ပြန်လည်မွေးဖွားလာသော အမြောက်စ...

By PrettiOcean

143K 15.2K 401

This is not my own story More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-60

1.3K 163 3
By PrettiOcean

Chapter 60

မော့စန်းကျစ်တစ်ယောက်မှာ လူသေကောင်အလား ဖြူဆုတ်သွားသည်။

“မင်း... မင်း လိမ်နေတာ”

ဒုတိယအဒေါ်က စုန့်ယွီကို လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောသည်။ သူမ၏မျက်နှာထားမှာ မြင်မကောင်းလောက်အောင် အရုပ်ဆိုးအကျည်းတန်နေသည်။ သူမသည် စားပွဲပေါ်မှ ပစ္စည်းများကို ကောက်ကာ စုန့်ယွီကို ပစ်ပေါက်သည်။

“ပါးစပ်ပုတ်နဲ့ရွံစရာကောင် ဒီက ထွက်သွားစမ်း။ ငါ့သားကို ဂေးလို့ ပြောရဲသလား။ ‌ဂေးနေတာက မင်း။ ရွံစရာတဏှာရူးကောင်။ ထွက်သွားစမ်း။”

စုန့်ယွီသည် တစ်ဖက်သို့ ကပ်ရှောင်လိုက်ကာ ဘာမှတော့ အထွေအထူး မပြုမူချေ။ သူက အေးစက်စက်မျက်နှာဖြင့် ပြောသည်။

“အန်တီ ကျွန်တော့်ကို နာအောင်လုပ်ရင် မော့စန်းကျစ်က ဂေးဆိုတဲ့သက်သေကို အင်တာနက်ပေါ် တင်လိုက်မှာနော်။ အဲဒီအခါကျရင် သူက ဂေးရုံတင်မကဘူး သူရဲဘောကြောင်တဲ့သူဆိုတာကိုပါ လူတွေအားလုံး သိကုန်ကြလိမ့်မယ်။”

“မင်း”

ဒုတိယအဒေါ်က နေရာမှာပင် ကြက်သေသေသွားသည်။ သူမ၏လက်ထဲမှပစ္စည်းများကိုလည်း ပစ်မပေါက်‌တော့ပေ။ သို့သော် စော်စော်ကားကားအပြောများကတော့ ရပ်တန့်မသွားခဲ့ပေ။

“မင်းက ငါ့သားကို အသေရေဖျက်နေတာ။ အသေဆိုးနဲ့သေလိမ့်မယ်။ စုန့်ယွီ၊ မင်း အသေဆိုးနဲ့သေဦးမှာ။”

“ဒီတစ်ခေါက်တော့ လူမှန်သူမှန်ကို ‘ယွီ’ဆိုတဲ့နာမည် တပ်ခေါ်နိုင်ပြီပေါ့”

စုန့်ယွီက လှောင်သည်။

“အန်တီ၊ ကျွန်တော်က အန်တီတို့ မော့အိမ်တော်ကို လိုက်လာဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ မော့စန်းကျစ်က လွန်လွန်းတယ်။ ကျွန်တော့်ကို ကစားရုံတင် မဟုတ်ဘူး။ ကျွန်တော့်ကို အရူးလုပ် အမေရိကမှာ ဆက်နေခိုင်းပြီး သူ့ရဲ့တိတ်တိတ်ပုန်းချစ်သူ ဖြစ်စေချင်နေတာ... အဟက်”

“အန်တီက သူ့အမေတစ်ယောက်အနေနဲ့ ဒီကိစ္စကို သိပိုင်ခွင့်ရှိတယ်ထင်လို့ ကျွန်တော် ပြောပြတာပါ။ မဟုတ်ရင် ဘလိုင်းဒိတ်တွေ စီစဉ်ပေးပြီး အန်တီ့သားကို စိတ်ဆင်းရဲအောင် လုပ်မိနေမှာစိုးလို့လေ။ တစ်ဖက်က ကောင်မလေးရဲ့ဘဝကိုလည်း ဖျက်လိုဖျက်ဆီးလုပ်ရာ ကျတာပေါ့။ အဲဒီလိုအဖြစ်ဆိုးမျိုးကို ကျွန်တော်က ကြိုတင်ကာကွယ်ပေးသင့်တယ် ထင်မိလို့ပါ။”

“တိတ်စမ်း။ တဏှာရူးကောင်။ ပါးစပ်ပိတ်။ ယောက်ျားတွေကိုကြိုက်တာ မင်း။ ငါ့သားက အဲဒီလိုမျိုး လုံးဝမဟုတ်ဘူး။ မြေခွေးကောင်။ ငါ့သားကို ဖျားယောင်းသွေးဆောင်ပြီး သူက မင်းကို ငြင်းလိုက်တော့ နာမည်ဖျက်ဖို့ ကြိုးစားနေတာပေါ့လေ။ ပြောထားလိုက်မယ်။ ငါ မင်းကို အလွတ်မပေးဘူး။ မော့မိသားစုက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်း ကြပ်ကြပ်သတိထားနေ။ ငါ...”

“တော်စမ်း”

မော့ဘိုးဘိုး စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်ပြီး သူ၏ချိုင်းထောက်ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။

“တစ်ယောက်မှ အသံမထွက်နဲ့”

ဒုတိယအဒေါ်က ထိတ်လန့်သွားပြီး အငိုအယိုတွေ မစတင်မီ သူမ၏အသံဆိုးကြီးသည် နှစ်စက္ကန့်ကြာမျှ တိတ်ဆိတ်သွားခဲ့သည်။

“အဖေရေ၊ အဖေရဲ့။ ဒါက သေချာပေါက် အသရေဖျက်တာပဲ။ အဲဒီ စုန့်ယွီက လိမ်နေတာ။ တဏှာရူးကောင်။ သူက စန်းကျစ်ကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေတာ။ ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး။ အဖေ...”

မော့ဘိုးဘိုးက နှာမှုတ်သည်။ ကြမ်းပြင်ပေါ်တွင် လဲနေသည့် မော့စန်းကျစ်၏သွေးပျက်ထိတ်လန့်နေသည့်ရုပ်ကို ကြည့်လိုက်သည်နှင့် ဤအကြောင်းအရာမှာ အတုလား အစစ်လားဆိုသည်ကို သူ ခွဲခြားပြောနိုင်သည်။

သို့သော် မည်သို့ပင်ဆိုစေ သူ၏တတိယမြေးက ယောက်ျားလေးများကို ကြိုက်နှစ်သက်သော တဏှာရူးတစ်ယောက်ဆိုသည်ကို ဝန်ခံမည် မဟုတ်ချေ။

“ရှောင်စုန့်၊ ဒီလိုကိစ္စမျိုးဆိုတာ မဟုတ်တရုတ် လျှောက်ပြောလို့ရတာ မဟုတ်ဘူး။ ကြည့်ရတာ မင်းနဲ့ မော့စန်းကျစ်ကြားမှာ နားလည်မှုတစ်ခုခု လွဲနေတဲ့ပုံပဲ။ ဟုတ်မယ်။ နားလည်မှုလွဲတာမျိုးဆိုရင် တို့တွေ စကားပြောပြီး ပြေပြေလည်လည် ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ ဒီလိုပေါက်ကရစကားမျိုးကို ပတ်ဝန်းကျင်မှာ လျှောက်ပြောနေလို့ မဖြစ်ဘူးနော်။”

မော့ဘိုးဘိုးက စုန့်ယွီကို အေးတိအေးစက် ကြည့်သည်။                                                        

“မဟုတ်ရင် မင်းကိုယ်မင်းအတွက်ရော မင်းဘေးက ကျန်တဲ့သူတွေအတွက်ရော ပြဿနာမီးခွက်ထွန်းရှာသလိုပဲ ဖြစ်နေလိမ့်မယ်”

“ဟုတ်တယ်။ ဒါတွေအားလုံးက နားလည်မှုလွဲ‌နေတာပါ။ အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တစ်ခုပဲ။”

သူ့အဘိုးက သူ့ကို ကာပြောပေးနေသည်ကို ကြားလိုက်ရခြင်းသည် မော့စန်းကျစ်၏ရေတိမ်နစ်နေသောနှလုံးသားကို ရဲဆေးတင်‌ပေးလိုက်သလိုပင်။

“ရှောင်ယွီ၊ မင်း ငါ့ကို သဘောကျတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်က မဖြစ်နိုင်ဘူးလေ။ ငါက မင်းညီမ‌လေးကိုပဲ ကြိုက်တာ။ ဒါပေမဲ့ အခုလိုပုံစံအရဆို ဖူးစာ မပါဘူး ထင်ပါတယ်ကွာ။ မင်း အမေရိကကို ပြန်သွားတဲ့အခါ မင်း...”

