စောမင်းခန့်ကို တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ်လောက်သာ ဆလိုင်းတွေ့ခွင့်ရသည်။ဒါတောင် စကားပြောခွင့်မရဘဲ မျက်နှာမြင်ရရုံ၊ အကြည့်ချင်းဆုံရုံ၊ အသံလေး ကြားရရုံသာ ဖြစ်သည်။အခွင့်အရေးရလို့ ဆလိုင်းက စကားသွားပြောလျှင်လည်း စောမင်းခန့်က အရေးသိပ်မစိုက်ပေ။
" အစ်ကို "
ညစာစားပွဲလာသည့် စောမင်းခန့်ကို သန့်စင်ခန်းထဲက အထွက်မှာ ဆလိုင်းက တံခါးမှစောင့်နေကာ လက်တစ်ဖက်ကို ဆွဲထားကာ ခေါ်သည်။ စောမင်းခန့်၏ လက်ကောက်ဝတ်လေးတွေက ချစ်ဖို့ကောင်းစွာ သေးသေးကွေးကွေးလေးတွေပင်။ပွဲတက်လာတယ်ဆိုပေမယ့် စောမင်းခန့်က ကုတ်အင်္ကျီသာ ထပ်ဝတ်ထားပြီး အတွင်းကရှပ်အင်္ကျီအဖြူနှင့် ရိုးရိုးStyle Pantအနက် အပွလေးသာ ဝတ်ထားသည်။
ဆလိုင်းကို တွေ့တော့ အံ့သြသွားဟန်ဖြင့် မျက်လုံးလေးက အနည်းငယ် ပြူးကြောင်နေသည်။ ဆလိုင်းက ပြုံးပြလိုက်ရင်း ပြောသည်။
" အန်ကယ့်ဆီမှာ အလုပ်လုပ်ဖို့ ပြောထားတာ။ အဲဒါကြောင့် အန်ကယ်က လာခဲ့ခိုင်းလို့။ "
" အင်း "
စောမင်းခန့်က သွားဖို့ လုပ်နေတော့ ဆလိုင်းက စောမင်းခန့်၏ လက်မောင်းလေးကို ဆွဲထားပြန်သည်။
" သေချာမတွေ့ဖြစ်တာတောင် ကြာပြီနော် အစ်ကို။"
စောမင်းခန့်က ဒီအတိုင်းပဲ ရပ်နေသည်။ ဘာစကားမှ မပြောပေ။ ဆလိုင်းက အနည်းငယ် နေရခက်သွားပြီးမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ပြောသည်။
" အန်ကယ်က ပြောတယ်။ အစ်ကိုနဲ့ အတူတူအလုပ် လုပ်လို့ရတယ်တဲ့။ "
ဆလိုင်းဘက်က ပြောတဲ့စကားတွေ အများကြီးထဲ ဒီစကားမှ စောမင်းခန့်က ဆလိုင်းကို ကြည့်လာသည်။
စောမင်းခန့် စကား မစခင် ဆလိုင်းက ဇွတ်အတင်း တရစပ်ပြောသည်။
" ကျွန်တော့် ကျောင်းက မဟုတ်လည်း အဝေးသင်ပဲလေ။ ဒုတိယနှစ်တက်ဖို့လည်း နှစ်လလောက် လိုပါသေးတယ်။ ကျွန်တော် အလုပ်လုပ်ချင်တယ်။အန်ကယ်ဇေယျာ့ကို ကူညီချင်တယ်။ အန်ကယ်ကလည်း လက်ခံတယ်။ "
" ငါ့ ... အလုပ်မှာ ... မလိုဘူး ... မင်းကို ... "
စောမင်းခန့်က ငြင်းလိုက်တော့ ဆလိုင်းက အနည်းငယ် စိတ်ဓါတ်ကျသွားသည်။ ဆလိုင်း စိတ်ကူးထားတာ စောမင်းခန့်နဲ့ အလုပ်အတူလုပ်ရင်း စောမင်းခန့်အနား ကပ်နေမည်။စောမင်းခန့် လုပ်နေသည့် အလုပ်တွေကိုလည်း တရားဝင်သည့် အလုပ်တွေဟုသာ ဆလိုင်း ထင်ခဲ့သည်။
" ကျွန်တော်က ... "
စောမင်းခန့်က ဆလိုင်း၏ လက်ကိုဖယ်လိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးလေးတွေ တွန့်နေပြီး ထွက်သွားသည်။အနားကို အတင်းကပ်နေရင် စောမင်းခန့် စိတ်ရှုပ်နေမည်စိုး၍ ဆလိုင်းက ခြေစုံရပ်ကာ ကျန်ခဲ့ရသည်။
" ကျွန်တော်က သူ့ကို လက်မခံနိုင်ဘူး။ အန်ကယ်ဇေယျာ ကြိုက်တာလုပ်။ "
စောမင်းခန့်၏ အသံက ပုံမှန်ထက် အနည်းငယ် ကျယ်နေသည်။ အမူအယာနဲ့ စိတ်ခံစားချက်ကို ခန့်မှန်းဖို့ မလွယ်တဲ့ စောမင်းခန့် တစ်ယောက် စိတ်တိုနေပြီဆိုတာ အသံကြားရုံဖြင့် သိနိုင်သည်။
ဦးဇေယျာနဲ့ အလုပ်ကိစ္စ စကားပြောဖို့ Hotelက ဦးဇေယျာ အနားယူသည့် ရေကူးကန်ဘက်ကို ဆလိုင်း
လိုက်သွားခဲ့ရင်းမှ စောမင်းခန့် ပြောသည့် ထိုစကားကို ကြားခဲ့သည်။စောမင်းခန့်က လှည့်ထွက်လာတော့ ခပ်လှမ်းလှမ်းမှ ဆလိုင်းကို မြင်သွားသည်။ သို့ပေမယ့် သူ့အကျင့်အတိုင်း အဖက်မတန်သလိုဘဲ အကြည့်လွှဲသွားသည်။
" အစ်ကို "
ဆလိုင်းက ဦးဇေယျာကို 'ခွင့်ပြုပါဦး' ဆိုတဲ့သဘော ခေါင်းငြိမ့်ပြကာ စောမင်းခန့် အနောက်လိုက်သွားသည်။ စောမင်းခန့်က Hotel၏ ကား Parkingကို သွားနေသည်။
