အမြတ်နိုးဆုံးဝမ်

By MaNganLay

53.8K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် More

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 33

1K 90 13
By MaNganLay

Part 33

  ရိပေါ် ဦးလေးဖြစ်သူနဲ့ ဖုန်းပြောပြီး သက်ပြင်းချနေမိသည်။

" ဘာဖြစ်လို့လဲဝမ် "

  ရှောင်ကျန့် ဝမ်ကို Morning Kissပေးပြီး မေးလိုက်သည်။

" ဦးလေးက ညစာစားဖိတ်တယ် "

" ရှင်းလေးနဲ့ ရင်းနှီးမှုလိုချင်လို့ဖြစ်မှာပေါ့ "

ဝမ်ရိပေါ်ခေါင်းညိတ်လိုက်သည်။

" ဦးလေးအနေဖြင့် ရှင်းလေးနဲ့များများ
တွေ့တာကောင်းတယ် "

" ဘာဖြစ်လို့လဲကိုကို "

" အဲ့တာမှ သူရှင်းလေးကို သည်းခံနိုင်မှု ရှီမရှီသိလာမှာပေါ့ "

" သည်းခံနိုင်ပြီး ခေါ်သွားမယ်ဆိုရင်ကော "

" အဲ့လောက်ထိမတွေးပါနဲ့ ဝမ် "

" တွေးရမယ်ကိုကို ရှင်းလေးကို
ကျွန်တော်ဘယ်လောက်ထိချစ်လဲ
ဘယ်လောက်လိုအပ်နေလဲ
ကိုကိုမှမသိတာ "

ရှောင်ကျန့် ဝမ်ကိုဆွဲဖက်လိုက်သည်။

" ကိုကိုသိတာပေါ့ ကိုကိုသိပါတယ်
မစိုးရိမ်ပါနဲ့ "

  ဝမ်ကျောကိုပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။
ဝမ်ကို ပူပင်မှူတွေမဖြစ်စေချင်ဘူး အေးချမ်းမှုကိုပဲပေးချင်တယ်

" ကိုယ်နဲ့အတူရေချိုးရအောင် "

  ဝမ်ခေါင်းညိတ်သည်။ ဝမ်နဲ့အတူရေချိုးပြီး
နံနက်စာ စားဖို့ဆင်းလာခဲ့လိုက်သည်။

" ရှင်းလေးမထသေးဘူးထင်တယ်
ကျွန်တော်သွားနှိုး.."

   ရိပေါ်တစ်ဖက်အလှည့် ထမင်းစားခန်းထဲ
ဝင်လာသောရှင်းလေးကိုတွေ့ရသည်။
လေးယောက်သား အစာစားနေစဥ် ကိုကိုက
ကျွန်တော်အစားညီကိုပြောလိုက်သည်။

" ညနေကျရင် ဝမ်အိမ်တော်မှာ ညစာစားမှာ
ရှင်းလေး ကျောင်းကအပြန် အိမ်တန်းပြန်လာရမယ်နော် "

" ကျွန်တော်မလိုက်ဘူး "

" ဦးလေးက ရှင်း​လေးနဲ့ ရင်းနှီးမှုလိုချင်နေတာ
ဦးလေးက ကိုကိုတို့ရဲ့
တစ်ဦးတည်းသောဆွေမျိုးလေ
ကိုကိုတို့လက်ခံလိုက်ရအောင်နော် "

ဝမ်က ရှင်းလေးကိုချော့ကာပြောနေသည်။

" ကောင်းပြီလေ! "

ရှင်းလေးဆူပုတ်သွားကာဖြေသည်။

" အစ်ကိုရှောင်ဝမ် ကျွန်တော်ကားပေါ်မှာ စောင့်နေမယ် "

ရှင်းလေးကသိပ်မစားပဲ ထွက်သွားသည်။
ရှောင်ဝမ်လည်း အမြန်လိုက်ရသည်။

  🚘

  " အစ်ကိုရှောင်ဝမ် ကျွန်တော်ကိုစကားသိပ်မပြောပါလား "

  ရှောင်ဝမ်ကားမောင်းရင်း ရှင်းလေးကို
လှည့်ကြည့်လိုက်သည်။

" အဲ့လိုထင်ရလို့လား "

" ထင်နေတာမဟုတ်ဘူး ဟုတ်နေသားပဲကိုး.."

