Zawgyi
အပိုင္း (၁၈၁၂) – မင္းဘယ္လိုထင္လဲ
မု႐ုန္ေဟြ႕သည္ မဟူရာကိုမၾကည့္ဘဲ သူမကို ၾကည့္ေနသည္ကို ရွီမာယူယူကိုျမင္ေသာအခါ ၿပဳံးျပလိုက္သည္။
"ဒီေကာင္မေလးေတာ့ ပိရိေနေအာင္ကို ဖုံးထားတာပဲ" မု႐ုန္ေဟြ႕သည္ သူမ ေခါင္းကိုပုတ္လိုက္သည္ "အဆင္ေျပသြားၿပီ သမီးကို ကာကြယ္ေပးဖို႔ နဂါးနက္ရွိမွေတာ့ တယြိၿမိဳ႕ေတာ္ကိုသြားဖို႔ စိတ္ခ်သြားၿပီ ဒါေပမဲ့..."
ရွီမာယူယူ သူ႔ကိုၾကည့္ၿပီး မည္သို႔အျပစ္တင္မည္ကို သိခ်င္ေနသည္။
"ေစာေစာကသာသိရင္ တစ္လမ္းလုံး စိတ္ရႈပ္ေနမွာမဟုတ္ဘူး" မု႐ုန္ေဟြ႕သည္ စိတ္သက္သာရာရစြာျဖင့္ ေျပာေလသည္ "ဒါေပမဲ့ ေကာင္းပါ တယ္ စြမ္းအားကို ဘယ္လိုလွ်ိဳ႕ဝွက္ထားရမယ္ဆိုတာကို သိရင္ ကိုယ့္ကိုယ္ ကိုယ္ ပိုၿပီးကာကြယ္ႏိုင္မယ္"
သူမ၏ စာခ်ဳပ္သားရဲမွာ ဤမွ်အင္အားႀကီးေၾကာင္း ၾကင္ယာေတာ္ မင္းသမီး သိပါက ဤအဆင့္ေလာက္ရွိေသာ လုပ္ႀကံသူမ်ားကိုလႊတ္လိုက္မည္ မဟုတ္ေပ။
"လင္း ဒီအေလာင္းေတြကို ေဖ်ာက္လိုက္ ခရီးဆက္ၾကမယ္... ေနာက္ ဆက္မယ့္ခရီးက အရင္လိုေတာ့ ေအးေအးလူလူမျဖစ္ေတာ့ဘူးထင္တယ္" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
သည္တစ္ႀကိမ္ က်ရႈံးသြားသျဖင့္ ၾကင္ယာေတာ္မင္းသမီးသည္ တျခားသူ မ်ားကို ေသခ်ာေပါက္ ထပ္လႊတ္ႏိုင္သည္။ ထိုသို႔ဆိုလွ်င္ လမ္းတစ္ေလွ်ာက္ ဤကဲ့သို႔ ေနာက္မွလိုက္မည္မဟုတ္ေတာ့ေပ။
"အေဖ သူမနဲ႔ ကစားဖို႔မလိုပါဘူး" ရွီမာယူယူ ေျပာလိုက္သည္ "သူမ ေနာက္တစ္ခါ လႊတ္မယ့္လူေတြက ကိုင္တြယ္ဖို႔လြယ္မွာမဟုတ္ဘူး... သူမက သမီးတို႔လူေတြကို ထိခိုက္ေစမယ့္လူေတြ လႊတ္လိုက္ရင္ ဘယ္လိုလုပ္မလဲ"
"သမီး စဥ္းစားတာက..."
"လမ္းေၾကာင္းေျပာင္းမယ္ အဲဒါမွ ယြိၿမိဳ႕ေတာ္ကို ေအးေအးေဆးေဆး သြားလို႔ရမွာ" ရွီမာယူယူ ေျပာလိုက္သည္ "ေနာက္မွာ အၿမီးကိုခ်န္ထားခဲ့လို႔ မေကာင္းဘူးေလ ဟုတ္တယ္မလား"
မု႐ုန္ေဟြ႕သည္ ေခတၱမွ်စဥ္းစားၿပီးေနာက္ သေဘာတူေခါင္းညိတ္ၿပီး မု႐ုန္လင္းကို ေအာက္ဆင္း၍လမ္းေၾကာင္းေျပာင္းရန္ ၫႊန္ၾကားလိုက္သည္။
"သခင္ အဲလူေတြ လိုက္မွီတဲ့အထိ ဒီမွာေစာင့္မွာလား" မု႐ုန္လင္း ေမး ေလသည္။
"သူတို႔မမွီပါဘူး" ရွီမာယူယူ ေျပာလိုက္သည္ "မဟုတ္ရင္ သူတို႔ ဒီေလာက္အၾကာႀကီး လိုက္ေနရမွာမဟုတ္ဘူး အေကာင္းဆုံးနည္းလမ္းက လက္ဦးမႈယူဖို႔ပဲ"
"ဒါေပမဲ့ သူတို႔က ဘယ္မွာလဲ အင္အားဘယ္ေလာက္ရွိလဲဆိုတာ မသိရ ဘူးေလ"
"ကြၽန္မသိတယ္" ရွီမာယူယူသည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ၿပဳံးလိုက္ သည္။ သူမအေနာက္မွ ထုံထိုင္းေနေသာ ႏွစ္ေယာက္ကို ၾကည့္ရသည္မွာ တစ္ေယာက္ေယာက္ေတာ့ ဒုကၡခံရေတာ့မည္ဟု ခံစားေနရသည္။
ေန႔တစ္ဝက္ၾကာၿပီးေနာက္....
