Zawgyi
အပိုင္း (၁၈၀၈) – သုန္းမ်ိဳးႏြယ္ပ်က္စီးျခင္း
မရဏာတိုင္းျပည္ကႀကိဳဆိုပါတယ္... ငါက မရဏာဘုရင္ ေဟးဒီးစ္ပါ။
အရာအားလုံးသည္ ဤေနရာတြင္ ရပ္တန႔္သြားၿပီးေနာက္ သူမ ႏိုးလာ သည္။
သူမ၏ ၾကည္လင္ေသာမ်က္လုံးမ်ားသည္ သံသယမ်ား ဝင္းလက္သြား သည္ "မရဏာ... မရဏာဘုရင္ သူတို႔က တကယ္ပဲရွိလို႔လား... ငါ့မွာ ဘာလို႔ ဒီမွတ္ဉာဏ္ရွိေနတာလဲ.. ငါ တေစၦေလာကကိုေရာက္ေတာ့ ပထမဆုံးေရာက္ သြားတဲ့ေနရာက ေခ်ာက္ကမ္းပါးမဟုတ္ဘူးလား"
ဒါေတြသာ အမွန္မဟုတ္ဘူးဆိုရင္ သူမ အဲဒီကေနထြက္မသြားခင္ သူမရဲ႕ မွတ္ဉာဏ္ကို တစ္ဖက္လူက ခ်ိပ္ပိတ္လိုက္တာပဲ။ အခု သူက ဒီလိုေတြလုပ္ၿပီး ေတာ့ ဘာလို႔ ျပန္မွတ္မိေအာင္လုပ္ေနတာလဲ။
"ငါတို႔ ေလာင္းၾကမယ္ ဘယ္လိုလဲ"
သူမ ေခါင္းထဲတြင္ အသံတစ္သံဝင္လာသည္။ အသံမွာ ဟိုးအေဝးမွ လာသကဲ့သို႔ တိုးညင္းလြန္းသည္။ အသံမွာ ျဖတ္ခနဲျဖစ္သြားသျဖင့္ သူမ မၾကားလိုက္ရေပ။
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ..." သူမသည္ စိတ္ထဲမွ သံသယစိတ္ကို အသံထြက္ၿပီး ေလသံျဖင့္ ေရ႐ြတ္လိုက္သည္။
"သခင္မေလး သခင္မေလး မေကာင္းေတာ့ဘူး" ထင္ေ႐ႊသည္ ေအာ္ရင္း ႏွင့္ ၿခံအျပင္မွေျပးလာသည္။
ရွီမာယူယူသည္ နားထင္ကိုပြတ္ၿပီး အိပ္ရာေပၚမွဆင္းကာ ေလွ်ာက္ထြက္ ခဲ့လိုက္သည္။
"ဘာျဖစ္လို႔လဲ ဘာျဖစ္တာလဲ... ဘာလို႔ဒီေလာက္ပ်ာေနတာလဲ"
ထင္ေ႐ႊသည္ ရင္ဘတ္ကိုပုတ္ၿပီး အသက္ရႈမွန္ေအာင္လုပ္ကာ အလန႔္ တၾကား ေျပာေလသည္ "သုန္းမ်ိဳးႏြယ္... သုန္းမ်ိဳးႏြယ္ ဖ်က္ဆီးခံလိုက္ရၿပီ"
"ဘာ" ထင္စန္းသည္ ေဘးမွေအာ္ေလသည္ "သုန္းမ်ိဳးႏြယ္က ဘယ္လို ျဖစ္ၿပီး ဖ်က္ဆီးခံလိုက္ရတာလဲ"
ရွီမာယူယူသည္လည္း အလြန္အံ့ဩသြားသည္။ ကိစၥမ်ားျဖစ္ပ်က္သည္ မွာ မၾကာလွေသးကာ နယ္စားအိမ္ေတာ္မွလည္း သုန္းမ်ိဳးႏြယ္ကို စာရင္းရွင္း ရန္ လူမလႊတ္ရေသးေပ။ ဘယ္လိုျဖစ္လို႔ ဖ်က္ဆီးခံလိုက္ရတာလဲ။
"ဘယ္သူလုပ္လဲဆိုတာ သိလား" သူမ ေမးလိုက္သည္။
"မသိဘူး အဲဒီေန႔ကိစၥၿပီးသြားေတာ့ လူအမ်ားႀကီးက သုန္းမ်ိဳးႏြယ္ကို ေစာင့္ၾကည့္ေနၾကတာ ဒါေပမဲ့ ဘယ္သူလုပ္တာလဲဆိုတာ ဘယ္သူမွမျမင္ လိုက္ၾကဘူး" ထင္ေ႐ႊသည္ ၾကားလာေသာသတင္းကို ေျပာျပရင္းႏွင့္ အံ့ဩေန ဆဲပင္ျဖစ္သည္။
