Zawgyi
လုပ္ႀကံသူမ်ားသည္ အနည္းငယ္ အားမကိုးရပုံေပၚေသာ္လည္း ခြန္အား မွာေတာ့ မနည္းလွေပ။ သူတို႔သည္ ၿမိဳ႕ဝန္အိမ္ေတာ္မွလူမ်ားကို ဆြဲထုတ္ကာ ရွီမာယူယူတို႔ေနာက္လိုက္ရန္ လူတခ်ိဳ႕ကိုလႊတ္ႏိုင္ၾကသည္။
သူတို႔သုံးေယာက္သည္ ကိုယ္ရံေတာ္မ်ားမ်ားစားစား မေခၚခဲ့ေပ။ ထို လုပ္ႀကံသူမ်ားသည္ အဖြဲ႕အစည္းႀကီးမားသည္ႏွင့္တူသည္... အနည္းဆုံးေတာ့ အေရအတြက္မ်ားလွသည္။ သူတို႔သည္ ရွီမာယူယူတို႔အဖြဲ႕ေနာက္သို႔ ဂူလန္ ေတာင္ေျခေရာက္သည္အထိ လိုက္လာၾကသည္။
"သခင္မေလး"
ဘ႑ာထိန္းသည္ ဂူလန္ေတာင္မွေျပးထြက္လာၿပီး တိုက္ပြဲဝင္ေတာ့ သည္။ သူသည္ တျခားစကားေျပာရန္ပင္ အခ်ိန္မရွိေပ။
ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔သည္ ထိုလူမ်ားႏွင့္ တစ္လမ္းလုံး တိုက္ခိုက္လာသည္။ သူတို႔သည္ အနည္းငယ္ ပင္ပန္းေနၿပီျဖစ္သည္။ သူတို႔ သည္ ၿမိဳ႕ဝန္အိမ္ေတာ္မွ ဘ႑ာထိန္းႏွင့္တျခားလူမ်ားကို ျမင္ေသာအခါ ေခြက် သြားေတာ့သည္။
"ရွီအာ ဒီမွာ လူေတြစီစဥ္ထားတာလား ငါတို႔ကိုဘာလို႔မေျပာတာလဲ စိတ္ပူလို႔ေသေတာ့မယ္ သူတို႔သာ လိုက္မလာရင္ လက္နက္မစုံတာနဲ႔ ငါတို႔ အစီအစဥ္ေတာ့ လြယ္မွာမဟုတ္ဘူး"
"အမွန္ပဲ" သူတို႔ႏွစ္ေယာက္သည္ ေျမေပၚတြင္ အတန္ၾကာေအာင္ေနၿပီး ထကာ ဖုန္မႈန႔္မ်ားကိုခါထုတ္လိုက္သည္။
"သခင္မေလး ကြၽန္ေတာ္တို႔ ကာကြယ္ေပးမယ္ သြားလိုက္ၾကေတာ့" ဘ႑ာထိန္းသည္ ႐ုတ္တရက္ ေျပာေလသည္။
"ဘာျဖစ္တာလဲ"
"လူေတြ ပိုေရာက္လာၿပီ" ဘ႑ာထိန္း ေအာ္ေလသည္ "သခင္မေလး ဒီလူက သန္မာတယ္ သြားေတာ့"
"ဟားဟား မု႐ုန္လင္း မင္း ဒီေန႔လြတ္မယ္ထင္ေနလား" အေဝးမွ သန္စြမ္းလြန္းေသာ ရယ္သံထြက္လာသည္။ ဘ႑ာထိန္း၏ မ်က္ႏွာမွာ အက်ည္းတန္သြားသည္။
သူသည္ ရွီမာယူယူတို႔ သုံးေယာက္အဖြဲ႕ဆီသို႔ လွည့္လိုက္သည္ "ဒီလူက တေစၦၾကင္ယာေတာ္ရဲ႕ လက္ေအာက္က စစ္သူႀကီးရွိေခြ႕ပဲ ဒီေန႔သူနဲ႔ေတြ႕မယ္ လို႔ထင္မထားဘူး... ၾကည့္ရတာ ဒီကိစၥရဲ႕ေနာက္ကြယ္မွာ တကယ္ပဲ တေစၦ ၾကင္ယာေတာ္ရွိေနတာပဲ ကြၽန္ေတာ္တို႔သခင္မေလးကို သခင္ေလးနဲ႔ သခင္မ ေလးကို အပ္လိုက္ၿပီ"
"ဘ႑ာထိန္း သူနဲ႔ တိုက္ခိုက္ႏိုင္မလား မေသခ်ာဘူးမလား" ရွီမာယူယူ သည္ ဘ႑ာထိန္းကို ၾကည့္လိုက္သည္။
"သူ႔အားက ကြၽန္ေတာ့္ထက္သာတယ္" ဘ႑ာထိန္း ျပန္ေျဖေလသည္ "သခင္မေလး အျမန္သြားလိုက္ၾကေတာ့"