"အာ... ဒီမွာ ေႁမြေတြအမ်ားႀကီဂပဲ"
"ဒီမွာ ဒီေနရာက ေႁမြေတြေနေလ့မရွိဘူးေလ"
"တိုက္ေတာ့ တိုက္ခိုက္ၾက"
"အာ... ငါ့ကိုဘယ္သူ႐ိုက္တာလဲ"
"ငါမ႐ိုက္ဘူး ငါ ေႁမြေတြကို တိုက္ခိုက္တာပဲ"
"အာ..."
အားလုံးသည္ ႏႈတ္ဆိတ္ၿပီး ၾကည့္မိၾကသည္။ သူတို႔သည္ အခ်င္းခ်င္း သတ္ျဖတ္ေနၾကသည့္ ျမင္ကြင္းကို နားမလည္ႏိုင္ၾကေပ။
"ဒါက ထင္ေယာင္ထင္မွား တည္ေဆာက္မႈပုံစံပဲ"
"ငါ အရင္က ထင္ေယာင္ထင္မွားတည္ေဆာက္မႈကို ျမင္ဖူးေပမဲ့ အဲဒါက ေရွာင္မ်ိဳးႏြယ္ကို အမွန္ေျပာထြက္ေအာင္လုပ္တဲ့ဟာပဲေလ... ဒီထင္ေယာင္ ထင္မွားတည္ေဆာက္မႈက တိုက္ခိုက္တတ္မယ္လို႔ ထင္မထားဘူး"
"ဟုတ္တယ္ ဒီတည္ေဆာက္မႈက တကယ္ကိုမိုက္တာပဲ"
"တေစၦေလာကမွာ ဒီလိုတည္ေဆာက္မႈကိုမျမင္ဖူးေသးဘူး"
မု႐ုန္လင္းသည္ တိုက္ခိုက္တတ္သည့္ ထင္ေယာင္ထင္မွားတည္ေဆာက္ မႈကို ပထမဆုံးျမင္ဖူးသျဖင့္ အံ့အားသင့္ေနသည္။
"သခင္မေလး ဘယ္လိုလုပ္ ဒီလိုျဖစ္တာလဲ"
"အရမ္းကို႐ိုးရွင္းပါတယ္ သူတို႔အျမင္မွာေတာ့ သူတို႔ရဲ႕ ရဲေဘာ္ရဲဘက္ ေတြက မိစာၦေတြျဖစ္ေနၾကမွာ" ရွီမာယူယူ ရွင္းျပသည္ "ဒီလိုမ်ိဳး ထင္ေယာင္ ထင္မွားက သာမာန္ထင္ေယာင္ထင္မွားထက္ေတာ့ နည္းနည္းေလးပိုခက္ တယ္ ဘာလို႔လဲဆိုတာ့ သူတို႔ကို ေသြးေခ်ာက္ခ်ားေအာင္လုပ္႐ုံတင္မကဘူး ေၾကာက္ေအာင္ ေဒါသထြက္ေအာင္စတာေတြကိုပါ လုပ္ရတယ္ အဲဒါေၾကာင့္ သူတို႔ေရွ႕က မိစာၦေတြကို သူတို႔တိုက္ခိုက္ၾကတာပဲ"
"ပုံမွန္တည္ေဆာက္မႈဆိုရင္ အဲလိုသက္ေရာက္မႈမရွိဘူး... အမ်ားဆုံးမွ မိစာၦတခ်ိဳ႕ကို အသြင္ေျပာင္းႏိုင္တာပဲရွိတာ... ဒါေပမဲ့ တိုက္ခိုက္မႈက ဝိညာဥ္ စြမ္းအားကိုစားသြားတာ ဒီလိုမ်ိဳးပ်က္စီးမႈမျဖစ္ေစဘူး" မု႐ုန္ေဟြ႕ ေျပာေလ သည္ "ဒါက တကယ္ကို အရမ္းအားေကာင္းတယ္"
"ဒီအၿမီးေတြကို ရွင္းၿပီးသြားရင္ လမ္းေၾကာင္းေျပာင္းၿပီး တယြိၿမိဳ႕ေတာ္ ကိုသြားမယ္" ရွီမာယူယူသည္ ေနာက္ပိုင္းအေျခအေနမ်ားကို စိတ္မဝင္စား ေတာ့ေပ။ အဆုံးသတ္မွာ မွန္းမရႏိုင္ေပ။
"သခင္မေလး က်ဳပ္သိခ်င္တာ တစ္ခုရွိေသးတယ္" မု႐ုန္လင္းသည္ သူမ ကိုၾကည့္ၿပီး သူ၏ ရႈပ္ေထြးမႈကို ေျဖရွင္းေပးလိမ့္မည္ဟု ေမွ်ာ္လင့္ေနသည္။
"အဲဒါက အရမ္းကို႐ိုးရွင္းပါတယ္" ရွီမာယူယူ ေတြးလိုက္သည္ႏွင့္ ပ်ားမ်ားသည္ သူမဆီသို႔ပ်ံလာၿပီး သူမ၏ခႏၶာကိုယ္တြင္နားေလသည္။
"ဒါေတြက..."
