Zawgyi
အပိုင္း (၁၇၆၂) – မိုယြိႏွင့္ဒိက်ဲ႕
ရွီမာယူယူသည္ သူတို႔၏ ထူးဆန္းေသာမ်က္ႏွာထားမ်ားကို ၾကည့္ၿပီး ေမးလိုက္သည္ "အရသာဆိုးလို႔လား"
သူမ ေျပာၿပီးသည္ႏွင့္ လက္ဖက္ရည္တစ္က်ိဳက္ေသာက္လိုက္သည္။
"ရွီအာ မင္းရဲ႕ လက္ဖက္ရည္ အရည္အေသြးက..." ေရွာင္ေရာ့ပိုင္သည္ ေျပာမည္လုပ္လိုက္ေသာ္လည္း ဆက္မေျပာႏိုင္ေပ။
"ဘာျဖစ္လို႔လဲ ေသာက္လို႔မေကာင္းဘူးလား" ရွီမာယူယူ ေမးလိုက္ သည္။
"မဟုတ္ဘူး ငါတို႔ ေျပာတာက ဒီပညာကို တျခားသူေတြေရွ႕ မျပတာ ေကာင္းမယ္" ကုန္းဇီယြမ္ ေျပာလိုက္သည္။
"ဘာလို႔လဲ" ရွီမာယူယူ နားမလည္ႏိုင္ျဖစ္ေနသည္။
"တေစၦေလာကမွာ လက္ဖက္ရည္ကိုအရမ္း ႀကိဳက္တဲ့လူတစ္ေယာက္ရွိ တယ္ သူသာသိရင္ မင္းကိုခ်ဳပ္ထားၿပီး မင္းရဲ႕လက္ဖက္ရည္ေဖ်ာ္နည္းပညာကို သင္ခိုင္းမွာ အေသအခ်ာပဲ..." ကုန္းဇီယြမ္ ျပန္ေျဖေလသည္ "အဲလူက အရမ္း အားေကာင္းၿပီး ေနာက္ခံလည္းေတာင့္တယ္... သူသာ မင္းကို ခ်ဳပ္ထားလိုက္ ရင္ မင္းအေဖက မင္းသားကို သြားအကူအညီေတာင္းရင္ေတာင္ မျဖစ္ႏိုင္ဘူး"
"မင္းေျပာတာ မိုယြိလား" ရွီမာယူယူ ေမးလိုက္သည္။
"မင္း သူ႔ကိုသိတာလား" ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔မွာ အံ့ဩသြား သည္။
"ငါ သူ႔ကိုသိတယ္" ရွီမာယူယူ ျပန္ေျဖလိုက္သည္ "ငါတို႔ အရင္က လက္ဖက္ရည္ႏွပ္နည္းကို ေဆြးေႏြးဖူးတယ္"
"ဘာ သူနဲ႔ လက္ဖက္ရည္ႏွပ္နည္းကို ေဆြးေႏြးဖူးတယ္ဟုတ္လား" ကုန္းဇီယြမ္ ရွင္းျပသည္ "သူ မင္းကို မဖမ္းဘူးလား"
"သူက ကိုင္တြယ္ဖို႔ အရမ္းလြယ္ပါတယ္" ရွီမာယူယူ ျပန္ေခ်ပလိုက္သည္ "သူ႔ကို ဘာလို႔အဲေလာက္ ေၾကာက္ေနတာလဲ"
မိုယြိသည္ တစ္ခဏမွ်ေတာ့ သူမကို သတ္ရန္ရည္႐ြယ္ခဲ့ေသာ္လည္း သူမ သည္ လက္ဖက္ရည္ႏွပ္နည္းသိသည္ႏွင့္ သင္ေပးရန္ ေျပးလာခဲ့သည္။ တစ္ခ်ိန္ တည္းမွာပင္ သူသည္ သူမကို သိုင္းပညာမ်ားသင္ေပးခဲ့သည္။ ထို႔ေၾကာင့္ မိုယြိ သည္ ကိုင္တြယ္ရန္ မခက္ခဲလွဟု သူမ ထင္မိသည္။
"ျဖစ္ႏိုင္တာက မင္း လက္ဖက္ရည္ႏွပ္နည္းသိလို႔ေနမွာ အဲဒါေၾကာင့္ သူ႔ကို ကိုင္တြယ္ဖို႔ လြယ္တယ္လို႔ထင္ေနတာ" ေရွာင္ေရာ့ပိုင္ ခန႔္မွန္းသည္။
