ဗီလိန်အဖြစ်မွေးဖွားခြင်း (Com...

By Doh_Clover

519K 55K 419

. More

Novel Summary
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
50% Promotion
Noti
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88 (End)

Chapter 39

5.2K 629 1
By Doh_Clover

စုလုရီ
အပိုင်း (၃၉) ရင်ခုန်သံ


ရေပူစမ်း၌ ကန် အမျိုးအစားပေါင်း (၃၂) ကန် ရှိရာ အတိမ်အနက် မတူညီကြပေ။

ရေပူများ၏ အရှိန်ကြောင့် ရေကန်၏ ဘေးပတ်ပတ်လည်၌လည်း မြူခိုးများကဲ့သို့ ရေနွေးငွေ့များက အုံ့ဆိုင်းနေ၏။

ကျောက်တုံး စင်္ကြန်လမ်း၏ တစ်ဖက်တစ်ချပ်၌ လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း ထောင်ထားသည်။

စုလုရီက အရှေ့မှ လျှောက်သွားကာ "အစ်ကိုကြီး၊ မြန်မြန်လာလေ" ဟု အနောက်၌ ကျန်ခဲ့သော စုချီကို လှမ်းခေါ်လိုက်၏။

ထို့နောက် ကျောက်တုံးများဖြင့် အလှဆင်ထားကာ သစ်ပင်၏ အရိပ်အောက်၌ ရှိသော ကန်တစ်ခုကို စုလုရီက မျက်စိကျသွားခဲ့သည်။

စုလုရီက ဖြည်းဖြည်းချင်း ဆင်းသွားလိုက်ပြီး ...

"အစ်ကိုကြီး၊ လာလေ။ နွေးနေတာပဲ" ဟု စုချီကို အော်ပြောလိုက်၏။

စုချီလည်း လိုက်ဆင်းခဲ့ရာ သူတို့နှစ်ဦး၏ အကွာအဝေးမှာ ၃ မီတာခန့်သာ ရှိသည်။

စုလုရီက ရေထဲ၌ ထိုင်ချလိုက်ပြီး "ရှောင်ချင်ရော လာမှာလား၊ အစ်ကိုကြီး" ဟု မေးလိုက်၏။

"ဘယ် သိမလဲ။ ငါက လိုက်ကြည့်နေတာမှ မဟုတ်တာ" ဟု စုချီက လေသံ ခပ်မာမာဖြင့် ပြောလိုက်သောကြောင့် စုလုရီက စုချီကို "နေလို့ မကောင်းဘူးလား၊ အစ်ကိုကြီး" ဟု မေးလိုက်သည်။

စုချီက မထင်မှတ်ထားသည့် မျက်နှာဖြင့် စုလုရီဘက်သို့ လှည့်လာကာ "မင်းကို အဲ့စကား ဘယ်သူသင်ပေးတာလဲ" ဟု မေးလိုက်၏။

"ကိုယ့်ဘာသာကိုယ် တတ်လာတာပါ"
..........

ခဏကြာပြိးနောက် ဝန်ထမ်းတစ်ယောက်က အစားအသောက် ဗန်းကို ကိုင်ကာ ဝင်လာပြီး ... "သူဌေးဝမ်က ဒါတွေ ပို့ခိုင်းလိုက်လို့ပါ ခင်ဗျာ" ဟု ပြောလိုက်သည်။

"အင်း၊ ကျေးဇူးပဲ"

ဝန်ထမ်း ထွက်သွားသောအခါ စုလုရီက "အဲ့ဒါတွေကို စားလို့ရလား၊ အစ်ကိုကြီး" ဟု စုချီကို မေးလိုက်၏။

"ရတာပေါ့"

ထို့ကြောင့် စုလုရီက အစားအသောက် ဗန်းဆီသို့ လျှောက်သွားလိုက်သည်။

"လဲ မကျစေနဲ့နော်"

"အင်းပါ၊ ကောင်းကောင်း လျှောက်တတ်ပါတယ်"

"အား ..."

