အလိုလိုက်အကြိုက်ဆောင်ခြင်းခံရ...

By ThuuThuu

140K 20.5K 74

Book - 10 I just translate this story. I don't own this story. All credits go to the original writer and Engl... More

အပိုင်း (၁၇၂၃) - မင်းကိုချုပ်နှောင်ဖို့လာတာ
အပိုင်း (၁၇၂၄) - ပျင်းလို့မင်းကိုနည်းနည်းလောက်စမယ်
အပိုင်း (၁၇၂၅) - တကယ်ပဲ အရှက်မရှိတာပဲ
အပိုင်း (၁၇၂၆) - အတူတကွလာခြင်း
အပိုင်း (၁၇၂၇) - နှုတ်ပိတ်ဖို့ သူမကိုသတ်ချင်တာလား
အပိုင်း (၁၇၂၈) - မွေးစားအဖေ နေဦး
အပိုင်း (၁၇၂၉) - စစ်ပွဲစပြီ ၁
အပိုင်း (၁၇၃၀) - စစ်ပွဲစပြီ ၂
အပိုင်း (၁၇၃၁) - စစ်ပွဲစပြီ ၃
အပိုင်း (၁၇၃၂) - ရှီမာယူယူ... သေပြီလား
အပိုင်း (၁၇၃၃)
အပိုင်း (၁၇၃၄) - နိုးရန်မဖြစ်နိုင်ခြင်း ၂
အပိုင်း (၁၇၃၅) - ခန္ဓာကိုယ်နှင့် ဝိညာဉ်သေဆုံးခြင်
အပိုင်း (၁၇၃၆) - ဘိုးဘေးကြီး
အပိုင်း (၁၇၃၇) - မရဏာနိုင်ငံမှစွမ်းအား
အပိုင်း (၁၇၃၈) - မင်းမှားသွားပြီ
အပိုင်း (၁၇၃၉) - ဆိုးဝါးလွန်းတဲ့ရှုပ်ထွေးမှု
အပိုင်း (၁၇၄၀) - ကန့်သက်ချက်နှင့်လာခြင်း
အပိုင်း (၁၇၄၁) - အားလုံးအိပ်ပျော်နေခြင်း၊ သုညမှစတင်ခြင်း
အပိုင်း (၁၇၄၂) - တစ္ဆေလောကနယ်မြေသုံးခု
အပိုင်း (၁၇၄၃) - ပြန်လည်ကျင့်ကြံခြင်း
အပိုင်း (၁၇၄၄) - သွားလည်ခြင်း
အပိုင်း (၁၇၄၅) - လူပြောင်းသွားတာလား
အပိုင်း (၁၇၄၆) - ကြောက်နေရင်အဖေ့သမီးမဟုတ်တော့ဘူး
အပိုင်း (၁၇၄၇) - ဘယ်သူလုပ်လိုက်တာလဲ
အပိုင်း (၁၇၄၈) - သူမက ရတနာလား
အပိုင်း (၁၇၄၉) - အစားအသောက်ဖြင့်ချော့မော့ခြင်း
အပိုင်း (၁၇၅၀) - အကောင်းစားရတနာရရှိခြင်း
အပိုင်း (၁၇၅၁) - သူမအတွက် ရောက်လာခြင်း
အပိုင်း (၁၇၅၂) - ဆရာက မင်းကိုတွေ့ချင်နေတယ်
အပိုင်း (၁၇၅၃) - ငှက်တုံးငှက်အနှင့် တွေ့ခြင်း
အပိုင်း (၁၇၅၄) - အဆင်မပြေသောတိမ်တိုက်ဝိညာဉ်
အပိုင်း (၁၇၅၅) - တုံးအပြီး သူရဲဘောကြောင်တဲ့ငှက်
အပိုင်း (၁၇၅၆) - အဖေစင်ပေါ်တက်ခြင်း
အပိုင်း (၁၇၅၇) - မိုးကြိုးအပစ်ခံရခြင်း
အပိုင်း (၁၇၅၈) - သူမ၏ သရုပ်မှန်ကို သိသွားခြင်း
အပိုင်း (၁၇၅၉) - ဆန်းကြယ်သောအနက်ရောင်ပုတီးစေ့
အပိုင်း (၁၇၆၀) - ပထမဆုံးအကြိမ်ပေါ်လာခြင်း
အပိုင်း (၁၇၆၁) - တွင်းပေါက်ထဲမှမြွေကို မျှားခေါ်ခြင်း
အပိုင်း (၁၇၆၂) - မိုယွိနှင့်ဒိကျဲ့
အပိုင်း (၁၇၆၃) - ငါကိုယ်တိုင်သွားမယ်
အပိုင်း (၁၇၆၄) - နန်းတော်မှလူ
အပိုင်း (၁၇၆၅) - သေသေရှင်ရှင်အတူရှိမယ်
အပိုင်း (၁၇၆၆) - တစ်ချက်လောက်ရိုက်ခြင်း
အပိုင်း (၁၇၆၇) - တစ်ယောက်မှအရှင်မထားနဲ့
အပိုင်း (၁၇၆၈) - ကိုယ့်ဘာသာသွား ကစားလိုက်
