Masterpiece ( Completed )

De TreasureHeaven

257K 19.7K 2.3K

OC 10.7.2023 _ Mais

1
2
3
4
5
6
7
8
10
11
12
13
14
15
16
17
ဇာတ်သိမ်းပိုင်း

9

8.9K 935 94
De TreasureHeaven

​အောက်ထပ်မှ ဆူညံ​နေတဲ့ အသံ​​​တွေ​ကြောင့် ဆုံလည်ထိုင််ခုံ​ပေါ်မှာ အိပ်​ပျော်​နေရာမှ ဆလိုင်းနိုးလာသည်။လက်ထဲမှာ စာရင်းစစ်စရာ စာရွက်ကို ကိုင်ထားလျက်သား ရှိ​နေသည်။ နာရီကို ကြည့်လိုက်​တော့ ​နံနက် ဆယ်နာရီ​ထိုးခါနီးနေပြီ။နံနက်​လေးနာရီ​ကျော်အထိ ​​ကျောက်လုပ်ငန်းဘက်က စာရင်း​တွေကို Laptopထဲ သွင်း​နေရင်း အလုပ်ခန်းမှာတင် အိပ်​ပျော်သွားတာ ဖြစ်မည်။

ဆလိုင်းက ခုံမှ ထလိုက်ကာ ခါးကို သုံး၊​လေးခါ လှည့်လိုက်ပြီး အ​ညောင်းဆန့်လိုက်သည်။ခုံ​ပေါ်မှာ လွှားတင်ထားသည့် ကုတ်အင်္ကျီအနက်ကို လက်ထဲ လုံးကိုင်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ဆလိုင်း၏ ခန္ဓာကိုယ်အချိုးအစားက ​တော်​တော်​​လေး မိုက်တာမို့ နက်​စွေး​နေတာ​တွေချည်း ဝတ်ထား​တော့ ပိုပြီး ​ပေါ်လွင်သည်။

ဆလိုင်းက မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ မ​ကောင်းတဲ့ အတိတ်က ဖြစ်ရပ်​တွေကို အိပ်မက်အဖြစ် မက်ခဲ့တာမို့ မျက်နှာမှာ ​ချွေးစ​တွေ ရှိ​နေကာ ပင်ပန်းနွမ်းနယ်သလို ဖြစ်​နေသည်မို့ ​သေချာပြုပြင်လိုက်သည်။ဂုတ်​ထောက်​နေသည့် Mullet ဆံပင်က ​သေချာပုံသွင်းထားတာမို့ ဆံပင်ပုံစံက​တော့ အဆင်​ပြေသည်။

" ဘာဖြစ်​နေကြတာလဲ။ "

ဆလိုင်းက ​မေးလိုက်​​တော့ သူရိန်နှင့် လွင်ဦးနိုင်က ​လှေကားမှ ဆင်းလာသည့် ဆလိုင်းကို ​မော့ကြည့်သည်။ ပြီး​နောက် ​စောမင်းခန့်ကို လက်ညှိုးထိုးကာ ​ပြောသည်။

" သူ့ကို Driverအဖြစ် ကား​မောင်း​ပေးဖို့ ​ခေါ်တာကို လက်မခံဘူး။ ကျိုး​နေ​လို့ သူလုပ်နိုင်တဲ့ အလုပ်ကို ​​သေချာ ရှာ​ပေးတာကို သူကလက်မခံဘူး​လေ။ "

​သူရိန်တို့က ​စောမင်းခန့်နဲ့လည်း ရန်စ​တွေ ရှိတာမို့ အလှည့်​ရောက်​တော့ ကလဲ့စား​ချေချင်တာကို ဆလိုင်းသိသည်။စောမင်းခန့်၏ မျက်နှာက တင်းသည်။ ​နည်းနည်းမှ ​ကြောက်လန့်​နေတာမျို မရှိ​ပေ။

" ငါ ... မလုပ်နိုင်ဘူး။ "

​စောမင်းခန့်က ခပ်တန်းတန်းသာ ​ပြောသည်။ ဆလိုင်းက ကျန်​နေ​သေးတဲ့ ​လှေကား သုံးထစ်​​လောက်ကို ဆင်းလိုက်ပြီး ​​​စောမင်းခန့် ​ဘေးမှ လာရပ်ပြီး သူရိန်တို့ကိုကြည့်သည်။

" မင်းတို့က ဘာ​ကောင်​တွေလဲ။ အလုပ်ရဲ့ လုပ်ထုံးလုပ်နည်း​လောက်ကို ငါက ထပ်သင်​ပေးရမှာလား။ မနာခံရင် နာခံတဲ့နည်းလမ်း သုံး​လိုက်။ "

ဆလိုင်းက စကားကို ခဏရပ်လိုက်ပြီးမှ ​စောမင်းခန့်ကို ​ခေါင်းငဲ့ကြည့်ကာ အသက်မပါစွာ ​ခြောက်ကပ်ကပ် ရယ်လိုက်ရင်း  ​တစ်လုံးချင်း ခပ်တိုးတိုး ​ပြောသည်။

" ​သေသာမ​သေ​စေနဲ့။ "

ဆလိုင်းဆီက ဒီစကားကြား​တော့ သူရိန်တို့က အားတက်သွားသည်။ ​ကျော​ပေးသွား​​သော ဆလိုင်းကို ​စောမင်းခန့်က တစ်ချက်ကြည့်လိုက်သည်။

" အလှည့်ဆိုတာ တကယ်ပဲ ​​နောင်ဘဝ မကူးဘူးဘဲ။"

အခုအချိန် ဒီအိမ်မှာ ဆလိုင်းက အာဏာအရှိဆုံး ဖြစ်သည်။ ဆလိုင်းက ခွင့်ပြုသည့်​နောက်မှာ​တော့ ​စောမင်းခန့်ကို အ​​ရေခွံခွာဖို့ နည်းနည်းမှ မ​စောင့်နိုင်​​​တော့​ပေ။

​စောမင်းခန့်၏ ကျိုး​နေသည့် ​ခြေ​ထောက်ကို သူရိန်က အားထည့်ကာ ကန်လိုက်​တော့ ​စောမင်းခန့်က တစ်ချက်တည်းဖြင့် ကြမ်း​ပေါ် ညွတ်ကျသွားသည်။ ​စောမင်းခန့် ဘယ်​​လောက်ပဲသန်မာပါ​စေ၊ သာမန်လူနဲ့ ကွာခြားချက်ရှိသည်။

" ဒီ​နေ့လိုမျိုးကို ငါဘယ်​လောက်ထိ ​မျှော်လင့်ခဲ့ရလဲ ဟမ်။ "

သူရိန်က ​စောမင်းခန့်၏ မျက်နှာကို လက်ဖြင့် ဆွဲ​မော့ပြီးမှ တစ်ချိန်က အထက်စီးဆန်စွာ အမိန့်​ပေးခဲ့တာ​တွေ၊ အပြစ်​ပေးခဲ့တာ​တွေကို မြင်​​ယောင်ပြီး မုန်းတီးစိတ်ဖြင့် ထိုးလိုက်သည်။

" ကိုယ့်အထက်ကသူက အမိန့်​ပေး​နေရင် နာခံတတ်ရတယ်။ ငါတို့က မင်း​နောက်လိုက်​တွေ မဟုတ်​တော့ဘူး။ မင်း ငါတို့ကို အမိန့်​ပေး ခိုင်း​စေလို့မရ​တော့ဘူးကွ။ "

အသံ​​တွေကို ဆလိုင်း ကြား​နေရသည်။ ဆလိုင်းက လက်သီးဆုပ်ကာ အံကြိတ်ထားပြီး ​ကျော​​ပေးထားသည်။ဒီလူ​တွေ ဒီ​လောက်ထိ ​စောမင်းခန့်ကို မုန်း​နေတာမဆန်း​ပေ။ ​စောမင်းခန့် ဘယ်​လောက်ထိ ရိုင်းစိုင်းခဲ့တာ ကိုယ်​တွေ့မို့ ဆလိုင်း သိပါသည်။

" အာ့ !!! "

​​စောမင်းခန့်ဆီမှ မခံမရပ်နိုင်​အောင် နာကျင်ပြီး ငြီးသံကြားရ​တော့ ဆလိုင်းက မျက်လုံးမှိတ်ထားသည်။ ပြီးမှ အားယူပြီး ပြန်ဖွင့်သည်။

" လက်တစ်ဖက်ကိုပါ ချိုး​ပေးရမလား။ အကျိုး ညီသွားတာ​ပေါ့။ "

​လဲကျ​နေသည့် ​စောမင်းခန့်၏ လက်ဖမိုး​ပေါ်မှာ လွင်ဦးနိုင်က ဖိနပ်ဖြင့် တက်ကြိတ်ထားသည်။နာကျင်လွန်းတာမို့ ​စောမင်းခန့်၏ လက်​​ချောင်းထိပ်​​တွေဆိုရင် ​ကြမ်း​ပြင်ကို ​ကွေးကုပ်ထားသည်။

" ဆလိုင်းခမ်းမနား "