ရှောင်ဝမ်ပြုံးလိုက်သည်။ ရှင်းလေးကပဲ
ဆက်၍ပြော၏ ။

" မနေ့က အစ်ကိုလာကြိုတာကိုး တင်းနီနဲ့လိုက်သွားလို့
စိတ်ဆိုးနေတာလား "

" အစ်ကိုကဘာကြောင့် စိတ်ဆိုးရမှာလဲ "

" ဗျာ! "

" အစ်ကိုကမင်းကိုစိတ်ထဲမှာ ရှီနေရင်တော့
စိတ်ဆိုးမှာပေါ့ "

" ကျွန်တော်တောင်းပန်ပါတယ် "

" ဘာလို့တောင်းပန်တာလဲ
ကျွန်တော်ကိုအစ်ကိုက စိတ်ထဲ ရှီလား မရှီလားဆိုပြီး
မင်းဆက်မေးလေ"

ရှောင်ဝမ်လေသံမာသွားသလို
ကားမောင်းလည်းမြန်လာသည်။

" အစ်ကို ဖြေးဖြေးမောင်းပါ
ကျွန်တော်ကြောက်လာပြီ "

  မျက်ရည်ဝဲလာတဲ့ကလေးကြောင့်
အရှိန်လျော့လိုက်သည်။

" အစ်ကိုတောင်းပန်ပါတယ် မကြောက်တော့နဲ့နော် "

ရှင်းလေးပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
ရှင်းလေးခေါင်းညိတ်သည်။
ကျောင်းရောက်တဲ့အထိ ဘာစကားမှမပြောတော့ပဲ
မောင်းလာလိုက်သည်။

" ရှင်းလေး! "

ကျောင်းရောက်တော့ ကားပေါ်ကဆင်းတော့မဲ့
ရှင်း​လေးလက်ကိုဆွဲကိုင်လိုက်သည်။

" အစ်ကိုက မင်းအထက်တန်းကျောင်းသားပဲ
ရှီနေသေးလို့စောင့်နေတာပါ
အချိန်မတန်သေးလို့ ဖွင့်မပြောခဲ့တာ "

" အစ်ကို..."

" မင်းကိုချစ်တယ် "

ရှင်းလေးမျက်လုံး ပုံမှန်ထက် ပြူးကျယ်လာသည်။

" မင်း၁၄နှစ်ကတည်းက ရိပေါ်ဘေးနားက
မင်းပုံကိုစတွေ့ကတည်းက
ချစ်ခဲ့တာ နေတိုင်း weiboမှာ မင်းပုံတင်တာကို
စောင့်ကြည့်ခဲ့တယ် ကိုယ့်မင်းကိုချစ်လွန်းလို့
ပေါ်လေးဆီ ဖွင့်ပြောခဲ့တာ မင်းရဲ့ကိုကိုကပြောတယ်
မင်းအရမ်းငယ်သေးတယ်တဲ့ မင်းကိုချစ်ရင်
နောက်ငါးနှစ်ထိစောင့်တဲ့ အခု မင်းအသက်၁၇နှစ်ပြည့်​တော့မယ် ကိုယ့်စောင့်လာတာလည်း ၃နှစ်ရှီပြီ
နောက်ထက် ၂နှစ်ကိုကိုယ့်မစောင့်နိုင်တော့ပဲ
ပြောချမိပြီ  မင်းကိုချစ်တယ်
မင်းပြန်မချစ်ရင်တောင်မှာပေါ့ "

" အစ်ကိုရှောင်ဝမ်..."

   ရှောင်ဝမ်ဘာပြောရမှန်းမသိ ဆွံအနေမိသည်။
ရင်ထဲမှာလည်း တစ်ခုခုလစ်ဟာသွားသလို ခံစားရသည်။

" ကျောင်းတက်တော့မယ် ရှင်း​လေး "

ရှင်း​လေးလက်ကိုလွှတ်ပေးလိုက်ပြီး ဆိုလိုက်သည်။

" ဟုတ်.."

  ရှင်းလေး ကားပေါ်ကဆင်းပြီး ကျောင်းထဲဝင်တဲ့အထိ
ရှောင်ဝမ်ကြည့်နေမိသည်။

   🚘

  ညနေကျောင်းဆင်းတော့ လာကြိုသူက အစ်ကိုရှောင်ဝမ်
မဟုတ်ပဲ ကိုကိုဖြစ်နေသည်။

" ရှင်းလေးကြိုက်တဲ့ ရေခဲမုန့်ပါတယ် "

    ရိပေါ် ရေခဲမုန့်ဗူးကို ဖွင့်ကာ ရှင်း​လေးကိုပေးပြီး
ကားကိုစတင်မောင်းလိုက်သည်။

" အစ်ကိုရှောင်ဝမ်ဘာလို့ လာမကြိုတာလဲ "

" အရေးကြီးအစည်းအဝေးရှီတယ်ပြောတယ်
ကိုကိုလာကြိုတာ မကြိုက်လို့လား "

" ကိုကို ကျွန်တော်ကတင်းနီနဲ့ ချစ်သူဖြစ်နေပြီ "

   ရိရှင်း ရေခဲမုန့်တစ်ဇွန်းစားပြီး ပြောလိုက်သည်။

" ကိုကိုသိပါတယ် "

