှိတော့တာမို့ ဧည့်ခန်းမှာ ဝင်ထိုင်လိုက်သည်။
အိမ်ပေါ်က ဆင်းလာတဲ့ ဆလိုင်းက ချက်ချင်းပင် ဆိုဖာပေါ် ပက်လက်လှဲကာ စောမင်းခန့်၏ ပေါင်ပေါ် ခေါင်းအုံးသည်။
" အစ်ကို သဘောကျလား။ "
" အင်း ... သာယာတယ်နော်။ နေလို့ကောင်းတယ်။ "
ဆလိုင်းက စောမင်းခန့်၏ ညာဘက် လည်ပင်းထောင့်ကာ အမာရွတ်ဆီ အကြည့်ရောက်သွားတော့ ချက်ချင်းပင် မျက်ရည်ကြည်တွေ ဝေ့လာသည်။ ရုတ်တရက် စောမင်းခန့်၏ လက်ဖဝါး တစ်ဖက်ကို တင်းကြပ်နေအောင် ဆွဲထားသည်။
အိပ်မက်တစ်ခု ဖြစ်နေမှာစိုးလို့ ညတိုင်း အိပ်မပျော်ရဲခဲ့တာ ဆလိုင်း ကိုယ့်ကိုယ်ကိုယ် အသိဆုံးပင်။ နိုးထလာသည့်အခါ စောမင်းခန့်က ရှိမနေဘဲ ဒါတွေအားလုံး အိပ်မက်တွေဖြစ်နေမှာ အမြဲ ကြောက်ရွံ့နေရသည်။
" ငါရှိတယ် ... ဘာမှမဖြစ်ဘူး။ "
စောမင်းခန့်က သတိထားမိတာမို့ ပြောလိုက်သည်။ ဆလိုင်းက စောမင်းခန့်၏ လည်တိုင်က အမာရွတ်ကို လက်ညှိုးဖြင့် ထိကြည့်တော့ စောမင်းခန့်က ထပ်ပြောသည်။
"နည်းနည်းကြီးလို့ ဆေးလိမ်းရင်တောင် အရာ ကျန်ခဲ့မယ် ထင်တယ်။ "
" လှပါတယ်။ ဘယ်လိုနေနေ လှပါတယ်။ "
စောမင်းခန့်က ပြုံးလိုက်သည်။
" ထဦး ... နေယံ တစ်ယောက်တည်း ဖြစ်နေဦးမယ်။ သွားကူလိုက်ဦး။ "
" သူက အခန်းထဲမှာ အိပ်နေတယ်။ "
နေယံက စောမင်းခန့်အနားပဲ အမြဲနေတဲ့သူမို့ ညီအစ်ကို အရင်းလိုတောင် ဖြစ်နေသည်။ စောမင်းခန့်အနောက်ပဲ လိုက်ချင်သူမို့ ဒီကို ပြောင်းလာတော့ နေယံ့ကိုပါ ခေါ်ခဲ့သည်။မိဘမဲ့တွေချင်းအတူတူ နေယံကတော့ မွေးစားအစ်ကိုအဖြစ် စောမင်းခန့်ကို ရခဲ့သည်။
" ခြံထဲ လျှောက်ပတ်ကြည့်ချင်လား။ နေ့လယ်စာကို နေယံနိုးလာမှ ဒီနားတစ်ဝိုက် ဆိုင်ရှာရအောင်။ ညစာမှ ကျွန်တော် ချက်ပေးမယ်။ "
" အင်း "
ဆလိုင်းက အရင်ထလိုက်ပြီး စောမင်းခန့်ကိုပါ ခပ်ဖြည်းဖြည်း ဆွဲထူသည်။ဆလိုင်းတို့ အိမ်အပြင်ထွက်လာတော့ တံခါးဆီမှ လူခေါ်ဘဲလ်က အသံမြည်လာသည်။
" ဘာကိစ္စရှိလို့လဲ။ "
စောမင်းခန့်က မေးလိုက်တော့ တံခါးဝမှာ ရပ်နေတဲ့ ကောင်လေးက လက်ထဲမှာ ဆွဲထားသည့် ချိုင့်ကို မြောက်ပြသည်။
" မျက်စောင်းထိုး အိမ်ကပါ။ လူသစ်တွေ ပြောင်းလာတာတွေ့လို့ ထမင်း၊ဟင်း နှင့် မုန့် လာပို့ပေးတာ။ "
" ကျေးဇူးပါပဲ။ "
ဆလိုင်းက တံခါး ဖွင့်ပေးလိုက်တော့ ကောင်လေးက ချိုင့်ကို စောမင်းခန့်၏ လက်ထဲ ပြောင်းထည့်ပေးသည်။
"အမေက လူဘယ်နှယောက် နေမှန်း မသိလို့ ငါးယောက်စာ ထည့်ပေးလိုက်ပါတယ်။ "
" ကျေးဇူးပါနော် ညီလေး။ "
စောမင်းခန့်က ပြုံးပြရင်း ပြောသည်။ ထမင်းလာပို့ပေးတဲ့ ကောင်လေးက မပြန်သေးဘဲ အိမ်ထဲကို စပ်စုသလို ကြည့်နေတော့ စောမင်းခန့်လည်း ပြုံးရင်း ရပ်စောင့်နေရသည်။
" ဘာရပ်လုပ်နေပြန်တာလဲ သော "