အပိုင်း (၁၇၆၉) - ဘယ်လိုလုပ် အဲလောက်တုံးရတာလဲ
အပိုင်း (၁၇၇၀) - ပို၍အန္တရာယ်များခြင်း
အပိုင်း (၁၇၇၁) - ပြန်ရန်ပြင်ဆင်ခြင်း
အပိုင်း (၁၇၇၂) - လျောင်ချန်မြို့တော်
အပိုင်း (၁၇၇၃) - ဝင်ကတည်းက ပိတ်ပင်ခံရခြင်း
အပိုင်း (၁၇၇၄) - ဆူလိုက်ရတာ ခံစားချက်ကောင်းလိုက်တာ
အပိုင်း (၁၇၇၅) - သခင်မလေး နောက်နေတာမလား
အပိုင်း (၁၇၇၆) - ကိုယ့်အမှားကိုယ်သိပြီး ဝန်ခံလိုက်
အပိုင်း (၁၇၇၇) - အမည်းလေး၏ကစားစရာ
အပိုင်း (၁၇၇၈) - ပွက်လောရိုက်ခြင်း
အပိုင်း (၁၇၇၉) - အဲဒါအကုန် မင်းအမှားပဲ ငါ့ကိုအပြစ်မတင်နဲ့
အပိုင်း (၁၇၈၀) - စိတ်ဝင်စားမှုကိုနှိုးဆွခြင်း
အပိုင်း (၁၇၈၁) - သူမနောက်ကို ဒီအတိုင်းလိုက်ချင်နေတာ
အပိုင်း (၁၇၈၂) - လျှို့ဝှက်ဆန်းကြယ်သောလက်ဆောင်
အပိုင်း (၁၇၈၃) - ဒဏ်ရာကြောင့် ပြန်လာခြင်း
အပိုင်း (၁၇၈၄) - သတင်းအတုများ
အပိုင်း (၁၇၈၅) - အကြီးအကဲဖု
အပိုင်း (၁၇၈၆) - ယွဲ့ရှီတောင်ကြာ
အပိုင်း (၁၇၈၈) - ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သိတယ်
အပိုင်း (၁၇၈၉) - နာကျင်သောနှလုံးသား
အပိုင်း (၁၇၉၀) - ခရမ်းလေး အစွမ်းကိုပြသခြင်း
အပိုင်း (၁၇၉၁) - အိပ်မက်လေးနိုးလာခြင်း
အပိုင်း (၁၇၉၂) - ထွက်လာခြင်း
အပိုင်း (၁၇၉၃) - အနက်ဝတ်လူများ
အပိုင်း (၁၇၉၄) - ဗွမ်း
အပိုင်း (၁၇၉၅) - အကြွေးရှင်းခြင်း
အပိုင်း (၁၇၉၆) - သားရဲများအလိုက်ခံရခြင်း
အပိုင်း (၁၇၉၇) - နှစ်ပေါင်းသောင်းချီစောင့်လာသော နဂါးနက်
အပိုင်း (၁၇၉၈) - အမြီးနဲ့ရိုက်ပြီး လွင့်အောင်လုပ်လိုက်ခြင်း
အပိုင်း (၁၇၉၉) - ဝိညာဉ်လေးလည်း နိုးလာပြီ
အပိုင်း (၁၈၀၀) - သူက အကောင်းဆုံးပဲ
အပိုင်း (၁၈၀၁) - ဖိနှိပ်ထားတဲ့မိုးကြိုးလျှပ်စီးက ပေါက်ကွဲတော့မယ်
အပိုင်း (၁၈၀၂) - ပြဿနာလာရှာတဲ့လူ
အပိုင်း (၁၈၀၃) - ရှီအာကိုရိုက်ရဲတယ်ဟုတ်လား သေချင်နေတာပဲ
အပိုင်း (၁၈၀၄) - ဆက်စပ်နေခြင်း
အပိုင်း (၁၈၀၅) - မင်းကိုဘယ်လိုသတ်မလဲကြည့်လိုက်
အပိုင်း (၁၈၀၆) - လျှို့ဝှက်ဆန်းကြယ်သောငရဲပန်း
အပိုင်း (၁၈၀၇) - မရဏာဘုရင်
အပိုင်း (၁၈၀၈) - သုန်းမျိုးနွယ်ပျက်စီးခြင်း
အပိုင်း (၁၈၀၉) - ဧည့်သည်လား
အပိုင်း (၁၈၁၀) - စက်ဆုပ်ဖွယ်ကောင်းသော
အပိုင်း (၁၈၁၁) - နဂါး၏နှာလေ
အပိုင်း (၁၈၁၂) - မင်းဘယ်လိုထင်လဲ
အပိုင်း (၁၈၁၃) - ဆက်သွယ်ချက်
အပိုင်း (၁၈၁၄) - မျှော်လင့်ချက်
အပိုင်း (၁၈၁၅) - နဂါးကျောက်သလင်းကဒ်
အပိုင်း (၁၈၁၆) - ဦးလေး
အပိုင်း (၁၈၁၇) - ရှင်းပြခြင်း
အပိုင်း (၁၈၁၈) - ယှဉ်ကြည့်ရအောင်
အပိုင်း (၁၈၁၉) - တစ်ခုခုဖြစ်နေပြီ