"ဘယ္သူလုပ္လဲဆိုတာ ဘယ္သူမွ မသိလိုက္ဘူးဟုတ္လား ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ" ထင္စန္းသည္ မယုံႏိုင္ေပ။ ဒီေလာက္ ႀကီးတဲ့လႈပ္ရွားမႈကို ဘယ္သူမွ မျမင္လိုက္ဘူးလား။
"တကယ္... ျမဴခိုးမည္းႀကီးတစ္ခုက လူေတြကိုအုပ္မိုးသြားၿပီးေတာ့ အဲဒီ ျမဴခိုးေပ်ာက္သြားတာနဲ႔ ေသြးကန္က်န္ခဲ့တာကိုပဲ ျမင္လိုက္ၾကတယ္လို႔ လူတိုင္း ေျပာေနတာ" ထင္ေ႐ႊသည္ ထိုအျဖစ္ကို သူမကိုယ္တိုင္ ျမင္ခဲ့ရသည့္ အလား ေျပာျပရင္းႏွင့္ မ်က္လုံးမ်ားျပဴးက်ယ္ေနသည္။
ထိုစကားကိုၾကားေသာအခါ ရွီမာယူယူသည္ အမည္းေလးကို အလိုအေလ်ာက္ၾကည့္မိသည္။ အဲဒီပုံစံက သူမ အမည္းေလးကို ပထမဆုံးျမင္ တဲ့အခ်ိန္နဲ႔ ဘာလို႔တူေနတာလဲ။
ဒါေပမဲ့ ဒီေကာင္က ဒီလိုပုံစံနဲ႔ ဒီမွာပဲရွိေနတာေလ။ သူ႔လက္ခ်က္ မျဖစ္ ႏိုင္ဘူး။ ၿပီးေတာ့ ဒီေကာင္ကိုခ်ိပ္ပိတ္ထားတာ ဝိညာဥ္စြမ္းအားသုံးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ပထဆုံးလူသတ္တာကလည္း အျမန္ႏႈန္းနဲ႔ သြားကိုပဲ မွီခိုခဲ့တာ အဲလိုမျဖစ္ႏိုင္ဘူး။
"တျခား ထူးျခားတဲ့အခ်က္ရွိလား" ထင္စန္း ေမးလိုက္သည္။
"အိုး... သူတို႔ေတြ ေျပာတာကို နားေထာင္ရသေလာက္ အဲဒီျမဴခိုးမည္းဆီ က ေၾကာက္စရာေကာင္းတဲ့ ခံစားခ်က္ရတယ္တဲ့ သာမာန္လူ အသက္ရႈတာနဲ႔ မတူဘူးဆိုပဲ" ထင္ေ႐ႊေျပာေလသည္။
"ျမဴခိုးမည္းအျဖစ္ ေျပာင္းႏိုင္တယ္ဆိုေတာ့ တေစၦနယ္ေျမက မဟုတ္ တာေသခ်ာတယ္ ဝိညာဥ္နယ္ေျမကလူမ်ားလား" ထင္စန္းသည္ သူမ၏ ထင္ျမင္ခ်က္ကို အသံထြက္ေျပာသည္။
"အဲဒါလည္းျဖစ္ႏိုင္တယ္ ဒါေပမဲ့ ဒီတစ္ေခါက္ျဖစ္သြားတာက အခ်ိန္က လည္း အရမ္းတိုက္ဆိုင္လြန္းတယ္ မဟုတ္ဘူးလား အဲေန႔ကကိစၥေၾကာင့္... သုန္းမ်ိဳးႏြယ္ လက္စားေခ်ခံရတာလို႔ ခံစားေနရတယ္၊ အခု ဒီကိစၥကို ကြၽန္မတို႔ လူလႊတ္လိုက္တယ္လို႔ အျပင္မွာသတင္းေတြပ်ံ႕ေနတယ္"
"အဲဒါက ငါတို႔ကိုျပႆနာျဖစ္ေစလို႔လား"
"ဒါက အစပိုင္းကထင္ၾကတာပါ... တခ်ိဳ႕ကလည္း အဲလိုအင္အားမ်ိဳးက နယ္စားအိမ္ေတာ္မွာမရွိဘူးလို႔ ေျပာၾကတယ္... သခင္မေလးကို တစ္ေယာက္ ေယာက္က ကူညီေနတယ္လို႔လည္း ခန႔္မွန္းေနၾကတာ... ၿပီးေတာ့ သခင္မေလးကအရင္က ဘာမွမဟုတ္ခဲ့ဘူးေလ ဒါေပမဲ့ အခု သူမမွာ နဂါးနက္ နဲ႔ အသြင္ေျပာင္းတဲ့ေခြးရွိေနတာ... သူမက စြန႔္စားရင္းနဲ႔ မေတာ္တဆ အခြင့္အေရးေတြရသြားတာျဖစ္မယ္တဲ့... အဲဒါေၾကာင့္ အခု အကုန္လုံးက သခင္မေလးကို ေၾကာက္ေနၾကတယ္" ထင္ေ႐ႊသည္ ထိုလူမ်ား၏ စကားမ်ား ကို ျပန္ေျပာရင္းႏွင့္ ရွီမာယူယူကို ေလးစားေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေလ သည္ "သခင္မေလး သူတို႔ေျပာတာ အမွန္ပဲလား သခင္မေလးက စြန႔္စားခန္း ထြက္ရင္းနဲ႔ မေတာ္တဆအခြင့္အေရးေတြမ်ား ေတြ႕လာတာလား"
ရွီမာယူယူသည္ သူမ၏ ေခါင္းကိုတြန္းၿပီး ေျပာလိုက္သည္ "ငါက ဘယ္တုန္းက စြန္႔္စားခန္းထြက္လို႔ ဘယ္က အခြင့္အေရးရမွာလဲ မဟူရဦက ငါ ယြဲ႕ရွီေတာင္ၾကားမွာတုန္းက စာခ်ဳပ္တည္ေထာင္ခဲ့တာ"
ထင္စန္းသည္ ထင္ေ႐ႊကိုဆြဲၿပီး မဟုတ္မဟတ္စကားမ်ား မေျပာရန္ တားရင္းႏွင့္ တစ္ခ်ိန္တည္းမွာပင္ ေမးလိုက္သည္ "သခင္မေလး သုန္းမ်ိဳးႏြယ္ ကိစၥကို ဘယ္လိုေျဖရွင္းၾကမလဲ"
"ဘာေျဖရွင္းစရာလိုလို႔လဲ အဲဒါငါတို႔လုပ္တာမွ မဟုတ္တာ အဲဒီေတာ့ စိတ္ပူမေနနဲ႔" ရွီမာယူယူ ေျပာလိုက္သည္ "ဒါေပမဲ့ ၿမိဳ႕ထဲက အေျခအေနကို အာ႐ုံစိုက္ထားၾကဦး အေျပာင္းအလဲေတြရွိရင္ အခ်ိန္မွီသတင္းလာပို႔"
"ဟုတ္ကဲ့ပါ"
"ဟုတ္ၿပီ မင္းတို႔ သြားၾကေတာ့" ရွီမာယူယူ လက္ကိုေဝ့ယမ္းလိုက္ရာ သူတို႔ႏွစ္ေယာက္ ေနာက္ဆုတ္သြားၾကသည္။
သူမသည္ ၿခံဝန္းထဲတြင္ တစ္ေယာက္တည္းရပ္ၿပီး မီးခိုးေရာင္ မိုးေကာင္းကင္ကို ၾကည့္ကာ ေရ႐ြတ္မိသည္ "ရွင္လုပ္တာလား ေဟးဒီးစ္..."
သူမကို အေျဖျပန္ေပးသည္မွာ ေလတိုးသံမွ်သာျဖစ္သည္။
တစ္ခ်ိန္တည္းမွာပင္ ၿမိဳ႕အျပင္တြင္ ျမဴခိုးတိမ္တိုက္တစ္ခုသည္ ျဖည္းညင္းစြာ ပုံေပၚလာၿပီး အမ်ိဳးသားတစ္ဦးအသြင္ေျပာင္းသြားေလသည္။
ထိုအမ်ိဳးသားသည္ လက္ကို သာမာန္ကာလွ်ံကာေဝ့လိုက္ရာ ေလဟာ ျပင္မွာ ဟ,သြားေသာ္လည္း သူ မဝင္ေပ။
"အရွင္ သုန္းမ်ိဳးႏြယ္ကို ရွင္းၿပီးသြားပါၿပီ အဲဒီပစၥည္းကိုလည္း သူမဆီ ပို႔ၿပီးသြားပါၿပီ" ထိုလူ သတင္းပို႔ေလသည္။
"သူမ မွတ္မိလား" ၾကည္လင္ေသာအသံသည္ ထိုေလဟာနယ္ထဲမွ လြင့္ပ်ံလာသည္။
"သူမ နည္းနည္းေတာ့ မွတ္မိတယ္... ဒါေပမဲ့ ခ်ိပ္စည္းမပ်က္ေသးေတာ့ အကုန္လုံးကို မမွတ္မိဘူး" ထိုလူျပန္ေျဖေလသည္။
"ဟြမ္... မင္းေျပာၾကည့္... ဒီအေလာင္းအစားမွာ ဘယ္သူႏိုင္လဲ သူမ ျဖစ္မလား မဟုတ္ရင္ ငါျဖစ္မလား..."