" အစ်ကို ... ခဏနေပါဦး။ "
စောမင်းခန့် လမ်းလျှောက်တာ အရမ်းမြန်သည်။ ဆလိုင်း ပြေးလိုက်မှသာ မီသည်။ စောမင်းခန့်က နှစ်အပိုင်းအခြား တစ်ခုအတွင်းမှာ အများကြီး အောင်မြင်လာသည်။ သူ့နောက်လိုက်တဲ့သူတွေ အများကြီးရှိသည်။ကြားနေရတဲ့ သတင်းတွေအရ တော်နေဇော်ပြီးရင် စောမင်းခန့်က ဒုတိယခေါင်းဆောင် ဖြစ်လာနိုင်သည်။
" သူဘာပဲပြောပြော မှတ်လောက်သားလောက်အောင် ရိုက်နှက်လိုက်။ ရက်စက်လည်းရတယ်။ မသေရင် ... ပြီးတာပဲ။ အမှန်တွေ၊ အမှားတွေ နားမထောင်နဲ့။"
စောမင်းခန့်က ဘေးမှာ ဝိုင်းနေတဲ့ လူတွေကို မှာပြီးကားပေါ်တက်သွားသည်။ဆလိုင်းက စောမင်းခန့်နဲ့ စကားပြောဖို့ အနားတိုးလာတော့ ငါးယောက်လောက်က ရှေ့မှ ပိတ်ရပ်ကာ ဆလိုင်းနှင့်စောမင်းခန့်ကြား တားထားသည်။
" မဟုတ်ဘူး ... ကျွန်တော် စကားပြောရုံပဲ။ "
ဆလိုင်းက ရှင်းပြပေမယ့် တစ်ဖက်က လက်မခံပေ။ ဆလိုင်း မကြာခဏဆိုသလို မြင်ဖူးနေတဲ့ ကောင်တွေက ဆလိုင်း၏ မျက်နှာကို အရင်ဆုံး စထိုးသည်။
" သူက မပြောချင်တာ မင်း မသိဘူးလား။ "
" ရန်လုပ်မလို့မဟုတ်ပါဘူးဗျာ။ "
ဆလိုင်းက ရှင်းပြသည်။ သို့ပေမယ့် မည်သူကမှ လက်မခံပေ။ ဆလိုင်း၏ မျက်နှာတည့်တည့်ကို တစ်ယောက်က ကန်လိုက်သည်။ ကြမ်းပေါ် လဲကျသွားမှ ကန်လိုက်တဲ့သူက သူရိန်ဖြစ်နေမှန်း ဆလိုင်းသိသည်။
" ခွေးသားလေး ... မတွေ့တာတောင်ကြာပြီ။ တွေ့မယ့်တွေ့တော့လည်း မင်းကိုဒီလို အရေခွံစုတ်ရမယ့် အချိန်မှ တွေ့ရတော့ ဝမ်းသာစရာပဲ။ "
သူရိန်၏ မျက်နှာက လူကြီးတစ်ယောက်ပုံစံ ဖြစ်သွားပေမယ့် ယခင်ကလို အနိုင်ကျင့်တတ်သည့် ဗီဇက မပျောက်သေးပေ။သူရိန်က ဆလိုင်းကို ကြည့်ကာ အားရဝမ်းသာဖြင့် မျက်နှာကို အဆင့်ဆင့်ထိုးသည်။ စောမင်းခန့်၏ စကားတစ်ခွန်းတည်းနဲ့တင် ရပ်တန့်ခိုင်းလို့ရတာ ဆလိုင်းသိပါသည်။ သို့ပေမယ့် စောမင်းခန့်က ကားပေါ်ကနေ တစ်ခွန်းမှ မပြောပေ။
သူရိန်တို့အုပ်စုက သုံးယောက်အပါအဝင် အခြားနှစ်ယောက်ဆီကပါ ဆလိုင်း ရိုက်နှက်ခံရသည်။ ဆယ့်ရှစ်နှစ်အရွယ်သာ ရှိသေးတဲ့ ဆလိုင်း ဒီလောက်ထိ ရိုက်ခံရတာတောင် ကားပေါ်က စောမင်းခန့်က မည်သည့်ညှာတာမှုမျိုးမှမရှိဘဲ ကားနောက်ခန်းမှ ပါသွားကာ ကားလေးက ဆလိုင်းအရှေ့မှ ထွက်သွားသည်။
ပထမဆုံးအကြိမ်အဖြစ် စောမင်းခန့်ကို အသည်းနှလုံးမရှိဘူးလို့ ဆလိုင်းခံစားမိတာဖြစ်သည်။
..................................
" အစားစားလေ။ "
ရန်ငြိမ်းက စိတ်မရှည်သည့် မျက်နှာဖြင့် ဆလိုင်းကို ပြောသည်။ မျက်နှာကသာ စိတ်မရှည်သလို ဖြစ်နေပေမယ့် ရန်ငြိမ်းလက်ထဲက ဆန်ပြုတ်ပန်းကန်မှ တဆင့် ရန်ငြိမ်း၏ စေတနာကို ဆလိုင်း မြင်နေရသည်။
" နင်ကလည်း ဖြည်းဖြည်းပြောပါဟဲ့။ ဒဏ်ရာတွေ မြင်မကောင်းအောင် ရထားတဲ့သူကို ရင့်သီးလိုက်တာ။ "
ယွန်းမြတ်နွယ်က သတင်းလာမေးရင်း ဆလိုင်း၏ မျက်မှာကို ကြပ်ထုပ်ထိုးပေးနေရင်းမှ ရန်ငြိမ်းကို ရန်လုပ်နေသည်။
" ငါ ဒီလောက်အော်တာတောင် ဒီကောင် မှတ်လို့လား။ ဘာတဲ့ ... သူလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့တဲ့။ သူစိတ်ရှုပ်နေလို့ နေမှာပါတဲ့။ကြံဖန်ပြီး ခွင့်လွှတ်နားလည်နေတာ။ချစ်တာကို ငါနားလည်ပေးနိုင်တယ်။ စုံလုံးကန်းတာကို နားမလည်နိုင်တာ။ သူ့မှာ ဘာအကြောင်းမှ မရှိဘူးဆလိုင်း။ မင်းကို အနိုင်ကျင့်လိုက်တာပဲ။ သူရိန်တို့နဲ့ တစ်ဖွဲ့တည်းဆိုမှတော့ တစ်စိတ်တစ်ဝမ်းတည်းပေါ့။မင်းကို အန်ကယ်ဇေယျာက အရေးပေးလာလို့ သူတို့ကပြိုင်ဖက်လို့ သဘောထားနေတာ။ ဒီလောက် ငွေမက်ပြီး ငွေနောက်လိုက်နေတဲ့ကောင်ကိုများ ချစ်ရတယ်လို့။ ဒီကောင် ဘာတွေမွှန်နေလဲ မသိဘူး။ "