"ကြၽန္မ ရွင္နဲ႔ေနမယ္" ရွီမာယူယူ ျငင္းဆန္ေနသည္ "ကုန္းဇီယြမ္ ေရာ့ပိုင္ မင္းတို႔ ကိုယ္ရံေတာ္ေတြေခၚၿပီး သြားလိုက္ေတာ့"
ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔သည္ ဘ႑ာထိန္း၏ ခြန္အားကိုသိ သည္။ သူ မေသခ်ာေနသည္မွာ ယေန႔ ျပင္းထန္ေသာ တိုက္ပြဲျဖစ္လိမ့္မည္။
"ရွီအာ မင္းမွာ ဝိညာဥ္စြမ္းအားမရွိဘူးေလ ေနခဲ့လို႔လည္း အသုံးမဝင္ဘူး ဦးေလးလင္းရဲ႕ ေမွ်ာ္လင့္ခ်က္က မင္းအသက္ရွင္ဖို႔ပဲ" ကုန္းဇီယြမ္ တိုက္တြန္း လိုက္သည္ "အတူသြားရေအာင္"
ရွီမာယူယူ ေခါင္းခါလိုက္သည္ "ငါကပဲ ဒီကိစၥကိုလုပ္လိုက္တာ အဲဒါ ေၾကာင့္ ငါေနရမယ္ မင္းတို႔အရင္သြားႏွင့္ ငါဘ႑ာထိန္းနဲ႔ ေဘးကင္းမွာပါ" ရွီမာယူယူသည္ ယုံၾကည္ခ်က္ရွိရွိ ေျပာလိုက္သည္။
ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔ ႏွစ္ေယာက္လုံး ေတြေဝသြားသည္။ ေနာက္ဆုံးတြင္ ေရွာင္ေရာ့ပိုင္ ေျပာေလသည္ "မင္း အဲေလာက္ ေသခ်ာေနမွ ေတာ့ ငါတို႔လည္း မင္းနဲ႔အတူေနေပးမယ္ မင္း ငါတို႔ကိုကာကြယ္ေပးႏိုင္တယ္ မလား"
"ေရာ့ပိုင္..."
"ဘာေၾကာင့္လဲေတာ့ ငါမသိေပမဲ့ ငါ မင္းကိုယုံတယ္... မင္းမွာ ဘာ အင္အားမွမရွိေပမဲ့ေလ" ေရွာင္ေရာ့ပိုင္ ေျပာလိုက္သည္ "ထူးဆန္းတယ္မလား ငါလည္း ထူးဆန္းေနတာ"
"ဟုတ္ၿပီ မင္း အဲလိုေျပာေနမွေတာ့ ငါက ဘယ္လိုလုပ္ တစ္ေယာက္ တည္းေျပးေတာ့မလဲ ရွီအာရွိတဲ့ေနရာ ငါရွိမွာပဲ" ကုန္းဇီယြမ္ ေၾကညာေလ သည္။
"ေသခ်ာရဲ႕လား တေစၦမ်ိဳးႏြယ္မွာ အသက္ပိုတစ္ေခ်ာင္းမပါဘူးေနာ္ မင္းတို႔ ေသသြားရင္ တကယ္ေသသြားရမွာ" ရွီမာယူယူ ေျပာလိုက္သည္။
"ဘယ္သူက မေသလို႔လဲ အခုမေသရင္ ေနာက္ေသမွာပဲ" ကုန္းဇီယြမ္ ေျပာလိုက္သည္။
"အင္း မင္းနဲ႔ငါက တစ္ေလွတည္းစီးေနတဲ့လူေတြပဲ ဒီေန႔ ေသေသရွင္ရွင္ ပူးကပ္ေနၾကမယ္" ရွီမာယူယူသည္ ၿပဳံးၿပီး ေျပာလိုက္သည္။
"ဟုတ္ၿပီ ေသေသရွင္ရွင္အတူရွိေနၾကမယ္" ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔သည္ သံၿပိဳင္လိုက္ေျပာေလသည္။
"သခင္မေလး" သူတို႔ ထြက္သြားရန္ အစီအစဥ္မရွိသည္ကို ျမင္သည္ႏွင့္ ဘ႑ာထိန္းသည္ စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ေလသည္။
