Zawgyi
အပိုင္း (၁၇၄၇) – ဘယ္သူလုပ္လိုက္တာလဲ
လူသားေလာကမွ လူႏွင့္ပစၥည္းမ်ားသည္ သူမႏွင့္ အလွမ္းကြာလွသည္ဟု ထင္မိသည္။ သူမသည္ သူတို႔ကိုလြမ္းဆြတ္ေသာ္လည္း သူတို႔ကိုမျမင္ရေပ။
မိခင္ျဖစ္သူကို ကယ္ရန္အားအင္ရွိသည့္အခ်ိန္မွပင္ သူမ ျပန္သြားႏိုင္ ေတာ့မ္။
အနည္းငယ္လွမ္းေသာေနရာတြင္ ကုန္းဇီယြမ္သည္ မရဏာသားရဲတြင္ စိုက္ေနေသာ သူ႔ဓားကိုျပန္ႏႈတ္လိုက္သည္။ ထို႔ေနာက္ မရဏာသားရဲကို ေမွာ္ဝင္လက္စြပ္ထဲသို႔ သိမ္းလိုက္သည္။
"ဟြန႔္ မင္းက တကယ္ ကံေကာင္းတာပဲ ေနာက္ထပ္မရဏာသားရဲ တစ္ေကာင္ရလိုက္ျပန္ၿပီ" ေရွာင္ေရွာ့ပိုင္သည္ ေဘးတြင္ရပ္ၿပီး လက္ပိုက္ေန ကာ ကူညီရန္အစီအစဥ္မရွိေပ။
"ငါလည္း အဲလိုထင္တာပဲ ငါတို႔က အျပင္ပိုင္းပဲရွိေသးတာ မရဏာသားရဲ ေတြ ဒီေလာက္အမ်ားႀကီးေတြ႕တာ ကံေကာင္းတာပဲ" ကုန္းဇီယြမ္သည္ မရဏာသားရဲမ်ားကို တန္းဆီဖမ္းႏိုင္ရာ ခံစားခ်က္ေကာင္းေနသည္။
"ဒီေနရာကအျပင္ပိုင္းပဲရွိေသးတာကို မရဏာသားရဲေတြလည္း အမ်ား ႀကီးပဲ မင္း သတိမလြတ္နဲ႔ဦး" ေရွာင္ေရွာ့ပိုင္ သတိေပးလိုက္သည္။
"ငါသိပါတယ္ ဒါေပမဲ့ မရဏာသားရဲေတြက သူ႔ဘာသာသူအေသခံဖို႔ ေျပးလာတယ္လို႔ ဘာလို႔ခံစားေနရတာလဲ" ကုန္းဇီယြမ္သည္ ရႈပ္ေထြးစြာျဖင့္ ေျပာလိုက္သည္။
"ေျပာရင္းနဲ႔ အဲလိုျဖစ္ေနသလိုပဲ၊ မရဏာသားရဲေတြေျပးလာတုန္းက သူတို႔ေတြ မူးေနၾကသလိုပဲ" ေရွာင္ေရာ့ပိုင္ သုံးသပ္ေလသည္ "မင္း တစ္ခုခု လုပ္လိုက္တာလား"
"မဟုတ္ဘူး ငါက မရဏာသားရဲေတြကို မရပ္မနားသတ္ေနတာပဲ တစ္ခုခုလုပ္ဖို႔ ဘယ္မွာအခ်ိန္ရွိမွာလဲ" ကုန္းဇီယြမ္ ျငင္းဆန္ေလသည္ "မင္းပဲ တစ္ခုခုလုပ္လိုက္သလားလို႔ ငါေတာင္ေမးခ်င္ေနတာ အဲေတာ့ မင္းမဟုတ္ဘူး ေပါ့"
"ဒါဆိုရင္...."
