Chapter 50
မော့လျှိုကွေ့၏ ရှာဖွေမှုအများဆုံးစာရင်းနေရာများကို ရက်အနည်းငယ်ကြာအောင် ဖိနှိပ်ပြီးနောက် မော့တိတို့၏ ကျင်းသာ့ကျောင်းမှ စာသင်ရက်များသို့ စတင် ရောက်ရှိလာပြီ ဖြစ်သည်။
မော့တိက သူ့အဝတ်အစားအိတ်ကို ထုပ်ပိုးကာ ကျောပိုးအိတ်ကို လွယ်ပြီး ကျောင်းသို့ သွားရန် မုထျန်းဟန်၏ ကားပေါ်သို့ တက်လိုက်သည်။
ဖန်ချန်းလောင်နှင့် ဟန်ချောင်တို့က မော့တိကို လိုက်ပို့ချင်သော်လည်း မုထျန်းဟန်ပါ ပါလာသည်ကို တွေ့လိုက်ရသောအခါ သူတို့နှစ်ယောက် နောက်ဆုတ်လိုက်ရသည်။
ထားလိုက်ပါ… စစ်ရေးလေ့ကျင့်မှု ပြီးတဲ့အထိ စောင့်ရသေးတာပေါ့…။
သူတို့နှစ်ယောက်သား မုထျန်းဟန်ကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့ရသည့်အချိန်က မုထျန်းဟန်မှာ သားရဲတစ်ကောင်အလား ဖုံးကွယ်ထားသော စိတ်ဆန္ဒများကို သယ်ဆောင်ထားသည်ဟု စိတ်ထင့်နေခဲ့ကြ၏။
သို့သော် သူက မော့တိကို ဘယ်လောက်အတိုင်းအတာထိ ကူညီခဲ့ကြောင်း သိရှိပြီးနောက်တွင် ယခုလို တွေးမိသည့်အတွက် အနည်းငယ် အပြစ်ရှိသလို ခံစားမိခဲ့ကြလေသည်။ သို့တိုင် သူတို့နှင့် မုထျန်းဟန် တွေ့ဆုံတိုင်း ဤခံစားချက် ထပ်မံ၍ ပေါ်လာပြန်သည်။
ထို့ကြောင့် လောလောဆယ် သူနှင့် မဆုံအောင် ရှောင်နေသည်က ပိုကောင်းပေသည်။
မော့တိ ကျင်းသာ့ကျောင်းသို့ ရောက်သောအခါ သူ့ကို စီနီယာနှစ်ယောက်က ကြိုဆိုလိုက်ကြသည်။ စွင်းရှုရှုဟု ခေါ်သည့် စီနီယာမမက ရွှင်မြူးတက်ကြွပြီး တစ်ချိန်လုံး ပြုံးနေတတ်ကာ စီနီယာအစ်ကိုကြီးမှာမူ အနည်းငယ် အေးတိအေးစက် နိုင်သော်လည်း သူတို့နှစ်ယောက်လုံး လူကောင်းများဟု ထင်ရပေသည်။
“ဂျူနီယာလေး… ကျောက်ချင်ကုန်းကို သူ့ရုပ်နဲ့တင် ကြည့်ပြီး အကဲမဖြတ်လိုက်နဲ့နော်… သူ့မျက်နှာက လေဖြတ်နေတယ်ဆိုပေမယ့် သူက အရမ်းသဘောကောင်းတာ… သူ့ကို ကြောက်နေစရာ မလိုဘူး…”
စွင်းရှုရှုက ကျောက်ချင်ကုန်း၏ ပုခုံးကို တစ်ချက် လှမ်းပုတ်လိုက်သည်။ ထို့နောက် သူမက မော့တိကို ကြည့်လိုက်၏။
“သူက ဒီတိုင်း စိတ်ရှုပ်နေတာ… ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ရုပ်ချောတဲ့ ဂျူနီယာလေးတွေ ရှေ့မှာဆိုရင် သူ စိတ်ရှုပ်နေတတ်တာ…”
“နင် ပေါက်ကရတွေ မပြောနဲ့…”
ကျောက်ချင်ကုန်းက စွင်းရှုရှုကို စိုက်ကြည့်လိုက်သည်။
“အိုး… နင့်မျက်နှာကြီး လေဖြတ်နေတာ ပျောက်သွားပြီလား…”
“စီနီယာတို့က တော်တော်လေး ခင်ကြတဲ့ပုံပဲ…”
မော့တိက ရယ်လိုက်သည်။
“ကျွန်တော်တို့ ဘယ်မှာ သတင်းပို့ရမှာလဲ…”
“ဟိုးက စားပွဲရှည်ကြီးကို တွေ့လား… အဲ့ဒီကို သွားပြီး လက်မှတ်ထိုး ပြီးရင် မင်းရဲ့ အိပ်ရာနဲ့ တခြားပစ္စည်းပစ္စယတွေ ယူလို့ရပြီ… အဲ့ဒီကပြီးရင်တော့ မင်းတို့ကို သတ်မှတ်ပေးထားတဲ့ အဆောင်ဆီ သွားပြီး သတင်းပို့ရမှာ…”
စွင်းရှုရှုက မော့တိကို ကြည့်လိုက်ပြီးနောက် နေကာမျက်မှန် တပ်ထားည့် မုထျန်းဟန်ကို လှမ်းကြည့်လိုက်၏။
“ဂျူနီယာလေး… သူက မင်းရဲ့အစ်ကိုလား…”
“အင်း…” မော့တိက ရယ်ချင်စိတ်ကို အောင့်ထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
ကျင်းသာ့ကျောင်းမှ ကျောင်းသားအများစုမှာ လက်ရှိအရေးကိစ္စများနှင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းကဲ့သို့ ကိစ္စများကို စိတ်မဝင်စားကြသော်လည်း သူတို့က ဤကိစ္စများနှင့် မစိမ်းပေ။ ထို့ကြောင့် မုထျန်းဟန်က အနည်းငယ် ရုပ်ဖျက်ထားရ၏။ နေကာမျက်မှန် တပ်ထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်တိုင်အောင် သူ၏ ပုံစံနှင့် အသွင်အပြင်မှာ ရုပ်ရှင်ဇာတ်ကား ပိုစတာထဲမှ တစ်ယောက်ယောက်ကဲ့သို့ စွဲမက်ဖွယ်ရာ ကောင်းနေဆဲပင်။
“မင်းရဲ့အစ်ကိုက အရမ်းချောတာပဲ… ရုပ်ရှင်မင်းသားတွေထက်တောင်မှ ပိုပြီး ကြည့်ကောင်းသေးတယ်… အင်းပေါ့… မင်းကလည်း ချောတာပဲလေ… ဒါပေမဲ့ မင်းတို့နှစ်ယောက်က ပုံစံချင်းမတူဘူး…”
စွင်းရှုရှုက သက်ပြင်းချလိုက်သည်။
“ဒါက အားကောင်းတဲ့ မျိုးရိုးဗီဇပဲ ဖြစ်မယ်…”
မော့တိက ပြုံးကာ ပြောလိုက်သည်။
