စုလုရီ
အပိုင်း (၄၀) နှလုံးသားတံခါး
မီးရှူးမီးပန်းသံများ ရပ်သွားသဖြင့် ကောင်းကင်ကြီးကလည်း ပြန်တည်ငြိမ်သွားသည်။
စုလုရီက အေးလာသဖြင့် စုချီ၏ ကိုယ်လုံးကို မှီကာ "အေးလိုက်တာ အစ်ကိုကြီးရယ်" ဟု ပြောလိုက်၏။
စုချီက ခဏကြာ တိတ်ဆိတ်ပြီးနောက် "ပြန်ကြမယ်" ဟု ပြောပြီး အောက်သို့ ပြန်ဆင်းလာခဲ့ကြသည်။
အောက်သို့ ရောက်သောအခါ မျှော်စင်၏ ဘေးပတ်ပတ်လည်၌ ဆိုင်များ၊ လူများ ရှုပ်နေသဖြင့် တက္ကစီကားများ အထဲဝင်၍ မရပေ။
ထို့ကြောင့် အပြင်သို့ လမ်းလျှောက်ထွက်မှသာ တက္ကစီငှား၍ ရမည် ဖြစ်၏။
စုလုရီက လူများရှုပ်ထွေးကာ ဆူညံနေသဖြင့် စုချီ၏ လက်ကို ဆွဲပြီး "မြစ်ကမ်းနားကနေ သွားကြမယ် အစ်ကိုကြီး။ အဲ့ဘက်က လူရှင်းတယ်" ဟု ပြောလိုက်သည်။
စုချီက "အင်း" ဟု ပြန်ပြောကာ မြစ်ကမ်းနံဘေးသို့ လမ်းလျှောက် သွားလိုက်ကြ၏။
မြစ်ကမ်းနံဘေး၌ နှစ်ယောက်သား တိတ်ဆိတ်စွာ လမ်းလျှောက်လာကြရင်း စုလုရီက ခလုတ်တိုက်လေသည်။
လဲကျလုနီးနီး အချိန်၌ သူ၏ ရင်ဘတ်ရှေ့သို့ လက်တစ်စုံရောက်လာကာ သူ၏ ကိုယ်ကို ဆွဲမလိုက်၏။
"မင်း ဘာတွေ အလျင်လိုနေတာလဲ။ လမ်း သေချာ ကြည့်လျှောက်လေ"
"အင်းပါ အစ်ကိုကြီးရဲ့။ ကြည့်လျှောက်ပါတယ်"
"မင်းလမ်းရော လျှောက်နိုင်သေးရဲ့လား"
"ကျွန်တော် ခြေထောက် တစ်ဖက်တည်းနဲ့တော့ ခုန်ပြီး သွားနိုင်ပါတယ်"
ခလုတ်တိုက်မိသဖြင့် စုလုရီ၏ ခြေထောက်မှာ ပြန်နာသွားကာ လမ်းမလျှောက်နိုင် ဖြစ်နေ၏။
ထို့ကြောင့် စုချီက စုလုရီ၏ လက်ကိုဆွဲကာ "ငါ့ ကျောပေါ်တက်" ဟု ပြောလိုက်သည်။
"အစ်ကိုကြီးက အကောင်းဆုံးပဲ" ဟု ပြောကာ စုလုရီက စုချီ၏ ကျောပေါ်သို့ တက်လိုက်၏။
"ဒီတစ်ခါပဲ ရမယ်နော်"
"အင်းပါ အစ်ကိုကြီးရဲ့"
နှစ်ယောက်သား ကိုယ်ချင်း နီးကပ်နေကြသဖြင့် စုချီ၏ နှလုံးသား၌ ရင်ခုန်သံများ ဗလောင်ဆူလာသည်။
စုလုရီ၏ အသက်ရှူသံကိုလည်း ခံစားနေရ၏။
နှစ်ပေါင်း (၂၀) ကျော်အတွင်း ပထမဆုံးကြိမ်အဖြစ် စုချီက စုလုရီကို ချစ်နေသည်ကို သိလိုက်ရသည်။
သူ၏ စိတ်ထဲ၌လည်း "ဒီလိုလုပ်မိတာ ဒီတစ်ခါနောက်ဆုံးပဲ။ နောက်ထပ် မလုပ်တော့ဘူး" ဟု တွေးကာ စုလုရီကို ကျောပေါ်၌ သယ်ရင်း ဟိုတယ်သို့ ပြန်လာခဲ့၏။
နိုင်းမြို့မှ ပြန်လာပြီးနောက် ဒီဇင်ဘာလသို့ ရောက်ရှိလာသည်။
စုချီမှာ အရင်ကထက် ပို၍ အလုပ်များလာပြီး ရုံးခန်း၌ နေ့တစ်ဝက်ခန့် အမြဲ မရှိတော့ပေ။
ယနေ့၌ စုချီက ထူးဆန်းစွာဖြင့် ရုံးခန်း၌ ရှိနေပြီး စုလုရီက စာရွက်စာတမ်းများကို စီနေသည်။
ထိုအချိန်၌ ရှောင်ချင်က တံခါးကို ခေါက်ကာ ဝင်လာခဲ့၏။
"ဒါရိုက်တာ စု၊ ခိုင်းထားတဲ့အတိုင်း လေယာဉ်လက်မှတ်ကို ကြိုတင်ဝယ်ယူထားတာ ဖျက်သိမ်းပြီးပါပြီ"
"အင်း၊ အနီးဆုံး တစ်ခုကို ပြောင်းဝယ်လိုက်"
"ဟုတ်ကဲ့ ဒါရိုက်တာ စု။ နှစ်ယောက်စာပဲလား"
"အင်း"
ရှောင်ချင် ထွက်သွားပြီးနောက် စုလုရီက "အစ်ကိုကြီး၊ ခရီး ထပ်ထွက်ရဦးမှာလား" ဟု မေးလိုက်သည်။
"အင်း၊ ဒီသောကြာနေ့ ထပ်ထွက်ရမယ်"
"လေယာဉ်လက်မှတ်က နှစ်ယောက်စာပဲဆိုတော့ ရှောင်ချင့်ကို ဒီတစ်ခေါက် မခေါ်တော့ဘူးလား"
"ရှောင်ချင့်ကို မခေါ်ဘူးလို့ ဘယ်သူက ပြောလို့လဲ"
"ဒါဆို အစ်ကိုကြီး မလိုက်ဘူးလား"
"မင်း နေခဲ့ရမှာ"
"... ..."
စုလုရီက ခဏတာ ငြိမ်သွားပြီးနောက် "ကျွန်တော့်ကို ဘာလို့ မခေါ်တာလဲ အစ်ကိုကြီး။ အစ်ကိုကြီးတို့သွားရင် ကျွန်တော် တစ်ယောက်တည်း အပေါ်ဆုံးထပ်မှာ ကျန်ခဲ့မှာပေါ့" ဟု ငိုမဲ့မဲ့ မျက်နှာဖြင့် တောင်းဆိုလိုက်၏။
စုမိသားစု၏ ညီအစ်ကိုများ မကြာခဏ ရန်ဖြစ်ကြသည်ကို ဒရိုက်ဘာ လင်းမှ တစ်ဆင့် စုကျစ်ထုံတို့ တစ်မိသားစုလုံး သိထားပြီးသား ဖြစ်သည်။
မနက်စာ စားသည့်အချိန်၌ စုလုရီက အချစ်ထမင်းလုံးကို လုံးကာ စုကျန်းချန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
"အစ်ကို (၂) အတွက်... စားနော်"
ဤတစ်ခေါက်၌ စုကျန်းချန်က မငြင်းတော့ဘဲ "အင်း ကျေးဇူး" ဟု ပြောကာ ယူစားလိုက်သည်။
စုချီက ထမင်း စားနေရင်း စုလုရီကို မော့ကြည့်ကာ ခဏကြာပြီးနောက် ပြန်ငုံ့ကာ ဆက်စားနေလိုက်၏။
စုကျစ်ထုံက နားမလည်သည့် မျက်နှာထားဖြင့် "အစ်ကိုကြီးကိုရော ပေးဖို့မေ့သွားတာလား သားငယ်လေး" ဟု မေးလိုက်သည်။
စုလုရီက နွားနို့သောက်ရင်း စုချီကို ကြည့်လိုက်ကာ "အစ်ကိုကြီးကိုလား" ဟု မေးလိုက်၏။
စုချီက တူကို ချကာ ပါးစပ်ကို သုတ်လိုက်ပြီး "မတောင်းဆိုရဲပါဘူး" ဟု ပြောကာ ထထွက်သွားသည်။
ပါးစပ်ထဲသို့ ထမင်းလုံးတစ်ဝက် ရောက်နှင့်နေပြီးသော စုကျန်းချန်ကမူ ဘာမှ မသိလိုက်ဘဲ ကြောင်တောင်တောင် ဖြစ်နေ၏။
မနက်စာ စားပြီးနောက် စုလုရီက စုချီ၏ ကားပေါ်သို့ တက်ကာ အလုပ်တူတူ သွားခဲ့ကြသည်။
လမ်းတစ်ဝက်၌ စုလုရီက ခေါင်းကို ငုံကာ "အစ်ကိုကြီး၊ ကျွန်တော့်ကို ဘာလို့ ဒီတစ်ခေါက် မခေါ်တာလဲ။ ကျွန်တော်က ပြဿနာပဲ ရှာနေလို့လား" ဟုလေသံပျော့ဖြင့် မေးလိုက်၏။
စုချီက "အဲ့လို မဟုတ်ပါဘူး" ဟု ပြောလိုက်သော်လည်း စုလုရီကို ပေးစရာ အကြောင်းပြချက် မရှိသဖြင့် နှုတ်ဆိတ်နေလိုက်သည်။
နှစ်ယောက်သား ထိုအချိန်မှ စ၍ ခရီးသွားမည့် ရက်မတိုင်ခင်အထိ ခပ်တန်းတန်း ဖြစ်နေကြကာ ခရီးသွားမည့် ရက်မတိုင်ခင် ည၌ စုချီက အဝတ်အစားများကို ထုတ်ပိုးနေ၏။
ထိုအချိန်၌ စုလုရီက တံခါး လာခေါက်ကာ "အစ်ကိုကြီး၊ ကျွန်တော့်ကို မခေါ်သွားပေမယ့် ခရီးမှာ အဆင်ပြေပါစေနော်" ဟု မျက်နှာငယ်လေးဖြင့် လာပြောသည်။
စုချီက ကြည့်ရင်း စိတ်မကောင်းဖြစ်သွားကာ "ပြန်လာရင် လက်ဆောင် ဝယ်လာခဲ့မယ်" ဟုနှစ်သိမ့်လိုက်၏။
"အဲ့ဒါဆိုလည်း ဈေးကြီးတာ ဝယ်ခဲ့"
"ပြောတတ်တယ်"
စုလုရီက စုချီကို နှုတ်ဆက်ကာ အခန်းသို့ ပြန်လာပြီး အိပ်ယာဝင်လိုက်သည်။
မနက်သို့ ရောက်သောအခါ စုကျစ်ထုံက သူငယ်ချင်းအိမ် သွားလည်ရန် ဒါရိုက်ဘာ လင်းကို ခေါ်သွားသဖြင့် စုလုရီက တက္ကစီဖြင့် အလုပ်သွားရန် ပြင်လိုက်၏။
ထိုအခါ စုချီက တားကာ "ဒီနေ့ အလုပ် မသွားနဲ့တော့။ ငါ မင်းကို ခွင့်ပေးတယ်" ဟု ပြောလိုက်သည်။
စုကျစ်ထုံကို လိုက်ပို့ပြီး ပြန်လာသော ယုရှင်းရန်ကလည်း "ဟုတ်တယ် သားငယ်လေး။ ညက နှင်းတွေကျထားတော့ အပြင်မှာ လမ်းတွေ ချော်နေတယ်။ မကျွမ်းကျင်တဲ့ ကားသမားနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ" ဟု စိတ်ပူစွာ ပြောလိုက်၏။
ထို့ကြောင့် စုလုရီက "ဟုတ်ကဲ့။ အဲ့ဒါဆို အစ်ကိုကြီးလည်း လမ်းသွားတာ ဂရုစိုက်ဦးနော်" ဟု ပြောကာ နှုတ်ဆက်လိုက်သည်။
စုချီ၏ လေယာဉ်ချိန်မှာ နေ့လည်ခင်း ဖြစ်၏။
သိုသော် စုချီ ခရီး မသွားဖြစ်လိုက်ပေ။
နံနက် (၁၀) နာရီအချိန်၌ ယုရှင်းရန်ဆီသို့ ဖုန်းတစ်ခု ဝင်လာခဲ့သည်။
