Part 34

1K 102 5
                                    

Part 34

Dinner Time ( ဝမ်အိမ်တော် )

   အရသာရှီသော အစားအသောက်စုံလင်စွာ
ခင်းကျင်းထားပေမဲ့  ဝမ်လေးနဲ့ ရှင်းလေးက
သိပ်မစားပဲနေလေသည်။

" ရိပေါ် စားမကောင်းဘူးလား "

" ကောင်းပါတယ် ဦးလေး "

ရှောင်ကျန့် ဝမ်လေးပန်းကန်ထဲ ဟင်းတွေစုံနေအောင်ထည့်ပေးလိုက်သည်။

" ရိရှင်းမကြိုက်ဘူးလား အိမ်တော်ထိန်းကို
ရိရှင်းကြိုက်တာမေးပြီး ချက်ထားတာ

ဦးလေးက သိပ်မစားသောရှင်းလေးကို
အားမရကာဆိုသည်။

" ရှင်းလေးက နေသိပ်မကောင်းသေးလို့ပါ ဦးလေး "

" ဆရာဝန်နဲ့ပြပြီးပြီလား "

ရိပေါ်ခေါင်းရမ်းလိုက်သည်။

" ဘာလိုပေါ့ဆရတာလဲ ဆရာဝန်ခေါ်မှာပေါ့ "

" ဆရာဝန်ခေါ်ရတဲ့အထိ မလိုအပ်လို့ပါ ဦးလေး "

  ရှင်းလေးဝင်ပြောလိုက်သည်။

" ရိရှင်း..."

" ကျွန်တော်စားလို့ဝပြီ
ကျွန်တော်အခန်းထဲ သွားလိုက်အုံးမယ်
ယူစရာရှီလို့ "

" ဘာမှသိပ်မစားရသေးဘူးလေ "

  လုရီပြောတာ ဂရုမစိုက်ပဲ ရှင်းလေး ထွက်သွားသည်။

" မင်းညီမဟုတ်တော့ အစာတောင်သေချာမကျွေးဘူးပေါ့ "

   ဦးလေးက ရိပေါ်ကိုအပြစ်တင်စကားဆိုလိုက်တာကြောင့်ရှောင်ကျန့် အော်လိုက်သည်။

" ဦးလေး! "

" ကိုကို..."

ရိပေါ် ကိုကိုလက်ကိုကိုင်လိုက်သည်။

" ဝမ်လေးက ရှင်းလေးအသက်၁၆နှစ်ထိ
ထမင်းစားဖို့တစ်ခုတည်းနဲ့
ကလေးထိန်းခေါ်ခဲ့တာ "

" ​သြော်...ဟုတ်လား "

  မထီမဲ့မြင်ပြောသော ဦးလေးကြောင့် ရှောင်ကျန့်
ဆက်မစားနိုင်တော့ပေ။

" ဟင်းတွေတော့စုံပါရဲ့ ဒါပေမဲ့ မပြည့်စုံဘူး
ထမင်းဝိုင်းကမစိုပြေဘူး ဘာဖြစ်လို့လဲဆိုတော့
မေတ္တာမပါလို့ "

အမြတ်နိုးဆုံးဝမ်Where stories live. Discover now