"စီနီယာမမကလည်းနော် မမလည်း လှပါတယ်… မမနောက်ကို လိုက်နေတဲ့ ကျောင်းသားတွေ အများကြီး ရှိမှာပဲ…”
“အိုး… မင်းက တော်တော် အပြောကောင်းသားပဲ… ဒီနှစ်ဂျူနီယာလေးတွေ အရမ်း စကားတတ်တယ်…”
မော့တိ လက်မှတ်ထိုးပြီးသွားသည်ကို မြင်သောအခါ စွင်းရှုရှုက တီးတိုးပြောလိုက်သည်။
“မင်းနဲ့ မင်းအစ်ကိုဆီမှာ ရည်းစားရှိလား… မမက ဒီတိုင်း စပ်စုကြည့်တာပါ… တခြားရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး…”
“ဟင့်အင်း… ကျွန်တော့်အစ်ကိုက အမြဲတမ်း အလုပ်များနေတာ… ကျွန်တော်ကတော့ စာပဲ လေ့လာချင်သေးတယ်… အချစ်အတွက် အချိန်မရှိသေးဘူး…”
မော့တိက အလေးအနက် ပြန်ဖြေလိုက်သည်။
မော့တိ၏ ကျောင်းဝင်ခွင့်ကို ကိုင်တွယ်နေရသည့် ကျောင်းသူလေးက ကျယ်လောင်စွာ ရယ်မောလိုက်၏။
“မင်း ခုံနံပါတ် ၁ ရတယ်ဆိုတာ ထူးတော့ မထူးဆန်းပါဘူး… စိတ်ဝင်စားစရာ ကောင်းသားပဲ…”
နောက်ထပ် စီနီယာတစ်ယောက်ကလည်း သူ့ကို ကြည့်ပြီး ပြောသည်။
“အခု မင်းက တက္ကသိုလ်ရောက်နေပြီ ဆိုတော့ အခုကစပြီး ချိန်းတွေ့လို့ ရပါတယ်… စိတ်မပူပါနဲ့…”
“အမှန်ပဲ… အခုက ချစ်ဖို့အချိန်တန်ပြီလေ… အများကြီး လျှောက်စိတ်ပူမနေနဲ့…”
“ကွန်ပျူတာဌာနမှာတော့ မိန်းကလေးတွေ သိပ်ပြီး မများဘူးဆိုပေမယ့် စာရင်းအင်းဌာန၊ ဘာသာစကားဌာနနဲ့ အနုပညာဌာနတွေမှာ အများကြီး ရှိနေတာပဲ… တကယ်လို့ မင်း တစ်ယောက်ယောက်ကို ကြိုက်တယ်ဆိုရင် သတ္တိရှိရှိ သွားပြောလိုက်…”
“ဂျူနီယာလေး… မင်းက ၁၈ မပြည့်သေးဘူးမဟုတ်လား…”
“အိုင်းယား… စံနမူနာကောင်းမဖြစ်တဲ့ စီနီယာတွေ… ငါ့ဂျူနီယာလေးကို အတတ်ကောင်းတွေ သင်ပေးမနေနဲ့…”
---
မော့တိက ဘာပြောရမှန်း မသိသဖြင့် စီနီယာများကို ပြုံးရုံသာ ပြုံးပြလိုက်သည်။ စာရင်းသွင်းပြီးနောက် သူက အိပ်ရာလိပ်နှင့် သူ့ပစ္စည်းများကို ယူဆောင်ကာ မုထျန်းဟန်နှင့်အတူ အဆောင်ဆီသို့ သယ်သွားလေသည်။
ကျောက်ချင်ကုန်းက မော့တိကို လမ်းပြပေးချင်သော်လည်း နောက်ထပ် ကျောင်းသားများ ထပ်ပြီး ရောက်လာသဖြင့် သူတို့ကို အရင် ကူညီပေးလိုက်ရသည်။
“ကိစ္စမရှိပါဘူး… စီနီယာက အလုပ်များနေတာပဲကို ကျွန်တော့်ဘာသာပဲ သွားလို့ ရပါတယ်… ကူညီပေးလို့ ကျေးဇူးပါ…”
မော့တိက ပြုံး၍ ပြောလိုက်သည်။ ကျောက်ချင်ကုန်းနှင့် စွင်းရှုရှုတို့က ဂျူနီယာအသစ်လေးများကို နှုတ်ဆက်ရန် ထွက်သွားစဉ် မော့တိနှင့် မုထျန်းဟန်တို့က အိပ်ဆောင်ဘက်သို့ ထွက်လာကြလေသည်။
မုထျန်းဟန်က နောက်ဆုံးတွင် စကားပြောလာ၏။
“ကောင်လေး… မင်းက အခုထိ လူကြီးမဖြစ်သေးဘူး… အစောကြီး ချိန်းတွေ့ဖို့မလုပ်နဲ့ နားလည်လား…”
“ဟာ…”
မုထျန်းဟန်က ဤကိစ္စကို ထုတ်ပြောလာလိမ့်မည်ဟု မော့တိက မမျှော်လင့်ထားပေ။ သူက အနည်းငယ် ရှက်သွားသော်လည်း ခေါင်းငြိမ့်ကာ “ဟမ်” ဟူ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“မင်း လူကြီးတစ်ယောက် ဖြစ်လာပြီး အဲ့ဒီအချိန် မင်းမှာ တကယ် သဘောကျရတဲ့သူ ရှိလာရင် မင်း အဲ့ဒီကျမှ တွဲလို့ ရတာပဲ… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်း ဒီကိစ္စကို ကိုယ့်ကို ပြောပြရမယ်… အဲ့ဒါမှ ကိုယ် မင်းကို နောက်ခံအချက်အလက် စစ်ဆေးတာမျိုး လုပ်ပေးလို့ ရမှာ…”
မုထျန်းဟန်က ပြုံးနေသော်လည်း စိတ်ထဲတွင်မူ တစ်ထပ်တည်း ဖြစ်မနေပေ။ နှစ်လအတွင်း ၁၈ နှစ် ပြည့်တော့မည် ဖြစ်သော သူ့ကောင်ငယ်လေးအား ရင်နာနာဖြင့် စောင့်ဆိုင်းနေရပြီးနောက် တစ်စုံတစ်ယောက်ကသာ အရင်ဦးသွားမည်ဆိုပါက သူ မည်သည့်နည်းနှင့်မျှ ပျော်ရွှင်နိုင်မည် မဟုတ်ပါ။
မော့တိက အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ မုထျန်းဟန်က သူ ဘာကိုဆိုလိုပါသနည်း။ သူတို့၏ မိတ်ဆွေ ဆက်ဆံရေးကြောင့် ယခုလို ပြောခြင်းပေလော… သို့မဟုတ်…
ဤကိစ္စနှင့် ပတ်သက်ပြီး သူ့ဦးနှောက်က အသုံးမကျသလို ဖြစ်နေသည်ဟု မော့တိ ခံစားလိုက်ရသည်။ ယခင်က သူ့အနေဖြင့် ရည်းစား တစ်ခါမှ မထားခဲ့ဖူးသလို အတွေ့အကြုံ လုံးဝ မရှိချေ။ ထို့ကြောင့် ကိစ္စတော်တော်များများကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ ထို့ပြင် သူ ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားကြည့်သည့်အချိန်တိုင်း သူ့ခေါင်းထဲတွင် မြူလွှာ တစ်ထပ် ဖုံးအုပ်ထားသည့်အလား ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း မရှိတော့သလို အမြဲတမ်း ခံစားနေရသည်။