ပြောလည်းခံရမှာ ဖြစ်သည်။ ဆလိုင်းက တိတ်ဆိတ်နေကာ စောမင်းခန့်ဆီက ရဖူးတဲ့ ခပ်နွမ်းနွမ်း စက္ကူပတ်ထားတဲ့ ပီကေရယ် Biologyက စာရွက်လေးထည့်ထားသည့် မှန်ဘောင်လေးရယ်ကို လက်လေးနဲ့ ပွတ်ကာ ငြိမ်နေသည်။ယွန်းမြတ်နွယ်ကတော့ ရန်ငြိမ်းကို တိတ်တိတ်နေဖို့ အမူအယာဖြင့် ပြနေသည်။
" ဆလိုင်း ... ဆန်ပြုတ်စားလိုက်ဦး။ "
" အင်း ... ငါထင်တာက သူက အဲဒီလောက် မရက်စက်ဘူးလားလို့။ "
ရန်ငြိမ်းက စိတ်တိုတိုဖြင့် မှန်ချပ်ကို ဆွဲယူကာ ဆလိုင်း မျက်နှာရှေ့ ထောင်ပြလိုက်သည်။
" ဝက်ခေါင်းလို ဖူးယောင်နေအောင် ရိုက်ခံလိုက်ရတာ နည်းသေးတယ် ထင်လို့လား။ "
ရန်ငြိမ်း၏ အပြောကြောင့် ယွန်းမြတ်နွယ်က ခေါင်းငုံ့ကာ ရယ်နေသည်။
" အင်းပါ ... ငါသိပါတယ်။ ချစ်မိသွားပြီးမှတော့ အချစ်တွေက ပြန်သိမ်းလို့မှ မရတော့တာ။ သူ့အနားနေချင်စိတ်ကို မထိန်းနိုင်ဘူး။စိတ်မပြတ်သရွေ့တော့ ကြိုးစားနေချင်သေးတယ်။ "
" အဲဒီမင်းစိတ်ကလည်း သေမှ တိခနဲပြတ်မှာ။သေသွားပါ့လားဟင်။ "
ရန်ငြိမ်းက စိတ်လေစွာဖြင့် ပြောပြီး ကိုယ့်အိပ်ယာပေါ်မှာပဲ ဝင်လှဲသည်။အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းမို့ ဆလိုင်းက ရန်ငြိမ်းဘေးမှာ သွားထိုင်ကာ ရန်ငြိမ်းကို စိတ်လျော့စေရန် ဂုတ်နှစ်ဖက်ကို နှိပ်ပေးသည်။
" ဆလိုင်းရယ် ... အဲဒီစောမင်းခန့်ကို စိတ်ထဲက ထုတ်ပစ်စမ်းပါ။ "
ရန်ငြိမ်းက အားမလိုအားမရဖြင့် ထုတ်ပြောလာသေးသည်။ဆလိုင်းက မတုံ့ပြန်တော့ စိတ်ပျက်သလို မျက်ဆံလှန်သွားသည်။
" မွှန်သွားရင် ဆေးမတိုးတော့ဘူး။ "
..................................
ဆလိုင်းက စောမင်းခန့်အနားနေနိုင်ဖို့ ကြိုးစားမှုတွေ မရပ်တန့်ခဲ့ပေ။ဦးဇေယျာပြောသလို စောမင်းခန့် လက်ခံနိုင်သည်အထိ ကြိုးစားသည်။
ဆလိုင်းက စောမင်းခန့်ကို အရင်လို ငေးကြည့်ရုံ၊ စကားလေးပြောခွင့်ရရုံလေးလောက်နဲ့သာ ရက်စွဲတွေ အများကြီး တင်းတိမ်လိုက်ရပြန်သည်။ ဦးဇေယျာက ဆလိုင်းကို အလုပ်ပေးလာတဲ့ တစ်နေ့မှာတော့ ထိုအလုပ်ကို ဆလိုင်း ဝမ်းသာစွာ လက်ခံခဲ့သည်။အောင်လည်း အောင်မြင်ခဲ့သည်။
" ဂုဏ်ယူပါတယ် ဆလိုင်း။ မင်းကြောင့် အရောင်းအဝယ်တစ်ခု အဆင်ပြေသွားပြီ။ ဒါ မင်းအတွက် လုပ်ပေးတဲ့ ဂုဏ်ပြုပွဲ။ "
ဆလိုင်းက ပြုံးလိုက်သည်။ ဦးဇေယျာ ကမ်းပေးတဲ့ လက်ကို ဆလိုင်းက လက်ချင်းဆွဲကာ နှုတ်ဆက်လိုက်သည်။ ဦးဇေယျာက ဆလိုင်း၏ ပခုံးကို ခပ်ဖွဖွ ပုတ်ပေးသည်။
" မင်းက တကယ်တော်တယ်။ "
" အန်ကယ် ကူညီတာတွေလည်း ပါပါတယ်။ကျေးဇူးတင်ပါတယ်။ "
ဦးဇေယျာက ဆလိုင်းအပေါ် တကယ်ကောင်းသည်။ ဆလိုင်းက စောမင်းခန့်ကို သဘောကျနေကြောင်း ဦးဇေယျာဆီမှာ ဝန်ခံပြီး စောမင်းခန့် အနားနေချင်ကြောင်းပြောတော့ ဒီProjectကို ထုတ်ပေးသည်။မြေယာနဲ့ဆိုင်သည့် Projectကြီးကြီးကို ပေးသည်။ အစ၊အလယ် အကုန်လုပ်ပြီးသားပင်။ အဆုံးကိုပဲ ဆလိုင်းက လုပ်ပေးရကာ Project အားလုံးကို ဆလိုင်းလုပ်တာလို့ ခေါင်းစဥ်တပ်ပြီး စောမင်းခန့်အနားကို ပို့ပေးသည်။
" စောမင်းခန့်က အရည်အချင်းရှိတဲ့သူတွေကို သဘောကျတယ်။"
" ကျွန်တော် သိထားပါတယ်။ "
" ဒီProjectနဲ့ဆို သူ မင်းကို လက်ခံမှာပါ။ "
" ဟုတ်ကဲ့ "