"အဲဒါေၾကာင့္ပဲျဖစ္မယ္" ကုန္းဇီယြမ္ သေဘာတူသည္။
"မိုယြိက ေၾကာက္ဖို႔ေကာင္းလား" ရွီမာယူယူ ေမးလိုက္သည္။
"အင္းေလ သူ မ်က္ေတာင္မခတ္ဘဲ လူဘယ္ေလာက္ သတ္လဲ မင္းမသိ လို႔... သူက သူ႔မ်က္စိဆံပင္ေမြးဆူးတာနဲ႔ သတ္ပစ္တာပဲ... သူ႔မွာ ညစ္ပတ္တာ ကိုေၾကာက္တဲ့ေရာဂါရွိတယ္ သူ႔နားကို ကပ္လာတဲ့လူမွန္သမွ် ခ်က္ခ်င္း အသတ္ခံရတာပဲ... ၿပီးေတာ့ သူက သုန္မႈန္ေနတာပဲ အခု မင္းနဲ႔ ရယ္ေမာၿပီး စကားေျပာေနရင္းကလည္း ခဏေနရင္ အစိတ္စိတ္ျဖစ္ေအာင္ တုံးရင္တုံး လိုက္တာပဲ" ကုန္းဇီယြမ္ ျပန္ေျဖေလသည္။
"တစ္ေယာက္ကမိုယြိ ေနာက္တစ္ေယာက္က ဒိက်ဲပဲ... အဲႏွစ္ေယာက္က တေစၦေလာကရဲ႕ လူသတ္နတ္ဘုရားေတြပဲ... ေနာင္တစ္ခ်ိန္ အဲႏွစ္ေယာက္နဲ႔ ေတြ႕ရင္ ေဝးေဝးသာေန" ေရွာင္ေရာ့ပိုင္ ဆက္ေျပာေလသည္ "ဒိက်ဲ႕က မင္းရဲ႕ ဝမ္းကြဲလို႔ေျပာလို႔ရေပမဲ့ သူက ဆက္ဆံရတာ အရမ္းခက္တယ္ အေမွာင္ မင္းသမီးကလြဲၿပီး သူက အကုန္လုံးကို..."
ရွီမာယူယူ ဆြံ႕အသြားသည္။ သူမသည္ မိုယြိႏွင့္ ဒိက်ဲ႕တို႔ကို လူေကာင္း မ်ားဟု ထင္ထားသည္။ အဲႏွစ္ေယာက္က ဘာလို႔ အဲေလာက္ေၾကာက္ေနၾက တာလဲ။
"မင္း မွားမ်ားေနသလား" သူမသည္ မေသခ်ာစြာေျပာလိုက္သည္ "ငါ အရင္က ဒိက်ဲ႕ကိုေတြ႕ဖူးတယ္ သူက ေကာင္းပါတယ္"
သူမ ထိုသို႔ေျပာလိုက္သည္ႏွင့္ ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔သည္ သူမ ကို ေၾကာက္လန႔္တၾကားၾကည့္ေလသည္။
"သူတို႔ႏွစ္ေယာက္လုံးက ေကာင္းတယ္လို႔ မင္းေျပာလိုက္တာလား သူတို႔က လူသတ္နတ္ဘုရားေလ ဟုတ္ၿပီလား တေစၦေလာကက လူေတြ အကုန္လုံးက သူတို႔ကိုေၾကာက္တယ္ဆိုတာ မင္းသိရဲ႕လား" ကုန္းဇီယြမ္သည္ မ်က္လုံးျပဴးလာသည္။ သူ စဥ္းစားမိသည္ႏွင့္ မ်က္ႏွာမွာ ျဖဴေဖ်ာ့လာသည္။
"သူတို႔က အဲေလာက္ ေၾကာက္ဖို႔ေကာင္းလား" ရွီမာယူယူ ေမးလိုက္ သည္။
"ဒါေပါ့ ငါကိုယ္တိုင္ ျမင္လိုက္ရတာ... မိုယြိနဲ႔ နီးစပ္ခ်င္တဲ့ မိန္းကေလး တစ္ေယာက္ရွိတယ္... ဒါေပမဲ့ သူနဲ႔ ၁၀ မီတာေလာက္အကြာမွာေနလိုက္မိလို႔ သူမကို သူသတ္လိုက္တာ... အဲဒီမိန္းကေလးက မင္းသားရဲ႕ သမီးေတာ္ပဲ ဒါေပမဲ့ မင္းသားက ေလေတာင္မလည္ရဲဘူး... အဲအစား မိုယြိကိုေတာင္ ခြင့္လႊတ္ဖို႔ ေတာင္းပန္ရေသးတယ္" ကုန္းဇီယြမ ေျပာျပသည္။
