ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

515K 54.6K 416

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 48

4.9K 566 0
By Doh_Clover

စုလုရီ
အပိုင်း (၄၈) ထူးခြားသော အကူအညီ


"အစ်ကိုကြီးက ကြည့်ကောင်းလိုက်တာ"

စုချီက ဗိုက်ကို နှိပ်ပေးနေရင်း ရပ်လိုက်ကာ "စုလုရီ" ဟု ခေါ်လိုက်သည်။

"နျဲ့ယီဟုကို ပြောချင်တာတွေ လာပြောမနေနဲ့နော်"

"မဟုတ်ပါဘူး။ အစ်ကိုကြီးက တကယ် ကြည့်ကောင်းတယ်"

"ဟင်း"

စုချီက ငါးမိနစ်၊ ခြောက်မိနစ်ခန့် ထပ်နှိပ်ပေးပြီးနောက် စုလုရီက ထထိုင်ကာ စုချီကို နှုတ်ဆက်လိုက်၏။

"ဂွတ်နိုက်နော် အစ်ကိုကြီး"

စုချီက ဝရံတာ တံခါးကို ပိတ်ပြီး "ဂွတ်နိုက်" ဟု ပြန်ပြောလိုက်သည်။

စုလုရီက သူ၏ အခန်းထဲသို့ ပြန်ရောက်သောအခါ တစ်ချိုးတည်း အိပ်ပျော်သွားတော့၏။

နောက်တစ်နေ့ မနက် နိုးလာသောအခါ စုလုရီက အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်ထပ်၌ စုကျစ်ထုံနှင့် ယုရှင်းရန်တို့က မနက်စာ စားနှင့်နေပြီ ဖြစ်၏။

"မောနင်း၊ မားမားနဲ့ ပါးပါး"

စုလုရီက စားပွဲ၌ ဝင်ထိုင်လိုက်ပြီး မားဝူက မနက်စာ လာချပေးသည်။

"ပါးပါးနဲ့ မားမားက မနက် (၇) နာရီထဲက နိုးနေလို့ လမ်းတောင် ထွက်လျှောက်ပြီးပြီ သားငယ်လေး"

"ဝိုး၊ မားမားနဲ့ ပါးပါးက ကျန်းမာရေး ကောင်းလိုက်တာ"

မနက်စာက ဆန်ပြုတ်ဖြစ်သဖြင့် စုချီက "များများစား။ အစာအိမ်အတွက် ကောင်းတယ်" ဟု စုလုရီကို ပြောလိုက်၏။

"သားငယ်လေး အစာမကြေ ဖြစ်နေတာလား။ အဲ့ဒါဆို မီးဖိုခန်းထဲမှာ ပျားရည် သွားသောက်လိုက်နော်။ မားမားနဲ့ ပါးပါးလည်း မနက်က သောက်ပြီးပြီ"

စုလုရီက "ဟုတ်ကဲ့ မားမား" ဟု ပြောကာ မီးဖိုခန်းထဲသို့ ဝင်သွားပြီး ပျားရည် သွားသောက်ရန် ပြင်လိုက်သည်။

ထို့နောက် မနေ့ညက စုချီ နှိပ်ပေးခဲ့သည်ကို သတိရသွားကာ စုချီအတွက်ပါ တစ်ခွက် ပိုပြင်ပေးလိုက်၏။

ထို့နောက် ထမင်းစားခန်းသို့ ပြန်ဝင်သွားကာ ... "အစ်ကိုကြီးအတွက်" ဟု ပြောပြီး ပျားရည်ခွက်ကို လှမ်းပေးလိုက်သည်။

ထိုအခါ စုကျန်းချန်နှင့် စုယွီတို့က ထမင်းစားခန်းအတွင်းသို့ ဝင်လာသဖြင့် "ညီလေး၊ အစ်ကို (၃) အတွက်ရော" ဟု စုယွီက မေးလိုက်သည်။

"အင်း၊ လုပ်ပေးမယ်နော်။ အစ်ကို (၂) ရော ..."

စုလုရီက သူ့အပေါ်၌ ကောင်းသော စုချီအပေါ် ကောင်းကောင်း ဆက်ဆံချင်သော်လည်း ခွဲခြားဆက်ဆံသည်ဟု အပြောခံရမည် စိုးသဖြင့် စုယွီတို့ကိုပါ လုပ်ပေးရန် ပြင်လိုက်၏။

စုကျန်းချန်က စုလုရီ မေးသောအခါ မသောက်ချင်သည့် မျက်နှာမျိုး လုပ်နေသဖြင့် စုလုရီက ... "အစ်ကို (၂)၊ မသောက်ချင်ရင်လည်း ရတယ်နော်။ ကျွန်တော် အစ်ကို (၃) အတွက်ပဲ လုပ်လာပေးလိုက်တော့မယ်" ဟု ပြောလိုက်သည်။