"  အစ်ကိုရှောင်ဝမ်က ကျွန်တော်ကိုချစ်နေတာကြာပြီတဲ့ "

"ညီကို ကိုကိုအကောင့်မှာတွေ့ရင်း သူချစ်သွားခဲ့တာ
ကိုကို့ကိုဖွင့်ပြောခဲ့တယ် ကိုကိုကသူကိုစောင့်ဖို့
ပြောခဲ့တယ် သူကစောင့်ပါတယ် ညီအကောင့်က
ညီပုံကို ကြည့်ရင်း စောင့်ခဲ့တယ် နောက်တော့
ညီကိုတွေ့ဖို့ ဂျပန်ကနေတရုတ်ကိုလာခဲ့တယ်"

  ရှင်းလေး ရေခဲမုန့်ဗူးကိုကိုင်ပြီး မှိုင်သွားသည်။

" ရှင်း​လေး ဒါတွေသိရလို့ စိတ်မဆင်းရဲပါနဲ့
အားလည်းမနာပါနဲ့   ရှင်းလေးချစ်တဲ့သူကို
ကိုကိုရော ရှောင်ဝမ်ရော လက်ခံနိုင်ပါတယ် "

" ဟုတ်လို့လား..."

"  ရှောင်ဝမ်က သူမျှော်လင့်ချက်ကလေး
ပျက်စီးသွားလို့
ဒီရက်ပိုင်း စိတ်လွတ်နေတာကိုတော့
ညီကနားလည်ပေးနော် "

" ဟုတ်.."

" ရေခဲမုန့်စားလိုက်ပါဦး ကလေးလေးရဲ့ "

  ရှင်းလေးတစ်ဇွန်းကော်ပြီး သူကိုကို့ကို ကျွေးချင်တာနဲ့

" ကိုကိုပါးစပ်ဟ...အာ "

ရိပေါ်ပြုံးပြီး ပါးစပ်ဟပေးလိုက်သည်။

" အရသာရှီတယ် ရှင်းလေးကျွေးလို့လားပဲ "

" နောက်တစ်ဇွန်း...အာ "

ရိပေါ်ပါးစပ်ဟကာ စားလိုက်သည်။

" ကလေးလေးလည်းစားလေ "

" ကိုကို..."

" ပြောလေကလေး ဘာဖြစ်လို့လဲ "

" ဒီညတော့ ဝမ်အိမ်ကိုမပြန်ချင်ဘူး "

" ကလေးလေးအဲ့ဒါက..."

" မနက်ဖြန်ညကို ရွေ့လို့မရဘူးလား
ကျွန်တော်ခေါင်းကိုက်နေလို့ တကယ်ပြောတာပါ "

  ရိပေါ်စိတ်ပူသွားပြီး အိမ်ကိုပဲအမြန်မောင်းလာလိုက်သည်။
အိမ်ရောက်တော့ ရှင်းလေးက ရေနွေးနွေးလေးနဲ့ ချိုးချင်တယ်ပြောတာကြောင့် ကျင်းရီက စိစဥ်ပေးနေသည်။
ရေချိုးပြီး အိပ်ရာပေါ်တန်းလှဲတဲ့
ကလေးလေးကြောင့်
အစီစဥ်ကိုဖျက်ဖို့ ရိပေါ် ဦးလေးဆီ ဖုန်းဆက်လိုက်သည်။

" ကျွန်တော်တောင်းပန်ပါတယ် "

  ရှောင်ကျန့်အခန်းထဲဝင်တော့
ဖုန်းကိုလက်ကမချ ညိုးငယ်နေသော ရိပေါ်ကို
တွေ့ရသည်။

" ကိုယ်အစောကြီးပြန်လာတယ်နော်
ဝမ်က အခုထိ ဘာမှမပြင်ဆင်ရသေးဘူးပဲ "

" မနက်ဖြန်ညကို အချိန်ရွေ့လိုက်တယ် "

" ဦးလေးက ရွေ့လိုက်တာလား "

" မဟုတ်ဘူး ကျွန်တော်က..
ဦးလေးကအရမ်းစိတ်ဆိုးနေတာ
သူချက်ပြုတ်ထားပြီး အကောင်းဆုံးပြင်ဆင်ပေးထားတာကို
ရွေ့လို့ "

" ကိုယ် ရှင်းလေးကို နားသွားချလိုက်မယ် "

"  ရှင်းလေးက ကန့်လန့်တိုက်တာမဟုတ်ပါဘူးကိုကို
ခေါင်းကိုက်လို့ မှေးနေတယ် သွားမနှောက်ယှက်ပါနဲ့ "

