Part 42
ဇတ်သိမ်းပိုင်း
ရိရှင်းကို ရိုးတွင်းခြင်ဆီအစားထိုးပြီး
ဆေးရုံမှာနှစ်ပတ်ကြာအောင် တက်ခဲ့ရသည်။" အိမ်ပြန်ရောက်ပြီ "
ကားပေါ်ကဆင်းဆင်းခြင်း နှင်းဆီခြံဘက်
ခြေဦးတည်နေတဲ့ ရှင်းလေးကို ရှောင်ကျန့်လှမ်းအော်လိုက်သည်။" မပြေးရဘူးနော် "
" မပြေးပါဘူး ယောက်ဖရဲ့ "
" ဒန်းလည်းမစီးရဘူးနော် ကလေး "
ရိပေါ်ထပ်မံသတိပေးလိုက်သည်။
" မစီးပါဘူးကိုကိုရဲ့ လမ်းပဲလျှောက်မှာ "
ရှောင်ဝမ် ရှင်းလေးနောက်အမှီလိုက်ပြီး
အတူလျှောက်ပေးလိုက်သည်။
အခန်းထဲရောက်တာနဲ့ ရိပေါ် ကုတင်ပေါ်တန်းလှဲလိုက်သည်။" ပင်ပန်းသွားပြီလား "
" ကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး
ကိုကိုရော၊ ရှောင်ဝမ်၊တင်းနီ အားလုံးပင်ပန်းတာပဲ "ရှောင်ကျန့်ပြုံးပြီး ဝမ်လေးနဖူးကို ငုံ့နမ်းလိုက်သည်။
" အပင်ပန်းဆုံးက ဦးလေးပဲ
တင်းနီကို အဲ့လောက်ထိချစ်မယ်လို့ ကိုယ်မထင်ခဲ့ဘူး "" အင်း..."
ရှောင်ကျန့်ပြောလိုက်တဲ့စကား
ဘာအမှားပါသွားပါလိမ့်
ဝမ်လေးမျက်နှာပျက်သွားသည်။" ဝမ်လေးအရမ်းပင်ပန်းနေပြီ
တရေးလောက်အိပ်လိုက် "ရှောင်ကျန့် ဝမ်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီးပြောလိုက်သည်။ ဝမ်လေး ချက်ခြင်းပဲ မှေးဆက်သွားသည်။
ရှင်းလေးနေကောင်းကျန်းမာနေပေမဲ့ ဝမ်လေးမျက်နှာမကောင်းဘူး ဘာဖြစ်တာပါလိမ့်⛪
တပတ်ကြာသောအခါ
ကျောင်းယူနီဖောင်းဝတ်ပြီး ဆင်းချလာတဲ့
ရှင်းလေးကြောင့် ရိပေါ်ပြောလိုက်သည်။" ရှင်းလေးကျောင်းသွားလို့မရဘူး "
မနက်စာခေါက်ဆွဲကို အရင်မြည်းပြီး ကိုကို့ကိုမော့ကြည့်လိုက်သည်။