ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

520K 55.1K 419

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 43

5.1K 613 0
By Doh_Clover

စုလုရီ
အပိုင်း (၄၃) ထိန်းချုပ်၍ မရသော


စုလုရီ၏ အင်္ကျီလည်ပင်းမှာ ဟိုက်နေသဖြင့် လည်တိုင် ဖွေးဖွေးလေးနှင့် မှဲ့နီလေးမှာ အတိုင်းသား ပေါ်နေ၏။

စုချီက စုလုရီ၏ လက်ကိုဆွဲကာ သူ၏ အနားသို့ ဆွဲခေါ်လိုက်သည်။

"အစ်ကိုကြီး ..."

စုလုရီက ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသဖြင့် လန့်သွား၏။

စုချီ၏ အကြမ်းပတမ်း ဆွဲခေါ်မှုကြောင့် ပွချောင်နေသော အင်္ကျီကလည်း လျော့ကျကာ စုလုရီ၏ ပခုံးသားများပါ ပေါ်လာတော့သည်။

စုချီက စိတ်ကို ပြန်ထိန်းလိုက်ပြီး ပုံမှန် လေသံဖြင့် "မင်း အင်္ကျီကို ပြောင်းပြန် ဝတ်ထားတယ်" ဟု စုလုရီ၏ အနားကို ကပ်ကာ ပြောလိုက်၏။

"ကျွန်တော် ဝတ်ထားတာ ပြောင်းပြန်ကြီလား"

စုလုရီက ဆွယ်တာကို ပြန်ပြောင်းဝတ်ကာ ဂျပ်ကပ်ကို ပြန်ထပ်ဝတ်လိုက်သည်။

စိုသွားသော ဆွယ်တာကိုမူ အိမ်၌ ယူလျှော်ရန်အတွက် စက္ကူအိတ်ထဲသို့ ထည့်ထားလိုက်၏။

စုလုရီ ဝတ်ထားသော ဆွယ်တာ၏ လည်ပင်းဝမှာ ဟိုက်လွန်းသဖြင့် ဂျပ်ကပ် ထပ်ဝတ်ထားသော်လည်း လည်တိုင်များကို မြင်နေရသေးသည်။

ထို့ကြောင့် စုချီက အပြင်သို့ ထွက်သွားကာ စုလုရီအတွက် လည်စည်းပုဝါ ထည့်ထားသော အိတ်ကို  သွားယူလိုက်၏။

ထို့နောက် ပြန်ဝင်လာကာ "ဆွယ်တာက အရမ်းဟိုက်လွန်းတယ်။ ဒီပုဝါကို ပတ်ထားလိုက်" ဟု စုလုရီထံသို့ အိတ်ကိုပေးကာ ပြောလိုက်သည်။

အိတ်မှာ အသစ်စက်စက် ဖြစ်နေပြီး ကြည့်လိုက်ရုံဖြင့် ဈေးကြီးမှန်း သိသာ၏။

စုလုရီက "တောင်းပန်ပါတယ် အစ်ကိုကြီး" ဟု ပြောကာ ပုဝါကို ယူပတ်လိုက်သည်။

အလုပ် ဆင်းသောအခါ ဆေးရုံသို့ တန်းသွားလိုက်ကြ၏။

ဆေးရုံသို့ ရောက်သောအခါ ယုရှင်းရန်နှင့် စုကျန်းချန်တို့ပါ ရောက်နေသည်ကို တွေ့လိုက်ရသည်။

လမ်း၌ ကိတ်မုန့် ဝင်ဝယ်ခဲ့သဖြင့် စုချီက ကိတ်မုန့်ကို စားပွဲပေါ်သို့ တင်ကာ "အဖေ ညကျရင် စားလို့ရအောင်လို့ ဝယ်လာတာ" ဟု ပြောလိုက်၏။

"ဘာလို့ အများကြီး ဝယ်လာတာလဲ သားကြီးရယ်" ဟု စုကျစ်ထုံက ကုတင်မှ ထထိုင်ကာ ပြောလိုက်သည်။