​တော်​နေ​ဇော်က အိမ်ထဲကို ​ပြေးဝင်လာကာ သူရိန်တို့ကို တွန်းဖယ်ပြီး ဆလိုင်း၏ နာမည်ကို ​ဒေါသသံဖြင့် ​​ခေါ်သည်။​နေယံက​တော့ ​စောမင်းခန့်ကို ဆွဲထူ​​ပေးသည်။ ​စောမင်းခန့်၏ ခပ်ပွပွ လက်ရှည်အင်္ကျီအဖြူအစင်းမှာ ​သွေး​တွေဖြင့် မြင်မ​​ကောင်း​ပေ။ ​ဘောင်းဘီက အနက်​​​ရောင် ဝတ်ထားလို့သာ မသိသာ​ပေ။

" ဘာလို့ ဒီအတိုင်း လွှတ်ထားတာလဲ။ မင်းက ​​ခေါင်း​ဆောင်​​​နော် ... အချင်းချင်း ဒီလို အနိုင်ကျင့်တာမျိုးကို ဘာလို့ လွှတ်ထားတာလဲ။ ​​သေသွားရင် ဘယ်လိုလုပ်မလဲ။ "

ဆလိုင်းက မထီမဲ့မြင် ပြုံးလိုက်ပြီး ​စောမင်းခန့်ကို ​မေးဆတ်ပြကာ ​ပြောသည်။
" မ​​သေ​စေနဲ့လို့ မှာထားတယ်။ အလတ်ကြီးပါ။ "

" မင်းတို့ကြားက ပြသနာ​တွေ၊ အမုန်း​တွေကို အစ်ကို မသိဘူး။ ဒါ​ပေမယ့် အားနည်းချက် ရှိတဲ့သူကို အဲဒီ​​လောက် မရက်စက်နဲ့။ "

​တော်​​နေ​ဇော်က ဆလိုင်း၏ ပခုံးကို ပုတ်ကာ ​ချော့​ပြောသလို ​လေသံဖြင့် ​ပြော​တော့ ဆလိုင်းက ​ခေါင်းတဆက်ဆက်ငြိမ့်ရင်း ​ပြောသည်။

" ရုပ်ပိုင်းဆိုင်ရာဆို​တော့ လူမြင်တာ​ပေါ့။ "

" ​နေယံ ... ​​စောမင်းခန့်ကို အနားယူခိုင်းလိုက်ဦး။​ခြေ​ထောက်ကို ဂရုစိုက်​ပေးလိုက်။ "

" ဟုတ်ကဲ့ "

​​တော်​နေ​ဇော်က ​ပြော​တော့ နေယံက ​စောမင်းခန့်ကို ကူတွဲသည်။ ​စောမင်းခန့် ​ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အသည်းထဲထိခိုက်​အောင် နာသည်။ စတီး​​ချောင်းထည့်ထားသည့် ​ခြေ​ထောက်က ပိုသိသာသည်။

" သတိထား "

​စောမင်းခန့်က ​ခွေယိုင်သွားတာမို့ ​နေယံက သတိ​ပေးလိုက်သည်။ သို့​ပေမယ့် လူပါ ယိုင်ကျသွားတာမို့ ဆလိုင်း​၏ ကျင့်သားရ​နေတဲ့ လက်က ​စောမင်းခန့်၏ ခါးကို လက်တစ်ဖက်မှ ​ပွေ့ထားကာ ဖိနပ်ရာထင်​ပြီး ​သွေးစွန်းနေသည့် ဘယ်ဘက်​လက်​လေးကို ​​ကျန်လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။​စောမင်းခန့်က ​ခေါင်း​လေး​မော့ကာ မျက်ဆံနက်နက်​လေးဖြင့် ဆလိုင်းကို ကြည့်လာသည်။​​စောမင်းခန့်က မျက်လုံးသိပ်မ​ကောင်းတာမို့ အရင်က မျက်မှန်တပ်ရသည်။ ​နောက်ပိုင်းမျက်ကပ်မှန် အစားထိုးတပ်​​တော့ မျက်လုံး​လေး​တွေက ပိုဝိုင်း​နေသ​ယောင်ပင်။

ဆလိုင်းက ခါး​ပေါ်မှ လက်ကို လွှတ်​လိုက်ကာ ​စောမင်းခန့်၏ ပါးကို ခပ်ဖွဖွ ပုတ်​လိုက်သည်။

" အများကြီးကျန်​သေးတာမို့ သန်မာ​နေမှဖြစ်မယ်။အားလုံးက ကိုယ်ပြုသည့် ကံ​တွေပဲ​လေ ဟုတ်တယ်မလား။ "

ဆလိုင်းက ​ပြောလိုက်​​တော့ ​စောမင်းခန့်က မျက်လွှာချသွားသည်။ နဖူးမှ စီးကျလာတဲ့ ​သွေး​တွေက ​စောမင်းခန့်၏ မျက်​တောင်​တွေပင် စိုလူး​နေသည်။​ဆလိုင်းက စောမင်းခန့်၏ ဒဏ်ရာရထားသည့် လက်ကို အားထည့်ကာ ဖိဆုပ်ကိုင်ပြီး ထပ်​ပြောသည်။

" ကျွန်​တော်နဲ့ ​​နေဖို့ အချိန်အများကြီး ရှိပါ​သေးတယ်။ ခင်ဗျား ဒီလိုမျိုး မျက်နှာ​ကြော ကြာကြာတင်းနိုင်ပါ​စေ ... ​နော်။ "

​တော်​နေ​ဇော်က ဘာ​ပြောရမှန်း မသိတာမို့ စိတ်အိုက်စွာ ရပ်ကြည့်​နေသည်။

" ငါ ... နာ​နေပြီ။ "

​စောမင်းခန့်က လက်ကို ရုန်းကာ ​ပြောလိုက်မှ ဆလိုင်းက လွှတ်​ပေးလိုက်သည်။ ပြီး​​နောက် ​စောမင်းခန့်၏ လက်ကို ကိုင်ထားသည့် သူ့လက်ကို ရွံသလိုဖြင့် လက်ကိုင်ပုဝါဖြင့် သုတ်သည်။

" နာတတ်သားပဲ။ဆို​တော့ ရုပ်ပိုင်းဆိုင်ရာမှာလည်း တုံ့ပြန်တာ မဆိုးဘူးဘဲ။ "

​နေယံက ​စောမင်းခန့်၏ ပခုံးကို သတိ​ပေးသလို ခပ်ဖွဖွ ပုတ်လိုက်ပြီး ဆလိုင်း အနားမှ ​ခေါ်ထုတ်သွားသည်။

" ​​ကျောက်လုပ်ငန်းဘက်က စာရင်းအတွက် ​ရောက်လာတာမလား။ ကျွန်​​တော် အပြီးသတ်ပြီးပြီ။ အစ်ကို ခဏ​စောင့်​​​လေ။ "

" အင်း ဆလိုင်း "

​တော်​နေ​ဇော်က သက်ပြင်းခပ်တိုးတိုးချကာ ဧည့်ခန်းမှာ ဝင်ထိုင်လိုက်ပြီး ​စောင့်​နေသည်။

ဆလိုင်း အခန်းထဲ ပြန်​ရောက်သွား​တော့ စားပွဲ​ပေါ်မှ ပစ္စည်း​တွေကို လက်ဖြင့် အားပါပါ တွန်းချသည်။ခဏအတွင်းမှာပဲ အခန်းတစ်ခုလုံး ရှုပ်ပွသွားသည်။

" အသုံးမကျလိုက်တာ။ ဘာလို့ နာကျင်သလို ဖြစ်​နေတာလဲ။ အသုံးမကျဘူး။ "

​စောမင်းခန့် ထိခိုက်တာမြင်ရ​တော့ ​စောမင်းခန့် အ​​​ပေါ် စိတ်ရှိ​နေ​သေးတဲ့ ကိုယ့်ကိုယ်ကိုယ် မ​ကျေမနပ်​တွေ ဖြစ်ကာ ဆလိုင်းက ပစ္စည်း​တွေ အကုန်ရိုက်ခွဲပြီး စိတ်ထွက်​ပေါက်​ပေး​​​နေရသည်။ဆလိုင်း၏ လက်​ဘေးအနားမှာ ဖန်ကွဲဖြင့် ရှသည့် ​သွေးစအချို့​တောင် ရှိသည်။

တုံးတုံးအအနဲ့ ​စောမင်းခန့်ကို ချစ်တာပဲ သိသည့် လူငယ်​လေး ဆလိုင်းခမ်းမနား မရှိသင့်​​တော့ဘူး။ ဆလိုင်းက ကိုယ့်ကိုယ်ကိုယ် သတိ​ပေးကာ ​ရေချိုးခန်းထဲ ဝင်သွားသည်။

ပြန်ထွက်လာ​တော့ ရှုပ်ပွ​နေတဲ့ အခန်းကို တစ်ချက် ​ဝေ့ကြည့်ပြီးမှ အဝတ်အစားလဲသည်။ အနက်ဘက်သွားသည့် အညိုအင်္ကျီလက်ရှည်နှင့် Style Pantအနက်ကို Fitဖြစ်တာ ဝတ်ပြီး အ​ပေါ်က Longcoatထပ်ဝတ်သည်။အခန်းကို ​သေချာသန့်စင်​အောင် ရှင်းခိုင်းဖို့ သန့်ရှင်း​ရေးကို ဖုန်းဆက်​​ပြောထားလိုက်သည်။

......................................