"ဒိက်ဲ႕လူသတ္တာကို ငါ အရင္ကျမင္ဖူးတယ္ ဒါေပမဲ့ အေဝးကေနပဲ သူက လူေတြကိုဦးေဆာင္သြားၿပီး မ်ိဳးႏြယ္တစ္ခုကို သြားဖ်က္ဆီးတာ အေၾကာင္းအရင္းကေတာ့ အဲဒီမ်ိဳးႏြယ္ကလူက အေမွာင္မင္းသမီးအေၾကာင္း ကို မေကာင္းေျပာလို႔တဲ့" ေရွာင္ေရာ့ပိုင္ ထပ္ေျပာလိုက္သည္။
"...." ရွီမာယူယူ ဆြံ႕အသြားသည္။ တေစၦေလာကအတြင္း ထိုႏွစ္ေယာက္ ၏ ဂုဏ္သတင္းမွာ... ထိုမွ်ေကာင္းလိမ့္မည္ဟု... သူမ ထင္မထားေပ။
"မင္း ဘယ္လိုလူမ်ိဳးလဲဆိုတာနဲ႔ ဒီေလာက္ၾကာေအာင္ မသိခဲ့ရင္ မင္းက သူတို႔လိုပဲ ေသြးဆာၿပီး ေသြးေအးတဲ့လူမ်ိဳးလို႔ ငါထင္လိုက္မွာပဲ" ကုန္းဇီယြမ္ ေျပာလိုက္သည္ "ၿပီးေတာ့ လူေတြက တူရာတူရာေပါင္းတာေလ"
အဲဒီေတာ မိုယြိနဲ႔ ဒိက်ဲ႕တို႔က ေကာင္းတယ္လို႔ ထင္တဲ့လူေတြက လူေကာင္းမဟုတ္ဘူးလား။
သူမ ရယ္လိုက္သည္ "မင္းတို႔ကို လက္ဖက္ရည္ေသာက္ဖိတ္ၿပီး သူတို႔ရဲ႕ ၾကည့္ရဆိုးတဲ့ ျမင္ကြင္းေတြကို ျပန္အမွတ္ရေအာင္ လုပ္မိတာ ငါ မေထာက္ ထားသလိုျဖစ္သြားတယ္"
"မင္းအမွားမဟုတ္ပါဘူး ျပႆနာက မိုယြိနဲ႔ ဒိက်ဲ႕တို႔က မင္းရဲ႕နယ္ကို ေရာက္လာတယ္လို႔ ၾကားထားတယ္... ဒီမနက္ပဲ အဲသတင္းၾကားခဲ့တာ အဲဒါေၾကာင့္ ငါ လက္ဖက္ရည္ေကာင္းေကာင္းေလး ေသာက္လိုက္ရေတာ့ ျပန္ေတြးမိသြားတာ" ကုန္းဇီယြမ္ ေျပာလိုက္သည္။
"သူတို႔ေရာက္ေနတာလား"
"ဟုတ္တယ္ေလ သူတို႔က မတည့္ၾကဘူးလို႔လည္း ၾကားတယ္ တစ္လမ္း လုံးတိုက္ခိုက္လာတာတဲ့ ကိုယ္ရံေတာ္ေတြ အမ်ားႀကီးေသသြားၾကတယ္" ကုန္းဇီယြမ္ ျပန္ေျဖလိုက္သည္။
"မွားတယ္ အဲလိုမေျပာသင့္ဘူး ဒိက်ဲ႕က မိုယြိကို အႀကိမ္ေပါင္းမ်ားစြာ ႐ိုက္ခဲ့တယ္လို႔ ေျပာရမွာ မိုယြိက သူ႔ကိုယ္ရံေတာ္ကို ဒိက်ဲ႕နဲ႔ အႀကိမ္တိုင္း ကစားခြင့္ေပးထားတာ" ေရွာင္ေရာ့ပိုင္သည္ မိုယြိအတြက္ နာမည္ရွင္းေပးေလ သည္ "မိုယြိရဲ႕အားနဲ႔ဆိုရင္ ဒိက်ဲ႕နဲ႔ တိုက္ခိုက္စရာေတာင္မလိုဘူး သူ႔အတြက္ ေအာက္က်လြန္းတယ္"
ရွီမာယူယူသည္ ေရွာင္ေရာ့ပိုင္ကို ၾကည့္လိုက္သသည္ "မင္းစကားေတြ က ေပ်ာ္ေနသလိုပဲလို႔ ဘာလို႔ခံစားမိတာလဲ"