"ကြၽန္မရဲ႕ပ်ားေတြပါ" ရွီမာယူယူသည္ လက္ဆန႔္ထုတ္ၿပီး နီရဲပ်ားမ်ားကို သူမ၏ လက္ဖမိုးေပၚတြင္နားရန္ ေျပာလိုက္သည္။
"ဒီပ်ားေတြက ဘာအမ်ိဳးအစားလဲ သူတို႔ရွိေနတာကို ဘာမွမခံစားမိဘူး" မု႐ုန္လင္းသည္ လက္ဆန႔္ထုတ္ၿပီး သာမာန္ပ်ားပုံစံရွိ တစ္ေကာင္ဖမ္းလိုက္ သည္။
"ဒါက သတင္းေတြစုႏိုင္တဲ့ သမီးရဲ႕ပ်ားေတြပဲ... လူသားေလာကကေန ယူလာတာ... အေၾကာင္းအရင္းတခ်ိဳ႕ေၾကာင့္သာ သူတို႔အိပ္ေပ်ာ္ေနတာ အခု သူတို႔ႏိုးလာၿပီေလ" နီရဲပ်ားမ်ားကိုၾကည့္ၿပီး သူမသည္ ခံစားခ်က္ေကာင္းေန သည္။ ၿပီးေနာက္ ေကြးတက္ေနေသာ သူမ၏ ႏႈတ္ခမ္းေထာင့္မွာ သူမ၏ ခံစားခ်က္ကို ျပသေနသည္။
ၿပီးခဲ့သည့္ ၂ ႏွစ္တာတြင္ နီရဲပ်ားမ်ားတင္မကဘဲ တျခားေသာ ဝိညာဥ္ သားရဲမ်ားလည္း တစ္ေကာင္ၿပီးတစ္ေကာင္ ႏိုးထလာခဲ့သည္။ အခု ႏိုးရန္က်န္ ေနသူမွာ ၾကက္ေသြးေရာင္မီးေတာက္ပင္ျဖစ္သည္။
မု႐ုန္ေဟြ႕ႏွင့္ မု႐ုန္လင္းတို႔ႏွစ္ေယာက္လုံးသည္ သူမ၏ သ႐ုပ္မွန္ကို သိၾကသျဖင့္ လူသားေလာကမွ စာခ်ဳပ္သားရဲကိုယူလာသည္ဟု ေျပာသည္ကို မအံ့ဩေတာ့ေပ။
"ဒီေကာင္ေလးေတြနဲ႔ဆိုရင္ ေနာက္ကို လုပ္ခ်င္တာေတြ အကုန္ အဆင္ ေျပသြားမွာပဲ" လူသာဆိုလွ်င္ သတင္းေထာက္လွမ္းလွ်င္ ေပၚေပါက္ႏိုင္သည္။ သို႔ေသာ္ ထိုပ်ားမ်ားကိုေတာ့ လ်စ္လ်ဴရႈထားၾကမည္ျဖစ္သည္။
"ဒီလူေတြရဲ႕ တည္ေနရာကိုသိတာ ဘယ္လိုေနလဲ" ရွီမာယူယူ ေျပာလိုက္ သည္ "ၿပီးေတာ့ တယြိၿမိဳ႕ေတာ္ကိုလည္း နည္းနည္းလႊတ္ထားလိုက္တယ္ အဲဒီ ကိုေရာက္တာနဲ႔ အဲဒီကသတင္းကိုသိရမွာပဲ... အဲအခ်ိန္က်ရင္ ရတဲ့သတင္းကို အေဖ့ကိုလာေျပာမယ္... ရန္သူအေၾကာင္းကိုသိထားရင္ မဆင္မျခင္မလုပ္မိ တာေပါ့"
မု႐ုန္ေဟြ႕ႏွင့္ မု႐ုန္လင္းတို႔သည္ သူမ၏ အျပဳအမူေၾကာင့္ ရင္ထဲထိသြား ၾကသည္။ သူတို႔သည္ အလြန္ကံေကာင္းသည္ဟု ခံစားရသည္။ သူတို႔၏ ဘဝ သည္ ဤကဲ့သို႔လူႏွင့္ေတြ႕ရသျဖင့္ အလဟႆမျဖစ္ေတာ့ေပ။
ေအာက္မွ တပ္သားမ်ားအားလုံး ေျဖရွင္းၿပီးေသာအခါ မူလလမ္းေၾကာင္း ကိုေျပာင္းၿပီး တယြိၿမိဳ႕ေတာ္ကို ေနာက္တစ္ၿမိဳ႕မွဆက္သြားသည္။ သူတို႔ကို ေထာက္လွမ္းသည့္သူမရွိေတာ့သျဖင့္ လမ္းတစ္ေလွ်ာက္ ေအးေအးေဆးေဆး ပင္လာခဲ့ၾကသည္။