“‌မော့စန်းကျစ်”

စုန့်ယွီသည် မော့စန်းကျစ်၏စကားကိုဖြတ်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ချေပ ပြောဆိုသည်။

“မင်းက ငါထင်ထားတာထက်ကို ပိုပြီးမယုံနိုင်စရာကောင်းတယ်။ ဗြောင်လိမ်ဗြောင်စား။ လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတဲ့နေရာမှာ မင်းတို့‌မောင်နှမတွေ တစ်ပုံစံတည်းပဲ။ မင်းတို့တွေက တကယ်ကို... ဒီပုတ်ထဲက ဒီပဲပဲ။”

“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”

မော့စန်းကျစ်သည် နေသာထိုင်သာ ရှိသွားသည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး စုန့်ယွီကို မျက်နှာမဲကြီးဖြင့် ကြည့်သည်။

“မင်း ငါ့ကိုပဲ အသရေဖျက်လို့ရမယ်။ ဘာသောက်ရေးမပါတဲ့ဗီဒီယိုတစ်ပုဒ်ကြောင့်နဲ့ အင်တာနက်ပေါ်က ကလေကချေတွေလို မင်း ငါ့ညီမကို စော်ကားမော်ကား လုပ်လို့မရဘူး။ အဲဒီမော့တိက ဘယ်တုန်းကမှ ကောင်းခဲ့တာ မဟုတ်ဘူး။”

စုန့်ယွီက မော့စန်းကျစ်ကိုကြည့်ပြီး တစ်ချက်ရယ်ပစ်လိုက်သည်။

“မင်းတို့မော့မိသားစုက မော့လျှိုကွေ့နဲ့ပတ်သက်လာရင် စည်းမျဉ်းစည်းကမ်းတွေကို မလိမ့်တစ်ပတ်လုပ်ပစ်တယ်ဆိုတာ အပိုပြောတာလို့ ထင်ခဲ့တာ။ အခုတော့ အဲဒီထက်တောာင် ဆိုးနေပါပေါ့လား။ အသေရေဖျက်တယ်တဲ့လား။ မော့စန်းကျစ် အဲဒီစကားလုံးက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိရောသိရဲ့လား။”

“မင်းက လိင်တူချစ်သူဆိုတဲ့အကြောင်းကို ငါ လာပြောပြလို့ အသရေဖျက်တာဆိုရင်၊ အဲဒီဗီဒီယိုက မင်းတို့မိသားစုအကြောင်းကို ‌ဖော်ထားလို့ အသရေဖျက်တာဆိုရင် မင်းတို့မိသားစုရဲ့စိတ်ဓာတ်က တော်တော်လေး မဖြောင့်မှန်တာပဲ။ ကိုယ်ကျင့်သိက္ခာမရှိ၊ အကျင့်စာရိတ္တမရှိတဲ့ အတိုင်းအတာလောက်အထိကို တစ်ဖက်စောင်းနင်း ဖြစ်နေပြီ။ အဲဒါကိုတောင် မင်းတို့က မင်းတို့ကိုယ်မင်းတို့ ဂုဏ်သရေရှိအထက်တန်းစားလို့ ခံယူနေသေးသတဲ့။”

“ခင်ဗျားတို့က ဟာသပဲ”

စုန့်ယွီ၏အပြောသည် မော့တစ်မိသားစုလုံးကို ဒေါသူပုန်ထသွားစေသည်။

“စုန့်ယွီ၊ မင်းသောက်ပေါက်ပိတ်စမ်း”

မော့စန်းကျစ်တစ်ယောက် ပေါက်ကွဲလေပြီ။ သူသည် စုန့်ယွီတည့်တည့်သို့ လက်သီးချိန်ကာ ဝင်လာသော်လည်း ချန်ကျောင်း၏တွန်းတိုက်ခြင်းကို ခံလိုက်ရသည်။

“လူပြိန်းကောင်၊ အနားမကပ်နဲ့”

တစ်ချိန်လုံး ကြိတ်မှိတ်မျိုသိပ်ထားခဲ့ရသော ချန်‌ကျောင်း၏အမျက်ဒေါသသည် တစ်ချက်တွန်းထိုးလိုက်ခြင်းနှင့်အတူ ပေါက်ကွဲထွက်သွားသည်။ မော့စန်းကျစ်ကို (၅)မီတာလောက်အထိ အဝေးကိုလွင့်သွားစေပြီး စားပွဲခုံအစွန်းနှင့် တိုက်မိသွားစေသည်။

မော့စန်းကျစ်၏အမေသည် မျက်ရည်များပင် ကျလို့လာသည်။ သူ့သားကိုသွားထူရင်းမှ စုန့်ယွီတို့ကိုလည်း ဆက်တိုက်ကျိန်ဆဲလျက်ရှိသည်။ မော့ဘိုးဘိုးမှာလည်း ဒေါသ‌ခြောင်းခြောင်း ထွက်လေပြီ။ စုန့်ယွီနှင့် ချန်ကျောင်းကို မောင်းထုတ်ရန်အတွက် သူကိုယ်တိုင်ပင် လုံခြုံရေးကို ခေါ်လေသည်။

“စုန့်ယွီတဲ့ ဟုတ်စ။ ငါတို့မိသားစုက သူများသားသမီးကို ဂေးလို့ပြောပြီး သိက္ခာလိုက်ချတဲ့သူတွေကို မကြိုဆိုဘူး။ အခုချက်ချင်း ထွက်သွားတော့။”

“အဲဒီလိုလား။ ဒါနဲ့ သက်သေတွေကိုတောင် မပြရသေးဘူးပဲ။”

လုံခြုံရေးအစောင့်အကြပ်များ ချဉ်းကပ်လာသောအခါ စုန့်ယွီသည် ဓာတ်ပုံတစ်ထပ်ကြီး ထုတ်လိုက်ပြီး လူအများရှေ့တွင်ပင် ဖြန့်ကြဲပြလိုက်သည်။

“စကားပြောမှတ်တမ်းတွေ၊ ဝန်ခံချက်ဓာတ်ပုံတွေ၊ အများကြီး ထပ်ရှိသေးတယ်။ ခင်ဗျားတို့အမြင်မှာတော့ တချို့တချို့သောဓာတ်ပုံတွေကို အရမ်းလွန်လွန်ကြူးကြူးတွေ ဖြစ်ပျက်နေတယ်လို့ ထင်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့ သိသင့်တယ်ထင်လို့။”

စုန့်ယွီက ကျေနပ်အားရစွာ ပြောသည်။

“ဒါပေမဲ့ ဒီပုံတွေသုံးပြီး ကျွန်တော့်ကို တန်ပြန်တိုက်ခိုက်ဖို့တော့ မကြိုးစားနဲ့နော်။ ဒီဓာတ်ပုံတွေထဲမှာ ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုမှမပါဘူး။”

အစောင့်(၂)ယောက် သူ့ဆီကို လာနေသည်ကို မြင်သောအခါ စုန့်ယွီသည် ဓာတ်ပုံ(၂)ပုံကို ဆုပ်ကိုင်ပြီး သူတို့မျက်နှာရှေ့တွင် ထောင်ပြလိုက်သည်။

“ဟေး ခင်ဗျားတို့လည်း ဒီပုံလေးတွေ ကြည့်သင့်တယ်”

လုံခြုံရေးအစောင့်များသည် နောက်ဆုတ်သွားကြပြီး သူတို့၏မျက်နှာများသည် နီမြန်းသွားကြသည်။ သူတို့သည် ဓာတ်ပုံများကို မကြည့်ရဲကြပေ။ ကြည့်မိပါက မော့မိသားစုက အသေသတ်မည်သာ ဖြစ်သည်။

စပ်စုချင်စိတ်ဖြင့် ပထမဒေါ်လေးက ဓာတ်ပုံ နှစ်ပုံသုံးပုံကို ကောက်ယူလိုက်သည်။ သူမသည် စိတ်ရှုပ်ရှုပ်ဖြင့် ငေးစိုက်ကြည့်နေရင်းမှ ခဏကြာ သူမ၏မျက်နှာပေါ်တွင် ရွံ့ရှာစက်ဆုပ်မှုဖွယ်အကြည့်ကို မြင်လိုက်ရသည်။

“အင်းပါ။ ခင်ဗျားတို့က ကျွန်တော့်ကို ထပ်မတွေ့ချင်ဘူးဆိုမှတော့ ကျွန်တော်လည်း သွားပါတော့မယ်။”

စုန့်ယွီသည် လုံခြုံရေးအစောင့်များကို ပြုံးပြပြီး ပြောလိုက်သည်။

“လိုက်ပို့ပေးစရာမလိုဘူးနော်”

စုန့်ယွီသည် သူ၏ဖုန်းမှ တုန်ခါမှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ဆုတ်ခွာရန်အချိန်ရောက်ပြီဆိုသည်ကို မော့တိမှ လိုရမယ်ရကြိုတင်သတ်မှတ်ထားသော အချက်ပြသင်္ကေတတစ်ခု ဖြစ်သည်။

မော့ဘိုးဘိုး၏မျက်နှာသည် ဒေါသကြောင့် ရဲဗတောင်းခတ်နေပြီး လူမှာလည်း လဲမကျရုံတမယ်ပင်။

ပထမအဒေါ်သည်လည်း ဗုန်းဗုန်းလဲနိုင်လောက်သည့် အခြေအနေကို အကဲခတ်မိပြီး လက်ထဲမှဓာတ်ပုံများကို လွှင့်ပစ်ကာ ပြေရာပြေကြောင်းပြောဖို့ အပြေးသွားသည်။ မကြာသေးမီကပင် တိရိစ္ဆာန်ကောင်လေးမော့တိ၏လုပ်ရပ်ကြောင့် အဖိုးမှာ ဆေးရုံသို့ တန်းရောက်သွားရကာ သိပ်မကြာခင်ကမှ ဆေးရုံဆင်းလာခြင်း ဖြစ်သည်။ နောက်တစ်ခေါက်သာ ‌ဆေးရုံထပ်တက်ရလျှင်...