ထို့နောက် "နောက်အပတ်ကျရင် အဖေ ဆေးရုံက ဆင်းရတော့မယ်။ သား (၃) က ခရစ္စမတ်မှာ လုပ်ရမယ့် အလုပ်ပေါ်လာလို့ အိမ် ပြန်မလာနိုင်တော့ဘူးလို့ ပြောတယ်။ အဲ့ဒါကြောင့် မင်းတို့ အမေနဲ့ တိုင်ပင်လိုက်တာတော့ အဖေတို့ သား (၃) ပြန်လာမှပဲ တောင်ပိုင်းကို သွားကြတော့မယ်လို့ စဉ်းစားထားတယ်" ဟု စုကျစ်ထုံက ဆက်ပြောလိုက်၏။

စုချီက "အင်း၊ အဖေ" ဟု ပြန်ပြောလိုက်သည်။

မိသားစုများ စကား ပြောကြပြီးနောက် ည (၉) နာရီ အချိန်၌ အိမ်သို့ ပြန်လာလိုက်ကြ၏။

စုကျစ်ထုံက ခရစ္စမတ် မတိုင်ခင်ည၌ ဆေးရုံမှ ဆင်းလာခဲ့သည်။

ကျန်သည့် မိသားစုများက စုကျစ်ထုံကို ကြိုဆိုပွဲလုပ်ရန် တိုင်ပင်နေကြ၏။

ယုရှင်းရန်က ခြံဝင်းထဲ၌ ခရစ္စမတ် သစ်ပင်ကြီး ထားကာ မီးများဖြင့် အလှဆင်ထားမည်ဟု ပြောလိုက်သည်။

စုကျန်းချန်က တီးဝိုင်းအဖွဲ့ပါ ငှားပြီး ဖျော်ဖြေပွဲလုပ်ရန် အကြံပေးလိုက်၏။

စုလုရီက "Go Home" သီချင်းဖြင့် ကြိုဆိုမည်ဟု ဝင်ပြောလိုက်သည်။

စုချီက ဘာမှ ဝင်မပြောသဖြင့် စုလုရီက စုချီဘက်သို့ လှည့်ကာ "အစ်ကိုကြီးရော၊ ဘာပြင်ဆင်ထားလဲ" ဟု မေးလိုက်၏။

ထိုအခါ စုချီက "မျက်လုံး အကာနဲ့ နားကြပ်" ဟု ဖြေလိုက်သဖြင့် အားလုံး ဆွံ့အသွားကြသည်။

ထို့နောက် ထိုအစီအစဉ်များကို အကောင်အထည်ဖော်ကာ စုကျစ်ထုံကို ကြိုဆိုလိုက်ကြ၏။

နောက်တစ်နေ့ မနက် (၈) နာရီအချိန်၌ စုမိသားစု၏ အိမ်တံခါးပေါက်မှ တံခါးခေါက်သံ ထွက်လာခဲ့သည်။

မိသားစုဝင်များ မနက်စာ စားနေကြသဖြင့် အိမ်တော်ထိန်း မားဝူကပဲ တံခါးသွားဖွင့် ပေးလိုက်၏။

မားဝူ ပြန်ဝင်လာသောအခါ လက်ထဲ၌ ပန်းစည်းတစ်ခု ပါလာသည်ကို တွေ့လိုက်ရသည်။

မားဝူ - "သခင်ကြီး စု၊ လူတစ်ယောက်က ပန်းစည်း ပို့လိုက်ပါတယ်"

စုကျစ်ထုံ - "ဘယ်သူ ပို့လိုက်တာလဲ"

စုလုရီ - "ဆေးရုံအုပ်က အဖေ ဆေးရုံက ဆင်းရလို့ ပို့လိုက်တာများလား"

မားဝူ - "ဟင်၊ သခင်လေး ရှောင်ရီ အတွက်တဲ့"