" သူ့ကို သွားတွေ့လေ။ သူရောက်နေပြီ။"
ဦးဇေယျာက ပြောလိုက်တော့ ဆလိုင်းက လက်ဖျားတွေမှာပင် ချွေးစေးတွေ ထွက်နေတာမို့ လက်နှစ်ဖက်လုံးကို Style Pantမှာ ပွတ်သုတ်နေသည်။
" သွားလိုက်ပါဦးမယ်။ "
ဆလိုင်းက သန့်စင်ခန်း အရင်သွားကာ မှန်မှာ မျက်နှာကို ကြည့်သည်။Mullet ဆံပင်ကို အညိုဖျော့ရောင် ဆိုးထားတာမို့ မျက်နှာသွယ်သည့် ဆလိုင်းနဲ့ တော်တော်လေး လိုက်ဖက်သည်။ အသက်၂၀အရွယ်မှာ ဆလိုင်းက ခန့်ခန့်ညားညား၊ သေသေသပ်သပ်ချောမောနေပြီ။
ကုတ်အင်္ကျီအညိုက ကြယ်သီးကို တပ်လိုက်၊ဖြုတ်လိုက်ဖြင့် အမျိုးမျိုး လုပ်ကြည့်နေသည်။ နောက်ဆုံးမှ လူငယ်ဖြစ်တာမို့ ကြယ်သီးကို ဖြုတ်လိုက်ကာ အတွင်းဝတ်အဖြူအင်္ကျီ၏ အပေါ်ကြယ်သီး နှစ်လုံးကိုပါ ဖြုတ်လိုက်သည်။ဆလိုင်း၏ မျက်နှာက မျက်လုံးမျက်ဆံနက်နက် ၊ နှာတံပေါ်ပေါ်မို့ Sexyကျသည့်ဘက်ကို သွားသည်။
" ကြည့်လို့ အဆင်ပြေပြီ။ "
ဆလိုင်းက လက်ထဲမှာ Projectဖိုင်ကို ခပ်တင်းတင်း ဆုပ်လာပြီး စောမင်းခန့်ဆီ လာခဲ့သည်။ စောမင်းခန့်က လှေကားထိပ်မှာ ဝိုင်နီခွက်ကို ကိုင်ကာ ရပ်နေသည်။ ဘေးမှာ နေယံလည်း ရှိကာ စောမင်းခန့်ကို စကား ကပ်ပြောနေသည်။
နှစ်ယောက်လုံး ဘာတွေ ပြောနေမှန်း မသိပေမယ့် မျက်နှာ အခြေအနေက သိပ်မကောင်းပေ။နေယံက ဆလိုင်းကိုတွေ့တော့ စောမင်းခန့်ကို အရိပ်အကဲပြကာ အနားမှ ထွက်သွားသည်။ စောမင်းခန့်က ဆလိုင်းကို ကြည့်လာတာမို့ ဆလိုင်းက အတောက်ပဆုံး ပြုံးပြလိုက်သည်။
" အစ်ကို ... ကျွန်တော် Projectတစ်ခုကို ... "
ဆလိုင်း၏ စကားမဆုံးသေးခင်မှာတင် စောမင်းခန့်၏ မျက်လုံးတွေက စူးရှလာကာ ဆလိုင်း၏ ရင်ဘတ်ကို အားဖြင့် စောင့်တွန်းလိုက်သည်။ ထင်မှတ်မထားတာရယ်၊ သတိမထားမိတာရယ်မို့ ကြိုတင်ပြင်ဆင်ချိန်မရှိတဲ့ ဆလိုင်းမှာ အဆင့်တွေအများကြီး ရှိသည့် လှေကား ကျယ်ကျယ်၏ အောက်ဆုံးအဆင့်ထိ သတ္တဝါတစ်ကောင်လို ထိုးကျသွားသည်။
ဆလိုင်း သတိအမြန်ကပ်လိုက်တာမို့ အကျနာပေမယ့် သေလောက်မည့် အန္တရာယ်မှ လွတ်ကင်းသွားသည်။နောက်စေ့တစ်ခုလုံး ထူပူနေတာမို့ ဆလိုင်း၏ လက်ဖြင့် စမ်းလိုက်တော့ သွေးတွေက လက်မှာနီရဲနေသည်။
" ဆလိုင်း "
ရန်ငြိမ်းအပါအဝင် ဆလိုင်းနဲ့ အနည်းငယ် ရင်းနှီးနေသူတွေ ချက်ချင်းရောက်လာကာ ဆလိုင်းဘေးမှာ လူတွေ အုံသွားသည်။ ဆလိုင်းမှာ ဒီလူတွေကို အာရုံမထားနိုင်ပေ။ စောမင်းခန့်ကိုသာ အသည်းအသန် ကြည့်နေမိသည်။လှေကားထိပ်မှ စောမင်းခန့်က ဆလိုင်းကို တစ်ချက်တောင် မကြည့်ဘဲ ထွက်သွားသည်။
အသားနာကျင်တာအပြင် လူအများရှေ့မှာ လုပ်ရက်တာမို့ ရှက်သည့်စိတ်ဖြင့် ပိုပြီး ရင်နာရသည်။ လုပ်ရက်လေခြင်းလို့ တွေးမိတိုင်း ရင်နာသည်။
" အဲဒီလောက်ထိကို ခင်ဗျားအတွက် ပိုင်ဆိုင်မှုတွေ၊ အာဏာတွေက အရေးကြီးနေခဲ့တာလား။ "
စောမင်းခန့်က ဒုတိယခေါင်းဆောင် နေရာအတွက် အရမ်းကြိုးစားတာ ဒီက လူတွေ အကုန်သိသည်။ သူ့နေရာနှင့် ပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ ဘယ်သူ့ကိုမဆို သူ ဒီလိုပဲ တုံ့ပြန်သည်။ ဆလိုင်း စသဘောကျမိတဲ့ စောမင်းခန့်က စကားတောင် သိပ်မပြောတဲ့ အနေအေးတဲ့ ပုံစံလေးနှင့် ယခု လောဘတွေများပြီး ရက်စက်တတ်တဲ့ စောမင်းခန့်ကို တစ်ယောက်တည်းလို့ မထင်ရက်နိုင်ပေ။
ဒုတိယအကြိမ်မြောက် စောမင်းခန့်ကို အသည်းနှလုံး မရှိသူလို့ ဆလိုင်း ခံစားရတာဖြစ်သည်။ ချစ်ခြင်းမေတ္တာတွေကထူးဆန်းသည်။ ဒီလောက်ထိ ကိုယ့်အပေါ် ရက်စက်ခဲ့တာတောင် စောမင်းခန့်ကို ချစ်သည့်စိတ် ရှိနေပါသေးသည်။