မော့တိက လောလောဆယ် ဤကိစ္စကို ခဏ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဖြစ်စေ အခြား အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည် မဟုတ်ပါလော။
မော့တိ အဆောင်သို့ ရောက်သောအခါ အခြားကျောင်းသား နှစ်ယောက်က အခန်းထဲသို့ ရောက်နေကြပြီ ဖြစ်သည်။ တစ်ယောက်က အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် ခပ်ပြည့်ပြည့် ကောင်လေးတစ်ယောက် ဖြစ်ပြီး အခြားတစ်ယောက်ကမူ ဆန့်ကျင်ဘက်ပင်။ သူက ပိန်လွန်းသဖြင့် အရိုးများပင် ထိုးထွက်နေပြီး အသားအရေမှာလည်း ဖြူဖွေးနေ၏။
“ဟယ်လို…” မော့တိက အရင်ဆုံး နှုတ်ဆက်လိုက်သည်။
“ဟိုင်း…” ဖြူဖွေးသော အသားအရေ ပိုင်ရှင် ကောင်လေးက ခေါင်းမော့ကြည့်လိုက်ရာ ထိတ်လန့်အံ့ဩသွားလေသည်။
“မင်း… မင်းက မော့…”
“ငါ့နာမည်က မော့တိ…မင်းကရော…”
“ငါ့နာမည်က ရှန့်ယွီချောင်… မင်းက တကယ်ပဲ အဲ့ဒီမော့တိလား…”
ရှန့်ယွီချောင်က ရုတ်တရက် ထခုန်လိုက်၏။
“သူငယ်ချင်းရာ မင်း တကယ့်ကို ခက်ခဲခဲ့မှာပဲ… အခုတော့ မင်းဘာသာ တစ်ယောက်တည်း နေနေပြီလား…”
မော့တိက ဤလူမှာ ဗွီဒီယိုဖိုင်ကို ကြည့်ဖူးထားသူ တစ်ယောက် ဖြစ်လိမ့်မည်ဟု နားလည်လိုက်သည်။ သူက ခေါင်းခါပြီး ပြုံးရွှင်စွာ ပြန်ဖြေလိုက်၏။
“မဟုတ်ပါဘူး… ဒါနဲ့ မင်းရဲ့ နာမည်ထဲ “ယွီ”နဲ့ “ချောင်” ကို ဘယ်လို ရေးရတာလဲ…”
“ရှန့်ယွီ (咸鱼-ရေငံငါး) က ယွီဆိုတဲ့စကားလုံးနဲ့ ချောင်ရွှေ (潮水-ဒီရေ)က ချောင်လေ… မင်း သူ့ကို ငါးပိကောင်လို့ ခေါ်လို့ရတယ်…”
ရှန့်ယွီချောင်အနားတွင် သူ့ပစ္စည်းများကို အထုပ်ဖြည်နေသည့် ကောင်လေးက နှာမှုတ်သံနှင့် ဖြေလိုက်သည်။
“လင်ကျွင်းဖုန်… ပေါက်ကရတွေ လျှောက်မပြောနဲ့…”
ရှန့်ယွီချောင်က လင်ကျွင်းဖုန်းကို စိုက်ကြည့်လိုက်ရင်း မော့တိကို ပြောလိုက်သည်။
“ဒီကောင်က ငါနဲ့ အထက်တန်းတည်းက တစ်ခန်းတည်းအတူတူ ကျတာဆိုတော့ ငါတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သိတာ နည်းနည်းတော့ ကြာပြီ… သူ့ပေါက်ကရစကားတွေကို နားထောင်မနေနဲ့… ငါ့နာမည်က ယွီဆိုတာ ယွီအာထုံးရှောင်ဝမ်ကုချုံ (与尔同销万古愁 နာမည်ကြီးကဗျာတစ်ပုဒ်မှ)နဲ့ ချောင်ဆိုတာက ချောင်ကျီယင်းရှုံ (超级英雄 စူပါဟီးရိုး)ဆိုတဲ့ အဓိပ္ပာယ်ပဲ…”
“မင်းတို့နှစ်ယောက်က ပေါင်းလို့သင်းလို့ ကောင်းသားပဲ…”
“မင်းတို့နှစ်ယောက်က တော်တောင် ခင်ဖို့ကောင်းတာပဲ…”
“မဖြစ်နိုင်တာ… ဒီကောင် ငါ့ကို အဲ့ဒီနာမည်ပြောင်ကြီးပဲ လိုက်ခေါ်နေတယ်… ပြီးတော့ သူ့နာမည်ကလည်း သူနဲ့ မလိုက်ဘူးလေ… လင်ကျွင်းဖုန်ဆိုတာ ဒီလောက် လှတဲ့နာမည်လေးကို ဒါပေမဲ့ သူ့ကို ကြည့်စမ်းပါဦး…”
“ငပိကောင်… မင်း ငါ့ကို ပြဿနာရှာချင်နေတာလား… ငါ့ကို လာမရှုပ်နဲ့နော် မဟုတ်ရင် မင်းကို ငါ ကြိုက်မိသွားလိမ့်မယ်…”
လင်ကျွင်းဖုန်က ရှန့်ယွီချောင်ကို ဘေးဘက်သို့ ဆွဲလိုက်ပြီး မော့တိကို ပြောသည်။ “ဒီကောင်က တော်တော့်ကို စကားပြောတဲ့ကောင်… သူ့ကိုအရေးမလုပ်နဲ့ မဟုတ်ရင် သူစကားပြောတာ ရပ်တော့မှာ မဟုတ်ဘူး…”
မော့တိက သူတို့နှစ်ယောက်ကို ကြည့်ရင်း အနည်းငယ် ရယ်ချင်မိပြီး အားကျသလိုလည်း ခံစားလိုက်ရသည်။
“မင်းတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာပြီလဲ…”
“ခြောက်နှစ်…” ရှန့်ယွီချောင်က ဆက်ပြောသည်။
“မော့တိ ငါ့အမေက မင်းကို တကယ် ချစ်တာ… သူက မင်းကို ကိုယ်ချင်းလည်းစာတယ်တဲ့… မင်းကို သူ့သားလေး ဖြစ်ရင် ကောင်းမယ်ဆိုပြီး ပြောနေတာ… မင်းက ငါ့အခန်းဖော် ဖြစ်နေတာ အမေသိရင် သူ ဒီကိုလာလည်မှာပဲ…”
မော့တိက အံ့အားသင့်စွာဖြင့် ပြုံးလိုက်သည်။
“တကယ်လို့ အန်တီ လာလည်မယ်ဆိုရင် ငါတို့တွေ သူ့ကို ကြိုဆိုရမှာပေါ့…”
ထို့နောက် သူက မုထျန်းဟန်ဆီသို့ လှည့်ကာ ပြော၏။