စုလုရီက လန့်သွားကာ "ဟင်" ဟု နှုတ်မှ ထွက်သွား၏။

"ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ ရှောင်ရီ။ ကိုယ် မင်းကို ကောင်းကင်ပေါ်က ကြယ်တွေကို ခူးပေးပြီး ပင်လယ်ထဲက ပုလဲတွေကို ရေငုပ် ရှာပေးချင်ပေမယ့် ဝေးလွန်းလို့ ဆောင်းရာသီ ပန်းတွေကိုပဲ မင်းလေးအတွက် အထူးပြင်ဆင်ပေးလိုက်တယ်၊ နျဲ့ယီဟု"

စုကျစ်ထုံက ကတ်ပေါ်၌ ရေးထားသော စာကို ဖတ်
ကာ စုလုရီထံ လှမ်းမေးလိုက်၏။

"သားငယ်ရော၊ ဒီစာကို ဘယ်လိုထင်လဲ"

"ကဗျာဆန်တယ်လို့ ထင်ပါတယ်၊ ပါးပါး"

စုလုရီ၏ အဖြေကြောင့် အားလုံးမှာ ဆွံ့အသွားကြသည်။

ထို့ကြောင့် စုကျစ်ထုံက စုချီဘက်သို့ လှည့်ကာ ... "သူဌေးက သားငယ်နဲ့ အမြဲတမ်း အတူတူ ရှိနေတာဆိုတော့ သူဌေးရော ဒီလူကို သိလား။ ဒီလူက လူကောင်းလား" ဟု မေးလိုက်၏။

စုချီက မျက်မှောင်ကို ကြုတ်ကာ "မကောင်းဘူး" ဟု ဖြေလိုက်သည်။

အားလုံးက စုချီ၏ စကားကြောင့် စုလုရီအတွက် စိုးရိမ်သွားကြ၏။

ထိုအခါ စုလုရီက "သူ ရေးထားတဲ့ ကဗျာက ကောင်းပါတယ် အစ်ကိုကြီးရဲ့" ဟု‌ ဝင်ပြောလိုက်သည်။

စုချီက စိတ်ဆိုးသွားကာ "မင်းရဲ့ အသိအမှတ် ပြုတဲ့ အဆင့်က ဒီလောက်ပဲ ရှိတာလား" ဟု လေသံမာမာဖြင့် ပြောလိုက်၏။

နာရီဝက်ကြာ အပြန်အလှန် ဆွေးနွေးကြပြီးနောက် စုကျစ်ထုံနှင့် ယုရှင်းရန်က တစ်ခုခု တိုင်ပင်ရန် အတွက် အခန်းထဲသို့ ဝင်သွားလိုက်ကြသည်။

ထမင်းစားပွဲ၌ ညီအစ်ကို သုံးယောက်သာ ကျန်ခဲ့ပြီး စုကျန်းချန်ကလည်း ပန်းများကို စစ်ဆေးနေသဖြင့် စုချီက "ညီ (၂)၊ မင်း အခန်းထဲကို ယူသွားပြီး ကြည့်လိုက်" ဟု ပြောလိုက်၏။

ထို့ကြောင့် စုကျန်းချန်က ပန်းစည်းကို ယူကာ အပေါ်သို့ တက်သွားလိုက်သည်။

ထမင်းစားပွဲ၌ စုချီနှင့် စုလုရီတို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။

စုလုရီက ခေါင်းကို ငုံ့ထားသဖြင့် စုချီက "ငါ မင်းကို စိတ်ဆိုးနေတာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ထိုအခါ စုလုရီက ခေါင်းကို မော့ပြီး စုချီကို ကြည့်လိုက်ရာ ခံစားချက်များ ရှုပ်ထွေးနေသော မျက်နှာအမူအရာကို တွေ့လိုက်ရ၏။

စုလုရီက စက္ကန့်အနည်းငယ်ခန့် ကြောင်သွားကာ ... "အစ်ကိုကြီးက ကျွန်တော် လှည့်စားခံရမှာကို စိုးရိမ်နေတာ ကျွန်တော် သိပါတယ်" ဟု ပြောလိုက်သည်။