"အရွင္.. ယူယူက ခ်ိပ္စည္းကိုဖ်က္ႏိုင္ၿပီး ဒီ ၁၀ ႏွစ္အတြင္းကကိစၥေတြကို ျပန္မွတ္မိမယ္လို႔ အရွင္နဲ႔ ယူယူတို႔ အေလာင္းအစားလုပ္ထားၾကတာ အရွင္က သူမဘဝကို ဝင္မေႏွာင့္ယွက္ဘူး... ၿပီးေတာ့ သူမကို မရဏာေလာကမွာ မေန ေစခ်င္ဘူး... သူမ မွတ္မိမယ္လို႔ထင္ပါတယ္" ဟြမ္ ေျပာလိုက္သည္။
"ဒီအရွင္ ရႈံးမယ္လို႔ မင္းထင္တာလား"
"သူမက တေစၦေလာကမွာ စိတ္မာတယ္လို႔ အခုပဲသိလာတယ္ သူမက ကြၽန္ေတာ္တို႔ကို ယာယီေမ့သြားရင္ေတာင္ မသိစိတ္ကေန အႏိုင္လိုခ်င္ေန တုန္းပဲေလ မဟုတ္ရင္ သူမက အိတ္ေဆာင္စၾကာဝဠာေသတၱာကို ျမင္တဲ့ အခ်ိန္ တစ္ခုခုကိုစဥ္းစားမိမွာမဟုတ္ဘူးလား" ဟြမ္သည္ သူ၏ အေတြးကို ေျပာသည္ "ၿပီးေတာ့ အရွင္ အရွင္က သူမကိုအႏိုင္လိုစိတ္မရွိဘူးမလား"
"ဒီကေလးေတာ့ ဒီအရွင္ရဲ႕စိတ္ကို ဘယ္သူက မွန္းခိုင္းလို႔လဲ" ေဟးဒီးစ္ သည္ ေဒါသမထြက္ဘဲ သက္ျပင္းခ်ေလသည္ "မရဏာေလာကမွာ ဘယ္သူမွ မရွိတာ အရမ္းၾကာေနၿပီ ေနာက္ဆုံးေတာ့ ငါသေဘာေတြ႕တဲ့လူရွိလာၿပီ..."
ဟြမ္သည္ ေခါင္းငုံ႔ထားသည္။ သူသည္ ေဟးဒီးစ္၏ ခံစားခ်က္ကို နားလည္ၿပီး ရွီမာယူယူကို အလြန္ႏွစ္သက္သည္ကို ျမင္ေနရသည္။ ထိုခံစား ခ်က္မွာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးအၾကားမွ အခ်စ္ေရးအခ်စ္ရာခံစားခ်က္မ်ိဳး မဟုတ္ဘဲ အေမွာင္ထဲတြင္ ၾကာရွည္စြာေနလာသူမွ မိုးေသာက္ခ်ိန္ အလင္းကို ေတြ႕လိုက္ရသူကဲ့သို႔ ခံစားခ်က္ပင္ျဖစ္သည္။
"အရွင္ သူမ ေျပာတဲ့လူေလ သူကလည္း တေစၦေလာကကိုလာတယ္" ဟြမ္ ေျပာေလသည္ "အဲဒီဘက္က အေျခအေနကို အာ႐ုံစိုက္ထားရမလား"
"သူမရဲ႕လူ..." ေဟးဒီးစ္၏ အသံမွာအလြန္တိုးညင္းေနသျဖင့္ ေဒါသကို ပင္ ဖတ္မရေပ။ အတန္ၾကာတိတ္ဆိတ္ၿပီးေနာက္ သူ ျပန္ေျဖလိုက္သည္ "သူမ ရဲ႕လူဆိုမွေတာ့ သူလည္း အစြမ္းအစေတာ့ရွိမွာပဲ မင္း သူ႔ကိုသြားစမ္းသပ္လိုက္ ဒါေပမဲ့ မသတ္နဲ႔"
"ဟုတ္ကဲ့ပါ အရွင္" ေနာက္အသံတစ္သံသည္ အထဲမွထြက္လာသည္။
"မရဏာက သူ႔ကိုရွင္လ်က္လိုခ်င္တယ္ ၿပီးေတာ့ သူ႔အသက္ကို ဘယ္သူ မွမယူႏိုင္ဘူး မွတ္မိလား" ဟြမ္သည္ အထဲမွလူကို ေျပာလိုက္သည္။
"ဟုတ္ကဲ့ပါ သခင္မရဏာတမန္ေတာ္" အထဲမွလူသည္ ထြက္သြားေလ သည္။
"ဟြမ္ မင္းက သူ႔ကိုၾကင္နာလြန္းတယ္" ေဟးဒီးစ္သည္ မေပ်ာ္႐ႊင္ေပ။
ဟြမ္ ၿပဳံးလိုက္သည္ "အရွင္ ကြၽန္ေတာ္က အရွင္မေျပာလိုက္တာကို ေျပာလိုက္႐ုံတင္ပါ... သူတစ္ခုခုျဖစ္သြားရင္ သူမ ဝမ္းနည္းမွာေလ"
"ဟင္း ငါ သူ႔အသက္ကို သက္ညႇာေပးတယ္ဆိုတာက သူက သူမအတြက္ သူ႔ခႏၶာကိုယ္ကိုေတာင္ စြန႔္လႊတ္ၿပီး တေစၦေလာကကိုေတာင္ လာတဲ့အတြက္ ပဲ" ေဟးဒီးစ္သည္ ေအးစက္စြာႏွာမႈတ္လိုက္သည္ "မဟုတ္ရင္ေတာ့..."
