ဆလိုင်း၏ ခေါင်းက ခြောက်ချက်တောင် ချုပ်လိုက်ရသည်။နှစ်ဆယ့်လေးနာရီအတွင်း စောင့်ကြည့်ရမည်လို့ ရန်ငြိမ်းကို ဆရာဝန်က သေချာမှာလိုက်သည်။နှစ်ဆယ့်လေးနာရီအတွင်း နှာခေါင်းမှ သွေးထွက်တာ၊ နားမှသွေးထွက်တာ အပြင် အလွန်အကျွံမူးတာ၊အန်တာ ရှိရင် သွေးကြောမှ သွေးစိမ့်တာ ဖြစ်တတ်တာမို့ ဆေးရုံတက်ရမည်။
" မင်းသက်သာလား။ "
ဆလိုင်းနိုးလာတော့ ရန်ငြိမ်းက ဘေးမှာရှိသည်။ အပြစ်တင်တဲ့ စကားတွေ ဆိုမလာဘဲ ရန်ငြိမ်းမှာ စိုးရိမ်စိတ်သာရှိသည်။ ခေါင်းက ပတ်တီးကို ဆလိုင်းက လက်လေးနဲ့ ကိုင်လိုက်ပြီး အိပ်ယာပေါ်က ထလိုက်တော့ ရန်ငြိမ်းက တွဲကူပေးသည်။
" အင်း ... သက်သာပါတယ်။ ဒဏ်ရာက နည်းနည်းတော့ ကိုက်နေတယ်။ "
" အကိုက်အခဲပျောက်ဆေးထိုးပေးဖို့ ငါဆရာဝန် သွားခေါ်လိုက်မယ်။ "
ဆရာဝန်သွားခေါ်ဖို့ ပြင်နေသော ရန်ငြိမ်း၏ လက်ကို ဆလိုင်းကို ဆွဲထားကာ ပြောသည်။
" ရတယ် ... ခဏထိုင်ဦး။ ငါ ပြောစရာရှိလို့။ "
" ဘာလဲ ပြောလေ။ "
ရန်ငြိမ်းက ဆလိုင်းကို စိတ်ပူကာ ပုံမှန်ထက် ပိုပြီး စိတ်ရှည်နေသည်။ ဆလိုင်း ခေါင်းကိုက်စေမည့် စကားတွေ မပြောဘဲ ပူညံပူညံလည်း မလုပ်ပေ။
" အစ်ကို ... ငါ့ကို လာကြည့်သေးလား။ "
ရန်ငြိမ်၏ မျက်နှာက တည်ကျသွားသည်။ ပြီးနောက် ဆလိုင်းကို ဂရုဏာဒေါသဖြင့် ကြည့်ကာ ပြောသည်။
" မကြည့်ဘူး။ မင်းသတိလစ်သွားတော့ အကုန်လုံး ပြာယာခတ်ကုန်ပေမယ့် သူကဘယ်ပျောက်သွားမှန်းကို မသိတာ။ မင်းကို ခွေးတစ်ကောင်လောက်တောင် တန်ဖိုးထားမနေဘူး။ အန်ကယ်ဇေယျာကတော့ ပြောသွားတယ်။ မင်းကို အခုလို လုပ်လို့ သူနဲ့သေချာ စကားပြောမယ်တဲ့။ သူ မင်းကို တောင်းပန်ရင်တောင် Feelမနေနဲ့။ အဲဒါ အန်ကယ်ဇေယျာခိုင်းလို့ မလွှဲသာလို့ ... အဲဒီကောင်က အကြင်နာတရား တစ်စက်မှ မရှိတဲ့ကောင်။ "
ဆလိုင်း ခေါင်းငြိမ့်လိုက်သည်။ စောမင်းခန့် အဲဒီလိုလူဆိုတာ နှလုံးသားက လက်မခံခဲ့ပေမယ့် ကိုယ်တွေ့ဖြစ်ရပ်တွေကြောင့် ခေါင်းငြိမ့်လိုက်သည်။
" စိတ်မပြတ်သေးဘူးမလား။ "
ဆလိုင်းက အခြားဖက်ကို အကြည့်လွှဲပြီးမှ ခေါင်းငြိမ့်သည်။
" မင်းလိုကောင်ကလည်း ရှားမှရှားပဲ။ အချစ်က ဘဝကြီးလား။သူ ... "
ဆလိုင်းက ငြိမ်ကျသွားတာမို့ ရန်ငြိမ်းက စကားကို ရပ်လိုက်သည်။စိတ်မကောင်းစရာတွေ ပြောပြီး မကျန်းမာတဲ့သူကို စိတ်မညစ်စေချင်ပေ။
နှစ်ယောက်လုံး တိတ်ဆိတ်နေကြတုန်းမှာ အခန်းတံခါးကို ဖွင့်ကာ ဆလိုင်းတို့ ဘေးအခန်းမှာ နေတဲ့ ရင်းနှီးနေတဲ့ တစ်ယောက်က သတင်းပေးသလို လာပြောသည်။
" အစ်ကို စောမင်းခန့် လာနေတယ်။ "
ရန်ငြိမ်းက စိတ်တို သွားပေမယ့် မျှော်လင့်ချက် ရောင်ခြည်သန်းလာတဲ့ ဆလိုင်း၏ မျက်လုံးတွေကို ကြည့်ပြီး ငြိမ်နေပေးဖို့ ရွေးချယ်လိုက်သည်။ ခဏအတွင်းမှာပဲ စောမင်းခန့်၏ အပြုံးအရယ် မရှိတဲ့မျက်နှာတည်တည်လေးကို အခန်းထဲမှာ မြင်လာရသည်။
နေယံက စောမင်းခန့်၏ ဘေးမှ ထွက်လာကာ လူမမာမေးသည့် ဆေးခြင်းတောင်းနှင့် မုန့်ခြင်းကို ဆလိုင်း၏ ကုတင်ဘေးက စားပွဲပေါ် လာတင်ပြီး ပြောသည်။
" မင်းအတွက် ဝယ်လာပေးတာ။ "
စောမင်းခန့်က ဆလိုင်း၏ မျက်နှာကို ကြည့်လိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ ကျောမှာ ကပ်ထားရင်း ဆလိုင်း အနားလျှောက်လာသည်။
" ဒီလောက်ပဲ ဖြစ်တာကို ကံကောင်းတယ်လို့ မှတ်လိုက်ပါ။ ဒီထက်ဆိုးရင် မင်း သေနေလောက်ပြီ။ "
ရန်ငြိမ်းက ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ စောမင်းခန့်ကို စိန်ခေါ်သလိုကြည့်ပြီး အော်ပြောသည်။
" ဘာစကားပြောတာလဲ။ "
" မင်း ငါ့ကို ဘာမှလုပ်လို့မရဘူး။ မင်းကိစ္စမဟုတ်ရင် ဝင်မပါနဲ့။ ငါက သူနားလည်ဖို့ သတိပေးနေတာ။ "
" ကျုပ်မသိလို့ မေးပါဦးမယ်။ ခင်ဗျားနဲ့ဆလိုင်းက ရန်သူတွေလား။ အနည်းဆုံးတော့ သူ ခင်ဗျားအပေါ် ကောင်းပေးခဲ့တာတွေအတွက် မိတ်ဆွေလောက်တော့ သဘောထားပေးသင့်ပါတယ်။ ခင်ဗျား ပိုင်ဆိုင်မှုတွေ၊ အာဏာတွေ မက်တာနဲ့ပဲ ဘာလို့ အကုန်လုံးကို ပြိုင်ဖက်လို သဘောထားနေတာလဲ။ "
" မိတ်ဆွေ ... ငါ့အတွက်မလိုဘူး။ မင်းပဲ မိတ်ဆွေလုပ်လိုက်။ငါ့ရဲ့ လမ်းမှာ လာမရှုပ်နဲ့။ "