စုချီက ပြန်မပြောပေ။ စုချီက မလိမ်ချင်သော်လည်း အမှန်တရားကိုမူ မပြောနိုင်။

ယခုအချိန်၌ သူ၏ စိတ်ခံစားချက် တစ်ခုလုံးမှာ ရှုပ်ထွေး နေ၏။

စုကျစ်ထုံတို့ အခန်းထဲ၌ ထိုကိစ္စကို အတန်ကြာ ဆွေးနွေးပြီးနောက် စုကျစ်ထုံက အခန်းထဲမှ ထွက်လာကာ ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။

ထိုအခါ စုချီ၏ မျက်နှာက တင်းမာနေပြီး စုလုရီက စုချီ၏ မျက်နှာချင်းဆိုင်၌ ညိုးငယ်စွာ ထိုင်နေသည်ကို တွေ့လိုက်၏။

ထို့ကြောင့် စုကျစ်ထုံက "သူဌေး၊ ခဏလာခဲ့ပါဦး။ အဖေ ပြောစရာရှိလို့" ဟု ပြောကာ စုချီကို လှမ်းခေါ်လိုက်သည်။


...…….................................
.........................................


အပိုင်း (၄၃) ပြီးပါပြီ။

Zawgyi

စုလုရီ
အပိုင္း (၄၃) ထိန္းခ်ဳပ္၍ မရေသာ


စုလုရီ၏ အကၤ်ီလည္ပင္းမွာ ဟိုက္ေနသျဖင့္ လည္တိုင္ ေဖြးေဖြးေလးႏွင့္ မွဲ႕နီေလးမွာ အတိုင္းသား ေပၚေန၏။

စုခ်ီက စုလုရီ၏ လက္ကိုဆြဲကာ သူ၏ အနားသို႔ ဆြဲေခၚလိုက္သည္။

"အစ္ကိုႀကီး ..."

စုလုရီက ႐ုတ္တရက္ ဆြဲေခၚခံလိုက္ရသျဖင့္ လန့္သြား၏။

စုခ်ီ၏ အၾကမ္းပတမ္း ဆြဲေခၚမႈေၾကာင့္ ပြေခ်ာင္ေနေသာ အကၤ်ီကလည္း ေလ်ာ့က်ကာ စုလုရီ၏ ပခုံးသားမ်ားပါ ေပၚလာေတာ့သည္။

စုခ်ီက စိတ္ကို ျပန္ထိန္းလိုက္ၿပီး ပုံမွန္ ေလသံျဖင့္ "မင္း အကၤ်ီကို ေျပာင္းျပန္ ဝတ္ထားတယ္" ဟု စုလုရီ၏ အနားကို ကပ္ကာ ေျပာလိုက္၏။

"ကြၽန္ေတာ္ ဝတ္ထားတာ ေျပာင္းျပန္ႀကီလား"

စုလုရီက ဆြယ္တာကို ျပန္ေျပာင္းဝတ္ကာ ဂ်ပ္ကပ္ကို ျပန္ထပ္ဝတ္လိုက္သည္။

စိုသြားေသာ ဆြယ္တာကိုမူ အိမ္၌ ယူေလွ်ာ္ရန္အတြက္ စကၠဴအိတ္ထဲသို႔ ထည့္ထားလိုက္၏။

စုလုရီ ဝတ္ထားေသာ ဆြယ္တာ၏ လည္ပင္းဝမွာ ဟိုက္လြန္းသျဖင့္ ဂ်ပ္ကပ္ ထပ္ဝတ္ထားေသာ္လည္း လည္တိုင္မ်ားကို ျမင္ေနရေသးသည္။

ထို႔ေၾကာင့္ စုခ်ီက အျပင္သို႔ ထြက္သြားကာ စုလုရီအတြက္ လည္စည္းပုဝါ ထည့္ထားေသာ အိတ္ကို  သြားယူလိုက္၏။

ထို႔ေနာက္ ျပန္ဝင္လာကာ "ဆြယ္တာက အရမ္းဟိုက္လြန္းတယ္။ ဒီပုဝါကို ပတ္ထားလိုက္" ဟု စုလုရီထံသို႔ အိတ္ကိုေပးကာ ေျပာလိုက္သည္။