“ကိုကို… အခု ပြန်လို့ရပါပြီ… ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ပါတယ်…”
မော့တိ၏ အခန်းဖော်နှစ်ယောက်က လူကောင်းဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မုထျန်းဟန် စိတ်သက်သာရာ ရသွားလေသည်။ သူက ပြောသည်။
“မင်း တစ်ခုခုလိုရင် ကိုယ့်ကို ဖုန်းဆက်လိုက်… ဟုတ်ပြီလား…”
“အင်း ကျွန်တော် သိပါပြီ…” မော့တိက သူ့ကိုယ်သူ အာမခံလိုက်ပြီး မုထျန်းဟန်ကို လိုက်ပို့ပေးလိုက်သည်။
“ကိုကို … ကျွန်တော် စစ်သင်တန်း ပြီးရင် ပြန်လာလို့ ရပါပြီ… ကျွန်တော့်ကို စိုးရိမ်စရာ မလိုပါဘူး…”
“မင်းစစ်သင်တန်းက ဘယ်လောက် ကြာမှာလဲ…”
“၁၀ ရက်လို့ ထင်တာပဲ…”
“ဖုန်းရော ဆက်လို့ရလား…”
“မသိဘူးလေ… ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ ရောက်နေတဲ့အချိန်ဆိုရင်တော့ ဆက်လို့ မရလောက်ဘူး… ကျွန်တော်တို့ ကျောင်းကို ပြန်ရောက်နေတဲ့အချိန်ဆိုရင်တော့ ရမှာပါ…”
မော့တိက ပြောသည်။
“ကိုကို စိတ်ပူစရာ မလိုပါဘူး… ဒီလောက်အချိန်တိုလေးအတွင်းမှာတော့ ကျွန်တော် ဘာမှမဖြစ်လောက်ပါဘူး…”
“အိုကေ… မင်းကိုယ်မင်း ဂရုစိုက်…”
မုထျန်းဟန်က မော့တိ၏ ဆံပင်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"အခု ပြန်သွားတော့လေ… မင်းရဲ့ အခန်းဖော်တွေနဲ့ ပျော်ပျော်နေ… ဒါပေမဲ့ သူတို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလို့ မင်း ထင်ရင် သူတို့ကို သည်းခံနေစရာ မလိုဘူး…”
“အင်း…”
မုထျန်းဟန်က ကားမောင်းထွက်သွား၏။ မော့တိက ထောင့်တစ်နေရာတွင် ပျောက်ကွယ်သွားသော ကားကို ကြည့်ရင်း ရင်ဘတ်ထဲ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
သို့သော် နောက်တစ်ခဏတွင် သူက ခေါင်းခါလိုက်ပြီး သူ့ကိုယ်သူ ခေါင်းကို တစ်ချက် ရိုက်ကာ ဤခံစားချက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။
တစ်စုံတစ်ယောက်ကို အလွန်အကြူး မှီခိုခြင်းမှာ အလေ့အကျင့်ကောင်းတစ်ခု မဟုတ်ပေ။
ထိုလူမှာ မုထျန်းဟန် ဖြစ်နေပါက သာ၍ဆိုးပေသည်။
မော့တိက အဆောင်သို့ ပြန်သွားပြီး သူ့နေရာကို သန့်ရှင်းရေးလုပ်ရင်း ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင် လုပ်နေလိုက်သည်။ သူ အားလုံးလုပ်၍ ပြီးခါနီးတွင် သူတို့၏ နောက်ဆုံးအခန်းဖော် ရောက်လာ၏။
“ငါက နောက်ဆုံးပဲလား…”
အားကစားဝတ်စုံ ဝတ်ဆင်ထားသော ရုပ်ရည်ကြည့်ကောင်းသည့် ကောင်လေး တစ်ယောက်က သူတို့ကို တောက်ပစွာ ပြုံးပြလိုက်သည်။ ။
“ငါ့ကိုယ်ငါ စောတယ်ထင်နေတာ…”
“ငါ့ကို ချန်ကျောင်းလို့ပဲ ခေါ်ပါ… မင်းတို့ကရော…”
“ငါက ရှန့်ယွီချောင်… သူက လင်ကျွင်းဖုန်… သူကတော့ မော့တိတဲ့…”
“တွေ့ရတာ ဝမ်းသာပါတယ်…” မော့တိ၏ နာမည်ကို ကြားလိုက်ရသောအခါ ချန်ကျောင်းက အနည်းငယ် အံ့ဩသွားပုံ ရလေသည်။ သူက နောက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။
“ဦးလေးဝမ်… ဦးလေးလီ…ခရီးဆောင်အိတ်ကို ဒီနေရာပဲ ထားလိုက်ပါ… ကျွန်တော့်ဘာသာ အထုပ်ဖြည်လိုက်ပါ့မယ်…”
“ကျွန်တော်တို့ ဒီလိုလုပ်လို့ မရလို့ပါ… သခင်လေး ကျွန်တော်တို့ပဲ လုပ်ပေးခဲ့ပါ့မယ်… မြန်မြန်လေး လုပ်မှာပါ…”
ဦးလေးဝမ်က အခန်းထဲသို့ ဝင်လာပြီးနောက် သူက မော့တိကို ဖော်ရွေစွာ ပြုံးပြကာ ပြောသည်။
“အနှောင့်အယှက် ဖြစ်သွားရင် အားနာပါတယ်… သိပ်မကြာပါဘူး…”
“ကိစ္စမရှိပါဘူး ဦးလေးတို့ အထဲဝင်လာခဲ့ကြပါ…”
မော့တိက သူ့အိပ်ရာပေါ်မှ ဆင်းလာပြီး ချန်ကျောင်းကို ခေါင်းငြိမ့်ပြကာ ရှန့်ယွီချောင်ဘေးတွင် သွားထိုင်လိုက်သည်။
“မင်းလည်း ကုတ်ဒ်ရေးတယ်လား… ဒါက ဂိမ်းအတွက်လား…”
“အိုး ညီကို… မင်းက တော်တော် မျက်လုံးကောင်းတာပဲ…”
ရှန့်ယွီချောင်၏ မျက်လုံးများမှာ တောက်ပလာသည်။။
“မင်း ဘယ်လိုသိတာလဲ…”
“မှန်းကြည့်လိုက်တာပါ….”
မော့တိက ပြုံးလိုက်သည်။
“မင်းရော ပြိုင်ပွဲမှာ ဝင်ပြိုင်ထားတာလား…”
“ညီကို… မင်းက ဗေဒင်ဆရာလား… ဘာလို့ ဒီလောက်တောင် တိတိကျကျကြီး ခန့်မှန်းနိုင်ရတာလဲ…”