"ဘ႑ာထိန္း စိတ္မပူပါနဲ႔ ဒီေန႔ရွင္မေသဘူးလို႔ ကြၽန္မေျပာရင္ ေသခ်ာ ေပါက္မေသေစရဘူး" ရွီမာယူယူသည္ မု႐ုန္လင္းအား အခိုင္အမာပင္ ၾကည့္ ေလသည္ "ရွင္က အေဖ့ရဲ႕ အားေကာင္းတဲ့ ညာလက္႐ုံးပဲ အေဖ့လက္ကို ထိခိုက္ေအာင္ ကြၽန္မက ဘယ္လိုလုပ္ခြင့္ျပဳမလဲ"
"ကြၽတ္ ကြၽတ္ ရင္ထဲထိေလာက္စရာ သံေယာဇဥ္ေတြပဲ ယုံၾကည္မႈရွိလြန္း တဲ့မိန္းကေလးပါလား" ရွိေခြ႕သည္ လူတစ္စုကိုဦးေဆာင္ၿပီး သူတို႔ကိုဝိုင္းလိုက္ သည္။ ေတာက္ပသည့္ ခ်ပ္ဝတန္တန္ဆာ ဝတ္ဆင္ထားသည့္ အရပ္ရွည္ရွည္ ႏွင့္လူသည္ ေရွ႕မွေလွ်ာက္လာသည္။ သူ၏ မ်က္ႏွာအသြင္အျပင္သည္ မယုံႏိုင္ ေလာက္ေအာင္ ေစြေစာင္းေနသည္။
"႐ုပ္ဆိုးလိုက္တာ" ရွီမာယူယူသည္ သူ႔ကိုတစ္ခါသာၾကည့္သည္။ ထို႐ုပ္ဆိုးလွေသာ လူသည္ သူ႔ကိုယ္သူ တစ္ကမာၻလုံးတြင္ အေခ်ာဆုံးဟု ထင္ေနပုံရသည္။ သူမသည္ စားထားသည့္ ညေနစာကိုပင္ အန္ထုတ္ခ်င္မိ၏။
သို႔ေသာ္ သူမ၏ ႐ြံရွာေသာမ်က္ႏွာထားေၾကာင့္ ရွိေခြ႕သည္ ပို၍ေပ်ာ္႐ႊင္ စြာပင္ ၿပဳံးလိုက္သည္။
"မု႐ုန္ရွီ မင္း ကမ္းပါးကျပဳတ္က်ၿပီး ဒဏ္ရာရတာေတာင္ မေသဘဲ သီသီေလးလြတ္သြားမယ္လို႔ ထင္မထားဘူးပဲ အဲေကာင္ေတြက တကယ္ကို အသုံးမက်ၾကဘူး" သူ ဆက္ေျပာေလသည္ "ဒါဆိုလည္း မင္းအသက္ကို ငါ့ လက္နဲ႔ကိုယ္တိုင္ႏႈတ္ေပးရမွာေပါ့ အဲလိုဆို ဘုရင္မကို သတင္းပို႔ရတာ ပိုေကာင္းသြားၿပီ"
"ကြၽန္မက ဘုရင္မကို ျပစ္မွားထားတာမရွိဘူး သူမက ကြၽန္မကို ဘာလို႔ သတ္ခ်င္တာလဲ" ရွီမာယူယူ ေမးခြန္းထုတ္လိုက္သည္။
ထိုေမးခြန္းသည္ မု႐ုန္ရွီကိုယ္စား ေမးလိုက္ျခင္းျဖစ္သည္။
"ဒီလို႐ုပ္ရည္နဲ႔ ေမြးလာမိတာက မင္းရဲ႕အမွားပဲ" ရွီေခြ႕ေျပာလိုက္သည္ "မင္းရဲ႕ ႐ုပ္ရည္က ဘုရင္မႀကီးမ်က္လုံးထဲမွာ မ်က္စိဆံပင္ေမြးဆူးစရာျဖစ္ေန တာ အဲဒါေၾကာင့္ မင္း ေသရမယ္"
"ဒါဆိုရင္ တေစၦၾကင္ယာေတာ္က ပါးနပ္တဲ့အမ်ိဳးသမီးေတာ့ မဟုတ္ဘူး ပဲ" ရွီမာယူယူသည္ ႏႈတ္ခမ္းတြန႔္လိုက္သည္ "ကြၽန္မသာ သူမမ်က္ႏွာကို မုန္း ရင္ သူမမ်က္ႏွာကို ပ်က္စီးေအာင္လုပ္ၿပီး အဆုံးမရွိတဲ့ နာက်င္မႈကို ေန႔တိုင္း ထိုင္ၾကည့္ေနမွာ အဲဒါေၾကာင့္ ရွင္တို႔ဘုရင္မက စိတ္ထားႏူးညံ့ေသးတာပဲ"
"ဟား...." ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔ႏွစ္ေယာက္လုံး ရယ္ေမာ လိုက္ၾကသည္။ သူမသည္ ဘုရင္မတျဖစ္လဲ တေစၦၾကင္ယာေတာ္ကို ေလွာင္ ေျပာႏိုင္သည္။ သူမသည္ တေစၦနယ္ေျမတစ္ခုလုံးတြင္ တစ္ဦးတည္းေသာသူ သာျဖစ္ေပမည္။