" ​စောမင်းခန့်ကို အစ်ကို့ကားနဲ့ ​ခေါ်ခဲ့ရမလား။ "

​တော်​နေ​ဇော်က ​မေး​တော့ ဆလိုင်းက ​ခေါင်းရမ်းပြသည်။​တော်​နေ​ဇော်က လူကြီးလူ​ကောင်း ပီသသည်။အမြင်မ​တော်တာ ဝင်​ပြောရုံကလွဲရင် ကျန်သည့် ကိစ္စမှာ ဝင်မပါ​ပေ။

" အို​​ကေ "

​တော်​နေ​ဇော်က ကား​မောင်းထွက်သွားသည်။ ​စောမင်းခန့်က ကား၏ ​နောက်ခန်းတံခါးကို ဖွင့်လိုက်​တော့ ဆလိုင်းက ချက်ချင်း​ပြောသည်။

" ခင်ဗျား ငှားထားတဲ့ Driverများထင်​နေလား။ ​ရှေ့ကတက်။ "

​စောမင်းခန့်က ဘာမှမ​ပြောချင်ဟန် သက်ပြင်း ခပ်တိုးတိုးချပြီး အ​ရှေ့မှာ လာထိုင်သည်။ဆလိုင်းက ကား​မောင်းသူ ​နေရာမှာ ဝင်ထိုင်လိုက်ပြီး ကား​လေးက ခြံထဲမှ ထွက်သွားသည်။အရင်က ​စောမင်းခန့်နဲ့ ​တွေ့ရင် ဆလိုင်းမှာ ​ပြောစရာ စကား​တွေ အများကြီး ရှိ​ပေမယ့် အခု​တော့ ဆလိုင်းက နှုတ်ခမ်းကို ခပ်တင်းတင်း ​စေ့ပိတ်ထားသည်။

​စောမင်းခန့်ကလည်း လမ်းဘက်ကို မျက်နှာမူထားပြီး ​ဆေးစာအုပ်ကို ဖတ်​နေသည်။ Englishလို​တွေချည်း ​ရေးထားသည့် စာအုပ်ကို ဆယ်တန်း​တောင် မ​အောင်တဲ့ ​စောမင်းခန့်က အလုံးစုံ ဖတ်နိုင်တာ ဆလိုင်းသိသည်။ ဇိမ်ခံကားမို့ စက်သံငြိမ်​နေတာ​ကြောင့် ကားထဲမှာ တိတ်ဆိတ်​နေသည်။

​စောမင်းခန့်ကို တစ်ချက်​ခေါင်းငဲ့ကြည့်လိုက်​တော့ ဒဏ်ရာဖြစ်ထားပြီး ​သွေးစို့​နေသည့် လက်​​​ချောင်းသွယ်သွယ်​လေး​တွေနှင့် စာရွက်​လေးကို လှန်​​နေသည်။

" Accident ဖြစ်တုန်းက ​ခြေ​ထောက်တစ်ဖက်ပဲ ကျိုးသွားတာလား။ ​သေမသွားဘူးလား။ "

ဆလိုင်းဘက်က စကားစ​ပြောလာ​တော့ စာဆက်ဖတ်လို့ မရ​တော့ဘူးဆိုတာ သိတာမို့ ​စောမင်းခန့်က စာအုပ်ကို ပိတ်လိုက်သည်။

" ​မေးရင်​ဖြေ​လေ။ "

" ​သေလို့မရ​သေးလို့​နေမှာ​ပေါ့။ "

​စောမင်းခန့်၏ မျက်နှာက အမြဲဒီပုံစံအတိုင်း ဖြစ်သည်။ ပုံမှန်အတိုင်း ​ပြော​နေသလား၊​ထေ့​ငေါ့​နေသလား မ​​ဝေခွဲနိုင်​​ပေ။

" ဝဋ်​ကြွေးဆပ်စရာ​​​တွေ အကုန် ဒီဘဝပဲ ဆပ်ရမည့်ကံပါလာတာ​နေမယ်။ ဒုက္ခိတ ဖြစ်သွားတယ်ဆို​တော့ မဆိုးပါဘူး။ မ​ကောင်းတဲ့သူကို ဒီအတိုင်း ကြည့်မ​နေဘူးဘဲ။ "

​စောမင်းခန့်က မတုံ့ပြန်​ပေ။ ငြိမ်​နေသည်။ ဆလိုင်းက ကားကို အရှိန်တင်ကာ ​မောင်း​နေရာမှ သတိမ​ပေးဘဲ ကားဘရိတ်ကို ​ဆောင့်နင်းလိုက်သည်။ကြိုတင်သတိထားချိန်မရှိတဲ့ ​စောမင်းခန့်၏ နဖူးက ကားအ​ရှေ့​နေရာနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။
ပူထူသွားတာမို့ ​စောမင်းခန့်က နဖူးကို လက်ဖြင့် စမ်းလိုက်​တော့ ​သွေးစအချို့ ကပ်ပါလာသည်။

" ကျုပ်ကို မထီမဲ့မြင်လာမလုပ်နဲ့။ အဲဒီလို လုပ်လို့ရတဲ့ ​ကောင်မျိုးက ပြီးခဲ့တဲ့ နှစ်​တွေမှာ အဆုံးသတ်သွားပြီ။ကျုပ်တုန်းက ဒီထက်ပိုပြီး နာကျင်ခဲ့ရတာ။ ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားလိုက်။ "

​စောမင်းခန့်က ​သွေး​တွေ စွန်းသွား​သော လက်တစ်ဖက်ကို ​နောက်ပစ်ထားကာ ​ကျောမှာကပ်ထားသည်။ ပြီး​နောက် အ​ရှေ့ကိုပဲ တည့်တည့်ကြည့်​​နေသည်။

Casino ရုံ​ရှေ့​ရောက်​တော့ ​ဆလိုင်းက ကား​ပေါ်က အရင်ဆင်းသွားသည်။ ​စောမင်းခန့်က ခပ်ဖြည်းဖြည်းသာ ဆင်းလာသည်။ ဒီကလုပ်ငန်း​တွေကို ​အရင်က လုပ်ဖူးတာမို့ စောမင်းခန့်က ကျွမ်းကျင်သည်။

​နေယံက ​စောမင်းခန့်ကို ကြည့်ပြီး အနားလာဖို့ ​ခြေပြင်​နေ​တော့ ​စောမင်းခန့်က ​ခေါင်းရမ်းပြသည်။​နေယံ့မှာ ​စောမင်းခန့်ကို စိတ်မချစွာ ကြည့်ရင်း ​တော်​နေ​ဇော်​၏ အ​နောက်ပါသွားသည်။

Casinoထဲ ​စောမင်းခန့် ဝင်လာ​​တော့ အရင်က သိခဲ့ဖူးတဲ့ သူ​တွေက အံ့သြသလို ကြည့်​နေကြသည်။ ​အရင်က သွက်လက်ပြီး ထူးချွန်တဲ့ ​စောမင်းခန့်နှင့် အခုမြင်​တွေ့​နေရတဲ့ ဒဏ်ရာဒဏ်ချက်​တွေနဲ့ ​စောမင်းခန့်က တစ်​ယောက်စီလိုပင်။

" ဘယ်လိုဖြစ်သွားတာလဲ။ "
" ​ခြေ​ထောက်က ကျိုး​နေတာလား။ "
" စိတ်မ​ကောင်းစရာပဲ။ အသက်ငယ်ငယ်​​လေးနဲ့ ဒီလို ပုံစံဖြစ်သွားတာ။"
" ​သေရာပါသွားပြီ။ ဒုက္ခိတ ဖြစ်သွားပြီ။ "
" ကြားတုန်းက မယုံနိုင်ဘူး။ ကုလို့ မရ​တော့ဘူးလို့ ​ပြောတယ်။ "
" လမ်း​လျှောက်ရင် ဘယ်လိုပုံစံဖြစ်​နေမလဲ မသိဘူး။"

တစ်​ယောက်တစ်ခွန်း ​ပြောလာတဲ့ စကား​တွေ​ကြောင့် ဆလိုင်းက ပြုံးလိုက်သည်။​စောမင်းခန့်က ​ခြေတစ်လှမ်း​တောင် ထပ်မ​ရွေ့​​တော့ပေ။ ​​ပြောသံ​တွေက ကိုယ့် နား အနားကပ်ကာ ​ပြော​နေသလို နား​တွေပင် အူ​နေသည်။ အထင်အမြင်​သေးသလို ၊ သနားသလို ကြည့်​နေတဲ့ မျက်လုံး​တွေကိုလည်း မမြင်ချင်​ပေ။ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို ​စောမင်းခန့် ကိုယ်တိုင်​ကျေနပ် လက်ခံနိုင်​ပေမယ့် ဒီလို​စော်ကားမှုမျိုးနဲ့ ကြုံ​တော့ သိမ်ငယ်သလို ခံစားရသည်။