အိတ္မွာ အသစ္စက္စက္ ျဖစ္ေနၿပီး ၾကည့္လိုက္႐ုံျဖင့္ ေဈးႀကီးမွန္း သိသာ၏။

စုလုရီက "ေတာင္းပန္ပါတယ္ အစ္ကိုႀကီး" ဟု ေျပာကာ ပုဝါကို ယူပတ္လိုက္သည္။

အလုပ္ ဆင္းေသာအခါ ေဆး႐ုံသို႔ တန္းသြားလိုက္ၾက၏။

ေဆး႐ုံသို႔ ေရာက္ေသာအခါ ယုရွင္းရန္ႏွင့္ စုက်န္းခ်န္တို႔ပါ ေရာက္ေနသည္ကို ေတြ႕လိုက္ရသည္။

လမ္း၌ ကိတ္မုန႔္ ဝင္ဝယ္ခဲ့သျဖင့္ စုခ်ီက ကိတ္မုန႔္ကို စားပြဲေပၚသို႔ တင္ကာ "အေဖ ညက်ရင္ စားလို႔ရေအာင္လို႔ ဝယ္လာတာ" ဟု ေျပာလိုက္၏။

"ဘာလို႔ အမ်ားႀကီး ဝယ္လာတာလဲ သားႀကီးရယ္" ဟု စုက်စ္ထုံက ကုတင္မွ ထထိုင္ကာ ေျပာလိုက္သည္။

ထို႔ေနာက္ "ေနာက္အပတ္က်ရင္ အေဖ ေဆး႐ုံက ဆင္းရေတာ့မယ္။ သား (၃) က ခရစၥမတ္မွာ လုပ္ရမယ့္ အလုပ္ေပၚလာလို႔ အိမ္ ျပန္မလာနိုင္ေတာ့ဘူးလို႔ ေျပာတယ္။ အဲ့ဒါေၾကာင့္ မင္းတို႔ အေမနဲ႕ တိုင္ပင္လိုက္တာေတာ့ အေဖတို႔ သား (၃) ျပန္လာမွပဲ ေတာင္ပိုင္းကို သြားၾကေတာ့မယ္လို႔ စဥ္းစားထားတယ္" ဟု စုက်စ္ထုံက ဆက္ေျပာလိုက္၏။

စုခ်ီက "အင္း၊ အေဖ" ဟု ျပန္ေျပာလိုက္သည္။

မိသားစုမ်ား စကား ေျပာၾကၿပီးေနာက္ ည (၉) နာရီ အခ်ိန္၌ အိမ္သို႔ ျပန္လာလိုက္ၾက၏။

စုက်စ္ထုံက ခရစၥမတ္ မတိုင္ခင္ည၌ ေဆး႐ုံမွ ဆင္းလာခဲ့သည္။

က်န္သည့္ မိသားစုမ်ားက စုက်စ္ထုံကို ႀကိဳဆိုပြဲလုပ္ရန္ တိုင္ပင္ေနၾက၏။

ယုရွင္းရန္က ၿခံဝင္းထဲ၌ ခရစၥမတ္ သစ္ပင္ႀကီး ထားကာ မီးမ်ားျဖင့္ အလွဆင္ထားမည္ဟု ေျပာလိုက္သည္။

စုက်န္းခ်န္က တီးဝိုင္းအဖြဲ႕ပါ ငွားၿပီး ေဖ်ာ္ေျဖပြဲလုပ္ရန္ အႀကံေပးလိုက္၏။

စုလုရီက "Go Home" သီခ်င္းျဖင့္ ႀကိဳဆိုမည္ဟု ဝင္ေျပာလိုက္သည္။

စုခ်ီက ဘာမွ ဝင္မေျပာသျဖင့္ စုလုရီက စုခ်ီဘက္သို႔ လွည့္ကာ "အစ္ကိုႀကီးေရာ၊ ဘာျပင္ဆင္ထားလဲ" ဟု ေမးလိုက္၏။