ထိုအခါမှ စုကျန်းချန်က "ငါ ဘယ်တုန်းက မသောက်ချင်ဘူးလို့ ပြောလိုက်လို့လဲ" ဟု ပြောလိုက်၏။

မနက်စာ စားပြီးသောအခါ စုချီက အဝတ်အစားလဲပြီး အပြင်သို့ ထွက်ရန် ပြင်နေသည်။

ထိုအချိန်၌ စုလုရီက ဝရံတာတံခါးမှ ရောက်လာကာ "အစ်ကိုကြီး၊ ဘယ်သွားမလို့လဲ" ဟု မေးလိုက်၏။

စုချီက ဆေးဆိုင်သွားမည်ဟု ပြောလိုက်သောအခါ စုလုရီက သူပါ လိုက်ချင်သည်ဟု ပြောပြီး နှစ်ယောက်သား ဆေးဆိုင်သို့ ထွက်လာခဲ့ကြသည်။

ဆေးဆိုင်မှာ အိမ်နှင့် မဝေးသော်လည်း တောင်ကုန်းပေါ်၌ ရှိနေ၏။

စုချီနှင့် စုလုရီက ဆေးဆိုင်သို့ လမ်းလျှောက်ထွက်လာခဲ့ရာ ကုန်းမြင့်သို့ တက်ရသဖြင့် စုလုရီက မောလာသဖြင့် စုချီက ရပ်လိုက်ကာ "မင်းရဲ့ သက်လုံက ဘာလို့ ဒီလောက် အားနည်းနေတာလဲ" ဟု ပြောလိုက်သည်။

ထိုအခါ စုလုရီက "အစ်ကိုကြီးကမှ သက်လုံ အရမ်း ကောင်းလွန်းနေတာ" ဟု ပြန်ပြောလိုက်၏။

"မင်း ထပ်သိသွားပြန်ပြီပေါ့"

စုချီ၏ စကားကြောင့် စုလုရီက ခေါင်းကိုငုံ့ကာ "အင်း" ဟု ပြန်ဖြေလိုက်သည်။

နာရီဝက်ခန့် ကြာသောအခါ ဆေးဆိုင်သို့ ရောက်ရှိလာကြ၏။

ဆေးဆိုင် ဝန်ထမ်းမှ စုချီတို့ကို ကြိုဆိုပြီး "ဘာအလိုရှိပါသလဲ ခင်ဗျာ" ဟု မေးလိုက်ရာ" စုချီက "ရတယ်။ ကိုယ့်ဘာသာကိုယ် ကြည့်ဝယ်မယ်" ဟု ပြောလိုက်သည်။

စုချီက ဆေးကောင်တာများသို့ လျှောက်သွားပြီး အသုံးပြုနေကျ ဆေးများနှင့် ခေါင်းမူးပျောက်ဆေး နှစ်ကတ်ကို ယူလိုက်၏။

စုလုရီက တွေ့သွားပြီး "အစ်ကိုကြီး၊ ဒီဆေးတွေက ဘာအတွက်လဲ" ဟု မေးလိုက်သည်။

စုချီက ကောင်တာ၌ ငွေရှင်းရင်း "မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် လုရှန်‌ ရေအိုင်ကို သွားကြမှာလေ။ နှစ်တိုင်း သွားနေကြကို မင်း မေ့နေပြီလား" ဟု ပြန်မေးလိုက်၏။

စုလုရီက ပျာပျာသလဲ ဖြစ်သွားကာ "ဒီနှစ်က လာတဲ့ရက် မတူတော့ မသွားဖြစ်တော့ဘူး ထင်နေတာ" ဟု ဆင်ခြေပေးကာ ဖြေလိုက်သည်။

စုချီက ဆေးအိတ်ကိုကိုင်ကာ "ပြန်ကြမယ်" ဟု ပြောပြီး ဆေးဆိုင်မှ ထွက်လာခဲ့ကြ၏။

စုလုရီက စုချီ အနောက်သို့ အလျင်အမြန် လိုက်သွားကာ စိတ်ထဲမှ "ငါ နောက်ဆို အပြောအဆို ဆင်‌ခြင်မှ ရတော့မယ်" ဟု တွေးလိုက်သည်။

တတိယမြောက်နေ့၌ စုမိသားစုက လုရှန်အိုင်သို့ ထွက်လာခဲ့ကြ၏။

စုလုရီက ယခင်အတိုင်း ယုန်နားရွက် ကျောပိုးအိတ်ကို လွယ်လာခဲ့သည်။

ကားပေါ်၌ စုချိီနှင့် စုလုရီက အနောက်ဆုံး၌ ထိုင်ကာ စုကျန်းချန်နှင့် စုယွီတို့က အလယ်တန်း၌ ထိုင်ကြသည်။