သူတို႔ႏွစ္ေယာက္၏ အၾကည့္မ်ားသည္ ရွီမာယူယူဆီသို႔ တစ္ခ်ိန္တည္း ေရာက္သြားၾကသည္။ ရွီမာယူယူသည္ လက္ထဲမွပန္းႏွင့္ ကစားေနရာမွ သူတို႔ ၏ အၾကည့္ကိုခံစားမိလိုက္သည္။ "မိစာၦျမက္ပန္းက အဆင့္နိမ့္မရဏာသားရဲ ေတြကို ဆြဲေဆာင္ႏိုင္ေပမဲ့ အဆင့္ျမင့္မရဏာသားရဲေတြကိုေတာ့ သက္ေရာက္ မႈမရွိဘူး"
"မရဏာသားရဲေတြကို ျဖားေယာင္းဖို႔ ဒါကိုသုံးလိုက္တာလား" ကုန္းဇီယြမ္သည္ တအံ့တဩေမးေလသည္။
"ဘယ္တုန္းက စလုပ္လိုက္တာလဲ" ေရွာင္ေရာ့ပိုင္လည္း အံ့ဩေနသည္။ သူတို႔သည္ အာ႐ုံမစိုက္မိၾကေပ။ သူမသည္ သူတို႔မ်က္စိေရွ႕မွာပင္ လုပ္လိုက္ ျခင္းျဖစ္သည္။
"လမ္းေဘးမွာေတြ႕လို႔ ေကာင္းမယ္ထင္လို႔ နည္းနည္းေလာက္ ခူးလာ လိုက္တာရယ္" ရွီမာယူယူ ျပန္ေျဖေလသည္ "ဒါက စည္းမ်ဥ္းကို ဆန႔္က်င္ေန တာေတာ့မဟုတ္ဘူးမလား"
"မဟုတ္ဘူး မင္း ေဆးပင္ေတြကို သိေန႐ုံတင္ပါပဲ" ေရွာင္ေရာ့ပိုင္ ေျပာ လိုက္သည္။
"အရင္တစ္ေခါက္ ငါ ဒဏ္ရာရတုန္းက အေဖက အျပင္ထြက္ခြင့္မျပဳဘူး ငါ ဘာမွလုပ္စရာမရွိေတာ့ စာအုပ္ေလးဖတ္လိုက္လို႔ပါ" ရွီမာယူယူ လိမ္ညာ လိုက္သည္။ အရင္က သူမသည္ အနာဂတ္တြင္ တေစၦေလာကသို႔ လာရမည္ကို သိထားေသာေၾကာင့္ ဤေနရာမွ ကိစၥတခ်ိဳ႕ကိုနားလည္ေအာင္ လုပ္ထား သည္။ ေနာက္ပိုင္းတြင္ သူမသည္ စာဖတ္ရန္အခ်ိန္ယူကာ ေဆးပင္မ်ားကို မွတ္သားထားခဲ့သည္။ ဤကဲ့သို႔ ျမန္ျမန္ေရာက္လာလိမ့္မည္ဟု ထင္မထားေပ။
"မင္းမွာ ဒီလိုအရည္အခ်င္းရွိမယ္လို႔ ထင္မထားဘူး မင္း ဒီပညာကိုသာ နည္းနည္းေလာက္ အခ်ိန္ေပးခဲ့ရင္ ဒီလိုႏွစ္ေပါင္းမ်ားစြာ အႏွိမ္ခံရမွာမဟုတ္ ဘူး" ေရွာင္ေရာ့ပိုင္ ေျပာလိုက္သည္။
ရွီမာယူယူသည္ အျပစ္မရွိသလို ပခုံးတြန႔္လိုက္သည္။ အဲဒါက သူမနဲ႔မွ မဆိုင္တာ။
"ရွီအာ ဒီနည္းလမ္းကို အေစာႀကီးကတည္းက စဥ္းစားမိတာလား အဲဒါ ေၾကာင့္ ငါတို႔ႏိုင္မယ္ဆိုတာကို မင္း အေသအခ်ာႀကီးေျပာခဲ့တာလား" ကုန္းဇီယြမ္သည္ ေပ်ာ္႐ႊင္စြာ ေျပာလိုက္သည္။
"မဟုတ္ဘူး မိစာၦျမက္ပန္းကဒီမွာရွိေနမယ္လို႔ ငါလည္းထင္မထားဘူး" ရွီမာယူယူ ျပန္ေျဖလိုက္သည္။
"ဒါဆို ဘာလို႔ အဲေလာက္ေသခ်ာေနခဲ့တာလဲ"
"ေသခ်ာေနခဲ့လို႔လား" ရွီမာယူယူသည္ သူတို႔ကိုစိုက္ၾကည့္လိုက္သည္။ သူမ အနည္းငယ္ နားမလည္ႏိုင္ျဖစ္သြားသည္။ သူမ အဲလို လုပ္လိုက္လို႔လား။
