Part 31

1K 105 6
                                    

Part 31

   တနင်္လာနေ့ရှင်းလေးကျောင်းပြန်ဖွင့်ရက်ရောက်လာပြန်သည်။
ဝမ်လိုက်ပို့ဖို့ပြောတော့ ရှင်းလေးမငြင်းပေ။

"  ညနေ ကိုကိုပဲလာကြိုမယ်နော် "

     ကျောင်းထိလိုက်ပို့ပြီး ဝမ်ဆိုလိုက်ပေမဲ့ ရှင်းလေး
ဘာမှပြန်မပြောပဲ ကားပေါ်ကဆင်းသွားသည်။
ဝမ်လည်း နေကောင်းနေပြီ ဖြစ်တာကြောင့်
ကုမ္ပဏီသို့တိုက်ရိုက်လာလိုက်သည်။

" ကိုကို!.."

အခန်းတံခါးဖွင့်လိုက်တာနဲ့
ကိုကိုရောက်နေတာကြောင့်
အံသြသွားသည်။

" အလုပ်ကိစ္စလာတာ "

" ဟင်!..ဒီနေ့ရှယ်ယာရှင်အစည်းအဝေးနေ့လည်း
မဟုတ်သေးပါဘူး "

" တော်ဝင်နှင်းဆီရဲ့ အခုဆောက်လုပ်မဲ့ ကွန်ဒိုရှယ်ယာ
ဝမ်လေးဆီ အပ်ထားချင်လို့ "

" ကျွန်တော်ဆီကိုး..ဟာ မထိန်းသိမ်းချင်ပါဘူး "

" မထိန်းသိမ်းခိုင်းပါဘူး လိုအပ်လျှင် ဝမ်ကြိုက်သလို
လုပ်လို့ရတယ် "

" ကျွန်တော်လိုချင်တာ အဲ့တာမဟုတ်ဘူး
တစ်ခုပဲ.."

" ပြော ဝမ်ဘာလိုချင်လဲ "

" ဘာကမှာလည်း ကျွန်တော်တို့နှစ်ယောက်ရဲ့ Video "

" ဘာVideo.."

ရှောင်ကျန့်မေးနေတုန်း ဝမ်ရဲ့ဆူပုတ်နေတဲ့ မျက်နှာမြင်ပြီး
အမှတ်ရသွားကာ ရယ််လိုက်သည်။

" Videoမရှီဘူး ကိုယ့်က ဝမ်ကိုလိုချင်လို့..."

" ခြိမ်းခြောက်ခဲ့တာပေါ့ "

ဝမ်ရိပေါ်ပြောပြီး ရှောင်ကျန့်ခြေထောက်ကို
လာကန်သည်။

" အား..နာတယ် Babyလေးရဲ့ "

" ဘာbabyလဲ "

ရှောင်ကျန့် ဝမ်ကိုဆွဲဖက်လိုက်သည်။

" ဒီည Dinnerပွဲလေး လုပ်မလားလို့ "

" ဧည့်သည်တွေကိုဖိတ်မလို့လား "

" အင်း.."

ကိုကိုကပြောပြီး ကျွန်တော်ကိုနမ်းကာ ထွက်သွားသည်။
ရှင်းလေးနဲ့တောင် သိပ်အဆင်မပြေသေးတာ
ကိုကိုက အိမ်မှာ Dinnerပွဲလုပ်မလို့တဲ့လား

အမြတ်နိုးဆုံးဝမ်Where stories live. Discover now