စုလုရီက ရေထဲရှိ ကျောက်တုံးနှင့် ခလုတ်တိုက်မိကာ အပြင်းအထန် နာသွားသဖြင့် ကျယ်လောင်စွာ ထအော်မိလေသည်။

စုလုရီက ထပ်တိုက်မိမည် စိုးသဖြင့် ထိုနေရာ၌ ရပ်နေကာ စုချီ ထံသို့ "အစ်ကိုကြီး၊ သတိထားနော်။ ရေအောက်မှာ ကျောက်တုံးတွေ ရှိတယ်" ဟု သတိလှမ်းပေးလိုက်၏။

ထိုအခါ စုလုရီ၏ အော်သံကြားကတည်းက အနောက်သို့ ရောက်လာသော စုချီက စုလုရီကို ဆွဲမကာ ကန်ဘောင်ပေါ်သို့ ရောက်အောင် ကူညီပေးလိုက်သည်။

စုလုရီက အနည်းငယ် သက်သာသွားသဖြင့် စုချီကို "အဆင်ပြေသွားပြီ" ဟု ပြောမည်အပြုတွင် စုချီ၏ မျက်နှာမှာ နာကျင်နေသည့် ပုံစံ ဖြစ်နေသဖြင့် ... "အစ်ကိုကြီးရော၊ ခလုတ် တိုက်မိသွားတာလား" ဟု မေးလိုက်၏။

"မဟုတ်ဘူး။ မင်းထိုင်နေ။ ခြေထောက်ကို မလိုက်"

စုချီက စုလုရီ၏ ခြေထောက်ကို မကြည့်လိုက်သောအခါ ခြေချောင်းများက ရဲနေသည်။

ထို့ကြောင့် သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်ပေးကာ "ဒီနားက နာနေတာလား" ဟု မေးလိုက်၏။

"မနာတော့ပါဘူး။ ဒါပေမယ့် အစ်ကိုကြီးရဲ့ လက်တွေက ကြမ်းတော့ အစ်ကိုကြီး ပွတ်တာ နာတယ်"

"နုလိုက်တာ။ ပြန်ကြမယ်"

"ဘာလို့ ပြန်မှာလဲဟင်"

"ပိုး မဝင်ချင်ရင် ဆေးမြန်မြန် လိမ်းရမှာပေါ့"

စုလုရီ၏ မျက်လုံးများက အစားအသောက် ဗန်းဆိီသို့ ရောက်ကာ "ဒါတွေ ကျန်သေးတယ်လေ။ ဒီအတိုင်းထားခဲ့ရင် နှမြောစရာကြီး" ဟု ဝမ်းနည်းသွားသည့် လေသံဖြင့် ပြောလိုက်၏။

စုချီက သက်ပြင်းချကာ အစားအသောက် ဗန်းကို ကောက်ကိုင်လိုက်ပြီး "ဟင်း...မင်း စားချင်နေရင်လည်း မြန်မြန်စား။ ပြီးရင် သွားကြမယ်" ဟု ပြောလိုက်သည်။

အဝတ်အစားများ ပြန်လဲပြီးနောက် စုချီက ကောင်တာမှ ဆေးဗူး တောင်းလာကာ စုလုရီကို  လိမ်းပေးလိုက်၏။

"ကျွန်တော်တို့ ဟိုတယ်ကို ရေထဲမှာ ကျောက်တုံးတွေ မထားဖို့ သတိပေးလိုက်ရင် ကောင်းမလား၊ အစ်ကိုကြီး"

"ငါ ပြောခဲ့ပြီးပြီ"

ထို့နောက် ရှောင်ချင်မှ ဖုန်းဆက်လာသဖြင့် ရှောင်ချင်နှင့် ပြန်ဆုံကာ ဟိုတယ်သို့ ပြန်သွားကြ၏။

စုချီက ညစာကို ဟိုတယ်အခန်း၌သာ မှာစားလိုက်သည်။

ညစာ စားနေသည့်အချိန်၌ စုလုရီက သူ၏ အတွေ့အကြုံများကို ကျိုးချင်းချန်တို့ထံ ပြန်၍ ဖောက်သည်ချနေ၏။