စုလုရီက သူ၏ ယုန်နားရွက် ကျောပိုးအိတ်ကို စုကျန်းချန်တို့ ဆော့ရန် ပေးထားပြီး အမူးပျောက်ဆေး နှစ်လုံးကို သောက်ကာ အနောက်သို့ မှီပြီး ထိုင်နေလိုက်၏။

လုရှန်ရေအိုင်သို့ သွားရန် တောင်တက်လမ်းကို ဖြတ်ရမည် ဖြစ်သဖြင့် စုလုရီက ကြိုတင်ကာကွယ်သည့် အနေဖြင့် သောက်ထားခြင်း ဖြစ်သည်။

လုရှန်ရေအိုင်မှာ ယူနန်တောင်ပိုင်းနှင့် အခြားစီရင်စု ပြည်နယ်များ ဆုံရာတွင် တည်ရှိ၏။

ရေအိုင်၏ ကမ်းနားမှာ လှပပြီး ရှည်လျားကာ ကျန်သည့် သုံးဘက်၌ တောင်တန်းများက ကာရံထားသည်။

သစ်ပင်များလည်း ထူထပ်ကာ ကမ်းစပ်ရှိ ကျောက်များမှာလည်း ကြည်ပြာရောင် ဖြစ်၏။

ထို့အပြင် လုရှန်ရေအိုင်၌ ချစ်သူများ ကျွန်း၊ ဘီ တောင်စောင်းနှင့် ဆုတောင်းပြည့် သစ်တောကဲ့သို့သော နေရာများလည်း ရှိသဖြင့် အားလပ်ရက်၌ လာရောက်လည်ပတ်သူ များပြားလှသည်။

စုမိသားစုက လုရှန်ရေအိုင်သို့ မနက်စောစော ထွက်
လာသော်လည်း ခရီးသွားကားများ ပြည့်နှက်နေသဖြင့် ရေအိုင်သို့ နေ့လည်ကျော်မှသာ ရောက်ရှိသွား၏။

ယုရှင်းရန်က နေကာမျက်မှန် တပ်ဆင်ကာ ဦးထုပ်ကို ဆောင်းပြီး "သားငယ်လေး၊ မားမားကို ဓာတ်ပုံရိုက်ပေးနော်" ဟု စုလုရီကို လှမ်းပြောလိုက်သည်။

လုရှန်ရေအိုင်မှာ ဓာတ်ပုံရိုက်ရန် အလွန်ကောင်းသော နေရာတစ်ခု ဖြစ်၏။

အထူးသဖြင့် ချစ်သူများ ကျွန်းမှ ကြည့်ပါက ရေအိုင်ကို တောင်တန်းများ ကာရံထားသောကြောင့် ရေအိုင်က အသည်းပုံ ပုံစံဖြစ်နေသည်ကို တွေ့မြင်ရသည်။

စုလုရီက ခေါင်းကိုညိတ်ကာ "ဟုတ်ကဲ့၊ မားမား" ဟုပြောလိုက်၏။

ထို့နောက် ရှေ့သို့ ဆက်သွားရာ တောင်တန်းများကို တွေ့လိုက်ရသဖြင့် စုလုရီက "ဝါး..." ဟု အရှည်ကြီး ဆွဲကာ ထအော်လိုက်သည်။

"မင်း အရင်က မရောက်ဖူးသလို ဘာလို့လုပ်နေတာလဲ"

စုကျန်းချန်၏ စကားကြောင့် စုလုရီ ထိတ်လန့်သွားကာ "ဪ၊ အရင်နှစ်တွေ အတိုင်း လှနေတုန်းမို့လို့ ထအော်မိတာပါ၊ အစ်ကို (၂)" ဟု ဆင်ခြေပေးလိုက်သည်။

အဝင်လမ်းမှ မိနစ် (၂၀) ခန့် လျှောက်လာပြီးသောအခါ နာမည်ကြီးသော ချစ်သူများ ကျွန်းသို့ ရောက်ရှိလာသည်။

နှစ်စဉ် နှစ်တိုင်း ဤနေရာ၌ စုကျစ်ထုံနှင့် ယုရှင်းရန်က ဓာတ်ပုံတွဲရိုက်နေကြ ဖြစ်၏။

စုချီက စုလုရီ အစား ရိုက်ပေးမည်ဟု ဆိုကာ ကင်မရာကို ကောက်ချိန်လိုက်သည်။

ယုရှင်းရန်က စုကျစ်ထုံ၏ ပုခုံးကို မှီကာ တစ်ယောက်နှင့် တစ်ယောက် ခါးကို ဖက်ထားကြပြီး ပြုံးရွှင်စွာ ဓာတ်ပုံ ရိုက်လိုက်ကြ၏။

ဘေးနားမှ ရပ်ကြည့်နေသော စုလုရီက "မားမားနဲ့ ပါးပါးတို့က ချိုမြိန်လိုက်တာ" ဟု စိတ်ထဲမှ တွေးလိုက်သည်။