ဆလိုင်း စိတ်ထဲ ​​တော်​​​တော်​လေး ​ကျေနပ်သွားသလို ခံစားရသည်။​စောမင်းခန့်လို အ​ကြောတင်းတဲ့ လူမျိုးက စိတ်ပိုင်းဆိုင်ရာကို ချိုးနှိမ်မှသာ ပြင်းထန်စွာ နာကျင်မှာ ဖြစ်သည်။

" လာ​လေ ... ခင်ဗျားက ဘာလုပ်​နေတာလဲ။ အ​ပေါ်တက်ရမှာ။ အလုပ်ကိစ္စ ခင်ဗျားနဲ့ ​ဆွေး​နွေးမလို့။ "

​စောမင်းခန့်က ​ဘေးက လူ​တွေကို တစ်ချက်​ဝေ့ဝဲကြည့်လိုက်သည်။အကုန်လုံးက တံခါး​ပေါက်မှာ ရပ်​နေ​သေးတဲ့ ​စောမင်းခန့်ကို  ​ခြေလှမ်းရင် ​ခြေ​ထောက်က ဘယ်လို အ​​နေအထားရှိလဲ စောင့်ကြည့်​နေပုံရှိသည်။

" ခင်ဗျား​ကို စောင့်​နေရတာ အချိန်ကြာတယ်။ မ​ရွေ့နိုင်ရ​အောင် ခင်ဗျားက ကျိုး​နေတာလား။ ​ဆောရီး ... ကျိုး​နေတာပဲ​လေ။ "

​စောမင်းခန့်က သက်ပြင်း ခပ်တိုးတိုးချကာ လက်​လေးတစ်ဖက်ကို ​နောက်ဘက်ပစ်ကာ ​ကျောမှာ ကပ်ထားပြီး ပထမဆုံး ​ခြေလှမ်းကို စတင်လိုက်သည်။

" သိပ်အဆိုးကြီး မဟုတ်​ပေမယ့် ​ထော့နဲ့​ထော့နဲ့ ဖြစ်သွားတာပဲ။ သူ အရင်က အရမ်းသွက်တာ။ ဦး​​ဇေယျာက သူ့ကို အားကိုးတယ်​​​လေ။ "

​လောင်းကစား တုံကင်ပြား​လေး​တွေ ကိုင်ထားသည့်ဝိုင်းထဲက အမျိုးသမီးတစ်​ယောက်က ​ပြောလိုက်​တော့ ကျန်တဲ့သူ​တွေကပါ ​ထောက်ခံသလို ​ခေါင်းငြိမ့်သည်။

" ဆလိုင်းခမ်းမနား "

ဆလိုင်းက အံကြိတ်ထားလိုက်မိသည်။ ဆလိုင်းကို နာမည် အပြည့်အစုံ​ခေါ်တတ်သည့် ​စောမင်းခန့်၏ အသံ​လေးကို အရင်က ဘယ်​လောက်​တောင် မြတ်နိုးခဲ့ရတာမို့လဲ။ "

" ဘာလဲ "

​လှေကားသုံးဆင့်​မြောက်မှာ ​ရောက်​နေတဲ့ ဆလိုင်းက ​စောမင်းခန့်ကို လှည့်ကြည့်သည်။

" ငါ ...  မရဘူး ... အ​ပေါ်တက်လို့။ ခုနက ထိခိုက်ထားတာ ... ​ခြေ​ထောက်။ "

​ဆလိုင်းက ပြုံးလိုက်သည်။ ​

" အဆင်​ပြေသလို တက်ခဲ့​လေ။ ကျိုး​နေလည်း ခင်ဗျားမှာ လုပ်နိုင်စွမ်းရှိတာပဲ ဟုတ်တယ်မလား။ "

​စောမင်းခန့်က ​​ခေါင်းငုံ့သွားသည်။ ဆလိုင်းက အ​ပေါ်ထပ်ကို တက်သွားပြီး ရင်းနှီး​နေတဲ့သူ​တွေနဲ့ ​တွေ့​တော့ စကား​ပြော​နေသည်။ ​စောမင်းခန့်ကိုလည်း မကြာခဏကြည့်သည်။

​စောမင်းခန့်က ​လှေကားလက်ရန်းကို အားပြုကိုင်ကာ ​လှေကား တစ်ထစ်ချင်း ဖြည်းဖြည်းချင်း တက်လာသည်။

" မင်းကအရမ်း​တော်တာပဲ။ ​လေးနှစ်​လောက်​ အခြား​နေရာမှာ သွား​နေပြီး ပြန်​ပေါ်လာ​တော့ ဆရာကြီး ဖြစ်​နေပြီ။ မင်း ​တော်​​တော် ကြိုးစားခဲ့ရမှာပဲ။"

အ​ပေါ်ဆုံး ​လှေကားထစ်ကို ​​ရောက်​တော့ ​စောမင်းခန့်၏ နဖူးမှာ ​ချွေးစ​တွေ ရှိ​နေသည်။ ဆလိုင်းက ​စောမင်းခန့်ကို ကြည့်လိုက်ကာ အရင်က ​ဘေးခန်းမှာ ​နေခဲ့ဖူးတဲ့ တစ်​ယောက်၏ စကားကို ​ပြန်​ဖြေလိုက်သည်။

" တွန်းအား​ပေးတဲ့သူ ရှိလို့​လေ။ "

​စောမင်းခန့်က ဆလိုင်းတို့ ​ဘေးမှ ဖြတ်ကာ နား​နေခန်းထဲ ဝင်သွားသည်။ ​စောမင်းခန့်၏ အရပ်က ရှည်​ပေမယ့် အခု ပိန်လွန်းသွားတာမို့ ပိုရှည်​နေသ​ယောင်ရှိသည်။ ​စောမင်းခန့်၏ ​ကျောပြင်က တကယ့်ကိုမှ ​သေး​သေး​လေး​ပင်။လက်​ကောက်ဝတ်​လေး​တွေကလည်း ​သေး​သေး​လေး​တွေဖြစ်သည်။ဆံပင်​လေးက အ​နောက်​လေးတင် အနည်းငယ်ရှည်​နေကာ ပါးပါးကပ်ကပ်​လေးမို့ မျက်နှာကျသွယ်ပြီး နှုတ်ခမ်းရဲရဲ​လေး​​တွေရှိသည့် ​စောမင်းခန့်နဲ့ လိုက်ဖက်သည်။သို့​ပေမယ့် နုနယ်တဲ့ ဒီလို ပုံစံ​လေးနဲ့ ဆန့်ကျင်စွာ ​စောမင်းခန့်၏ စိတ်ဓါတ်က မာ​ကျောသည်။

" အလှည့်အ​ပြောင်းတစ်ခုမှာ ခင်ဗျား ခံနိုင်ရည် ရှိဖို့ ​မျှော်လင့်ပါတယ်။ခင်ဗျားအလှည့်တုန်းကလိုပဲ ကျွန်​တော်ကလည်း ငဲ့ညှာ​နေမှာ မဟုတ်လို့။ "

ဆက်ရန်

Zawgyi

​ေအာက္ထပ္မွ ဆူညံ​ေနတဲ့ အသံ​​​ေတြ​ေၾကာင့္ ဆုံလည္ထိုင္္ခုံ​ေပၚမွာ အိပ္​ေပ်ာ္​ေနရာမွ ဆလိုင္းနိုးလာသည္။လက္ထဲမွာ စာရင္းစစ္စရာ စာ႐ြက္ကို ကိုင္ထားလ်က္သား ရွိ​ေနသည္။ နာရီကို ၾကည့္လိုက္​ေတာ့ ​နံနက္ ဆယ္နာရီ​ထိုးခါနီးေနၿပီ။နံနက္​ေလးနာရီ​ေက်ာ္အထိ ​​ေက်ာက္လုပ္ငန္းဘက္က စာရင္း​ေတြကို Laptopထဲ သြင္း​ေနရင္း အလုပ္ခန္းမွာတင္ အိပ္​ေပ်ာ္သြားတာ ျဖစ္မည္။

ဆလိုင္းက ခုံမွ ထလိုက္ကာ ခါးကို သုံး၊​ေလးခါ လွည့္လိုက္ၿပီး အ​ေညာင္းဆန့္လိုက္သည္။ခုံ​ေပၚမွာ လႊားတင္ထားသည့္ ကုတ္အကၤ်ီအနက္ကို လက္ထဲ လုံးကိုင္ၿပီး အခန္းထဲမွ ထြက္လာခဲ့သည္။ဆလိုင္း၏ ခႏၶာကိုယ္အခ်ိဳးအစားက ​ေတာ္​ေတာ္​​ေလး မိုက္တာမို႔ နက္​ေစြး​ေနတာ​ေတြခ်ည္း ဝတ္ထား​ေတာ့ ပိုၿပီး ​ေပၚလြင္သည္။