"ဟင္း ေမာက္မာလိုက္တာ မင္းေခါင္းကို သူမဆီယူသြားေပးရင္ ဘုရင္မ က ေပ်ာ္မွာပဲ" ရွိေခြ႕ႏွာမႈတ္ေလသည္ "သြား မု႐ုန္လင္းရဲ႕ ေခါင္းကိုျဖတ္ႏိုင္ရင္ ဝိညာဥ္ေက်ာက္ဆုရမယ္... မု႐ုန္ရွီရဲ႕ ေခါင္းကိုျဖတ္ႏိုင္ရင္ ဆုအျဖစ္ ေက်ာက္ တစ္ေထာင္ရမယ္"
ရွီမာယူယူ ႏႈတ္ခမ္းဆူလိုက္သည္ "ငါ့အသက္က အဲေလာက္ပဲ တန္တာ လား"
"မင္းအားက အရမ္းနည္းေနလို႔ေလ" ေရွာင္ေရာ့ပိုင္သည္ ညႇာတာမႈကင္း စြာေျပာေလသည္။
"႐ိုက္ခ်က္ျပင္းတယ္ ဒီလိုအမွန္ေတြ ေလွ်ာက္မေျပာနဲ႔ေလ"
"...."
"...."
မင္းကိုယ္မင္းလည္း နားလည္ပါတယ္။
ထိုလူမ်ား လႈပ္ရွားသည္ႏွင့္ ေလဟာျပင္ဝင္ေပါက္တြင္ မူမမွန္ေသာ လႈပ္ရွားမႈျဖစ္လာသည္။ အားတစ္ခုသည္ ထိုလူမ်ားအားလုံးကို ပိတ္ထားလိုက္ သည္။
"ငါ မု႐ုန္ေဟြ႕ရဲ႕သမီးကို သတ္ခ်င္တိုင္းသတ္လို႔ရမွာလား" မု႐ုန္ေဟြ႕ သည္ ေလဟာျပင္ဝင္ေပါက္မွ ေရာက္လာၿပီး ထိုလူမ်ားကို ေဒါသတႀကီး ၾကည့္ ေလသည္။
သူသာ ေနာက္က်သြားလွ်င္ ေအးစက္ေနေသာ အေလာင္းကိုသာ ေတြ႕ရ မလားမသိေပ။
"မု႐ုန္ေဟြ႕ ေနာက္ဆုံးေတာ့ ေရာက္လာၿပီပဲ မင္း ထာဝရေတာက္ပျခင္း ၿမိဳ႕မွာပဲ ေနၿပီးထြက္မလာေတာ့ဘူးထင္ေနတာ" ရွိေခြ႕ႏွာမႈတ္ေလသည္။
"အဲေတာ့ မင္းတို႔ရဲ႕ပစ္မွတ္က ငါလား" မု႐ုန္ေဟြ႕သည္ သူ႔စကားထဲမွ ေျပာခ်င္သည့္အရာကို သတိထားမိသည္။
"မဟုတ္ဘူး မင္းနဲ႔ မင္းသမီးပဲ ဘုရင္မႀကီးက တစ္ေယာက္မွ အရွင္မထား ဖို႔ ေျပာလိုက္တယ္"
"အဲဒါကေတာ့ မင္းရဲ႕စြမ္းရည္ေပၚမွာမူတည္တာပဲ" မု႐ုန္ေဟြ႕သည္ ေဒါသထြက္ေနသည္။ ေလသည္သူ၏ ဆံပင္မ်ားကို ေဝွ႔တိုက္လိုက္ၿပီး သူ၏ အရွိန္အဟုန္မွာ သန္မာလာသည္။
"မင္း ခြန္အားက ငါ့ထက္ျမင့္တာကိုသိတယ္ ဒါေပမဲ့ ငါ မင္းနဲ႔ တိုက္ခိုက္ ခ်င္တယ္လို႔ ငါ မေျပာလိုက္ဘူး" ရွိေခြ႕ေျပာလိုက္သည္ႏွင့္ ဝတ္႐ုံဝတ္ထား ေသာ လူႏွစ္ေယာက္သည္ ေရွ႕တြင္ေပၚလာသည္။
သူတို႔၏ေရာင္ဝါမွာ မု႐ုန္ေဟြ႕ႏွင့္ ယွဥ္ႏိုင္သည္။ ၾကည့္ရသည္မွာ တစ္ဖက္လူသည္ သူ႔အတြက္ ျပင္ဆင္ထားပုံရသည္။
မု႐ုန္ေဟြ႕သည္ ေအးစက္စြာ ၿပဳံးလိုက္သည္ "မင္းတစ္ေယာက္ပဲ ျပင္ဆင္ ထားတယ္ထင္ေနတာလား"
Unicode
အပိုင်း (၁၇၆၅) – သေသေရှင်ရှင်အတူရှိမယ်