"ဟုတ္တယ္ေလ" ေရွာင္ေရာ့ပိုင္ႏွင့္ ကုန္းဇီယြမ္တို႔သည္ အေသအခ်ာပင္ ေခါင္းညိတ္ေလသည္။
"ဟုတ္ၿပီ သူတို႔က လူအရမ္းမမ်ားေပမဲ့ အသုံးဝင္ႏိုင္ေသးတယ္ ငါတို႔မွာ လူနည္းေပမဲ့ ႏိုင္ႏိုင္ပါတယ္လို႔ပဲ ေတြးခဲ့တာ" ရွီမာယူယူ ေျပာလိုက္သည္။
သူမ၏ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ခ်က္ရွိမႈသည္ တျခားသူမ်ားကိုပါ ဓာတ္ကူးသြားေစလိမ့္မည္ဟု သူမ မသိခဲ့ေပ။
"အင္း ရွီအာ ကူညီလိမ့္မယ္လို႔ ငါသိေနတာ" ကုန္းဇီယြမ္သည္ ေပ်ာ္႐ႊင္ စြာေျပာေလသည္။
ေရွာင္ေရာ့ပိုင္သည္ သူ ၿပဳံးလိုက္သည္ကို ၾကည့္ေနသည္။ သူမသည္ သူ႔ကို ေမွ်ာ္လင့္ခ်က္မရွိဟု ထင္မိသည္။
"ဒါဆိုလည္း ဆက္သြားၾကတာေပါ့" ရွီမာယူယူ ေျပာလိုက္သည္ "ဒီေန႔ မင္းရလာတာေတြက သူတို႔ထက္ေတာ့ မနည္းေလာက္ဘူးထင္တာပဲ နည္းနည္းေလာက္ ထပ္စုလိုက္ရင္ ရၿပီ"
"ယြမ္ ငါတို႔ရတနာ သြားယူမွာလား" ေရွာင္ေရာ့ပိုင္ ေမးလိုက္သည္။
"ရတနာယူမယ္ဟုတ္လား" ကုန္းဇီယြမ္ စဥ္းစားၾကည့္သည္ "ငါတို႔မွာ အခြင့္အေရးရွိရင္ စမ္းၾကည့္တာေပါ့"
"ရတနာရွိတယ္လို႔ တကယ္ထင္ေနၾကတာလား" ရွီမာယူယူ ေမးလိုက္ သည္။
"မင္းကေရာ မရွိဘူးလို႔ထင္ေနတာလား" ေရွာင္ေရာ့ပိုင္ ျပန္ေခ်ပလိုက္ သည္။
"ျဖစ္ႏိုင္မယ္လို႔ေတာ့ မထင္ဘူး မဟုတ္ရင္ မင္းတို႔မိသားစုက စိတ္မဝင္ စားဘဲေနပါ့မလား" ရွီမာယူယူသည္ ထိုဂိုဏ္းမ်ား၏ လိုက္ႏိုင္စြမ္းကို နားလည္ သည္။ အမွန္တကယ္ပင္ ရတနာရွိပါက သူတို႔လိုက္ယူမည္ျဖစ္သည္။ သူတို႔ မပါဝင္ရန္မွာ မျဖစ္ႏိုင္ေပ။
"ဒါဆိုရင္ အဲလူေတြ ဘာလို႔လာတယ္လို႔ ထင္လဲ ငါတို႔ေတြ အခုထိ ဘယ္သူနဲ႔မွမေတြ႕ေသးဘူး... ဆိုလိုတာက အဲဒါက အတြင္းပိုင္းမဟုတ္ရင္ အတြင္းအနက္ပိုင္းမွာျဖစ္ေနတာကို ၫႊန္ျပေနတာ သာမာန္ပစၥည္းဆိုရင္ သူတို႔ ကိုဆြဲေဆာင္ႏိုင္မွာမဟုတ္ဘူး" ေရွာင္ေရာ့ပိုင္သည္ မယုံၾကည္ေပ။
"တျခားဟာလည္း ျဖစ္ႏိုင္တာပဲ ငါတို႔ အဲဒါနဲ႔ေတြ႕ရရင္ အလိုလိုသိရမွာ ေပါ့" ရွီမာယူယူ ေျပာလိုက္သည္ "ဒါေပမဲ့ မင္းတို႔မိသားစုလည္းသိမွာပဲ မဟုတ္ရင္ စပ္စုခ်င္တာနဲ႔ ဝင္ပါလို႔မရဘူး မင္းတို႔ျပန္ၿပီး သူတို႔ကိုေမးရမယ္"