ထိုအခါ ကျိုးချင်းချန်က နိုင်းမြို့မျှော်စင် ရှိသည့်အကြောင်းကို ပြောလိုက်သဖြင့် စုလုရီက စုချီကို သွားရန် ပူဆာလိုက်သည်။

"အစ်ကိုကြီ၊ ကျွန်တော်တို့ ဒီည နိုင်းမြို့မျှော်စင်ကို သွားကြည့်ကြမလား"

"မင်း ခြေထောက် နာနေတယ်လေ"

"အခု သက်သာသွားပါပြီ။ ပြီးတော့ အစ်ကိုကြီးလည်း အတူတူ ရှိနေမှာပဲကို၊ နော်....နော်... သွားကြမယ်နော်"

စုချီက မငြင်းတော့ဘဲ ထမင်းသာ ငုံ့စားနေလိုက်တော့၏။

နိုင်းမြို့မျှော်စင်မှာ (၄၀၈) မီတာ အမြင့်ရှိသည်။ ထို့အပြင် ဓာတ်လှေကားကလည်း မှန်အကြည် ဖြစ်သဖြင့် အပြင်သို့ အကုန်မြင်နေရသည်။

စုလုရီက အမြင့်ကြောက်တတ်သူ ဖြစ်သဖြင့် ဓာတ်လှေကားသို့ စဝင်သည့် အချိန်ကပင် စုချီ၏ လက်မောင်းကို ဖက်ကာ တုန်ရီနေ၏။

"မင်း အမြင့်ကြောက်တတ်တာကို ဘာလို့ ဒီကို လာချင်ရတာလဲ"

"ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ချင်လို့ပါ"

"အခုက မင်းက ငါ့ကို စိန်ခေါ်ခိုင်းနေတာ ဖြစ်နေပြီ"
..........

ဓာတ်လှေကားမှ ထွက်လာသောအခါ စုလုရီက စုချီ၏ လက်မောင်းကို တင်းကျပ်စွာ ကိုင်ထားရင်း "စိတ်လှုပ်ရှားစရာကြီးနော်၊ အစ်ကိုကြီး" ဟု ပြောလိုက်၏။

"မကြောက်ပါနဲ့။ ထပ်ပြီး စိတ်လှုပ်ရှားရမှာတွေ ရှိသေးတယ်" ဟု စုချီက ကြင်နာစွာ နှစ်သိမ့်ပေးလိုက်လေသည်။

စုလုရီက ထိုစကားကို ကြားလိုက်သောအခါ တောင့်တင်းသွား၏။

ရှုခင်း ကြည့်ရန်အတွက် မျှော်စင်တစ်ခုလုံးကို မှန်များဖြင့်သာ ဆောက်လုပ်ထားသည်။

စုလုရီက ည၏ အလှကို ခံစားချင်သော်လည်း အောက်သို့ မကြည့်ရဲသဖြင့် စုချီ၏ လက်ကိုတွဲကာ ရှေ့တည့်တည့်သို့သာ ကြည့်နေ၏။

ခဏကြာပြီးနောက် အယောက် (၂၀) ထက်ကျော်သော ခရီးသွားအဖွဲ့က ရောက်လာခဲ့သည်။

ထို့ကြောင့် မျှော်စင်ထဲရှိ နေရာမှာ ကျဉ်းကျပ်သွားတော့၏။

ထို့အပြင် ကလေးများက ကစားကြရင်း စုလုရီကို တွန်းမိရာ စုလုရီမှာ စုချီ၏ ရင်ခွင်ထဲသို့ ရောက်သွားလေသည်။

"ဖြောင်း.....ဖြောင်း"

ထိုအချိန်၌ မျှော်စင်၏ မျက်နှာချင်းဆိုင်တိုက်မှ မီးရှူး မီးပန်းများ ထလွှတ်လိုက်၏။

လူများက စုပြုံ လာသဖြင့် စုလုရီတို့မှာ ထိုအနေအထားဖြင့်သာ မလှုပ်မယှက် ရပ်နေရတော့သည်။