မော့မိသားစုကြီး အလဲလဲအကွဲကွဲ ဖြစ်မသွားနိုင်ပေဘူးလား။

“အဖေ၊ အဖေ၊ အရမ်းစိတ်မလှုပ်ရှားပါနဲ့... ကျွန်မ ရှစ်ချန်ကို ပြန်ခေါ်ထားပါတယ်။ အဖေ...”

“သွား အဲဒီဓာတ်ပုံတွေကို လွှင့်ပစ်လိုက်... ဝေးဝေးသာသွားပစ် မြန်မြန်”

မော့ဘိုးဘိုးသည် သကြားမုန်လာဥကဲ့သို့ပင် ရဲတွတ်နေလေသည်။ သူ့၏လည်ချောင်းထဲတွင်လည်း အလုံးတစ်လုံး ဆို့နေသလိုပင်။

“ငါတို့မိသားစုက ဒီလိုအရှက်တကွဲအကျိုးနည်းအဖြစ်မျိုးကို လက်သင့်မခံနိုင်ဘူး”

ထိုအချိန်တွင် စုန့်ယွီသည် ချန်ကျောင်းနှင့်အတူ ပြေးဆင်းသွားသဖြင့် အောက်ထပ်သို့ပင် ရောက်နေလေပြီ။

သူ၏လက်ထဲတွင် လက်နက်အဖြစ်သုံးရမည်ဖြစ်သော အဖော်အချွတ်ဓာတ်ပုံ အနည်းငယ် ကိုင်ထားသည်။ သူတို့ထွက်ခွာမည့်လမ်းကြောင်းကို ပိတ်ဆို့လာသည်ရှိသော် အစောင့်များ၏မျက်နှာတည့်တည့်သို့ ထိုးပြမည်ဖြစ်သည်။

သို့သော် ဂိတ်တံခါးသို့ ရောက်သောအခါ အိမ်ပြန်လာသော မော့မိသားစုဝင် နောက်တစ်ဦးနှင့် ဆုံလေသည်။

စုန့်ယွီကို မြင်လိုက်သောအခါ မော့လျှိုကွေ့သည် အံ့အားသင့်သွားသည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် အလျှင်အမြန် နှုတ်ဆက်စကား ဆိုသည်။

“မင်္ဂလာပါ။ အစ်ကိုက...”

“ငါက အခုလေးတင် မင်းရဲ့တတိယအစ်ကိုကို ပစ်ထားခဲ့ပြီဆိုတော့...”

စုန့်ယွီက ကြော့ကြော့လေး စကားပြန်လိုက်သည်။

“ငါက မင်းတတိယအစ်ကိုရဲ့ ရည်းစားဟောင်းလို့ပဲ ဆိုရမှာပေါ့”

ထိုကဲ့သို့ပြောပြီးနောက် စုန့်ယွီသည် မော့လျှိုကွေ့၏အံ့အားသင့်နေသောရုပ်ကို လျစ်လျှူရှုပြီး ခြံဂိတ်ဝသို့ တဟုန်ထိုးထွက်သွားသည်။

နောက်မှအမီလိုက်နိုင်ရန် ချန်ကျောင်းတစ်ယောက် အရှိန်တင်ရတော့သည်။ မော့လျှိုကွေ့၏ဘေးချင်းကပ်လျှက်တွင် ပါလာသော ယောက်ျားလေးကို မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်သွားသည်။ သူ၏မျက်လုံးများနှင့် မျက်နှာပေးသည် အဘယ်ကြောင့် ထိုမျှလောက် ကြောက်လန့်စရာကောင်းပါသနည်း။ ကြည့်ရသည်မှာ ထိုသူသည် သူတို့နှစ်ဦးအား အရှင်လတ်လတ်ဝါးစားချင်နေသည့် ပုံစံပေါက်နေသည်။

သူတို့နှစ်ဦးသည် မော့တိငှားထားသောကားကို ချက်ချင်းပင် ရှာတွေ့သွားပြီး ကားထဲသို့ သုတ်သုတ်ပျာပျာ ဝင်သွားကြသည်။

“ကောင်းလိုက်တာကွာ”

စုန့်ယွီက အသက်အရှည်ကြီးရှူလိုက်သည်။ ထို့နောက် မော့တိကို ပြောသည်။

“ရှောင်တိ၊ ပြီးပြီလား”

“အမ်း”

မော့တိက ခေါင်းညိတ်ပြသည်။ ကြိုးမဲ့ကင်မရာမှ ထုတ်လွှင့်နိုင်သော ချိတ်ဆက်မှုခြေရာများကိုလည်း ပိပိရိရိ ဖုံးဖိပြီးဖြစ်သည်။ သူသည် မော့အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့သည့်အတွက် စိတ်ရှုပ်ထွေးနေသော အနေအထား ဖြစ်နေသည်။

ဦးလေးစုန့် ဖော်ကောင်လုပ်နေသောအချိန်တွင် သူ၏နူးညံ့ညင်သာပါသည်ဆိုသောပုံရိပ်သည်... အပြည့်အဝ ကွာကျသွားသည်။ သူ၏နှုတ်ရေးသည် ကြောက်မက်ဖွယ်လက်နက်တစ်ခု ဖြစ်သည်။

“ရှောင်တိ၊ ဘာလို့ ချက်ချင်းကြီး ကောက်ကာငင်ကာ ထပြီးအချက်ပြသင်္ကေတ ပို့လိုက်တာလဲ။ မော့လျှိုကွေ့ကြောင့်လား”

စုန့်ယွီသည် သူ၏ဘေးတွင် ထိုင်နေရင်းက မေးလိုက်သည်။

“အင်း”

မော့တိက သူ၏ကွန်ပျူတာကို ပိတ်လိုက်သည်။

“အထူးတလည်ပြောရရင် သူ့ရဲ့ဘေးမှာပါလာတဲ့ ချင်ချန်းယီဆိုတဲ့ လူကြောင့်ပဲ။ လက်ရှိအချိန်မှာ ကျွန်တော်တို့ သူ့ကို ရန်သွားစလို့ မဖြစ်သေးဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စမှာ ကျွန်တော့်ကို အကွက်ချကြံစည်တဲ့တစ်ယောက်ဆိုတာ သူပေါ့။”

“ဘာ။ အဲဒီတစ်ယောက်က သူလား။”

ချန်‌ကျောင်းက ရုတ်တရက် အလန့်တကြား ထကျိန်ဆဲသည်။

“ကောက်ကျစ်တဲ့ရုပ် ထွက်နေတာ မဆန်းပါဘူး။ သူ့ရဲ့မျက်ခုံးနှစ်တန်းကြားက အရေးအကြောင်းမှာ အငွေ့အသက်ပြင်းပြင်းတစ်ခု ရှိတယ်။ မာဖီးယားခေါင်းဆောင်ရုပ်နဲ့။”

“ဘာပဲဖြစ်ဖြစ် သူတို့နဲ့ဆုံပြီဆိုရင် လှည့်သာပြန်ခဲ့။ ဘာအကြောင်းကြောင့်နဲ့ဖြစ်ဖြစ် ထိပ်တိုက်မတွေ့နဲ့။”

မော့တိက အကြံပေးသည်။

“အင်း မင်းစကား နားထောင်ပါ့မယ်”

စုန့်ယွီက မော့တိ၏ပုခုံးကို အသာပုတ်ပြီး လူကြီးလေသံဖြင့် ပြောသည်။

“ငါဆိုတဲ့ မင်းဦးလေး ရဲစွမ်းသတ္တိအပြည့်နဲ့ သူတို့ကို ရင်ဆိုင်တိုက်ခိုက်နိုင်‌အောင် သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်ကွာ။ နှမျောစရာကောင်းတာက မင်းမှာလည်း တခြားလုပ်စရာကိစ္စ ရှိနေလို့ပေါ့ကွာ။ မဟုတ်ရင် ငါတို့နဲ့ လိုက်ခဲ့လို့ရဦးမှာ။”