အပိုင်း (၁၈၂၀) - ဝရုန်းသုန်းကားဖြစ်ခြင်း
အပိုင်း (၁၈၂၁) - မယုံနိုင်ခြင်း
အပိုင်း (၁၈၂၂) - ကျိုးပဲ့သွားတဲ့ထင်ယောင်ထင်မှား
အပိုင်း (၁၈၂၃) - လျှို့ဝှက်ဆန်းကြယ်တဲ့နေရာ
အပိုင်း (၁၈၂၄) - ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး
အပိုင်း (၁၈၂၅) - စမ်းသပ်မှုအောင်မြင်ခြင်း
အပိုင်း (၁၈၂၆) - သူလည်းမိုးကြိုးကိုထိန်းချုပ်နိုင်တာပဲ
အပိုင်း (၁၈၂၇) - အံ့ဖွယ်ရှေးပစ္စည်းက သူမကို ဆင့်ခေါ်နေတာလား
အပိုင်း (၁၈၂၈) - အကျင့်တူ
အပိုင်း (၁၈၂၉) - နံပါတ် ၂၅၀ ကိုမဲနှိုက်မိခြင်း
အပိုင်း (၁၈၃၀) - ဦးလေးကိုရောင်းလိုက်ရင်တောင် ကျွန်မကိုယ်ကျွန်မ မရောင်းနိုင်ဘူး
အပိုင်း (၁၈၃၁) - ရိုးရှင်းပြီး ကြမ်းကြုတ်တဲ့တိုက်ခိုက်မှု
အပိုင်း (၁၈၃၂) - လျှို့ဝှက်လမ်းကြောင်း
အပိုင်း (၁၈၃၃) - ရောဂါဖြစ်နေတာမဟုတ်ဘူး
အပိုင်း (၁၈၃၄) - မင်းတို့နှစ်ယောက်ရဲ့ ဆေးပညာကတူတယ်
အပိုင်း (၁၈၃၅) - လမ်းကျဉ်းလေးမှာ ရန်သူနဲ့တွေ့ခြင်း
အပိုင်း (၁၈၃၆) - ပြတ်သားသော မဟူရာ
အပိုင်း (၁၈၃၇) - သူမ မလှုပ်ရှားဘူး
အပိုင်း (၁၈၃၈) - သွေးအန်ခြင်း
အပိုင်း (၁၈၃၉) - သူမ၏ အစီအစဉ်
အပိုင်း (၁၈၄၀) - မုရုန်ရှီမဟုတ်ဘူးလား
အပိုင်း (၁၈၄၁) - အကုန်လုံးကို မှတ်မိခြင်း
အပိုင်း (၁၈၄၂) - မရဏာ၏ အတိတ် (၁)
အပိုင်း (၁၈၄၃) - မရဏာ၏ အတိတ် (၂)
အပိုင်း (၁၈၄၄) - မရဏာ၏ အတိတ် (၃)
အပိုင်း (၁၈၄၅) - မဟာဗျူဟာ (၁)
အပိုင်း (၁၈၄၆) - မဟာဗျူဟာ (၂)
အပိုင်း (၁၈၄၇) - မဟာဗျူဟာ (၃)
အပိုင်း (၁၈၄၈) - သူမအတွက်လာခြင်း
အပိုင်း (၁၈၄၉) - သူမ ထွက်သွားသေးတယ်
အပိုင်း (၁၈၅၀) - လျှို့ဝှက်ဆန်းကြယ်တဲ့လူဆီမှ ဖိတ်ကြားခံရခြင်း
အပိုင်း (၁၈၅၁) - တိစစ်ခုံ
အပိုင်း (၁၈၅၂) - ခွေးတွေကို တံခါးပိတ်ရိုက်ရတာကိုကြိုက်တယ်
အပိုင်း (၁၈၅၃) - အပျော်ဝင်ပါချင်တဲ့ ငှက်လေး
အပိုင်း (၁၈၅၄) - မြို့ဆီသို့ပြန်ခြင်း
အပိုင်း (၁၈၅၅) - တစ္ဆေကြင်ယာတော်၏ အင်အား
အပိုင်း (၁၈၅၆) - နောက်ဆုံးတော့ သူမ လှုပ်ရှားပြီ
အပိုင်း (၁၈၅၇) - ပြိုင်ပွဲမှနှုတ်ထွက်ခြင်း
အပိုင်း (၁၈၅၈) - သိသိသာသာစိတ်လှုပ်ရှားလာခြင်း
အပိုင်း (၁၈၅၉) - နိဗ္ဗာန်မြစ်
အပိုင်း (၁၈၆၀) - လက်ဆောင်များစုစည်းခြင်း
အပိုင်း (၁၈၆၁) - သူမတစ်ယောက်တည်းပဲမြင်တယ်
အပိုင်း (၁၈၆၂) - မြစ်ထဲသို့ဆင်းခြင်း
အပိုင်း (၁၈၆၃) - ထူးဆန်းတဲ့မြစ်ကြမ်းပြင်
အပိုင်း (၁၈၆၄) - နောက်ဆုံးတော့ တွေ့ရပြီ
အပိုင်း (၁၈၆၅) - သူတို့နှစ်ယောက်တည်းရဲ့အချိန် ၁
အပိုင်း (၁၈၆၆) - သူတို့နှစ်ယောက်တည်းရဲ့အချိန် ၂