ဧည့်လမ်းညွှန်က "မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ရုပ်မြင်သံကြား မျှော်စင်က (၂၅) ရက်နေ့ရောက်တိုင်း မီးရှူးမီးပန်း လွှတ်လေ့ရှိပါတယ်" ဟု ရှင်းပြလိုက်၏။

"အစ်ကိုကြီး၊ ကျွန်တော်တို့ လာလိုက်တာ မှန်သွားတယ် မလား" ဟု ပြောကာ စုလုရီက ကောင်းကင်ထက်မှ မီးရှူးမီးပန်းများကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

မီးရှူးမီးပန်းများ ရပ်သွားမှသာ လူအုပ်ကြီးက လူစု ခွဲထားကြ၏။

"ဒုတ် ဒုတ်....ဒုတ် ဒုတ်"

သို့သော် မီးရှူးမီးပန်း အသံများ ရပ်သွားသော်လည်း မရပ်နိုင်သည်ကား စုချီ၏ ရင်ခုန်သံပင် ဖြစ်လေသည်။


...…….................................
.........................................


အပိုင်း (၃၉) ပြီးပါပြီ။

Zawgyi

စုလုရီ
အပိုင္း (၃၉) ရင္ခုန္သံ


ေရပူစမ္း၌ ကန္ အမ်ိဳးအစားေပါင္း (၃၂) ကန္ ရွိရာ အတိမ္အနက္ မတူညီၾကေပ။

ေရပူမ်ား၏ အရွိန္ေၾကာင့္ ေရကန္၏ ေဘးပတ္ပတ္လည္၌လည္း ျမဴခိုးမ်ားကဲ့သို႔ ေရေႏြးေငြ႕မ်ားက အုံ႕ဆိုင္းေန၏။

ေက်ာက္တုံး စၾကၤန္လမ္း၏ တစ္ဖက္တစ္ခ်ပ္၌ လမ္းၫႊန္ဆိုင္းဘုတ္မ်ားကိုလည္း ေထာင္ထားသည္။

စုလုရီက အေရွ႕မွ ေလွ်ာက္သြားကာ "အစ္ကိုႀကီး၊ ျမန္ျမန္လာေလ" ဟု အေနာက္၌ က်န္ခဲ့ေသာ စုခ်ီကို လွမ္းေခၚလိုက္၏။

ထို႔ေနာက္ ေက်ာက္တုံးမ်ားျဖင့္ အလွဆင္ထားကာ သစ္ပင္၏ အရိပ္ေအာက္၌ ရွိေသာ ကန္တစ္ခုကို စုလုရီက မ်က္စိက်သြားခဲ့သည္။

စုလုရီက ျဖည္းျဖည္းခ်င္း ဆင္းသြားလိုက္ၿပီး ...

"အစ္ကိုႀကီး၊ လာေလ။ ေႏြးေနတာပဲ" ဟု စုခ်ီကို ေအာ္ေျပာလိုက္၏။

စုခ်ီလည္း လိုက္ဆင္းခဲ့ရာ သူတို႔ႏွစ္ဦး၏ အကြာအေဝးမွာ ၃ မီတာခန႔္သာ ရွိသည္။

စုလုရီက ေရထဲ၌ ထိုင္ခ်လိဳက္ၿပီး "ေရွာင္ခ်င္ေရာ လာမွာလား၊ အစ္ကိုႀကီး" ဟု ေမးလိုက္၏။

"ဘယ္ သိမလဲ။ ငါက လိုက္ၾကည့္ေနတာမွ မဟုတ္တာ" ဟု စုခ်ီက ေလသံ ခပ္မာမာျဖင့္ ေျပာလိုက္ေသာေၾကာင့္ စုလုရီက စုခ်ီကို "ေနလို႔ မေကာင္းဘူးလား၊ အစ္ကိုႀကီး" ဟု ေမးလိုက္သည္။

စုခ်ီက မထင္မွတ္ထားသည့္ မ်က္ႏွာျဖင့္ စုလုရီဘက္သို႔ လွည့္လာကာ "မင္းကို အဲ့စကား ဘယ္သူသင္ေပးတာလဲ" ဟု ေမးလိုက္၏။

"ကိုယ့္ဘာသာကိုယ္ တတ္လာတာပါ"
..........