"ဘယ္တုန္းက ေပ်ာ္လို႔လဲ" ေရွာင္ေရာ့ပိုင္သည္ ျငင္းဆန္ေလသည္။
"သူ႔လိုလူက... ၾကည့္ေကာင္းတယ္၊ ေသြးေအးတယ္ အင္အားနဲ႔ ေနာက္ခံ ရွိတယ္ တကယ္ပဲ မိန္းကေလးေတြရဲ႕ရင္ထဲက နတ္ဘုရားပဲ" ရွီမာယူယူ စေနာက္လိုက္သည္။
သူတို႔သည္ နတ္ဘုရားဆိုသည့္စကားကို ပထမဆုံးအႀကိမ္ၾကားဖူး ေသာ္လည္း ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔သည္ ဆိုလိုရင္းကိုနားလည္ၾက သည္။
"သူတို႔က ဒီနယ္ထဲေရာက္ေနတယ္ဆိုတာ သိမွေတာ့ ဘယ္ေနရာမွာလဲ ဆိုတာကိုေရာ သိမွာေပါ့" ရွီမာယူယူ ေမးလိုက္သည္။
"မသိဘူး မိုယြိေနရာေတာ့ မေသခ်ာဘူး ဒိက်ဲ႕က သူ႔ကိုတစ္ခ်ိန္လုံး ေႏွာင့္ယွက္ေနတာဆိုေတာ့ ဒိက်ဲ႕ရွိတဲ့ေနရာမွာပဲ ရွိေလာက္တယ္"
ရွီမာယူယူသည္ စားပြဲကို လက္သုံးေခ်ာင္းျဖင့္ ေခါက္ေနသည္။ ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔သည္ သူမ၏ အေတြးကိုမသိေတာ့ေပ။ သူတို႔ လက္ဖက္ရည္ေသာက္ၿပီးသည္ကိုျမင္သည္ႏွင့္ သူမ အေတြးကိုရပ္ၿပီး သူတို႔ ႏွစ္ေယာက္အတြက္ လက္ဖက္ရည္ငွဲ႔ေပးလိုက္သည္။
"ရွီအာ သူတို႔ကိုသြားေတြ႕မလို႔ စဥ္းစားေနတာလား" ကုန္းဇီယြမ္ ေမး လိုက္သည္။
ရွီမာယူယူသည္ မ်က္ခုံးမ်ားပင့္ၿပီး ၿပဳံးလိုက္သည္ "မဟုတ္ဘူး ငါ သူတို႔ ကိုမေတြ႕ခ်င္ပါဘူး ဒါေပမဲ့ မေတြ႕ေအာင္ ဘယ္လိုလုပ္ရမလဲ"
"ေကာင္းတယ္" ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔ စိတ္ေအးသြားသည္။
သူမ မိုယြိႏွင့္ ဒိက်ဲ႕တို႔ကို ေျပာလိုက္ခ်ိန္တြင္ သူတို႔ကိုသြားေတြ႕ေတာ့မည့္ ပုံစံျဖစ္ေနသည္ဟု ဘာေၾကာင့္ခံစားမိလည္းမသိေပ။
"သူတို႔လိုလူေတြက ဘယ္သြားသြား လူအာ႐ုံစိုက္ခံရတယ္ အဲအခ်ိန္က် ရင္ မင္းပုန္းေနဖို႔ေတာ့လိုတယ္"
"အင္း သိၿပီ" ရွီမာယူယူ ေခါင္းညိတ္ၿပီး ျပန္ေျဖလိုက္သည္။
သူမ ေျပာလိုက္သည္မွာ မိုယြိႏွင့္ ဒိက်ဲ႕တို႔ ဤေနရာသို႔ ေရာက္လာသည္ ဟု ေျပာလိုက္ခ်ိန္တြင္ သူတို႔ႏွင့္ေတြ႕ေတာ့မည္ဟု ဆဌမအာ႐ုံရေနသည္ဟု သူတို႔ကိုမေျပာလိုက္ေပ။
သို႔ေသာ္ ယခုအခ်ိန္မွာ ေတြ႕ရန္အခ်ိန္မေကာင္းေသးေပ။ ထိုလူ ႏွစ္ေယာက္ကို ေရွာင္ရန္မွာ အလြန္ပင္ခက္ခဲသည္။
ဟူး... ေခါင္းကိုက္လိုက္တာ...