ယုရှင်းရန်က ဓာတ်ပုံရိုက်ပြီးနောက် မျက်မှန်ကို ပြန်တပ်လိုက်ကာ "သားတို့လည်း ဓာတ်ပုံရိုက်ကြပါလား။ ဒီနေရာက ရှုခင်းက အရမ်းလှတယ်" ဟု ပြောလိုက်၏။

စုကျန်းချန်က ဓာတ်ပုံ ရိုက်ရသည်ကို ဝါသနာ မပါသဖြင့် "ကျွန်တော်တော့ မရိုက်တော့ဘူး အမေ" ဟုပြောလိုက်သည်။

စုယွီက စုလုရီ အနားသို့ ကပ်သွားကာ "အစ်ကို (၃) နဲ့ ဓာတ်ပုံ အတူတူ ရိုက်ကြမလား" ဟု မေးလိုက်၏။

ထိုအခါ စုချီက စုယွီကို စိုက်ကြည့်လိုက်သဖြင့် စုယွီက လက်လျှော့ကာ ထွက်သွားလိုက်သည်။

စုလုရီက ဓာတ်ပုံရိုက်ချင်နေသော်လည်း အများ၏ အရှေ့၌ အထင်လွဲမည့် အလုပ်ကို မလုပ်ချင်သဖြင့် မရိုက်တော့ရန် စဉ်းစားလိုက်၏။

ထိုအခါ စုချီက အနားသို့ လှမ်းလာကာ "ဓာတ်ပုံရိုက်ချင်လို့လား" ဟု မေးလိုက်သည်။

"အင်း..."

စုလုရီက သူတစ်ယောက်တည်းကို ဓာတ်ပုံရိုက်ပေးရန် စုချီကို တောင်းဆိုချင်သော်လည်း အနားတွင် စုံတွဲများသာ ရိုက်နေကြသဖြင့် အနည်းငယ်ရှက်နေကာ မပြောရဲ ဖြစ်နေသည်။

ထိုအခါ စုချီက "လာ၊ တစ်ယောက်ယောက်ကို ငါတို့နှစ်ယောက်အတွက် ဓာတ်ပုံ ရိုက်ခိုင်းလိုက်မယ်" ဟုရုတ်တရက် ထပြောလိုက်၏။

စုလုရီ အသိစိတ် ပြန်ဝင်လာသည့်အချိန်၌ "သုံး၊ နှစ်၊ တစ် လို့ အော်ပြီးရင် ရိုက်ပြီနော်" ဟု ပြောသံကို ကြားလိုက်ရသည်။

စုချီက သူ၏ ပုခုံးကို တင်းကျပ်စွာ ဖက်ထားပြီး "ကင်မရာကို ကြည့်" ဟု ပြောလိုက်၏။

"ချလပ်"

ဓာတ်ပုံ ရိုက်ပြီးသွား၍ ဓာတ်ပုံရိုက်ပေးသော မိန်းကလေးကို ကျေးဇူးတင်စကားပြောကာ ထိုနေရာမှ ထွက်လာခဲ့ကြသည်။

စုချိီက အရှေ့မှနေ၍ ဘောင်းဘီထဲ လက်ထည့်ကာ လျှောက်နေပြီး စုလုရီက စုချီ၏ နောက်မှ လိုက်လာခဲ့၏။

စုချီက ဓာတ်ပုံကို ကြည့်ရင်း ကျေနပ်ကာ စုလုရီအပေါ်၌ စိတ်ခံစားချက်များ ပိုပို များလာသည်ဟုလည်း တွေးလိုက်မိလေသည်။


...…….................................
.........................................


အပိုင်း (၄၈) ပြီးပါပြီ။

Zawgyi

စုလုရီ
အပိုင္း (၄၈) ထူးျခားေသာ အကူအညီ


"အစ္ကိုႀကီးက ၾကည့္ေကာင္းလိုက္တာ"

စုခ်ီက ဗိုက္ကို ႏွိပ္ေပးေနရင္း ရပ္လိုက္ကာ "စုလုရီ" ဟု ေခၚလိုက္သည္။

"န်ဲ့ယီဟုကို ေျပာခ်င္တာေတြ လာေျပာမေနနဲ႕ေနာ္"

"မဟုတ္ပါဘူး။ အစ္ကိုႀကီးက တကယ္ ၾကည့္ေကာင္းတယ္"

"ဟင္း"

စုခ်ီက ငါးမိနစ္၊ ေျခာက္မိနစ္ခန႔္ ထပ္ႏွိပ္ေပးၿပီးေနာက္ စုလုရီက ထထိုင္ကာ စုခ်ီကို ႏႈတ္ဆက္လိုက္၏။

"ဂြတ္နိုက္ေနာ္ အစ္ကိုႀကီး"

စုခ်ီက ဝရံတာ တံခါးကို ပိတ္ၿပီး "ဂြတ္နိုက္" ဟု ျပန္ေျပာလိုက္သည္။

စုလုရီက သူ၏ အခန္းထဲသို႔ ျပန္ေရာက္ေသာအခါ တစ္ခ်ိဳးတည္း အိပ္ေပ်ာ္သြားေတာ့၏။

ေနာက္တစ္ေန႕ မနက္ နိုးလာေသာအခါ စုလုရီက ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။

ေအာက္ထပ္၌ စုက်စ္ထုံႏွင့္ ယုရွင္းရန္တို႔က မနက္စာ စားႏွင့္ေနၿပီ ျဖစ္၏။

"ေမာနင္း၊ မားမားနဲ႕ ပါးပါး"

စုလုရီက စားပြဲ၌ ဝင္ထိုင္လိုက္ၿပီး မားဝူက မနက္စာ လာခ်ေပးသည္။

"ပါးပါးနဲ႕ မားမားက မနက္ (၇) နာရီထဲက နိုးေနလို႔ လမ္းေတာင္ ထြက္ေလွ်ာက္ၿပီးၿပီ သားငယ္ေလး"

"ဝိုး၊ မားမားနဲ႕ ပါးပါးက က်န္းမာေရး ေကာင္းလိုက္တာ"

မနက္စာက ဆန္ျပဳတ္ျဖစ္သျဖင့္ စုခ်ီက "မ်ားမ်ားစား။ အစာအိမ္အတြက္ ေကာင္းတယ္" ဟု စုလုရီကို ေျပာလိုက္၏။

"သားငယ္ေလး အစာမေၾက ျဖစ္ေနတာလား။ အဲ့ဒါဆို မီးဖိုခန္းထဲမွာ ပ်ားရည္ သြားေသာက္လိုက္ေနာ္။ မားမားနဲ႕ ပါးပါးလည္း မနက္က ေသာက္ၿပီးၿပီ"

စုလုရီက "ဟုတ္ကဲ့ မားမား" ဟု ေျပာကာ မီးဖိုခန္းထဲသို႔ ဝင္သြားၿပီး ပ်ားရည္ သြားေသာက္ရန္ ျပင္လိုက္သည္။

ထို႔ေနာက္ မေန႕ညက စုခ်ီ ႏွိပ္ေပးခဲ့သည္ကို သတိရသြားကာ စုခ်ီအတြက္ပါ တစ္ခြက္ ပိုျပင္ေပးလိုက္၏။

ထို႔ေနာက္ ထမင္းစားခန္းသို႔ ျပန္ဝင္သြားကာ ... "အစ္ကိုႀကီးအတြက္" ဟု ေျပာၿပီး ပ်ားရည္ခြက္ကို လွမ္းေပးလိုက္သည္။

ထိုအခါ စုက်န္းခ်န္ႏွင့္ စုယြီတို႔က ထမင္းစားခန္းအတြင္းသို႔ ဝင္လာသျဖင့္ "ညီေလး၊ အစ္ကို (၃) အတြက္ေရာ" ဟု စုယြီက ေမးလိုက္သည္။

"အင္း၊ လုပ္ေပးမယ္ေနာ္။ အစ္ကို (၂) ေရာ ..."

စုလုရီက သူ႕အေပၚ၌ ေကာင္းေသာ စုခ်ီအေပၚ ေကာင္းေကာင္း ဆက္ဆံခ်င္ေသာ္လည္း ခြဲျခားဆက္ဆံသည္ဟု အေျပာခံရမည္ စိုးသျဖင့္ စုယြီတို႔ကိုပါ လုပ္ေပးရန္ ျပင္လိုက္၏။

စုက်န္းခ်န္က စုလုရီ ေမးေသာအခါ မေသာက္ခ်င္သည့္ မ်က္ႏွာမ်ိဳး လုပ္ေနသျဖင့္ စုလုရီက ... "အစ္ကို (၂)၊ မေသာက္ခ်င္ရင္လည္း ရတယ္ေနာ္။ ကြၽန္ေတာ္ အစ္ကို (၃) အတြက္ပဲ လုပ္လာေပးလိုက္ေတာ့မယ္" ဟု ေျပာလိုက္သည္။

ထိုအခါမွ စုက်န္းခ်န္က "ငါ ဘယ္တုန္းက မေသာက္ခ်င္ဘူးလို႔ ေျပာလိုက္လို႔လဲ" ဟု ေျပာလိုက္၏။

မနက္စာ စားၿပီးေသာအခါ စုခ်ီက အဝတ္အစားလဲၿပီး အျပင္သို႔ ထြက္ရန္ ျပင္ေနသည္။

ထိုအခ်ိန္၌ စုလုရီက ဝရံတာတံခါးမွ ေရာက္လာကာ "အစ္ကိုႀကီး၊ ဘယ္သြားမလို႔လဲ" ဟု ေမးလိုက္၏။

စုခ်ီက ေဆးဆိုင္သြားမည္ဟု ေျပာလိုက္ေသာအခါ စုလုရီက သူပါ လိုက္ခ်င္သည္ဟု ေျပာၿပီး ႏွစ္ေယာက္သား ေဆးဆိုင္သို႔ ထြက္လာခဲ့ၾကသည္။

ေဆးဆိုင္မွာ အိမ္ႏွင့္ မေဝးေသာ္လည္း ေတာင္ကုန္းေပၚ၌ ရွိေန၏။

စုခ်ီႏွင့္ စုလုရီက ေဆးဆိုင္သို႔ လမ္းေလွ်ာက္ထြက္လာခဲ့ရာ ကုန္းျမင့္သို႔ တက္ရသျဖင့္ စုလုရီက ေမာလာသျဖင့္ စုခ်ီက ရပ္လိုက္ကာ "မင္းရဲ႕ သက္လုံက ဘာလို႔ ဒီေလာက္ အားနည္းေနတာလဲ" ဟု ေျပာလိုက္သည္။

ထိုအခါ စုလုရီက "အစ္ကိုႀကီးကမွ သက္လုံ အရမ္း ေကာင္းလြန္းေနတာ" ဟု ျပန္ေျပာလိုက္၏။

"မင္း ထပ္သိသြားျပန္ၿပီေပါ့"

စုခ်ီ၏ စကားေၾကာင့္ စုလုရီက ေခါင္းကိုငုံ႕ကာ "အင္း" ဟု ျပန္ေျဖလိုက္သည္။

နာရီဝက္ခန႔္ ၾကာေသာအခါ ေဆးဆိုင္သို႔ ေရာက္ရွိလာၾက၏။

ေဆးဆိုင္ ဝန္ထမ္းမွ စုခ်ီတို႔ကို ႀကိဳဆိုၿပီး "ဘာအလိုရွိပါသလဲ ခင္ဗ်ာ" ဟု ေမးလိုက္ရာ" စုခ်ီက "ရတယ္။ ကိုယ့္ဘာသာကိုယ္ ၾကည့္ဝယ္မယ္" ဟု ေျပာလိုက္သည္။

စုခ်ီက ေဆးေကာင္တာမ်ားသို႔ ေလွ်ာက္သြားၿပီး အသုံးျပဳေနက် ေဆးမ်ားႏွင့္ ေခါင္းမူးေပ်ာက္ေဆး ႏွစ္ကတ္ကို ယူလိုက္၏။

စုလုရီက ေတြ႕သြားၿပီး "အစ္ကိုႀကီး၊ ဒီေဆးေတြက ဘာအတြက္လဲ" ဟု ေမးလိုက္သည္။

စုခ်ီက ေကာင္တာ၌ ေငြရွင္းရင္း "မနက္ျဖန္ ဒါမွမဟုတ္ သဘက္ခါက်ရင္ လုရွန္‌ ေရအိုင္ကို သြားၾကမွာေလ။ ႏွစ္တိုင္း သြားေနၾကကို မင္း ေမ့ေနၿပီလား" ဟု ျပန္ေမးလိုက္၏။

စုလုရီက ပ်ာပ်ာသလဲ ျဖစ္သြားကာ "ဒီႏွစ္က လာတဲ့ရက္ မတူေတာ့ မသြားျဖစ္ေတာ့ဘူး ထင္ေနတာ" ဟု ဆင္ေျခေပးကာ ေျဖလိုက္သည္။

စုခ်ီက ေဆးအိတ္ကိုကိုင္ကာ "ျပန္ၾကမယ္" ဟု ေျပာၿပီး ေဆးဆိုင္မွ ထြက္လာခဲ့ၾက၏။

စုလုရီက စုခ်ီ အေနာက္သို႔ အလ်င္အျမန္ လိုက္သြားကာ စိတ္ထဲမွ "ငါ ေနာက္ဆို အေျပာအဆို ဆင္‌ျခင္မွ ရေတာ့မယ္" ဟု ေတြးလိုက္သည္။

တတိယေျမာက္ေန႕၌ စုမိသားစုက လုရွန္အိုင္သို႔ ထြက္လာခဲ့ၾက၏။

စုလုရီက ယခင္အတိုင္း ယုန္နား႐ြက္ ေက်ာပိုးအိတ္ကို လြယ္လာခဲ့သည္။

ကားေပၚ၌ စုခ်ိီႏွင့္ စုလုရီက အေနာက္ဆုံး၌ ထိုင္ကာ စုက်န္းခ်န္ႏွင့္ စုယြီတို႔က အလယ္တန္း၌ ထိုင္ၾကသည္။

စုလုရီက သူ၏ ယုန္နား႐ြက္ ေက်ာပိုးအိတ္ကို စုက်န္းခ်န္တို႔ ေဆာ့ရန္ ေပးထားၿပီး အမူးေပ်ာက္ေဆး ႏွစ္လုံးကို ေသာက္ကာ အေနာက္သို႔ မွီၿပီး ထိုင္ေနလိုက္၏။

လုရွန္ေရအိုင္သို႔ သြားရန္ ေတာင္တက္လမ္းကို ျဖတ္ရမည္ ျဖစ္သျဖင့္ စုလုရီက ႀကိဳတင္ကာကြယ္သည့္ အေနျဖင့္ ေသာက္ထားျခင္း ျဖစ္သည္။

လုရွန္ေရအိုင္မွာ ယူနန္ေတာင္ပိုင္းႏွင့္ အျခားစီရင္စု ျပည္နယ္မ်ား ဆုံရာတြင္ တည္ရွိ၏။

ေရအိုင္၏ ကမ္းနားမွာ လွပၿပီး ရွည္လ်ားကာ က်န္သည့္ သုံးဘက္၌ ေတာင္တန္းမ်ားက ကာရံထားသည္။

သစ္ပင္မ်ားလည္း ထူထပ္ကာ ကမ္းစပ္ရွိ ေက်ာက္မ်ားမွာလည္း ၾကည္ျပာေရာင္ ျဖစ္၏။

ထို႔အျပင္ လုရွန္ေရအိုင္၌ ခ်စ္သူမ်ား ကြၽန္း၊ ဘီ ေတာင္ေစာင္းႏွင့္ ဆုေတာင္းျပည့္ သစ္ေတာကဲ့သို႔ေသာ ေနရာမ်ားလည္း ရွိသျဖင့္ အားလပ္ရက္၌ လာေရာက္လည္ပတ္သူ မ်ားျပားလွသည္။

စုမိသားစုက လုရွန္ေရအိုင္သို႔ မနက္ေစာေစာ ထြက္
လာေသာ္လည္း ခရီးသြားကားမ်ား ျပည့္ႏွက္ေနသျဖင့္ ေရအိုင္သို႔ ေန႕လည္ေက်ာ္မွသာ ေရာက္ရွိသြား၏။

ယုရွင္းရန္က ေနကာမ်က္မွန္ တပ္ဆင္ကာ ဦးထုပ္ကို ေဆာင္းၿပီး "သားငယ္ေလး၊ မားမားကို ဓာတ္ပုံရိုက္ေပးေနာ္" ဟု စုလုရီကို လွမ္းေျပာလိုက္သည္။

လုရွန္ေရအိုင္မွာ ဓာတ္ပုံရိုက္ရန္ အလြန္ေကာင္းေသာ ေနရာတစ္ခု ျဖစ္၏။

အထူးသျဖင့္ ခ်စ္သူမ်ား ကြၽန္းမွ ၾကည့္ပါက ေရအိုင္ကို ေတာင္တန္းမ်ား ကာရံထားေသာေၾကာင့္ ေရအိုင္က အသည္းပုံ ပုံစံျဖစ္ေနသည္ကို ေတြ႕ျမင္ရသည္။

စုလုရီက ေခါင္းကိုညိတ္ကာ "ဟုတ္ကဲ့၊ မားမား" ဟုေျပာလိုက္၏။

ထို႔ေနာက္ ေရွ႕သို႔ ဆက္သြားရာ ေတာင္တန္းမ်ားကို ေတြ႕လိုက္ရသျဖင့္ စုလုရီက "ဝါး..." ဟု အရွည္ႀကီး ဆြဲကာ ထေအာ္လိုက္သည္။

"မင္း အရင္က မေရာက္ဖူးသလို ဘာလို႔လုပ္ေနတာလဲ"

စုက်န္းခ်န္၏ စကားေၾကာင့္ စုလုရီ ထိတ္လန႔္သြားကာ "ဪ၊ အရင္ႏွစ္ေတြ အတိုင္း လွေနတုန္းမို႔လို႔ ထေအာ္မိတာပါ၊ အစ္ကို (၂)" ဟု ဆင္ေျခေပးလိုက္သည္။

အဝင္လမ္းမွ မိနစ္ (၂၀) ခန႔္ ေလွ်ာက္လာၿပီးေသာအခါ နာမည္ႀကီးေသာ ခ်စ္သူမ်ား ကြၽန္းသို႔ ေရာက္ရွိလာသည္။

ႏွစ္စဥ္ ႏွစ္တိုင္း ဤေနရာ၌ စုက်စ္ထုံႏွင့္ ယုရွင္းရန္က ဓာတ္ပုံတြဲရိုက္ေနၾက ျဖစ္၏။

စုခ်ီက စုလုရီ အစား ရိုက္ေပးမည္ဟု ဆိုကာ ကင္မရာကို ေကာက္ခ်ိန္လိုက္သည္။

ယုရွင္းရန္က စုက်စ္ထုံ၏ ပုခုံးကို မွီကာ တစ္ေယာက္ႏွင့္ တစ္ေယာက္ ခါးကို ဖက္ထားၾကၿပီး ၿပဳံး႐ႊင္စြာ ဓာတ္ပုံ ရိုက္လိုက္ၾက၏။

ေဘးနားမွ ရပ္ၾကည့္ေနေသာ စုလုရီက "မားမားနဲ႕ ပါးပါးတို႔က ခ်ိဳၿမိန္လိုက္တာ" ဟု စိတ္ထဲမွ ေတြးလိုက္သည္။

ယုရွင္းရန္က ဓာတ္ပုံရိုက္ၿပီးေနာက္ မ်က္မွန္ကို ျပန္တပ္လိုက္ကာ "သားတို႔လည္း ဓာတ္ပုံရိုက္ၾကပါလား။ ဒီေနရာက ရႈခင္းက အရမ္းလွတယ္" ဟု ေျပာလိုက္၏။

စုက်န္းခ်န္က ဓာတ္ပုံ ရိုက္ရသည္ကို ဝါသနာ မပါသျဖင့္ "ကြၽန္ေတာ္ေတာ့ မရိုက္ေတာ့ဘူး အေမ" ဟုေျပာလိုက္သည္။

စုယြီက စုလုရီ အနားသို႔ ကပ္သြားကာ "အစ္ကို (၃) နဲ႕ ဓာတ္ပုံ အတူတူ ရိုက္ၾကမလား" ဟု ေမးလိုက္၏။

ထိုအခါ စုခ်ီက စုယြီကို စိုက္ၾကည့္လိုက္သျဖင့္ စုယြီက လက္ေလွ်ာ့ကာ ထြက္သြားလိုက္သည္။

စုလုရီက ဓာတ္ပုံရိုက္ခ်င္ေနေသာ္လည္း အမ်ား၏ အေရွ႕၌ အထင္လြဲမည့္ အလုပ္ကို မလုပ္ခ်င္သျဖင့္ မရိုက္ေတာ့ရန္ စဥ္းစားလိုက္၏။

ထိုအခါ စုခ်ီက အနားသို႔ လွမ္းလာကာ "ဓာတ္ပုံရိုက္ခ်င္လို႔လား" ဟု ေမးလိုက္သည္။

"အင္း..."

စုလုရီက သူတစ္ေယာက္တည္းကို ဓာတ္ပုံရိုက္ေပးရန္ စုခ်ီကို ေတာင္းဆိုခ်င္ေသာ္လည္း အနားတြင္ စုံတြဲမ်ားသာ ရိုက္ေနၾကသျဖင့္ အနည္းငယ္ရွက္ေနကာ မေျပာရဲ ျဖစ္ေနသည္။

ထိုအခါ စုခ်ီက "လာ၊ တစ္ေယာက္ေယာက္ကို ငါတို႔ႏွစ္ေယာက္အတြက္ ဓာတ္ပုံ ရိုက္ခိုင္းလိုက္မယ္" ဟု႐ုတ္တရက္ ထေျပာလိုက္၏။

စုလုရီ အသိစိတ္ ျပန္ဝင္လာသည့္အခ်ိန္၌ "သုံး၊ ႏွစ္၊ တစ္ လို႔ ေအာ္ၿပီးရင္ ရိုက္ၿပီေနာ္" ဟု ေျပာသံကို ၾကားလိုက္ရသည္။

စုခ်ီက သူ၏ ပုခုံးကို တင္းက်ပ္စြာ ဖက္ထားၿပီး "ကင္မရာကို ၾကည့္" ဟု ေျပာလိုက္၏။

"ခ်လပ္"

ဓာတ္ပုံ ရိုက္ၿပီးသြား၍ ဓာတ္ပုံရိုက္ေပးေသာ မိန္းကေလးကို ေက်းဇူးတင္စကားေျပာကာ ထိုေနရာမွ ထြက္လာခဲ့ၾကသည္။

စုခ်ိီက အေရွ႕မွေန၍ ေဘာင္းဘီထဲ လက္ထည့္ကာ ေလွ်ာက္ေနၿပီး စုလုရီက စုခ်ီ၏ ေနာက္မွ လိုက္လာခဲ့၏။

စုခ်ီက ဓာတ္ပုံကို ၾကည့္ရင္း ေက်နပ္ကာ စုလုရီအေပၚ၌ စိတ္ခံစားခ်က္မ်ား ပိုပို မ်ားလာသည္ဟုလည္း ေတြးလိုက္မိေလသည္။


...…….................................
.........................................


အပိုင္း (၄၈) ၿပီးပါၿပီ။

Continue Reading

You'll Also Like

441K 84.1K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
51.8K 3.9K 23
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
203K 17.1K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...