ဖုန်းချပြီးသည်နှင့် ယုရှင်းရန်က စုချီနှင့် စုလုရီတို့ထံ အလျင်အမြန် ပြေးသွားကာ "မင်းတို့ အဖေ လဲကျလို့တဲ့ အခု ဆေးရုံကို ရောက်နေတယ်" ဟုပြောလိုက်၏။
စုချီလည်း ချင်ချင်းထကာ ကားသော့ကို ယူလိုက်ပြီး သုံးယောက်သား ဆေးရုံသို့ ထွက်လာခဲ့ကြသည်။
ဆေးရုံသို့ ရောက်သောအခါ စုကျစ်ထုံမှာ ကားပေါ်က အဆင်း နှင်းများကို နင်းမိသဖြင့် ချော်လဲကာ ခြေထောက်ကျိုးသွားကြောင်းကို သိလိုက်ရ၏။
စုလုရီက စုကျစ်ထုံ ဘေးသို့ လာကာ လိုအပ်သည်များကို လုပ်ပေးနေသည်။
စုချီကလည်း ဆရာဝန်နှင့် တွေ့ပြီး အခန်းထဲသို့ ပြန်ဝင်လာသဖြင့် "သူဌေး၊ ဒီနေ့ ခရီး သွားရမှာမလား။ သွားတော့လေ။ နောက်ကျနေမယ်" ဟု စုကျစ်ထုံက ပြောလိုက်၏။
ထိုအခါ စုချီက "မသွားတော့ဘူး အဖေ။ အရေးမကြီးလို့ ဖျက်လိုက်ပြီ" ဟု ပြန်ပြောလိုက်သည်။
နေ့လည်ခင်း၌ စုကျန်းချန်ပါ ထပ်ရောက်လာခဲ့၏။
ညစာ စားပြီးနောက် စုကျစ်ထုံက အားလုံးကို ပြန်လွှတ်သောအခါ စုလုရီက အစောင့်အဖြစ် နေခဲ့ပေးမည်ဟု ပြောလိုက်သည်။
ထို့ကြောင့် စုချီနှင့်အတူ ယုရှင်းရန်တို့က ပြန်သွားကြ၏။
စုကျစ်ထုံ၏ အခန်းမှာ V.I.P အခန်း ဖြစ်သဖြင့် လူနာစောင့်အတွက် သီးသန့်ကုတင် ရှိသည်။
စုလုရီက အိပ်ယာတောင်းရန် ထွက်သွားပြီး ပြန်ဝင်လာချိန်၌ စုချီကို အခန်းထဲ၌ တွေ့လိုက်ရ၏။
"ဟင် ... အစ်ကိုကြီး၊ ပြန်သွားတာ မဟုတ်ဘူးလား"
"ငါ အဖေနဲ့ မင်းကို စိတ်မချလို့ ပြန်လာတာ။ ဒီည ငါလည်း အတူတူ အိပ်မယ်"
ည (၁၀) နာရီ အချိန်၌ စုကျစ်ထုံက အိပ်ပျော်သွား၏။
ထို့ကြောင့် စုလုရီနှင့် စုချီက လူနာစောင့် အခန်းသို့ သွားကာ ကိုယ်လက် ဆေးကြောလိုက်ကြသည်။
စုချီက စုလုရီကို အချိန်လဲပြီး အိပ်မည်ဟုဆိုကာ အရင် အိပ်ခိုင်းလိုက်၏။
တိတ်ဆိတ်နေသော လူနာအခန်းထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်နေသည့် အသံကား စုချီ၏ ရင်ခုန်သံပင် ဖြစ်သည်။
စုချီ၏ စိတ်ထဲ၌လည်း သူ၏ နှလုံးသား တံခါးကို ဖွင့်ပေးလိုက်ပါက အချစ်ရေလှိုင်းများ အတိုင်းမသိ လျှံကျတော့မည် ဖြစ်ကြောင်းကို သိနေ၏။
...…….................................
.........................................
အပိုင်း (၄၀) ပြီးပါပြီ။
Zawgyi
စုလုရီ
အပိုင္း (၄၀) ႏွလုံးသားတံခါး
မီးရႉးမီးပန္းသံမ်ား ရပ္သြားသျဖင့္ ေကာင္းကင္ႀကီးကလည္း ျပန္တည္ၿငိမ္သြားသည္။
စုလုရီက ေအးလာသျဖင့္ စုခ်ီ၏ ကိုယ္လုံးကို မွီကာ "ေအးလိုက္တာ အစ္ကိုႀကီးရယ္" ဟု ေျပာလိုက္၏။
စုခ်ီက ခဏၾကာ တိတ္ဆိတ္ၿပီးေနာက္ "ျပန္ၾကမယ္" ဟု ေျပာၿပီး ေအာက္သို႔ ျပန္ဆင္းလာခဲ့ၾကသည္။
ေအာက္သို႔ ေရာက္ေသာအခါ ေမွ်ာ္စင္၏ ေဘးပတ္ပတ္လည္၌ ဆိုင္မ်ား၊ လူမ်ား ရႈပ္ေနသျဖင့္ တကၠစီကားမ်ား အထဲဝင္၍ မရေပ။
ထို႔ေၾကာင့္ အျပင္သို႔ လမ္းေလွ်ာက္ထြက္မွသာ တကၠစီငွား၍ ရမည္ ျဖစ္၏။
စုလုရီက လူမ်ားရႈပ္ေထြးကာ ဆူညံေနသျဖင့္ စုခ်ီ၏ လက္ကို ဆြဲၿပီး "ျမစ္ကမ္းနားကေန သြားၾကမယ္ အစ္ကိုႀကီး။ အဲ့ဘက္က လူရွင္းတယ္" ဟု ေျပာလိုက္သည္။
စုခ်ီက "အင္း" ဟု ျပန္ေျပာကာ ျမစ္ကမ္းနံေဘးသို႔ လမ္းေလွ်ာက္ သြားလိုက္ၾက၏။
ျမစ္ကမ္းနံေဘး၌ ႏွစ္ေယာက္သား တိတ္ဆိတ္စြာ လမ္းေလွ်ာက္လာၾကရင္း စုလုရီက ခလုတ္တိုက္ေလသည္။
လဲက်လဳနီးနီး အခ်ိန္၌ သူ၏ ရင္ဘတ္ေရွ႕သို႔ လက္တစ္စုံေရာက္လာကာ သူ၏ ကိုယ္ကို ဆြဲမလိုက္၏။
"မင္း ဘာေတြ အလ်င္လိုေနတာလဲ။ လမ္း ေသခ်ာ ၾကည့္ေလွ်ာက္ေလ"
"အင္းပါ အစ္ကိုႀကီးရဲ႕။ ၾကည့္ေလွ်ာက္ပါတယ္"
"မင္းလမ္းေရာ ေလွ်ာက္နိုင္ေသးရဲ႕လား"
"ကြၽန္ေတာ္ ေျခေထာက္ တစ္ဖက္တည္းနဲ႕ေတာ့ ခုန္ၿပီး သြားနိုင္ပါတယ္"
ခလုတ္တိုက္မိသျဖင့္ စုလုရီ၏ ေျခေထာက္မွာ ျပန္နာသြားကာ လမ္းမေလွ်ာက္နိုင္ ျဖစ္ေန၏။
ထို႔ေၾကာင့္ စုခ်ီက စုလုရီ၏ လက္ကိုဆြဲကာ "ငါ့ ေက်ာေပၚတက္" ဟု ေျပာလိုက္သည္။
"အစ္ကိုႀကီးက အေကာင္းဆုံးပဲ" ဟု ေျပာကာ စုလုရီက စုခ်ီ၏ ေက်ာေပၚသို႔ တက္လိုက္၏။
"ဒီတစ္ခါပဲ ရမယ္ေနာ္"
"အင္းပါ အစ္ကိုႀကီးရဲ႕"
ႏွစ္ေယာက္သား ကိုယ္ခ်င္း နီးကပ္ေနၾကသျဖင့္ စုခ်ီ၏ ႏွလုံးသား၌ ရင္ခုန္သံမ်ား ဗေလာင္ဆူလာသည္။
စုလုရီ၏ အသက္ရႉသံကိုလည္း ခံစားေနရ၏။
ႏွစ္ေပါင္း (၂၀) ေက်ာ္အတြင္း ပထမဆုံးႀကိမ္အျဖစ္ စုခ်ီက စုလုရီကို ခ်စ္ေနသည္ကို သိလိုက္ရသည္။
သူ၏ စိတ္ထဲ၌လည္း "ဒီလိုလုပ္မိတာ ဒီတစ္ခါေနာက္ဆုံးပဲ။ ေနာက္ထပ္ မလုပ္ေတာ့ဘူး" ဟု ေတြးကာ စုလုရီကို ေက်ာေပၚ၌ သယ္ရင္း ဟိုတယ္သို႔ ျပန္လာခဲ့၏။
နိုင္းၿမိဳ႕မွ ျပန္လာၿပီးေနာက္ ဒီဇင္ဘာလသို႔ ေရာက္ရွိလာသည္။
စုခ်ီမွာ အရင္ကထက္ ပို၍ အလုပ္မ်ားလာၿပီး ႐ုံးခန္း၌ ေန႕တစ္ဝက္ခန႔္ အၿမဲ မရွိေတာ့ေပ။
ယေန႕၌ စုခ်ီက ထူးဆန္းစြာျဖင့္ ႐ုံးခန္း၌ ရွိေနၿပီး စုလုရီက စာ႐ြက္စာတမ္းမ်ားကို စီေနသည္။
ထိုအခ်ိန္၌ ေရွာင္ခ်င္က တံခါးကို ေခါက္ကာ ဝင္လာခဲ့၏။
"ဒါရိုက္တာ စု၊ ခိုင္းထားတဲ့အတိုင္း ေလယာဥ္လက္မွတ္ကို ႀကိဳတင္ဝယ္ယူထားတာ ဖ်က္သိမ္းၿပီးပါၿပီ"
"အင္း၊ အနီးဆုံး တစ္ခုကို ေျပာင္းဝယ္လိုက္"
"ဟုတ္ကဲ့ ဒါရိုက္တာ စု။ ႏွစ္ေယာက္စာပဲလား"
"အင္း"
ေရွာင္ခ်င္ ထြက္သြားၿပီးေနာက္ စုလုရီက "အစ္ကိုႀကီး၊ ခရီး ထပ္ထြက္ရဦးမွာလား" ဟု ေမးလိုက္သည္။
"အင္း၊ ဒီေသာၾကာေန႕ ထပ္ထြက္ရမယ္"
"ေလယာဥ္လက္မွတ္က ႏွစ္ေယာက္စာပဲဆိုေတာ့ ေရွာင္ခ်င့္ကို ဒီတစ္ေခါက္ မေခၚေတာ့ဘူးလား"
"ေရွာင္ခ်င့္ကို မေခၚဘူးလို႔ ဘယ္သူက ေျပာလို႔လဲ"
"ဒါဆို အစ္ကိုႀကီး မလိုက္ဘူးလား"
"မင္း ေနခဲ့ရမွာ"
"... ..."
စုလုရီက ခဏတာ ၿငိမ္သြားၿပီးေနာက္ "ကြၽန္ေတာ့္ကို ဘာလို႔ မေခၚတာလဲ အစ္ကိုႀကီး။ အစ္ကိုႀကီးတို႔သြားရင္ ကြၽန္ေတာ္ တစ္ေယာက္တည္း အေပၚဆုံးထပ္မွာ က်န္ခဲ့မွာေပါ့" ဟု ငိုမဲ့မဲ့ မ်က္ႏွာျဖင့္ ေတာင္းဆိုလိုက္၏။
စုမိသားစု၏ ညီအစ္ကိုမ်ား မၾကာခဏ ရန္ျဖစ္ၾကသည္ကို ဒရိုက္ဘာ လင္းမွ တစ္ဆင့္ စုက်စ္ထုံတို႔ တစ္မိသားစုလုံး သိထားၿပီးသား ျဖစ္သည္။
မနက္စာ စားသည့္အခ်ိန္၌ စုလုရီက အခ်စ္ထမင္းလုံးကို လုံးကာ စုက်န္းခ်န္၏ ပန္းကန္ထဲသို႔ ထည့္ေပးလိုက္၏။
"အစ္ကို (၂) အတြက္... စားေနာ္"
ဤတစ္ေခါက္၌ စုက်န္းခ်န္က မျငင္းေတာ့ဘဲ "အင္း ေက်းဇူး" ဟု ေျပာကာ ယူစားလိုက္သည္။
စုခ်ီက ထမင္း စားေနရင္း စုလုရီကို ေမာ့ၾကည့္ကာ ခဏၾကာၿပီးေနာက္ ျပန္ငုံ႕ကာ ဆက္စားေနလိုက္၏။
စုက်စ္ထုံက နားမလည္သည့္ မ်က္ႏွာထားျဖင့္ "အစ္ကိုႀကီးကိုေရာ ေပးဖို႔ေမ့သြားတာလား သားငယ္ေလး" ဟု ေမးလိုက္သည္။
စုလုရီက ႏြားနို႔ေသာက္ရင္း စုခ်ီကို ၾကည့္လိုက္ကာ "အစ္ကိုႀကီးကိုလား" ဟု ေမးလိုက္၏။
စုခ်ီက တူကို ခ်ကာ ပါးစပ္ကို သုတ္လိုက္ၿပီး "မေတာင္းဆိုရဲပါဘူး" ဟု ေျပာကာ ထထြက္သြားသည္။