ထာရဝေတာက္ပျခင္းၿမိဳ႕ေတာ္၏ မလွမ္းမကမ္းရွိ နယ္စားအိမ္ေတာ္တြင္ ဒိက်ဲ႕သည္ အိမ္ေတာ္တံခါးကိုေခါက္ၿပီး ေဒါသတႀကီး ေလွ်ာက္လာသည္။
သူ႔ေနာက္မွလိုက္လာေသာ အေစာင့္သည္ သခင္ျဖစ္သူ၏ အသတ္ခံရ မည္ကို ေၾကာက္႐ြံ႕ေနသည္။
မိုယြိသည္ ၿခံဝန္းထဲတြင္ လက္ဖက္ရည္ေသာက္ေနသည္။ ဒိက်ဲ႕ဝင္လာ သည္ကို ၾကည့္ၿပီး သူ႔မ်က္လုံးထဲတြင္ စိတ္မရွည္မႈမ်ားႏွင့္ မတတ္သာမႈမ်ား ျဖစ္ေပၚသြားသည္။
ဒီေကာင္က ထြက္သြားၿပီမဟုတ္ဘူးလား။ ဘယ္အခ်ိန္ထိ ေနေနဦးမွာ လဲ။
"မင္း ေနာက္တံခါးတစ္ခ်ပ္ကို ဖ်က္လိုက္ျပန္ၿပီလား အဲဒီတံခါးက မု႐ုန္ေဟြ႕ပိုင္တာေနာ္ သူျပန္လာရင္ ရွင္းျပရမယ္" သူသည္ ျဖည္းညင္းစြာ ေျပာလိုက္သည္ "အမိန႔္ကိုမွတ္ထားလိုက္ တံခါးလဲမေပးနဲ႔ ဒီအတိုင္း ဟာလာဟင္းလင္းထားလိုက္"
"ဟုတ္ကဲ့ပါ သခင္" အေစာင့္သည္ စိတ္သက္သာရာရစြာျဖင့္ သက္ျပင္း ခ်ကာ ျပန္ဆုတ္သြားသည္။
"ဘာမွမေျပာနဲ႔" ဒိက်ဲ႕သည္ သူ႔ကိုစိုက္ၾကည့္လိုက္သည္ "မင္း မု႐ုန္ရွီကို သတ္ဖို႔ လူလႊတ္လိုက္တာလား"
Unicode
အပိုင်း (၁၇၆၂) – မိုယွိနှင့်ဒိကျဲ့
ရှီမာယူယူသည် သူတို့၏ ထူးဆန်းသောမျက်နှာထားများကို ကြည့်ပြီး မေးလိုက်သည် "အရသာဆိုးလို့လား"
သူမ ပြောပြီးသည်နှင့် လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။
"ရှီအာ မင်းရဲ့ လက်ဖက်ရည် အရည်အသွေးက..." ရှောင်ရော့ပိုင်သည် ပြောမည်လုပ်လိုက်သော်လည်း ဆက်မပြောနိုင်ပေ။
"ဘာဖြစ်လို့လဲ သောက်လို့မကောင်းဘူးလား" ရှီမာယူယူ မေးလိုက် သည်။
"မဟုတ်ဘူး ငါတို့ ပြောတာက ဒီပညာကို တခြားသူတွေရှေ့ မပြတာ ကောင်းမယ်" ကုန်းဇီယွမ် ပြောလိုက်သည်။
"ဘာလို့လဲ" ရှီမာယူယူ နားမလည်နိုင်ဖြစ်နေသည်။
"တစ္ဆေလောကမှာ လက်ဖက်ရည်ကိုအရမ်း ကြိုက်တဲ့လူတစ်ယောက်ရှိ တယ် သူသာသိရင် မင်းကိုချုပ်ထားပြီး မင်းရဲ့လက်ဖက်ရည်ဖျော်နည်းပညာကို သင်ခိုင်းမှာ အသေအချာပဲ..." ကုန်းဇီယွမ် ပြန်ဖြေလေသည် "အဲလူက အရမ်း အားကောင်းပြီး နောက်ခံလည်းတောင့်တယ်... သူသာ မင်းကို ချုပ်ထားလိုက် ရင် မင်းအဖေက မင်းသားကို သွားအကူအညီတောင်းရင်တောင် မဖြစ်နိုင်ဘူး"
"မင်းပြောတာ မိုယွိလား" ရှီမာယူယူ မေးလိုက်သည်။
"မင်း သူ့ကိုသိတာလား" ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့မှာ အံ့ဩသွား သည်။
"ငါ သူ့ကိုသိတယ်" ရှီမာယူယူ ပြန်ဖြေလိုက်သည် "ငါတို့ အရင်က လက်ဖက်ရည်နှပ်နည်းကို ဆွေးနွေးဖူးတယ်"
"ဘာ သူနဲ့ လက်ဖက်ရည်နှပ်နည်းကို ဆွေးနွေးဖူးတယ်ဟုတ်လား" ကုန်းဇီယွမ် ရှင်းပြသည် "သူ မင်းကို မဖမ်းဘူးလား"
"သူက ကိုင်တွယ်ဖို့ အရမ်းလွယ်ပါတယ်" ရှီမာယူယူ ပြန်ချေပလိုက်သည် "သူ့ကို ဘာလို့အဲလောက် ကြောက်နေတာလဲ"