ဆလိုင်းက စောမင်းခန့်၏ မျက်နှာကိုသာ ငေးနေမိသည်။ စောမင်းခန့် စကားပြောနေချိန် တလျှောက်လုံး ဒီလောက်ဆိုးဝါးတာတွေ ပြောတာတောင် စောမင်းခန့်က တွန့်ဆုတ်သွားတာမျိုး မရှိပေ။
စောမင်းခန့်က ဆလိုင်းဘက်ကို မျက်နှာ ပြန်လှည့်လာပြီး ပြောသည်။
" မင်းက ငါ့နောက်လိုက် လုပ်ချင်တယ်။ငါက ဘာလို့ မင်းလိုကောင်ကို အနားခေါ်ထားရမှာလဲ။ အန္တရာယ် ဒီလောက်များတဲ့ဟာ။ "
ဆလိုင်း၏ ပါးစပ်က စေးကပ်နေသလိုပင်။ စောမင်းခန့်ကို ပြောချင်တာတွေ အများကြီး ရှိပေမယ့် တစ်ခွန်းမှ ထွက်မလာပေ။
" မင်းက ငါ့ကို မိတ်ဆွေလိုသဘောထားတယ်။ ငါက အဲဒီလို မသတ်မှတ်တာမို့ ဝေးဝေးသွားစမ်းပါ။ "
" ကျွန်တော် အစ်ကို့ရဲ့ပြိုင်ဖက် ဖြစ်ချင်တာမဟုတ်ဘူး။ အဲဒါတွေလည်း မမက်ဘူး။ "
" ပြောမနေနဲ့ ဆလိုင်း။ မင်း ပြောလည်း သူယုံမှာ မဟုတ်ဘူး။ "
ရန်ငြိမ်းမှာ စောမင်းခန့်၏ မျက်နှာကို ထိုးချင်စိတ်ကို အတင်းဖိနှိပ်ထားရသည်။ ကာယကံရှင် ဖြစ်တဲ့ ဆလိုင်းကို ပိုပြီး အသည်းယားမိသည်။ ကိုယ့်ကို လမ်းဘေးက အလေအလွင့်ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမထားတဲ့သူကို ချစ်နေသေးလို့ ဆလိုင်းကိုပါ ရိုက်ချင်တာ လက်ယားနေပြီ။
စောမင်းခန့်က ဆလိုင်းအနားထိ တိုးကပ်လာပြီး ခါးကိုင်းလိုက်ကာ ဆလိုင်း၏ ပတ်တီးကို လက်ညှိုးဖြင့် ထိကိုင်ပြီး တိကျပြတ်သားတဲ့ စကားသံဖြင့် သေချာ ပြောသွားသည်။
" ဒီဒဏ်ရာကို မှတ်ထား။ အသည်းထဲ စွဲနေအောင် မှတ်ထား။ မဟုတ်ရင် ဒီထက်ပိုနာကျင်ရလိမ့်မယ်။ "
ဆလိုင်းမှာ ငိုချင်စိတ်တောင်ပေါက်သည်။ စောမင်းခန့်က ပုံစံနှင့်မလိုက်စွာ ရင့်သီးသည့် ခြိမ်းခြောက်စကားမျိုးတွေလည်း ပြောထွက်ပါသေးသည်။
" မသေဘူးဆိုတော့ ကောင်းပါတယ်။ ငါ ပြောတာတွေ နားလည်ရင်တော့ ပိုကောင်းမှာပေါ့။ "
စောမင်းခန့်က ခါးပြန်မတ်လိုက်သည်။ ပြီးနောက် ဆလိုင်းကို ကျောပေးသွားသည်။
" နေယံပြန်မယ်။ "
" ဟုတ်ကဲ့ "
နေယံက အခန်းတံခါးကို ဖွင့်ပေးသည်။ စောမင်းခန့်က ဆလိုင်းကို ခေါင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
" သတင်းမေးတဲ့ ပစ္စည်းတွေကတော့ ငါ့ရဲ့ စေတနာပါ။ ကောင်းကောင်းသုံးပါ။"
စောမင်းခန့် ထွက်သွားပြီး အခန်းတံခါး ပိတ်သွားသည်နှင့် ဆလိုင်းက ကုတင်ပေါ် မတ်မတ်ထိုင်နေရာမှ အောက်ကို လျောသွားကာ မျက်နှာကို တစ်ဖက်လှည့်ထားပြီး မျက်ရည်ကျသည်။ တိတ်တိတ်လေး ငိုတာ မဟုတ်ဘဲ ခံစားရသမျှ ရှိုက်ငိုတာမျိုးဖြစ်သည်။
" ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ် ရန်သူတစ်ယောက်လို သဘောထားတာက တော်တော်နာကျင်ရတယ်။ ငါ သေတော့မလိုဘဲ။ "
ဆလိုင်း၏ ခန္ဓာကိုယ်က ကွေးကုပ်သွားကာ အသံကျယ်ကျယ်ဖြင့် ငိုနေသည်။ ပထမဆုံး အချစ်က သေလောက်အောင် နာကျင်ရသည်။ စောမင်းခန့်၏ ပုံစံလေးကို စတွေ့ကတည်းက သဘောကျကာ တဖြည်းဖြည်းနဲ့ နစ်ဝင်လာတာမျိုးဖြစ်သည်။
ချစ်နေမိမှန်း သတိမထားမိခင်ကတည်းက စောမင်းခန့်နဲ့ ပတ်သတ်သမျှ တယုတယဖြစ်ခဲ့သည်။ စက်ဘီးနောက်ခုံမှာ စောမင်းခန့် ထိုင်သွားပြီးနောက် အဲဒီနောက်ခုံ၏ ပိုင်ရှင်က စောမင်းခန့်ဟုပဲ သတ်မှတ်ကာ ဒီနေ့အထိ ဘယ်သူ့မှတောင် ပေးမထိုင်ခဲ့ပေ။ဝုန်းဒိုင်းကြဲပြီး အများကြီး ချစ်မိတာမျိုး မဟုတ်ဘဲ စောမင်းခန့်၏ အပြုအမူလေးတွေကစ တသိမ့်သိမ့်နဲ့ ရင်ထဲ တစ်စတစ်စဖြင့် အနက်ရှိုင်းဆုံးထိ တိုးဝင်သွားတာမျိုး ဖြစ်သည်။
" စိတ်ထိန်းဦး။ "
ရန်ငြိမ်းကပါ ဆလိုင်း၏ ကျောကို ပုတ်ပေးကာ နှစ်သိမ့်ပေးသည်။
" သူ့ကို မချစ်မိခဲ့ရင် ကောင်းမယ်။ "
" အခုလည်း နောက်မကျသေးပါဘူး။ တဖြည်းဖြည်းတော့ အချိန်ယူရမှာပေါ့။ "
ဆလိုင်းက အသားဖြူတာမို့ မျက်နှာတစ်ခုလုံးက ချက်ချင်းပင်ရဲတောက်လာသည်။
" ဒီပစ္စည်းတွေလည်း လက်မခံနဲ့။ "
ရန်ငြိမ်းက စောမင်းခန့် ပေးသွားသမျှ ပစ္စည်းတွေကို လက်နဲ့ တွန်းချလိုက်သည်။ ဆေးပုလင်းတွေရော ၊ မုန့်ပုံးတွေပါ အကုန် ကြမ်းပေါ် ပြန့်ကြဲကုန်သည်။ ဆလိုင်း၏ ခံစားချက်တွေလိုပင်။
......................................
" ဆလိုင်း မင်းကို တွေ့ချင်လို့တဲ့။ လာရှာတဲ့သူရှိတယ်။ အိမ်မကြီးရဲ့ ဧည့်ခန်းမှာ စောင့်နေတယ်။ "
အခန်းထဲက စားပွဲခုံ ဘေးမှာ ဆလိုင်းက ထိုင်ရင်း အတွေးတွေဖြင့် မွန်းကြပ်နေတုန်းမှာ ဘေးအခန်းက တစ်ယောက်က လာပြောသည်။ဆလိုင်းက စောမင်းခန့်ဆီမှ ရထားသည့် ပီကေနှင့်Biologyစာရွက်ကို အမှိုက်ခြင်းထဲ ထည့်ပစ်ဖို့ လုပ်လိုက်၊ စိတ်မပြတ်လိုက် ဖြစ်နေသည်။
" အင်း ... လာပြီ။ "
နောက်ဆုံးမှာတော့ လွှင့်မပစ်ဖြစ်ဘဲ စားပွဲပေါ်ပဲ တင်ထားခဲ့သည်။ ဆလိုင်းက ပစ္စည်းနှစ်ခုကို ကြည့်ပြီး ဟင်းခနဲ သက်ပြင်းချသည်။
" ပစ္စည်းလေးတစ်ခုတောင် စွန့်ပစ်ဖို့ ခက်နေတာ။ လူသာဆိုရင် ... "
ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရင်း ဆလိုင်းက ခေါင်းကို ဖြေးညင်းစွာ ခါရမ်းသည်။ ဆလိုင်း ဧည့်ခန်းဆီရောက်တော့ စောမင်းခန့်ဘေးမှာ အမြဲမြင်တွေ့နေကျ အသက်ကြီးကြီး နှစ်ယောက် ဖြစ်နေသည်။
" ဘာကိစ္စရှိလို့လဲ။ "
ဆလိုင်းက စိတ်လှုပ်ရှားနေကာ ခပ်ဖြည်းဖြည်းချင်း မေးလိုက်သည်။ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က ဆလိုင်းကို ထိုင်ပြီးသည် အထိ စောင့်ကာ ဆလိုင်း အရှေ့မှာ အရင်တစ်နေ့က Projectကို ထုတ်ပြသည်။
" မင်း လက်ခံခဲ့တဲ့ လုပ်ငန်းမှာ အခြားညှိနှိုင်းစရာတွေရှိသေးတယ်။ "
" Projectကို လက်မှတ်ထိုးဖို့လား။ "
" အင်း .... အဲဒါအပြင် အခြားဟာတွေ ရှိသေးတယ်။ မင်း ဒီအလုပ်ကို ရအောင်ယူနိုင်ရင် စောမင်းခန့်က လက်ခံပေးမယ်တဲ့။ သူ့ဘေးမှာ အလုပ်လုပ်ဖို့အတွက်လေ။"
ဆလိုင်းက ချက်ချင်းပင် အားတက်လာသည်။အချစ်ကို ရူးရူးမူးမူးဖြစ်နေသည့် အသက်၂၀အရွယ် ဆလိုင်းက အလုပ်ကို နှစ်ခါတောင် မကြည့်ဘဲ လက်ခံဖို့ အဆင်သင့်ဖြစ်နေသည်။
" ဟုတ်ကဲ့ ။အစ်ကိုတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ "
" ငါတို့ ဒီမှာစောင့်နေမယ်။ သွားဖို့ ပြင်ဆင်လိုက်လေ။ "
ဆလိုင်းစိတ်ထဲ တစ်မျိုး ဖြစ်နေပေမယ့် မြေယာကိစ္စမို့ ပြသနာမရှိလောက်ဘူး ထင်သည်။ ဆလိုင်းက အခန်းထဲ တစ်ခေါက်ပြန်သွားပြီး ဂျာကင်အင်္ကျီထပ်ဝတ်သည်။ ဦးဇေယျာနဲ့ လိုက်သွားတဲ့ ရန်ငြိမ်းဆီကို messageတစ်စောင်ပို့လိုက်သည်။
' မင်း သူငယ်ချင်း ကံဇာတာ တက်လာပြီ။ အချစ်ရေး ကံကောင်းလာပြီ။ '
ပျော်စရာကိစ္စကို ခင်ရတဲ့သူတွေနဲ့ မျှဝေချင်တာ သဘာဝပင်။ရန်ငြိမ်းမအားဘူးဆိုတာ သိတာမို့ ဖုန်းမခေါ်ဘဲ messageသာ ပို့လိုက်သည်။
Biologyစာရွက်လေးထည့်ထားသည့် ဘောင်လေးကို ဆလိုင်းက နှုတ်ခမ်းဖြင့် ထိကာ နမ်းလိုက်သည်။ စောမင်းခန့်၏ လက်ချောင်းသွယ်သွယ်လေးတွေကို နမ်းလိုက်ရသလို ခံစားရတာမို့ အားပြည့်သွားသလိုပင်။
ဆလိုင်းက ကားအနောက်ခန်းမှာသာ ဝင်ထိုင်လိုက်သည်။ ဆလိုင်းတို့ရောက်သွားတော့ နေရာက ထူးခြားနေကာ ပုံမှန်ထက် ပိုတိတ်ဆိတ်နေသည်။မကောင်းတဲ့ အငွေ့အသက်တွေကို ဆလိုင်း ခံစားလို့ရသည်။
" ဒီနေရာဆိုတာ သေချာလို့လား "
ဆလိုင်း၏ မေးမြန်းသံအပြီးမှာပင် သေနတ်သံကို ချက်ချင်း ကြားရသည်။ကိုယ်တွေ့ကြုံရသည့် အချိန်မှာ သေနတ်သံက ထင်တာထက်ပိုပြီး ကျယ်ကာ ကြောက်ဖို့ကောင်းသည်။
ဒီလို အတွေ့အကြုံမျိုး မရှိဖူးတာမို့ ဆလိုင်း ဘာမှမလုပ်တတ်ပေ။ ကိုယ့်ကိုယ်ကိုယ် စိတ်အေးအောင် အရင်ဆုံး စိတ်ကို ပြင်ဆင်ထားသည်။ကားထဲမှာ ဆက်နေ နေရင် သေသွားနိုင်သည်။
ဆလိုင်း ကားထဲမှ ထွက်လိုက်တော့ မျက်စိရှေ့မှာ ယမ်းငွေ့တွေတအူအူနဲ့ မြင်ကွင်းက မရှင်းလင်းပေ။ ဆလိုင်းကို ခေါ်လာသည့် နှစ်ယောက်ကိုလည်း မတွေ့တော့ပေ။ အသံတွေကြားနေရပေမယ့် ဘယ်က လာနေမှန်းလဲ မသိကာ ဘယ်လို ရှောင်ရမလဲ ဆိုတာလည်း မသိပေ။
" တွေ့ပြီ။ "
ဆလိုင်းဆီကို ပြေးလာသည့် ခြေသံတွေက အားပါသည်။ ဘယ်သူမှန်း မသိသည့် လူတွေက ဝိုင်းရိုက်တာ ခံရသည်။လူတွေကို သဲကွဲအောင် မကြည့်နိုင်ခင် တစ်ယောက်ချင်းစီက နှိပ်စက်တာကို ခံရသည်။
" ဘာလို့ရိုက်နေတာလဲ။ အလကား အချိန်ကုန်အောင်။ "
မြင်ကွင်းတွေ ဝေဝါးနေပေမယ့် စကားသံတွေက ရှင်းလင်းသည်။
" သတ်ပစ်ရမှာလား။ "
" သတ်လိုက်လို့ ခေါင်းဆောင်က မှာလိုက်တာပဲ။ သေမယ့်နေရာ တစ်ချက်တည်း ထိုးလိုက်။ အလကား ... အချိန်ကုန်တယ်။"
ခေါင်းဆောင်က ဘယ်သူဖြစ်မည်လဲ၊ စောမင်းခန့်လား၊ စောမင်းခန့်က ခေါ်ခဲ့ခိုင်းတာမို့ စောမင်းခန့်မဟုတ်ရင် ဘယ်သူမှ မဖြစ်နိုင်ပေ။ စောမင်းခန့် ဒီလို အလုပ်တွေပါ လုပ်နေတာလား၊ ငွေတစ်ခုတည်းအတွက်လေ၊ ဆလိုင်း အများကြီးတွေးနေမိသည်။ ကန့်ချက်တွေက နာပေမယ့် ခံစားချက်က ပိုနာတာမို့ ဂရုမစိုက်နိုင်ပေ။
" တကယ်ကြီးလား။ "
ဆလိုင်း နှုတ်မှခပ်တိုးတိုး ရေရွတ်ရင်း မငိုဘဲ ရယ်လိုက်မိသည်။ ဆလိုင်းကို အကြိမ်ကြိမ် သတိပေးပြီးနောက်မှာ စောမင်းခန့်ကို ပတ်သတ်ဖို့ ကြိုးစားခဲ့တာမို့ ဒီလို လုပ်တာမဆန်းပေ။တဖက်လှည့်နဲ့ ညာခေါ်ပြီး အဆုံးသတ်ပေးသွားသည်။
' အနားမှာနေချင်ရုံလေးပါ၊ ချစ်တာတစ်ခုတည်းအတွက် အနားမှာ ကပ်နေချင်ရုံလေးတင်ပါ၊ အာဏာတွေ ရာထူးအဆင့်တွေကိုလည်း မလုသလို ပိုင်ဆိုင်မှုတွေလည်း မမက်ပါဘူး။ ဒီအတိုင်းလေး ချစ်မိသွားရုံလေးတင်ပါ။ '
ဆလိုင်းက အလားအလာ ကောင်းသူ တစ်ယောက်လို့ဦးဇေယျာက အမြဲချီးကျူးခဲ့သည်။သူ့လုပ်ငန်းတွေမှာ ဆလိုင်း ပါဝင်လာဖို့ အမြဲ ကြိုဆိုထားသည်။ဒါလေးအတွက်နဲ့ စောမင်းခန့်က ဒီလောက်ထိ လုပ်တာ သိရတော့ ရင်နာသည်။မဟုတ်သေးဘူး ..ရင်နာတာထက်ပိုကာ ရင်ကွဲတာဖြစ်မည်။
" ဘာဖြစ်သွားပြီလဲ။ "
ဆလိုင်း၏ ခေါင်းတွေပါ ကန်ခံရတာမို့ ဝေဝါးနေချိန်မှာ စောမင်းခန့်၏ အသံကို ကြားရသည်။ဆလိုင်း၏ ဗိုက်မှာလည်း ချွန်ထက်သည့် ပစ္စည်းဖြင့် နှစ်ကြိမ်တိတိ ထိုးခံထားရသေးသည်။ ဆလိုင်းသေသလား၊ မသေမရှင် ဖြစ်နေသလား လာပြီး အတည်ပြုတာ ဖြစ်မည်။ စောမင်းခန့်၏ မျက်နှာကို နောက်ဆုံး ဝေဝေဝါးဝါး မြင်လိုက်ရပြီး ဆလိုင်း၏ လက်နှစ်ဖက်လုံး လက်သီးကို တင်းနေအောင် ဆုပ်ထားသည်။သို့ပေမယ့် ဆလိုင်း ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ သွေးအိုင်ထဲမှာ မျက်လုံးတွေ မှိတ်သွားသည်။
သေပစ်လိုက်မည်။ သေတာတောင် နည်းသေးသည်။ ဒီလိုလူကို ချစ်ခဲ့ပြီး ရူးမိုက်ခဲ့တာမို့ သေသင့်သည်။ အကယ်လို့ ... အကယ်လို့ဆိုတာများ ရှိခဲ့ရင် ဒီလောက်ထိ ရက်စက်ခဲ့တဲ့ စောမင်းခန့်ကို တစစီ ဆုတ်ဖြဲပစ်ကာ ခန္ဓာကိုယ်ကို ထပ်တူ နာကျင်ခိုင်းမည်။အသက်ရှင်လျက်နဲ့ သေလူလိုဖြစ်အောင် ခံစားစေမည်။စောမင်းခန့် တစ်ဘဝလုံး အမြဲနာကျင်ခံစားရအောင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ နင်းချေပစ်ချင်သည်။
မုန်းတာထက်ပိုသည့် နာကျည်းတာမျိုးဖြစ်သည်။ ဘယ်လို ဖြေဆေးမှ မတိုးတော့ပေ။ အကယ်လို့များ အသက်ရှင်ခဲ့ရင် စောမင်းခန့်ကို ဘယ်သောအခါမှ ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။
ဆက်ရန်
Zawgyi
ဆလိုင္း၏ ေခါင္းက ေျခာက္ခ်က္ေတာင္ ခ်ဳပ္လိုက္ရသည္။ႏွစ္ဆယ့္ေလးနာရီအတြင္း ေစာင့္ၾကည့္ရမည္လို႔ ရန္ၿငိမ္းကို ဆရာဝန္က ေသခ်ာမွာလိုက္သည္။ႏွစ္ဆယ့္ေလးနာရီအတြင္း ႏွာေခါင္းမွ ေသြးထြက္တာ၊ နားမွေသြးထြက္တာ အျပင္ အလြန္အကြၽံမူးတာ၊အန္တာ ရွိရင္ ေသြးေၾကာမွ ေသြးစိမ့္တာ ျဖစ္တတ္တာမို႔ ေဆး႐ုံတက္ရမည္။
" မင္းသက္သာလား။ "
ဆလိုင္းနိုးလာေတာ့ ရန္ၿငိမ္းက ေဘးမွာရွိသည္။ အျပစ္တင္တဲ့ စကားေတြ ဆိုမလာဘဲ ရန္ၿငိမ္းမွာ စိုးရိမ္စိတ္သာရွိသည္။ ေခါင္းက ပတ္တီးကို ဆလိုင္းက လက္ေလးနဲ႕ ကိုင္လိုက္ၿပီး အိပ္ယာေပၚက ထလိုက္ေတာ့ ရန္ၿငိမ္းက တြဲကူေပးသည္။
" အင္း ... သက္သာပါတယ္။ ဒဏ္ရာက နည္းနည္းေတာ့ ကိုက္ေနတယ္။ "
" အကိုက္အခဲေပ်ာက္ေဆးထိုးေပးဖို႔ ငါဆရာဝန္ သြားေခၚလိုက္မယ္။ "
ဆရာဝန္သြားေခၚဖို႔ ျပင္ေနေသာ ရန္ၿငိမ္း၏ လက္ကို ဆလိုင္းကို ဆြဲထားကာ ေျပာသည္။
" ရတယ္ ... ခဏထိုင္ဦး။ ငါ ေျပာစရာရွိလို႔။ "
" ဘာလဲ ေျပာေလ။ "
ရန္ၿငိမ္းက ဆလိုင္းကို စိတ္ပူကာ ပုံမွန္ထက္ ပိုၿပီး စိတ္ရွည္ေနသည္။ ဆလိုင္း ေခါင္းကိုက္ေစမည့္ စကားေတြ မေျပာဘဲ ပူညံပူညံလည္း မလုပ္ေပ။
" အစ္ကို ... ငါ့ကို လာၾကည့္ေသးလား။ "
ရန္ၿငိမ္၏ မ်က္ႏွာက တည္က်သြားသည္။ ၿပီးေနာက္ ဆလိုင္းကို ဂ႐ုဏာေဒါသျဖင့္ ၾကည့္ကာ ေျပာသည္။
" မၾကည့္ဘူး။ မင္းသတိလစ္သြားေတာ့ အကုန္လုံး ျပာယာခတ္ကုန္ေပမယ့္ သူကဘယ္ေပ်ာက္သြားမွန္းကို မသိတာ။ မင္းကို ေခြးတစ္ေကာင္ေလာက္ေတာင္ တန္ဖိုးထားမေနဘူး။ အန္ကယ္ေဇယ်ာကေတာ့ ေျပာသြားတယ္။ မင္းကို အခုလို လုပ္လို႔ သူနဲ႕ေသခ်ာ စကားေျပာမယ္တဲ့။ သူ မင္းကို ေတာင္းပန္ရင္ေတာင္ Feelမေနနဲ႕။ အဲဒါ အန္ကယ္ေဇယ်ာခိုင္းလို႔ မလႊဲသာလို႔ ... အဲဒီေကာင္က အၾကင္နာတရား တစ္စက္မွ မရွိတဲ့ေကာင္။ "
ဆလိုင္း ေခါင္းၿငိမ့္လိုက္သည္။ ေစာမင္းခန့္ အဲဒီလိုလူဆိုတာ ႏွလုံးသားက လက္မခံခဲ့ေပမယ့္ ကိုယ္ေတြ႕ျဖစ္ရပ္ေတြေၾကာင့္ ေခါင္းၿငိမ့္လိုက္သည္။
" စိတ္မျပတ္ေသးဘူးမလား။ "
ဆလိုင္းက အျခားဖက္ကို အၾကည့္လႊဲၿပီးမွ ေခါင္းၿငိမ့္သည္။
" မင္းလိုေကာင္ကလည္း ရွားမွရွားပဲ။ အခ်စ္က ဘဝႀကီးလား။သူ ... "
ဆလိုင္းက ၿငိမ္က်သြားတာမို႔ ရန္ၿငိမ္းက စကားကို ရပ္လိုက္သည္။စိတ္မေကာင္းစရာေတြ ေျပာၿပီး မက်န္းမာတဲ့သူကို စိတ္မညစ္ေစခ်င္ေပ။
ႏွစ္ေယာက္လုံး တိတ္ဆိတ္ေနၾကတုန္းမွာ အခန္းတံခါးကို ဖြင့္ကာ ဆလိုင္းတို႔ ေဘးအခန္းမွာ ေနတဲ့ ရင္းႏွီးေနတဲ့ တစ္ေယာက္က သတင္းေပးသလို လာေျပာသည္။
" အစ္ကို ေစာမင္းခန့္ လာေနတယ္။ "
ရန္ၿငိမ္းက စိတ္တို သြားေပမယ့္ ေမွ်ာ္လင့္ခ်က္ ေရာင္ျခည္သန္းလာတဲ့ ဆလိုင္း၏ မ်က္လုံးေတြကို ၾကည့္ၿပီး ၿငိမ္ေနေပးဖို႔ ေ႐ြးခ်ယ္လိုက္သည္။ ခဏအတြင္းမွာပဲ ေစာမင္းခန့္၏ အၿပဳံးအရယ္ မရွိတဲ့မ်က္ႏွာတည္တည္ေလးကို အခန္းထဲမွာ ျမင္လာရသည္။
ေနယံက ေစာမင္းခန့္၏ ေဘးမွ ထြက္လာကာ လူမမာေမးသည့္ ေဆးျခင္းေတာင္းႏွင့္ မုန့္ျခင္းကို ဆလိုင္း၏ ကုတင္ေဘးက စားပြဲေပၚ လာတင္ၿပီး ေျပာသည္။
" မင္းအတြက္ ဝယ္လာေပးတာ။ "
ေစာမင္းခန့္က ဆလိုင္း၏ မ်က္ႏွာကို ၾကည့္လိုက္ၿပီး လက္တစ္ဖက္ကို ေနာက္ပစ္ကာ ေက်ာမွာ ကပ္ထားရင္း ဆလိုင္း အနားေလွ်ာက္လာသည္။
" ဒီေလာက္ပဲ ျဖစ္တာကို ကံေကာင္းတယ္လို႔ မွတ္လိုက္ပါ။ ဒီထက္ဆိုးရင္ မင္း ေသေနေလာက္ၿပီ။ "
ရန္ၿငိမ္းက ထိုင္ေနရာမွ ဝုန္းခနဲ ထရပ္ကာ ေစာမင္းခန့္ကို စိန္ေခၚသလိုၾကည့္ၿပီး ေအာ္ေျပာသည္။
" ဘာစကားေျပာတာလဲ။ "
" မင္း ငါ့ကို ဘာမွလုပ္လို႔မရဘူး။ မင္းကိစၥမဟုတ္ရင္ ဝင္မပါနဲ႕။ ငါက သူနားလည္ဖို႔ သတိေပးေနတာ။ "
" က်ဳပ္မသိလို႔ ေမးပါဦးမယ္။ ခင္ဗ်ားနဲ႕ဆလိုင္းက ရန္သူေတြလား။ အနည္းဆုံးေတာ့ သူ ခင္ဗ်ားအေပၚ ေကာင္းေပးခဲ့တာေတြအတြက္ မိတ္ေဆြေလာက္ေတာ့ သေဘာထားေပးသင့္ပါတယ္။ ခင္ဗ်ား ပိုင္ဆိုင္မႈေတြ၊ အာဏာေတြ မက္တာနဲ႕ပဲ ဘာလို႔ အကုန္လုံးကို ၿပိဳင္ဖက္လို သေဘာထားေနတာလဲ။ "
" မိတ္ေဆြ ... ငါ့အတြက္မလိုဘူး။ မင္းပဲ မိတ္ေဆြလုပ္လိုက္။ငါ့ရဲ႕ လမ္းမွာ လာမရႈပ္နဲ႕။ "
ဆလိုင္းက ေစာမင္းခန့္၏ မ်က္ႏွာကိုသာ ေငးေနမိသည္။ ေစာမင္းခန့္ စကားေျပာေနခ်ိန္ တေလွ်ာက္လုံး ဒီေလာက္ဆိုးဝါးတာေတြ ေျပာတာေတာင္ ေစာမင္းခန့္က တြန့္ဆုတ္သြားတာမ်ိဳး မရွိေပ။
ေစာမင္းခန့္က ဆလိုင္းဘက္ကို မ်က္ႏွာ ျပန္လွည့္လာၿပီး ေျပာသည္။
" မင္းက ငါ့ေနာက္လိုက္ လုပ္ခ်င္တယ္။ငါက ဘာလို႔ မင္းလိုေကာင္ကို အနားေခၚထားရမွာလဲ။ အႏၲရာယ္ ဒီေလာက္မ်ားတဲ့ဟာ။ "
ဆလိုင္း၏ ပါးစပ္က ေစးကပ္ေနသလိုပင္။ ေစာမင္းခန့္ကို ေျပာခ်င္တာေတြ အမ်ားႀကီး ရွိေပမယ့္ တစ္ခြန္းမွ ထြက္မလာေပ။
" မင္းက ငါ့ကို မိတ္ေဆြလိုသေဘာထားတယ္။ ငါက အဲဒီလို မသတ္မွတ္တာမို႔ ေဝးေဝးသြားစမ္းပါ။ "
" ကြၽန္ေတာ္ အစ္ကို႔ရဲ႕ၿပိဳင္ဖက္ ျဖစ္ခ်င္တာမဟုတ္ဘူး။ အဲဒါေတြလည္း မမက္ဘူး။ "
" ေျပာမေနနဲ႕ ဆလိုင္း။ မင္း ေျပာလည္း သူယုံမွာ မဟုတ္ဘူး။ "
ရန္ၿငိမ္းမွာ ေစာမင္းခန့္၏ မ်က္ႏွာကို ထိုးခ်င္စိတ္ကို အတင္းဖိႏွိပ္ထားရသည္။ ကာယကံရွင္ ျဖစ္တဲ့ ဆလိုင္းကို ပိုၿပီး အသည္းယားမိသည္။ ကိုယ့္ကို လမ္းေဘးက အေလအလြင့္ေခြးတစ္ေကာင္ေလာက္ေတာင္ တန္ဖိုးမထားတဲ့သူကို ခ်စ္ေနေသးလို႔ ဆလိုင္းကိုပါ ရိုက္ခ်င္တာ လက္ယားေနၿပီ။
ေစာမင္းခန့္က ဆလိုင္းအနားထိ တိုးကပ္လာၿပီး ခါးကိုင္းလိုက္ကာ ဆလိုင္း၏ ပတ္တီးကို လက္ညွိုးျဖင့္ ထိကိုင္ၿပီး တိက်ျပတ္သားတဲ့ စကားသံျဖင့္ ေသခ်ာ ေျပာသြားသည္။
" ဒီဒဏ္ရာကို မွတ္ထား။ အသည္းထဲ စြဲေနေအာင္ မွတ္ထား။ မဟုတ္ရင္ ဒီထက္ပိုနာက်င္ရလိမ့္မယ္။ "
ဆလိုင္းမွာ ငိုခ်င္စိတ္ေတာင္ေပါက္သည္။ ေစာမင္းခန့္က ပုံစံႏွင့္မလိုက္စြာ ရင့္သီးသည့္ ၿခိမ္းေျခာက္စကားမ်ိဳးေတြလည္း ေျပာထြက္ပါေသးသည္။
" မေသဘူးဆိုေတာ့ ေကာင္းပါတယ္။ ငါ ေျပာတာေတြ နားလည္ရင္ေတာ့ ပိုေကာင္းမွာေပါ့။ "
ေစာမင္းခန့္က ခါးျပန္မတ္လိုက္သည္။ ၿပီးေနာက္ ဆလိုင္းကို ေက်ာေပးသြားသည္။
" ေနယံျပန္မယ္။ "
" ဟုတ္ကဲ့ "
ေနယံက အခန္းတံခါးကို ဖြင့္ေပးသည္။ ေစာမင္းခန့္က ဆလိုင္းကို ေခါင္းငဲ့ၾကည့္ကာ ေျပာလိုက္သည္။
" သတင္းေမးတဲ့ ပစၥည္းေတြကေတာ့ ငါ့ရဲ႕ ေစတနာပါ။ ေကာင္းေကာင္းသုံးပါ။"
ေစာမင္းခန့္ ထြက္သြားၿပီး အခန္းတံခါး ပိတ္သြားသည္ႏွင့္ ဆလိုင္းက ကုတင္ေပၚ မတ္မတ္ထိုင္ေနရာမွ ေအာက္ကို ေလ်ာသြားကာ မ်က္ႏွာကို တစ္ဖက္လွည့္ထားၿပီး မ်က္ရည္က်သည္။ တိတ္တိတ္ေလး ငိုတာ မဟုတ္ဘဲ ခံစားရသမွ် ရွိုက္ငိုတာမ်ိဳးျဖစ္သည္။
" ကိုယ္ခ်စ္တဲ့သူက ကိုယ့္အေပၚ ရန္သူတစ္ေယာက္လို သေဘာထားတာက ေတာ္ေတာ္နာက်င္ရတယ္။ ငါ ေသေတာ့မလိုဘဲ။ "
ဆလိုင္း၏ ခႏၶာကိုယ္က ေကြးကုပ္သြားကာ အသံက်ယ္က်ယ္ျဖင့္ ငိုေနသည္။ ပထမဆုံး အခ်စ္က ေသေလာက္ေအာင္ နာက်င္ရသည္။ ေစာမင္းခန့္၏ ပုံစံေလးကို စေတြ႕ကတည္းက သေဘာက်ကာ တျဖည္းျဖည္းနဲ႕ နစ္ဝင္လာတာမ်ိဳးျဖစ္သည္။
ခ်စ္ေနမိမွန္း သတိမထားမိခင္ကတည္းက ေစာမင္းခန့္နဲ႕ ပတ္သတ္သမွ် တယုတယျဖစ္ခဲ့သည္။ စက္ဘီးေနာက္ခုံမွာ ေစာမင္းခန့္ ထိုင္သြားၿပီးေနာက္ အဲဒီေနာက္ခုံ၏ ပိုင္ရွင္က ေစာမင္းခန့္ဟုပဲ သတ္မွတ္ကာ ဒီေန႕အထိ ဘယ္သူ႕မွေတာင္ ေပးမထိုင္ခဲ့ေပ။ဝုန္းဒိုင္းႀကဲၿပီး အမ်ားႀကီး ခ်စ္မိတာမ်ိဳး မဟုတ္ဘဲ ေစာမင္းခန့္၏ အျပဳအမူေလးေတြကစ တသိမ့္သိမ့္နဲ႕ ရင္ထဲ တစ္စတစ္စျဖင့္ အနက္ရွိုင္းဆုံးထိ တိုးဝင္သြားတာမ်ိဳး ျဖစ္သည္။
" စိတ္ထိန္းဦး။ "
ရန္ၿငိမ္းကပါ ဆလိုင္း၏ ေက်ာကို ပုတ္ေပးကာ ႏွစ္သိမ့္ေပးသည္။
" သူ႕ကို မခ်စ္မိခဲ့ရင္ ေကာင္းမယ္။ "
" အခုလည္း ေနာက္မက်ေသးပါဘူး။ တျဖည္းျဖည္းေတာ့ အခ်ိန္ယူရမွာေပါ့။ "
ဆလိုင္းက အသားျဖဴတာမို႔ မ်က္ႏွာတစ္ခုလုံးက ခ်က္ခ်င္းပင္ရဲေတာက္လာသည္။
" ဒီပစၥည္းေတြလည္း လက္မခံနဲ႕။ "
ရန္ၿငိမ္းက ေစာမင္းခန့္ ေပးသြားသမွ် ပစၥည္းေတြကို လက္နဲ႕ တြန္းခ်လိဳက္သည္။ ေဆးပုလင္းေတြေရာ ၊ မုန့္ပုံးေတြပါ အကုန္ ၾကမ္းေပၚ ျပန့္ႀကဲကုန္သည္။ ဆလိုင္း၏ ခံစားခ်က္ေတြလိုပင္။
......................................
" ဆလိုင္း မင္းကို ေတြ႕ခ်င္လို႔တဲ့။ လာရွာတဲ့သူရွိတယ္။ အိမ္မႀကီးရဲ႕ ဧည့္ခန္းမွာ ေစာင့္ေနတယ္။ "
အခန္းထဲက စားပြဲခုံ ေဘးမွာ ဆလိုင္းက ထိုင္ရင္း အေတြးေတြျဖင့္ မြန္းၾကပ္ေနတုန္းမွာ ေဘးအခန္းက တစ္ေယာက္က လာေျပာသည္။ဆလိုင္းက ေစာမင္းခန့္ဆီမွ ရထားသည့္ ပီေကႏွင့္Biologyစာ႐ြက္ကို အမွိုက္ျခင္းထဲ ထည့္ပစ္ဖို႔ လုပ္လိုက္၊ စိတ္မျပတ္လိုက္ ျဖစ္ေနသည္။
" အင္း ... လာၿပီ။ "
ေနာက္ဆုံးမွာေတာ့ လႊင့္မပစ္ျဖစ္ဘဲ စားပြဲေပၚပဲ တင္ထားခဲ့သည္။ ဆလိုင္းက ပစၥည္းႏွစ္ခုကို ၾကည့္ၿပီး ဟင္းခနဲ သက္ျပင္းခ်သည္။
" ပစၥည္းေလးတစ္ခုေတာင္ စြန့္ပစ္ဖို႔ ခက္ေနတာ။ လူသာဆိုရင္ ... "
ကိုယ့္အေၾကာင္း ကိုယ္ျပန္ေတြးရင္း ဆလိုင္းက ေခါင္းကို ေျဖးညင္းစြာ ခါရမ္းသည္။ ဆလိုင္း ဧည့္ခန္းဆီေရာက္ေတာ့ ေစာမင္းခန့္ေဘးမွာ အၿမဲျမင္ေတြ႕ေနက် အသက္ႀကီးႀကီး ႏွစ္ေယာက္ ျဖစ္ေနသည္။
" ဘာကိစၥရွိလို႔လဲ။ "
ဆလိုင္းက စိတ္လႈပ္ရွားေနကာ ခပ္ျဖည္းျဖည္းခ်င္း ေမးလိုက္သည္။ထိုလူႏွစ္ေယာက္ထဲမွ တစ္ေယာက္က ဆလိုင္းကို ထိုင္ၿပီးသည္ အထိ ေစာင့္ကာ ဆလိုင္း အေရွ႕မွာ အရင္တစ္ေန႕က Projectကို ထုတ္ျပသည္။
" မင္း လက္ခံခဲ့တဲ့ လုပ္ငန္းမွာ အျခားညွိႏွိုင္းစရာေတြရွိေသးတယ္။ "
" Projectကို လက္မွတ္ထိုးဖို႔လား။ "
" အင္း .... အဲဒါအျပင္ အျခားဟာေတြ ရွိေသးတယ္။ မင္း ဒီအလုပ္ကို ရေအာင္ယူနိုင္ရင္ ေစာမင္းခန့္က လက္ခံေပးမယ္တဲ့။ သူ႕ေဘးမွာ အလုပ္လုပ္ဖို႔အတြက္ေလ။"
ဆလိုင္းက ခ်က္ခ်င္းပင္ အားတက္လာသည္။အခ်စ္ကို ႐ူး႐ူးမူးမူးျဖစ္ေနသည့္ အသက္၂၀အ႐ြယ္ ဆလိုင္းက အလုပ္ကို ႏွစ္ခါေတာင္ မၾကည့္ဘဲ လက္ခံဖို႔ အဆင္သင့္ျဖစ္ေနသည္။
" ဟုတ္ကဲ့ ။အစ္ကိုတို႔ကိုလည္း ေက်းဇူးတင္ပါတယ္။ "
" ငါတို႔ ဒီမွာေစာင့္ေနမယ္။ သြားဖို႔ ျပင္ဆင္လိုက္ေလ။ "
ဆလိုင္းစိတ္ထဲ တစ္မ်ိဳး ျဖစ္ေနေပမယ့္ ေျမယာကိစၥမို႔ ျပသနာမရွိေလာက္ဘူး ထင္သည္။ ဆလိုင္းက အခန္းထဲ တစ္ေခါက္ျပန္သြားၿပီး ဂ်ာကင္အကၤ်ီထပ္ဝတ္သည္။ ဦးေဇယ်ာနဲ႕ လိုက္သြားတဲ့ ရန္ၿငိမ္းဆီကို messageတစ္ေစာင္ပို႔လိုက္သည္။
' မင္း သူငယ္ခ်င္း ကံဇာတာ တက္လာၿပီ။ အခ်စ္ေရး ကံေကာင္းလာၿပီ။ '
ေပ်ာ္စရာကိစၥကို ခင္ရတဲ့သူေတြနဲ႕ မွ်ေဝခ်င္တာ သဘာဝပင္။ရန္ၿငိမ္းမအားဘူးဆိုတာ သိတာမို႔ ဖုန္းမေခၚဘဲ messageသာ ပို႔လိုက္သည္။
Biologyစာ႐ြက္ေလးထည့္ထားသည့္ ေဘာင္ေလးကို ဆလိုင္းက ႏႈတ္ခမ္းျဖင့္ ထိကာ နမ္းလိုက္သည္။ ေစာမင္းခန့္၏ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို နမ္းလိုက္ရသလို ခံစားရတာမို႔ အားျပည့္သြားသလိုပင္။
ဆလိုင္းက ကားအေနာက္ခန္းမွာသာ ဝင္ထိုင္လိုက္သည္။ ဆလိုင္းတို႔ေရာက္သြားေတာ့ ေနရာက ထူးျခားေနကာ ပုံမွန္ထက္ ပိုတိတ္ဆိတ္ေနသည္။မေကာင္းတဲ့ အေငြ႕အသက္ေတြကို ဆလိုင္း ခံစားလို႔ရသည္။
" ဒီေနရာဆိုတာ ေသခ်ာလို႔လား "
ဆလိုင္း၏ ေမးျမန္းသံအၿပီးမွာပင္ ေသနတ္သံကို ခ်က္ခ်င္း ၾကားရသည္။ကိုယ္ေတြ႕ႀကဳံရသည့္ အခ်ိန္မွာ ေသနတ္သံက ထင္တာထက္ပိုၿပီး က်ယ္ကာ ေၾကာက္ဖို႔ေကာင္းသည္။
ဒီလို အေတြ႕အႀကဳံမ်ိဳး မရွိဖူးတာမို႔ ဆလိုင္း ဘာမွမလုပ္တတ္ေပ။ ကိုယ့္ကိုယ္ကိုယ္ စိတ္ေအးေအာင္ အရင္ဆုံး စိတ္ကို ျပင္ဆင္ထားသည္။ကားထဲမွာ ဆက္ေန ေနရင္ ေသသြားနိုင္သည္။
ဆလိုင္း ကားထဲမွ ထြက္လိုက္ေတာ့ မ်က္စိေရွ႕မွာ ယမ္းေငြ႕ေတြတအူအူနဲ႕ ျမင္ကြင္းက မရွင္းလင္းေပ။ ဆလိုင္းကို ေခၚလာသည့္ ႏွစ္ေယာက္ကိုလည္း မေတြ႕ေတာ့ေပ။ အသံေတြၾကားေနရေပမယ့္ ဘယ္က လာေနမွန္းလဲ မသိကာ ဘယ္လို ေရွာင္ရမလဲ ဆိုတာလည္း မသိေပ။
" ေတြ႕ၿပီ။ "
ဆလိုင္းဆီကို ေျပးလာသည့္ ေျခသံေတြက အားပါသည္။ ဘယ္သူမွန္း မသိသည့္ လူေတြက ဝိုင္းရိုက္တာ ခံရသည္။လူေတြကို သဲကြဲေအာင္ မၾကည့္နိုင္ခင္ တစ္ေယာက္ခ်င္းစီက ႏွိပ္စက္တာကို ခံရသည္။
" ဘာလို႔ရိုက္ေနတာလဲ။ အလကား အခ်ိန္ကုန္ေအာင္။ "
ျမင္ကြင္းေတြ ေဝဝါးေနေပမယ့္ စကားသံေတြက ရွင္းလင္းသည္။
" သတ္ပစ္ရမွာလား။ "
" သတ္လိုက္လို႔ ေခါင္းေဆာင္က မွာလိုက္တာပဲ။ ေသမယ့္ေနရာ တစ္ခ်က္တည္း ထိုးလိုက္။ အလကား ... အခ်ိန္ကုန္တယ္။"
ေခါင္းေဆာင္က ဘယ္သူျဖစ္မည္လဲ၊ ေစာမင္းခန့္လား၊ ေစာမင္းခန့္က ေခၚခဲ့ခိုင္းတာမို႔ ေစာမင္းခန့္မဟုတ္ရင္ ဘယ္သူမွ မျဖစ္နိုင္ေပ။ ေစာမင္းခန့္ ဒီလို အလုပ္ေတြပါ လုပ္ေနတာလား၊ ေငြတစ္ခုတည္းအတြက္ေလ၊ ဆလိုင္း အမ်ားႀကီးေတြးေနမိသည္။ ကန့္ခ်က္ေတြက နာေပမယ့္ ခံစားခ်က္က ပိုနာတာမို႔ ဂ႐ုမစိုက္နိုင္ေပ။
" တကယ္ႀကီးလား။ "
ဆလိုင္း ႏႈတ္မွခပ္တိုးတိုး ေရ႐ြတ္ရင္း မငိုဘဲ ရယ္လိုက္မိသည္။ ဆလိုင္းကို အႀကိမ္ႀကိမ္ သတိေပးၿပီးေနာက္မွာ ေစာမင္းခန့္ကို ပတ္သတ္ဖို႔ ႀကိဳးစားခဲ့တာမို႔ ဒီလို လုပ္တာမဆန္းေပ။တဖက္လွည့္နဲ႕ ညာေခၚၿပီး အဆုံးသတ္ေပးသြားသည္။
' အနားမွာေနခ်င္႐ုံေလးပါ၊ ခ်စ္တာတစ္ခုတည္းအတြက္ အနားမွာ ကပ္ေနခ်င္႐ုံေလးတင္ပါ၊ အာဏာေတြ ရာထူးအဆင့္ေတြကိုလည္း မလုသလို ပိုင္ဆိုင္မႈေတြလည္း မမက္ပါဘူး။ ဒီအတိုင္းေလး ခ်စ္မိသြား႐ုံေလးတင္ပါ။ '
ဆလိုင္းက အလားအလာ ေကာင္းသူ တစ္ေယာက္လို႔ဦးေဇယ်ာက အၿမဲခ်ီးက်ဴးခဲ့သည္။သူ႕လုပ္ငန္းေတြမွာ ဆလိုင္း ပါဝင္လာဖို႔ အၿမဲ ႀကိဳဆိုထားသည္။ဒါေလးအတြက္နဲ႕ ေစာမင္းခန့္က ဒီေလာက္ထိ လုပ္တာ သိရေတာ့ ရင္နာသည္။မဟုတ္ေသးဘူး ..ရင္နာတာထက္ပိုကာ ရင္ကြဲတာျဖစ္မည္။
" ဘာျဖစ္သြားၿပီလဲ။ "
ဆလိုင္း၏ ေခါင္းေတြပါ ကန္ခံရတာမို႔ ေဝဝါးေနခ်ိန္မွာ ေစာမင္းခန့္၏ အသံကို ၾကားရသည္။ဆလိုင္း၏ ဗိုက္မွာလည္း ခြၽန္ထက္သည့္ ပစၥည္းျဖင့္ ႏွစ္ႀကိမ္တိတိ ထိုးခံထားရေသးသည္။ ဆလိုင္းေသသလား၊ မေသမရွင္ ျဖစ္ေနသလား လာၿပီး အတည္ျပဳတာ ျဖစ္မည္။ ေစာမင္းခန့္၏ မ်က္ႏွာကို ေနာက္ဆုံး ေဝေဝဝါးဝါး ျမင္လိုက္ရၿပီး ဆလိုင္း၏ လက္ႏွစ္ဖက္လုံး လက္သီးကို တင္းေနေအာင္ ဆုပ္ထားသည္။သို႔ေပမယ့္ ဆလိုင္း ဘယ္လိုမွ ေတာင့္မခံနိုင္ေတာ့ဘဲ ေသြးအိုင္ထဲမွာ မ်က္လုံးေတြ မွိတ္သြားသည္။
ေသပစ္လိုက္မည္။ ေသတာေတာင္ နည္းေသးသည္။ ဒီလိုလူကို ခ်စ္ခဲ့ၿပီး ႐ူးမိုက္ခဲ့တာမို႔ ေသသင့္သည္။ အကယ္လို႔ ... အကယ္လို႔ဆိုတာမ်ား ရွိခဲ့ရင္ ဒီေလာက္ထိ ရက္စက္ခဲ့တဲ့ ေစာမင္းခန့္ကို တစစီ ဆုတ္ၿဖဲပစ္ကာ ခႏၶာကိုယ္ကို ထပ္တူ နာက်င္ခိုင္းမည္။အသက္ရွင္လ်က္နဲ႕ ေသလူလိုျဖစ္ေအာင္ ခံစားေစမည္။ေစာမင္းခန့္ တစ္ဘဝလုံး အၿမဲနာက်င္ခံစားရေအာင္ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြကိုပါ နင္းေခ်ပစ္ခ်င္သည္။
မုန္းတာထက္ပိုသည့္ နာက်ည္းတာမ်ိဳးျဖစ္သည္။ ဘယ္လို ေျဖေဆးမွ မတိုးေတာ့ေပ။ အကယ္လို႔မ်ား အသက္ရွင္ခဲ့ရင္ ေစာမင္းခန့္ကို ဘယ္ေသာအခါမွ ခြင့္လႊတ္လိမ့္မည္မဟုတ္ေပ။
ဆက္ရန္