"ထားလိုက္ေတာ့ အခု ငါတို႔ထြက္လာတာနဲ႔ အေလ်ာ့ေပးလိုက္တာနဲ႔ အတူတူပဲ ဒါက ငါနဲ႔ေခ်ာင္ခ်န္းအန္းတို႔ၾကားက အေပးအယူပဲ" ကုန္းဇီယြမ္ သည္ မစဥ္းစားဘဲ ျငင္းဆန္လိုက္သည္။ ထိုကေလးကို အစ္ကိုႀကီးဟုေခၚရ မည္ထက္ ေသလိုက္တာကပိုေကာင္းသည္။
"ဒါဆိုလည္း ဆက္သြားၾကတာေပါ့" ရွီမာယူယူ ေျပာလိုက္သည္ "ငါတို႔ တစ္ခုခုနဲ႔ေတြ႕မယ္လို႔ စိတ္ထင္ေနတယ္"
"အႏၲရာယ္မ်ားလား"
"မင္းကို လွ်ိဳ႕ဝွက္ ကာကြယ္ေပးေနတဲ့လူေတြ ရွိတယ္မဟုတ္ဘူးလား မင္းက အႏၲရာယ္ကိုလည္း မေၾကာက္ဘူး ၿပီးေတာ့ အဲလူေတြက သာမာန္လူ ေတြမဟုတ္ၾကဘူး"
"မင္း ဘယ္လိုသိတာလဲ" ေရွာင္ေရာ့ပိုင္သည္ သူမကို ဖတ္သလိုႏွင့္ ၾကည့္လိုက္သည္။ သူမ ၾကည့္ေလေလ နားမလည္ႏိုင္ေတာ့ေပ။
အတိတ္ေမ့သြားတာက လူတစ္ေယာက္ကို ဒီေလာက္ေတာင္ ေျပာင္းလဲ သြားေစတာလား။
သူမ ေျပာသည္မွာမွန္သည္။ သူတို႔ကဲ့သို႔ လူမ်ိဳးသည္ ကိုယ္ရံေတာ္မရွိ လွ်င္ေတာင္ လွ်ိဳ႕ဝွက္ကာကြယ္ေပးသူမ်ားရွိသည္။
"မင္း ေမ့ေနၿပီ ငါလည္းအတူတူပဲေလ" ရွီမာယူယူသည္ မ်က္ခုံးပင့္ကာ အမည္းေလးေပၚသို႔ တက္သြားလိုက္သည္။ ထို႔ေနာက္ သူမ ေရွ႕မွသြားေလ သည္။
ေရွာင္ေရာ့ပိုင္သည္ ဆြံ႕အသြားေလသည္။
ရွီမာယူယူသည္ တျခားအပိုင္းကိုပါခန႔္မွန္းႏိုင္ၿပီဟု သူမ ထင္လိုက္သည္။ သို႔ေသာ္ သူမ အေတြးလြန္သြားသည္ႏွင့္တူသည္။
"ဒါနဲ႔ မင္းတို႔လို သခင္ေလးနဲ႔ သခင္မေလးတို႔က ထာဝရေတာက္ပျခင္း ၿမိဳ႕လို ၿမိဳ႕ငယ္ေလးမွာ ဘယ္လိုျဖစ္ၿပီးေနျဖစ္သြးတာလဲ" ရွီမာယူယူ၏ အသံ လႊင့္ပ်ံလာသည္။ ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔သည္ တစ္ေယာက္ႏွင့္ တစ္ ေယာက္ၾကည့္မိၾကသည္။
သူမ မွန္းမိေနၿပီလား။
"မင္း ဘာေျပာမလဲ"
"ငါက အတိတ္ေမ့ေနေပမဲ့ ဉာဏ္တုံးသြားတာမဟုတ္ဘူး" ရွီမာယူယူ ေျပာလိုက္သည္ "မင္းတို႔ႏွစ္ေယာက္က ေခ်ာင္ခ်န္းအန္းရဲ႕ အက်င့္နဲ႔မတူဘူး မင္းတို႔က ေနရာေသးတစ္ခုက လာတာနဲ႔မတူဘူး ခုနက ငါေျပာလိုက္တာနဲ႔ ထပ္ေပါင္းေျပာရရင္ ေရာ့ပိုင္ရဲ႕ သတိရွိေနတဲ့အၾကည့္ပဲ ငါမွန္းတာမွန္တယ္ ဆိုတာ ငါသိတယ္"
ေရွာင္ေရာ့ပိုင္ အံ့အားသင့္သြားသည္။ သူမ၏ တုံျပန္မႈသည္ မသိမသာ ပင္။
"မင္းက ဘာလို႔ဒီကိုလာတာလဲ" ရွီမာယူယူ သာမာန္ကာလွ်ံကာပင္ ေမး လိုက္သည္ "ေျဖရခက္ေနရင္လည္း မေျဖပါနဲ႔"
ကုန္းဇီယြမ္ႏွင့္ ေရွာင္ေရာ့ပိုင္တို႔ ႏွစ္ေယာက္လုံး အတန္ၾကာေအာင္ ႏႈတ္ဆိတ္သြားၾကသည္။ သို႔ေသာ္ ေရွာင္ေရာ့ပိုင္ အရင္ေျပာလာသည္ "မင္း ေျပာတာမွန္တယ္ ငါတို႔က ဒီမွာႀကီးလာခဲ့တာမဟုတ္ဘူး"