အပိုင်း (၁၈၆၇) - သူတို့နှစ်ယောက်တည်းရဲ့အချိန် ၃
အပိုင်း (၁၈၆၈) - ဘာမှလည်းလုပ်စရာမရှိဘူး
အပိုင်း (၁၈၆၉) - နေရခက်ခြင်း
အပိုင်း (၁၈၇၀) - ကစဥ့်ကလျား
အပိုင်း (၁၈၇၁) - နှုတ်ဆက်ခြင်း
အပိုင်း (၁၈၇၂) - ယူယူဒဏ်ရာရခြင်း
အပိုင်း (၁၈၇၃) - အကြီးအကဲဖြူကူညီခြင်း
အပိုင်း (၁၈၇၄) - ပရောပရည်လုပ်ခြင်း
အပိုင်း (၁၈၇၅) - ကစဥ့်ကလျားကမ္ဘာသို့ နောက်တစ်ခေါက်ပြန်သွား ခြင်း
အပိုင်း (၁၈၇၆) - ကမ္ဘာပြောင်းလဲခြင်း
အပိုင်း (၁၈၇၇) - ထိတ်လန့်မှု
အပိုင်း (၁၈၇၈) - နှစ်ခုကွဲခြင်း
အပိုင်း (၁၈၇၉) - ပြဿနာတွေရောက်လာပြီ
အပိုင်း (၁၈၈၀) - စိုးရိမ်ခြင်း
အပိုင်း (၁၈၈၁) - တစ်ခုခုဖြစ်နေပြီ
အပိုင်း (၁၈၈၂) - ရှုပ်ထွေးရစ်ပတ်ခြင်း
အပိုင်း (၁၈၈၃) - နောက်ဆုတ်ခြင်း
အပိုင်း (၁၈၈၄) - စိုးရိမ်ခြင်း
အပိုင်း (၁၈၈၅) - အမျက်ထွက်ခြင်း
အပိုင်း (၁၈၈၆) - မြစ်ပြာ
အပိုင်း (၁၈၈၇) - ယွိဟောက်
အပိုင်း (၁၈၈၈) - နေရတာငြီးငွေ့နေပြီ
အပိုင်း (၁၈၈၉) - စစ်ကြေညာချက်ပို့လိုက်ခြင်း
အပိုင်း (၁၈၉၀) - ကြောက်စရာကောင်းခြင်း
အပိုင်း (၁၈၉၁) - အသုံးချခြင်း
အပိုင်း (၁၈၉၂) - တစ်ယောက်တည်းခုခံခြင်း
အပိုင်း (၁၈၉၃) - တစ္ဆေဘုရင်
အပိုင်း (၁၈၉၄) - အမှန်တရား ၁
အပိုင်း (၁၈၉၅) - အမှန်တရား ၂
အပိုင်း (၁၈၉၆) - အတိတ်မှလူများ
အပိုင်း (၁၈၉၇) - အမျိုးသမီးလူသတ်နတ်ဘုရား
အပိုင်း (၁၈၉၈) - လွှင့်သွားအောင် ကန်လိုက်ခြင်း
အပိုင်း (၁၈၉၉) - နည်းနည်းလေး
အပိုင်း (၁၉၀၀) - ကမ္ဘာဦးတည်ဆောက်မှု
အပိုင်း (၁၉၀၁) - လွှင့်ပစ်ခြင်း
အပိုင်း (၁၉၀၂) - ပြဿနာကြီးသွားခြင်း
အပိုင်း (၁၉၀၃) - တစ်လွှာချင်းအရေခွံနွှာခြင်း
အပိုင်း (၁၉၀၄) - ရာထူးမြင့်မြင့်
အပိုင်း (၁၉၀၅) - ယောက်ျားများကို ကိုယ်တွယ်သည့်နည်းလမ်း
အပိုင်း (၁၉၀၆) - မိုမျိုးနွယ်မှ မတော်တဆမှု
အပိုင်း (၁၉၀၇) - အဘိုးနဲ့ပိုရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ခြင်း
အပိုင်း (၁၉၀၈) - မိုမြို့တော်
အပိုင်း (၁၉၀၉) - လူသားလောက၏အဆိပ်
အပိုင်း (၁၉၁၀) - အကောင်းမမြင်နိုင်ခြင်း
အပိုင်း (၁၉၁၁) - ဒဏ္ဍာရီနဂါးအမိန့်
အပိုင်း (၁၉၁၂) - ပျောက်နေသည့်ချိပ်စည်း
အပိုင်း (၁၉၁၃) - လင်းယူလှုပ်ရှားခြင်း
အပိုင်း (၁၉၁၄) - ညှာတာခြင်းမရှိသတ်ခြင်း
အပိုင်း (၁၉၁၅) - ဘာတွေဖြစ်ခဲ့တာလဲ
အပိုင်း (၁၉၁၆) - ထွက်ခွာခြင်း
အပိုင်း (၁၉၁၇) - ပျင်းရိခြင်း
အပိုင်း (၁၉၁၈) - ရတနာ
အပိုင်း (၁၉၁၉) - အရှက်မဲ့ခြင်း
အပိုင်း (၁၉၂၀) - ဟွားယွင်
အပိုင်း (၁၉၂၁) - သရုပ်မှန်
အပိုင်း (၁၉၂၂) - တဖြည်းဖြည်းစိမ့်ဝင်ခြင်း