“ကျွန်တော် လူကိုယ်တိုင် မပါသွားပေမဲ့လည်း ဦးလေးစုန့် ဘယ်လောက် ချောချောမွေ့မွေ့ ဖြေရှင်းကိုယ်တွယ်နိုင်ခဲ့တယ်ဆိုတာ အတပ်ပြောနိုင်ပါတယ်”

မော့တိက အပြုံးလေးဖြင့် ပြောသည်။

“အခု အကုန်လုံး ပြီးပြီဆိုတော့ ချန်ချန်းလမ်းဆုံမှာ ကျွန်တော် ဆင်းလိုက်တော့မယ်။ နောက်ကျရင် ကျွန်တော် ဦးတို့ကို အဖော်မလိုက်ပေးတော့ဘူးနော်။”

“ရှောင်တိ၊ မင်းက အိမ်ပြန်တော့မလို့လား။ ဦးက မင်းကို ညစာလိုက်ကျွေးချင်သေးတာ။”

“အင်း ကျွန်တော် အိမ်ပြန်မှဖြစ်မှာမလို့ပါ။ ကျွန်‌တော့်အစ်ကို စောင့်နေတယ်။”

မော့တိသည် မုထျန်းဟန်အကြောင်းကို စကားထဲထည့်ပြောလိုက်မိသည်နှင့် သူ၏စိတ်ခံစားချက်သည် ကြည်လင်ရွှင်ပျလာပြီး မျက်နှာပေါ်တွင် ပြုံးယောင်ပင်သန်းလာသည်ကို သူကိုယ်တိုင်တော့ သတိမမူမိချေ။

“အစ်ကိုလား။ ဘယ်အစ်ကိုလဲ။”

စုန့်ယွီက မော့တိကို သံသယမျက်လုံးဖြင့် ကြည့်သည်။

“မင်းအစ်ကိုတွေအားလုံးက ဂေါက်ကြောင်တစ်သိုက် မဟုတ်ဘူးလား”

“အဲဒီတစ်သိုက်ထဲက မဟုတ်တာ အသေအချာပဲပေါ့”

ချန်ကျောင်းက ကြားဖြတ်ပြောသည်။

“ဒီတစ်ယောက်က ရှောင်တိ အပြင်လောကမှာ သိကျွမ်းလာတဲ့ တစ်ယောက်ပါ။ အရမ်းသဘောကောင်းပြီးတော့ သူ့ကိုလည်း အများကြီး အကူအညီပေးထားတာ။ အကယ်၍သာ ရှောင်တိလည်း ဒီလောက်အသက်မငယ်၊ အဲဒီလူကြီးကလည်း ဒီလောက်အသက်မကြီးရင် ဘဲကြီးက ရှောင်တိကို ကြွေနေတာလို့ ကျွန်‌တော် ထင်မိမှာပဲ။ ဟုတ်တယ်နော် ရှောင်တိ။”

မော့တိ: “…”

“ပြီးတော့လည်း ဘဲကြီးက အရမ်းချောတာ”

ချန်ကျောင်းက စုန့်ယွီကို ကြွားလုံးထုတ်နေလေသည်။

“ဦးငယ်၊ တကယ်ပြောတာနော်။ ရှောင်တိရဲ့ အဲဒီအစ်ကိုဆိုတဲ့တစ်ယောက်က အရမ်းဟော့တာ။ ခြေတံရှည်ရှည် အရပ်မြင့်မြင့်နဲ့။ သူ့မျက်နှာကို ကျွန်တော် သေချာမမြင်ဖူးပေမဲ့ ကြည့်ကောင်းတယ်ဆိုတာ‌တော့ အတပ်ပြောနိုင်တယ်။ မော့စန်းကျစ်ထက်တော့ အဆရာပေါင်းများစွာ သာတယ်ဗျာ။”

စုန့်ယွီသည် ချက်ချင်းပင် “ဝိုး” ခနဲ ဖြစ်သွားရသည်။ သူသည် စကားဝိုင်းထဲဝင်ပြောချင်သောကြောင့် မေးခွန်းထုတ်လိုက်သည်။

“ရှောင်တိ၊ မင်းအစ်ကိုက ဘာအလုပ်လုပ်တာလဲ”

သို့သော် ထိုအချိန်တွင်ပင် မော့တိသည် ကားဆရာအား ကားရပ်ခိုင်းလိုက်သည်။

“ဦးလေး၊ ကျွန်တော့်ကို ဒီမှာပဲ ချပေးလို့ရတယ်။ ကျွန်‌တော် သွားရတော့မယ်။”

ထို့နောက် သူသည် ပြုံးပြပြီး စုန့်ယွီနှင့် ချန်ကျောင်းကို ပြောလိုက်သည်။

“ဦးလေးစုန့်၊ ချန်ကျောင်း၊ ကျွန်‌တော် သွားတော့မယ်နော်။ ဒီကနေပဲ မြေအောက်ရထား စီးသွားလိုက်တော့မယ်။ နောက်ကြုံတဲ့အခါမှ အတူတူ ထမင်းစားကြတာပေါ့။”

ထို့နောက် မော့တိသည် ကားတံခါကို ဖွင့်ကာ ပြေးထွက်သွားလေသည်။

ချန်ကျောင်းနှင့် စုန့်ယွီ: “…”

ရှောင်တိတစ်ယောက် အဘယ်ကြောင့် ရုတ်တရက်ကြီး ထူးထူးဆန်းဆန်း ပြုမူရသည်လဲ။

(TN: ဘာလို့ဆို သူက အချစ်ပြိုင်ဘက်ဖြစ်လာနိုင်ချေရှိတဲ့သူဆီက ထွက်ပြေးသွားတာပါ။)

Xxxxxxxx

Chapter 60

ေမာ့စန္းက်စ္တစ္ေယာက္မွာ လူေသေကာင္အလား ျဖဴဆုတ္သြားသည္။

“မင္း... မင္း လိမ္ေနတာ”

ဒုတိယအေဒၚက စုန႔္ယြီကို လက္ညႇိဳးေငါက္ေငါက္ထိုးၿပီးေျပာသည္။ သူမ၏မ်က္ႏွာထားမွာ ျမင္မေကာင္းေလာက္ေအာင္ အ႐ုပ္ဆိုးအက်ည္းတန္ေနသည္။ သူမသည္ စားပြဲေပၚမွ ပစၥည္းမ်ားကို ေကာက္ကာ စုန႔္ယြီကို ပစ္ေပါက္သည္။

“ပါးစပ္ပုတ္နဲ႔႐ြံစရာေကာင္ ဒီက ထြက္သြားစမ္း။ ငါ့သားကို ေဂးလို႔ ေျပာရဲသလား။ ‌ေဂးေနတာက မင္း။ ႐ြံစရာတဏွာ႐ူးေကာင္။ ထြက္သြားစမ္း။”

စုန႔္ယြီသည္ တစ္ဖက္သို႔ ကပ္ေရွာင္လိုက္ကာ ဘာမွေတာ့ အေထြအထူး မျပဳမူေခ်။ သူက ေအးစက္စက္မ်က္ႏွာျဖင့္ ေျပာသည္။

“အန္တီ ကြၽန္ေတာ့္ကို နာေအာင္လုပ္ရင္ ေမာ့စန္းက်စ္က ေဂးဆိုတဲ့သက္ေသကို အင္တာနက္ေပၚ တင္လိုက္မွာေနာ္။ အဲဒီအခါက်ရင္ သူက ေဂး႐ုံတင္မကဘူး သူရဲေဘာေၾကာင္တဲ့သူဆိုတာကိုပါ လူေတြအားလုံး သိကုန္ၾကလိမ့္မယ္။”

“မင္း”

ဒုတိယအေဒၚက ေနရာမွာပင္ ၾကက္ေသေသသြားသည္။ သူမ၏လက္ထဲမွပစၥည္းမ်ားကိုလည္း ပစ္မေပါက္‌ေတာ့ေပ။ သို႔ေသာ္ ေစာ္ေစာ္ကားကားအေျပာမ်ားကေတာ့ ရပ္တန႔္မသြားခဲ့ေပ။

“မင္းက ငါ့သားကို အေသေရဖ်က္ေနတာ။ အေသဆိုးနဲ႔ေသလိမ့္မယ္။ စုန႔္ယြီ၊ မင္း အေသဆိုးနဲ႔ေသဦးမွာ။”

“ဒီတစ္ေခါက္ေတာ့ လူမွန္သူမွန္ကို ‘ယြီ’ဆိုတဲ့နာမည္ တပ္ေခၚႏိုင္ၿပီေပါ့”

စုန႔္ယြီက ေလွာင္သည္။

“အန္တီ၊ ကြၽန္ေတာ္က အန္တီတို႔ ေမာ့အိမ္ေတာ္ကို လိုက္လာဖို႔ စိတ္ကူးမရွိပါဘူး။ ဒါေပမဲ့ ေမာ့စန္းက်စ္က လြန္လြန္းတယ္။ ကြၽန္ေတာ့္ကို ကစား႐ုံတင္ မဟုတ္ဘူး။ ကြၽန္ေတာ့္ကို အ႐ူးလုပ္ အေမရိကမွာ ဆက္ေနခိုင္းၿပီး သူ႔ရဲ႕တိတ္တိတ္ပုန္းခ်စ္သူ ျဖစ္ေစခ်င္ေနတာ... အဟက္”