သော၏ ဘေးမှာ ကားရပ်လိုက်ရင်း မဟော်က မေးလိုက်တော့ သောက မျက်နှာမဲ့ပြီး ပွစိပွစိ ပြန်ပြောသည်။
" ဆရာကြီးက လုပ်ပြန်ပြီ။ ငါတို့အိမ်က တစ်ယောက်ကလည်း ဆရာကြီး ရောဂါကို အရှင်းမပျောက်သေးဘူး။ "
သောက စောမင်းခန့်ကို ပြုံးပြလိုက်ပြီးမှ မဟော့်ဘက်ကို လှည့်လာတော့ နှုတ်ခမ်းမဲ့ပြရင်း ကားပေါ်တက်သည်။ မဟော်က လူသစ်တွေကို မျက်လုံး ဝေ့ဝဲကာ တစ်ချက်သာ ကြည့်လိုက်သည်။
ဆက်ရန်
Zawgyi
အခန္းတံခါးကို ရန္ၿငိမ္း အသာအယာဖြင့္ကာ အခန္းထဲ ဝင္ခဲ့သည္။ ရႈပ္ပြေနမည္ ထင္ထားေပမယ့္ တစ္ခန္းလုံး ပစၥည္းေတြက ေသေသသပ္သပ္ျဖင့္ ေျခရာလက္ရာ မပ်က္ ရွိေနသည္။
" ဆလိုင္း ... ဆလိုင္း ... "
ရန္ၿငိမ္းက ေခၚၾကည့္ေတာ့ ဆလိုင္း၏ တုံ႕ျပန္သံ မၾကားေပ။ ေရခ်ိဳးခန္းတံခါးကို ဖြင့္ၾကည့္ေတာ့လည္း ေရခ်ိဳးခန္းထဲမွာလည္း ဆလိုင္းက ရွိမေနေပ။ ရန္ၿငိမ္း စိတ္ပူစြာျဖင့္ bath_tubထဲ ရွာေတာ့လည္း ဆလိုင္းကို မေတြ႕ေပ။ ဆလိုင္း ဒီအခန္းထဲ ဝင္သြားတာ ႏွစ္နာရီေလာက္ရွိၿပီ။ ျပန္ထြက္လာတာ မေတြ႕ေသးတာမို႔ ဒီအခန္းအတြင္းမွာသာ ရွိနိုင္သည္။
" ဆလိုင္း ... ဘယ္မွာလဲ။ "
ရန္ၿငိမ္းက ေျခစုံရပ္ၿပီးမွ အသံကို နားစြန့္ၾကည့္သည္။ အသက္႐ူူသံ သဲ့သဲ့ၾကားမွ ရန္ၿငိမ္းက မယုံတစ္ဝက္ျဖင့္ ကုတင္ေအာက္ကို ငုံ႕ၾကည့္လိုက္သည္။ဆလိုင္းက တကယ္ပဲ ကုတင္ေအာက္မွာ ရွိေနခဲ့သည္။ ပက္လက္လွန္ၿပီး ျဖစ္သလို လွဲေနကာ မ်က္လုံးေတြက မ်က္ရည္က်ေနသည္။
" ဆလိုင္း "
ရန္ၿငိမ္းက စိုးရိမ္စြာျဖင့္ ဆလိုင္း၏ လက္တစ္ဖက္ကို ဆြဲလိုက္ၿပီး ကုတင္ေအာက္မွ ဆြဲထုတ္လိုက္သည္။ဆလိုင္း၏ မ်က္ႏွာမွာ အရာအားလုံး ဆုံးရႈံးလိုက္ရသလို ေၾကကြဲရိပ္ေတြ ရွိေနသည္။ဆလိုင္းက ေခါင္းကို လက္ႏွစ္ဖက္ျဖင့္ ဝွက္ထားသလို ဖုံးကြယ္ထားၿပီး ခႏၶာကိုယ္ကို ေကြးကုပ္ထားၿပီး တဆက္ဆက္တုန္ေနသည္။
" ျဖစ္ၿပီးတာေတြက ျပန္ျပင္လို႔မွ မရေတာ့တာ။ မင္းလည္း တမင္လုပ္ခဲ့တာမွ မဟုတ္တာကြာ ဆလိုင္းရာ ...။ "
" ရန္ၿငိမ္း ... ငါေၾကာက္တယ္။ ငါ အရမ္း ေၾကာက္တယ္ ... "
ဆလိုင္းကို ၾကည့္ၿပီး ရန္ၿငိမ္းလည္း စိတ္မေကာင္းေပ။ခ်စ္တဲ့သူကို အရက္စက္ဆုံး နည္းလမ္းနဲ႕ ဆုံးရႈံးရသည့္ ခံစားခ်က္က ဆိုးဝါးသည္။ရန္ၿငိမ္းက ဆလိုင္းကို ဆြဲထူလိုက္ၿပီး ပခုံးကို ဖက္ထားေပးသည္။
" ငါေၾကာက္တယ္။ ငါ ျပန္မေတြးရဲဘူး။ ငါ မေနခ်င္ေတာ့ပါဘူး ရန္ၿငိမ္းရာ။ ငါ ဒီလို ဘဝႀကီးနဲ႕ မေနခ်င္ေတာ့ပါဘူး။ ငါ့မွာ တြယ္တာစရာလည္း မရွိေတာ့ပါဘူး။ ငါ့ရဲ႕ တစ္ခုတည္းေသာ တန္ဖိုးထားရာကို ငါ့လက္နဲ႕ ဖ်က္ဆီးပစ္လိုက္မိတာ။ ငါ ထပ္မေနခ်င္ေတာ့ဘူး။ ရွင္သန္ရမွာ ေၾကာက္တယ္။ "
" ငါ မင္းကို နားလည္ပါတယ္။ ဒါေပမယ့္ ေစာမင္းခန့္ ျဖစ္သြားတဲ့ ကိစၥက မေတာ္တဆပါ။ မင္း သူ႕ကို ကယ္ဖို႔အတြက္ အစြမ္းကုန္ ႀကိဳးစားခဲ့တာပဲ။ "