လုပ်ကြံသူများသည် အနည်းငယ် အားမကိုးရပုံပေါ်သော်လည်း ခွန်အား မှာတော့ မနည်းလှပေ။ သူတို့သည် မြို့ဝန်အိမ်တော်မှလူများကို ဆွဲထုတ်ကာ ရှီမာယူယူတို့နောက်လိုက်ရန် လူတချို့ကိုလွှတ်နိုင်ကြသည်။
သူတို့သုံးယောက်သည် ကိုယ်ရံတော်များများစားစား မခေါ်ခဲ့ပေ။ ထို လုပ်ကြံသူများသည် အဖွဲ့အစည်းကြီးမားသည်နှင့်တူသည်... အနည်းဆုံးတော့ အရေအတွက်များလှသည်။ သူတို့သည် ရှီမာယူယူတို့အဖွဲ့နောက်သို့ ဂူလန် တောင်ခြေရောက်သည်အထိ လိုက်လာကြသည်။
"သခင်မလေး"
ဘဏ္ဍာထိန်းသည် ဂူလန်တောင်မှပြေးထွက်လာပြီး တိုက်ပွဲဝင်တော့ သည်။ သူသည် တခြားစကားပြောရန်ပင် အချိန်မရှိပေ။
ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ထိုလူများနှင့် တစ်လမ်းလုံး တိုက်ခိုက်လာသည်။ သူတို့သည် အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ သူတို့ သည် မြို့ဝန်အိမ်တော်မှ ဘဏ္ဍာထိန်းနှင့်တခြားလူများကို မြင်သောအခါ ခွေကျ သွားတော့သည်။
"ရှီအာ ဒီမှာ လူတွေစီစဉ်ထားတာလား ငါတို့ကိုဘာလို့မပြောတာလဲ စိတ်ပူလို့သေတော့မယ် သူတို့သာ လိုက်မလာရင် လက်နက်မစုံတာနဲ့ ငါတို့ အစီအစဉ်တော့ လွယ်မှာမဟုတ်ဘူး"
"အမှန်ပဲ" သူတို့နှစ်ယောက်သည် မြေပေါ်တွင် အတန်ကြာအောင်နေပြီး ထကာ ဖုန်မှုန့်များကိုခါထုတ်လိုက်သည်။
"သခင်မလေး ကျွန်တော်တို့ ကာကွယ်ပေးမယ် သွားလိုက်ကြတော့" ဘဏ္ဍာထိန်းသည် ရုတ်တရက် ပြောလေသည်။
"ဘာြဖစ်တာလဲ"
"လူတွေ ပိုရောက်လာပြီ" ဘဏ္ဍာထိန်း အော်လေသည် "သခင်မလေး ဒီလူက သန်မာတယ် သွားတော့"
"ဟားဟား မုရုန်လင်း မင်း ဒီနေ့လွတ်မယ်ထင်နေလား" အဝေးမှ သန်စွမ်းလွန်းသော ရယ်သံထွက်လာသည်။ ဘဏ္ဍာထိန်း၏ မျက်နှာမှာ အကျည်းတန်သွားသည်။
သူသည် ရှီမာယူယူတို့ သုံးယောက်အဖွဲ့ဆီသို့ လှည့်လိုက်သည် "ဒီလူက တစ္ဆေကြင်ယာတော်ရဲ့ လက်အောက်က စစ်သူကြီးရှိခွေ့ပဲ ဒီနေ့သူနဲ့တွေ့မယ် လို့ထင်မထားဘူး... ကြည့်ရတာ ဒီကိစ္စရဲ့နောက်ကွယ်မှာ တကယ်ပဲ တစ္ဆေ ကြင်ယာတော်ရှိနေတာပဲ ကျွန်တော်တို့သခင်မလေးကို သခင်လေးနဲ့ သခင်မ လေးကို အပ်လိုက်ပြီ"
"ဘဏ္ဍာထိန်း သူနဲ့ တိုက်ခိုက်နိုင်မလား မသေချာဘူးမလား" ရှီမာယူယူ သည် ဘဏ္ဍာထိန်းကို ကြည့်လိုက်သည်။
"သူ့အားက ကျွန်တော့်ထက်သာတယ်" ဘဏ္ဍာထိန်း ပြန်ဖြေလေသည် "သခင်မလေး အမြန်သွားလိုက်ကြတော့"