"ဒါဆိုရင္ သူမကို ဒီသတင္းေျပာျပခ်င္လား" ဟြမ္သည္ ၿပဳံးၿပီးေမးလိုက္ သည္။
"သူတို႔မေတြ႕ခင္အထိေတာ့ မေျပာနဲ႔ဦး... သူမကို မေျပာ႐ုံတင္မဟုတ္ ဘူး သူတို႔ၾကားကို အတားအဆီးလုပ္ထားလိုက္ ဒီကိစၥကို မင္းကိုအပ္ထားလိုက္ မယ္" ေဟးဒီးစ္သည္ ကေလးလိုပင္ "သူတို႔က သူမ ေျပာသလို ကံၾကမၼာကို ေဝမွ်ထားလားဆိုတာ ငါၾကည့္ခ်င္တယ္...."
Unicode
အပိုင်း (၁၈၀၈) – သုန်းမျိုးနွယ်ပျက်စီးခြင်း
မရဏာတိုင်းပြည်ကကြိုဆိုပါတယ်... ငါက မရဏာဘုရင် ဟေးဒီးစ်ပါ။
အရာအားလုံးသည် ဤနေရာတွင် ရပ်တန့်သွားပြီးနောက် သူမ နိုးလာ သည်။
သူမ၏ ကြည်လင်သောမျက်လုံးများသည် သံသယများ ဝင်းလက်သွား သည် "မရဏာ... မရဏာဘုရင် သူတို့က တကယ်ပဲရှိလို့လား... ငါ့မှာ ဘာလို့ ဒီမှတ်ဉာဏ်ရှိနေတာလဲ.. ငါ တစ္ဆေလောကကိုရောက်တော့ ပထမဆုံးရောက် သွားတဲ့နေရာက ချောက်ကမ်းပါးမဟုတ်ဘူးလား"
ဒါတွေသာ အမှန်မဟုတ်ဘူးဆိုရင် သူမ အဲဒီကနေထွက်မသွားခင် သူမရဲ့ မှတ်ဉာဏ်ကို တစ်ဖက်လူက ချိပ်ပိတ်လိုက်တာပဲ။ အခု သူက ဒီလိုတွေလုပ်ပြီး တော့ ဘာလို့ ပြန်မှတ်မိအောင်လုပ်နေတာလဲ။
"ငါတို့ လောင်းကြမယ် ဘယ်လိုလဲ"
သူမ ခေါင်းထဲတွင် အသံတစ်သံဝင်လာသည်။ အသံမှာ ဟိုးအဝေးမှ လာသကဲ့သို့ တိုးညင်းလွန်းသည်။ အသံမှာ ဖြတ်ခနဲဖြစ်သွားသဖြင့် သူမ မကြားလိုက်ရပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..." သူမသည် စိတ်ထဲမှ သံသယစိတ်ကို အသံထွက်ပြီး လေသံဖြင့် ရေရွတ်လိုက်သည်။
"သခင်မလေး သခင်မလေး မကောင်းတော့ဘူး" ထင်ရွှေသည် အော်ရင်း နှင့် ခြံအပြင်မှပြေးလာသည်။
ရှီမာယူယူသည် နားထင်ကိုပွတ်ပြီး အိပ်ရာပေါ်မှဆင်းကာ လျှောက်ထွက် ခဲ့လိုက်သည်။
"ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ... ဘာလို့ဒီလောက်ပျာနေတာလဲ"
ထင်ရွှေသည် ရင်ဘတ်ကိုပုတ်ပြီး အသက်ရှုမှန်အောင်လုပ်ကာ အလန့် တကြား ပြောလေသည် "သုန်းမျိုးနွယ်... သုန်းမျိုးနွယ် ဖျက်ဆီးခံလိုက်ရပြီ"
"ဘာ" ထင်စန်းသည် ဘေးမှအော်လေသည် "သုန်းမျိုးနွယ်က ဘယ်လို ဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတာလဲ"
ရှီမာယူယူသည်လည်း အလွန်အံ့ဩသွားသည်။ ကိစ္စများဖြစ်ပျက်သည် မှာ မကြာလှသေးကာ နယ်စားအိမ်တော်မှလည်း သုန်းမျိုးနွယ်ကို စာရင်းရှင်း ရန် လူမလွှတ်ရသေးပေ။ ဘယ်လိုဖြစ်လို့ ဖျက်ဆီးခံလိုက်ရတာလဲ။
"ဘယ်သူလုပ်လဲဆိုတာ သိလား" သူမ မေးလိုက်သည်။