သို႔ေသာ္ သူတို႔ ေအးေဆးႏိုင္သေလာက္ တစ္ဖက္မွာ မေအးေဆးႏိုင္ ေတာ့ေပ။
ေရွာင္ေရာ့ပိုင္သည္ သူမအခန္းသို႔ေရာက္လာေသာ ယြိခ်ီကိုၾကည့္ၿပီး သူ၏ ရန္လိုမႈကိုဖိႏွိပ္ထားပုံကို နားမလည္ႏိုင္ျဖစ္ေနသည္။
"ဘာျဖစ္လို႔လဲ" သူမ ေမးလိုက္သည္။
သူမသည္ သူ႔ကို အရင္ဂ႐ုတစိုက္ရွိသည္မွာ တိုးတက္မႈပင္ျဖစ္သည္။
"မု႐ုန္ေဟြ႕နဲ႔ မု႐ုန္ရွီတို႔ ထာဝရေတာက္ပျခင္းၿမိဳ႕မွာရွိတုန္းက မင္းလည္း အဲဒီမွာရွိခဲ့တာပဲ" ယြိခ်ိ ေျပာလိုက္သည္။
"ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ"
"သူမက ထာဝရေတာက္ပျခင္းၿမိဳ႕ကိုသြားတုန္းက ဘာမွအသုံးမက်တာ ကို မွတ္မိေသးတယ္"
ေရွာင္ေရာ့ပိုင္သည္ သူ႔ကိုစိုက္ၾကည့္ၿပီး ျပန္ေျဖသည္ "ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ"
"ဒါဆို ဘာလို႔လဲေတာ့ မသိဘူး သူမ အဲဒီကိုေရာက္ၿပီး သုံးေလးႏွစ္ အတြင္းမွာ ဒီလိုမ်ိဳး ေတာ္လြန္းတဲ့တည္ေဆာက္မႈအရည္အခ်င္းရွိေနတာပဲ"
"ရွင္ေျပာတာ ယြဲ႕ရွီေတာင္ၾကားက တည္ေဆာက္မႈလား... ကြၽန္မ မိုမ်ိဳးႏြယ္က သခင္ေလးကိုေတြ႕လိုက္တယ္... သူလည္း တည္ေဆာက္မႈေတြရဲ႕ သခင္ပဲ" ေရွာင္ေရာ့ပိုင္ ေျပာလိုက္သည္ "အဲေတာ့ ရွင္ေျပာတာက အဲဒီ တည္ေဆာက္မႈကို သူမ စီမံတာေပါ့... ကြၽန္မကေတာ့ အဲဒါကိုသိပ္မယုံခ်င္ဘူး"
"မင္းက သူမကို ကာကြယ္ေနတာပဲ" ယြိခ်ိသည္ သူမကို စိုက္ၾကည့္သည္ "ဘာလို႔လဲ သူမက မင္းရဲ႕ရန္သူေလ"
"ကြၽန္မ သူမကိုကာကြယ္ေနတာမဟုတ္ဘူး.. သူမ ျဖစ္မယ္လို႔ မထင္လို႔" ေရွာင္ေရာ့ပိုင္သည္ သူ႔ကိုျပန္ၾကည့္လိုက္သည္ "ရွင္ ဘာလို႔ ေဒါသထြက္ေနလဲ ဆိုတာ မေျပာရေသးဘူး ဘာလို႔မု႐ုန္ရွီကိစၥကိုထပ္ၿပီး ဝင္ပါေနတာလဲ"
"မု႐ုန္ရွီကို ေစာင့္ၾကည့္ဖို႔ ၾကင္ယာေတာ္မင္းသမီး လႊတ္လိုက္တဲ့လူေတြ က လမ္းတစ္ဝက္မွာတင္အသတ္ခံလိုက္ရတယ္ အဲဒီမွာတည္ေဆာက္မႈ အႂကြင္းအက်န္ေတြကို ငါတို႔လူရွာေတြ႕ခဲ့တယ္" ယြိခ်ီ ေျပာလိုက္သည္ "ငါတို႔ သိသေလာက္ဆိုရင္ မု႐ုန္ေဟြ႕က တည္ေဆာက္မႈသခင္ကိုေခၚမလာဘူး"