မိုယွိသည် တစ်ခဏမျှတော့ သူမကို သတ်ရန်ရည်ရွယ်ခဲ့သော်လည်း သူမ သည် လက်ဖက်ရည်နှပ်နည်းသိသည်နှင့် သင်ပေးရန် ပြေးလာခဲ့သည်။ တစ်ချိန် တည်းမှာပင် သူသည် သူမကို သိုင်းပညာများသင်ပေးခဲ့သည်။ ထို့ကြောင့် မိုယွိ သည် ကိုင်တွယ်ရန် မခက်ခဲလှဟု သူမ ထင်မိသည်။
"ဖြစ်နိုင်တာက မင်း လက်ဖက်ရည်နှပ်နည်းသိလို့နေမှာ အဲဒါကြောင့် သူ့ကို ကိုင်တွယ်ဖို့ လွယ်တယ်လို့ထင်နေတာ" ရှောင်ရော့ပိုင် ခန့်မှန်းသည်။
"အဲဒါကြောင့်ပဲဖြစ်မယ်" ကုန်းဇီယွမ် သဘောတူသည်။
"မိုယွိက ကြောက်ဖို့ကောင်းလား" ရှီမာယူယူ မေးလိုက်သည်။
"အင်းလေ သူ မျက်တောင်မခတ်ဘဲ လူဘယ်လောက် သတ်လဲ မင်းမသိ လို့... သူက သူ့မျက်စိဆံပင်မွေးဆူးတာနဲ့ သတ်ပစ်တာပဲ... သူ့မှာ ညစ်ပတ်တာ ကိုကြောက်တဲ့ရောဂါရှိတယ် သူ့နားကို ကပ်လာတဲ့လူမှန်သမျှ ချက်ချင်း အသတ်ခံရတာပဲ... ပြီးတော့ သူက သုန်မှုန်နေတာပဲ အခု မင်းနဲ့ ရယ်မောပြီး စကားပြောနေရင်းကလည်း ခဏနေရင် အစိတ်စိတ်ဖြစ်အောင် တုံးရင်တုံး လိုက်တာပဲ" ကုန်းဇီယွမ် ပြန်ဖြေလေသည်။
"တစ်ယောက်ကမိုယွိ နောက်တစ်ယောက်က ဒိကျဲပဲ... အဲနှစ်ယောက်က တစ္ဆေလောကရဲ့ လူသတ်နတ်ဘုရားတွေပဲ... နောင်တစ်ချိန် အဲနှစ်ယောက်နဲ့ တွေ့ရင် ဝေးဝေးသာနေ" ရှောင်ရော့ပိုင် ဆက်ပြောလေသည် "ဒိကျဲ့က မင်းရဲ့ ဝမ်းကွဲလို့ပြောလို့ရပေမဲ့ သူက ဆက်ဆံရတာ အရမ်းခက်တယ် အမှောင် မင်းသမီးကလွဲပြီး သူက အကုန်လုံးကို..."
ရှီမာယူယူ ဆွံ့အသွားသည်။ သူမသည် မိုယွိနှင့် ဒိကျဲ့တို့ကို လူကောင်း များဟု ထင်ထားသည်။ အဲနှစ်ယောက်က ဘာလို့ အဲလောက်ကြောက်နေကြ တာလဲ။
"မင်း မှားများနေသလား" သူမသည် မသေချာစွာပြောလိုက်သည် "ငါ အရင်က ဒိကျဲ့ကိုတွေ့ဖူးတယ် သူက ကောင်းပါတယ်"
သူမ ထိုသို့ပြောလိုက်သည်နှင့် ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် သူမ ကို ကြောက်လန့်တကြားကြည့်လေသည်။
"သူတို့နှစ်ယောက်လုံးက ကောင်းတယ်လို့ မင်းပြောလိုက်တာလား သူတို့က လူသတ်နတ်ဘုရားလေ ဟုတ်ပြီလား တစ္ဆေလောကက လူတွေ အကုန်လုံးက သူတို့ကိုကြောက်တယ်ဆိုတာ မင်းသိရဲ့လား" ကုန်းဇီယွမ်သည် မျက်လုံးပြူးလာသည်။ သူ စဉ်းစားမိသည်နှင့် မျက်နှာမှာ ဖြူဖျော့လာသည်။
"သူတို့က အဲလောက် ကြောက်ဖို့ကောင်းလား" ရှီမာယူယူ မေးလိုက် သည်။
"ဒါပေါ့ ငါကိုယ်တိုင် မြင်လိုက်ရတာ... မိုယွိနဲ့ နီးစပ်ချင်တဲ့ မိန်းကလေး တစ်ယောက်ရှိတယ်... ဒါပေမဲ့ သူနဲ့ ၁၀ မီတာလောက်အကွာမှာနေလိုက်မိလို့ သူမကို သူသတ်လိုက်တာ... အဲဒီမိန်းကလေးက မင်းသားရဲ့ သမီးတော်ပဲ ဒါပေမဲ့ မင်းသားက လေတောင်မလည်ရဲဘူး... အဲအစား မိုယွိကိုတောင် ခွင့်လွှတ်ဖို့ တောင်းပန်ရသေးတယ်" ကုန်းဇီယွမ ပြောပြသည်။