အပိုင်း (၁၇၈၇) - ဖြေရှင်းခြင်း

656 107 0
By ThuuThuu

Zawgyi
















အားလုံးမှာ "...."








































Unicode

အပိုင်း (၁၇၈၇) – ဖြေရှင်းခြင်း

"ယွဲ့ရှီတောင်ကြားမှာ သတ္တုကြောရှိတာ သေချာရဲ့လား" မုရုန်ဟွေ့ မေး လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်သည် "အင်း သမီးအာရုံခံမိတယ် အဲဒီမှာပဲရှိမှာ"

တကယ်တော့ သူမ အာရုံခံမိခြင်းမဟုတ်ဘဲ မီအာ အာရုံခံမိခြင်းဖြစ် သည်။ သို့သော် အခုချိန်တွင် သူ၏ တည်ရှိမှုကို မဖော်ထုတ်နိုင်သေးသဖြင့် သူမ ကိုယ်တိုင်အာရုံခံနိုင်သည်ဟုသာ ပြောနိုင်သည်။

"သမီးပြောတာသာ မှန်ရင် အဖေတို့အရင်အစီအစဉ်ကို ပြောင်းရမယ်" မုရုန်ဟွေ့သည် သူမကို သံသယမရှိပေ "အရင်ဆုံး နားလိုက်ပါဦး အဖေ သူတို့နဲ့ ဆွေးနွေးလိုက်ဦးမယ်"

ရှီမာယူယူသည် သူ့ကိုမတားပေ။ အကြောင်းမှာ သူတို့၏ အရင်အစီအစဉ် ပျက်သွားလျှင် သတ္တုကြောကို တခြားသူများမှ အရင်ယူသွားနိုင်သည်။ ထို့ကြောင့် မုရုန်ဟွေ့သည် ဆွေးနွေးရန်လိုအပ်နေသည်။

သူ၏ ယုံကြည်ပေးမှုကြောင့် သူမ ပျော်ရွှင်မိသည်။ သူမဘေးတွင် ရှိမနေ ပါက သတ္တုကြောကို မည်သူမှရှာမတွေ့နိုင်ဟု သူမ မုရုန်ဟွေ့ကို ပြောချင် သည်။ သို့သော် သူသည် ထွက်သွားပြီဖြစ်သည်။ သို့သော် ထိုအကြောင်းပြော လိုက်လျှင် မီအာပေါ်သွားမည်စိုးသဖြင့် နောက်ဆုံးတွင် သူမ သူ့ကိုမတားလိုက် ပေ။

နောက်ရက်အနည်းငယ်ကြာပြီးနောက် ယွဲ့ရှီတောင်ကြားသို့ ရောက်ချိန် တွင် ထိုနေရာသည် ချောင်းမြောင်းတိုက်ခိုက်ရန် နေရာကောင်းတစ်ခုဖြစ်သည် ကို ရှီမာယူယူတွေ့ရလေသည်။

ယွဲ့ရှီတောင်ကြားသည် ကီလိုမီတာဒါဇင်မျှရှည်ကာ ဘေးနှစ်ဖက်မှ တောင်ကမ်းပါးများသည် တိမ်များဆီသို့ထိုးတက်နေကာ နှစ်ဖက်လုံးတွင် တောင်ထွတ်များရှိသည်။ ဤနေရာတွင် ချောင်းမြောင်းအတိုက်ခိုက်ခံရန် လွယ်ကူသည်။

သူမသည် ကျောက်ဆောင်များကို မြင်သောအခါ နည်းလမ်းများစွာကို တွေးမိသည်။

သူမသည် မုရုန်ဟွေ့ကို အမြန်ပင်သွားရှာကာ သူမ၏ အတွေးကို ပြောပြ သည်။ မုရုန်ဟွေ့နှင့် သူ့ဘေးနှစ်ဖက်ရှိသော လူနှစ်ယောက်သည် သူမအား တအံ့တဩကြည့် လေသည်။

"ဘာလို့လဲ ဒီနည်းလမ်းက မဖြစ်နိုင်ဘူးလို့ထင်တာလား" ရှီမာယူယူသည် သူတို့သုံးယောက်ကို ကြည့်ပြီး မေးလိုက်သည်။