"မသိဘူး အဲဒီနေ့ကိစ္စပြီးသွားတော့ လူအများကြီးက သုန်းမျိုးနွယ်ကို စောင့်ကြည့်နေကြတာ ဒါပေမဲ့ ဘယ်သူလုပ်တာလဲဆိုတာ ဘယ်သူမှမမြင် လိုက်ကြဘူး" ထင်ရွှေသည် ကြားလာသောသတင်းကို ပြောပြရင်းနှင့် အံ့ဩနေ ဆဲပင်ဖြစ်သည်။
"ဘယ်သူလုပ်လဲဆိုတာ ဘယ်သူမှ မသိလိုက်ဘူးဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ထင်စန်းသည် မယုံနိုင်ပေ။ ဒီလောက် ကြီးတဲ့လှုပ်ရှားမှုကို ဘယ်သူမှ မမြင်လိုက်ဘူးလား။
"တကယ်... မြူခိုးမည်းကြီးတစ်ခုက လူတွေကိုအုပ်မိုးသွားပြီးတော့ အဲဒီ မြူခိုးပျောက်သွားတာနဲ့ သွေးကန်ကျန်ခဲ့တာကိုပဲ မြင်လိုက်ကြတယ်လို့ လူတိုင်း ပြောနေတာ" ထင်ရွှေသည် ထိုအဖြစ်ကို သူမကိုယ်တိုင် မြင်ခဲ့ရသည့် အလား ပြောပြရင်းနှင့် မျက်လုံးများပြူးကျယ်နေသည်။
ထိုစကားကိုကြားသောအခါ ရှီမာယူယူသည် အမည်းလေးကို အလိုအလျောက်ကြည့်မိသည်။ အဲဒီပုံစံက သူမ အမည်းလေးကို ပထမဆုံးမြင် တဲ့အချိန်နဲ့ ဘာလို့တူနေတာလဲ။
ဒါပေမဲ့ ဒီကောင်က ဒီလိုပုံစံနဲ့ ဒီမှာပဲရှိနေတာလေ။ သူ့လက်ချက် မဖြစ် နိုင်ဘူး။ ပြီးတော့ ဒီကောင်ကိုချိပ်ပိတ်ထားတာ ဝိညာဉ်စွမ်းအားသုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပထဆုံးလူသတ်တာကလည်း အမြန်နှုန်းနဲ့ သွားကိုပဲ မှီခိုခဲ့တာ အဲလိုမဖြစ်နိုင်ဘူး။
"တခြား ထူးခြားတဲ့အချက်ရှိလား" ထင်စန်း မေးလိုက်သည်။
"အိုး... သူတို့တွေ ပြောတာကို နားထောင်ရသလောက် အဲဒီမြူခိုးမည်းဆီ က ကြောက်စရာကောင်းတဲ့ ခံစားချက်ရတယ်တဲ့ သာမာန်လူ အသက်ရှုတာနဲ့ မတူဘူးဆိုပဲ" ထင်ရွှေပြောလေသည်။
"မြူခိုးမည်းအဖြစ် ပြောင်းနိုင်တယ်ဆိုတော့ တစ္ဆေနယ်မြေက မဟုတ် တာသေချာတယ် ဝိညာဉ်နယ်မြေကလူများလား" ထင်စန်းသည် သူမ၏ ထင်မြင်ချက်ကို အသံထွက်ပြောသည်။
"အဲဒါလည်းဖြစ်နိုင်တယ် ဒါပေမဲ့ ဒီတစ်ခေါက်ဖြစ်သွားတာက အချိန်က လည်း အရမ်းတိုက်ဆိုင်လွန်းတယ် မဟုတ်ဘူးလား အဲနေ့ကကိစ္စကြောင့်... သုန်းမျိုးနွယ် လက်စားချေခံရတာလို့ ခံစားနေရတယ်၊ အခု ဒီကိစ္စကို ကျွန်မတို့ လူလွှတ်လိုက်တယ်လို့ အပြင်မှာသတင်းတွေပျံ့နေတယ်"
"အဲဒါက ငါတို့ကိုပြဿနာဖြစ်စေလို့လား"