ဆလိုင္းက မ်က္ႏွာကို လက္ျဖင့္ ပြတ္သပ္လိုက္သည္။ မ​ေကာင္းတဲ့ အတိတ္က ျဖစ္ရပ္​ေတြကို အိပ္မက္အျဖစ္ မက္ခဲ့တာမို႔ မ်က္ႏွာမွာ ​ေခြၽးစ​ေတြ ရွိ​ေနကာ ပင္ပန္းႏြမ္းနယ္သလို ျဖစ္​ေနသည္မို႔ ​ေသခ်ာျပဳျပင္လိုက္သည္။ဂုတ္​ေထာက္​ေနသည့္ Mullet ဆံပင္က ​ေသခ်ာပုံသြင္းထားတာမို႔ ဆံပင္ပုံစံက​ေတာ့ အဆင္​ေျပသည္။

" ဘာျဖစ္​ေနၾကတာလဲ။ "

ဆလိုင္းက ​ေမးလိုက္​​ေတာ့ သူရိန္ႏွင့္ လြင္ဦးနိုင္က ​ေလွကားမွ ဆင္းလာသည့္ ဆလိုင္းကို ​ေမာ့ၾကည့္သည္။ ၿပီး​ေနာက္ ​ေစာမင္းခန့္ကို လက္ညွိုးထိုးကာ ​ေျပာသည္။

" သူ႕ကို Driverအျဖစ္ ကား​ေမာင္း​ေပးဖို႔ ​ေခၚတာကို လက္မခံဘူး။ က်ိဳး​ေန​လို႔ သူလုပ္နိုင္တဲ့ အလုပ္ကို ​​ေသခ်ာ ရွာ​ေပးတာကို သူကလက္မခံဘူး​ေလ။ "

​သူရိန္တို႔က ​ေစာမင္းခန့္နဲ႕လည္း ရန္စ​ေတြ ရွိတာမို႔ အလွည့္​ေရာက္​ေတာ့ ကလဲ့စား​ေခ်ခ်င္တာကို ဆလိုင္းသိသည္။ေစာမင္းခန့္၏ မ်က္ႏွာက တင္းသည္။ ​နည္းနည္းမွ ​ေၾကာက္လန့္​ေနတာမ်ိဳ မရွိ​ေပ။

" ငါ ... မလုပ္နိုင္ဘူး။ "

​ေစာမင္းခန့္က ခပ္တန္းတန္းသာ ​ေျပာသည္။ ဆလိုင္းက က်န္​ေန​ေသးတဲ့ ​ေလွကား သုံးထစ္​​ေလာက္ကို ဆင္းလိုက္ၿပီး ​​​ေစာမင္းခန့္ ​ေဘးမွ လာရပ္ၿပီး သူရိန္တို႔ကိုၾကည့္သည္။

" မင္းတို႔က ဘာ​ေကာင္​ေတြလဲ။ အလုပ္ရဲ႕ လုပ္ထုံးလုပ္နည္း​ေလာက္ကို ငါက ထပ္သင္​ေပးရမွာလား။ မနာခံရင္ နာခံတဲ့နည္းလမ္း သုံး​လိုက္။ "

ဆလိုင္းက စကားကို ခဏရပ္လိုက္ၿပီးမွ ​ေစာမင္းခန့္ကို ​ေခါင္းငဲ့ၾကည့္ကာ အသက္မပါစြာ ​ေျခာက္ကပ္ကပ္ ရယ္လိုက္ရင္း  ​တစ္လုံးခ်င္း ခပ္တိုးတိုး ​ေျပာသည္။

" ​ေသသာမ​ေသ​ေစနဲ႕။ "

ဆလိုင္းဆီက ဒီစကားၾကား​ေတာ့ သူရိန္တို႔က အားတက္သြားသည္။ ​ေက်ာ​ေပးသြား​​ေသာ ဆလိုင္းကို ​ေစာမင္းခန့္က တစ္ခ်က္ၾကည့္လိုက္သည္။

" အလွည့္ဆိုတာ တကယ္ပဲ ​​ေနာင္ဘဝ မကူးဘူးဘဲ။"

အခုအခ်ိန္ ဒီအိမ္မွာ ဆလိုင္းက အာဏာအရွိဆုံး ျဖစ္သည္။ ဆလိုင္းက ခြင့္ျပဳသည့္​ေနာက္မွာ​ေတာ့ ​ေစာမင္းခန့္ကို အ​​ေရခြံခြာဖို႔ နည္းနည္းမွ မ​ေစာင့္နိုင္​​​ေတာ့​ေပ။

​ေစာမင္းခန့္၏ က်ိဳး​ေနသည့္ ​ေျခ​ေထာက္ကို သူရိန္က အားထည့္ကာ ကန္လိုက္​ေတာ့ ​ေစာမင္းခန့္က တစ္ခ်က္တည္းျဖင့္ ၾကမ္း​ေပၚ ၫြတ္က်သြားသည္။ ​ေစာမင္းခန့္ ဘယ္​​ေလာက္ပဲသန္မာပါ​ေစ၊ သာမန္လူနဲ႕ ကြာျခားခ်က္ရွိသည္။

" ဒီ​ေန႕လိုမ်ိဳးကို ငါဘယ္​ေလာက္ထိ ​ေမွ်ာ္လင့္ခဲ့ရလဲ ဟမ္။ "

သူရိန္က ​ေစာမင္းခန့္၏ မ်က္ႏွာကို လက္ျဖင့္ ဆြဲ​ေမာ့ၿပီးမွ တစ္ခ်ိန္က အထက္စီးဆန္စြာ အမိန့္​ေပးခဲ့တာ​ေတြ၊ အျပစ္​ေပးခဲ့တာ​ေတြကို ျမင္​​ေယာင္ၿပီး မုန္းတီးစိတ္ျဖင့္ ထိုးလိုက္သည္။

" ကိုယ့္အထက္ကသူက အမိန့္​ေပး​ေနရင္ နာခံတတ္ရတယ္။ ငါတို႔က မင္း​ေနာက္လိုက္​ေတြ မဟုတ္​ေတာ့ဘူး။ မင္း ငါတို႔ကို အမိန့္​ေပး ခိုင္း​ေစလို႔မရ​ေတာ့ဘူးကြ။ "

အသံ​​ေတြကို ဆလိုင္း ၾကား​ေနရသည္။ ဆလိုင္းက လက္သီးဆုပ္ကာ အံႀကိတ္ထားၿပီး ​ေက်ာ​​ေပးထားသည္။ဒီလူ​ေတြ ဒီ​ေလာက္ထိ ​ေစာမင္းခန့္ကို မုန္း​ေနတာမဆန္း​ေပ။ ​ေစာမင္းခန့္ ဘယ္​ေလာက္ထိ ရိုင္းစိုင္းခဲ့တာ ကိုယ္​ေတြ႕မို႔ ဆလိုင္း သိပါသည္။

" အာ့ !!! "

​​ေစာမင္းခန့္ဆီမွ မခံမရပ္နိုင္​ေအာင္ နာက်င္ၿပီး ၿငီးသံၾကားရ​ေတာ့ ဆလိုင္းက မ်က္လုံးမွိတ္ထားသည္။ ၿပီးမွ အားယူၿပီး ျပန္ဖြင့္သည္။

" လက္တစ္ဖက္ကိုပါ ခ်ိဳး​ေပးရမလား။ အက်ိဳး ညီသြားတာ​ေပါ့။ "

​လဲက်​ေနသည့္ ​ေစာမင္းခန့္၏ လက္ဖမိုး​ေပၚမွာ လြင္ဦးနိုင္က ဖိနပ္ျဖင့္ တက္ႀကိတ္ထားသည္။နာက်င္လြန္းတာမို႔ ​ေစာမင္းခန့္၏ လက္​​ေခ်ာင္းထိပ္​​ေတြဆိုရင္ ​ၾကမ္း​ျပင္ကို ​ေကြးကုပ္ထားသည္။

" ဆလိုင္းခမ္းမနား "

​ေတာ္​ေန​ေဇာ္က အိမ္ထဲကို ​ေျပးဝင္လာကာ သူရိန္တို႔ကို တြန္းဖယ္ၿပီး ဆလိုင္း၏ နာမည္ကို ​ေဒါသသံျဖင့္ ​​ေခၚသည္။​ေနယံက​ေတာ့ ​ေစာမင္းခန့္ကို ဆြဲထူ​​ေပးသည္။ ​ေစာမင္းခန့္၏ ခပ္ပြပြ လက္ရွည္အကၤ်ီအျဖဴအစင္းမွာ ​ေသြး​ေတြျဖင့္ ျမင္မ​​ေကာင္း​ေပ။ ​ေဘာင္းဘီက အနက္​​​ေရာင္ ဝတ္ထားလို႔သာ မသိသာ​ေပ။

" ဘာလို႔ ဒီအတိုင္း လႊတ္ထားတာလဲ။ မင္းက ​​ေခါင္း​ေဆာင္​​​ေနာ္ ... အခ်င္းခ်င္း ဒီလို အနိုင္က်င့္တာမ်ိဳးကို ဘာလို႔ လႊတ္ထားတာလဲ။ ​​ေသသြားရင္ ဘယ္လိုလုပ္မလဲ။ "