သူမသည် ဤနည်းလမ်းကို အရင်ကလုပ်ခဲ့ကာ အခုပြန်လုပ်ရတော့မည်။ သူမသာ တစ္ဆေလောကသို့ ရောက်မလာခဲ့လျှင် သုံးရမည်မဟုတ်ပေ။

"သခင်မလေး ပြောသွားတဲ့နည်းလမ်းက အဆိပ်နဲ့ တည်ဆောက်မှုနဲ့ တွဲ တာပဲ သခင်မလေးနည်းလမ်းက တကယ်ကောင်းပါတယ် ဒါပေမဲ့ အခု ကျုပ်တို့ မှာ အဲဒါတွေမရှိဘူးလေ" လက်ထောက်မှပြောလေသည် "ကျုပ်တို့မှာ တည်ဆောက်မှုကျောက်တုံးတွေ အများကြီးမရှိသလို သခင်မလေးပြောတဲ့ အဆိပ်အမျိုးအစားတွေလည်းမရှိဘူး"

"ကံကောင်းစွာနဲ့ပဲ ကျွန်မမှာ နှစ်မျိုးလုံးရှိတယ်" ရှီမာယူယူ ပြုံးလိုက် သည်။ ဒီနည်းလမ်းသာ အဆင်ပြေလျှင် ထိုပစ္စည်းများကို သူမ ပြင်ဆင်နိုင် သည်။ သူမသည် တစ္ဆေလောကသို့ ရောက်ကတည်းကပင် များစွာပြင်ဆင်ခဲ့ သည်။

အားလုံးမှာ "...."

သခင်မလေးမှာ လူတွေကို အလွယ်တကူ ထောင်ချောက်ဆင်ဖို့ နည်းလမ်းတွေ ဘာလို့ရှိနေတာလဲ။ ဒါက မုရုန်ရှီဆိုတာကို လက်ခံဖို့ခက်သွားပြီ လေ။

"သမီးမှာရှိတယ်ဆိုတော့ လုပ်ကြတာပေါ့" မုရုန်ဟွေ့ ပြောလိုက်သည် "သူတို့ လိုက်မှီဖို့ဆို နေ့တစ်ဝက်အချိန်ရတယ် အဲမတိုင်ခင်ကို လုပ်နိုင်လား"

"ပြဿနာမရှိဘူး" ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။

ထင်ယောင်ထင်မှား တည်ဆောက်မှုတစ်ခု စီမံရုံဖြစ်ရာ အရင်ကကဲ့သို့ ဝိညာဉ်စုတည်ဆောက်မှု စီမံသကဲ့သို့ မခက်ပေ။ သူမ ကိုင်တွယ်နိုင်သည်။

"ဒါဆိုလည်း သခင်မလေးကိုပဲ ဒုက္ခပေးရတော့မယ်"

"အဖေ သမီး သားရဲပျံလိုတယ်"

ကြီးမားသော ထင်ယောင်ထင်မှားတည်ဆောက်မှုတစ်ခု ဆောက်လုပ်ရန် လေထဲမှ မြေအနေအထားကို စစ်ကြည့်ရန်လိုသည်။ လက်ရှိသူမသည် လေထဲ တွင် မပျံနိုင်သဖြင့် အမှန်တကယ်ပင် အခက်တွေ့လှသည်။

မုရုန်ဟွေ့သည် သူ၏ သားရဲပျံကိုခေါ်ထုတ်လိုက်ကာ ရှီမာယူယူကို လေထဲသို့ ခေါ်သွားလေသည်...

ညနေခင်းတွင် လူတစ်စုရောက်လာသည်။ ရှီမာယူယူသည် ရောက်လာ သောလူများကို ကြည့်ပြီးအံ့ဩနေမိသည်။

"ဘယ်လိုလုပ် သူတို့ဖြစ်နေတာလဲ" သူမ ရေရွတ်လိုက်သည်။

"ယွန်းမျိုးနွယ်ရဲ့ သခင်လေးယွမ်ယွမ်... နောက်တစ်ယောက်က ဘယ်သူ လဲ သူတို့ကိုသိလား" တောင်ကမ်းပါးတွင်ရပ်နေရင်း မုရုန်ဟွေ့သည် သူမကို မေးလိုက်သည်။

"သူက ဘယ်သူလဲဆိုတာတော့ မသိဘူး ဒါပေမဲ့ အရင်ကတော့ မြင်ဖူး တယ်" ရှီမာယူယူ ပြောလိုက်သည် "သမီးက မုရုန်ရှီမဟုတ်ဘူးဆိုတာ သူ မှတ်မိ တယ်"

"ဘာ သမီးက ဘယ်သူလဲဆိုတာ သူသိလား"

"အဲဒါတော့ သမီးမသိဘူး" ရှီမာယူယူ မသေချာပေ "ဒါပေမဲ့ အဲလူက မလွယ်ဘူးလို့ ခံစားမိတယ်"