"ဒါက အစပိုင်းကထင်ကြတာပါ... တချို့ကလည်း အဲလိုအင်အားမျိုးက နယ်စားအိမ်တော်မှာမရှိဘူးလို့ ပြောကြတယ်... သခင်မလေးကို တစ်ယောက် ယောက်က ကူညီနေတယ်လို့လည်း ခန့်မှန်းနေကြတာ... ပြီးတော့ သခင်မလေးကအရင်က ဘာမှမဟုတ်ခဲ့ဘူးလေ ဒါပေမဲ့ အခု သူမမှာ နဂါးနက် နဲ့ အသွင်ပြောင်းတဲ့ခွေးရှိနေတာ... သူမက စွန့်စားရင်းနဲ့ မတော်တဆ အခွင့်အရေးတွေရသွားတာဖြစ်မယ်တဲ့... အဲဒါကြောင့် အခု အကုန်လုံးက သခင်မလေးကို ကြောက်နေကြတယ်" ထင်ရွှေသည် ထိုလူများ၏ စကားများ ကို ပြန်ပြောရင်းနှင့် ရှီမာယူယူကို လေးစားသော အကြည့်များဖြင့် ကြည့်လေ သည် "သခင်မလေး သူတို့ပြောတာ အမှန်ပဲလား သခင်မလေးက စွန့်စားခန်း ထွက်ရင်းနဲ့ မတော်တဆအခွင့်အရေးတွေများ တွေ့လာတာလား"
ရှီမာယူယူသည် သူမ၏ ခေါင်းကိုတွန်းပြီး ပြောလိုက်သည် "ငါက ဘယ်တုန်းက စွန့််စားခန်းထွက်လို့ ဘယ်က အခွင့်အရေးရမှာလဲ မဟူရဦက ငါ ယွဲ့ရှီတောင်ကြားမှာတုန်းက စာချုပ်တည်ထောင်ခဲ့တာ"
ထင်စန်းသည် ထင်ရွှေကိုဆွဲပြီး မဟုတ်မဟတ်စကားများ မပြောရန် တားရင်းနှင့် တစ်ချိန်တည်းမှာပင် မေးလိုက်သည် "သခင်မလေး သုန်းမျိုးနွယ် ကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ"
"ဘာဖြေရှင်းစရာလိုလို့လဲ အဲဒါငါတို့လုပ်တာမှ မဟုတ်တာ အဲဒီတော့ စိတ်ပူမနေနဲ့" ရှီမာယူယူ ပြောလိုက်သည် "ဒါပေမဲ့ မြို့ထဲက အခြေအနေကို အာရုံစိုက်ထားကြဦး အပြောင်းအလဲတွေရှိရင် အချိန်မှီသတင်းလာပို့"
"ဟုတ်ကဲ့ပါ"
"ဟုတ်ပြီ မင်းတို့ သွားကြတော့" ရှီမာယူယူ လက်ကိုဝေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက် နောက်ဆုတ်သွားကြသည်။
သူမသည် ခြံဝန်းထဲတွင် တစ်ယောက်တည်းရပ်ပြီး မီးခိုးရောင် မိုးကောင်းကင်ကို ကြည့်ကာ ရေရွတ်မိသည် "ရှင်လုပ်တာလား ဟေးဒီးစ်..."
သူမကို အဖြေပြန်ပေးသည်မှာ လေတိုးသံမျှသာဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြို့အပြင်တွင် မြူခိုးတိမ်တိုက်တစ်ခုသည် ဖြည်းညင်းစွာ ပုံပေါ်လာပြီး အမျိုးသားတစ်ဦးအသွင်ပြောင်းသွားလေသည်။
ထိုအမျိုးသားသည် လက်ကို သာမာန်ကာလျှံကာဝေ့လိုက်ရာ လေဟာ ပြင်မှာ ဟ,သွားသော်လည်း သူ မဝင်ပေ။
"အရှင် သုန်းမျိုးနွယ်ကို ရှင်းပြီးသွားပါပြီ အဲဒီပစ္စည်းကိုလည်း သူမဆီ ပို့ပြီးသွားပါပြီ" ထိုလူ သတင်းပို့လေသည်။
"သူမ မှတ်မိလား" ကြည်လင်သောအသံသည် ထိုလေဟာနယ်ထဲမှ လွင့်ပျံလာသည်။
"သူမ နည်းနည်းတော့ မှတ်မိတယ်... ဒါပေမဲ့ ချိပ်စည်းမပျက်သေးတော့ အကုန်လုံးကို မမှတ်မိဘူး" ထိုလူပြန်ဖြေလေသည်။
"ဟွမ်... မင်းပြောကြည့်... ဒီအလောင်းအစားမှာ ဘယ်သူနိုင်လဲ သူမ ဖြစ်မလား မဟုတ်ရင် ငါဖြစ်မလား..."