ရန္ၿငိမ္းက ႏွစ္သိမ့္ေပးေတာ့ ဆလိုင္းက ေခါင္းရမ္းသည္။ ဆလိုင္းက ေအာ္ဟစ္ ငိုမေနေတာ့ေပမယ့္ ရင္ထဲမွာ မြန္းၾကပ္ၿပီး လည္ေခ်ာင္းဝအထိ ဆို႔တက္ေနသည္။
" တရားခံကငါ ...ငါပါ။ ငါသာ သူ႕ကို ယုံၾကည္ၿပီး မခ်ဳပ္ထားရင္ ... "
ဆလိုင္းက ထပ္မေျပာနိုင္ေတာ့ဘဲ အန္ခ်သည္။ အစားမရွိတာမို႔ ေလေတြပဲ အန္မိကာ ခံစားခ်က္က ျပင္းထန္လာေတာ့ ေသြးေတြပါ ပါသည္။
" လြင္ဦးနိုင္ ေျပာသလို ငါကသာ ... ငါက ကိုယ္ခ်စ္ရတဲ့သူ၊ ကိုယ့္ကိုခ်စ္တဲ့သူကို အနာက်င္ဆုံး၊ အရက္စက္ဆုံး နည္းနဲ႕ ေသေစခဲ့တာ။ ငါေတာင္းဆိုပါတယ္။ ငါ့ကို လြတ္ေျမာက္ခြင့္ေပးပါ။ သူ႕ ေျခေထာက္တစ္ဖက္ ဒုကၡအျဖစ္ခံၿပီး ကယ္ခဲ့တဲ့ ငါ့အသက္ကို ငါ့လက္နဲ႕ေတာ့ မဖ်က္ဆီးရက္ဘူး။ အဲဒါေၾကာင့္ ငါ့ကို သတ္ေပးပါ။ ငါေတာင္းဆိုပါတယ္။ အသက္ရွင္ေနရင္ ပိုနာက်င္ရလို႔ပါ။ ငါ့ကို တစ္ခုခုလုပ္ေပးပါ။ ငါ မေနခ်င္ေတာ့ပါဘူး။ ေနလည္း မေနရဲေတာ့ဘူး။ "
စကားေတြ တရစပ္ေျပာၿပီး မခ်ိမဆန့္ နာက်င္ေနတဲ့ ဆလိုင္းကို ၾကည့္ကာ ရန္ၿငိမ္းက ပိုမိုတင္းၾကပ္ေနေအာင္ ဖက္ထားေပးသည္။ အခုအခ်ိန္မွာ ဘယ္စကားကမွ ဆလိုင္းကို ႏွစ္သိမ့္ရာ ေရာက္မွာမဟုတ္ေပ။
" ႐ူးေနလား။ ဘာလို႔ အဲဒီလို ေတြးရတာလဲ။ အစ္ကို ေစာမင္းခန့္လည္း အဲဒီလို ျဖစ္ေစခ်င္မွာ မဟုတ္ဘူး။ မင္း ေကာင္းေကာင္း အသက္ရွင္ဖို႔အတြက္ေတာင္ သူက ... "
ဆလိုင္းက ေခါင္းရမ္းသည္။ ၿပီးေနာက္ ရန္ၿငိမ္း၏ ရင္ဘတ္ေပၚ မ်က္ႏွာအပ္ထားကာ ရွိုုက္ငိုေနသည္။
" ေပါင္မုန့္ေလးတစ္ဖဲ့အတြက္ေလ။ ဘယ္ႏွႀကိမ္ပဲ ျပန္စဥ္းစား၊ စဥ္းစား ငါ သူ႕အေပၚေကာင္းေပးတာဆိုလို႔ ဘာမဟုတ္တဲ့ ေပါင္မုန့္ေလးပဲ လုပ္ေပးဖူးတာ။ အဲဒီ ေပါင္မုန့္ေလး တစ္ဖဲ့အတြက္နဲ႕ သူ႕တစ္ဘဝလုံးနဲ႕ လဲခဲ့ရတယ္။ တန္လို႔လား ရန္ၿငိမ္းရာ။ တန္လို႔လား ... ငါေတာ့ ႐ူးရပါၿပီ။ ႐ူးရပါၿပီ။ "
" ဆလိုင္း "
တံခါးဝမွာ ရပ္ေနတဲ့ ေတာ္ေနေဇာ္က ေခၚလိုက္သည္။ ဆလိုင္း စိတ္အေျခအေန အဆိုးဝါးဆုံးျဖစ္ေနတာမို႔ ရန္ၿငိမ္းက ေတာ္ေနေဇာ့္ကို ေတာင္းပန္သလို ၾကည့္သည္။
" ေတာ္ေတာ့ ... အ႐ူးလို လုပ္မေနနဲ႕ေတာ့။စိတ္ပ်က္လာၿပီ။ေစာမင္းခန့္ ေနယံႏွင့္အတူရွိေနတယ္။ေနယံ သူ႕ကို ေစာင့္ေရွာက္ထားတယ္။ သတိရ၊မရေတာ့ မသိဘူး။ "
ေတာ္ေနေဇာ္က ခပ္တန္းတန္းသာ ေျပာလိုက္သည္။ ဆလိုင္းက ခ်က္ခ်င္းပင္ ဒယိမ္းဒယိုင္ျဖင့္ ထ, လာကာ ေတာ္ေနေဇာ့္ အနား ေျပးသြားသည္။သို႔ေပမယ့္ ေတာ္ေနေဇာ္၏ မ်က္ႏွာကိုသာ ၾကည့္ေနကာ အတည္ျပဳခ်င္ဟန္ ဘာမွမေျပာဘဲ ၿငိမ္ေနသည္။နားၾကားလြဲမွာ ေသေလာက္ေအာင္ ေၾကာက္ေနသည္။
" အင္း ... သူအသက္ရွင္တယ္။ မီးထဲကေန ေနယံႏွင့္ငါ မနည္း ေခၚထုတ္ထားရတာမို႔ ငါ ဒီကို မလာခင္ထိ သူ သတိေတာ့မရေသးဘူး။"