"ဒါဆိုရင္ ဘာလို႔ ထာဝရေတာက္ပျခင္းၿမိဳ႕ကိုလာတာလဲ ဒီမွာ ႏွစ္ေပါင္း မ်ားစြာေတာင္ ေနလိုက္ေသးတယ္" ရွီမာယူယူသည္ သိခ်င္စိတ္ျဖင့္ ေမးလိုက္ သည္။
"ထာဝရေတာက္ပျခင္းၿမိဳ႕ေတာ္က ေသးေပမဲ့ အဆင့္အတန္းကလည္း မနိမ့္ပါဘူး မင္းအေဖရဲ႕ သ႐ုပ္မွန္ကို မင္းသိလား"
ရွီမာယူယူ အံ့ဩသြားသည္။ မု႐ုန္ေဟြ႕ဒီမွာေစာင့္ၾကပ္ေနတာ တျခား ရည္႐ြယ္ခ်က္ရွိေနတာလား။
Unicode
အပိုင်း (၁၇၄၇) – ဘယ်သူလုပ်လိုက်တာလဲ
လူသားလောကမှ လူနှင့်ပစ္စည်းများသည် သူမနှင့် အလှမ်းကွာလှသည်ဟု ထင်မိသည်။ သူမသည် သူတို့ကိုလွမ်းဆွတ်သော်လည်း သူတို့ကိုမမြင်ရပေ။
မိခင်ဖြစ်သူကို ကယ်ရန်အားအင်ရှိသည့်အချိန်မှပင် သူမ ပြန်သွားနိုင် တော့မ်။
အနည်းငယ်လှမ်းသောနေရာတွင် ကုန်းဇီယွမ်သည် မရဏာသားရဲတွင် စိုက်နေသော သူ့ဓားကိုပြန်နှုတ်လိုက်သည်။ ထို့နောက် မရဏာသားရဲကို မှော်ဝင်လက်စွပ်ထဲသို့ သိမ်းလိုက်သည်။
"ဟွန့် မင်းက တကယ် ကံကောင်းတာပဲ နောက်ထပ်မရဏာသားရဲ တစ်ကောင်ရလိုက်ပြန်ပြီ" ရှောင်ရှော့ပိုင်သည် ဘေးတွင်ရပ်ပြီး လက်ပိုက်နေ ကာ ကူညီရန်အစီအစဉ်မရှိပေ။
"ငါလည်း အဲလိုထင်တာပဲ ငါတို့က အပြင်ပိုင်းပဲရှိသေးတာ မရဏာသားရဲ တွေ ဒီလောက်အများကြီးတွေ့တာ ကံကောင်းတာပဲ" ကုန်းဇီယွမ်သည် မရဏာသားရဲများကို တန်းဆီဖမ်းနိုင်ရာ ခံစားချက်ကောင်းနေသည်။
"ဒီနေရာကအပြင်ပိုင်းပဲရှိသေးတာကို မရဏာသားရဲတွေလည်း အများ ကြီးပဲ မင်း သတိမလွတ်နဲ့ဦး" ရှောင်ရှော့ပိုင် သတိပေးလိုက်သည်။
"ငါသိပါတယ် ဒါပေမဲ့ မရဏာသားရဲတွေက သူ့ဘာသာသူအသေခံဖို့ ပြေးလာတယ်လို့ ဘာလို့ခံစားနေရတာလဲ" ကုန်းဇီယွမ်သည် ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
"ပြောရင်းနဲ့ အဲလိုဖြစ်နေသလိုပဲ၊ မရဏာသားရဲတွေပြေးလာတုန်းက သူတို့တွေ မူးနေကြသလိုပဲ" ရှောင်ရော့ပိုင် သုံးသပ်လေသည် "မင်း တစ်ခုခု လုပ်လိုက်တာလား"
"မဟုတ်ဘူး ငါက မရဏာသားရဲတွေကို မရပ်မနားသတ်နေတာပဲ တစ်ခုခုလုပ်ဖို့ ဘယ်မှာအချိန်ရှိမှာလဲ" ကုန်းဇီယွမ် ငြင်းဆန်လေသည် "မင်းပဲ တစ်ခုခုလုပ်လိုက်သလားလို့ ငါတောင်မေးချင်နေတာ အဲတော့ မင်းမဟုတ်ဘူး ပေါ့"
"ဒါဆိုရင်...."
သူတို့နှစ်ယောက်၏ အကြည့်များသည် ရှီမာယူယူဆီသို့ တစ်ချိန်တည်း ရောက်သွားကြသည်။ ရှီမာယူယူသည် လက်ထဲမှပန်းနှင့် ကစားနေရာမှ သူတို့ ၏ အကြည့်ကိုခံစားမိလိုက်သည်။ "မိစ္ဆာမြက်ပန်းက အဆင့်နိမ့်မရဏာသားရဲ တွေကို ဆွဲဆောင်နိုင်ပေမဲ့ အဆင့်မြင့်မရဏာသားရဲတွေကိုတော့ သက်ရောက် မှုမရှိဘူး"
"မရဏာသားရဲတွေကို ဖြားယောင်းဖို့ ဒါကိုသုံးလိုက်တာလား" ကုန်းဇီယွမ်သည် တအံ့တဩမေးလေသည်။
"ဘယ်တုန်းက စလုပ်လိုက်တာလဲ" ရှောင်ရော့ပိုင်လည်း အံ့ဩနေသည်။ သူတို့သည် အာရုံမစိုက်မိကြပေ။ သူမသည် သူတို့မျက်စိရှေ့မှာပင် လုပ်လိုက် ခြင်းဖြစ်သည်။
"လမ်းဘေးမှာတွေ့လို့ ကောင်းမယ်ထင်လို့ နည်းနည်းလောက် ခူးလာ လိုက်တာရယ်" ရှီမာယူယူ ပြန်ဖြေလေသည် "ဒါက စည်းမျဉ်းကို ဆန့်ကျင်နေ တာတော့မဟုတ်ဘူးမလား"
"မဟုတ်ဘူး မင်း ဆေးပင်တွေကို သိနေရုံတင်ပါပဲ" ရှောင်ရော့ပိုင် ပြော လိုက်သည်။
"အရင်တစ်ခေါက် ငါ ဒဏ်ရာရတုန်းက အဖေက အပြင်ထွက်ခွင့်မပြုဘူး ငါ ဘာမှလုပ်စရာမရှိတော့ စာအုပ်လေးဖတ်လိုက်လို့ပါ" ရှီမာယူယူ လိမ်ညာ လိုက်သည်။ အရင်က သူမသည် အနာဂတ်တွင် တစ္ဆေလောကသို့ လာရမည်ကို သိထားသောကြောင့် ဤနေရာမှ ကိစ္စတချို့ကိုနားလည်အောင် လုပ်ထား သည်။ နောက်ပိုင်းတွင် သူမသည် စာဖတ်ရန်အချိန်ယူကာ ဆေးပင်များကို မှတ်သားထားခဲ့သည်။ ဤကဲ့သို့ မြန်မြန်ရောက်လာလိမ့်မည်ဟု ထင်မထားပေ။
"မင်းမှာ ဒီလိုအရည်အချင်းရှိမယ်လို့ ထင်မထားဘူး မင်း ဒီပညာကိုသာ နည်းနည်းလောက် အချိန်ပေးခဲ့ရင် ဒီလိုနှစ်ပေါင်းများစွာ အနှိမ်ခံရမှာမဟုတ် ဘူး" ရှောင်ရော့ပိုင် ပြောလိုက်သည်။
ရှီမာယူယူသည် အပြစ်မရှိသလို ပခုံးတွန့်လိုက်သည်။ အဲဒါက သူမနဲ့မှ မဆိုင်တာ။
"ရှီအာ ဒီနည်းလမ်းကို အစောကြီးကတည်းက စဉ်းစားမိတာလား အဲဒါ ကြောင့် ငါတို့နိုင်မယ်ဆိုတာကို မင်း အသေအချာကြီးပြောခဲ့တာလား" ကုန်းဇီယွမ်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။
"မဟုတ်ဘူး မိစ္ဆာမြက်ပန်းကဒီမှာရှိနေမယ်လို့ ငါလည်းထင်မထားဘူး" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
"ဒါဆို ဘာလို့ အဲလောက်သေချာနေခဲ့တာလဲ"
"သေချာနေခဲ့လို့လား" ရှီမာယူယူသည် သူတို့ကိုစိုက်ကြည့်လိုက်သည်။ သူမ အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူမ အဲလို လုပ်လိုက်လို့လား။
"ဟုတ်တယ်လေ" ရှောင်ရော့ပိုင်နှင့် ကုန်းဇီယွမ်တို့သည် အသေအချာပင် ခေါင်းညိတ်လေသည်။