"ဒိကျဲ့လူသတ်တာကို ငါ အရင်ကမြင်ဖူးတယ် ဒါပေမဲ့ အဝေးကနေပဲ သူက လူတွေကိုဦးဆောင်သွားပြီး မျိုးနွယ်တစ်ခုကို သွားဖျက်ဆီးတာ အကြောင်းအရင်းကတော့ အဲဒီမျိုးနွယ်ကလူက အမှောင်မင်းသမီးအကြောင်း ကို မကောင်းပြောလို့တဲ့" ရှောင်ရော့ပိုင် ထပ်ပြောလိုက်သည်။
"...." ရှီမာယူယူ ဆွံ့အသွားသည်။ တစ္ဆေလောကအတွင်း ထိုနှစ်ယောက် ၏ ဂုဏ်သတင်းမှာ... ထိုမျှကောင်းလိမ့်မည်ဟု... သူမ ထင်မထားပေ။
"မင်း ဘယ်လိုလူမျိုးလဲဆိုတာနဲ့ ဒီလောက်ကြာအောင် မသိခဲ့ရင် မင်းက သူတို့လိုပဲ သွေးဆာပြီး သွေးအေးတဲ့လူမျိုးလို့ ငါထင်လိုက်မှာပဲ" ကုန်းဇီယွမ် ပြောလိုက်သည် "ပြီးတော့ လူတွေက တူရာတူရာပေါင်းတာလေ"
အဲဒီတော မိုယွိနဲ့ ဒိကျဲ့တို့က ကောင်းတယ်လို့ ထင်တဲ့လူတွေက လူကောင်းမဟုတ်ဘူးလား။
သူမ ရယ်လိုက်သည် "မင်းတို့ကို လက်ဖက်ရည်သောက်ဖိတ်ပြီး သူတို့ရဲ့ ကြည့်ရဆိုးတဲ့ မြင်ကွင်းတွေကို ပြန်အမှတ်ရအောင် လုပ်မိတာ ငါ မထောက် ထားသလိုဖြစ်သွားတယ်"
"မင်းအမှားမဟုတ်ပါဘူး ပြဿနာက မိုယွိနဲ့ ဒိကျဲ့တို့က မင်းရဲ့နယ်ကို ရောက်လာတယ်လို့ ကြားထားတယ်... ဒီမနက်ပဲ အဲသတင်းကြားခဲ့တာ အဲဒါကြောင့် ငါ လက်ဖက်ရည်ကောင်းကောင်းလေး သောက်လိုက်ရတော့ ပြန်တွေးမိသွားတာ" ကုန်းဇီယွမ် ပြောလိုက်သည်။
"သူတို့ရောက်နေတာလား"
"ဟုတ်တယ်လေ သူတို့က မတည့်ကြဘူးလို့လည်း ကြားတယ် တစ်လမ်း လုံးတိုက်ခိုက်လာတာတဲ့ ကိုယ်ရံတော်တွေ အများကြီးသေသွားကြတယ်" ကုန်းဇီယွမ် ပြန်ဖြေလိုက်သည်။
"မှားတယ် အဲလိုမပြောသင့်ဘူး ဒိကျဲ့က မိုယွိကို အကြိမ်ပေါင်းများစွာ ရိုက်ခဲ့တယ်လို့ ပြောရမှာ မိုယွိက သူ့ကိုယ်ရံတော်ကို ဒိကျဲ့နဲ့ အကြိမ်တိုင်း ကစားခွင့်ပေးထားတာ" ရှောင်ရော့ပိုင်သည် မိုယွိအတွက် နာမည်ရှင်းပေးလေ သည် "မိုယွိရဲ့အားနဲ့ဆိုရင် ဒိကျဲ့နဲ့ တိုက်ခိုက်စရာတောင်မလိုဘူး သူ့အတွက် အောက်ကျလွန်းတယ်"
ရှီမာယူယူသည် ရှောင်ရော့ပိုင်ကို ကြည့်လိုက်သသည် "မင်းစကားတွေ က ပျော်နေသလိုပဲလို့ ဘာလို့ခံစားမိတာလဲ"
"ဘယ်တုန်းက ပျော်လို့လဲ" ရှောင်ရော့ပိုင်သည် ငြင်းဆန်လေသည်။
"သူ့လိုလူက... ကြည့်ကောင်းတယ်၊ သွေးအေးတယ် အင်အားနဲ့ နောက်ခံ ရှိတယ် တကယ်ပဲ မိန်းကလေးတွေရဲ့ရင်ထဲက နတ်ဘုရားပဲ" ရှီမာယူယူ စနောက်လိုက်သည်။
သူတို့သည် နတ်ဘုရားဆိုသည့်စကားကို ပထမဆုံးအကြိမ်ကြားဖူး သော်လည်း ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် ဆိုလိုရင်းကိုနားလည်ကြ သည်။
"သူတို့က ဒီနယ်ထဲရောက်နေတယ်ဆိုတာ သိမှတော့ ဘယ်နေရာမှာလဲ ဆိုတာကိုရော သိမှာပေါ့" ရှီမာယူယူ မေးလိုက်သည်။