ဆလိုင္းက ေတာ္ေနေဇာ္၏ လက္ကို ဆုပ္ကိုင္ကာ အားကိုးတႀကီး ေမးသည္။
" တကယ္လား။ "
" အင္း ... အဲဒီတုန္းက သတိေမ့ေနတဲ့ ေစာမင္းခန့္အတြက္ အလ်င္လိုေနလို႔ အိမ္အေနာက္ဘက္ အေပါက္က ထြက္ၿပီးၿပီးခ်င္း ေနယံက ခ်က္ခ်င္း ထြက္သြားခဲ့တာ။မီးလြတ္တာဆိုလို႔ အိမ္အေနာက္ဘက္က တစ္ေနရာစာပဲ ရွိတာ။ ငါတို႔ထြက္ၿပီး ခဏအတြင္းမွာပဲ တစ္အိမ္လုံး ေပါက္ကြဲသြားတာ။ အခ်ိန္မီလိုက္တယ္။ မင္းသာ ဒီလိုပုံစံျဖစ္မေနရင္ ငါေျပာျပမွာ မဟုတ္ဘူး။ "
ဆလိုင္းက ၾကမ္းေပၚထိုင္္ခ်လိဳက္သည္။ ဒီအခိုက္အတန့္ကေန ေက်ာ္လႊားနိုင္ၿပီ။ ဒီအေျခအေနဆိုးႀကီးမွ ေက်ာ္လႊားနိုင္ခဲ့ၿပီ။ ဆလိုင္းက ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ၿပီးေနာက္ အားယူကာ ျပန္ထၿပီး ခ်က္ခ်င္း ထ, ေျပး သြားသည္။
" လိုက္သြားဦး။ ဘယ္အိမ္မွာလဲ မေမးဘဲ သြားရတယ္လို႔။ ေျမာက္ဘက္အိမ္မွာ ေစာမင္းခန့္က ... "
ေတာ္ေနေဇာ္က ရန္ၿငိမ္း၏ လက္ထဲ ကားေသာ့ကို ပစ္ေပးကာ ေမးေငါ့ျပသည္။ ရန္ၿငိမ္းက ကားေသာ့ကို ဖမ္းယူကာ ၿပဳံးလိုက္ၿပီး အေနာက္မွ ေျပးလိုက္သြားသည္။ ဆလိုင္းအတြက္ တကယ္ပင္ ဝမ္းသာပါသည္။
.................................
ေျမာက္ဘက္အိမ္ကို ေရာက္ၿပီး ေစာမင္းခန့္ ရွိေနမည့္ အခန္းကို အိမ္အကူေတြမွ တဆင့္ သိၿပီးေနာက္ ဆလိုင္းက အိမ္ေပၚကို စိတ္လႈပ္ရွားစြာ တက္လာခဲ့သည္။ ဒီသတင္းကို ေတာ္ေနေဇာ္ ေျပာတာမဟုတ္ရင္ ဆလိုင္း ယုံမွာမဟုတ္ေပ။
ေဆးႏွင့္ေရဇလုံအျပင္ ပတ္တီးလိပ္ေတြ သယ္လာတဲ့ အိမ္အကူေကာင္မေလးက ေစာမင္းခန့္၏ အခန္းမွ ထြက္လာခဲ့သည္။ဆလိုင္းကို ေတြ႕ေတာ့ ႏႈတ္ဆက္ဖို႔ ဟန္ျပင္ၿပီးမွ ဆလိုင္းက ေစာမင္းခန့္ အိပ္ေနေသးရင္ အေႏွာက္အယွက္ျဖစ္မွာ စိုး၍ တိုးတိုးေလးေနဖို႔ အခ်က္ျပလိုက္သည္။ ေကာင္မေလးက ေခါင္းၿငိမ့္ၿပီး ထြက္လာသည္။
အနည္းငယ္ လစ္ဟေနတဲ့ အခန္းတံခါး၏ လက္ကိုင္ဘုကို ဆလိုင္းက ဆြဲလိုက္ၿပီး တိတ္တဆိတ္ ဖြင့္ဖို႔ လုပ္ၿပီးမွ အထဲက အသံၾကားလာရေတာ့ တံခါးနားမွာတင္ ရပ္ေနမိသည္။
" အခုလို ျဖစ္ရတာနဲ႕ တန္လို႔လား။ အစ္ကို ေသေတာ့မလို႔ နည္းနည္းပဲ လိုေတာ့တာ။ "
" အခ်စ္မွာ ေပးဆပ္တာေတြ ရယူတာေတြ မရွိသလိုတန္တယ္၊ မတန္ဘူး မရွိပါဘူး။အားလုံးက ငါ့စိတ္ ငါ့သေဘာမို႔ ရလဒ္တိုင္းကို ငါ ေက်နပ္နိုင္ပါတယ္။ တစ္ခုပဲ သူ႕ကို နာက်င္ေစဖို႔ မ႐ြယ္႐ြယ္ေပမယ့္ သူကို ခံစားေစမိၿပီ။ "
ေနယံက ေခါင္းတရမ္းရမ္းျဖင့္ ေစာမင္းခန့္၏ လက္ တစ္ေလွ်ာက္မွာ ဟိုတစ္ကြက္၊ဒီတစ္ကြက္ မီးဟပ္ရာေတြကို ေဆးလိမ္းေပးေနသည္။ေစာမင္းခန့္၏ မ်က္ႏွာတစ္ဝိုက္မွာလည္း ပတ္တီးေတြ၊ အနာကပ္ ကပ္ခြာေတြ ဟိုဒီအျပည့္ပင္။ လည္တိုင္၏ ညာဘက္မွာ ဂြမ္းစ ခပ္ႀကီးႀကီးခံကာ အေပၚမွ ေဆးကပ္ခြာ ကပ္ထားရေသးသည္။