ထိုအခါ စုခ်ီက "မ်က္လုံး အကာနဲ႕ နားၾကပ္" ဟု ေျဖလိုက္သျဖင့္ အားလုံး ဆြံ႕အသြားၾကသည္။

ထို႔ေနာက္ ထိုအစီအစဥ္မ်ားကို အေကာင္အထည္ေဖာ္ကာ စုက်စ္ထုံကို ႀကိဳဆိုလိုက္ၾက၏။

ေနာက္တစ္ေန႕ မနက္ (၈) နာရီအခ်ိန္၌ စုမိသားစု၏ အိမ္တံခါးေပါက္မွ တံခါးေခါက္သံ ထြက္လာခဲ့သည္။

မိသားစုဝင္မ်ား မနက္စာ စားေနၾကသျဖင့္ အိမ္ေတာ္ထိန္း မားဝူကပဲ တံခါးသြားဖြင့္ ေပးလိုက္၏။

မားဝူ ျပန္ဝင္လာေသာအခါ လက္ထဲ၌ ပန္းစည္းတစ္ခု ပါလာသည္ကို ေတြ႕လိုက္ရသည္။

မားဝူ - "သခင္ႀကီး စု၊ လူတစ္ေယာက္က ပန္းစည္း ပို႔လိုက္ပါတယ္"

စုက်စ္ထုံ - "ဘယ္သူ ပို႔လိုက္တာလဲ"

စုလုရီ - "ေဆး႐ုံအုပ္က အေဖ ေဆး႐ုံက ဆင္းရလို႔ ပို႔လိုက္တာမ်ားလား"

မားဝူ - "ဟင္၊ သခင္ေလး ေရွာင္ရီ အတြက္တဲ့"

စုလုရီက လန႔္သြားကာ "ဟင္" ဟု ႏႈတ္မွ ထြက္သြား၏။

"ခရစၥမတ္မွာ ေပ်ာ္႐ႊင္ပါေစ ေရွာင္ရီ။ ကိုယ္ မင္းကို ေကာင္းကင္ေပၚက ၾကယ္ေတြကို ခူးေပးၿပီး ပင္လယ္ထဲက ပုလဲေတြကို ေရငုပ္ ရွာေပးခ်င္ေပမယ့္ ေဝးလြန္းလို႔ ေဆာင္းရာသီ ပန္းေတြကိုပဲ မင္းေလးအတြက္ အထူးျပင္ဆင္ေပးလိုက္တယ္၊ န်ဲ့ယီဟု"

စုက်စ္ထုံက ကတ္ေပၚ၌ ေရးထားေသာ စာကို ဖတ္
ကာ စုလုရီထံ လွမ္းေမးလိုက္၏။

"သားငယ္ေရာ၊ ဒီစာကို ဘယ္လိုထင္လဲ"

"ကဗ်ာဆန္တယ္လို႔ ထင္ပါတယ္၊ ပါးပါး"

စုလုရီ၏ အေျဖေၾကာင့္ အားလုံးမွာ ဆြံ႕အသြားၾကသည္။

ထို႔ေၾကာင့္ စုက်စ္ထုံက စုခ်ီဘက္သို႔ လွည့္ကာ ... "သူေဌးက သားငယ္နဲ႕ အၿမဲတမ္း အတူတူ ရွိေနတာဆိုေတာ့ သူေဌးေရာ ဒီလူကို သိလား။ ဒီလူက လူေကာင္းလား" ဟု ေမးလိုက္၏။

စုခ်ီက မ်က္ေမွာင္ကို ၾကဳတ္ကာ "မေကာင္းဘူး" ဟု ေျဖလိုက္သည္။

အားလုံးက စုခ်ီ၏ စကားေၾကာင့္ စုလုရီအတြက္ စိုးရိမ္သြားၾက၏။

ထိုအခါ စုလုရီက "သူ ေရးထားတဲ့ ကဗ်ာက ေကာင္းပါတယ္ အစ္ကိုႀကီးရဲ႕" ဟု‌ ဝင္ေျပာလိုက္သည္။