ခဏၾကာၿပိးေနာက္ ဝန္ထမ္းတစ္ေယာက္က အစားအေသာက္ ဗန္းကို ကိုင္ကာ ဝင္လာၿပီး ... "သူေဌးဝမ္က ဒါေတြ ပို႔ခိုင္းလိုက္လို႔ပါ ခင္ဗ်ာ" ဟု ေျပာလိုက္သည္။

"အင္း၊ ေက်းဇူးပဲ"

ဝန္ထမ္း ထြက္သြားေသာအခါ စုလုရီက "အဲ့ဒါေတြကို စားလို႔ရလား၊ အစ္ကိုႀကီး" ဟု စုခ်ီကို ေမးလိုက္၏။

"ရတာေပါ့"

ထို႔ေၾကာင့္ စုလုရီက အစားအေသာက္ ဗန္းဆီသို႔ ေလွ်ာက္သြားလိုက္သည္။

"လဲ မက်ေစနဲ႕ေနာ္"

"အင္းပါ၊ ေကာင္းေကာင္း ေလွ်ာက္တတ္ပါတယ္"

"အား ..."

စုလုရီက ေရထဲရွိ ေက်ာက္တုံးႏွင့္ ခလုတ္တိုက္မိကာ အျပင္းအထန္ နာသြားသျဖင့္ က်ယ္ေလာင္စြာ ထေအာ္မိေလသည္။

စုလုရီက ထပ္တိုက္မိမည္ စိုးသျဖင့္ ထိုေနရာ၌ ရပ္ေနကာ စုခ်ီ ထံသို႔ "အစ္ကိုႀကီး၊ သတိထားေနာ္။ ေရေအာက္မွာ ေက်ာက္တုံးေတြ ရွိတယ္" ဟု သတိလွမ္းေပးလိုက္၏။

ထိုအခါ စုလုရီ၏ ေအာ္သံၾကားကတည္းက အေနာက္သို႔ ေရာက္လာေသာ စုခ်ီက စုလုရီကို ဆြဲမကာ ကန္ေဘာင္ေပၚသို႔ ေရာက္ေအာင္ ကူညီေပးလိုက္သည္။

စုလုရီက အနည္းငယ္ သက္သာသြားသျဖင့္ စုခ်ီကို "အဆင္ေျပသြားၿပီ" ဟု ေျပာမည္အျပဳတြင္ စုခ်ီ၏ မ်က္ႏွာမွာ နာက်င္ေနသည့္ ပုံစံ ျဖစ္ေနသျဖင့္ ... "အစ္ကိုႀကီးေရာ၊ ခလုတ္ တိုက္မိသြားတာလား" ဟု ေမးလိုက္၏။

"မဟုတ္ဘူး။ မင္းထိုင္ေန။ ေျခေထာက္ကို မလိုက္"

စုခ်ီက စုလုရီ၏ ေျခေထာက္ကို မၾကည့္လိုက္ေသာအခါ ေျခေခ်ာင္းမ်ားက ရဲေနသည္။

ထို႔ေၾကာင့္ သူ၏ လက္ေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ပြတ္ေပးကာ "ဒီနားက နာေနတာလား" ဟု ေမးလိုက္၏။

"မနာေတာ့ပါဘူး။ ဒါေပမယ့္ အစ္ကိုႀကီးရဲ႕ လက္ေတြက ၾကမ္းေတာ့ အစ္ကိုႀကီး ပြတ္တာ နာတယ္"

"ႏုလိုက္တာ။ ျပန္ၾကမယ္"

"ဘာလို႔ ျပန္မွာလဲဟင္"

"ပိုး မဝင္ခ်င္ရင္ ေဆးျမန္ျမန္ လိမ္းရမွာေပါ့"