"မသိဘူး မိုယွိနေရာတော့ မသေချာဘူး ဒိကျဲ့က သူ့ကိုတစ်ချိန်လုံး နှောင့်ယှက်နေတာဆိုတော့ ဒိကျဲ့ရှိတဲ့နေရာမှာပဲ ရှိလောက်တယ်"
ရှီမာယူယူသည် စားပွဲကို လက်သုံးချောင်းဖြင့် ခေါက်နေသည်။ ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် သူမ၏ အတွေးကိုမသိတော့ပေ။ သူတို့ လက်ဖက်ရည်သောက်ပြီးသည်ကိုမြင်သည်နှင့် သူမ အတွေးကိုရပ်ပြီး သူတို့ နှစ်ယောက်အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
"ရှီအာ သူတို့ကိုသွားတွေ့မလို့ စဉ်းစားနေတာလား" ကုန်းဇီယွမ် မေး လိုက်သည်။
ရှီမာယူယူသည် မျက်ခုံးများပင့်ပြီး ပြုံးလိုက်သည် "မဟုတ်ဘူး ငါ သူတို့ ကိုမတွေ့ချင်ပါဘူး ဒါပေမဲ့ မတွေ့အောင် ဘယ်လိုလုပ်ရမလဲ"
"ကောင်းတယ်" ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ စိတ်အေးသွားသည်။
သူမ မိုယွိနှင့် ဒိကျဲ့တို့ကို ပြောလိုက်ချိန်တွင် သူတို့ကိုသွားတွေ့တော့မည့် ပုံစံဖြစ်နေသည်ဟု ဘာကြောင့်ခံစားမိလည်းမသိပေ။
"သူတို့လိုလူတွေက ဘယ်သွားသွား လူအာရုံစိုက်ခံရတယ် အဲအချိန်ကျ ရင် မင်းပုန်းနေဖို့တော့လိုတယ်"
"အင်း သိပြီ" ရှီမာယူယူ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
သူမ ပြောလိုက်သည်မှာ မိုယွိနှင့် ဒိကျဲ့တို့ ဤနေရာသို့ ရောက်လာသည် ဟု ပြောလိုက်ချိန်တွင် သူတို့နှင့်တွေ့တော့မည်ဟု ဆဌမအာရုံရနေသည်ဟု သူတို့ကိုမပြောလိုက်ပေ။
သို့သော် ယခုအချိန်မှာ တွေ့ရန်အချိန်မကောင်းသေးပေ။ ထိုလူ နှစ်ယောက်ကို ရှောင်ရန်မှာ အလွန်ပင်ခက်ခဲသည်။
ဟူး... ခေါင်းကိုက်လိုက်တာ...
ထာရဝတောက်ပခြင်းမြို့တော်၏ မလှမ်းမကမ်းရှိ နယ်စားအိမ်တော်တွင် ဒိကျဲ့သည် အိမ်တော်တံခါးကိုခေါက်ပြီး ဒေါသတကြီး လျှောက်လာသည်။
သူ့နောက်မှလိုက်လာသော အစောင့်သည် သခင်ဖြစ်သူ၏ အသတ်ခံရ မည်ကို ကြောက်ရွံ့နေသည်။
မိုယွိသည် ခြံဝန်းထဲတွင် လက်ဖက်ရည်သောက်နေသည်။ ဒိကျဲ့ဝင်လာ သည်ကို ကြည့်ပြီး သူ့မျက်လုံးထဲတွင် စိတ်မရှည်မှုများနှင့် မတတ်သာမှုများ ဖြစ်ပေါ်သွားသည်။
ဒီကောင်က ထွက်သွားပြီမဟုတ်ဘူးလား။ ဘယ်အချိန်ထိ နေနေဦးမှာ လဲ။
"မင်း နောက်တံခါးတစ်ချပ်ကို ဖျက်လိုက်ပြန်ပြီလား အဲဒီတံခါးက မုရုန်ဟွေ့ပိုင်တာနော် သူပြန်လာရင် ရှင်းပြရမယ်" သူသည် ဖြည်းညင်းစွာ ပြောလိုက်သည် "အမိန့်ကိုမှတ်ထားလိုက် တံခါးလဲမပေးနဲ့ ဒီအတိုင်း ဟာလာဟင်းလင်းထားလိုက်"
"ဟုတ်ကဲ့ပါ သခင်" အစောင့်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်း ချကာ ပြန်ဆုတ်သွားသည်။
"ဘာမှမပြောနဲ့" ဒိကျဲ့သည် သူ့ကိုစိုက်ကြည့်လိုက်သည် "မင်း မုရုန်ရှီကို သတ်ဖို့ လူလွှတ်လိုက်တာလား"