" ဘာလို႔ သူ႕ကိုမွ အဲဒီေလာက္ခ်စ္ရတာလဲ။ သူက အစ္ကိုနဲ႕ တကယ္မတန္ဘူး။ "
" သူက ပထမဆုံးသူ။ ငါ့ကို ေႏြးေထြးေပးတဲ့သူ။ အေမၿပီးရင္ သူက ငါ့အေပၚ ေႏြးေထြးေပးတဲ့ ပထမဆုံးသူ။ "
" ကြၽန္ေတာ္သာဆို သူ႕ကို ခြင့္လႊတ္နိုင္မွာ မဟုတ္ဘူး။ "
" ငါ သူ႕အတြက္ လုပ္ေပးခဲ့တာ မွန္တယ္။ ဒါေပမယ့္ ငါ့အမွား မကင္းတာမို႔ သူဒီလမ္းကို ေရာက္လာေသးတယ္မလား။ ေသခ်ာစဥ္းစား ၾကည့္ရင္ ငါကလည္း သူ႕အေပၚ နာက်င္ေစခဲ့တာပဲေလ။ ငါတို႔ ပြင့္လင္းခဲ့ရင္ သူလည္းနာက်င္ရမွာ မဟုတ္ဘူး။ "
" အစ္ကို႔ကိုၾကည့္ၿပီး ခ်စ္ရမွာ ေၾကာက္လာၿပီ။ ကိုယ္ခ်စ္တဲ့ တစ္စုံတစ္ေယာက္ကို ေတြ႕ရမွာ ေၾကာက္လာၿပီ။ ဒါနဲ႕ ... အန္ကယ္ေဇယ်ာက ဘာေျပာလဲ။ "
" သူေနာင္တ ရေနပါတယ္။ ေတာင္းပန္တယ္လို႔ ေျပာတယ္။ သူရိန္တို႔အုပ္စုကို မိသြားၿပီဆိုေတာ့ ငါ ေသၿပီအထင္နဲ႕ ဆလိုင္းကို နာက်င္ရေအာင္ ငါ သူ႕အေပၚ ေကာင္းေပးခဲ့တဲ့ အေၾကာင္းေတြ ေဖာ္နိုင္တယ္။ငါ သူ႕ကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစခ်င္ဘူး။ ငါ့ဘက္က တစ္ဖက္သတ္ ခံစားခ်က္ေတြကို သူ သိသြားၿပီး အားနာေနမွာလည္း မျဖစ္ေစခ်င္ဘူး။ သူ ခ်စ္တဲ့ မိန္းကေလးႏွင့္အတူ ေအးေအးခ်မ္းခ်မ္း လက္တြဲသြားနိုင္ဖို႔ ငါေမွ်ာ္လင့္ပါတယ္။ ရက္ပိုင္းေလာက္ေနရင္ ငါ ထြက္သြားေတာ့မယ္။ သူလည္း ၾကာရင္ ငါ့ကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားမွာပါ။ "
" အစ္ကိုကေလ တကယ္ကိုပဲ ... "
ေနယံက ေစာမင္းခန့္ကို အျပစ္တင္ခ်င္ေပမယ့္ အျပစ္တင္မည့္ စကားေတြက မထြက္ဘဲ ေစာမင္းခန့္၏ မ်က္ႏွာ ႏုႏုငယ္ငယ္ေလးကိုသာ ေငးၾကည့္ေနလိုက္သည္။
ဆလိုင္း၏ လက္တစ္ဖက္မွ လက္သီးဆုပ္ထားလိုက္သည္။ ေနာက္ဆုံးအထိ ကိုယ့္အေပၚ ေတြးေပးတဲ့ ေစာမင္းခန့္၏ အခ်စ္ေတြကို ထပ္ၿပီး ခံယူရမွာ ေၾကာက္မိသည္အထိပင္။ ဆလိုင္းက ကိုယ့္ကိုယ္ကိုယ္သာ အခ်စ္တတ္ဆုံး ထင္ခဲ့ေပမယ့္ တကယ့္လက္ေတြ႕မွာ ေစာမင္းခန့္ကို မယွဥ္သာေပ။
" ကြၽန္ေတာ့္ကို ထားခဲ့ဖို႔ လုပ္ျပန္ၿပီလား။ "
ဆလိုင္းက တံခါးကို အဆုံးထိ ဖြင့္ကာ ဝင္လာသည္။ ေစာမင္းခန့္က ေခါင္းအုံးကို မီကာ ခပ္ေလ်ာေလ်ာ ထိုင္ေနရာမွ ခ်က္ခ်င္းပင္ ခါးမတ္လာသည္။
" ခင္ဗ်ားပဲ ဆုံးျဖတ္ခ်က္ ခ်ေနေတာ့မွာလား။ ကြၽန္ေတာ့္ကို ဘာမွမေမးေတာ့ဘူးလား။ ခင္ဗ်ား ထင္ရာေတြေလွ်ာက္လုပ္တာ ကြၽန္ေတာ့္မွာ အ႐ူးလိုပဲ။ အခုလည္း ထားခဲ့ဖို႔ လုပ္ျပန္ၿပီ။ "
ေစာမင္းခန့္က ႏႈတ္ခမ္းေတြ အနည္းငယ္ တုန္ယင္ေနသည္။ ေသေတာင္ေသရဲေပမယ့္ ဆလိုင္း ငိုေနတာမ်ိဳးကို မၾကည့္ရဲေပ။ ေစာမင္းခန့္၏ ခႏၶာကိုယ္က ဒဏ္ရာဒဏ္ခ်က္ေတြကို ဆလိုင္းက ေဝ့ဝဲၾကည့္ၿပီး ခက္ခက္ခဲခဲ အသက္႐ူူလိုက္ရသည္။ ၿပီးေနာက္ ေျခႏွစ္လွမ္းေလာက္ျဖင့္ ေစာမင္းခန့္ အနားေရာက္လာကာ ကုတင္ေပၚ တင္ပါးလႊဲ ဝင္ထိုင္ၿပီး ေစာမင္းခန့္၏ ခါးမွ ေပြ႕ကာ မ်က္ႏွာခ်င္းဆိုင္ သိုင္းဖက္လိုက္သည္။