ဆက်ရန်
Zawgyi
ေစာမင္းခန့္ကို တစ္လတစ္ႀကိမ္၊ ႏွစ္လတစ္ႀကိမ္ေလာက္သာ ဆလိုင္းေတြ႕ခြင့္ရသည္။ဒါေတာင္ စကားေျပာခြင့္မရဘဲ မ်က္ႏွာျမင္ရ႐ုံ၊ အၾကည့္ခ်င္းဆုံ႐ုံ၊ အသံေလး ၾကားရ႐ုံသာ ျဖစ္သည္။အခြင့္အေရးရလို႔ ဆလိုင္းက စကားသြားေျပာလွ်င္လည္း ေစာမင္းခန့္က အေရးသိပ္မစိုက္ေပ။
" အစ္ကို "
ညစာစားပြဲလာသည့္ ေစာမင္းခန့္ကို သန့္စင္ခန္းထဲက အထြက္မွာ ဆလိုင္းက တံခါးမွေစာင့္ေနကာ လက္တစ္ဖက္ကို ဆြဲထားကာ ေခၚသည္။ ေစာမင္းခန့္၏ လက္ေကာက္ဝတ္ေလးေတြက ခ်စ္ဖို႔ေကာင္းစြာ ေသးေသးေကြးေကြးေလးေတြပင္။ပြဲတက္လာတယ္ဆိုေပမယ့္ ေစာမင္းခန့္က ကုတ္အကၤ်ီသာ ထပ္ဝတ္ထားၿပီး အတြင္းကရွပ္အကၤ်ီအျဖဴႏွင့္ ရိုးရိုးStyle Pantအနက္ အပြေလးသာ ဝတ္ထားသည္။
ဆလိုင္းကို ေတြ႕ေတာ့ အံ့ၾသသြားဟန္ျဖင့္ မ်က္လုံးေလးက အနည္းငယ္ ျပဴးေၾကာင္ေနသည္။ ဆလိုင္းက ၿပဳံးျပလိုက္ရင္း ေျပာသည္။
" အန္ကယ့္ဆီမွာ အလုပ္လုပ္ဖို႔ ေျပာထားတာ။ အဲဒါေၾကာင့္ အန္ကယ္က လာခဲ့ခိုင္းလို႔။ "
" အင္း "
ေစာမင္းခန့္က သြားဖို႔ လုပ္ေနေတာ့ ဆလိုင္းက ေစာမင္းခန့္၏ လက္ေမာင္းေလးကို ဆြဲထားျပန္သည္။
" ေသခ်ာမေတြ႕ျဖစ္တာေတာင္ ၾကာၿပီေနာ္ အစ္ကို။"
ေစာမင္းခန့္က ဒီအတိုင္းပဲ ရပ္ေနသည္။ ဘာစကားမွ မေျပာေပ။ ဆလိုင္းက အနည္းငယ္ ေနရခက္သြားၿပီးမွ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ျပန္ေျပာသည္။
" အန္ကယ္က ေျပာတယ္။ အစ္ကိုနဲ႕ အတူတူအလုပ္ လုပ္လို႔ရတယ္တဲ့။ "
ဆလိုင္းဘက္က ေျပာတဲ့စကားေတြ အမ်ားႀကီးထဲ ဒီစကားမွ ေစာမင္းခန့္က ဆလိုင္းကို ၾကည့္လာသည္။
ေစာမင္းခန့္ စကား မစခင္ ဆလိုင္းက ဇြတ္အတင္း တရစပ္ေျပာသည္။
" ကြၽန္ေတာ့္ ေက်ာင္းက မဟုတ္လည္း အေဝးသင္ပဲေလ။ ဒုတိယႏွစ္တက္ဖို႔လည္း ႏွစ္လေလာက္ လိုပါေသးတယ္။ ကြၽန္ေတာ္ အလုပ္လုပ္ခ်င္တယ္။အန္ကယ္ေဇယ်ာ့ကို ကူညီခ်င္တယ္။ အန္ကယ္ကလည္း လက္ခံတယ္။ "
" ငါ့ ... အလုပ္မွာ ... မလိုဘူး ... မင္းကို ... "
ေစာမင္းခန့္က ျငင္းလိုက္ေတာ့ ဆလိုင္းက အနည္းငယ္ စိတ္ဓါတ္က်သြားသည္။ ဆလိုင္း စိတ္ကူးထားတာ ေစာမင္းခန့္နဲ႕ အလုပ္အတူလုပ္ရင္း ေစာမင္းခန့္အနား ကပ္ေနမည္။ေစာမင္းခန့္ လုပ္ေနသည့္ အလုပ္ေတြကိုလည္း တရားဝင္သည့္ အလုပ္ေတြဟုသာ ဆလိုင္း ထင္ခဲ့သည္။
" ကြၽန္ေတာ္က ... "
ေစာမင္းခန့္က ဆလိုင္း၏ လက္ကိုဖယ္လိုက္ကာ စိတ္ရႈပ္ေထြးစြာျဖင့္ မ်က္ခုံးေလးေတြ တြန့္ေနၿပီး ထြက္သြားသည္။အနားကို အတင္းကပ္ေနရင္ ေစာမင္းခန့္ စိတ္ရႈပ္ေနမည္စိုး၍ ဆလိုင္းက ေျခစုံရပ္ကာ က်န္ခဲ့ရသည္။
" ကြၽန္ေတာ္က သူ႕ကို လက္မခံနိုင္ဘူး။ အန္ကယ္ေဇယ်ာ ႀကိဳက္တာလုပ္။ "
ေစာမင္းခန့္၏ အသံက ပုံမွန္ထက္ အနည္းငယ္ က်ယ္ေနသည္။ အမူအယာနဲ႕ စိတ္ခံစားခ်က္ကို ခန့္မွန္းဖို႔ မလြယ္တဲ့ ေစာမင္းခန့္ တစ္ေယာက္ စိတ္တိုေနၿပီဆိုတာ အသံၾကား႐ုံျဖင့္ သိနိုင္သည္။
ဦးေဇယ်ာနဲ႕ အလုပ္ကိစၥ စကားေျပာဖို႔ Hotelက ဦးေဇယ်ာ အနားယူသည့္ ေရကူးကန္ဘက္ကို ဆလိုင္း
လိုက္သြားခဲ့ရင္းမွ ေစာမင္းခန့္ ေျပာသည့္ ထိုစကားကို ၾကားခဲ့သည္။ေစာမင္းခန့္က လွည့္ထြက္လာေတာ့ ခပ္လွမ္းလွမ္းမွ ဆလိုင္းကို ျမင္သြားသည္။ သို႔ေပမယ့္ သူ႕အက်င့္အတိုင္း အဖက္မတန္သလိုဘဲ အၾကည့္လႊဲသြားသည္။
" အစ္ကို "
ဆလိုင္းက ဦးေဇယ်ာကို 'ခြင့္ျပဳပါဦး' ဆိုတဲ့သေဘာ ေခါင္းၿငိမ့္ျပကာ ေစာမင္းခန့္ အေနာက္လိုက္သြားသည္။ ေစာမင္းခန့္က Hotel၏ ကား Parkingကို သြားေနသည္။