"အဲေတာ့ အဲဒါကိုမု႐ုန္ရွီလုပ္တယ္လို႔ ရွင္ သံသယဝင္တယ္ေပါ့"
"မင္းေရာ လုံးဝသံသယမဝင္မိဘူးလား" ယြိခ်ီသည္ သူမ မ်က္ႏွာနားသို႔ ကပ္ၿပီး သူမ၏ မ်က္ႏွာထားကိုအနီးကပ္ၾကည့္သည္ "အတိတ္ေမ့သြားၿပီးေတာ့ မု႐ုန္ရွီက ဘာလို႔အဲေလာက္ေတာင္ ေျပာင္းလဲသြားတာလဲ... အတိတ္ေမ့တာ က လူတစ္ေယာက္ရဲ႕ အက်င့္ကိုပါေျပာင္းၿပီး ပါရမီရွင္ပါျဖစ္ေစတာလား ေရာ့ပိုင္ မင္းဘယ္လိုထင္လဲ"
Unicode
အပိုင်း (၁၈၁၂) – မင်းဘယ်လိုထင်လဲ
မုရုန်ဟွေ့သည် မဟူရာကိုမကြည့်ဘဲ သူမကို ကြည့်နေသည်ကို ရှီမာယူယူကိုမြင်သောအခါ ပြုံးပြလိုက်သည်။
"ဒီကောင်မလေးတော့ ပိရိနေအောင်ကို ဖုံးထားတာပဲ" မုရုန်ဟွေ့သည် သူမ ခေါင်းကိုပုတ်လိုက်သည် "အဆင်ပြေသွားပြီ သမီးကို ကာကွယ်ပေးဖို့ နဂါးနက်ရှိမှတော့ တယွိမြို့တော်ကိုသွားဖို့ စိတ်ချသွားပြီ ဒါပေမဲ့..."
ရှီမာယူယူ သူ့ကိုကြည့်ပြီး မည်သို့အပြစ်တင်မည်ကို သိချင်နေသည်။
"စောစောကသာသိရင် တစ်လမ်းလုံး စိတ်ရှုပ်နေမှာမဟုတ်ဘူး" မုရုန်ဟွေ့သည် စိတ်သက်သာရာရစွာဖြင့် ပြောလေသည် "ဒါပေမဲ့ ကောင်းပါ တယ် စွမ်းအားကို ဘယ်လိုလျှို့ဝှက်ထားရမယ်ဆိုတာကို သိရင် ကိုယ့်ကိုယ် ကိုယ် ပိုပြီးကာကွယ်နိုင်မယ်"
သူမ၏ စာချုပ်သားရဲမှာ ဤမျှအင်အားကြီးကြောင်း ကြင်ယာတော် မင်းသမီး သိပါက ဤအဆင့်လောက်ရှိသော လုပ်ကြံသူများကိုလွှတ်လိုက်မည် မဟုတ်ပေ။
"လင်း ဒီအလောင်းတွေကို ဖျောက်လိုက် ခရီးဆက်ကြမယ်... နောက် ဆက်မယ့်ခရီးက အရင်လိုတော့ အေးအေးလူလူမဖြစ်တော့ဘူးထင်တယ်" မုရုန်ဟွေ့ ပြောလိုက်သည်။
သည်တစ်ကြိမ် ကျရှုံးသွားသဖြင့် ကြင်ယာတော်မင်းသမီးသည် တခြားသူ များကို သေချာပေါက် ထပ်လွှတ်နိုင်သည်။ ထိုသို့ဆိုလျှင် လမ်းတစ်လျှောက် ဤကဲ့သို့ နောက်မှလိုက်မည်မဟုတ်တော့ပေ။
"အဖေ သူမနဲ့ ကစားဖို့မလိုပါဘူး" ရှီမာယူယူ ပြောလိုက်သည် "သူမ နောက်တစ်ခါ လွှတ်မယ့်လူတွေက ကိုင်တွယ်ဖို့လွယ်မှာမဟုတ်ဘူး... သူမက သမီးတို့လူတွေကို ထိခိုက်စေမယ့်လူတွေ လွှတ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
"သမီး စဉ်းစားတာက..."