  ရှောင်ကျန့် အချိန်ကိုကြည့်လိုက်တော့
ညနေ၄ခွဲပြီဖြစ်သည်။

" ဒီချိန်အိပ်ရင် ဖျားလိမ့်မယ်
တစ်ခုခု ကျွေးရမယ် "

" ကျွန်တော်ကိုယ်တိုင် အောက်ထပ်မှာ
သွားပြင်ဆင်လိုက်ပါမယ် "

  ရှောင်ကျန့် သက်ပြင်းချကာ
အဝတ်အစားအရင်လဲလိုက်သည်။

  ⛪

  " ဟမ်..ရှီနေတာပဲ "

  ရှောင်ဝမ် ကုမ္ပဏီကပြန်အလာ အစားအသောက်ဗန်းကို
ယူလာသော ရိပေါ်ကိုမြင်ကာ ပြောလိုက်သည်။

" ညစာစားပွဲ မသွားဖြစ်ဘူး
ရှင်းလေးခေါင်းကိုက်နေလို့

  ရှောင်ဝမ် ရိပေါ်လက်ထဲကဗန်းကိုယူကာ
ကျွန်တော်ကျွေးလိုက်မယ်။

" အင်း "

ရှောင်ဝမ်မှေးနေသော ကလေးလေးကို ခေါ်လိုက်သည်။

" ရှင်းလေး ဆန်ပြုတ်သောက်ရအောင် "

ရှင်းလေးမျက်စိပွင့်လာပြီး ထထိုင်လိုက်သည်။

" အစ်ကို..."

ရှောင်ဝမ်ပြုံးပြလိုက်ကာ ကလေးကျောနောက်
ခေါင်းအုံး ခုပေးလိုက်သည်။

" အစ်ကိုကြောင့် ခေါင်းကိုက်သွားတယ်ထင်တယ် "

" မဟုတ်ဘူး မနက်အိပ်ရာနိုးကတည်းက
ကိုက်နေတာ "

ရှောင်ဝမ်လက်ဆေးပြီး ကြက်ကြော်ကိုမွကာ
ဆန်ပြုတ်ထဲ ထည့်လိုက်သည်။

" ပါးစပ်ဟ...အာ.."

ရှောင်ဝမ်ခွံကျွေးတာကို ရှင်းလေးစားလိုက်သည်။

" တော်ပြီ အစ်ကို "

ငါးဇွန်းလောက်ပဲကျွေးရသေးသည်။ ရှင်းလေး
ဆက်မစားချင်စွာ ငြင်းသည်။

" နည်းနည်းလောက်ထပ်စားပါလား "

" မဟုတ်ဘူး ကျွန်တော်.."

ရှင်းလေး အန်ချင်တာကြောင့် ပျို့လိုက်မိသည်။
ရှောင်ဝမ် ဆန်ပြုတ်ပန်းကန် မြန်မြန်ချကာ
ထွေးကန် ယူပေးလိုက်သည်။

" အန်ချလိုက်...ကလေး "

  ရှင်းလေးကျောကိုထုပေးကာဆိုတော့
နွားနို့ယူလာသောရိပေါ် တွေ့သွားကာ

" ဘာဖြစ်လို့လဲ "

အော့...အော့

ရှင်းလေးအန်ချလိုက်သည်။ အန်လို့အပြီးအားမရှီစွာ
ယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ကိုကိုကထိန်းပေးကာ

" ဆရာဝန်ခေါ်ပေးပါ ရှောင်ဝမ်!

" ဟင့်အင်း ကိုကို မခေါ်နဲ့! "

" ဆရာဝန်မပြရင် ညီနေကောင်းမှာမဟုတ်ဘူး

" မခေါ်နဲ့ အိပ်ချင်တယ် ကိုကိုသိပ်ပေး "

" အင်း..အင်းပါ ကလေးရယ် "

  ပေါ်လေးက သူ့ညီကိုရင်ခွင်ထဲမှာ ထားပြီး
သီချင်းအေးအေးလေးဆိုကာ သိပ်နေသည်။
နေမကောင်းမဖြစ်ပါနဲ့ ရှင်းလေးရယ်
အစ်ကို့ကိုမချစ်လည်းရပါတယ်။

  ........❤️

❤️ Upကြာသွားတာက မျက်စိဆေးခန်းပြထားပြီး
မျက်မှန် စမ်းတပ်ရတဲ့ ကာလမို့ နားလည်
ခွင့်လွှတ်ပေးပါ
ဒီအတောတွင်း ကျန်းမာရေးကြောင့် Ficတွေ
တစ်ရက်တခြား မ Upနိုင်သေးပါဘူးနော်
ဆေးခန်းရက်ချိန်းတွေကလည်း
ထပ်သွားရမှာဆိုတော့

Continue Reading

You'll Also Like

482K 66K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
41K 2.9K 72
ဖတ်ကြည့်နော်😉😉
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
57.7K 4.4K 61
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...