Part 37
ရိရှင်း ဆေးရုံမှာ TVကြည့်နေရင်း
ဆိုဖာပေါ်မှာထိုင်နေသော အစ်ကို့ကို မေးလိုက်သည်။" အစ်ကိုရှောင်ဝမ် ဗိုက်မဆာဘူးလား "
" ရှင်းလေးကဆာလို့လား ကိုယ်ဘာလုပ်ပေးရမလဲ "
" ကျွန်တော်ကြည့်နေတာ အစ်ကိုရောက်ကတည်းက
ဘာမှမစားရသေးဘူးလေ "" ကိုယ်ဆာပါဘူး ရှင်းလေးအတွက်သစ်သီးခွဲပေးမယ် "
ရှောင်ဝမ် သစ်သီးအခွံခွာနေတုန်း
ဒေါက်တာနဲ့အစ်ကို
ပြောတာကိုး ပြန်တွေးနေမိသည်။" အား..."
အတွေးလွန်နေတုန်း လက်ဓားရှမိသွားသည်။ ဘယ်လောက်ထိ အတွေးလွန်နေမှန်းမသိ သွေးတွေအများကြီးထွက်သွားသည်။
" အစ်ကို!.."
ရှင်းလေး ကုတင်ပေါ်ကဆင်းလာပြီး သူလက်ညိုးကိုလာစုပ်သည်။
" သွေး..."
ရှင်းလေးနှာခေါင်းက သွေးထွက်လာတာကြောင့်
လန့်သွားသည်။" ဟုတ်တယ် အစ်ကို သွေးတွေအများကြီး "
" မဟုတ်ဘူး ရှင်းလေးနှာခေါင်းမှာသွေး "
ရှောင်ဝမ် တီရူးယူကာ မြန်မြန်သုတ်ပေးလိုက်သည်။
" ကျွန်တော် သန့်စင်ခန်းထဲသွားလိုက်အုံးမယ် "
ရိရှင်း နှာခေါင်းသွေးတွေကို ဆေးချနေရင်း
ခေါင်းက မိုက်ကနဲ့ဖြစ်သွားသည်။" ငါဘယ်လိုဖြစ်တာလဲ ငါဘာကြောင့်
ကျန်းမာရေးအဲ့လောက်ညံ့ရတာလဲ "ရိရှင်း ကိုယ့်ကိုယ်ကို အားမရကာ စိတ်တိုလာသည်။
" ရှင်းလေး သက်သာရဲ့လား "
သန့်စင်ခန်းထဲကအထွက် ကျင်းရီရောက်နေတာကို
တွေ့ရသည်။" အင်း..."
ကျင်းရီကိုပြန်ဖြေပြီး ကုတင်ပေါ်တက်ထိုင်လိုက်သည်။
" ရှင်းလေးဖက်အိပ်မို့ ယုန်ရုပ်...ဖုန်း..ipad "
ကျင်းရီက ပါလာသောပစ္စည်းအကုန်ထုတ်ပေးသည်။
" စွပ်ပြုတ်ပူပူလေးသောက်မလား "
![](https://img.wattpad.com/cover/339821092-288-k804022.jpg)