" အစကေနအဆုံးထိ ကြၽန္ေတာ္ ခ်စ္တာ ခင္ဗ်ား တစ္ေယာက္တည္းပါ။ ခင္ဗ်ား ဘာလို႔ အထင္ေတြလြဲေနမွန္း မသိေပမယ့္ ခင္ဗ်ားကသာ ကြၽန္ေတာ္ခ်စ္တဲ့ တစ္ဦးတည္းေသာလူပါ ေစာမင္းခန့္ရယ္။ "
ေစာမင္းခန့္၏ မ်က္လုံးေလးက အံ့ၾသသလို ျပဴးက်ယ္ေနၿပီးမွ ဆလိုင္း၏ စကားေတြကို ဦးေႏွာက္ႏွင့္ႏွလုံးသားမွ လက္ခံသိရွိလိုက္သည့္အခါ ခ်က္ခ်င္းပင္ မ်က္ရည္က်လာသည္။ ေနယံက ေၾကာင္ၿပီး ထိုင္ေနရာမွ အသိဝင္လာေတာ့ ထြက္သြားေပးသည္။
" ခင္ဗ်ား ဘယ္ကိုမွ သြားခ်င္လို႔မရဘူး။ ဘယ္သြားသြား ကြၽန္ေတာ္ပါ လိုက္မယ္။ ကြၽန္ေတာ္ ေၾကာက္တယ္ ... ခင္ဗ်ားနဲ႕ ထပ္မေတြ႕ရမွာ တကယ္ကို ေၾကာက္တယ္။ ကြၽန္ေတာ့္ကို ထားမသြားပါနဲ႕ေတာ့။ "
ႏွစ္ေယာက္လုံး မ်က္ရည္က်ေနရင္းမွ ေစာမင္းခန့္က ေခါင္းၿငိမ့္ျပသည္။ ၿပီးေနာက္ ဆလိုင္း၏ ေခါင္းက ဆံပင္ေတြကို လက္နဲ႕ ခပ္ဖြဖြ ပြတ္သပ္ေပးသည္။
" ငါေတာင္းပန္ပါတယ္။ ငါမထင္ခဲ့မိလို႔ ... ငါ့အမွားပါ။ "
" ကြၽန္ေတာ့္အမွားပါ။ ကြၽန္ေတာ္ကသာ ေတာင္းပန္သင့္တာ။ "
မ်က္ရည္ေတြက မ်က္ႏွာ အျပည့္ ျဖစ္သြားသည့္အခါ ေစာမင္းခန့္၏ မီးဟပ္ထားသည့္ ဒဏ္ရာေတြမွ စပ္လာသည္။
" ငါတို႔ မရည္႐ြယ္ေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ နာက်င္ ေစခဲ့ၿပီးၿပီ။ ျဖစ္ခဲ့တာေတြ ထားလိုက္ရေအာင္။ "
ေစာမင္းခန့္က လူခ်င္းခြာလိုက္ၿပီးမွ ဆလိုင္း၏ မ်က္ႏွာေပၚ လက္ေလးတစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ခပ္တိုးတိုးေျပာသည္။
" ငါ မင္းကို ခ်စ္တယ္ ဆလိုင္းခမ္းမနား။ ဒီစကားကို ေျပာခြင့္မရေတာ့ဘူး ထင္ခဲ့တာ။ မင္း သိေအာင္ ေျပာခြင့္မရွိေတာ့ဘူး ထင္ခဲ့တာ။ "
ဆလိုင္းက ေခါင္းၿငိမ့္လိုက္ၿပီး ေစာမင္းခန့္၏ လည္တိုင္အေနာက္မွ လက္ျဖင့္ ခပ္ဖြဖြ အုပ္ကိုင္ကာ ေစာမင္းခန့္၏ နဖူးက်ဥ္းက်ဥ္းေလးကို နမ္းသည္။ ဒီေလာက္ ေသးငယ္တဲ့ အနမ္းေလးတစ္ခုအတြက္ ဘယ္ေလာက္ေတာင္ နာက်င္ခဲ့ရပါသလဲ။
ဆလိုင္းက ခႏၶာကိုယ္ကို ေလ်ာလိုက္ၿပီး ေစာမင္းခန့္၏ ဗိုက္သားကပ္ကပ္ေလးေပၚမွာ မ်က္ႏွာအပ္ထားၿပီး ေစာမင္းခန့္၏ ခါးကို သိုင္းဖက္ထားသည္။
" အဖက္ဆယ္လိုက္နိုင္ၿပီ။ ဒီေလာက္နာက်င္စရာေကာင္းတာေတြကေန အဖက္ဆယ္လိုက္နိုင္ခဲ့ၿပီ။ ႏွစ္ေယာက္အတူ ရွိနိုင္ခဲ့ၿပီ။ "
ဆလိုင္းက အခ်ိန္အၾကာႀကီး ငိုေနခဲ့သည္။ သူ႕အမွားေတြကို ေျပာျပရင္း ငိုသည္။ေစာမင္းခန့္ နာက်င္ခဲ့ရတာေတြကို ေတာင္းပန္ရင္း ငိုသည္။ ၿပီးေနာက္ ကံေကာင္းေထာက္မစြာျဖင့္ အတူရွိနိုင္ခဲ့သည့္ အေၾကာင္းေျပာရင္း ငိုသည္။
" မင္းက ဒီေလာက္ထိေတာင္ အငိုသန္တဲ့ ကေလးလား။ "
...............................