"အင်း သူတို့နှစ်ယောက်ပုံစံကိုကြည့်ရတာတော့ သူက ယွမ်ယွမ့်ကို ဦးဆောင်လာတဲ့ပုံပဲ အဲဒါက သူ့သရုပ်မှန်က ယွမ်ယွမ်ထက် မြင့်တယ်ဆိုတာကို ပြနေတာပဲ" မုရုန်ဟွေ့သည် သူတို့နှစ်ယောက် ထင်ယောင်ထင်မှား တည်ဆောက်မှုထဲဝင်သွားသည်ကို ကြည့်ရင်း ပြောလိုက်သည် "ယွမ်မျိုးနွယ် က အဖေတို့တိုင်းပြည်ရဲ့ ထပ်တန်းအဆင့်ရှိတဲ့ မင်းမျိုးမင်းနွယ်ပဲ ပြီးတော့ မင်းသားကိုလည်း မှီခိုနေတာ သူတို့နှစ်ယောက်တည်းဆိုတော့ အဖေတို့ စောင့် နေတဲ့လူတွေမဖြစ်နိုင်ဘူး သူတို့ကို ခေါ်ထုတ်လိုက်မလား"

"မလိုတော့ဘူး သူတို့ မကြာခင်ရောက်လာတော့မယ်" ရှီမာယူယူသည် တောင်ကြားထဲမှ သူတို့နှစ်ယောက်ကို ကြည့်ပြီးမျက်မှောင်ကြုတ်လိုက်သည်။

ဒီမိုကျိရဲ့ ဇာစ်မြစ်ကဘာလဲ။

ယွမ်ယွမ်နှင့် မိုကျိတို့ တည်ဆောက်မှုအတွင်းဝင်သည်နှင့် ထောင်ချောက် ထဲသို့ ကျသွားသည်ကို သိလိုက်သည်။

"ဒီတည်ဆောက်မှုက အရမ်းအားကောင်းတယ် ငါတို့ တည်ဆောက်မှုထဲ ဝင်မိသွားတာတောင် မသိလိုက်ဘူး" မိုကျိသည် ထိုတည်ဆောက်မှုကို စိတ်ဝင် တစားကြည့်လိုက်သည်။

"မိုကျိ မင်းက တည်ဆောက်မှုတွေနဲ့ပတ်သက်ရင် ဒီတိုင်းပြည်မှာ ထိပ်တန်းထဲမှာပါတယ်... အဲဒါတောင် ဒါကိုကြိုပြီးမသိဘူးဆိုတော့ ဒီတည်ဆောက်မှုကို လုပ်တဲ့လူက တကယ်ကိုတော်တာပဲ" ယွမ်ယွမ် သက်ပြင်း ချသည် "ဘယ်သူကများ ဒါကိုစီမံတာလဲ တိုင်းပြည်ထဲက လူပါလို့တော့ မပြော နဲ့နော်"

"မဟုတ်ဘူး ငါထက်တော်တဲ့လူတွေရဲ့ တည်ဆောက်မှုတွေနဲ့ ငါရင်းနှီး တယ် သူတို့က ဒီတည်ဆောက်မှုကို မစီမံဘူး" မိုကျိ ပြောလေသည် "ဘယ်သူ လဲဆိုတာတော့ ငါတို့အပြင်ထွက်ရင် သိရမှာပဲ"

တည်ဆောက်မှုကို စီမံသည့်လူသည် ဤနေရာတွင်ရှိနိုင်သည်။ တည်ဆောက်မှုကို ချိုးဖျက်လိုက်လျှင် ထိုလူကို တွေ့နိုင်သည်။

ထို့နောက် သူသည် ယွမ်ယွမ်ကိုဦးဆောင်ကာ တည်ဆောက်မှုထဲတွင် စတင်ဖြတ်တော့သည်။ သူသည် မိနစ်အနည်းငယ်အတွင်းတွင် ပြန်ထွက်လာ နိုင်သည်။ ကမ်းပါးပေါ်တွင် ရပ်နေသော ရှီမာယူယူကိုကြည့်ပြီး နှစ်ယောက်လုံး အနည်းငယ် အံ့ဩသွားသည်။

တောက်ပသော မျက်လုံးတစ်စုံ၊ ဖြူလျသော သွားများ၊ လှပသောပုံရိပ်၊ သူမ၏ ရှည်လျားသော ဆံပင်များနှင့် လေအဝှေ့တွင် တလက်လက်ထနသော ဝတ်စုံကိုကြည့်ရသည်မှာ သံလိုက်သဖွယ်ဆွဲငင်နိုင်လွန်းကာ မည်သူမှ အကြည့် မလွှဲနိုင်ကြပေ။

"ကျွန်မ တည်ဆောက်မှုကို ဒီအတိုင်းမဖျက်ဆီးလိုက်လို့ ကျေးဇူးတင်ပါ တယ်" ရှီမာယူယူ အရင်ပြောလိုက်သည်။