စုခ်ီက စိတ္ဆိုးသြားကာ "မင္းရဲ႕ အသိအမွတ္ ျပဳတဲ့ အဆင့္က ဒီေလာက္ပဲ ရွိတာလား" ဟု ေလသံမာမာျဖင့္ ေျပာလိုက္၏။

နာရီဝက္ၾကာ အျပန္အလွန္ ေဆြးေႏြးၾကၿပီးေနာက္ စုက်စ္ထုံႏွင့္ ယုရွင္းရန္က တစ္ခုခု တိုင္ပင္ရန္ အတြက္ အခန္းထဲသို႔ ဝင္သြားလိုက္ၾကသည္။

ထမင္းစားပြဲ၌ ညီအစ္ကို သုံးေယာက္သာ က်န္ခဲ့ၿပီး စုက်န္းခ်န္ကလည္း ပန္းမ်ားကို စစ္ေဆးေနသျဖင့္ စုခ်ီက "ညီ (၂)၊ မင္း အခန္းထဲကို ယူသြားၿပီး ၾကည့္လိုက္" ဟု ေျပာလိုက္၏။

ထို႔ေၾကာင့္ စုက်န္းခ်န္က ပန္းစည္းကို ယူကာ အေပၚသို႔ တက္သြားလိုက္သည္။

ထမင္းစားပြဲ၌ စုခ်ီႏွင့္ စုလုရီတို႔ ႏွစ္ေယာက္တည္းသာ က်န္ခဲ့ေတာ့၏။

စုလုရီက ေခါင္းကို ငုံ႕ထားသျဖင့္ စုခ်ီက "ငါ မင္းကို စိတ္ဆိုးေနတာ မဟုတ္ဘူး" ဟု ေျပာလိုက္သည္။

ထိုအခါ စုလုရီက ေခါင္းကို ေမာ့ၿပီး စုခ်ီကို ၾကည့္လိုက္ရာ ခံစားခ်က္မ်ား ရႈပ္ေထြးေနေသာ မ်က္ႏွာအမူအရာကို ေတြ႕လိုက္ရ၏။

စုလုရီက စကၠန႔္အနည္းငယ္ခန႔္ ေၾကာင္သြားကာ ... "အစ္ကိုႀကီးက ကြၽန္ေတာ္ လွည့္စားခံရမွာကို စိုးရိမ္ေနတာ ကြၽန္ေတာ္ သိပါတယ္" ဟု ေျပာလိုက္သည္။

စုခ်ီက ျပန္မေျပာေပ။ စုခ်ီက မလိမ္ခ်င္ေသာ္လည္း အမွန္တရားကိုမူ မေျပာနိုင္။

ယခုအခ်ိန္၌ သူ၏ စိတ္ခံစားခ်က္ တစ္ခုလုံးမွာ ရႈပ္ေထြး ေန၏။

စုက်စ္ထုံတို႔ အခန္းထဲ၌ ထိုကိစၥကို အတန္ၾကာ ေဆြးေႏြးၿပီးေနာက္ စုက်စ္ထုံက အခန္းထဲမွ ထြက္လာကာ ထမင္းစားခန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။

ထိုအခါ စုခ်ီ၏ မ်က္ႏွာက တင္းမာေနၿပီး စုလုရီက စုခ်ီ၏ မ်က္ႏွာခ်င္းဆိုင္၌ ညိုးငယ္စြာ ထိုင္ေနသည္ကို ေတြ႕လိုက္၏။

ထို႔ေၾကာင့္ စုက်စ္ထုံက "သူေဌး၊ ခဏလာခဲ့ပါဦး။ အေဖ ေျပာစရာရွိလို႔" ဟု ေျပာကာ စုခ်ီကို လွမ္းေခၚလိုက္သည္။


...…….................................
.........................................


အပိုင္း (၄၃) ၿပီးပါၿပီ။

Continue Reading

You'll Also Like

213K 17.7K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
1.3M 61K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
465K 11.4K 11
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke