အမြတ်နိုးဆုံးဝမ်

By MaNganLay

54K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 35

937 94 5
By MaNganLay

Part 35

    ဖုန်းမြည်သံကြောင့် ရှင်းလေးချက်ခြင်းနိုးလာကာ
ဖုန်းကိုင်လိုက်သည်။

" ရှင်းလေး "

" ဘာကြောင့်ဆက်သွယ်လို့မရရတာလဲ "

" ကိုယ်နယ်မှာ MTVသွားရိုက်နေလို့ပါ
ဘာဖြစ်လို့လဲ "

" ဘာကိုဘာဖြစ်လို့လဲတဲ့လား "

  ရှင်းလေးအသံနားထောင်ရတာ ကျွန်တော်အပေါ်
တော်တော်စိတ်ဆိုးနေပုံရသည်။

" ကိုယ်အလုပ်ရှုပ်တဲ့အချိန်နားလည်ပေးဖို့
ပြောထားတယ်လေ "

" ဒါပေမဲ့နေမကောင်းတဲ့အချိန်တော့ လွမ်းတာပေါ့
အားလည်းငယ်တယ် "

" ရှင်းလေးနေမကောင်းဘူးလား "

" အင်း နေမကောင်းတဲ့အချိန်တော့ တင်းနီကို
ချက်ခြင်းပြေးလာစေချင်တာ "

" ကိုယ်လာခဲ့ပါမယ် ရှင်းလေးဆီလာခဲ့မယ်နော် "

" အခုချက်ခြင်း "

" အွန်းပါ ကိုယ်ထွက်လာခဲ့ပါမယ် "

  ရှင်းလေး​ဖုန်းပြောပြီးမှ ရှောင်ဝမ် အပေါက်ဝကနေရပ်နေရာကနေ ဝင်လာလိုက်သည်။

" မင်္ဂလာမနက်ခင်းပါ ရှင်းလေး "

" အစ်ကိုအစောကြီးနိုးနေတာလား "

" အင်း ရှင်းလေးဘယ်လိုနေလဲ ကိုယ်လာကြည့်တာ "

" ကျွန်တော်ဒီနေလည်း ကျောင်းမသွားနိုင်ဘူး "

  ရှင်းလေးပြောပြီး ရေချိုးခန်းထဲဝင်သွားသည်။

" ရေတော့မချိုးလိုက်နဲ့နော် "

  ရှောင်ဝမ်တောင်ပြောမဆုံးသေးဘူး
ရေသံကြားရသည်။

  " တင်းနီကို အဲ့ဒီလောက်တောင်ချစ်တာလား
သူနဲ့တွေ့ဖို့ရေချိုးခေါင်းလျှော်ရတယ်လို့ "

  ရှောင်ဝမ် ရှင်းလေးခေါင်းကိုလေမှုတ်ပေးရင်
ဆိုလိုက်သည်။

" ကျွန်တော်ကဖျားနေတာမှမဟုတ်တာ နုံးနေတာပဲကိုး "

    ရှင်းလေးကို ခေါင်းခြောက်အောင်မှုတ်ပေးရင်း
အိပ်ရာပေါ်လှဲစေလိုက်သည်။

" ကိုယ်မနက်စာသွားလုပ်ပေးမယ် သူရောက်လာရင်
အပေါ်လွှတ်လိုက်မယ် "

" ကျေးဇူးတင်ပါတယ် အစ်ကို "

  ရှောင်ဝမ်ပြုံးပြီးအခန်းထဲကအထွက်
ဝမ်ရိပေါ်ကိုတွေ့ရသည်။

" ရှင်းလေးနိုးနေပြီ "

" အင်း ရှောင်ဝမ်..ငါ "

" မနက်စာသွားပြင်လိုက်အုံးမယ် "

  ဝမ်ရိပေါ်ဘာပြောရမှန်းမသိခင် ရှောင်ဝမ်ထွက်သွားသည်။
ရိပေါ် သက်ပြင်းသာချနေမိသည်။ သူ့သူငယ်ချင်းက
ရှင်းလေးကို ဘယ်လောက်ထိချစ်လဲ သူအသိဆုံးပဲဖြစ်သည်။

  " မင်းရောက်ပြီကိုး "

   ရှောင်ဝမ်စားစရာယူပြီးထွက်အလာ
ဧည့်ခန်းထဲရောက်ရှီနေပြီဖြစ်တဲ့ တင်းနီကို နှုတ်ဆက်လိုက်သည်။ တင်းနီလက်ထဲကပန်းနှင့်သစ်သီးခြင်းကို
အစေခံကိုယူစေကာ သူ့လက်ထဲကအစားအသောက်ဗန်းကိုတင်းနီကိုပေးလိုက်သည်။

" ရှင်းလေးအခန်းကိုလိုက်ပို့လိုက် "

  အစေခံက ခေါင်းညိတ်ကာ ခေါ်ဆောင်သွားသည်။

  🏫

ဒေါက်...ဒေါက်

    ရိပေါ်ရှင်းလေးကို နှိပ်ပေးနေစဥ်
တံခါးခေါက်သံကြောင့်
ဝင်စေလိုက်သည်။

" တင်းနီ! "

  တင်းနီလာတာနဲ့ ချက်ခြင်းထထိုင်လာတဲ့ကလေး

" ရှင်းလေး "

အစားအသောက်ကိုစားပွဲပေါ်တင်ကာ ရှင်းလေးကိုဖက်လိုက်သည်။ ဝမ်ရိပေါ်အလိုက်သိစွာပဲ အခန်းထဲကထွက်လာခဲ့လိုက်သည်။

" ပိန်သွားလိုက်တာ "

ဖက်ထားရာကနေခွာပြီ ရှင်းလေးကိုသေချာကြည့်ကာပြောလိုက်သည်။

" တင်းနီကိုလွမ်းလို့လေ ဘာကြောင့်ကျွန်တော်ကိုပစ်ထားတာလဲ ကျွန်တော်ကိုချစ်တယ်ဆိုတာလိမ်တာလား "

" တောင်းပန်ပါတယ် အဲ့လိုတောင်ထင်သွားရတာလား
ကိုယ်ကအလုပ်လုပ်နေရရင် တခြားကိုအာရုံမစိုက်တက်လိုက်ပါ အလုပ်ပြီးမှ ဖုန်းကို မန်နေဂျာဆီကတောင်းတာ "

"  နောက်ဆိုရိုက်ကွင်းတခန်းပြီးတိုင်း
ဖုန်းကိုတချက်ယူကြည့်
သုံးလေးရက်နေမှ တစ်ခါမယူကြည့်နဲ့ တင်းနီမှအခု
ချစ်သူရှီနေပြီလေ "

   ကျွန်တော်ရင်ခွင်ထဲဝင်ကာ
ပြောလာတဲ့ ရှင်းလေးကြောင့်
တင်းနီပြုံးကာ ခေါင်းညိတ်မိသည်။

" ဟုတ်ပါပြီ ကိုယ်မှားသွားတာပါ
ဆန်ပြုတ်ပူပူလေးသောက်ရအောင်နော် "

  ရှင်းလေးကိုမှီစေလိုက်ပြီး ဆန်ပြုတ်ယူကာ
သေချာမှုတ်ပြီး ကျွေးလိုက်သည်။
အားနင်က ဝင်လာကာ တင်းနီးပေးသောပန်းကို
ဖန်အိုးလှလှလေးနဲ့  ထိုးလာသည်။

" နှင်းဆီပန်းပဲ ကိုကိုထိုးပေးလိုက်တာလား "

" တင်းနီဝယ်လာတာကိုး သခင်လေးရှောင်ဝမ်က
ထိုးပေးလိုက်တာပါ "

  ရှင်းလေး တင်းနီကိုကြည့်လိုက်မိသည်။

" အစ်ကိုရှောင်ဝမ်က ကိုယ်ကို ဒီတစ်ခေါက်
ဖော်ရွေစွာဆက်ဆံတယ် "

  ရှင်းလေးခေါင်းညိတ်လိုက်သည်။ ရင်ထဲမှာတော့
စိတ်မကောင်းဖြစ်သွားမိသည်။ အစ်ကိုရှောင်ဝမ်က
သဘောထားကြီးလေ ရိရှင်း အားနာမိလေဖြစ်သည်။

" ဒီနေ့ ရှင်းလေး ကိုယ်တို့နဲ့အတူ မနက်စာစားလို့ရပြီလား "

ရိပေါ်  နက်ကတိုင်စီးပေးရင်း ခေါင်းရမ်းလိုက်သည်။

" ဘာဖြစ်လို့လဲ မသက်သာသေးဘူးလား
မဖြစ်တော့ဘူး ကျန်းချန်ကိုခေါ်မှရမယ် "

" တင်းနီရောက်နေတယ် "

" ဟင်..."

"  ကျွန်တော်တို့ပဲ စားရအောင် "

ရှောင်ကျန့်ခေါင်းညိတ်လိုက်ပြီး ရိပေါ်ခါးကိုဖက်လိုက်သည်။

" ကိုယ်တို့ရဲ့ရှင်းလေးက လွမ်းဖျား ဖျားနေတာကိုး "

" ကိုကိုနော် လျှောက်မပြောနဲ့ ကလေးကို "

ရှောင်ကျန့်  ဝမ်လေးပါးကိုနမ်းလိုက်သည်။

   မနက်စာစားပြီး ရှောင်ကျန့်နဲ့ရှောင်ဝမ်က
ကုမ္ပဏီသို့သွားခဲ့ပြီး ရိပေါ်ကတော့ ရှင်းလေးကို
စိတ်မချသေးတာကြောင့် ကုမ္ပဏီမသွားခဲ့ပေ။

" တင်းနီ..."

   ရိပေါ် အခန်းထဲဝင်တော့ ရှင်းလေးက တင်းနီလက်ကိုဆုတ်ကိုင်ပြီး အိပ်ပျော်နေသည်။

" အစ်ကို "

" တင်းနီအတွက် မနက်စာယူလာတယ် "

" ကျွန်တော်ဗိုက်မဆာပါဘူး  "

" ဒီနေအားရောအားရဲ့လား "

" ရှုတင်ဖျက်ပြီလာခဲ့တာ အစ်ကို
ကျွန်တော် ဒီနေ့တနေ့ကုန် ရှင်းလေးနားနေလို့ရတယ်မှတ်လား "

" အစ်ကိုကကျေးဇူးတင်တာပေါ့ "

  ရိပေါ်ပြုံးပြီး ပြောလိုက်သည်။ လူငယ်တွေကြားမှာ
အရမ်းအောင်မြင်နေတဲ့ တင်းနီ အလုပ်အရမ်းများပြီး
အချိန်ပြည့်နေတဲ့ တင်းနီက ညီလေးနားမှာ ရှီနေမှာဆိုတော့
ရှင်း​လေး အမြန်သက်သာမှာဖြစ်သည်။

  ⛪

  ရိပေါ်ဆုတောင်းမပြည့်ခဲ့ဘူးဖြစ်သည်။

" အစ်ကို ရှင်းလေးကို နှိုးလို့မရဘူး "

  တင်းနီကို နေ့လယ်စာအပို့
တင်းနီပြောစကားကြောင့်
မျက်လုံးပြာသွားခဲ့ရသည်။

" ရှင်းလေး...ရှင်းလေး ကိုကိုခေါ်နေတယ်လေ "

  ဝမ်ရိပေါ်လှုပ်နိုးနေပေမဲ့ ထူးသံမကြားရပေ။
ရှင်းလေးလက်ကတော့ တင်းနီကိုဆုတ်ကိုင်ထားမြဲဖြစ်သည်။ ဝမ်ရိပေါ်ဘာကိုမမြင်နိုင်အောင် တိတ်လန့်သွားပြီး နှလုံးခုန်ရပ်သွားသကဲ့သို့ ဖြစ်သွားရသည်။


Continue Reading

You'll Also Like

234K 22.9K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
38.3K 5.7K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
110K 18.7K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
99.7K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...