"လမ်းကြောင်းပြောင်းမယ် အဲဒါမှ ယွိမြို့တော်ကို အေးအေးဆေးဆေး သွားလို့ရမှာ" ရှီမာယူယူ ပြောလိုက်သည် "နောက်မှာ အမြီးကိုချန်ထားခဲ့လို့ မကောင်းဘူးလေ ဟုတ်တယ်မလား"
မုရုန်ဟွေ့သည် ခေတ္တမျှစဉ်းစားပြီးနောက် သဘောတူခေါင်းညိတ်ပြီး မုရုန်လင်းကို အောက်ဆင်း၍လမ်းကြောင်းပြောင်းရန် ညွှန်ကြားလိုက်သည်။
"သခင် အဲလူတွေ လိုက်မှီတဲ့အထိ ဒီမှာစောင့်မှာလား" မုရုန်လင်း မေး လေသည်။
"သူတို့မမှီပါဘူး" ရှီမာယူယူ ပြောလိုက်သည် "မဟုတ်ရင် သူတို့ ဒီလောက်အကြာကြီး လိုက်နေရမှာမဟုတ်ဘူး အကောင်းဆုံးနည်းလမ်းက လက်ဦးမှုယူဖို့ပဲ"
"ဒါပေမဲ့ သူတို့က ဘယ်မှာလဲ အင်အားဘယ်လောက်ရှိလဲဆိုတာ မသိရ ဘူးလေ"
"ကျွန်မသိတယ်" ရှီမာယူယူသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက် သည်။ သူမအနောက်မှ ထုံထိုင်းနေသော နှစ်ယောက်ကို ကြည့်ရသည်မှာ တစ်ယောက်ယောက်တော့ ဒုက္ခခံရတော့မည်ဟု ခံစားနေရသည်။
နေ့တစ်ဝက်ကြာပြီးနောက်....
"အာ... ဒီမှာ မြွေတွေအများကြီဂပဲ"
"ဒီမှာ ဒီနေရာက မြွေတွေနေလေ့မရှိဘူးလေ"
"တိုက်တော့ တိုက်ခိုက်ကြ"
"အာ... ငါ့ကိုဘယ်သူရိုက်တာလဲ"
"ငါမရိုက်ဘူး ငါ မြွေတွေကို တိုက်ခိုက်တာပဲ"
"အာ..."
အားလုံးသည် နှုတ်ဆိတ်ပြီး ကြည့်မိကြသည်။ သူတို့သည် အချင်းချင်း သတ်ဖြတ်နေကြသည့် မြင်ကွင်းကို နားမလည်နိုင်ကြပေ။
"ဒါက ထင်ယောင်ထင်မှား တည်ဆောက်မှုပုံစံပဲ"
"ငါ အရင်က ထင်ယောင်ထင်မှားတည်ဆောက်မှုကို မြင်ဖူးပေမဲ့ အဲဒါက ရှောင်မျိုးနွယ်ကို အမှန်ပြောထွက်အောင်လုပ်တဲ့ဟာပဲလေ... ဒီထင်ယောင် ထင်မှားတည်ဆောက်မှုက တိုက်ခိုက်တတ်မယ်လို့ ထင်မထားဘူး"
"ဟုတ်တယ် ဒီတည်ဆောက်မှုက တကယ်ကိုမိုက်တာပဲ"
"တစ္ဆေလောကမှာ ဒီလိုတည်ဆောက်မှုကိုမမြင်ဖူးသေးဘူး"
မုရုန်လင်းသည် တိုက်ခိုက်တတ်သည့် ထင်ယောင်ထင်မှားတည်ဆောက် မှုကို ပထမဆုံးမြင်ဖူးသဖြင့် အံ့အားသင့်နေသည်။
"သခင်မလေး ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ"
"အရမ်းကိုရိုးရှင်းပါတယ် သူတို့အမြင်မှာတော့ သူတို့ရဲ့ ရဲဘော်ရဲဘက် တွေက မိစ္ဆာတွေဖြစ်နေကြမှာ" ရှီမာယူယူ ရှင်းပြသည် "ဒီလိုမျိုး ထင်ယောင် ထင်မှားက သာမာန်ထင်ယောင်ထင်မှားထက်တော့ နည်းနည်းလေးပိုခက် တယ် ဘာလို့လဲဆိုတာ့ သူတို့ကို သွေးချောက်ချားအောင်လုပ်ရုံတင်မကဘူး ကြောက်အောင် ဒေါသထွက်အောင်စတာတွေကိုပါ လုပ်ရတယ် အဲဒါကြောင့် သူတို့ရှေ့က မိစ္ဆာတွေကို သူတို့တိုက်ခိုက်ကြတာပဲ"
"ပုံမှန်တည်ဆောက်မှုဆိုရင် အဲလိုသက်ရောက်မှုမရှိဘူး... အများဆုံးမှ မိစ္ဆာတချို့ကို အသွင်ပြောင်းနိုင်တာပဲရှိတာ... ဒါပေမဲ့ တိုက်ခိုက်မှုက ဝိညာဉ် စွမ်းအားကိုစားသွားတာ ဒီလိုမျိုးပျက်စီးမှုမဖြစ်စေဘူး" မုရုန်ဟွေ့ ပြောလေ သည် "ဒါက တကယ်ကို အရမ်းအားကောင်းတယ်"
"ဒီအမြီးတွေကို ရှင်းပြီးသွားရင် လမ်းကြောင်းပြောင်းပြီး တယွိမြို့တော် ကိုသွားမယ်" ရှီမာယူယူသည် နောက်ပိုင်းအခြေအနေများကို စိတ်မဝင်စား တော့ပေ။ အဆုံးသတ်မှာ မှန်းမရနိုင်ပေ။
"သခင်မလေး ကျုပ်သိချင်တာ တစ်ခုရှိသေးတယ်" မုရုန်လင်းသည် သူမ ကိုကြည့်ပြီး သူ၏ ရှုပ်ထွေးမှုကို ဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်နေသည်။
"အဲဒါက အရမ်းကိုရိုးရှင်းပါတယ်" ရှီမာယူယူ တွေးလိုက်သည်နှင့် ပျားများသည် သူမဆီသို့ပျံလာပြီး သူမ၏ခန္ဓာကိုယ်တွင်နားလေသည်။
"ဒါတွေက..."