ပါးစပ္ထဲသို႔ ထမင္းလုံးတစ္ဝက္ ေရာက္ႏွင့္ေနၿပီးေသာ စုက်န္းခ်န္ကမူ ဘာမွ မသိလိုက္ဘဲ ေၾကာင္ေတာင္ေတာင္ ျဖစ္ေန၏။
မနက္စာ စားၿပီးေနာက္ စုလုရီက စုခ်ီ၏ ကားေပၚသို႔ တက္ကာ အလုပ္တူတူ သြားခဲ့ၾကသည္။
လမ္းတစ္ဝက္၌ စုလုရီက ေခါင္းကို ငုံကာ "အစ္ကိုႀကီး၊ ကြၽန္ေတာ့္ကို ဘာလို႔ ဒီတစ္ေခါက္ မေခၚတာလဲ။ ကြၽန္ေတာ္က ျပႆနာပဲ ရွာေနလို႔လား" ဟုေလသံေပ်ာ့ျဖင့္ ေမးလိုက္၏။
စုခ်ီက "အဲ့လို မဟုတ္ပါဘူး" ဟု ေျပာလိုက္ေသာ္လည္း စုလုရီကို ေပးစရာ အေၾကာင္းျပခ်က္ မရွိသျဖင့္ ႏႈတ္ဆိတ္ေနလိုက္သည္။
ႏွစ္ေယာက္သား ထိုအခ်ိန္မွ စ၍ ခရီးသြားမည့္ ရက္မတိုင္ခင္အထိ ခပ္တန္းတန္း ျဖစ္ေနၾကကာ ခရီးသြားမည့္ ရက္မတိုင္ခင္ ည၌ စုခ်ီက အဝတ္အစားမ်ားကို ထုတ္ပိုးေန၏။
ထိုအခ်ိန္၌ စုလုရီက တံခါး လာေခါက္ကာ "အစ္ကိုႀကီး၊ ကြၽန္ေတာ့္ကို မေခၚသြားေပမယ့္ ခရီးမွာ အဆင္ေျပပါေစေနာ္" ဟု မ်က္ႏွာငယ္ေလးျဖင့္ လာေျပာသည္။
စုခ်ီက ၾကည့္ရင္း စိတ္မေကာင္းျဖစ္သြားကာ "ျပန္လာရင္ လက္ေဆာင္ ဝယ္လာခဲ့မယ္" ဟုႏွစ္သိမ့္လိုက္၏။
"အဲ့ဒါဆိုလည္း ေဈးႀကီးတာ ဝယ္ခဲ့"
"ေျပာတတ္တယ္"
စုလုရီက စုခ်ီကို ႏႈတ္ဆက္ကာ အခန္းသို႔ ျပန္လာၿပီး အိပ္ယာဝင္လိုက္သည္။
မနက္သို႔ ေရာက္ေသာအခါ စုက်စ္ထုံက သူငယ္ခ်င္းအိမ္ သြားလည္ရန္ ဒါရိုက္ဘာ လင္းကို ေခၚသြားသျဖင့္ စုလုရီက တကၠစီျဖင့္ အလုပ္သြားရန္ ျပင္လိုက္၏။
ထိုအခါ စုခ်ီက တားကာ "ဒီေန႕ အလုပ္ မသြားနဲ႕ေတာ့။ ငါ မင္းကို ခြင့္ေပးတယ္" ဟု ေျပာလိုက္သည္။
စုက်စ္ထုံကို လိုက္ပို႔ၿပီး ျပန္လာေသာ ယုရွင္းရန္ကလည္း "ဟုတ္တယ္ သားငယ္ေလး။ ညက ႏွင္းေတြက်ထားေတာ့ အျပင္မွာ လမ္းေတြ ေခ်ာ္ေနတယ္။ မကြၽမ္းက်င္တဲ့ ကားသမားနဲ႕ ေတြ႕ရင္ ဘယ္လိုလုပ္မလဲ" ဟု စိတ္ပူစြာ ေျပာလိုက္၏။
ထို႔ေၾကာင့္ စုလုရီက "ဟုတ္ကဲ့။ အဲ့ဒါဆို အစ္ကိုႀကီးလည္း လမ္းသြားတာ ဂ႐ုစိုက္ဦးေနာ္" ဟု ေျပာကာ ႏႈတ္ဆက္လိုက္သည္။
စုခ်ီ၏ ေလယာဥ္ခ်ိန္မွာ ေန႕လည္ခင္း ျဖစ္၏။
သိုေသာ္ စုခ်ီ ခရီး မသြားျဖစ္လိုက္ေပ။
နံနက္ (၁၀) နာရီအခ်ိန္၌ ယုရွင္းရန္ဆီသို႔ ဖုန္းတစ္ခု ဝင္လာခဲ့သည္။