" အစ္ကို ... ခဏေနပါဦး။ "
ေစာမင္းခန့္ လမ္းေလွ်ာက္တာ အရမ္းျမန္သည္။ ဆလိုင္း ေျပးလိုက္မွသာ မီသည္။ ေစာမင္းခန့္က ႏွစ္အပိုင္းအျခား တစ္ခုအတြင္းမွာ အမ်ားႀကီး ေအာင္ျမင္လာသည္။ သူ႕ေနာက္လိုက္တဲ့သူေတြ အမ်ားႀကီးရွိသည္။ၾကားေနရတဲ့ သတင္းေတြအရ ေတာ္ေနေဇာ္ၿပီးရင္ ေစာမင္းခန့္က ဒုတိယေခါင္းေဆာင္ ျဖစ္လာနိုင္သည္။
" သူဘာပဲေျပာေျပာ မွတ္ေလာက္သားေလာက္ေအာင္ ရိုက္ႏွက္လိုက္။ ရက္စက္လည္းရတယ္။ မေသရင္ ... ၿပီးတာပဲ။ အမွန္ေတြ၊ အမွားေတြ နားမေထာင္နဲ႕။"
ေစာမင္းခန့္က ေဘးမွာ ဝိုင္းေနတဲ့ လူေတြကို မွာၿပီးကားေပၚတက္သြားသည္။ဆလိုင္းက ေစာမင္းခန့္နဲ႕ စကားေျပာဖို႔ အနားတိုးလာေတာ့ ငါးေယာက္ေလာက္က ေရွ႕မွ ပိတ္ရပ္ကာ ဆလိုင္းႏွင့္ေစာမင္းခန့္ၾကား တားထားသည္။
" မဟုတ္ဘူး ... ကြၽန္ေတာ္ စကားေျပာ႐ုံပဲ။ "
ဆလိုင္းက ရွင္းျပေပမယ့္ တစ္ဖက္က လက္မခံေပ။ ဆလိုင္း မၾကာခဏဆိုသလို ျမင္ဖူးေနတဲ့ ေကာင္ေတြက ဆလိုင္း၏ မ်က္ႏွာကို အရင္ဆုံး စထိုးသည္။
" သူက မေျပာခ်င္တာ မင္း မသိဘူးလား။ "
" ရန္လုပ္မလို႔မဟုတ္ပါဘူးဗ်ာ။ "
ဆလိုင္းက ရွင္းျပသည္။ သို႔ေပမယ့္ မည္သူကမွ လက္မခံေပ။ ဆလိုင္း၏ မ်က္ႏွာတည့္တည့္ကို တစ္ေယာက္က ကန္လိုက္သည္။ ၾကမ္းေပၚ လဲက်သြားမွ ကန္လိုက္တဲ့သူက သူရိန္ျဖစ္ေနမွန္း ဆလိုင္းသိသည္။
" ေခြးသားေလး ... မေတြ႕တာေတာင္ၾကာၿပီ။ ေတြ႕မယ့္ေတြ႕ေတာ့လည္း မင္းကိုဒီလို အေရခြံစုတ္ရမယ့္ အခ်ိန္မွ ေတြ႕ရေတာ့ ဝမ္းသာစရာပဲ။ "
သူရိန္၏ မ်က္ႏွာက လူႀကီးတစ္ေယာက္ပုံစံ ျဖစ္သြားေပမယ့္ ယခင္ကလို အနိုင္က်င့္တတ္သည့္ ဗီဇက မေပ်ာက္ေသးေပ။သူရိန္က ဆလိုင္းကို ၾကည့္ကာ အားရဝမ္းသာျဖင့္ မ်က္ႏွာကို အဆင့္ဆင့္ထိုးသည္။ ေစာမင္းခန့္၏ စကားတစ္ခြန္းတည္းနဲ႕တင္ ရပ္တန့္ခိုင္းလို႔ရတာ ဆလိုင္းသိပါသည္။ သို႔ေပမယ့္ ေစာမင္းခန့္က ကားေပၚကေန တစ္ခြန္းမွ မေျပာေပ။
သူရိန္တို႔အုပ္စုက သုံးေယာက္အပါအဝင္ အျခားႏွစ္ေယာက္ဆီကပါ ဆလိုင္း ရိုက္ႏွက္ခံရသည္။ ဆယ့္ရွစ္ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ဆလိုင္း ဒီေလာက္ထိ ရိုက္ခံရတာေတာင္ ကားေပၚက ေစာမင္းခန့္က မည္သည့္ညွာတာမႈမ်ိဳးမွမရွိဘဲ ကားေနာက္ခန္းမွ ပါသြားကာ ကားေလးက ဆလိုင္းအေရွ႕မွ ထြက္သြားသည္။
ပထမဆုံးအႀကိမ္အျဖစ္ ေစာမင္းခန့္ကို အသည္းႏွလုံးမရွိဘူးလို႔ ဆလိုင္းခံစားမိတာျဖစ္သည္။
..................................
" အစားစားေလ။ "
ရန္ၿငိမ္းက စိတ္မရွည္သည့္ မ်က္ႏွာျဖင့္ ဆလိုင္းကို ေျပာသည္။ မ်က္ႏွာကသာ စိတ္မရွည္သလို ျဖစ္ေနေပမယ့္ ရန္ၿငိမ္းလက္ထဲက ဆန္ျပဳတ္ပန္းကန္မွ တဆင့္ ရန္ၿငိမ္း၏ ေစတနာကို ဆလိုင္း ျမင္ေနရသည္။
" နင္ကလည္း ျဖည္းျဖည္းေျပာပါဟဲ့။ ဒဏ္ရာေတြ ျမင္မေကာင္းေအာင္ ရထားတဲ့သူကို ရင့္သီးလိုက္တာ။ "
ယြန္းျမတ္ႏြယ္က သတင္းလာေမးရင္း ဆလိုင္း၏ မ်က္မွာကို ၾကပ္ထုပ္ထိုးေပးေနရင္းမွ ရန္ၿငိမ္းကို ရန္လုပ္ေနသည္။
" ငါ ဒီေလာက္ေအာ္တာေတာင္ ဒီေကာင္ မွတ္လို႔လား။ ဘာတဲ့ ... သူလည္း သူ႕အေၾကာင္းနဲ႕သူ ရွိမွာေပါ့တဲ့။ သူစိတ္ရႈပ္ေနလို႔ ေနမွာပါတဲ့။ႀကံဖန္ၿပီး ခြင့္လႊတ္နားလည္ေနတာ။ခ်စ္တာကို ငါနားလည္ေပးနိုင္တယ္။ စုံလုံးကန္းတာကို နားမလည္နိုင္တာ။ သူ႕မွာ ဘာအေၾကာင္းမွ မရွိဘူးဆလိုင္း။ မင္းကို အနိုင္က်င့္လိုက္တာပဲ။ သူရိန္တို႔နဲ႕ တစ္ဖြဲ႕တည္းဆိုမွေတာ့ တစ္စိတ္တစ္ဝမ္းတည္းေပါ့။မင္းကို အန္ကယ္ေဇယ်ာက အေရးေပးလာလို႔ သူတို႔ကၿပိဳင္ဖက္လို႔ သေဘာထားေနတာ။ ဒီေလာက္ ေငြမက္ၿပီး ေငြေနာက္လိုက္ေနတဲ့ေကာင္ကိုမ်ား ခ်စ္ရတယ္လို႔။ ဒီေကာင္ ဘာေတြမႊန္ေနလဲ မသိဘူး။ "