“အန္တီက သူ႔အေမတစ္ေယာက္အေနနဲ႔ ဒီကိစၥကို သိပိုင္ခြင့္ရွိတယ္ထင္လို႔ ကြၽန္ေတာ္ ေျပာျပတာပါ။ မဟုတ္ရင္ ဘလိုင္းဒိတ္ေတြ စီစဥ္ေပးၿပီး အန္တီ့သားကို စိတ္ဆင္းရဲေအာင္ လုပ္မိေနမွာစိုးလို႔ေလ။ တစ္ဖက္က ေကာင္မေလးရဲ႕ဘဝကိုလည္း ဖ်က္လိုဖ်က္ဆီးလုပ္ရာ က်တာေပါ့။ အဲဒီလိုအျဖစ္ဆိုးမ်ိဳးကို ကြၽန္ေတာ္က ႀကိဳတင္ကာကြယ္ေပးသင့္တယ္ ထင္မိလို႔ပါ။”

“တိတ္စမ္း။ တဏွာ႐ူးေကာင္။ ပါးစပ္ပိတ္။ ေယာက္်ားေတြကိုႀကိဳက္တာ မင္း။ ငါ့သားက အဲဒီလိုမ်ိဳး လုံးဝမဟုတ္ဘူး။ ေျမေခြးေကာင္။ ငါ့သားကို ဖ်ားေယာင္းေသြးေဆာင္ၿပီး သူက မင္းကို ျငင္းလိုက္ေတာ့ နာမည္ဖ်က္ဖို႔ ႀကိဳးစားေနတာေပါ့ေလ။ ေျပာထားလိုက္မယ္။ ငါ မင္းကို အလြတ္မေပးဘူး။ ေမာ့မိသားစုက မင္းကို အလြတ္ေပးမွာ မဟုတ္ဘူး။ မင္း ၾကပ္ၾကပ္သတိထားေန။ ငါ...”

“ေတာ္စမ္း”

ေမာ့ဘိုးဘိုး စိတ္ဆိုးမာန္ဆိုးျဖင့္ ေအာ္ဟစ္ၿပီး သူ၏ခ်ိဳင္းေထာက္ကို ခပ္ျပင္းျပင္း ေဆာင့္ခ်လိုက္သည္။

“တစ္ေယာက္မွ အသံမထြက္နဲ႔”

ဒုတိယအေဒၚက ထိတ္လန႔္သြားၿပီး အငိုအယိုေတြ မစတင္မီ သူမ၏အသံဆိုးႀကီးသည္ ႏွစ္စကၠန႔္ၾကာမွ် တိတ္ဆိတ္သြားခဲ့သည္။

“အေဖေရ၊ အေဖရဲ႕။ ဒါက ေသခ်ာေပါက္ အသေရဖ်က္တာပဲ။ အဲဒီ စုန႔္ယြီက လိမ္ေနတာ။ တဏွာ႐ူးေကာင္။ သူက စန္းက်စ္ကို ဖ်က္လိုဖ်က္ဆီး လုပ္ခ်င္ေနတာ။ ဒီအတိုင္းေတာ့ မလႊတ္ေပးႏိုင္ဘူး။ အေဖ...”

ေမာ့ဘိုးဘိုးက ႏွာမႈတ္သည္။ ၾကမ္းျပင္ေပၚတြင္ လဲေနသည့္ ေမာ့စန္းက်စ္၏ေသြးပ်က္ထိတ္လန႔္ေနသည့္႐ုပ္ကို ၾကည့္လိုက္သည္ႏွင့္ ဤအေၾကာင္းအရာမွာ အတုလား အစစ္လားဆိုသည္ကို သူ ခြဲျခားေျပာႏိုင္သည္။

သို႔ေသာ္ မည္သို႔ပင္ဆိုေစ သူ၏တတိယေျမးက ေယာက္်ားေလးမ်ားကို ႀကိဳက္ႏွစ္သက္ေသာ တဏွာ႐ူးတစ္ေယာက္ဆိုသည္ကို ဝန္ခံမည္ မဟုတ္ေခ်။

“ေရွာင္စုန႔္၊ ဒီလိုကိစၥမ်ိဳးဆိုတာ မဟုတ္တ႐ုတ္ ေလွ်ာက္ေျပာလို႔ရတာ မဟုတ္ဘူး။ ၾကည့္ရတာ မင္းနဲ႔ ေမာ့စန္းက်စ္ၾကားမွာ နားလည္မႈတစ္ခုခု လြဲေနတဲ့ပုံပဲ။ ဟုတ္မယ္။ နားလည္မႈလြဲတာမ်ိဳးဆိုရင္ တို႔ေတြ စကားေျပာၿပီး ေျပေျပလည္လည္ ေျဖရွင္းလို႔ရတယ္။ ဒါေပမဲ့ ဒီလိုေပါက္ကရစကားမ်ိဳးကို ပတ္ဝန္းက်င္မွာ ေလွ်ာက္ေျပာေနလို႔ မျဖစ္ဘူးေနာ္။”

ေမာ့ဘိုးဘိုးက စုန႔္ယြီကို ေအးတိေအးစက္ ၾကည့္သည္။                                                        

“မဟုတ္ရင္ မင္းကိုယ္မင္းအတြက္ေရာ မင္းေဘးက က်န္တဲ့သူေတြအတြက္ေရာ ျပႆနာမီးခြက္ထြန္းရွာသလိုပဲ ျဖစ္ေနလိမ့္မယ္”

“ဟုတ္တယ္။ ဒါေတြအားလုံးက နားလည္မႈလြဲ‌ေနတာပါ။ အေျခအျမစ္မရွိတဲ့ စြတ္စြဲခ်က္တစ္ခုပဲ။”

သူ႔အဘိုးက သူ႔ကို ကာေျပာေပးေနသည္ကို ၾကားလိုက္ရျခင္းသည္ ေမာ့စန္းက်စ္၏ေရတိမ္နစ္ေနေသာႏွလုံးသားကို ရဲေဆးတင္‌ေပးလိုက္သလိုပင္။

“ေရွာင္ယြီ၊ မင္း ငါ့ကို သေဘာက်တယ္ဆိုတာ ငါ သိပါတယ္။ ဒါေပမဲ့ ငါတို႔ႏွစ္ေယာက္က မျဖစ္ႏိုင္ဘူးေလ။ ငါက မင္းညီမ‌ေလးကိုပဲ ႀကိဳက္တာ။ ဒါေပမဲ့ အခုလိုပုံစံအရဆို ဖူးစာ မပါဘူး ထင္ပါတယ္ကြာ။ မင္း အေမရိကကို ျပန္သြားတဲ့အခါ မင္း...”

“‌ေမာ့စန္းက်စ္”

စုန႔္ယြီသည္ ေမာ့စန္းက်စ္၏စကားကိုျဖတ္ၿပီး တည္တည္ၿငိမ္ၿငိမ္ျဖင့္ ျပန္လည္ေခ်ပ ေျပာဆိုသည္။

“မင္းက ငါထင္ထားတာထက္ကို ပိုၿပီးမယုံႏိုင္စရာေကာင္းတယ္။ ေျဗာင္လိမ္ေျဗာင္စား။ လိပ္ကို ၾကမ္းပိုးျဖစ္ေအာင္ ေျပာတဲ့ေနရာမွာ မင္းတို႔‌ေမာင္ႏွမေတြ တစ္ပုံစံတည္းပဲ။ မင္းတို႔ေတြက တကယ္ကို... ဒီပုတ္ထဲက ဒီပဲပဲ။”

“ဘာအဓိပၸာယ္မရွိတာေတြ ေျပာေနတာလဲ”

ေမာ့စန္းက်စ္သည္ ေနသာထိုင္သာ ရွိသြားသည္။ သူသည္ မတ္တပ္ရပ္လိုက္ၿပီး စုန႔္ယြီကို မ်က္ႏွာမဲႀကီးျဖင့္ ၾကည့္သည္။

“မင္း ငါ့ကိုပဲ အသေရဖ်က္လို႔ရမယ္။ ဘာေသာက္ေရးမပါတဲ့ဗီဒီယိုတစ္ပုဒ္ေၾကာင့္နဲ႔ အင္တာနက္ေပၚက ကေလကေခ်ေတြလို မင္း ငါ့ညီမကို ေစာ္ကားေမာ္ကား လုပ္လို႔မရဘူး။ အဲဒီေမာ့တိက ဘယ္တုန္းကမွ ေကာင္းခဲ့တာ မဟုတ္ဘူး။”

စုန႔္ယြီက ေမာ့စန္းက်စ္ကိုၾကည့္ၿပီး တစ္ခ်က္ရယ္ပစ္လိုက္သည္။

“မင္းတို႔ေမာ့မိသားစုက ေမာ့လွ်ိဳေကြ႕နဲ႔ပတ္သက္လာရင္ စည္းမ်ဥ္းစည္းကမ္းေတြကို မလိမ့္တစ္ပတ္လုပ္ပစ္တယ္ဆိုတာ အပိုေျပာတာလို႔ ထင္ခဲ့တာ။ အခုေတာ့ အဲဒီထက္ေတာာင္ ဆိုးေနပါေပါ့လား။ အေသေရဖ်က္တယ္တဲ့လား။ ေမာ့စန္းက်စ္ အဲဒီစကားလုံးက ဘာအဓိပၸာယ္လဲဆိုတာ မင္း သိေရာသိရဲ႕လား။”

“မင္းက လိင္တူခ်စ္သူဆိုတဲ့အေၾကာင္းကို ငါ လာေျပာျပလို႔ အသေရဖ်က္တာဆိုရင္၊ အဲဒီဗီဒီယိုက မင္းတို႔မိသားစုအေၾကာင္းကို ‌ေဖာ္ထားလို႔ အသေရဖ်က္တာဆိုရင္ မင္းတို႔မိသားစုရဲ႕စိတ္ဓာတ္က ေတာ္ေတာ္ေလး မေျဖာင့္မွန္တာပဲ။ ကိုယ္က်င့္သိကၡာမရွိ၊ အက်င့္စာရိတၱမရွိတဲ့ အတိုင္းအတာေလာက္အထိကို တစ္ဖက္ေစာင္းနင္း ျဖစ္ေနၿပီ။ အဲဒါကိုေတာင္ မင္းတို႔က မင္းတို႔ကိုယ္မင္းတို႔ ဂုဏ္သေရရွိအထက္တန္းစားလို႔ ခံယူေနေသးသတဲ့။”

“ခင္ဗ်ားတို႔က ဟာသပဲ”

စုန႔္ယြီ၏အေျပာသည္ ေမာ့တစ္မိသားစုလုံးကို ေဒါသူပုန္ထသြားေစသည္။

“စုန႔္ယြီ၊ မင္းေသာက္ေပါက္ပိတ္စမ္း”

ေမာ့စန္းက်စ္တစ္ေယာက္ ေပါက္ကြဲေလၿပီ။ သူသည္ စုန႔္ယြီတည့္တည့္သို႔ လက္သီးခ်ိန္ကာ ဝင္လာေသာ္လည္း ခ်န္ေက်ာင္း၏တြန္းတိုက္ျခင္းကို ခံလိုက္ရသည္။

“လူၿပိန္းေကာင္၊ အနားမကပ္နဲ႔”

တစ္ခ်ိန္လုံး ႀကိတ္မွိတ္မ်ိဳသိပ္ထားခဲ့ရေသာ ခ်န္‌ေက်ာင္း၏အမ်က္ေဒါသသည္ တစ္ခ်က္တြန္းထိုးလိုက္ျခင္းႏွင့္အတူ ေပါက္ကြဲထြက္သြားသည္။ ေမာ့စန္းက်စ္ကို (၅)မီတာေလာက္အထိ အေဝးကိုလြင့္သြားေစၿပီး စားပြဲခုံအစြန္းႏွင့္ တိုက္မိသြားေစသည္။

ေမာ့စန္းက်စ္၏အေမသည္ မ်က္ရည္မ်ားပင္ က်လို႔လာသည္။ သူ႔သားကိုသြားထူရင္းမွ စုန႔္ယြီတို႔ကိုလည္း ဆက္တိုက္က်ိန္ဆဲလ်က္ရွိသည္။ ေမာ့ဘိုးဘိုးမွာလည္း ေဒါသ‌ေျခာင္းေျခာင္း ထြက္ေလၿပီ။ စုန႔္ယြီႏွင့္ ခ်န္ေက်ာင္းကို ေမာင္းထုတ္ရန္အတြက္ သူကိုယ္တိုင္ပင္ လုံၿခဳံေရးကို ေခၚေလသည္။

“စုန႔္ယြီတဲ့ ဟုတ္စ။ ငါတို႔မိသားစုက သူမ်ားသားသမီးကို ေဂးလို႔ေျပာၿပီး သိကၡာလိုက္ခ်တဲ့သူေတြကို မႀကိဳဆိုဘူး။ အခုခ်က္ခ်င္း ထြက္သြားေတာ့။”

“အဲဒီလိုလား။ ဒါနဲ႔ သက္ေသေတြကိုေတာင္ မျပရေသးဘူးပဲ။”

လုံၿခဳံေရးအေစာင့္အၾကပ္မ်ား ခ်ဥ္းကပ္လာေသာအခါ စုန႔္ယြီသည္ ဓာတ္ပုံတစ္ထပ္ႀကီး ထုတ္လိုက္ၿပီး လူအမ်ားေရွ႕တြင္ပင္ ျဖန႔္ႀကဲျပလိုက္သည္။

“စကားေျပာမွတ္တမ္းေတြ၊ ဝန္ခံခ်က္ဓာတ္ပုံေတြ၊ အမ်ားႀကီး ထပ္ရွိေသးတယ္။ ခင္ဗ်ားတို႔အျမင္မွာေတာ့ တခ်ိဳ႕တခ်ိဳ႕ေသာဓာတ္ပုံေတြကို အရမ္းလြန္လြန္ၾကဴးၾကဴးေတြ ျဖစ္ပ်က္ေနတယ္လို႔ ထင္ႏိုင္တယ္။ ဒါေပမဲ့ ခင္ဗ်ားတို႔ သိသင့္တယ္ထင္လို႔။”

စုန႔္ယြီက ေက်နပ္အားရစြာ ေျပာသည္။

“ဒါေပမဲ့ ဒီပုံေတြသုံးၿပီး ကြၽန္ေတာ့္ကို တန္ျပန္တိုက္ခိုက္ဖို႔ေတာ့ မႀကိဳးစားနဲ႔ေနာ္။ ဒီဓာတ္ပုံေတြထဲမွာ ကြၽန္ေတာ္နဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ တစ္ခုမွမပါဘူး။”

အေစာင့္(၂)ေယာက္ သူ႔ဆီကို လာေနသည္ကို ျမင္ေသာအခါ စုန႔္ယြီသည္ ဓာတ္ပုံ(၂)ပုံကို ဆုပ္ကိုင္ၿပီး သူတို႔မ်က္ႏွာေရွ႕တြင္ ေထာင္ျပလိုက္သည္။

“ေဟး ခင္ဗ်ားတို႔လည္း ဒီပုံေလးေတြ ၾကည့္သင့္တယ္”

လုံၿခဳံေရးအေစာင့္မ်ားသည္ ေနာက္ဆုတ္သြားၾကၿပီး သူတို႔၏မ်က္ႏွာမ်ားသည္ နီျမန္းသြားၾကသည္။ သူတို႔သည္ ဓာတ္ပုံမ်ားကို မၾကည့္ရဲၾကေပ။ ၾကည့္မိပါက ေမာ့မိသားစုက အေသသတ္မည္သာ ျဖစ္သည္။

စပ္စုခ်င္စိတ္ျဖင့္ ပထမေဒၚေလးက ဓာတ္ပုံ ႏွစ္ပုံသုံးပုံကို ေကာက္ယူလိုက္သည္။ သူမသည္ စိတ္ရႈပ္ရႈပ္ျဖင့္ ေငးစိုက္ၾကည့္ေနရင္းမွ ခဏၾကာ သူမ၏မ်က္ႏွာေပၚတြင္ ႐ြံ႕ရွာစက္ဆုပ္မႈဖြယ္အၾကည့္ကို ျမင္လိုက္ရသည္။

“အင္းပါ။ ခင္ဗ်ားတို႔က ကြၽန္ေတာ့္ကို ထပ္မေတြ႕ခ်င္ဘူးဆိုမွေတာ့ ကြၽန္ေတာ္လည္း သြားပါေတာ့မယ္။”

စုန႔္ယြီသည္ လုံၿခဳံေရးအေစာင့္မ်ားကို ၿပဳံးျပၿပီး ေျပာလိုက္သည္။

“လိုက္ပို႔ေပးစရာမလိုဘူးေနာ္”

စုန႔္ယြီသည္ သူ၏ဖုန္းမွ တုန္ခါမႈကို ခံစားလိုက္ရသည္။ ဤသည္မွာ ဆုတ္ခြာရန္အခ်ိန္ေရာက္ၿပီဆိုသည္ကို ေမာ့တိမွ လိုရမယ္ရႀကိဳတင္သတ္မွတ္ထားေသာ အခ်က္ျပသေကၤတတစ္ခု ျဖစ္သည္။

ေမာ့ဘိုးဘိုး၏မ်က္ႏွာသည္ ေဒါသေၾကာင့္ ရဲဗေတာင္းခတ္ေနၿပီး လူမွာလည္း လဲမက်႐ုံတမယ္ပင္။

ပထမအေဒၚသည္လည္း ဗုန္းဗုန္းလဲႏိုင္ေလာက္သည့္ အေျခအေနကို အကဲခတ္မိၿပီး လက္ထဲမွဓာတ္ပုံမ်ားကို လႊင့္ပစ္ကာ ေျပရာေျပေၾကာင္းေျပာဖို႔ အေျပးသြားသည္။ မၾကာေသးမီကပင္ တိရိစာၦန္ေကာင္ေလးေမာ့တိ၏လုပ္ရပ္ေၾကာင့္ အဖိုးမွာ ေဆး႐ုံသို႔ တန္းေရာက္သြားရကာ သိပ္မၾကာခင္ကမွ ေဆး႐ုံဆင္းလာျခင္း ျဖစ္သည္။ ေနာက္တစ္ေခါက္သာ ‌ေဆး႐ုံထပ္တက္ရလွ်င္...

ေမာ့မိသားစုႀကီး အလဲလဲအကြဲကြဲ ျဖစ္မသြားႏိုင္ေပဘူးလား။

“အေဖ၊ အေဖ၊ အရမ္းစိတ္မလႈပ္ရွားပါနဲ႔... ကြၽန္မ ရွစ္ခ်န္ကို ျပန္ေခၚထားပါတယ္။ အေဖ...”

“သြား အဲဒီဓာတ္ပုံေတြကို လႊင့္ပစ္လိုက္... ေဝးေဝးသာသြားပစ္ ျမန္ျမန္”

ေမာ့ဘိုးဘိုးသည္ သၾကားမုန္လာဥကဲ့သို႔ပင္ ရဲတြတ္ေနေလသည္။ သူ႔၏လည္ေခ်ာင္းထဲတြင္လည္း အလုံးတစ္လုံး ဆို႔ေနသလိုပင္။

“ငါတို႔မိသားစုက ဒီလိုအရွက္တကြဲအက်ိဳးနည္းအျဖစ္မ်ိဳးကို လက္သင့္မခံႏိုင္ဘူး”

ထိုအခ်ိန္တြင္ စုန႔္ယြီသည္ ခ်န္ေက်ာင္းႏွင့္အတူ ေျပးဆင္းသြားသျဖင့္ ေအာက္ထပ္သို႔ပင္ ေရာက္ေနေလၿပီ။

သူ၏လက္ထဲတြင္ လက္နက္အျဖစ္သုံးရမည္ျဖစ္ေသာ အေဖာ္အခြၽတ္ဓာတ္ပုံ အနည္းငယ္ ကိုင္ထားသည္။ သူတို႔ထြက္ခြာမည့္လမ္းေၾကာင္းကို ပိတ္ဆို႔လာသည္ရွိေသာ္ အေစာင့္မ်ား၏မ်က္ႏွာတည့္တည့္သို႔ ထိုးျပမည္ျဖစ္သည္။

သို႔ေသာ္ ဂိတ္တံခါးသို႔ ေရာက္ေသာအခါ အိမ္ျပန္လာေသာ ေမာ့မိသားစုဝင္ ေနာက္တစ္ဦးႏွင့္ ဆုံေလသည္။

စုန႔္ယြီကို ျမင္လိုက္ေသာအခါ ေမာ့လွ်ိဳေကြ႕သည္ အံ့အားသင့္သြားသည္။ ထို႔ေနာက္ အၿပဳံးတစ္ပြင့္ျဖင့္ အလွ်င္အျမန္ ႏႈတ္ဆက္စကား ဆိုသည္။

“မဂၤလာပါ။ အစ္ကိုက...”

“ငါက အခုေလးတင္ မင္းရဲ႕တတိယအစ္ကိုကို ပစ္ထားခဲ့ၿပီဆိုေတာ့...”

စုန႔္ယြီက ေၾကာ့ေၾကာ့ေလး စကားျပန္လိုက္သည္။

“ငါက မင္းတတိယအစ္ကိုရဲ႕ ရည္းစားေဟာင္းလို႔ပဲ ဆိုရမွာေပါ့”

ထိုကဲ့သို႔ေျပာၿပီးေနာက္ စုန႔္ယြီသည္ ေမာ့လွ်ိဳေကြ႕၏အံ့အားသင့္ေနေသာ႐ုပ္ကို လ်စ္လွ်ဴရႈၿပီး ၿခံဂိတ္ဝသို႔ တဟုန္ထိုးထြက္သြားသည္။

ေနာက္မွအမီလိုက္ႏိုင္ရန္ ခ်န္ေက်ာင္းတစ္ေယာက္ အရွိန္တင္ရေတာ့သည္။ ေမာ့လွ်ိဳေကြ႕၏ေဘးခ်င္းကပ္လွ်က္တြင္ ပါလာေသာ ေယာက္်ားေလးကို ျမင္လိုက္ရေသာအခါ သူ၏စိတ္ထဲတြင္ ေၾကာက္႐ြံ႕တုန္လႈပ္သြားသည္။ သူ၏မ်က္လုံးမ်ားႏွင့္ မ်က္ႏွာေပးသည္ အဘယ္ေၾကာင့္ ထိုမွ်ေလာက္ ေၾကာက္လန႔္စရာေကာင္းပါသနည္း။ ၾကည့္ရသည္မွာ ထိုသူသည္ သူတို႔ႏွစ္ဦးအား အရွင္လတ္လတ္ဝါးစားခ်င္ေနသည့္ ပုံစံေပါက္ေနသည္။

သူတို႔ႏွစ္ဦးသည္ ေမာ့တိငွားထားေသာကားကို ခ်က္ခ်င္းပင္ ရွာေတြ႕သြားၿပီး ကားထဲသို႔ သုတ္သုတ္ပ်ာပ်ာ ဝင္သြားၾကသည္။

“ေကာင္းလိုက္တာကြာ”

စုန႔္ယြီက အသက္အရွည္ႀကီးရွဴလိုက္သည္။ ထို႔ေနာက္ ေမာ့တိကို ေျပာသည္။

“ေရွာင္တိ၊ ၿပီးၿပီလား”

“အမ္း”

ေမာ့တိက ေခါင္းညိတ္ျပသည္။ ႀကိဳးမဲ့ကင္မရာမွ ထုတ္လႊင့္ႏိုင္ေသာ ခ်ိတ္ဆက္မႈေျခရာမ်ားကိုလည္း ပိပိရိရိ ဖုံးဖိၿပီးျဖစ္သည္။ သူသည္ ေမာ့အိမ္ေတာ္တြင္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ခဲ့သည့္အတြက္ စိတ္ရႈပ္ေထြးေနေသာ အေနအထား ျဖစ္ေနသည္။

ဦးေလးစုန႔္ ေဖာ္ေကာင္လုပ္ေနေသာအခ်ိန္တြင္ သူ၏ႏူးညံ့ညင္သာပါသည္ဆိုေသာပုံရိပ္သည္... အျပည့္အဝ ကြာက်သြားသည္။ သူ၏ႏႈတ္ေရးသည္ ေၾကာက္မက္ဖြယ္လက္နက္တစ္ခု ျဖစ္သည္။

“ေရွာင္တိ၊ ဘာလို႔ ခ်က္ခ်င္းႀကီး ေကာက္ကာငင္ကာ ထၿပီးအခ်က္ျပသေကၤတ ပို႔လိုက္တာလဲ။ ေမာ့လွ်ိဳေကြ႕ေၾကာင့္လား”

စုန႔္ယြီသည္ သူ၏ေဘးတြင္ ထိုင္ေနရင္းက ေမးလိုက္သည္။

“အင္း”

ေမာ့တိက သူ၏ကြန္ပ်ဴတာကို ပိတ္လိုက္သည္။

“အထူးတလည္ေျပာရရင္ သူ႔ရဲ႕ေဘးမွာပါလာတဲ့ ခ်င္ခ်န္းယီဆိုတဲ့ လူေၾကာင့္ပဲ။ လက္ရွိအခ်ိန္မွာ ကြၽန္ေတာ္တို႔ သူ႔ကို ရန္သြားစလို႔ မျဖစ္ေသးဘူး။ ေကာလိပ္ဝင္ခြင့္စာေမးပြဲကိစၥမွာ ကြၽန္ေတာ့္ကို အကြက္ခ်ႀကံစည္တဲ့တစ္ေယာက္ဆိုတာ သူေပါ့။”

“ဘာ။ အဲဒီတစ္ေယာက္က သူလား။”

ခ်န္‌ေက်ာင္းက ႐ုတ္တရက္ အလန႔္တၾကား ထက်ိန္ဆဲသည္။

“ေကာက္က်စ္တဲ့႐ုပ္ ထြက္ေနတာ မဆန္းပါဘူး။ သူ႔ရဲ႕မ်က္ခုံးႏွစ္တန္းၾကားက အေရးအေၾကာင္းမွာ အေငြ႕အသက္ျပင္းျပင္းတစ္ခု ရွိတယ္။ မာဖီးယားေခါင္းေဆာင္႐ုပ္နဲ႔။”