ဆလိုင္းက မထီမဲ့ျမင္ ၿပဳံးလိုက္ၿပီး ​ေစာမင္းခန့္ကို ​ေမးဆတ္ျပကာ ​ေျပာသည္။
" မ​​ေသ​ေစနဲ႕လို႔ မွာထားတယ္။ အလတ္ႀကီးပါ။ "

" မင္းတို႔ၾကားက ျပသနာ​ေတြ၊ အမုန္း​ေတြကို အစ္ကို မသိဘူး။ ဒါ​ေပမယ့္ အားနည္းခ်က္ ရွိတဲ့သူကို အဲဒီ​​ေလာက္ မရက္စက္နဲ႕။ "

​ေတာ္​​ေန​ေဇာ္က ဆလိုင္း၏ ပခုံးကို ပုတ္ကာ ​ေခ်ာ့​ေျပာသလို ​ေလသံျဖင့္ ​ေျပာ​ေတာ့ ဆလိုင္းက ​ေခါင္းတဆက္ဆက္ၿငိမ့္ရင္း ​ေျပာသည္။

" ႐ုပ္ပိုင္းဆိုင္ရာဆို​ေတာ့ လူျမင္တာ​ေပါ့။ "

" ​ေနယံ ... ​​ေစာမင္းခန့္ကို အနားယူခိုင္းလိုက္ဦး။​ေျခ​ေထာက္ကို ဂ႐ုစိုက္​ေပးလိုက္။ "

" ဟုတ္ကဲ့ "

​​ေတာ္​ေန​ေဇာ္က ​ေျပာ​ေတာ့ ေနယံက ​ေစာမင္းခန့္ကို ကူတြဲသည္။ ​ေစာမင္းခန့္ ​ေျခတစ္လွမ္း လွမ္းလိုက္တိုင္း အသည္းထဲထိခိုက္​ေအာင္ နာသည္။ စတီး​​ေခ်ာင္းထည့္ထားသည့္ ​ေျခ​ေထာက္က ပိုသိသာသည္။

" သတိထား "

​ေစာမင္းခန့္က ​ေခြယိုင္သြားတာမို႔ ​ေနယံက သတိ​ေပးလိုက္သည္။ သို႔​ေပမယ့္ လူပါ ယိုင္က်သြားတာမို႔ ဆလိုင္း​၏ က်င့္သားရ​ေနတဲ့ လက္က ​ေစာမင္းခန့္၏ ခါးကို လက္တစ္ဖက္မွ ​ေပြ႕ထားကာ ဖိနပ္ရာထင္​ၿပီး ​ေသြးစြန္းေနသည့္ ဘယ္ဘက္​လက္​ေလးကို ​​က်န္လက္တစ္ဖက္ျဖင့္ ကိုင္ထားသည္။​ေစာမင္းခန့္က ​ေခါင္း​ေလး​ေမာ့ကာ မ်က္ဆံနက္နက္​ေလးျဖင့္ ဆလိုင္းကို ၾကည့္လာသည္။​​ေစာမင္းခန့္က မ်က္လုံးသိပ္မ​ေကာင္းတာမို႔ အရင္က မ်က္မွန္တပ္ရသည္။ ​ေနာက္ပိုင္းမ်က္ကပ္မွန္ အစားထိုးတပ္​​ေတာ့ မ်က္လုံး​ေလး​ေတြက ပိုဝိုင္း​ေနသ​ေယာင္ပင္။

ဆလိုင္းက ခါး​ေပၚမွ လက္ကို လႊတ္​လိုက္ကာ ​ေစာမင္းခန့္၏ ပါးကို ခပ္ဖြဖြ ပုတ္​လိုက္သည္။

" အမ်ားႀကီးက်န္​ေသးတာမို႔ သန္မာ​ေနမွျဖစ္မယ္။အားလုံးက ကိုယ္ျပဳသည့္ ကံ​ေတြပဲ​ေလ ဟုတ္တယ္မလား။ "

ဆလိုင္းက ​ေျပာလိုက္​​ေတာ့ ​ေစာမင္းခန့္က မ်က္လႊာခ်သြားသည္။ နဖူးမွ စီးက်လာတဲ့ ​ေသြး​ေတြက ​ေစာမင္းခန့္၏ မ်က္​ေတာင္​ေတြပင္ စိုလူး​ေနသည္။​ဆလိုင္းက ေစာမင္းခန့္၏ ဒဏ္ရာရထားသည့္ လက္ကို အားထည့္ကာ ဖိဆုပ္ကိုင္ၿပီး ထပ္​ေျပာသည္။

" ကြၽန္​ေတာ္နဲ႕ ​​ေနဖို႔ အခ်ိန္အမ်ားႀကီး ရွိပါ​ေသးတယ္။ ခင္ဗ်ား ဒီလိုမ်ိဳး မ်က္ႏွာ​ေၾကာ ၾကာၾကာတင္းနိုင္ပါ​ေစ ... ​ေနာ္။ "

​ေတာ္​ေန​ေဇာ္က ဘာ​ေျပာရမွန္း မသိတာမို႔ စိတ္အိုက္စြာ ရပ္ၾကည့္​ေနသည္။

" ငါ ... နာ​ေနၿပီ။ "

​ေစာမင္းခန့္က လက္ကို ႐ုန္းကာ ​ေျပာလိုက္မွ ဆလိုင္းက လႊတ္​ေပးလိုက္သည္။ ၿပီး​​ေနာက္ ​ေစာမင္းခန့္၏ လက္ကို ကိုင္ထားသည့္ သူ႕လက္ကို ႐ြံသလိုျဖင့္ လက္ကိုင္ပုဝါျဖင့္ သုတ္သည္။

" နာတတ္သားပဲ။ဆို​ေတာ့ ႐ုပ္ပိုင္းဆိုင္ရာမွာလည္း တုံ႕ျပန္တာ မဆိုးဘူးဘဲ။ "

​ေနယံက ​ေစာမင္းခန့္၏ ပခုံးကို သတိ​ေပးသလို ခပ္ဖြဖြ ပုတ္လိုက္ၿပီး ဆလိုင္း အနားမွ ​ေခၚထုတ္သြားသည္။

" ​​ေက်ာက္လုပ္ငန္းဘက္က စာရင္းအတြက္ ​ေရာက္လာတာမလား။ ကြၽန္​​ေတာ္ အၿပီးသတ္ၿပီးၿပီ။ အစ္ကို ခဏ​ေစာင့္​​​ေလ။ "

" အင္း ဆလိုင္း "

​ေတာ္​ေန​ေဇာ္က သက္ျပင္းခပ္တိုးတိုးခ်ကာ ဧည့္ခန္းမွာ ဝင္ထိုင္လိုက္ၿပီး ​ေစာင့္​ေနသည္။

ဆလိုင္း အခန္းထဲ ျပန္​ေရာက္သြား​ေတာ့ စားပြဲ​ေပၚမွ ပစၥည္း​ေတြကို လက္ျဖင့္ အားပါပါ တြန္းခ်သည္။ခဏအတြင္းမွာပဲ အခန္းတစ္ခုလုံး ရႈပ္ပြသြားသည္။

" အသုံးမက်လိဳက္တာ။ ဘာလို႔ နာက်င္သလို ျဖစ္​ေနတာလဲ။ အသုံးမက်ဘဴး။ "

​ေစာမင္းခန့္ ထိခိုက္တာျမင္ရ​ေတာ့ ​ေစာမင္းခန့္ အ​​​ေပၚ စိတ္ရွိ​ေန​ေသးတဲ့ ကိုယ့္ကိုယ္ကိုယ္ မ​ေက်မနပ္​ေတြ ျဖစ္ကာ ဆလိုင္းက ပစၥည္း​ေတြ အကုန္ရိုက္ခြဲၿပီး စိတ္ထြက္​ေပါက္​ေပး​​​ေနရသည္။ဆလိုင္း၏ လက္​ေဘးအနားမွာ ဖန္ကြဲျဖင့္ ရွသည့္ ​ေသြးစအခ်ိဳ႕​ေတာင္ ရွိသည္။

တုံးတုံးအအနဲ႕ ​ေစာမင္းခန့္ကို ခ်စ္တာပဲ သိသည့္ လူငယ္​ေလး ဆလိုင္းခမ္းမနား မရွိသင့္​​ေတာ့ဘူး။ ဆလိုင္းက ကိုယ့္ကိုယ္ကိုယ္ သတိ​ေပးကာ ​ေရခ်ိဳးခန္းထဲ ဝင္သြားသည္။

ျပန္ထြက္လာ​ေတာ့ ရႈပ္ပြ​ေနတဲ့ အခန္းကို တစ္ခ်က္ ​ေဝ့ၾကည့္ၿပီးမွ အဝတ္အစားလဲသည္။ အနက္ဘက္သြားသည့္ အညိုအကၤ်ီလက္ရွည္ႏွင့္ Style Pantအနက္ကို Fitျဖစ္တာ ဝတ္ၿပီး အ​ေပၚက Longcoatထပ္ဝတ္သည္။အခန္းကို ​ေသခ်ာသန့္စင္​ေအာင္ ရွင္းခိုင္းဖို႔ သန့္ရွင္း​ေရးကို ဖုန္းဆက္​​ေျပာထားလိုက္သည္။

......................................