ရှန့်ယွီချောင်က စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်သည်။
“မင်းရော ပါတယ်လား…”
“အင်း…” မော့တိက ခေါင်းငြိမ့်လိုက်စဉ် ချန်ကျောင်းရော လင်ကျွင်းဖုန်ကပါ သူ့ဆီသို့ လှည့်ကြည့်လာသည်ကို မြင်လိုက်ရသည်။
“မင်းက ဘယ်လိုဂိမ်းမျိုး လုပ်ထားတာလဲ…”
“ကျင့်ကြံမှုအမျိုးအစားပဲ…” မော့တိက လင်ကျွင်းဖုန်နှင့် ချန်ကျောင်းတို့ကို ကြည့်လိုက်သည်။
“မင်းတို့တွေရော ဝင်ပြိုင်မှာလား…”
Xxxxxx
Chapter 50
ေမာ့လွ်ိုေကြ႕၏ ရွာေဖြမႈအမ်ားဆုံးစာရင္းေနရာမ်ားကို ရက္အနည္းငယ္ၾကာေအာင္ ဖိႏွိပ္ၿပီးေနာက္ ေမာ့တိတို႔၏ က်င္းသာ့ေက်ာင္းမွ စာသင္ရက္မ်ားသို႔ စတင္ ေရာက္ရွိလာၿပီ ျဖစ္သည္။
ေမာ့တိက သူ႕အဝတ္အစားအိတ္ကို ထုပ္ပိုးကာ ေက်ာပိုးအိတ္ကို လြယ္ၿပီး ေက်ာင္းသို႔ သြားရန္ မုထ်န္းဟန္၏ ကားေပၚသို႔ တက္လိုက္သည္။
ဖန္ခ်န္းေလာင္ႏွင့္ ဟန္ေခ်ာင္တို႔က ေမာ့တိကို လိုက္ပို႔ခ်င္ေသာ္လည္း မုထ်န္းဟန္ပါ ပါလာသည္ကို ေတြ႕လိုက္ရေသာအခါ သူတို႔ႏွစ္ေယာက္ ေနာက္ဆုတ္လိုက္ရသည္။
ထားလိုက္ပါ စစ္ေရးေလ့က်င့္မႈ ၿပီးတဲ့အထိ ေစာင့္ရေသးတာေပါ့။
သူတို႔ႏွစ္ေယာက္သား မုထ်န္းဟန္ကို ေနာက္ဆုံးတစ္ေခါက္ ေတြ႕ခဲ့ရသည့္အခ်ိန္က မုထ်န္းဟန္မွာ သားရဲတစ္ေကာင္အလား ဖုံးကြယ္ထားေသာ စိတ္ဆႏၵမ်ားကို သယ္ေဆာင္ထားသည္ဟု စိတ္ထင့္ေနခဲ့ၾက၏။
သို႔ေသာ္ သူက ေမာ့တိကို ဘယ္ေလာက္အတိုင္းအတာထိ ကူညီခဲ့ေၾကာင္း သိရွိၿပီးေနာက္တြင္ ယခုလို ေတြးမိသည့္အတြက္ အနည္းငယ္ အျပစ္ရွိသလို ခံစားမိခဲ့ၾကေလသည္။ သို႔တိုင္ သူတို႔ႏွင့္ မုထ်န္းဟန္ ေတြ႕ဆုံတိုင္း ဤခံစားခ်က္ ထပ္မံ၍ ေပၚလာျပန္သည္။
ထို႔ေၾကာင့္ ေလာေလာဆယ္ သူႏွင့္ မဆုံေအာင္ ေရွာင္ေနသည္က ပိုေကာင္းေပသည္။
ေမာ့တိ က်င္းသာ့ေက်ာင္းသို႔ ေရာက္ေသာအခါ သူ႕ကို စီနီယာႏွစ္ေယာက္က ႀကိဳဆိုလိုက္ၾကသည္။ စြင္းရႈရႈဟု ေခၚသည့္ စီနီယာမမက ႐ႊင္ျမဴးတက္ႂကြၿပီး တစ္ခ်ိန္လုံး ၿပဳံးေနတတ္ကာ စီနီယာအစ္ကိုႀကီးမွာမူ အနည္းငယ္ ေအးတိေအးစက္ နိုင္ေသာ္လည္း သူတို႔ႏွစ္ေယာက္လုံး လူေကာင္းမ်ားဟု ထင္ရေပသည္။
ဂ်ဴနီယာေလး ေက်ာက္ခ်င္ကုန္းကို သူ႕႐ုပ္နဲ႕တင္ ၾကည့္ၿပီး အကဲမျဖတ္လိုက္နဲ႕ေနာ္ သူ႕မ်က္ႏွာက ေလျဖတ္ေနတယ္ဆိုေပမယ့္ သူက အရမ္းသေဘာေကာင္းတာ သူ႕ကို ေၾကာက္ေနစရာ မလိုဘူး
စြင္းရႈရႈက ေက်ာက္ခ်င္ကုန္း၏ ပုခုံးကို တစ္ခ်က္ လွမ္းပုတ္လိုက္သည္။ ထို႔ေနာက္ သူမက ေမာ့တိကို ၾကည့္လိုက္၏။
သူက ဒီတိုင္း စိတ္ရႈပ္ေနတာ ေယာက်္ားေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ႐ုပ္ေခ်ာတဲ့ ဂ်ဴနီယာေလးေတြ ေရွ႕မွာဆိုရင္ သူ စိတ္ရႈပ္ေနတတ္တာ
နင္ ေပါက္ကရေတြ မေျပာနဲ႕
ေက်ာက္ခ်င္ကုန္းက စြင္းရႈရႈကို စိုက္ၾကည့္လိုက္သည္။
အိုး နင့္မ်က္ႏွာႀကီး ေလျဖတ္ေနတာ ေပ်ာက္သြားၿပီလား
စီနီယာတို႔က ေတာ္ေတာ္ေလး ခင္ၾကတဲ့ပုံပဲ
ေမာ့တိက ရယ္လိုက္သည္။
ကြၽန္ေတာ္တို႔ ဘယ္မွာ သတင္းပို႔ရမွာလဲ
ဟိုးက စားပြဲရွည္ႀကီးကို ေတြ႕လား အဲ့ဒီကို သြားၿပီး လက္မွတ္ထိုး ၿပီးရင္ မင္းရဲ႕ အိပ္ရာနဲ႕ တျခားပစၥည္းပစၥယေတြ ယူလို႔ရၿပီ အဲ့ဒီကၿပီးရင္ေတာ့ မင္းတို႔ကို သတ္မွတ္ေပးထားတဲ့ အေဆာင္ဆီ သြားၿပီး သတင္းပို႔ရမွာ
စြင္းရႈရႈက ေမာ့တိကို ၾကည့္လိုက္ၿပီးေနာက္ ေနကာမ်က္မွန္ တပ္ထားည့္ မုထ်န္းဟန္ကို လွမ္းၾကည့္လိုက္၏။
ဂ်ဴနီယာေလး သူက မင္းရဲ႕အစ္ကိုလား
အင္း ေမာ့တိက ရယ္ခ်င္စိတ္ကို ေအာင့္ထားၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။
က်င္းသာ့ေက်ာင္းမွ ေက်ာင္းသားအမ်ားစုမွာ လက္ရွိအေရးကိစၥမ်ားႏွင့္ ကမၻာ့အခ်မ္းသာဆုံးစာရင္းကဲ့သို႔ ကိစၥမ်ားကို စိတ္မဝင္စားၾကေသာ္လည္း သူတို႔က ဤကိစၥမ်ားႏွင့္ မစိမ္းေပ။ ထို႔ေၾကာင့္ မုထ်န္းဟန္က အနည္းငယ္ ႐ုပ္ဖ်က္ထားရ၏။ ေနကာမ်က္မွန္ တပ္ထားၿပီး ဝတ္စုံျပည့္ဝတ္ဆင္ထားသည့္တိုင္ေအာင္ သူ၏ ပုံစံႏွင့္ အသြင္အျပင္မွာ ႐ုပ္ရွင္ဇာတ္ကား ပိုစတာထဲမွ တစ္ေယာက္ေယာက္ကဲ့သို႔ စြဲမက္ဖြယ္ရာ ေကာင္းေနဆဲပင္။
မင္းရဲ႕အစ္ကိုက အရမ္းေခ်ာတာပဲ ႐ုပ္ရွင္မင္းသားေတြထက္ေတာင္မွ ပိုၿပီး ၾကည့္ေကာင္းေသးတယ္ အင္းေပါ့ မင္းကလည္း ေခ်ာတာပဲေလ ဒါေပမဲ့ မင္းတို႔ႏွစ္ေယာက္က ပုံစံခ်င္းမတူဘူး