"ဟုတ်ပြီ သူတို့က လူအရမ်းမများပေမဲ့ အသုံးဝင်နိုင်သေးတယ် ငါတို့မှာ လူနည်းပေမဲ့ နိုင်နိုင်ပါတယ်လို့ပဲ တွေးခဲ့တာ" ရှီမာယူယူ ပြောလိုက်သည်။
သူမ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိမှုသည် တခြားသူများကိုပါ ဓာတ်ကူးသွားစေလိမ့်မည်ဟု သူမ မသိခဲ့ပေ။
"အင်း ရှီအာ ကူညီလိမ့်မယ်လို့ ငါသိနေတာ" ကုန်းဇီယွမ်သည် ပျော်ရွှင် စွာပြောလေသည်။
ရှောင်ရော့ပိုင်သည် သူ ပြုံးလိုက်သည်ကို ကြည့်နေသည်။ သူမသည် သူ့ကို မျှော်လင့်ချက်မရှိဟု ထင်မိသည်။
"ဒါဆိုလည်း ဆက်သွားကြတာပေါ့" ရှီမာယူယူ ပြောလိုက်သည် "ဒီနေ့ မင်းရလာတာတွေက သူတို့ထက်တော့ မနည်းလောက်ဘူးထင်တာပဲ နည်းနည်းလောက် ထပ်စုလိုက်ရင် ရပြီ"
"ယွမ် ငါတို့ရတနာ သွားယူမှာလား" ရှောင်ရော့ပိုင် မေးလိုက်သည်။
"ရတနာယူမယ်ဟုတ်လား" ကုန်းဇီယွမ် စဉ်းစားကြည့်သည် "ငါတို့မှာ အခွင့်အရေးရှိရင် စမ်းကြည့်တာပေါ့"
"ရတနာရှိတယ်လို့ တကယ်ထင်နေကြတာလား" ရှီမာယူယူ မေးလိုက် သည်။
"မင်းကရော မရှိဘူးလို့ထင်နေတာလား" ရှောင်ရော့ပိုင် ပြန်ချေပလိုက် သည်။
"ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး မဟုတ်ရင် မင်းတို့မိသားစုက စိတ်မဝင် စားဘဲနေပါ့မလား" ရှီမာယူယူသည် ထိုဂိုဏ်းများ၏ လိုက်နိုင်စွမ်းကို နားလည် သည်။ အမှန်တကယ်ပင် ရတနာရှိပါက သူတို့လိုက်ယူမည်ဖြစ်သည်။ သူတို့ မပါဝင်ရန်မှာ မဖြစ်နိုင်ပေ။
"ဒါဆိုရင် အဲလူတွေ ဘာလို့လာတယ်လို့ ထင်လဲ ငါတို့တွေ အခုထိ ဘယ်သူနဲ့မှမတွေ့သေးဘူး... ဆိုလိုတာက အဲဒါက အတွင်းပိုင်းမဟုတ်ရင် အတွင်းအနက်ပိုင်းမှာဖြစ်နေတာကို ညွှန်ပြနေတာ သာမာန်ပစ္စည်းဆိုရင် သူတို့ ကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူး" ရှောင်ရော့ပိုင်သည် မယုံကြည်ပေ။
"တခြားဟာလည်း ဖြစ်နိုင်တာပဲ ငါတို့ အဲဒါနဲ့တွေ့ရရင် အလိုလိုသိရမှာ ပေါ့" ရှီမာယူယူ ပြောလိုက်သည် "ဒါပေမဲ့ မင်းတို့မိသားစုလည်းသိမှာပဲ မဟုတ်ရင် စပ်စုချင်တာနဲ့ ဝင်ပါလို့မရဘူး မင်းတို့ပြန်ပြီး သူတို့ကိုမေးရမယ်"
"ထားလိုက်တော့ အခု ငါတို့ထွက်လာတာနဲ့ အလျော့ပေးလိုက်တာနဲ့ အတူတူပဲ ဒါက ငါနဲ့ချောင်ချန်းအန်းတို့ကြားက အပေးအယူပဲ" ကုန်းဇီယွမ် သည် မစဉ်းစားဘဲ ငြင်းဆန်လိုက်သည်။ ထိုကလေးကို အစ်ကိုကြီးဟုခေါ်ရ မည်ထက် သေလိုက်တာကပိုကောင်းသည်။
"ဒါဆိုလည်း ဆက်သွားကြတာပေါ့" ရှီမာယူယူ ပြောလိုက်သည် "ငါတို့ တစ်ခုခုနဲ့တွေ့မယ်လို့ စိတ်ထင်နေတယ်"
"အန္တရာယ်များလား"