ဖုန္းခ်ၿပီးသည္ႏွင့္ ယုရွင္းရန္က စုခ်ီႏွင့္ စုလုရီတို႔ထံ အလ်င္အျမန္ ေျပးသြားကာ "မင္းတို႔ အေဖ လဲက်လိဳ႕တဲ့ အခု ေဆး႐ုံကို ေရာက္ေနတယ္" ဟုေျပာလိုက္၏။
စုခ်ီလည္း ခ်င္ခ်င္းထကာ ကားေသာ့ကို ယူလိုက္ၿပီး သုံးေယာက္သား ေဆး႐ုံသို႔ ထြက္လာခဲ့ၾကသည္။
ေဆး႐ုံသို႔ ေရာက္ေသာအခါ စုက်စ္ထုံမွာ ကားေပၚက အဆင္း ႏွင္းမ်ားကို နင္းမိသျဖင့္ ေခ်ာ္လဲကာ ေျခေထာက္က်ိဳးသြားေၾကာင္းကို သိလိုက္ရ၏။
စုလုရီက စုက်စ္ထုံ ေဘးသို႔ လာကာ လိုအပ္သည္မ်ားကို လုပ္ေပးေနသည္။
စုခ်ီကလည္း ဆရာဝန္ႏွင့္ ေတြ႕ၿပီး အခန္းထဲသို႔ ျပန္ဝင္လာသျဖင့္ "သူေဌး၊ ဒီေန႕ ခရီး သြားရမွာမလား။ သြားေတာ့ေလ။ ေနာက္က်ေနမယ္" ဟု စုက်စ္ထုံက ေျပာလိုက္၏။
ထိုအခါ စုခ်ီက "မသြားေတာ့ဘူး အေဖ။ အေရးမႀကီးလို႔ ဖ်က္လိုက္ၿပီ" ဟု ျပန္ေျပာလိုက္သည္။
ေန႕လည္ခင္း၌ စုက်န္းခ်န္ပါ ထပ္ေရာက္လာခဲ့၏။
ညစာ စားၿပီးေနာက္ စုက်စ္ထုံက အားလုံးကို ျပန္လႊတ္ေသာအခါ စုလုရီက အေစာင့္အျဖစ္ ေနခဲ့ေပးမည္ဟု ေျပာလိုက္သည္။
ထို႔ေၾကာင့္ စုခ်ီႏွင့္အတူ ယုရွင္းရန္တို႔က ျပန္သြားၾက၏။
စုက်စ္ထုံ၏ အခန္းမွာ V.I.P အခန္း ျဖစ္သျဖင့္ လူနာေစာင့္အတြက္ သီးသန႔္ကုတင္ ရွိသည္။
စုလုရီက အိပ္ယာေတာင္းရန္ ထြက္သြားၿပီး ျပန္ဝင္လာခ်ိန္၌ စုခ်ီကို အခန္းထဲ၌ ေတြ႕လိုက္ရ၏။
"ဟင္ ... အစ္ကိုႀကီး၊ ျပန္သြားတာ မဟုတ္ဘူးလား"
"ငါ အေဖနဲ႕ မင္းကို စိတ္မခ်လိဳ႕ ျပန္လာတာ။ ဒီည ငါလည္း အတူတူ အိပ္မယ္"
ည (၁၀) နာရီ အခ်ိန္၌ စုက်စ္ထုံက အိပ္ေပ်ာ္သြား၏။
ထို႔ေၾကာင့္ စုလုရီႏွင့္ စုခ်ီက လူနာေစာင့္ အခန္းသို႔ သြားကာ ကိုယ္လက္ ေဆးေၾကာလိုက္ၾကသည္။
စုခ်ီက စုလုရီကို အခ်ိန္လဲၿပီး အိပ္မည္ဟုဆိုကာ အရင္ အိပ္ခိုင္းလိုက္၏။
တိတ္ဆိတ္ေနေသာ လူနာအခန္းထဲ၌ က်ယ္ေလာင္စြာ ထြက္ေပၚေနသည့္ အသံကား စုခ်ီ၏ ရင္ခုန္သံပင္ ျဖစ္သည္။
စုခ်ီ၏ စိတ္ထဲ၌လည္း သူ၏ ႏွလုံးသား တံခါးကို ဖြင့္ေပးလိုက္ပါက အခ်စ္ေရလွိုင္းမ်ား အတိုင္းမသိ လွ်ံက်ေတာ့မည္ ျဖစ္ေၾကာင္းကို သိေန၏။
...…….................................
.........................................
အပိုင္း (၄၀) ၿပီးပါၿပီ။