" ငါ ဘာမ်ား ကူလုပ္ေပးနိုင္လဲ။ "
ေစာမင္းခန့္က ဧည့္ခန္းေနရာမွာ ခုံခ်ထိဳင္ေနရင္းမွ ေမးေတာ့ ဆလိုင္းက ေခါင္းရမ္းျပသည္။ ဆလိုင္းက ရွပ္အကၤ်ီအျဖဴအေပၚမွာ ပန္းေရာင္အေဖ်ာ့ လက္ရွည္ကို ၾကယ္သီးမတပ္ဘဲ သြက္လက္တဲ့ လူငယ္တစ္ေယာက္လို ဂ်င္းေဘာင္းဘီျဖင့္ တြဲဖက္ဝတ္ထားသည္။
" အစ္ကို ထိုင္ေနပါ။ "
" ထိုင္ရပါ မ်ားလို႔ ၿငီးေငြ႕ေနၿပီ။ "
ေစာမင္းခန့္က ေျခေထာက္တစ္ဖက္ ေထာ့နဲ႕စြာျဖင့္ ေလွ်ာက္လာကာ ပစၥည္းေတြကို ကူညီၿပီး ေနရာခ်ေပးသည္။ မလုပ္ဖို႔ ဆလိုင္း ေျပာခ်င္ေပမယ့္ ေစာမင္းခန့္ ေပ်ာ္ေနသည္ဆိုေတာ့လည္း ခြင့္ျပဳေပးပါသည္။
" ေနယံ ဧည့္ခန္းက ခုံေတြ ကူေ႐ႊ႕ေပးဦး။ "
ေနယံက ဆလိုင္းနဲ႕ သိပ္မတည့္တာမို႔ မ်က္ႏွာမဲ့ခ်င္ေနေတာ့ ေစာမင္းခန့္က လုပ္ေပးလိုက္ပါဆိုတဲ့ သေဘာ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပသည္။ႏွစ္ေတြအမ်ားႀကီး ၾကာၿပီးမွ ေစာမင္းခန့္ဆီက ဒီလိုမ်ိဳး အသက္ဝင္တဲ့ အၿပဳံးကို ျပန္ျမင္ရတာမို႔ ေနယံက မညည္းမၫူ ကူညီလိုက္ပါသည္။
ဆလိုင္း၏ စိတ္ကူးထဲက အတိုင္း ခ်စ္တဲ့သူနဲ႕အတူတူ ေအးခ်မ္းသည့္ ေနရာေလးတစ္ခုမွာ ဘဝတစ္ခု ထူေထာင္ျဖစ္သည္။ ၿခံဝန္းအက်ယ္ႀကီးႏွင့္ ၿခံထဲမွာ အသီးပင္ သုံး၊ေလးမ်ိဳးေလာက္ရွိသည္။ေစာမင္းခန့္က ခဏပဲကူလုပ္ေပးၿပီးေနာက္ ေအာက္ထပ္မွာ လုပ္စရာ မရွိေတာ့တာမို႔ ဧည့္ခန္းမွာ ဝင္ထိုင္လိုက္သည္။
အိမ္ေပၚက ဆင္းလာတဲ့ ဆလိုင္းက ခ်က္ခ်င္းပင္ ဆိုဖာေပၚ ပက္လက္လွဲကာ ေစာမင္းခန့္၏ ေပါင္ေပၚ ေခါင္းအုံးသည္။
" အစ္ကို သေဘာက်လား။ "
" အင္း ... သာယာတယ္ေနာ္။ ေနလို႔ေကာင္းတယ္။ "
ဆလိုင္းက ေစာမင္းခန့္၏ ညာဘက္ လည္ပင္းေထာင့္ကာ အမာ႐ြတ္ဆီ အၾကည့္ေရာက္သြားေတာ့ ခ်က္ခ်င္းပင္ မ်က္ရည္ၾကည္ေတြ ေဝ့လာသည္။ ႐ုတ္တရက္ ေစာမင္းခန့္၏ လက္ဖဝါး တစ္ဖက္ကို တင္းၾကပ္ေနေအာင္ ဆြဲထားသည္။
အိပ္မက္တစ္ခု ျဖစ္ေနမွာစိုးလို႔ ညတိုင္း အိပ္မေပ်ာ္ရဲခဲ့တာ ဆလိုင္း ကိုယ့္ကိုယ္ကိုယ္ အသိဆုံးပင္။ နိုးထလာသည့္အခါ ေစာမင္းခန့္က ရွိမေနဘဲ ဒါေတြအားလုံး အိပ္မက္ေတြျဖစ္ေနမွာ အၿမဲ ေၾကာက္႐ြံ႕ေနရသည္။
" ငါရွိတယ္ ... ဘာမွမျဖစ္ဘူး။ "
ေစာမင္းခန့္က သတိထားမိတာမို႔ ေျပာလိုက္သည္။ ဆလိုင္းက ေစာမင္းခန့္၏ လည္တိုင္က အမာ႐ြတ္ကို လက္ညွိုးျဖင့္ ထိၾကည့္ေတာ့ ေစာမင္းခန့္က ထပ္ေျပာသည္။