"အရှင်.. ယူယူက ချိပ်စည်းကိုဖျက်နိုင်ပြီး ဒီ ၁၀ နှစ်အတွင်းကကိစ္စတွေကို ပြန်မှတ်မိမယ်လို့ အရှင်နဲ့ ယူယူတို့ အလောင်းအစားလုပ်ထားကြတာ အရှင်က သူမဘဝကို ဝင်မနှောင့်ယှက်ဘူး... ပြီးတော့ သူမကို မရဏာလောကမှာ မနေ စေချင်ဘူး... သူမ မှတ်မိမယ်လို့ထင်ပါတယ်" ဟွမ် ပြောလိုက်သည်။
"ဒီအရှင် ရှုံးမယ်လို့ မင်းထင်တာလား"
"သူမက တစ္ဆေလောကမှာ စိတ်မာတယ်လို့ အခုပဲသိလာတယ် သူမက ကျွန်တော်တို့ကို ယာယီမေ့သွားရင်တောင် မသိစိတ်ကနေ အနိုင်လိုချင်နေ တုန်းပဲလေ မဟုတ်ရင် သူမက အိတ်ဆောင်စကြာဝဠာသေတ္တာကို မြင်တဲ့ အချိန် တစ်ခုခုကိုစဉ်းစားမိမှာမဟုတ်ဘူးလား" ဟွမ်သည် သူ၏ အတွေးကို ပြောသည် "ပြီးတော့ အရှင် အရှင်က သူမကိုအနိုင်လိုစိတ်မရှိဘူးမလား"
"ဒီကလေးတော့ ဒီအရှင်ရဲ့စိတ်ကို ဘယ်သူက မှန်းခိုင်းလို့လဲ" ဟေးဒီးစ် သည် ဒေါသမထွက်ဘဲ သက်ပြင်းချလေသည် "မရဏာလောကမှာ ဘယ်သူမှ မရှိတာ အရမ်းကြာနေပြီ နောက်ဆုံးတော့ ငါသဘောတွေ့တဲ့လူရှိလာပြီ..."
ဟွမ်သည် ခေါင်းငုံ့ထားသည်။ သူသည် ဟေးဒီးစ်၏ ခံစားချက်ကို နားလည်ပြီး ရှီမာယူယူကို အလွန်နှစ်သက်သည်ကို မြင်နေရသည်။ ထိုခံစား ချက်မှာ အမျိုးသားနှင့် အမျိုးသမီးအကြားမှ အချစ်ရေးအချစ်ရာခံစားချက်မျိုး မဟုတ်ဘဲ အမှောင်ထဲတွင် ကြာရှည်စွာနေလာသူမှ မိုးသောက်ချိန် အလင်းကို တွေ့လိုက်ရသူကဲ့သို့ ခံစားချက်ပင်ဖြစ်သည်။
"အရှင် သူမ ပြောတဲ့လူလေ သူကလည်း တစ္ဆေလောကကိုလာတယ်" ဟွမ် ပြောလေသည် "အဲဒီဘက်က အခြေအနေကို အာရုံစိုက်ထားရမလား"
"သူမရဲ့လူ..." ဟေးဒီးစ်၏ အသံမှာအလွန်တိုးညင်းနေသဖြင့် ဒေါသကို ပင် ဖတ်မရပေ။ အတန်ကြာတိတ်ဆိတ်ပြီးနောက် သူ ပြန်ဖြေလိုက်သည် "သူမ ရဲ့လူဆိုမှတော့ သူလည်း အစွမ်းအစတော့ရှိမှာပဲ မင်း သူ့ကိုသွားစမ်းသပ်လိုက် ဒါပေမဲ့ မသတ်နဲ့"
"ဟုတ်ကဲ့ပါ အရှင်" နောက်အသံတစ်သံသည် အထဲမှထွက်လာသည်။
"မရဏာက သူ့ကိုရှင်လျက်လိုချင်တယ် ပြီးတော့ သူ့အသက်ကို ဘယ်သူ မှမယူနိုင်ဘူး မှတ်မိလား" ဟွမ်သည် အထဲမှလူကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မရဏာတမန်တော်" အထဲမှလူသည် ထွက်သွားလေ သည်။
"ဟွမ် မင်းက သူ့ကိုကြင်နာလွန်းတယ်" ဟေးဒီးစ်သည် မပျော်ရွှင်ပေ။
ဟွမ် ပြုံးလိုက်သည် "အရှင် ကျွန်တော်က အရှင်မပြောလိုက်တာကို ပြောလိုက်ရုံတင်ပါ... သူတစ်ခုခုဖြစ်သွားရင် သူမ ဝမ်းနည်းမှာလေ"
"ဟင်း ငါ သူ့အသက်ကို သက်ညှာပေးတယ်ဆိုတာက သူက သူမအတွက် သူ့ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး တစ္ဆေလောကကိုတောင် လာတဲ့အတွက် ပဲ" ဟေးဒီးစ်သည် အေးစက်စွာနှာမှုတ်လိုက်သည် "မဟုတ်ရင်တော့..."
"ဒါဆိုရင် သူမကို ဒီသတင်းပြောပြချင်လား" ဟွမ်သည် ပြုံးပြီးမေးလိုက် သည်။
"သူတို့မတွေ့ခင်အထိတော့ မပြောနဲ့ဦး... သူမကို မပြောရုံတင်မဟုတ် ဘူး သူတို့ကြားကို အတားအဆီးလုပ်ထားလိုက် ဒီကိစ္စကို မင်းကိုအပ်ထားလိုက် မယ်" ဟေးဒီးစ်သည် ကလေးလိုပင် "သူတို့က သူမ ပြောသလို ကံကြမ္မာကို ဝေမျှထားလားဆိုတာ ငါကြည့်ချင်တယ်...."