"ကျွန်မ ရှင်နဲ့နေမယ်" ရှီမာယူယူ ငြင်းဆန်နေသည် "ကုန်းဇီယွမ် ရော့ပိုင် မင်းတို့ ကိုယ်ရံတော်တွေခေါ်ပြီး သွားလိုက်တော့"
ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် ဘဏ္ဍာထိန်း၏ ခွန်အားကိုသိ သည်။ သူ မသေချာနေသည်မှာ ယနေ့ ပြင်းထန်သော တိုက်ပွဲဖြစ်လိမ့်မည်။
"ရှီအာ မင်းမှာ ဝိညာဉ်စွမ်းအားမရှိဘူးလေ နေခဲ့လို့လည်း အသုံးမဝင်ဘူး ဦးလေးလင်းရဲ့ မျှော်လင့်ချက်က မင်းအသက်ရှင်ဖို့ပဲ" ကုန်းဇီယွမ် တိုက်တွန်း လိုက်သည် "အတူသွားရအောင်"
ရှီမာယူယူ ခေါင်းခါလိုက်သည် "ငါကပဲ ဒီကိစ္စကိုလုပ်လိုက်တာ အဲဒါ ကြောင့် ငါနေရမယ် မင်းတို့အရင်သွားနှင့် ငါဘဏ္ဍာထိန်းနဲ့ ဘေးကင်းမှာပါ" ရှီမာယူယူသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့ နှစ်ယောက်လုံး တွေဝေသွားသည်။ နောက်ဆုံးတွင် ရှောင်ရော့ပိုင် ပြောလေသည် "မင်း အဲလောက် သေချာနေမှ တော့ ငါတို့လည်း မင်းနဲ့အတူနေပေးမယ် မင်း ငါတို့ကိုကာကွယ်ပေးနိုင်တယ် မလား"
"ရော့ပိုင်..."
"ဘာကြောင့်လဲတော့ ငါမသိပေမဲ့ ငါ မင်းကိုယုံတယ်... မင်းမှာ ဘာ အင်အားမှမရှိပေမဲ့လေ" ရှောင်ရော့ပိုင် ပြောလိုက်သည် "ထူးဆန်းတယ်မလား ငါလည်း ထူးဆန်းနေတာ"
"ဟုတ်ပြီ မင်း အဲလိုပြောနေမှတော့ ငါက ဘယ်လိုလုပ် တစ်ယောက် တည်းပြေးတော့မလဲ ရှီအာရှိတဲ့နေရာ ငါရှိမှာပဲ" ကုန်းဇီယွမ် ကြေညာလေ သည်။
"သေချာရဲ့လား တစ္ဆေမျိုးနွယ်မှာ အသက်ပိုတစ်ချောင်းမပါဘူးနော် မင်းတို့ သေသွားရင် တကယ်သေသွားရမှာ" ရှီမာယူယူ ပြောလိုက်သည်။
"ဘယ်သူက မသေလို့လဲ အခုမသေရင် နောက်သေမှာပဲ" ကုန်းဇီယွမ် ပြောလိုက်သည်။
"အင်း မင်းနဲ့ငါက တစ်လှေတည်းစီးနေတဲ့လူတွေပဲ ဒီနေ့ သေသေရှင်ရှင် ပူးကပ်နေကြမယ်" ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ပြီ သေသေရှင်ရှင်အတူရှိနေကြမယ်" ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သံပြိုင်လိုက်ပြောလေသည်။
"သခင်မလေး" သူတို့ ထွက်သွားရန် အစီအစဉ်မရှိသည်ကို မြင်သည်နှင့် ဘဏ္ဍာထိန်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်လေသည်။