"နည္းနည္းႀကီးလို႔ ေဆးလိမ္းရင္ေတာင္ အရာ က်န္ခဲ့မယ္ ထင္တယ္။ "
" လွပါတယ္။ ဘယ္လိုေနေန လွပါတယ္။ "
ေစာမင္းခန့္က ၿပဳံးလိုက္သည္။
" ထဦး ... ေနယံ တစ္ေယာက္တည္း ျဖစ္ေနဦးမယ္။ သြားကူလိုက္ဦး။ "
" သူက အခန္းထဲမွာ အိပ္ေနတယ္။ "
ေနယံက ေစာမင္းခန့္အနားပဲ အၿမဲေနတဲ့သူမို႔ ညီအစ္ကို အရင္းလိုေတာင္ ျဖစ္ေနသည္။ ေစာမင္းခန့္အေနာက္ပဲ လိုက္ခ်င္သူမို႔ ဒီကို ေျပာင္းလာေတာ့ ေနယံ့ကိုပါ ေခၚခဲ့သည္။မိဘမဲ့ေတြခ်င္းအတူတူ ေနယံကေတာ့ ေမြးစားအစ္ကိုအျဖစ္ ေစာမင္းခန့္ကို ရခဲ့သည္။
" ၿခံထဲ ေလွ်ာက္ပတ္ၾကည့္ခ်င္လား။ ေန႕လယ္စာကို ေနယံနိုးလာမွ ဒီနားတစ္ဝိုက္ ဆိုင္ရွာရေအာင္။ ညစာမွ ကြၽန္ေတာ္ ခ်က္ေပးမယ္။ "
" အင္း "
ဆလိုင္းက အရင္ထလိုက္ၿပီး ေစာမင္းခန့္ကိုပါ ခပ္ျဖည္းျဖည္း ဆြဲထူသည္။ဆလိုင္းတို႔ အိမ္အျပင္ထြက္လာေတာ့ တံခါးဆီမွ လူေခၚဘဲလ္က အသံျမည္လာသည္။
" ဘာကိစၥရွိလို႔လဲ။ "
ေစာမင္းခန့္က ေမးလိုက္ေတာ့ တံခါးဝမွာ ရပ္ေနတဲ့ ေကာင္ေလးက လက္ထဲမွာ ဆြဲထားသည့္ ခ်ိဳင့္ကို ေျမာက္ျပသည္။
" မ်က္ေစာင္းထိုး အိမ္ကပါ။ လူသစ္ေတြ ေျပာင္းလာတာေတြ႕လို႔ ထမင္း၊ဟင္း ႏွင့္ မုန့္ လာပို႔ေပးတာ။ "
" ေက်းဇူးပါပဲ။ "
ဆလိုင္းက တံခါး ဖြင့္ေပးလိုက္ေတာ့ ေကာင္ေလးက ခ်ိဳင့္ကို ေစာမင္းခန့္၏ လက္ထဲ ေျပာင္းထည့္ေပးသည္။
"အေမက လူဘယ္ႏွေယာက္ ေနမွန္း မသိလို႔ ငါးေယာက္စာ ထည့္ေပးလိုက္ပါတယ္။ "
" ေက်းဇူးပါေနာ္ ညီေလး။ "
ေစာမင္းခန့္က ၿပဳံးျပရင္း ေျပာသည္။ ထမင္းလာပို႔ေပးတဲ့ ေကာင္ေလးက မျပန္ေသးဘဲ အိမ္ထဲကို စပ္စုသလို ၾကည့္ေနေတာ့ ေစာမင္းခန့္လည္း ၿပဳံးရင္း ရပ္ေစာင့္ေနရသည္။
" ဘာရပ္လုပ္ေနျပန္တာလဲ ေသာ "
ေသာ၏ ေဘးမွာ ကားရပ္လိုက္ရင္း မေဟာ္က ေမးလိုက္ေတာ့ ေသာက မ်က္ႏွာမဲ့ၿပီး ပြစိပြစိ ျပန္ေျပာသည္။
" ဆရာႀကီးက လုပ္ျပန္ၿပီ။ ငါတို႔အိမ္က တစ္ေယာက္ကလည္း ဆရာႀကီး ေရာဂါကို အရွင္းမေပ်ာက္ေသးဘူး။ "
ေသာက ေစာမင္းခန့္ကို ၿပဳံးျပလိုက္ၿပီးမွ မေဟာ့္ဘက္ကို လွည့္လာေတာ့ ႏႈတ္ခမ္းမဲ့ျပရင္း ကားေပၚတက္သည္။ မေဟာ္က လူသစ္ေတြကို မ်က္လုံး ေဝ့ဝဲကာ တစ္ခ်က္သာ ၾကည့္လိုက္သည္။
ဆက္ရန္