" ​ေစာမင္းခန့္ကို အစ္ကို႔ကားနဲ႕ ​ေခၚခဲ့ရမလား။ "

​ေတာ္​ေန​ေဇာ္က ​ေမး​ေတာ့ ဆလိုင္းက ​ေခါင္းရမ္းျပသည္။​ေတာ္​ေန​ေဇာ္က လူႀကီးလူ​ေကာင္း ပီသသည္။အျမင္မ​ေတာ္တာ ဝင္​ေျပာ႐ုံကလြဲရင္ က်န္သည့္ ကိစၥမွာ ဝင္မပါ​ေပ။

" အို​​ေက "

​ေတာ္​ေန​ေဇာ္က ကား​ေမာင္းထြက္သြားသည္။ ​ေစာမင္းခန့္က ကား၏ ​ေနာက္ခန္းတံခါးကို ဖြင့္လိုက္​ေတာ့ ဆလိုင္းက ခ်က္ခ်င္း​ေျပာသည္။

" ခင္ဗ်ား ငွားထားတဲ့ Driverမ်ားထင္​ေနလား။ ​ေရွ႕ကတက္။ "

​ေစာမင္းခန့္က ဘာမွမ​ေျပာခ်င္ဟန္ သက္ျပင္း ခပ္တိုးတိုးခ်ၿပီး အ​ေရွ႕မွာ လာထိုင္သည္။ဆလိုင္းက ကား​ေမာင္းသူ ​ေနရာမွာ ဝင္ထိုင္လိုက္ၿပီး ကား​ေလးက ၿခံထဲမွ ထြက္သြားသည္။အရင္က ​ေစာမင္းခန့္နဲ႕ ​ေတြ႕ရင္ ဆလိုင္းမွာ ​ေျပာစရာ စကား​ေတြ အမ်ားႀကီး ရွိ​ေပမယ့္ အခု​ေတာ့ ဆလိုင္းက ႏႈတ္ခမ္းကို ခပ္တင္းတင္း ​ေစ့ပိတ္ထားသည္။

​ေစာမင္းခန့္ကလည္း လမ္းဘက္ကို မ်က္ႏွာမူထားၿပီး ​ေဆးစာအုပ္ကို ဖတ္​ေနသည္။ Englishလို​ေတြခ်ည္း ​ေရးထားသည့္ စာအုပ္ကို ဆယ္တန္း​ေတာင္ မ​ေအာင္တဲ့ ​ေစာမင္းခန့္က အလုံးစုံ ဖတ္နိုင္တာ ဆလိုင္းသိသည္။ ဇိမ္ခံကားမို႔ စက္သံၿငိမ္​ေနတာ​ေၾကာင့္ ကားထဲမွာ တိတ္ဆိတ္​ေနသည္။

​ေစာမင္းခန့္ကို တစ္ခ်က္​ေခါင္းငဲ့ၾကည့္လိုက္​ေတာ့ ဒဏ္ရာျဖစ္ထားၿပီး ​ေသြးစို႔​ေနသည့္ လက္​​​ေခ်ာင္းသြယ္သြယ္​ေလး​ေတြႏွင့္ စာ႐ြက္​ေလးကို လွန္​​ေနသည္။

" Accident ျဖစ္တုန္းက ​ေျခ​ေထာက္တစ္ဖက္ပဲ က်ိဳးသြားတာလား။ ​ေသမသြားဘူးလား။ "

ဆလိုင္းဘက္က စကားစ​ေျပာလာ​ေတာ့ စာဆက္ဖတ္လို႔ မရ​ေတာ့ဘူးဆိုတာ သိတာမို႔ ​ေစာမင္းခန့္က စာအုပ္ကို ပိတ္လိုက္သည္။

" ​ေမးရင္​ေျဖ​ေလ။ "

" ​ေသလို႔မရ​ေသးလို႔​ေနမွာ​ေပါ့။ "

​ေစာမင္းခန့္၏ မ်က္ႏွာက အၿမဲဒီပုံစံအတိုင္း ျဖစ္သည္။ ပုံမွန္အတိုင္း ​ေျပာ​ေနသလား၊​ေထ့​ေငါ့​ေနသလား မ​​ေဝခြဲနိုင္​​ေပ။

" ဝဋ္​ေႂကြးဆပ္စရာ​​​ေတြ အကုန္ ဒီဘဝပဲ ဆပ္ရမည့္ကံပါလာတာ​ေနမယ္။ ဒုကၡိတ ျဖစ္သြားတယ္ဆို​ေတာ့ မဆိုးပါဘူး။ မ​ေကာင္းတဲ့သူကို ဒီအတိုင္း ၾကည့္မ​ေနဘူးဘဲ။ "

​ေစာမင္းခန့္က မတုံ႕ျပန္​ေပ။ ၿငိမ္​ေနသည္။ ဆလိုင္းက ကားကို အရွိန္တင္ကာ ​ေမာင္း​ေနရာမွ သတိမ​ေပးဘဲ ကားဘရိတ္ကို ​ေဆာင့္နင္းလိုက္သည္။ႀကိဳတင္သတိထားခ်ိန္မရွိတဲ့ ​ေစာမင္းခန့္၏ နဖူးက ကားအ​ေရွ႕​ေနရာႏွင့္ ျပင္းထန္စြာ ရိုက္မိသြားသည္။
ပူထူသြားတာမို႔ ​ေစာမင္းခန့္က နဖူးကို လက္ျဖင့္ စမ္းလိုက္​ေတာ့ ​ေသြးစအခ်ိဳ႕ ကပ္ပါလာသည္။

" က်ဳပ္ကို မထီမဲ့ျမင္လာမလုပ္နဲ႕။ အဲဒီလို လုပ္လို႔ရတဲ့ ​ေကာင္မ်ိဳးက ၿပီးခဲ့တဲ့ ႏွစ္​ေတြမွာ အဆုံးသတ္သြားၿပီ။က်ဳပ္တုန္းက ဒီထက္ပိုၿပီး နာက်င္ခဲ့ရတာ။ ခင္ဗ်ားရဲ႕ စိတ္ပိုင္းဆိုင္ရာပါ ျပင္ဆင္ထားလိုက္။ "

​ေစာမင္းခန့္က ​ေသြး​ေတြ စြန္းသြား​ေသာ လက္တစ္ဖက္ကို ​ေနာက္ပစ္ထားကာ ​ေက်ာမွာကပ္ထားသည္။ ၿပီး​ေနာက္ အ​ေရွ႕ကိုပဲ တည့္တည့္ၾကည့္​​ေနသည္။

Casino ႐ုံ​ေရွ႕​ေရာက္​ေတာ့ ​ဆလိုင္းက ကား​ေပၚက အရင္ဆင္းသြားသည္။ ​ေစာမင္းခန့္က ခပ္ျဖည္းျဖည္းသာ ဆင္းလာသည္။ ဒီကလုပ္ငန္း​ေတြကို ​အရင္က လုပ္ဖူးတာမို႔ ေစာမင္းခန့္က ကြၽမ္းက်င္သည္။

​ေနယံက ​ေစာမင္းခန့္ကို ၾကည့္ၿပီး အနားလာဖို႔ ​ေျချပင္​ေန​ေတာ့ ​ေစာမင္းခန့္က ​ေခါင္းရမ္းျပသည္။​ေနယံ့မွာ ​ေစာမင္းခန့္ကို စိတ္မခ်စြာ ၾကည့္ရင္း ​ေတာ္​ေန​ေဇာ္​၏ အ​ေနာက္ပါသြားသည္။

Casinoထဲ ​ေစာမင္းခန့္ ဝင္လာ​​ေတာ့ အရင္က သိခဲ့ဖူးတဲ့ သူ​ေတြက အံ့ၾသသလို ၾကည့္​ေနၾကသည္။ ​အရင္က သြက္လက္ၿပီး ထူးခြၽန္တဲ့ ​ေစာမင္းခန့္ႏွင့္ အခုျမင္​ေတြ႕​ေနရတဲ့ ဒဏ္ရာဒဏ္ခ်က္​ေတြနဲ႕ ​ေစာမင္းခန့္က တစ္​ေယာက္စီလိုပင္။

" ဘယ္လိုျဖစ္သြားတာလဲ။ "
" ​ေျခ​ေထာက္က က်ိဳး​ေနတာလား။ "
" စိတ္မ​ေကာင္းစရာပဲ။ အသက္ငယ္ငယ္​​ေလးနဲ႕ ဒီလို ပုံစံျဖစ္သြားတာ။"
" ​ေသရာပါသြားၿပီ။ ဒုကၡိတ ျဖစ္သြားၿပီ။ "
" ၾကားတုန္းက မယုံနိုင္ဘူး။ ကုလို႔ မရ​ေတာ့ဘူးလို႔ ​ေျပာတယ္။ "
" လမ္း​ေလွ်ာက္ရင္ ဘယ္လိုပုံစံျဖစ္​ေနမလဲ မသိဘူး။"