စြင္းရႈရႈက သက္ျပင္းခ်လိဳက္သည္။
ဒါက အားေကာင္းတဲ့ မ်ိဳးရိုးဗီဇပဲ ျဖစ္မယ္
ေမာ့တိက ၿပဳံးကာ ေျပာလိုက္သည္။
"စီနီယာမမကလည္းေနာ္ မမလည္း လွပါတယ္ မမေနာက္ကို လိုက္ေနတဲ့ ေက်ာင္းသားေတြ အမ်ားႀကီး ရွိမွာပဲ
အိုး မင္းက ေတာ္ေတာ္ အေျပာေကာင္းသားပဲ ဒီႏွစ္ဂ်ဴနီယာေလးေတြ အရမ္း စကားတတ္တယ္
ေမာ့တိ လက္မွတ္ထိုးၿပီးသြားသည္ကို ျမင္ေသာအခါ စြင္းရႈရႈက တီးတိုးေျပာလိုက္သည္။
မင္းနဲ႕ မင္းအစ္ကိုဆီမွာ ရည္းစားရွိလား မမက ဒီတိုင္း စပ္စုၾကည့္တာပါ တျခားရည္႐ြယ္ခ်က္နဲ႕ မဟုတ္ပါဘူး
ဟင့္အင္း ကြၽန္ေတာ့္အစ္ကိုက အၿမဲတမ္း အလုပ္မ်ားေနတာ ကြၽန္ေတာ္ကေတာ့ စာပဲ ေလ့လာခ်င္ေသးတယ္ အခ်စ္အတြက္ အခ်ိန္မရွိေသးဘူး
ေမာ့တိက အေလးအနက္ ျပန္ေျဖလိုက္သည္။
ေမာ့တိ၏ ေက်ာင္းဝင္ခြင့္ကို ကိုင္တြယ္ေနရသည့္ ေက်ာင္းသူေလးက က်ယ္ေလာင္စြာ ရယ္ေမာလိုက္၏။
မင္း ခုံနံပါတ္ ၁ ရတယ္ဆိုတာ ထူးေတာ့ မထူးဆန္းပါဘူး စိတ္ဝင္စားစရာ ေကာင္းသားပဲ
ေနာက္ထပ္ စီနီယာတစ္ေယာက္ကလည္း သူ႕ကို ၾကည့္ၿပီး ေျပာသည္။
အခု မင္းက တကၠသိုလ္ေရာက္ေနၿပီ ဆိုေတာ့ အခုကစၿပီး ခ်ိန္းေတြ႕လို႔ ရပါတယ္ စိတ္မပူပါနဲ႕
အမွန္ပဲ အခုက ခ်စ္ဖို႔အခ်ိန္တန္ၿပီေလ အမ်ားႀကီး ေလွ်ာက္စိတ္ပူမေနနဲ႕
ကြန္ပ်ဴတာဌာနမွာေတာ့ မိန္းကေလးေတြ သိပ္ၿပီး မမ်ားဘူးဆိုေပမယ့္ စာရင္းအင္းဌာန၊ ဘာသာစကားဌာနနဲ႕ အႏုပညာဌာနေတြမွာ အမ်ားႀကီး ရွိေနတာပဲ တကယ္လို႔ မင္း တစ္ေယာက္ေယာက္ကို ႀကိဳက္တယ္ဆိုရင္ သတၱိရွိရွိ သြားေျပာလိုက္
ဂ်ဴနီယာေလး မင္းက ၁၈ မျပည့္ေသးဘူးမဟုတ္လား
အိုင္းယား စံနမူနာေကာင္းမျဖစ္တဲ့ စီနီယာေတြ ငါ့ဂ်ဴနီယာေလးကို အတတ္ေကာင္းေတြ သင္ေပးမေနနဲ႕
---
ေမာ့တိက ဘာေျပာရမွန္း မသိသျဖင့္ စီနီယာမ်ားကို ၿပဳံး႐ုံသာ ၿပဳံးျပလိုက္သည္။ စာရင္းသြင္းၿပီးေနာက္ သူက အိပ္ရာလိပ္ႏွင့္ သူ႕ပစၥည္းမ်ားကို ယူေဆာင္ကာ မုထ်န္းဟန္ႏွင့္အတူ အေဆာင္ဆီသို႔ သယ္သြားေလသည္။
ေက်ာက္ခ်င္ကုန္းက ေမာ့တိကို လမ္းျပေပးခ်င္ေသာ္လည္း ေနာက္ထပ္ ေက်ာင္းသားမ်ား ထပ္ၿပီး ေရာက္လာသျဖင့္ သူတို႔ကို အရင္ ကူညီေပးလိုက္ရသည္။
ကိစၥမရွိပါဘူး စီနီယာက အလုပ္မ်ားေနတာပဲကို ကြၽန္ေတာ့္ဘာသာပဲ သြားလို႔ ရပါတယ္ ကူညီေပးလို႔ ေက်းဇူးပါ
ေမာ့တိက ၿပဳံး၍ ေျပာလိုက္သည္။ ေက်ာက္ခ်င္ကုန္းႏွင့္ စြင္းရႈရႈတို႔က ဂ်ဴနီယာအသစ္ေလးမ်ားကို ႏႈတ္ဆက္ရန္ ထြက္သြားစဥ္ ေမာ့တိႏွင့္ မုထ်န္းဟန္တို႔က အိပ္ေဆာင္ဘက္သို႔ ထြက္လာၾကေလသည္။
မုထ်န္းဟန္က ေနာက္ဆုံးတြင္ စကားေျပာလာ၏။
ေကာင္ေလး မင္းက အခုထိ လူႀကီးမျဖစ္ေသးဘူး အေစာႀကီး ခ်ိန္းေတြ႕ဖို႔မလုပ္နဲ႕ နားလည္လား
ဟာ
မုထ်န္းဟန္က ဤကိစၥကို ထုတ္ေျပာလာလိမ့္မည္ဟု ေမာ့တိက မေမွ်ာ္လင့္ထားေပ။ သူက အနည္းငယ္ ရွက္သြားေသာ္လည္း ေခါင္းၿငိမ့္ကာ ဟမ္ ဟူ၍ ခပ္တိုးတိုး ေရ႐ြတ္လိုက္သည္။
မင္း လူႀကီးတစ္ေယာက္ ျဖစ္လာၿပီး အဲ့ဒီအခ်ိန္ မင္းမွာ တကယ္ သေဘာက်ရတဲ့သူ ရွိလာရင္ မင္း အဲ့ဒီက်မွ တြဲလို႔ ရတာပဲ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ မင္း ဒီကိစၥကို ကိုယ့္ကို ေျပာျပရမယ္ အဲ့ဒါမွ ကိုယ္ မင္းကို ေနာက္ခံအခ်က္အလက္ စစ္ေဆးတာမ်ိဳး လုပ္ေပးလို႔ ရမွာ
မုထ်န္းဟန္က ၿပဳံးေနေသာ္လည္း စိတ္ထဲတြင္မူ တစ္ထပ္တည္း ျဖစ္မေနေပ။ ႏွစ္လအတြင္း ၁၈ ႏွစ္ ျပည့္ေတာ့မည္ ျဖစ္ေသာ သူ႕ေကာင္ငယ္ေလးအား ရင္နာနာျဖင့္ ေစာင့္ဆိုင္းေနရၿပီးေနာက္ တစ္စုံတစ္ေယာက္ကသာ အရင္ဦးသြားမည္ဆိုပါက သူ မည္သည့္နည္းႏွင့္မွ် ေပ်ာ္႐ႊင္နိုင္မည္ မဟုတ္ပါ။
ေမာ့တိက အနည္းငယ္ စိတ္ရႈပ္ေထြးသြား၏။ မုထ်န္းဟန္က သူ ဘာကိုဆိုလိုပါသနည္း။ သူတို႔၏ မိတ္ေဆြ ဆက္ဆံေရးေၾကာင့္ ယခုလို ေျပာျခင္းေပေလာ သို႔မဟုတ္
