Part 36
ရှောင်ကျန့် သတင်းကြားကြားချင်း ဆေးရုံသို့
မြန်မြန်ရောက်ရှီလာခဲ့သည်။
" ဝမ်လေး "
ကျွန်တော်ကိုတွေ့တော့ ဝမ်လေးပြေးဖက်သည်။
" ဘယ်လိုဖြစ်တာလဲ "
" မသိဘူး မနိုးဘူး ရှင်းလေးကမနိုးဘူး "
" စိတ်လျော့ပါ..စိတ်အေးအေးထားပါ "
ဝမ်လေးကျောကိုပုတ်ပေးလိုက်သည်။
ကျန်းချန် ထွက်လာပြီး
" ရှင်းလေးနိုးပြီး "
ရိပေါ်နဲ့တင်းနီ အခန်းထဲပြေးဝင်သွားကြသည်။
ကျန်းချန် ကျွန်တော်ကိုကြည့်ကာ
" ငါလိုအပ်တာကြောင့် ဆေးစစ်ထားတယ်
အမှန်ကလိုအပ်တာကြာပါပြီ ရှောင်ကျန့် ငါမင်းကိုပြောထားတယ်လေ မင်းမေ့လျော့နေတာလား "
" မင်းဘယ်တုန်းက..."
" ငါမင်းကို ဆေးရုံလာဖို့ခေါ်ထားတယ်လေ "
" ဟုတ်သားပဲ ဒီကြားထဲ ပြဿနာတွေအများကြီးဖြစ်သွားတယ် အခြေအနေဘယ်လိုနေလဲ "
ကျန်းချန် သက်ပြင်းချပြီး
" ဆေးစစ်ချက်ရမှ ဆက်ပြောကြတာပေါ့ "
ကျန်းချန် ကျွန်တော်နားလာပြီး ကျွန်တော်ပုခုံးကိုပုတ်ကာဆိုလိုက်ခြင်းဖြစ်သည်။
" မင်းမျက်နှာကဘာဖြစ်တာလဲ ကျန်းချန်
အဖြေတောင်မသိသေးဘူး မင်းကဘာမျက်နှာကြီးလဲ "
" ရှောင်ကျန့် မင်းစိတ်ထိန်း "
" အဖြေသိရရင် ငါကိုအရင်ခေါ်ပြော "
" ရိပေါ်လည်းသိဖို့လိုတယ် ဒါဖုန်းကွယ်ထားရမဲ့ကိစ္စ
မဟုတ်ဘူး "
" ငါကိုပဲအရင်ပေးသိ! "
ရှောင်ကျန့်လေသံမာသွားသလို ရှောင်ဝမ်လည်း
ဆေးရုံကိုအလာ အကုန်ကြားသွားမိသည်။
ကျန်းချန် ခေါင်းညိတ်ကာ ထွက်လာခဲ့လိုက်သည်။
" ရှင်းလေးက အခြေအနေဆိုးနေတာလား "
ရှောင်ဝမ်အနားကိုရောက်လာပြီး မေးလိုက်သည်။
" မင်းပါးစပ်ပုတ်ကြီးနဲ့ "
" အစ်ကို! "
" အခန်းထဲဝင်ရအောင် "
ရှောင်ကျန့်တို့ဝင်လာတော့ ရှင်းလေးကထထိုင်နေပြီး
ဝမ်၊ တင်းနီနဲ့စကားတောင်ပြောနေပြီဖြစ်သည်။
" သက်သာရဲ့လား ကလေး "
" ယောက်ဖနဲ့ အစ်ကိုရှောင်ဝမ်ကလည်း ဘာမှမပါဘူး "
ရှောင်ကျန်ပြုံးကာ ဆေးရုံခုတင်နားက ခုံမှာထိုင်လိုက်သည်။
" အစ်ကိုတို့ဘယ်လောက်တောင် လန့်သွားခဲ့ရလဲ "
" ယောက်ဖ ကိုကို့ကိုအနမ်းပေးလိုက်အုံး
ကိုကိုမျက်နှာဖြူဖတ်နေတာပဲ "
ရှောင်ကျန့် ဝမ်ကိုကြည့်လိုက်သည်။ ချစ်ရတဲ့သူက
တကယ်ပဲ မျက်နှာလေးက ညိုးငယ်နေသည်။
ဝမ်ရယ် ကိုယ်ဘယ်လိုလုပ်ရမလဲ ကိုယ်က
မင်းကိုပျော်စေချင်တာ ကိုယ်စိုက်ပျိုးထားတဲ့
နှင်းဆီပန်းလို ရဲရဲရင့်ရင့်နဲ့တောက်ပစေချင်တာ
မင်းပျော်ဖို့ဆို ကိုယ်ကပေးဆပ်နေရင် ရပြီလို့
ထင်ထားတာ
" ယောက်ဖ...ယောက်ဖ! "
ရှင်းလေးခေါ်သံတောင်မကြား ပေါ်လေးကိုပဲကြည့်နေသော အစ်ကိုအား ရှောင်ဝမ်ပုခုံးကိုပုတ်လိုက်သည်။
" အစ်ကို! "
" ဟမ်! "
" ယောက်ဖကတော့ ကျွန်တော်အစ်ကို့ကို
ကြည့်လှချည်လား "
" တောင်းပန်ပါတယ်ရှင်းလေး ဝမ်လေးက
မျက်နှာညိုးငယ်နေတယ်တာဆိုတာ အစ်ကိုမျက်ဝန်းထဲမှာနတ်သားလေးလို့တောက်ပနေလို့ "
" ဟားဟား "
ကိုကိုစကားကြောင့် အားလုံးသဘောကျကာရယ်နေသည်။
" ကိုကို! "
မျက်စောင်းထိုးသွားတဲ့ဝမ်ကြောင့်
ရှောင်ကျန့်ပြုံးလိုက်သည်။
" တင်းနီ ကိုယ်ပြန်မှာ တခါတည်းလိုက်မလား "
ရှောင်ကျန့်ဆိုလိုက်တော့ တင်းနီ ရှင်းလေးကို
တချက်ကြည့်ကာ
" ကျွန်တော်ညအိပ်စောင့်ပါမယ် "
" မဖြစ်ဘူး ငါလာတုန်းက ရှေ့မှာမင်းပရိတ်သတ်တွေ
တွေ့တယ် မင်းဆေးရုံကိုလိုက်ပို့တာ တစ်ယောက်ယောက်တွေ့သွားပြီ လိုင်းပေါ်တင်လိုက်တယ်ထင်တယ် "
ရှောင်ဝမ်ပြောမှ တင်းနီ နဖူးကိုလက်ထောက်ကာ
မျက်စိမှိတ်ချလိုက်သည်။
" ရှင်းလေးဇောကြောင့်
အစ်ကိုလည်းသတိမထားမိခဲ့ဘူး
တောင်းပန်ပါတယ် "
" အစ်ကိုရိပေါ်တောင်းပန်စရာမလိုပါဘူး
ကျွန်တော်လုံးနှစ်ယောက်လုံး ပူထူပြီး..."
" နောက်ဆုံးတော့ ကျွန်တော်အမှားပဲ "
လေသံတိုးတိုးလေးနဲ့ပြောလိုက်တဲ့ ရှင်းလေးကြောင့်
အားလုံးရဲ့အကြည့်က ရှင်းလေးဆီသို့
" ရှင်းလေး "
တင်းနီ ရှင်းလေးလက်ကို ကိုင်လိုက်သည်။
" ရှင်းလေးကိုယ့်ကိုချစ်တာ အမှားတစ်ခုမဟုတ်သလို
ကိုယ် ရှင်းလေးကိုချစ်တာလဲ အမှားမဟုတ်ဘူး
ကိုယ့်အတွက်မပူနဲ့ ကိုယ့်ဖြေရှင်းနိုင်တယ်
ရှင်းလေးသာနေကောင်းအောင်နေနော် "
" အွန်း "
ရှင်းလေးနဲ့တင်းနီ တစ်ယောက်ကိုတစ်ယောက်ဖက်ထားလိုက်သည်။
" သွားဖို့လိုပြီ အစ်ကို ပေါ်လေးကိုပါခေါ်သွား "
ရှောင်ဝမ်အပြောကို ရိပေါ်ငြင်းလိုက်သည်။
" ငါ ရှင်းလေးနားပဲနေမှာ "
" နေ့ခင်းဘက်တော့ မင်းစောင့်ပေါ့
ညနေတော့ ငါကိုစောင့်ခွင့်ပေးပါ
ပေါ်လေး မင်းအရမ်းပင်ပန်းနေပြီ
ညနေတော့ အစ်ကိုနဲ့ကောင်းကောင်းအနားယူပါ "
" ရှင်းလေးကိုစိတ်ပူတဲ့စိတ်နဲ့ ငါဘယ်လိုအနားယူမလဲ "
" ကျွန်တော်မှ ဘာမှမဖြစ်တာ အစ်ကိုရှောင်ဝမ်ပြောတာနားထောင်သင့်တယ် "
" ရှင်းလေး! "
" ဒီညတော့စောင့်ပေးပါ "
ရှောင်ကျန်ပြောပြီ ဝမ်လက်ကိုဆွဲပြီး
" တင်းနီသွားရအောင် "
တင်းနီ ရှင်းလေးနဖူးကိုနမ်းကာ ထွက်ခဲ့လိုက်သည်။
⛪
ဝမ် အိမ်ရောက်တာနဲ့ ရှင်းလေးအခန်းထဲသွားပြီး
လိုအပ်တာတွေ ထည့်နေသည်။
" သခင်လေးက ဆေးရုံမှာကြာမှာလား "
ကျင်းရီကအလိုက်မသိစွာမေးနေသည်။
" ဘယ်နှရက်နေနေ အကုန်ထည့်သွား "
ရှောင်ကျန့်ပြောပြီး အရုပ်လေးတွေကို အိတ်ထဲထည့်လိုက်သည်။
" ဖုန်းကောယူသွား ipadကော "
" ဟုတ်ကဲ့ "
ရှောင်ကျန့် ဝမ်နားလာပြီး ဝမ်လက်ကိုကိုင်ကာ
နမ်းလိုက်သည်။
" ကိုကိုဘာလုပ်တာလဲ "
" ကိုယ်ဗိုက်ဆာပြီ ဝမ်လေးရဲ့
သွားစားရအောင် "
" ကိုကို ကျွန်တော် ဒီနေ..."
ဝမ်မျက်ရည်ကျလာသည်။ ရှောင်ကျန့်ချက်ခြင်ပဲ
တန်းဖက်လိုက်သည်။
" မငိုပါနဲ့ ဝမ်မျက်ရည်ကျရင် ကိုယ်အရမ်းမုန်းတယ် "
" ကိုကို! "
" ကိုယ့်ကိုယ်ကိုမုန်းတယ်ပြောတာပါ ကိုယ်လေ
ဝမ်ပျော်ရွှင်တာပဲမြင်ချင်ခဲ့တာ "
ရိပေါ်ဖက်ထားရာကနေခွာကာ
မျက်ရည်တန်းသုတ်လိုက်သည်။
" ကျွန်တော်မငိုတော့ပါဘူး ကိုကိုစိတ်မညစ်နဲ့နော် "
" ဝမ်ရယ်..."
ရှောင်ကျန့် ဝမ်နှုတ်ခမ်းကိုနမ်းပြီး ပွေ့ချီလိုက်ကာ
ထမင်းစားခန်းထဲသို့ ခေါ်လာလိုက်သည်။
" ကိုကို.."
ရိပေါ်မစားချင်ပေမဲ့ ကိုကိုအစာအိမ်အောင့်မှာစိုးရိမ်သည်။
" ဒီအတိုင်းထိုင်နေပေးရုံပဲ "
" ဟင် "
ကိုကိုက စွပ်ပြုတ်ပူပူကိုမှုတ်ကာ
" ပါးစပ်ဟ.."
" ကိုကို "
" ကိုယ်ခွံမယ် ဒီနေ့ကစပြီး ကိုကိုရဲ့ကလေးလေးကို
ကိုယ်ပဲထမင်းခွံမယ် "
" ကိုကို သူများကြည့်..."
ထမင်းစားခန်းထဲမှာ တစ်ယောက်မှကိုမတွေ့ပေ
" ကိုယ်တို့ထမင်းစားနေချိန် အနားမှာဘယ်သူမှမထားဘူး
လိုတာ ကျွန်တော်ကိုခိုင်းပါ သခင်လေးဝမ် "
" ဟီးဟီး...ကိုကိုကတော့ "
ကိုကိုကလက်တစ်ဖက်ကိုဝှက်ကာ ဦးညွတ်လိုက်တာကြောင့်ရိပေါ်ပြုံးမိသွားသည်။
" အာ!..."
ကျွန်တော်ခွံကြွေးတာစားတဲ့ဝမ်လေးကို
ချစ်ကြည်နူးစွာကြည့်မိသည်။ အပြုံး ဝမ်လေးရဲ့အပြုံးက ကျွန်တော်အတွက်များစွာတန်ဖိုးရှီသည်။
ကျွန်တော်မြတ်နိုးရတဲ့ ဝမ်လေး ဒီထက်ပိုပြီး
မပင်ပန်းပါစေနဲ့တော့