"ကျွန်မရဲ့ပျားတွေပါ" ရှီမာယူယူသည် လက်ဆန့်ထုတ်ပြီး နီရဲပျားများကို သူမ၏ လက်ဖမိုးပေါ်တွင်နားရန် ပြောလိုက်သည်။
"ဒီပျားတွေက ဘာအမျိုးအစားလဲ သူတို့ရှိနေတာကို ဘာမှမခံစားမိဘူး" မုရုန်လင်းသည် လက်ဆန့်ထုတ်ပြီး သာမာန်ပျားပုံစံရှိ တစ်ကောင်ဖမ်းလိုက် သည်။
"ဒါက သတင်းတွေစုနိုင်တဲ့ သမီးရဲ့ပျားတွေပဲ... လူသားလောကကနေ ယူလာတာ... အကြောင်းအရင်းတချို့ကြောင့်သာ သူတို့အိပ်ပျော်နေတာ အခု သူတို့နိုးလာပြီလေ" နီရဲပျားများကိုကြည့်ပြီး သူမသည် ခံစားချက်ကောင်းနေ သည်။ ပြီးနောက် ကွေးတက်နေသော သူမ၏ နှုတ်ခမ်းထောင့်မှာ သူမ၏ ခံစားချက်ကို ပြသနေသည်။
ပြီးခဲ့သည့် ၂ နှစ်တာတွင် နီရဲပျားများတင်မကဘဲ တခြားသော ဝိညာဉ် သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် နိုးထလာခဲ့သည်။ အခု နိုးရန်ကျန် နေသူမှာ ကြက်သွေးရောင်မီးတောက်ပင်ဖြစ်သည်။
မုရုန်ဟွေ့နှင့် မုရုန်လင်းတို့နှစ်ယောက်လုံးသည် သူမ၏ သရုပ်မှန်ကို သိကြသဖြင့် လူသားလောကမှ စာချုပ်သားရဲကိုယူလာသည်ဟု ပြောသည်ကို မအံ့ဩတော့ပေ။
"ဒီကောင်လေးတွေနဲ့ဆိုရင် နောက်ကို လုပ်ချင်တာတွေ အကုန် အဆင် ပြေသွားမှာပဲ" လူသာဆိုလျှင် သတင်းထောက်လှမ်းလျှင် ပေါ်ပေါက်နိုင်သည်။ သို့သော် ထိုပျားများကိုတော့ လျစ်လျူရှုထားကြမည်ဖြစ်သည်။
"ဒီလူတွေရဲ့ တည်နေရာကိုသိတာ ဘယ်လိုနေလဲ" ရှီမာယူယူ ပြောလိုက် သည် "ပြီးတော့ တယွိမြို့တော်ကိုလည်း နည်းနည်းလွှတ်ထားလိုက်တယ် အဲဒီ ကိုရောက်တာနဲ့ အဲဒီကသတင်းကိုသိရမှာပဲ... အဲအချိန်ကျရင် ရတဲ့သတင်းကို အဖေ့ကိုလာပြောမယ်... ရန်သူအကြောင်းကိုသိထားရင် မဆင်မခြင်မလုပ်မိ တာပေါ့"
မုရုန်ဟွေ့နှင့် မုရုန်လင်းတို့သည် သူမ၏ အပြုအမူကြောင့် ရင်ထဲထိသွား ကြသည်။ သူတို့သည် အလွန်ကံကောင်းသည်ဟု ခံစားရသည်။ သူတို့၏ ဘဝ သည် ဤကဲ့သို့လူနှင့်တွေ့ရသဖြင့် အလဟဿမဖြစ်တော့ပေ။
အောက်မှ တပ်သားများအားလုံး ဖြေရှင်းပြီးသောအခါ မူလလမ်းကြောင်း ကိုပြောင်းပြီး တယွိမြို့တော်ကို နောက်တစ်မြို့မှဆက်သွားသည်။ သူတို့ကို ထောက်လှမ်းသည့်သူမရှိတော့သဖြင့် လမ်းတစ်လျှောက် အေးအေးဆေးဆေး ပင်လာခဲ့ကြသည်။
သို့သော် သူတို့ အေးဆေးနိုင်သလောက် တစ်ဖက်မှာ မအေးဆေးနိုင် တော့ပေ။
