Part 39

832 86 9
                                    

Part 39

   ဝမ်လေးက တညလုံး ရှင်းလေးနားထိုင်စောင့်ရင်း
ရှင်းလေးလက်ကိုကိုင်ကာ ငိုက်နေသည်။

" ဝမ်လေး "

" အင်း..."

ရှင်းလေးကိုကိုင်ထားသောဝမ်လေးလက်ကို
အသာဖြုတ်လိုက်သည်။

" ကိုကို "

  သူကိုပွေ့ချီမလို့လုပ်တော့ မျက်လုံးကျယ်လာကာ
ခေါ်သည်။

" ခဏအိပ်ရအောင်နော် "

" မအိပ်ဘူး ဒီနားပဲနေမှာ  "

" အစ်ကိုကုတင်ကပ်ပေးလိုက်လေ ပေါ်လေးကို
ရှင်းလေးနားအိပ်ရအောင် "

  ရှောင်ဝမ်ကဆိုဖာပေါ်မှာငိုက်နေရင်း
အသံကြားလို့ နိုးလာကာပြောလိုက်၏ ။

" ကလေးနိုးမယ် ဖြည်းဖြည်းလုပ် "

   ကုတင်ကိုအသံမကြားအောင်မတဲ့ ကိုကိုတို့ကို
ရိပေါ် ထပ်ပြောလိုက်သည်။

" ရပြီ အိပ်တော့ "

" ကိုကိုကော "

" ကိုကိုက ကိစ္စမရှီဘူး အရင်အိပ်လိုက် "

" အင်း  "

  ဝမ်လေး သူ့ညီလက်ကိုကိုင်ကာ အိပ်ပျော်သွားလေသည်။
ရှောင်ဝမ်နဲ့ရှောင်ကျန့်လည်း  ကော်ဖီသောက်ရင်း
ဆိုဖာပေါ်မှာ ထိုင်စောင့်လိုက်သည်။

   🏥

     မိုးစင်စင်လင်းတော့ ရှင်းလေးဆေးသွင်းတဲ့အချိန်
တင်းနီရောက်လာသည်။
  အရိပ်အကဲနားလည်တဲ့ တင်းနီက ဘာမှမမေးသေးပဲ
ရှင်းလေး လက်ကို ကိုင်ထားပေးသည်။

" ဒီဆေးကုန်တဲ့အထိနေပေး "

" ခဏနော် "

   တင်းနီအပြင်ထွက်ကာ မန်နေဂျာကို ရှူတင်ဖျက်ခိုင်းလိုက်သည်။ ရှင်းလေး သက်သာနေပြီထင်ခဲ့ပေမဲ့
သူထင်သလိုမျိုး ဟုတ်မနေတာကြောင့် မန်နေဂျာဆူသမျှခံပြီး ဖုန်းချလိုက်သည်။

" ဘယ်သွားတာလဲ "

ရှင်းလေးကဆူပုတ်စွာမေးသည်။

" တင်းနီကအလုပ်ကိစ္စရှီတယ်လေ
ကိုကိုစောင့်ပေးမယ်လေ ကလေးလေးရဲ့ "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now