Part 17

1.1K 102 7
                                    

Part 17

  သခင်လေး၏ကျောင်းပိတ်ရက်မှာ ရှောင်ကျန့်အေးဆေးနေရမယ်ထင်ခဲ့မိတော့လည်း

" ယောက်ဖ ဒီဝတ်စုံဘယ်လိုနေလဲ "

" လိုက်ပါတယ် သခင်လေး "

" ဒီဝတ်စုံကော "

  " ဒါလည်းလိုက်တာပဲ "

တစ်စုံပြီးတစ်စုံကိုယ်မှာကပ်ကာပြနေသည့်
သခင်လေးက မျက်နှာဝင်းပတောက်ပနေသည်။

" အဖြူဝတ်ရမှာလား အပြာဝတ်ရမှာလား
အနက်ဝတ်ရမှာလားလို့ "

" ဘာဝတ်ဝတ် ချစ်စရာကောင်းတဲ့သခင်လေးနဲ့
အားလုံးလိုက်တယ် "

" ဟွန်း!..ကိုကို့ကိုသွားခေါ်ပေး "

" သခင်လေးအခုမှမနက်ငါးနာရီပဲရှီသေးတယ်လေ
မောင်ကအိပ်တုန်းပဲ "

" ဟီးဟီး ဘယ်လိုခေါ်လိုက်တာယောက်ဖ
မောင် ဟုတ်လား..ဟားဟား "

ရှင်းလေးကရှောင်ကျန့်ကိုစကာတခစ်ခစ်နဲ့ရယ်နေသည်။

" သခင်လေး! "

" လုပ်ပါယောက်ဖကလည်း ကိုကို့ကိုသွားနှိုးပေး "

  ရှောင်ကျန့်အိပ်ချင်မူးတူးဖြင့်ခေါင်းညိတ်ကာ
မောင်အခန်းဘက်သို့ရောက်လာခဲ့သည်။

"  မောင်အိပ်နေတာချစ်စရာလေး "

  ရှောင်ကျန့်ဝမ်ပါးကိုနမ်းလိုက်သည်။

" မောင်!...မောင် "

  မောင်ကိုလှုပ်နှိုးတော့ မောင်သူကိုဖက်ထားလေသည်။

" မောင်ထတော့ ရှင်းလေးက နှိုးခိုင်းလို့  "

   ရိပေါ်မျက်စိတန်းပွင့်လာသည်။

" ညီလေးက နေမကောင်းလို့လား "

မောင်တန်းထထိုင်သည်။ စိတ်ပူသွားတော့မောင်နှုတ်ခမ်းကို
နမ်းလိုက်သည်။

" နေမကောင်းတာမဟုတ်ပါဘူး
မောင်မျက်နှာမြန်မြန်သွားသစ်ပြီး လိုက်ခဲ့ "

  ရိပေါ် ရှောင်လေးခိုင်းတာချက်ခြင်းလုပ်ပြီး
လိုက်လာခဲ့လိုက်သည်။

" ဒါဘယ်လိုဖြစ်တာလဲ "

  အခန်းထဲရောက်တော့ ရှုပ်ပွနေသောအထည်ပုံထဲတွင်
ရှင်းလေးက ထိုင်နေသည်။

အမြတ်နိုးဆုံးဝမ်Dove le storie prendono vita. Scoprilo ora