"ဘဏ္ဍာထိန်း စိတ်မပူပါနဲ့ ဒီနေ့ရှင်မသေဘူးလို့ ကျွန်မပြောရင် သေချာ ပေါက်မသေစေရဘူး" ရှီမာယူယူသည် မုရုန်လင်းအား အခိုင်အမာပင် ကြည့် လေသည် "ရှင်က အဖေ့ရဲ့ အားကောင်းတဲ့ ညာလက်ရုံးပဲ အဖေ့လက်ကို ထိခိုက်အောင် ကျွန်မက ဘယ်လိုလုပ်ခွင့်ပြုမလဲ"
"ကျွတ် ကျွတ် ရင်ထဲထိလောက်စရာ သံယောဇဉ်တွေပဲ ယုံကြည်မှုရှိလွန်း တဲ့မိန်းကလေးပါလား" ရှိခွေ့သည် လူတစ်စုကိုဦးဆောင်ပြီး သူတို့ကိုဝိုင်းလိုက် သည်။ တောက်ပသည့် ချပ်ဝတန်တန်ဆာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် နှင့်လူသည် ရှေ့မှလျှောက်လာသည်။ သူ၏ မျက်နှာအသွင်အပြင်သည် မယုံနိုင် လောက်အောင် စွေစောင်းနေသည်။
"ရုပ်ဆိုးလိုက်တာ" ရှီမာယူယူသည် သူ့ကိုတစ်ခါသာကြည့်သည်။ ထိုရုပ်ဆိုးလှသော လူသည် သူ့ကိုယ်သူ တစ်ကမ္ဘာလုံးတွင် အချောဆုံးဟု ထင်နေပုံရသည်။ သူမသည် စားထားသည့် ညနေစာကိုပင် အန်ထုတ်ချင်မိ၏။
သို့သော် သူမ၏ ရွံရှာသောမျက်နှာထားကြောင့် ရှိခွေ့သည် ပို၍ပျော်ရွှင် စွာပင် ပြုံးလိုက်သည်။
"မုရုန်ရှီ မင်း ကမ်းပါးကပြုတ်ကျပြီး ဒဏ်ရာရတာတောင် မသေဘဲ သီသီလေးလွတ်သွားမယ်လို့ ထင်မထားဘူးပဲ အဲကောင်တွေက တကယ်ကို အသုံးမကျကြဘူး" သူ ဆက်ပြောလေသည် "ဒါဆိုလည်း မင်းအသက်ကို ငါ့ လက်နဲ့ကိုယ်တိုင်နှုတ်ပေးရမှာပေါ့ အဲလိုဆို ဘုရင်မကို သတင်းပို့ရတာ ပိုကောင်းသွားပြီ"
"ကျွန်မက ဘုရင်မကို ပြစ်မှားထားတာမရှိဘူး သူမက ကျွန်မကို ဘာလို့ သတ်ချင်တာလဲ" ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
ထိုမေးခွန်းသည် မုရုန်ရှီကိုယ်စား မေးလိုက်ခြင်းဖြစ်သည်။
"ဒီလိုရုပ်ရည်နဲ့ မွေးလာမိတာက မင်းရဲ့အမှားပဲ" ရှီခွေ့ပြောလိုက်သည် "မင်းရဲ့ ရုပ်ရည်က ဘုရင်မကြီးမျက်လုံးထဲမှာ မျက်စိဆံပင်မွေးဆူးစရာဖြစ်နေ တာ အဲဒါကြောင့် မင်း သေရမယ်"
"ဒါဆိုရင် တစ္ဆေကြင်ယာတော်က ပါးနပ်တဲ့အမျိုးသမီးတော့ မဟုတ်ဘူး ပဲ" ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် "ကျွန်မသာ သူမမျက်နှာကို မုန်း ရင် သူမမျက်နှာကို ပျက်စီးအောင်လုပ်ပြီး အဆုံးမရှိတဲ့ နာကျင်မှုကို နေ့တိုင်း ထိုင်ကြည့်နေမှာ အဲဒါကြောင့် ရှင်တို့ဘုရင်မက စိတ်ထားနူးညံ့သေးတာပဲ"