ဤကိစၥႏွင့္ ပတ္သက္ၿပီး သူ႕ဦးႏွောက္က အသုံးမက်သလို ျဖစ္ေနသည္ဟု ေမာ့တိ ခံစားလိုက္ရသည္။ ယခင္က သူ႕အေနျဖင့္ ရည္းစား တစ္ခါမွ မထားခဲ့ဖူးသလို အေတြ႕အႀကဳံ လုံးဝ မရွိေခ်။ ထို႔ေၾကာင့္ ကိစၥေတာ္ေတာ္မ်ားမ်ားကို နားမလည္နိုင္ေအာင္ ျဖစ္ေနရသည္။ ထို႔ျပင္ သူ ခြဲျခမ္းစိတ္ျဖာရန္ ႀကိဳးစားၾကည့္သည့္အခ်ိန္တိုင္း သူ႕ေခါင္းထဲတြင္ ျမဴလႊာ တစ္ထပ္ ဖုံးအုပ္ထားသည့္အလား ရွင္းရွင္းလင္းလင္း ေတြးေခၚနိုင္စြမ္း မရွိေတာ့သလို အၿမဲတမ္း ခံစားေနရသည္။
ေမာ့တိက ေလာေလာဆယ္ ဤကိစၥကို ခဏ ေဘးဖယ္ထားရန္ ဆုံးျဖတ္လိုက္၏။ မည္သို႔ပင္ျဖစ္ေစ အျခား အေရးႀကီးေသာ ကိစၥတစ္ခု ရွိေနသည္ မဟုတ္ပါေလာ။
ေမာ့တိ အေဆာင္သို႔ ေရာက္ေသာအခါ အျခားေက်ာင္းသား ႏွစ္ေယာက္က အခန္းထဲသို႔ ေရာက္ေနၾကၿပီ ျဖစ္သည္။ တစ္ေယာက္က အသားျဖဴျဖဴ၊ အရပ္ရွည္ရွည္ႏွင့္ ခပ္ျပည့္ျပည့္ ေကာင္ေလးတစ္ေယာက္ ျဖစ္ၿပီး အျခားတစ္ေယာက္ကမူ ဆန႔္က်င္ဘက္ပင္။ သူက ပိန္လြန္းသျဖင့္ အရိုးမ်ားပင္ ထိုးထြက္ေနၿပီး အသားအေရမွာလည္း ျဖဴေဖြးေန၏။
ဟယ္လို ေမာ့တိက အရင္ဆုံး ႏႈတ္ဆက္လိုက္သည္။
ဟိုင္း ျဖဴေဖြးေသာ အသားအေရ ပိုင္ရွင္ ေကာင္ေလးက ေခါင္းေမာ့ၾကည့္လိုက္ရာ ထိတ္လန႔္အံ့ဩသြားေလသည္။
မင္း မင္းက ေမာ့
ငါ့နာမည္က ေမာ့တိမင္းကေရာ
ငါ့နာမည္က ရွန့္ယြီေခ်ာင္ မင္းက တကယ္ပဲ အဲ့ဒီေမာ့တိလား
ရွန့္ယြီေခ်ာင္က ႐ုတ္တရက္ ထခုန္လိုက္၏။
သူငယ္ခ်င္းရာ မင္း တကယ့္ကို ခက္ခဲခဲ့မွာပဲ အခုေတာ့ မင္းဘာသာ တစ္ေယာက္တည္း ေနေနၿပီလား
ေမာ့တိက ဤလူမွာ ဗြီဒီယိုဖိုင္ကို ၾကည့္ဖူးထားသူ တစ္ေယာက္ ျဖစ္လိမ့္မည္ဟု နားလည္လိုက္သည္။ သူက ေခါင္းခါၿပီး ၿပဳံး႐ႊင္စြာ ျပန္ေျဖလိုက္၏။
မဟုတ္ပါဘူး ဒါနဲ႕ မင္းရဲ႕ နာမည္ထဲ ယြီနဲ႕ ေခ်ာင္ ကို ဘယ္လို ေရးရတာလဲ
ရွန့္ယြီ (-ေရငံငါး) က ယြီဆိုတဲ့စကားလုံးနဲ႕ ေခ်ာင္ေ႐ႊ (-ဒီေရ)က ေခ်ာင္ေလ မင္း သူ႕ကို ငါးပိေကာင္လို႔ ေခၚလို႔ရတယ္
ရွန့္ယြီေခ်ာင္အနားတြင္ သူ႕ပစၥည္းမ်ားကို အထုပ္ျဖည္ေနသည့္ ေကာင္ေလးက ႏွာမႈတ္သံႏွင့္ ေျဖလိုက္သည္။
လင္ကြၽင္းဖုန္ ေပါက္ကရေတြ ေလွ်ာက္မေျပာနဲ႕
ရွန့္ယြီေခ်ာင္က လင္ကြၽင္းဖုန္းကို စိုက္ၾကည့္လိုက္ရင္း ေမာ့တိကို ေျပာလိုက္သည္။
ဒီေကာင္က ငါနဲ႕ အထက္တန္းတည္းက တစ္ခန္းတည္းအတူတူ က်တာဆိုေတာ့ ငါတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ သိတာ နည္းနည္းေတာ့ ၾကာၿပီ သူ႕ေပါက္ကရစကားေတြကို နားေထာင္မေနနဲ႕ ငါ့နာမည္က ယြီဆိုတာ ယြီအာထုံးေရွာင္ဝမ္ကုခ်ဳံ ( နာမည္ႀကီးကဗ်ာတစ္ပုဒ္မွ)နဲ႕ ေခ်ာင္ဆိုတာက ေခ်ာင္က်ီယင္းရႈံ ( စူပါဟီးရိုး)ဆိုတဲ့ အဓိပၸာယ္ပဲ
မင္းတို႔ႏွစ္ေယာက္က ေပါင္းလို႔သင္းလို႔ ေကာင္းသားပဲ
မင္းတို႔ႏွစ္ေယာက္က ေတာ္ေတာင္ ခင္ဖို႔ေကာင္းတာပဲ
မျဖစ္နိုင္တာ ဒီေကာင္ ငါ့ကို အဲ့ဒီနာမည္ေျပာင္ႀကီးပဲ လိုက္ေခၚေနတယ္ ၿပီးေတာ့ သူ႕နာမည္ကလည္း သူနဲ႕ မလိုက္ဘူးေလ လင္ကြၽင္းဖုန္ဆိုတာ ဒီေလာက္ လွတဲ့နာမည္ေလးကို ဒါေပမဲ့ သူ႕ကို ၾကည့္စမ္းပါဦး
ငပိေကာင္ မင္း ငါ့ကို ျပႆနာရွာခ်င္ေနတာလား ငါ့ကို လာမရႈပ္နဲ႕ေနာ္ မဟုတ္ရင္ မင္းကို ငါ ႀကိဳက္မိသြားလိမ့္မယ္
လင္ကြၽင္းဖုန္က ရွန့္ယြီေခ်ာင္ကို ေဘးဘက္သို႔ ဆြဲလိုက္ၿပီး ေမာ့တိကို ေျပာသည္။ ဒီေကာင္က ေတာ္ေတာ့္ကို စကားေျပာတဲ့ေကာင္ သူ႕ကိုအေရးမလုပ္နဲ႕ မဟုတ္ရင္ သူစကားေျပာတာ ရပ္ေတာ့မွာ မဟုတ္ဘူး
ေမာ့တိက သူတို႔ႏွစ္ေယာက္ကို ၾကည့္ရင္း အနည္းငယ္ ရယ္ခ်င္မိၿပီး အားက်သလိုလည္း ခံစားလိုက္ရသည္။
မင္းတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႕တစ္ေယာက္ သိတာ ဘယ္ေလာက္ၾကာၿပီလဲ
ေျခာက္ႏွစ္ ရွန့္ယြီေခ်ာင္က ဆက္ေျပာသည္။
ေမာ့တိ ငါ့အေမက မင္းကို တကယ္ ခ်စ္တာ သူက မင္းကို ကိုယ္ခ်င္းလည္းစာတယ္တဲ့ မင္းကို သူ႕သားေလး ျဖစ္ရင္ ေကာင္းမယ္ဆိုၿပီး ေျပာေနတာ မင္းက ငါ့အခန္းေဖာ္ ျဖစ္ေနတာ အေမသိရင္ သူ ဒီကိုလာလည္မွာပဲ
ေမာ့တိက အံ့အားသင့္စြာျဖင့္ ၿပဳံးလိုက္သည္။
တကယ္လို႔ အန္တီ လာလည္မယ္ဆိုရင္ ငါတို႔ေတြ သူ႕ကို ႀကိဳဆိုရမွာေပါ့
ထို႔ေနာက္ သူက မုထ်န္းဟန္ဆီသို႔ လွည့္ကာ ေျပာ၏။
ကိုကို အခု ျပန္လို႔ရပါၿပီ ကြၽန္ေတာ္ တစ္ေယာက္တည္း လုပ္နိုင္ပါတယ္
ေမာ့တိ၏ အခန္းေဖာ္ႏွစ္ေယာက္က လူေကာင္းျဖစ္ေနသည္ကို ျမင္လိုက္ရသျဖင့္ မုထ်န္းဟန္ စိတ္သက္သာရာ ရသြားေလသည္။ သူက ေျပာသည္။