မိုကျိ၏ ခြေလှမ်းများအရ သူသည် သူမ၏ တည်ဆောက်မှုကို ဖျက်ဆီး နိုင်သည်ကို သိသည်။ သူ တည်ဆောက်မှုကို ရိုးရှင်းစွာပင် ဖျက်ဆီးပစ်လိမ့်မည် ဟု ရှီမာယူယူ အစကစိုးရိမ်ခဲ့သေးသည်။ ယွမ်ယွမ်နှင့် ထိုအတိုင်း လမ်းလျှောက် ပြီးသာ ထွက်လာလိမ့်မည်ဟု ထင်မထားပေ။

"မင်းလည်း ဘာတိုက်ခိုက်မှုမှမလုပ်တာ" မိုကျိ ပြောလေသည် "မင်းက ယဉ်ကျေးမှုကိုပြထားမှတော့ ကောင်းလားဆိုးလား ငါ မသိဘဲနေပါ့မလား ဒီ တည်ဆောက်မှုကို မင်းစီမံထားတာကို မထင်ထားရုံပါပဲ တကယ်ကို ငါ့ကို အံ့ဩစေပါတယ် မုရုန်ရှီ"

သူသည် 'မုရုန်ရှီ' ဆိုသည့် အမည်ကို အသံဖိပြီးပြောလိုက်ရာ သူ၏ ဆိုလိုရင်းကို ရှီမာယူယူ နားလည်သည်။

မုရုန်ရှီက ယောက်ျားတွေကလွဲပြီး ကျန်တာမကြိုက်ခဲ့ဘူးလေ။ ဒီလို တည်ဆောက်မှုမျိုးကို ဘယ်လိုလုပ်စီမံနိုင်မှာလဲ။ အဲဒီတော့ သူမက လုံးဝကို မုရုန်ရှီမဟုတ်ဘူး။

သို့သော် အခုချိန်တွင် သူမကို သူ ဖော်ထုတ်ရန် ရည်ရွယ်ချက်မရှိပေ။

ရှီမာယူယူ ပြုံးလိုက်သည် "ရှင်တို့ထွက်လာမှတော့ ထွက်သွားလိုက်ကြပါ တော့"

"ငါတို့ဒီရောက်နေမှတော့ ပွဲကြီးပွဲကောင်းလေးကြည့်ရမယ်ထင်တယ်" မိုကျိသည် ယွမ်ယွမ်ကိုခေါ်ပြီး ဘေးတစ်ဖက်ရှိ တောင်ကမ်းပါးသို့ပျံတက်လိုက် သည်။ သူတို့ ရပ်နေသောနေရာမှာ တည်ဆောက်မှုနှင့် ကွယ်နေသဖြင့် အပြင်မှ လူများသည် သူတို့ကိုမမြင်နိုင်ပေ။

ခဏကြာပြီးနောက်တွင် လူများရောက်လာသည်။ ဤတစ်ကြိမ်ရောက် လာသောလူများမှာ မုရုန်ဟွေ့ကို မအံ့ဩစေတော့ပေ။

ရောက်လာသူများမှာ သုန်းမျိုးနွယ်မဟုတ်သလို တခြားမိသားစုမှလည်း မဟုတ်ပေ။ ရှောင်မျိုးနွယ်သာဖြစ်သည်။

တည်ဆောက်မှုထဲတွင် ရှောင်ရော့ပိုင်သည် မြေကြီးပေါ်တွင် ဒူးထောက် နေသော အဘိုးဖြစ်သူနှင့် ရှောင်မျိုးနွယ်ဝင်များကို ကြည့်ပြီး တအံ့တဩ မေးလေသည် "အဘိုး ဘာလုပ်တာလဲ ဒီလူက ဘယ်သူလဲ"

"ရော့ပိုင် ဒါက မင်းသား ၇ ပဲ မြန်မြန်ဒူးထောက်လိုက်" ရှောင်မိသားစု ခေါင်းဆောင်သည် ခေါင်းလှည့်လာပြီး အော်လေသည်။

"ရှောင်မျိုးနွယ်က ဒီလိုကိစ္စအသေးလေးတောင် မကိုင်တွယ်နိုင်ဘူး မဟုတ်ရင် ငါကိုယ်တိုင်တောင် လုပ်စရာမလိုဘူး"

"ကိုင်တွယ်တယ်ဟုတ်လား" ရှောင်ရော့ပိုင် နားမလည်နိုင်ဖြစ်နေသည်။ ရုတ်တရက် သူမသည် မုရုန်ဟွေ့ ဤနေရာတွင် ဒဏ်ရာအပြင်းအထန်ရသည် ကို တွေးမိပြီး အော်လိုက်သည် "အဘိုး နယ်စားကို ချောင်းတိုက်တာ အဘိုးတို့ လား"

Continue Reading

You'll Also Like

588K 19.8K 84
Child of the Eldest Gods from the East, Heiress of Earth and Legacy of Stars and Magic, Has the Affinity to Balance the Peace of Nature, Fated Love i...
24.6K 544 43
What If Chloe lukasiak has a twin sister who is the favorite?
17.1K 349 22
Idk first story so please be nice
13.5K 1.1K 31
Rinata come cattiva dell'Otome game, l'unico modo per schivare permanentemente il bad end è sposare letteralmente chiunque al di fuori del gioco. Per...