"မင်းကို လျှို့ဝှက် ကာကွယ်ပေးနေတဲ့လူတွေ ရှိတယ်မဟုတ်ဘူးလား မင်းက အန္တရာယ်ကိုလည်း မကြောက်ဘူး ပြီးတော့ အဲလူတွေက သာမာန်လူ တွေမဟုတ်ကြဘူး"
"မင်း ဘယ်လိုသိတာလဲ" ရှောင်ရော့ပိုင်သည် သူမကို ဖတ်သလိုနှင့် ကြည့်လိုက်သည်။ သူမ ကြည့်လေလေ နားမလည်နိုင်တော့ပေ။
အတိတ်မေ့သွားတာက လူတစ်ယောက်ကို ဒီလောက်တောင် ပြောင်းလဲ သွားစေတာလား။
သူမ ပြောသည်မှာမှန်သည်။ သူတို့ကဲ့သို့ လူမျိုးသည် ကိုယ်ရံတော်မရှိ လျှင်တောင် လျှို့ဝှက်ကာကွယ်ပေးသူများရှိသည်။
"မင်း မေ့နေပြီ ငါလည်းအတူတူပဲလေ" ရှီမာယူယူသည် မျက်ခုံးပင့်ကာ အမည်းလေးပေါ်သို့ တက်သွားလိုက်သည်။ ထို့နောက် သူမ ရှေ့မှသွားလေ သည်။
ရှောင်ရော့ပိုင်သည် ဆွံ့အသွားလေသည်။
ရှီမာယူယူသည် တခြားအပိုင်းကိုပါခန့်မှန်းနိုင်ပြီဟု သူမ ထင်လိုက်သည်။ သို့သော် သူမ အတွေးလွန်သွားသည်နှင့်တူသည်။
"ဒါနဲ့ မင်းတို့လို သခင်လေးနဲ့ သခင်မလေးတို့က ထာဝရတောက်ပခြင်း မြို့လို မြို့ငယ်လေးမှာ ဘယ်လိုဖြစ်ပြီးနေဖြစ်သွးတာလဲ" ရှီမာယူယူ၏ အသံ လွှင့်ပျံလာသည်။ ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့သည် တစ်ယောက်နှင့် တစ် ယောက်ကြည့်မိကြသည်။
သူမ မှန်းမိနေပြီလား။
"မင်း ဘာပြောမလဲ"
"ငါက အတိတ်မေ့နေပေမဲ့ ဉာဏ်တုံးသွားတာမဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည် "မင်းတို့နှစ်ယောက်က ချောင်ချန်းအန်းရဲ့ အကျင့်နဲ့မတူဘူး မင်းတို့က နေရာသေးတစ်ခုက လာတာနဲ့မတူဘူး ခုနက ငါပြောလိုက်တာနဲ့ ထပ်ပေါင်းပြောရရင် ရော့ပိုင်ရဲ့ သတိရှိနေတဲ့အကြည့်ပဲ ငါမှန်းတာမှန်တယ် ဆိုတာ ငါသိတယ်"
ရှောင်ရော့ပိုင် အံ့အားသင့်သွားသည်။ သူမ၏ တုံပြန်မှုသည် မသိမသာ ပင်။
"မင်းက ဘာလို့ဒီကိုလာတာလဲ" ရှီမာယူယူ သာမာန်ကာလျှံကာပင် မေး လိုက်သည် "ဖြေရခက်နေရင်လည်း မဖြေပါနဲ့"
ကုန်းဇီယွမ်နှင့် ရှောင်ရော့ပိုင်တို့ နှစ်ယောက်လုံး အတန်ကြာအောင် နှုတ်ဆိတ်သွားကြသည်။ သို့သော် ရှောင်ရော့ပိုင် အရင်ပြောလာသည် "မင်း ပြောတာမှန်တယ် ငါတို့က ဒီမှာကြီးလာခဲ့တာမဟုတ်ဘူး"
"ဒါဆိုရင် ဘာလို့ ထာဝရတောက်ပခြင်းမြို့ကိုလာတာလဲ ဒီမှာ နှစ်ပေါင်း များစွာတောင် နေလိုက်သေးတယ်" ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက် သည်။
"ထာဝရတောက်ပခြင်းမြို့တော်က သေးပေမဲ့ အဆင့်အတန်းကလည်း မနိမ့်ပါဘူး မင်းအဖေရဲ့ သရုပ်မှန်ကို မင်းသိလား"
ရှီမာယူယူ အံ့ဩသွားသည်။ မုရုန်ဟွေ့ဒီမှာစောင့်ကြပ်နေတာ တခြား ရည်ရွယ်ချက်ရှိနေတာလား။