စုလုရီ၏ မ်က္လုံးမ်ားက အစားအေသာက္ ဗန္းဆိီသို႔ ေရာက္ကာ "ဒါေတြ က်န္ေသးတယ္ေလ။ ဒီအတိုင္းထားခဲ့ရင္ ႏွေျမာစရာႀကီး" ဟု ဝမ္းနည္းသြားသည့္ ေလသံျဖင့္ ေျပာလိုက္၏။

စုခ်ီက သက္ျပင္းခ်ကာ အစားအေသာက္ ဗန္းကို ေကာက္ကိုင္လိုက္ၿပီး "ဟင္း...မင္း စားခ်င္ေနရင္လည္း ျမန္ျမန္စား။ ၿပီးရင္ သြားၾကမယ္" ဟု ေျပာလိုက္သည္။

အဝတ္အစားမ်ား ျပန္လဲၿပီးေနာက္ စုခ်ီက ေကာင္တာမွ ေဆးဗူး ေတာင္းလာကာ စုလုရီကို  လိမ္းေပးလိုက္၏။

"ကြၽန္ေတာ္တို႔ ဟိုတယ္ကို ေရထဲမွာ ေက်ာက္တုံးေတြ မထားဖို႔ သတိေပးလိုက္ရင္ ေကာင္းမလား၊ အစ္ကိုႀကီး"

"ငါ ေျပာခဲ့ၿပီးၿပီ"

ထို႔ေနာက္ ေရွာင္ခ်င္မွ ဖုန္းဆက္လာသျဖင့္ ေရွာင္ခ်င္ႏွင့္ ျပန္ဆုံကာ ဟိုတယ္သို႔ ျပန္သြားၾက၏။

စုခ်ီက ညစာကို ဟိုတယ္အခန္း၌သာ မွာစားလိုက္သည္။

ညစာ စားေနသည့္အခ်ိန္၌ စုလုရီက သူ၏ အေတြ႕အႀကဳံမ်ားကို က်ိဳးခ်င္းခ်န္တို႔ထံ ျပန္၍ ေဖာက္သည္ခ်ေန၏။

ထိုအခါ က်ိဳးခ်င္းခ်န္က နိုင္းၿမိဳ႕ေမွ်ာ္စင္ ရွိသည့္အေၾကာင္းကို ေျပာလိုက္သျဖင့္ စုလုရီက စုခ်ီကို သြားရန္ ပူဆာလိုက္သည္။

"အစ္ကိုႀကီ၊ ကြၽန္ေတာ္တို႔ ဒီည နိုင္းၿမိဳ႕ေမွ်ာ္စင္ကို သြားၾကည့္ၾကမလား"

"မင္း ေျခေထာက္ နာေနတယ္ေလ"

"အခု သက္သာသြားပါၿပီ။ ၿပီးေတာ့ အစ္ကိုႀကီးလည္း အတူတူ ရွိေနမွာပဲကို၊ ေနာ္....ေနာ္... သြားၾကမယ္ေနာ္"

စုခ်ီက မျငင္းေတာ့ဘဲ ထမင္းသာ ငုံ႕စားေနလိုက္ေတာ့၏။

နိုင္းၿမိဳ႕ေမွ်ာ္စင္မွာ (၄၀၈) မီတာ အျမင့္ရွိသည္။ ထို႔အျပင္ ဓာတ္ေလွကားကလည္း မွန္အၾကည္ ျဖစ္သျဖင့္ အျပင္သို႔ အကုန္ျမင္ေနရသည္။

စုလုရီက အျမင့္ေၾကာက္တတ္သူ ျဖစ္သျဖင့္ ဓာတ္ေလွကားသို႔ စဝင္သည့္ အခ်ိန္ကပင္ စုခ်ီ၏ လက္ေမာင္းကို ဖက္ကာ တုန္ရီေန၏။

"မင္း အျမင့္ေၾကာက္တတ္တာကို ဘာလို႔ ဒီကို လာခ်င္ရတာလဲ"

"ကိုယ့္ကိုယ္ကို စိန္ေခၚၾကည့္ခ်င္လို႔ပါ"

"အခုက မင္းက ငါ့ကို စိန္ေခၚခိုင္းေနတာ ျဖစ္ေနၿပီ"
..........

ဓာတ္ေလွကားမွ ထြက္လာေသာအခါ စုလုရီက စုခ်ီ၏ လက္ေမာင္းကို တင္းက်ပ္စြာ ကိုင္ထားရင္း "စိတ္လႈပ္ရွားစရာႀကီးေနာ္၊ အစ္ကိုႀကီး" ဟု ေျပာလိုက္၏။

"မေၾကာက္ပါနဲ႕။ ထပ္ၿပီး စိတ္လႈပ္ရွားရမွာေတြ ရွိေသးတယ္" ဟု စုခ်ီက ၾကင္နာစြာ ႏွစ္သိမ့္ေပးလိုက္ေလသည္။

စုလုရီက ထိုစကားကို ၾကားလိုက္ေသာအခါ ေတာင့္တင္းသြား၏။

ရႈခင္း ၾကည့္ရန္အတြက္ ေမွ်ာ္စင္တစ္ခုလုံးကို မွန္မ်ားျဖင့္သာ ေဆာက္လုပ္ထားသည္။

စုလုရီက ည၏ အလွကို ခံစားခ်င္ေသာ္လည္း ေအာက္သို႔ မၾကည့္ရဲသျဖင့္ စုခ်ီ၏ လက္ကိုတြဲကာ ေရွ႕တည့္တည့္သို႔သာ ၾကည့္ေန၏။

ခဏၾကာၿပီးေနာက္ အေယာက္ (၂၀) ထက္ေက်ာ္ေသာ ခရီးသြားအဖြဲ႕က ေရာက္လာခဲ့သည္။

ထို႔ေၾကာင့္ ေမွ်ာ္စင္ထဲရွိ ေနရာမွာ က်ဥ္းက်ပ္သြားေတာ့၏။

ထို႔အျပင္ ကေလးမ်ားက ကစားၾကရင္း စုလုရီကို တြန္းမိရာ စုလုရီမွာ စုခ်ီ၏ ရင္ခြင္ထဲသို႔ ေရာက္သြားေလသည္။

"ေျဖာင္း.....ေျဖာင္း"

ထိုအခ်ိန္၌ ေမွ်ာ္စင္၏ မ်က္ႏွာခ်င္းဆိုင္တိုက္မွ မီးရႉး မီးပန္းမ်ား ထလႊတ္လိုက္၏။

လူမ်ားက စုၿပဳံ လာသျဖင့္ စုလုရီတို႔မွာ ထိုအေနအထားျဖင့္သာ မလႈပ္မယွက္ ရပ္ေနရေတာ့သည္။

ဧည့္လမ္းၫႊန္က "မ်က္ႏွာခ်င္းဆိုင္မွာ ရွိတဲ့ ႐ုပ္ျမင္သံၾကား ေမွ်ာ္စင္က (၂၅) ရက္ေန႕ေရာက္တိုင္း မီးရႉးမီးပန္း လႊတ္ေလ့ရွိပါတယ္" ဟု ရွင္းျပလိုက္၏။

"အစ္ကိုႀကီး၊ ကြၽန္ေတာ္တို႔ လာလိုက္တာ မွန္သြားတယ္ မလား" ဟု ေျပာကာ စုလုရီက ေကာင္းကင္ထက္မွ မီးရႉးမီးပန္းမ်ားကို စိတ္လႈပ္ရွားစြာ ၾကည့္ေနသည္။

မီးရႉးမီးပန္းမ်ား ရပ္သြားမွသာ လူအုပ္ႀကီးက လူစု ခြဲထားၾက၏။

"ဒုတ္ ဒုတ္....ဒုတ္ ဒုတ္"

သို႔ေသာ္ မီးရႉးမီးပန္း အသံမ်ား ရပ္သြားေသာ္လည္း မရပ္နိုင္သည္ကား စုခ်ီ၏ ရင္ခုန္သံပင္ ျဖစ္ေလသည္။


...…….................................
.........................................


အပိုင္း (၃၉) ၿပီးပါၿပီ။

Continue Reading

You'll Also Like

325K 19.7K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
242K 33.7K 105
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...