ေျပာလည္းခံရမွာ ျဖစ္သည္။ ဆလိုင္းက တိတ္ဆိတ္ေနကာ ေစာမင္းခန့္ဆီက ရဖူးတဲ့ ခပ္ႏြမ္းႏြမ္း စကၠဴပတ္ထားတဲ့ ပီေကရယ္ Biologyက စာ႐ြက္ေလးထည့္ထားသည့္ မွန္ေဘာင္ေလးရယ္ကို လက္ေလးနဲ႕ ပြတ္ကာ ၿငိမ္ေနသည္။ယြန္းျမတ္ႏြယ္ကေတာ့ ရန္ၿငိမ္းကို တိတ္တိတ္ေနဖို႔ အမူအယာျဖင့္ ျပေနသည္။
" ဆလိုင္း ... ဆန္ျပဳတ္စားလိုက္ဦး။ "
" အင္း ... ငါထင္တာက သူက အဲဒီေလာက္ မရက္စက္ဘူးလားလို႔။ "
ရန္ၿငိမ္းက စိတ္တိုတိုျဖင့္ မွန္ခ်ပ္ကို ဆြဲယူကာ ဆလိုင္း မ်က္ႏွာေရွ႕ ေထာင္ျပလိုက္သည္။
" ဝက္ေခါင္းလို ဖူးေယာင္ေနေအာင္ ရိုက္ခံလိုက္ရတာ နည္းေသးတယ္ ထင္လို႔လား။ "
ရန္ၿငိမ္း၏ အေျပာေၾကာင့္ ယြန္းျမတ္ႏြယ္က ေခါင္းငုံ႕ကာ ရယ္ေနသည္။
" အင္းပါ ... ငါသိပါတယ္။ ခ်စ္မိသြားၿပီးမွေတာ့ အခ်စ္ေတြက ျပန္သိမ္းလို႔မွ မရေတာ့တာ။ သူ႕အနားေနခ်င္စိတ္ကို မထိန္းနိုင္ဘူး။စိတ္မျပတ္သေ႐ြ႕ေတာ့ ႀကိဳးစားေနခ်င္ေသးတယ္။ "
" အဲဒီမင္းစိတ္ကလည္း ေသမွ တိခနဲျပတ္မွာ။ေသသြားပါ့လားဟင္။ "
ရန္ၿငိမ္းက စိတ္ေလစြာျဖင့္ ေျပာၿပီး ကိုယ့္အိပ္ယာေပၚမွာပဲ ဝင္လွဲသည္။အရမ္း ရင္းႏွီးတဲ့ သူငယ္ခ်င္းမို႔ ဆလိုင္းက ရန္ၿငိမ္းေဘးမွာ သြားထိုင္ကာ ရန္ၿငိမ္းကို စိတ္ေလ်ာ့ေစရန္ ဂုတ္ႏွစ္ဖက္ကို ႏွိပ္ေပးသည္။
" ဆလိုင္းရယ္ ... အဲဒီေစာမင္းခန့္ကို စိတ္ထဲက ထုတ္ပစ္စမ္းပါ။ "
ရန္ၿငိမ္းက အားမလိုအားမရျဖင့္ ထုတ္ေျပာလာေသးသည္။ဆလိုင္းက မတုံ႕ျပန္ေတာ့ စိတ္ပ်က္သလို မ်က္ဆံလွန္သြားသည္။
" မႊန္သြားရင္ ေဆးမတိုးေတာ့ဘူး။ "
..................................
ဆလိုင္းက ေစာမင္းခန့္အနားေနနိုင္ဖို႔ ႀကိဳးစားမႈေတြ မရပ္တန့္ခဲ့ေပ။ဦးေဇယ်ာေျပာသလို ေစာမင္းခန့္ လက္ခံနိုင္သည္အထိ ႀကိဳးစားသည္။
ဆလိုင္းက ေစာမင္းခန့္ကို အရင္လို ေငးၾကည့္႐ုံ၊ စကားေလးေျပာခြင့္ရ႐ုံေလးေလာက္နဲ႕သာ ရက္စြဲေတြ အမ်ားႀကီး တင္းတိမ္လိုက္ရျပန္သည္။ ဦးေဇယ်ာက ဆလိုင္းကို အလုပ္ေပးလာတဲ့ တစ္ေန႕မွာေတာ့ ထိုအလုပ္ကို ဆလိုင္း ဝမ္းသာစြာ လက္ခံခဲ့သည္။ေအာင္လည္း ေအာင္ျမင္ခဲ့သည္။
" ဂုဏ္ယူပါတယ္ ဆလိုင္း။ မင္းေၾကာင့္ အေရာင္းအဝယ္တစ္ခု အဆင္ေျပသြားၿပီ။ ဒါ မင္းအတြက္ လုပ္ေပးတဲ့ ဂုဏ္ျပဳပြဲ။ "
ဆလိုင္းက ၿပဳံးလိုက္သည္။ ဦးေဇယ်ာ ကမ္းေပးတဲ့ လက္ကို ဆလိုင္းက လက္ခ်င္းဆြဲကာ ႏႈတ္ဆက္လိုက္သည္။ ဦးေဇယ်ာက ဆလိုင္း၏ ပခုံးကို ခပ္ဖြဖြ ပုတ္ေပးသည္။
" မင္းက တကယ္ေတာ္တယ္။ "
" အန္ကယ္ ကူညီတာေတြလည္း ပါပါတယ္။ေက်းဇူးတင္ပါတယ္။ "
ဦးေဇယ်ာက ဆလိုင္းအေပၚ တကယ္ေကာင္းသည္။ ဆလိုင္းက ေစာမင္းခန့္ကို သေဘာက်ေနေၾကာင္း ဦးေဇယ်ာဆီမွာ ဝန္ခံၿပီး ေစာမင္းခန့္ အနားေနခ်င္ေၾကာင္းေျပာေတာ့ ဒီProjectကို ထုတ္ေပးသည္။ေျမယာနဲ႕ဆိုင္သည့္ Projectႀကီးႀကီးကို ေပးသည္။ အစ၊အလယ္ အကုန္လုပ္ၿပီးသားပင္။ အဆုံးကိုပဲ ဆလိုင္းက လုပ္ေပးရကာ Project အားလုံးကို ဆလိုင္းလုပ္တာလို႔ ေခါင္းစဥ္တပ္ၿပီး ေစာမင္းခန့္အနားကို ပို႔ေပးသည္။
" ေစာမင္းခန့္က အရည္အခ်င္းရွိတဲ့သူေတြကို သေဘာက်တယ္။"
" ကြၽန္ေတာ္ သိထားပါတယ္။ "
" ဒီProjectနဲ႕ဆို သူ မင္းကို လက္ခံမွာပါ။ "
" ဟုတ္ကဲ့ "
" သူ႕ကို သြားေတြ႕ေလ။ သူေရာက္ေနၿပီ။"