"ဟား...." ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့နှစ်ယောက်လုံး ရယ်မော လိုက်ကြသည်။ သူမသည် ဘုရင်မတဖြစ်လဲ တစ္ဆေကြင်ယာတော်ကို လှောင် ပြောနိုင်သည်။ သူမသည် တစ္ဆေနယ်မြေတစ်ခုလုံးတွင် တစ်ဦးတည်းသောသူ သာဖြစ်ပေမည်။
"ဟင်း မောက်မာလိုက်တာ မင်းခေါင်းကို သူမဆီယူသွားပေးရင် ဘုရင်မ က ပျော်မှာပဲ" ရှိခွေ့နှာမှုတ်လေသည် "သွား မုရုန်လင်းရဲ့ ခေါင်းကိုဖြတ်နိုင်ရင် ဝိညာဉ်ကျောက်ဆုရမယ်... မုရုန်ရှီရဲ့ ခေါင်းကိုဖြတ်နိုင်ရင် ဆုအဖြစ် ကျောက် တစ်ထောင်ရမယ်"
ရှီမာယူယူ နှုတ်ခမ်းဆူလိုက်သည် "ငါ့အသက်က အဲလောက်ပဲ တန်တာ လား"
"မင်းအားက အရမ်းနည်းနေလို့လေ" ရှောင်ရော့ပိုင်သည် ညှာတာမှုကင်း စွာပြောလေသည်။
"ရိုက်ချက်ပြင်းတယ် ဒီလိုအမှန်တွေ လျှောက်မပြောနဲ့လေ"
"...."
"...."
မင်းကိုယ်မင်းလည်း နားလည်ပါတယ်။
ထိုလူများ လှုပ်ရှားသည်နှင့် လေဟာပြင်ဝင်ပေါက်တွင် မူမမှန်သော လှုပ်ရှားမှုဖြစ်လာသည်။ အားတစ်ခုသည် ထိုလူများအားလုံးကို ပိတ်ထားလိုက် သည်။
"ငါ မုရုန်ဟွေ့ရဲ့သမီးကို သတ်ချင်တိုင်းသတ်လို့ရမှာလား" မုရုန်ဟွေ့ သည် လေဟာပြင်ဝင်ပေါက်မှ ရောက်လာပြီး ထိုလူများကို ဒေါသတကြီး ကြည့် လေသည်။
သူသာ နောက်ကျသွားလျှင် အေးစက်နေသော အလောင်းကိုသာ တွေ့ရ မလားမသိပေ။
"မုရုန်ဟွေ့ နောက်ဆုံးတော့ ရောက်လာပြီပဲ မင်း ထာဝရတောက်ပခြင်း မြို့မှာပဲ နေပြီးထွက်မလာတော့ဘူးထင်နေတာ" ရှိခွေ့နှာမှုတ်လေသည်။
"အဲတော့ မင်းတို့ရဲ့ပစ်မှတ်က ငါလား" မုရုန်ဟွေ့သည် သူ့စကားထဲမှ ပြောချင်သည့်အရာကို သတိထားမိသည်။
"မဟုတ်ဘူး မင်းနဲ့ မင်းသမီးပဲ ဘုရင်မကြီးက တစ်ယောက်မှ အရှင်မထား ဖို့ ပြောလိုက်တယ်"
"အဲဒါကတော့ မင်းရဲ့စွမ်းရည်ပေါ်မှာမူတည်တာပဲ" မုရုန်ဟွေ့သည် ဒေါသထွက်နေသည်။ လေသည်သူ၏ ဆံပင်များကို ဝှေ့တိုက်လိုက်ပြီး သူ၏ အရှိန်အဟုန်မှာ သန်မာလာသည်။
"မင်း ခွန်အားက ငါ့ထက်မြင့်တာကိုသိတယ် ဒါပေမဲ့ ငါ မင်းနဲ့ တိုက်ခိုက် ချင်တယ်လို့ ငါ မပြောလိုက်ဘူး" ရှိခွေ့ပြောလိုက်သည်နှင့် ဝတ်ရုံဝတ်ထား သော လူနှစ်ယောက်သည် ရှေ့တွင်ပေါ်လာသည်။
သူတို့၏ရောင်ဝါမှာ မုရုန်ဟွေ့နှင့် ယှဉ်နိုင်သည်။ ကြည့်ရသည်မှာ တစ်ဖက်လူသည် သူ့အတွက် ပြင်ဆင်ထားပုံရသည်။
မုရုန်ဟွေ့သည် အေးစက်စွာ ပြုံးလိုက်သည် "မင်းတစ်ယောက်ပဲ ပြင်ဆင် ထားတယ်ထင်နေတာလား"