မင္း တစ္ခုခုလိုရင္ ကိုယ့္ကို ဖုန္းဆက္လိုက္ ဟုတ္ၿပီလား
အင္း ကြၽန္ေတာ္ သိပါၿပီ ေမာ့တိက သူ႕ကိုယ္သူ အာမခံလိုက္ၿပီး မုထ်န္းဟန္ကို လိုက္ပို႔ေပးလိုက္သည္။
ကိုကို ကြၽန္ေတာ္ စစ္သင္တန္း ၿပီးရင္ ျပန္လာလို႔ ရပါၿပီ ကြၽန္ေတာ့္ကို စိုးရိမ္စရာ မလိုပါဘူး
မင္းစစ္သင္တန္းက ဘယ္ေလာက္ ၾကာမွာလဲ
၁၀ ရက္လို႔ ထင္တာပဲ
ဖုန္းေရာ ဆက္လို႔ရလား
မသိဘူးေလ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးကြင္းမွာ ေရာက္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ ဆက္လို႔ မရေလာက္ဘူး ကြၽန္ေတာ္တို႔ ေက်ာင္းကို ျပန္ေရာက္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ ရမွာပါ
ေမာ့တိက ေျပာသည္။
ကိုကို စိတ္ပူစရာ မလိုပါဘူး ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာေတာ့ ကြၽန္ေတာ္ ဘာမွမျဖစ္ေလာက္ပါဘူး
အိုေက မင္းကိုယ္မင္း ဂ႐ုစိုက္
မုထ်န္းဟန္က ေမာ့တိ၏ ဆံပင္ေလးမ်ားကို ညင္သာစြာ ပြတ္သပ္ေပးလိုက္၏။
"အခု ျပန္သြားေတာ့ေလ မင္းရဲ႕ အခန္းေဖာ္ေတြနဲ႕ ေပ်ာ္ေပ်ာ္ေန ဒါေပမဲ့ သူတို႔က သူငယ္ခ်င္းေကာင္းေတြ မဟုတ္ဘူးလို႔ မင္း ထင္ရင္ သူတို႔ကို သည္းခံေနစရာ မလိုဘူး
အင္း
မုထ်န္းဟန္က ကားေမာင္းထြက္သြား၏။ ေမာ့တိက ေထာင့္တစ္ေနရာတြင္ ေပ်ာက္ကြယ္သြားေသာ ကားကို ၾကည့္ရင္း ရင္ဘတ္ထဲ ဗလာက်င္းသြားသလို ခံစားလိုက္ရသည္။
သို႔ေသာ္ ေနာက္တစ္ခဏတြင္ သူက ေခါင္းခါလိုက္ၿပီး သူ႕ကိုယ္သူ ေခါင္းကို တစ္ခ်က္ ရိုက္ကာ ဤခံစားခ်က္ကို ဖိႏွိပ္ရန္ ႀကိဳးစားလိုက္ေလသည္။
တစ္စုံတစ္ေယာက္ကို အလြန္အၾကဴး မွီခိုျခင္းမွာ အေလ့အက်င့္ေကာင္းတစ္ခု မဟုတ္ေပ။
ထိုလူမွာ မုထ်န္းဟန္ ျဖစ္ေနပါက သာ၍ဆိုးေပသည္။
ေမာ့တိက အေဆာင္သို႔ ျပန္သြားၿပီး သူ႕ေနရာကို သန႔္ရွင္းေရးလုပ္ရင္း ကိုယ့္ကိုယ္ကိုယ္ မအားလပ္ေအာင္ လုပ္ေနလိုက္သည္။ သူ အားလုံးလုပ္၍ ၿပီးခါနီးတြင္ သူတို႔၏ ေနာက္ဆုံးအခန္းေဖာ္ ေရာက္လာ၏။
ငါက ေနာက္ဆုံးပဲလား
အားကစားဝတ္စုံ ဝတ္ဆင္ထားေသာ ႐ုပ္ရည္ၾကည့္ေကာင္းသည့္ ေကာင္ေလး တစ္ေယာက္က သူတို႔ကို ေတာက္ပစြာ ၿပဳံးျပလိုက္သည္။ ။
ငါ့ကိုယ္ငါ ေစာတယ္ထင္ေနတာ
ငါ့ကို ခ်န္ေက်ာင္းလို႔ပဲ ေခၚပါ မင္းတို႔ကေရာ
ငါက ရွန့္ယြီေခ်ာင္ သူက လင္ကြၽင္းဖုန္ သူကေတာ့ ေမာ့တိတဲ့
ေတြ႕ရတာ ဝမ္းသာပါတယ္ ေမာ့တိ၏ နာမည္ကို ၾကားလိုက္ရေသာအခါ ခ်န္ေက်ာင္းက အနည္းငယ္ အံ့ဩသြားပုံ ရေလသည္။ သူက ေနာက္သို႔ လွည့္ကာ အမိန႔္ေပးလိုက္၏။
ဦးေလးဝမ္ ဦးေလးလီခရီးေဆာင္အိတ္ကို ဒီေနရာပဲ ထားလိုက္ပါ ကြၽန္ေတာ့္ဘာသာ အထုပ္ျဖည္လိုက္ပါ့မယ္
ကြၽန္ေတာ္တို႔ ဒီလိုလုပ္လို႔ မရလို႔ပါ သခင္ေလး ကြၽန္ေတာ္တို႔ပဲ လုပ္ေပးခဲ့ပါ့မယ္ ျမန္ျမန္ေလး လုပ္မွာပါ
ဦးေလးဝမ္က အခန္းထဲသို႔ ဝင္လာၿပီးေနာက္ သူက ေမာ့တိကို ေဖာ္ေ႐ြစြာ ၿပဳံးျပကာ ေျပာသည္။
အႏွောင့္အယွက္ ျဖစ္သြားရင္ အားနာပါတယ္ သိပ္မၾကာပါဘူး
ကိစၥမရွိပါဘူး ဦးေလးတို႔ အထဲဝင္လာခဲ့ၾကပါ
ေမာ့တိက သူ႕အိပ္ရာေပၚမွ ဆင္းလာၿပီး ခ်န္ေက်ာင္းကို ေခါင္းၿငိမ့္ျပကာ ရွန့္ယြီေခ်ာင္ေဘးတြင္ သြားထိုင္လိုက္သည္။
မင္းလည္း ကုတ္ဒ္ေရးတယ္လား ဒါက ဂိမ္းအတြက္လား
အိုး ညီကို မင္းက ေတာ္ေတာ္ မ်က္လုံးေကာင္းတာပဲ
ရွန့္ယြီေခ်ာင္၏ မ်က္လုံးမ်ားမွာ ေတာက္ပလာသည္။။
မင္း ဘယ္လိုသိတာလဲ
မွန္းၾကည့္လိုက္တာပါ.
ေမာ့တိက ၿပဳံးလိုက္သည္။
မင္းေရာ ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ထားတာလား
ညီကို မင္းက ေဗဒင္ဆရာလား ဘာလို႔ ဒီေလာက္ေတာင္ တိတိက်က်ႀကီး ခန႔္မွန္းနိုင္ရတာလဲ
ရွန့္ယြီေခ်ာင္က စိတ္လႈပ္ရွားစြာျဖင့္ လွည့္ၾကည့္လိုက္သည္။
မင္းေရာ ပါတယ္လား
အင္း ေမာ့တိက ေခါင္းၿငိမ့္လိုက္စဥ္ ခ်န္ေက်ာင္းေရာ လင္ကြၽင္းဖုန္ကပါ သူ႕ဆီသို႔ လွည့္ၾကည့္လာသည္ကို ျမင္လိုက္ရသည္။
မင္းက ဘယ္လိုဂိမ္းမ်ိဳး လုပ္ထားတာလဲ
က်င့္ႀကံမႈအမ်ိဳးအစားပဲ ေမာ့တိက လင္ကြၽင္းဖုန္ႏွင့္ ခ်န္ေက်ာင္းတို႔ကို ၾကည့္လိုက္သည္။
မင္းတို႔ေတြေရာ ဝင္ၿပိဳင္မွာလား
Xxxxxx