“ဘာပဲျဖစ္ျဖစ္ သူတို႔နဲ႔ဆုံၿပီဆိုရင္ လွည့္သာျပန္ခဲ့။ ဘာအေၾကာင္းေၾကာင့္နဲ႔ျဖစ္ျဖစ္ ထိပ္တိုက္မေတြ႕နဲ႔။”

ေမာ့တိက အႀကံေပးသည္။

“အင္း မင္းစကား နားေထာင္ပါ့မယ္”

စုန႔္ယြီက ေမာ့တိ၏ပုခုံးကို အသာပုတ္ၿပီး လူႀကီးေလသံျဖင့္ ေျပာသည္။

“ငါဆိုတဲ့ မင္းဦးေလး ရဲစြမ္းသတၱိအျပည့္နဲ႔ သူတို႔ကို ရင္ဆိုင္တိုက္ခိုက္ႏိုင္‌ေအာင္ သတင္းအခ်က္အလက္ ျပည့္ျပည့္စုံစုံ ေပးတဲ့အတြက္ မင္းကို ေက်းဇူးတင္ပါတယ္ကြာ။ ႏွေမ်ာစရာေကာင္းတာက မင္းမွာလည္း တျခားလုပ္စရာကိစၥ ရွိေနလို႔ေပါ့ကြာ။ မဟုတ္ရင္ ငါတို႔နဲ႔ လိုက္ခဲ့လို႔ရဦးမွာ။”

“ကြၽန္ေတာ္ လူကိုယ္တိုင္ မပါသြားေပမဲ့လည္း ဦးေလးစုန႔္ ဘယ္ေလာက္ ေခ်ာေခ်ာေမြ႕ေမြ႕ ေျဖရွင္းကိုယ္တြယ္ႏိုင္ခဲ့တယ္ဆိုတာ အတပ္ေျပာႏိုင္ပါတယ္”

ေမာ့တိက အၿပဳံးေလးျဖင့္ ေျပာသည္။

“အခု အကုန္လုံး ၿပီးၿပီဆိုေတာ့ ခ်န္ခ်န္းလမ္းဆုံမွာ ကြၽန္ေတာ္ ဆင္းလိုက္ေတာ့မယ္။ ေနာက္က်ရင္ ကြၽန္ေတာ္ ဦးတို႔ကို အေဖာ္မလိုက္ေပးေတာ့ဘူးေနာ္။”

“ေရွာင္တိ၊ မင္းက အိမ္ျပန္ေတာ့မလို႔လား။ ဦးက မင္းကို ညစာလိုက္ေကြၽးခ်င္ေသးတာ။”

“အင္း ကြၽန္ေတာ္ အိမ္ျပန္မွျဖစ္မွာမလို႔ပါ။ ကြၽန္‌ေတာ့္အစ္ကို ေစာင့္ေနတယ္။”

ေမာ့တိသည္ မုထ်န္းဟန္အေၾကာင္းကို စကားထဲထည့္ေျပာလိုက္မိသည္ႏွင့္ သူ၏စိတ္ခံစားခ်က္သည္ ၾကည္လင္႐ႊင္ပ်လာၿပီး မ်က္ႏွာေပၚတြင္ ၿပဳံးေယာင္ပင္သန္းလာသည္ကို သူကိုယ္တိုင္ေတာ့ သတိမမူမိေခ်။

“အစ္ကိုလား။ ဘယ္အစ္ကိုလဲ။”

စုန႔္ယြီက ေမာ့တိကို သံသယမ်က္လုံးျဖင့္ ၾကည့္သည္။

“မင္းအစ္ကိုေတြအားလုံးက ေဂါက္ေၾကာင္တစ္သိုက္ မဟုတ္ဘူးလား”

“အဲဒီတစ္သိုက္ထဲက မဟုတ္တာ အေသအခ်ာပဲေပါ့”

ခ်န္ေက်ာင္းက ၾကားျဖတ္ေျပာသည္။

“ဒီတစ္ေယာက္က ေရွာင္တိ အျပင္ေလာကမွာ သိကြၽမ္းလာတဲ့ တစ္ေယာက္ပါ။ အရမ္းသေဘာေကာင္းၿပီးေတာ့ သူ႔ကိုလည္း အမ်ားႀကီး အကူအညီေပးထားတာ။ အကယ္၍သာ ေရွာင္တိလည္း ဒီေလာက္အသက္မငယ္၊ အဲဒီလူႀကီးကလည္း ဒီေလာက္အသက္မႀကီးရင္ ဘဲႀကီးက ေရွာင္တိကို ေႂကြေနတာလို႔ ကြၽန္‌ေတာ္ ထင္မိမွာပဲ။ ဟုတ္တယ္ေနာ္ ေရွာင္တိ။”

ေမာ့တိ: “…”

“ၿပီးေတာ့လည္း ဘဲႀကီးက အရမ္းေခ်ာတာ”

ခ်န္ေက်ာင္းက စုန႔္ယြီကို ႂကြားလုံးထုတ္ေနေလသည္။

“ဦးငယ္၊ တကယ္ေျပာတာေနာ္။ ေရွာင္တိရဲ႕ အဲဒီအစ္ကိုဆိုတဲ့တစ္ေယာက္က အရမ္းေဟာ့တာ။ ေျခတံရွည္ရွည္ အရပ္ျမင့္ျမင့္နဲ႔။ သူ႔မ်က္ႏွာကို ကြၽန္ေတာ္ ေသခ်ာမျမင္ဖူးေပမဲ့ ၾကည့္ေကာင္းတယ္ဆိုတာ‌ေတာ့ အတပ္ေျပာႏိုင္တယ္။ ေမာ့စန္းက်စ္ထက္ေတာ့ အဆရာေပါင္းမ်ားစြာ သာတယ္ဗ်ာ။”

စုန႔္ယြီသည္ ခ်က္ခ်င္းပင္ “ဝိုး” ခနဲ ျဖစ္သြားရသည္။ သူသည္ စကားဝိုင္းထဲဝင္ေျပာခ်င္ေသာေၾကာင့္ ေမးခြန္းထုတ္လိုက္သည္။

“ေရွာင္တိ၊ မင္းအစ္ကိုက ဘာအလုပ္လုပ္တာလဲ”

သို႔ေသာ္ ထိုအခ်ိန္တြင္ပင္ ေမာ့တိသည္ ကားဆရာအား ကားရပ္ခိုင္းလိုက္သည္။

“ဦးေလး၊ ကြၽန္ေတာ့္ကို ဒီမွာပဲ ခ်ေပးလို႔ရတယ္။ ကြၽန္‌ေတာ္ သြားရေတာ့မယ္။”

ထို႔ေနာက္ သူသည္ ၿပဳံးျပၿပီး စုန႔္ယြီႏွင့္ ခ်န္ေက်ာင္းကို ေျပာလိုက္သည္။

“ဦးေလးစုန႔္၊ ခ်န္ေက်ာင္း၊ ကြၽန္‌ေတာ္ သြားေတာ့မယ္ေနာ္။ ဒီကေနပဲ ေျမေအာက္ရထား စီးသြားလိုက္ေတာ့မယ္။ ေနာက္ႀကဳံတဲ့အခါမွ အတူတူ ထမင္းစားၾကတာေပါ့။”

ထို႔ေနာက္ ေမာ့တိသည္ ကားတံခါကို ဖြင့္ကာ ေျပးထြက္သြားေလသည္။

ခ်န္ေက်ာင္းႏွင့္ စုန႔္ယြီ: “…”

ေရွာင္တိတစ္ေယာက္ အဘယ္ေၾကာင့္ ႐ုတ္တရက္ႀကီး ထူးထူးဆန္းဆန္း ျပဳမူရသည္လဲ။

(TN: ဘာလို႔ဆို သူက အခ်စ္ၿပိဳင္ဘက္ျဖစ္လာႏိုင္ေခ်ရွိတဲ့သူဆီက ထြက္ေျပးသြားတာပါ။)

Xxxxxxxx

Continue Reading

You'll Also Like

136K 5.1K 9
DISCONTINUED ╰┈➤ 𝗚𝗼𝗷𝗼 𝗦𝗮𝘁𝗼𝗿𝘂 𝘅 𝗠𝗮𝗸𝗶𝗺𝗮 𝗥𝗲𝗮𝗱𝗲𝗿 𝙿𝚂𝚈𝙲𝙷𝙾𝙿𝙰𝚃𝙷 | A mentally unstable person especially a person having an e...
8.4K 389 10
Alice Kennedy moved away from Derry a long time ago, but she decided to go back. With Halloween fast approaching she gets the opportunity to take her...
300K 5.7K 29
{COMPLETE} A high school romance about a girl and a guy who find a new path to start their love. Hot bad boy jungkook meets new y/n at school and sta...
247K 12.5K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...