တစ္​ေယာက္တစ္ခြန္း ​ေျပာလာတဲ့ စကား​ေတြ​ေၾကာင့္ ဆလိုင္းက ၿပဳံးလိုက္သည္။​ေစာမင္းခန့္က ​ေျခတစ္လွမ္း​ေတာင္ ထပ္မ​ေ႐ြ႕​​ေတာ့ေပ။ ​​ေျပာသံ​ေတြက ကိုယ့္ နား အနားကပ္ကာ ​ေျပာ​ေနသလို နား​ေတြပင္ အူ​ေနသည္။ အထင္အျမင္​ေသးသလို ၊ သနားသလို ၾကည့္​ေနတဲ့ မ်က္လုံး​ေတြကိုလည္း မျမင္ခ်င္​ေပ။ကိုယ့္ရဲ႕ျဖစ္တည္မႈတိုင္းကို ​ေစာမင္းခန့္ ကိုယ္တိုင္​ေက်နပ္ လက္ခံနိုင္​ေပမယ့္ ဒီလို​ေစာ္ကားမႈမ်ိဳးနဲ႕ ႀကဳံ​ေတာ့ သိမ္ငယ္သလို ခံစားရသည္။

ဆလိုင္း စိတ္ထဲ ​​ေတာ္​​​ေတာ္​ေလး ​ေက်နပ္သြားသလို ခံစားရသည္။​ေစာမင္းခန့္လို အ​ေၾကာတင္းတဲ့ လူမ်ိဳးက စိတ္ပိုင္းဆိုင္ရာကို ခ်ိဳးႏွိမ္မွသာ ျပင္းထန္စြာ နာက်င္မွာ ျဖစ္သည္။

" လာ​ေလ ... ခင္ဗ်ားက ဘာလုပ္​ေနတာလဲ။ အ​ေပၚတက္ရမွာ။ အလုပ္ကိစၥ ခင္ဗ်ားနဲ႕ ​ေဆြး​ေႏြးမလို႔။ "

​ေစာမင္းခန့္က ​ေဘးက လူ​ေတြကို တစ္ခ်က္​ေဝ့ဝဲၾကည့္လိုက္သည္။အကုန္လုံးက တံခါး​ေပါက္မွာ ရပ္​ေန​ေသးတဲ့ ​ေစာမင္းခန့္ကို  ​ေျခလွမ္းရင္ ​ေျခ​ေထာက္က ဘယ္လို အ​​ေနအထားရွိလဲ ေစာင့္ၾကည့္​ေနပုံရွိသည္။

" ခင္ဗ်ား​ကို ေစာင့္​ေနရတာ အခ်ိန္ၾကာတယ္။ မ​ေ႐ြ႕နိုင္ရ​ေအာင္ ခင္ဗ်ားက က်ိဳး​ေနတာလား။ ​ေဆာရီး ... က်ိဳး​ေနတာပဲ​ေလ။ "

​ေစာမင္းခန့္က သက္ျပင္း ခပ္တိုးတိုးခ်ကာ လက္​ေလးတစ္ဖက္ကို ​ေနာက္ဘက္ပစ္ကာ ​ေက်ာမွာ ကပ္ထားၿပီး ပထမဆုံး ​ေျခလွမ္းကို စတင္လိုက္သည္။

" သိပ္အဆိုးႀကီး မဟုတ္​ေပမယ့္ ​ေထာ့နဲ႕​ေထာ့နဲ႕ ျဖစ္သြားတာပဲ။ သူ အရင္က အရမ္းသြက္တာ။ ဦး​​ေဇယ်ာက သူ႕ကို အားကိုးတယ္​​​ေလ။ "

​ေလာင္းကစား တုံကင္ျပား​ေလး​ေတြ ကိုင္ထားသည့္ဝိုင္းထဲက အမ်ိဳးသမီးတစ္​ေယာက္က ​ေျပာလိုက္​ေတာ့ က်န္တဲ့သူ​ေတြကပါ ​ေထာက္ခံသလို ​ေခါင္းၿငိမ့္သည္။

" ဆလိုင္းခမ္းမနား "

ဆလိုင္းက အံႀကိတ္ထားလိုက္မိသည္။ ဆလိုင္းကို နာမည္ အျပည့္အစုံ​ေခၚတတ္သည့္ ​ေစာမင္းခန့္၏ အသံ​ေလးကို အရင္က ဘယ္​ေလာက္​ေတာင္ ျမတ္နိုးခဲ့ရတာမို႔လဲ။ "

" ဘာလဲ "

​ေလွကားသုံးဆင့္​ေျမာက္မွာ ​ေရာက္​ေနတဲ့ ဆလိုင္းက ​ေစာမင္းခန့္ကို လွည့္ၾကည့္သည္။

" ငါ ...  မရဘူး ... အ​ေပၚတက္လို႔။ ခုနက ထိခိုက္ထားတာ ... ​ေျခ​ေထာက္။ "

​ဆလိုင္းက ၿပဳံးလိုက္သည္။ ​

" အဆင္​ေျပသလို တက္ခဲ့​ေလ။ က်ိဳး​ေနလည္း ခင္ဗ်ားမွာ လုပ္နိုင္စြမ္းရွိတာပဲ ဟုတ္တယ္မလား။ "

​ေစာမင္းခန့္က ​​ေခါင္းငုံ႕သြားသည္။ ဆလိုင္းက အ​ေပၚထပ္ကို တက္သြားၿပီး ရင္းႏွီး​ေနတဲ့သူ​ေတြနဲ႕ ​ေတြ႕​ေတာ့ စကား​ေျပာ​ေနသည္။ ​ေစာမင္းခန့္ကိုလည္း မၾကာခဏၾကည့္သည္။

​ေစာမင္းခန့္က ​ေလွကားလက္ရန္းကို အားျပဳကိုင္ကာ ​ေလွကား တစ္ထစ္ခ်င္း ျဖည္းျဖည္းခ်င္း တက္လာသည္။

" မင္းကအရမ္း​ေတာ္တာပဲ။ ​ေလးႏွစ္​ေလာက္​ အျခား​ေနရာမွာ သြား​ေနၿပီး ျပန္​ေပၚလာ​ေတာ့ ဆရာႀကီး ျဖစ္​ေနၿပီ။ မင္း ​ေတာ္​​ေတာ္ ႀကိဳးစားခဲ့ရမွာပဲ။"

အ​ေပၚဆုံး ​ေလွကားထစ္ကို ​​ေရာက္​ေတာ့ ​ေစာမင္းခန့္၏ နဖူးမွာ ​ေခြၽးစ​ေတြ ရွိ​ေနသည္။ ဆလိုင္းက ​ေစာမင္းခန့္ကို ၾကည့္လိုက္ကာ အရင္က ​ေဘးခန္းမွာ ​ေနခဲ့ဖူးတဲ့ တစ္​ေယာက္၏ စကားကို ​ျပန္​ေျဖလိုက္သည္။

" တြန္းအား​ေပးတဲ့သူ ရွိလို႔​ေလ။ "

​ေစာမင္းခန့္က ဆလိုင္းတို႔ ​ေဘးမွ ျဖတ္ကာ နား​ေနခန္းထဲ ဝင္သြားသည္။ ​ေစာမင္းခန့္၏ အရပ္က ရွည္​ေပမယ့္ အခု ပိန္လြန္းသြားတာမို႔ ပိုရွည္​ေနသ​ေယာင္ရွိသည္။ ​ေစာမင္းခန့္၏ ​ေက်ာျပင္က တကယ့္ကိုမွ ​ေသး​ေသး​ေလး​ပင္။လက္​ေကာက္ဝတ္​ေလး​ေတြကလည္း ​ေသး​ေသး​ေလး​ေတြျဖစ္သည္။ဆံပင္​ေလးက အ​ေနာက္​ေလးတင္ အနည္းငယ္ရွည္​ေနကာ ပါးပါးကပ္ကပ္​ေလးမို႔ မ်က္ႏွာက်သြယ္ၿပီး ႏႈတ္ခမ္းရဲရဲ​ေလး​​ေတြရွိသည့္ ​ေစာမင္းခန့္နဲ႕ လိုက္ဖက္သည္။သို႔​ေပမယ့္ ႏုနယ္တဲ့ ဒီလို ပုံစံ​ေလးနဲ႕ ဆန့္က်င္စြာ ​ေစာမင္းခန့္၏ စိတ္ဓါတ္က မာ​ေက်ာသည္။

" အလွည့္အ​ေျပာင္းတစ္ခုမွာ ခင္ဗ်ား ခံနိုင္ရည္ ရွိဖို႔ ​ေမွ်ာ္လင့္ပါတယ္။ခင္ဗ်ားအလွည့္တုန္းကလိုပဲ ကြၽန္​ေတာ္ကလည္း ငဲ့ညွာ​ေနမွာ မဟုတ္လို႔။ "

ဆက္ရန္









Continue lendo

Você também vai gostar

311K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
566K 36.7K 31
story description>>>>> start-5/10/2021 end-1/1/2022
236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...