ဦးေဇယ်ာက ေျပာလိုက္ေတာ့ ဆလိုင္းက လက္ဖ်ားေတြမွာပင္ ေခြၽးေစးေတြ ထြက္ေနတာမို႔ လက္ႏွစ္ဖက္လုံးကို Style Pantမွာ ပြတ္သုတ္ေနသည္။
" သြားလိုက္ပါဦးမယ္။ "
ဆလိုင္းက သန့္စင္ခန္း အရင္သြားကာ မွန္မွာ မ်က္ႏွာကို ၾကည့္သည္။Mullet ဆံပင္ကို အညိုေဖ်ာ့ေရာင္ ဆိုးထားတာမို႔ မ်က္ႏွာသြယ္သည့္ ဆလိုင္းနဲ႕ ေတာ္ေတာ္ေလး လိုက္ဖက္သည္။အသက္၂၀ ဆလိုင္းက ခန့္ခန့္ညားညား၊ ေသေသသပ္သပ္ေခ်ာေမာေနၿပီ။
ကုတ္အကၤ်ီအညိုက ၾကယ္သီးကို တပ္လိုက္၊ျဖဳတ္လိုက္ျဖင့္ အမ်ိဳးမ်ိဳး လုပ္ၾကည့္ေနသည္။ ေနာက္ဆုံးမွ လူငယ္ျဖစ္တာမို႔ ၾကယ္သီးကို ျဖဳတ္လိုက္ကာ အတြင္းဝတ္အျဖဴအကၤ်ီ၏ အေပၚၾကယ္သီး ႏွစ္လုံးကိုပါ ျဖဳတ္လိုက္သည္။ဆလိုင္း၏ မ်က္ႏွာက မ်က္လုံးမ်က္ဆံနက္နက္ ၊ ႏွာတံေပၚေပၚမို႔ Sexyက်သည့္ဘက္ကို သြားသည္။
" ၾကည့္လို႔ အဆင္ေျပၿပီ။ "
ဆလိုင္းက လက္ထဲမွာ Projectဖိုင္ကို ခပ္တင္းတင္း ဆုပ္လာၿပီး ေစာမင္းခန့္ဆီ လာခဲ့သည္။ ေစာမင္းခန့္က ေလွကားထိပ္မွာ ဝိုင္နီခြက္ကို ကိုင္ကာ ရပ္ေနသည္။ ေဘးမွာ ေနယံလည္း ရွိကာ ေစာမင္းခန့္ကို စကား ကပ္ေျပာေနသည္။
ႏွစ္ေယာက္လုံး ဘာေတြ ေျပာေနမွန္း မသိေပမယ့္ မ်က္ႏွာ အေျခအေနက သိပ္မေကာင္းေပ။ေနယံက ဆလိုင္းကိုေတြ႕ေတာ့ ေစာမင္းခန့္ကို အရိပ္အကဲျပကာ အနားမွ ထြက္သြားသည္။ ေစာမင္းခန့္က ဆလိုင္းကို ၾကည့္လာတာမို႔ ဆလိုင္းက အေတာက္ပဆုံး ၿပဳံးျပလိုက္သည္။
" အစ္ကို ... ကြၽန္ေတာ္ Projectတစ္ခုကို ... "
ဆလိုင္း၏ စကားမဆုံးေသးခင္မွာတင္ ေစာမင္းခန့္၏ မ်က္လုံးေတြက စူးရွလာကာ ဆလိုင္း၏ ရင္ဘတ္ကို အားျဖင့္ ေစာင့္တြန္းလိုက္သည္။ ထင္မွတ္မထားတာရယ္၊ သတိမထားမိတာရယ္မို႔ ႀကိဳတင္ျပင္ဆင္ခ်ိန္မရွိတဲ့ ဆလိုင္းမွာ အဆင့္ေတြအမ်ားႀကီး ရွိသည့္ ေလွကား က်ယ္က်ယ္၏ ေအာက္ဆုံးအဆင့္ထိ သတၱဝါတစ္ေကာင္လို ထိုးက်သြားသည္။
ဆလိုင္း သတိအျမန္ကပ္လိုက္တာမို႔ အက်နာေပမယ့္ ေသေလာက္မည့္ အႏၲရာယ္မွ လြတ္ကင္းသြားသည္။ေနာက္ေစ့တစ္ခုလုံး ထူပူေနတာမို႔ ဆလိုင္း၏ လက္ျဖင့္ စမ္းလိုက္ေတာ့ ေသြးေတြက လက္မွာနီရဲေနသည္။
" ဆလိုင္း "
ရန္ၿငိမ္းအပါအဝင္ ဆလိုင္းနဲ႕ အနည္းငယ္ ရင္းႏွီးေနသူေတြ ခ်က္ခ်င္းေရာက္လာကာ ဆလိုင္းေဘးမွာ လူေတြ အုံသြားသည္။ ဆလိုင္းမွာ ဒီလူေတြကို အာ႐ုံမထားနိုင္ေပ။ ေစာမင္းခန့္ကိုသာ အသည္းအသန္ ၾကည့္ေနမိသည္။ေလွကားထိပ္မွ ေစာမင္းခန့္က ဆလိုင္းကို တစ္ခ်က္ေတာင္ မၾကည့္ဘဲ ထြက္သြားသည္။
အသားနာက်င္တာအျပင္ လူအမ်ားေရွ႕မွာ လုပ္ရက္တာမို႔ ရွက္သည့္စိတ္ျဖင့္ ပိုၿပီး ရင္နာရသည္။ လုပ္ရက္ေလျခင္းလို႔ ေတြးမိတိုင္း ရင္နာသည္။
" အဲဒီေလာက္ထိကို ခင္ဗ်ားအတြက္ ပိုင္ဆိုင္မႈေတြ၊ အာဏာေတြက အေရးႀကီးေနခဲ့တာလား။ "
ေစာမင္းခန့္က ဒုတိယေခါင္းေဆာင္ ေနရာအတြက္ အရမ္းႀကိဳးစားတာ ဒီက လူေတြ အကုန္သိသည္။ သူ႕ေနရာႏွင့္ ပိုင္ဆိုင္မႈကို ၿခိမ္းေျခာက္လာနိုင္တဲ့ ဘယ္သူ႕ကိုမဆို သူ ဒီလိုပဲ တုံ႕ျပန္သည္။ ဆလိုင္း စသေဘာက်မိတဲ့ ေစာမင္းခန့္က စကားေတာင္ သိပ္မေျပာတဲ့ အေနေအးတဲ့ ပုံစံေလးႏွင့္ ယခု ေလာဘေတြမ်ားၿပီး ရက္စက္တတ္တဲ့ ေစာမင္းခန့္ကို တစ္ေယာက္တည္းလို႔ မထင္ရက္နိုင္ေပ။
ဒုတိယအႀကိမ္ေျမာက္ ေစာမင္းခန့္ကို အသည္းႏွလုံး မရွိသူလို႔ ဆလိုင္း ခံစားရတာျဖစ္သည္။ ခ်စ္ျခင္းေမတၱာေတြကထူးဆန္းသည္။ ဒီေလာက္ထိ ကိုယ့္အေပၚ ရက္စက္ခဲ့တာေတာင္ ေစာမင္းခန့္ကို ခ်စ္သည့္စိတ္ ရွိေနပါေသးသည္။
ဆက္ရန္