ရှောင်ရော့ပိုင်သည် သူမအခန်းသို့ရောက်လာသော ယွိချီကိုကြည့်ပြီး သူ၏ ရန်လိုမှုကိုဖိနှိပ်ထားပုံကို နားမလည်နိုင်ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ" သူမ မေးလိုက်သည်။
သူမသည် သူ့ကို အရင်ဂရုတစိုက်ရှိသည်မှာ တိုးတက်မှုပင်ဖြစ်သည်။
"မုရုန်ဟွေ့နဲ့ မုရုန်ရှီတို့ ထာဝရတောက်ပခြင်းမြို့မှာရှိတုန်းက မင်းလည်း အဲဒီမှာရှိခဲ့တာပဲ" ယွိချိ ပြောလိုက်သည်။
"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"သူမက ထာဝရတောက်ပခြင်းမြို့ကိုသွားတုန်းက ဘာမှအသုံးမကျတာ ကို မှတ်မိသေးတယ်"
ရှောင်ရော့ပိုင်သည် သူ့ကိုစိုက်ကြည့်ပြီး ပြန်ဖြေသည် "ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"
"ဒါဆို ဘာလို့လဲတော့ မသိဘူး သူမ အဲဒီကိုရောက်ပြီး သုံးလေးနှစ် အတွင်းမှာ ဒီလိုမျိုး တော်လွန်းတဲ့တည်ဆောက်မှုအရည်အချင်းရှိနေတာပဲ"
"ရှင်ပြောတာ ယွဲ့ရှီတောင်ကြားက တည်ဆောက်မှုလား... ကျွန်မ မိုမျိုးနွယ်က သခင်လေးကိုတွေ့လိုက်တယ်... သူလည်း တည်ဆောက်မှုတွေရဲ့ သခင်ပဲ" ရှောင်ရော့ပိုင် ပြောလိုက်သည် "အဲတော့ ရှင်ပြောတာက အဲဒီ တည်ဆောက်မှုကို သူမ စီမံတာပေါ့... ကျွန်မကတော့ အဲဒါကိုသိပ်မယုံချင်ဘူး"
"မင်းက သူမကို ကာကွယ်နေတာပဲ" ယွိချိသည် သူမကို စိုက်ကြည့်သည် "ဘာလို့လဲ သူမက မင်းရဲ့ရန်သူလေ"
"ကျွန်မ သူမကိုကာကွယ်နေတာမဟုတ်ဘူး.. သူမ ဖြစ်မယ်လို့ မထင်လို့" ရှောင်ရော့ပိုင်သည် သူ့ကိုပြန်ကြည့်လိုက်သည် "ရှင် ဘာလို့ ဒေါသထွက်နေလဲ ဆိုတာ မပြောရသေးဘူး ဘာလို့မုရုန်ရှီကိစ္စကိုထပ်ပြီး ဝင်ပါနေတာလဲ"
"မုရုန်ရှီကို စောင့်ကြည့်ဖို့ ကြင်ယာတော်မင်းသမီး လွှတ်လိုက်တဲ့လူတွေ က လမ်းတစ်ဝက်မှာတင်အသတ်ခံလိုက်ရတယ် အဲဒီမှာတည်ဆောက်မှု အကြွင်းအကျန်တွေကို ငါတို့လူရှာတွေ့ခဲ့တယ်" ယွိချီ ပြောလိုက်သည် "ငါတို့ သိသလောက်ဆိုရင် မုရုန်ဟွေ့က တည်ဆောက်မှုသခင်ကိုခေါ်မလာဘူး"
"အဲတော့ အဲဒါကိုမုရုန်ရှီလုပ်တယ်လို့ ရှင် သံသယဝင်တယ်ပေါ့"
"မင်းရော လုံးဝသံသယမဝင်မိဘူးလား" ယွိချီသည် သူမ မျက်နှာနားသို့ ကပ်ပြီး သူမ၏ မျက်နှာထားကိုအနီးကပ်ကြည့်သည် "အတိတ်မေ့သွားပြီးတော့ မုရုန်ရှီက ဘာလို့အဲလောက်တောင် ပြောင်းလဲသွားတာလဲ... အတိတ်မေ့တာ က လူတစ်ယောက်ရဲ့ အကျင့်ကိုပါပြောင်းပြီး ပါရမီရှင်ပါဖြစ်စေတာလား ရော့ပိုင် မင်းဘယ်လိုထင်လဲ"