Part 9
ရှောင်ကျန့် ရှင်းလေးကိုဆေးတိုက်ပြီး
အခန်းထဲကအထွက် ဝမ်နဲ့ဆုံလေသည်။" ရှင်းလေးကအိပ်ပျော်သွားပြီ
သူအိပ်ပျော်တဲ့အထိ စောင့်ပြီးမှထွက်လာတာ "" အင်း "
ဝမ်ကသူကိုအေးဆက်ဆက်နဲ့ကြည့်ကာဖြေသည်။
" မနက်ကကိစ္စအတွက်တောင်းပန်ပါတယ် "
ဝမ်ကသူအတွက်စိတ်အနှောက်အယှက်ဖြစ်ရတာ
သူမလိုလားပေ။ ဝမ်ကသူကိုကြည်ဖြူမှ ဒီအိမ်မှာဆက်နေဖို့
ရှောင်ကျန့် အားရှီမှာဖြစ်သည်။" ရှင်းလေးက လူတစ်ယောက်ကိုခင်တာ
တွယ်တာတာ တော်တော်ရှားတယ်
မနက်က မင်းရှေ့မှာ မားမားမက်မက်ရပ်တည်ပြီး
ကာကွယ်တဲ့ကိစ္စကြောင့် ကျွန်တော်လန့်သွားတယ်
သူဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက်
ကျွန်တော်စိတ်တိုင်းကျ အလုပ်ထုတ်နေလည်း
သူဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူး "" အဲ့ဒါက.."
ဝမ်မျက်နှာကသူမျက်နှာရှေ့ ကပ်လာသည်။
ဝမ်မျက်နှာကို အနီးကပ်မြင်ရတာကြောင့်
ရှောင်ကျန့် ရင်ခုန်မိသည်။" မင်းရဲ့ဘာကထူးခြားတာလဲ "
" ဗျာ! "
" ငါကြည့်တာကတော့ ဘာမှမထူးခြားပါဘူး "
" သခင်လေးအနီးကပ်ကြည့်ပေမဲ့ မမြင်သေးလို့နေမှာပါ "
ဝမ်ရှေ့တိုးပြီးထပ်ကြည့်သည်။
" ဘာမှမထူးခြားပါဘူး "
" ကျွန်တော်မျက်လုံးကို သေချာကြည့်လေ "
ဝမ်ကသူမျက်လုံးကိုစိုက်ကြည့်သည်။ အကြည့်ချင်းဆုံပြီး
ရှောင်ကျန့် ရင်ထဲအဆမတန်ခုန်နေသည်။" တွေ့လား "
ရှောင်ကျန့်မေးလိုက်သည်။
ကျွန်တော်မျက်ဝန်းထဲက အချစ်ရွှန်းလဲ့ရည်တွေကို
ဝမ်တွေ့လား" ဘာမှမထူးခြားပါဘူး "
ဝမ်အကြည့်လွှဲပြီး အနားကချက်ခြင်းထွက်သွားသည်။
" ဘာဖြစ်သွားတာလဲ "
ရိပေါ်အခန်းထဲဝင်ပြီး တံခါးမြန်မြန်ပိတ်လိုက်သည်။