Zawgyi
အပိုင္း (၁၇၄၄) – သြားလည္ျခင္း
"တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး မင္း ကြၽန္ေတာ္တို႔နဲ႔ ဂူလန္ေတာင္ကို လိုက္မလားလို႔ ေမးခ်င္လို႔" ကုန္းဇီယြမ္သည္ ေခါင္းကုတ္လိုက္သည္ "အဲဒီမွာ အခုေနာက္ပိုင္း လူစည္တယ္လို႔ေျပာတယ္"
"ဂူလန္ေတာင္ဟုတ္လား"
"ၿမိဳ႕အျပင္က ေတာင္တန္းပဲ အရင္တစ္ေခါက္က မင္းကို အဲဒီကေန ေခၚလာတာ" ကုန္းဇီယြမ္ ေျပာလိုက္သည္ "ဘယ္လိုလဲ သြားခ်င္လား"
"ဘယ္သူသြားမွာလဲ"
"အရင္ကအဖြဲ႕ပဲေလ" ကုန္းဇီယြမ္ေျပာၿပီးေနာက္မွပင္ သူမ မသိသည္ကို ျပန္အမွတ္ရသြားသည္ "ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔အဆင့္အတန္းက ကြၽန္ေတာ္ နဲ႔အတူတူေလာက္ပဲ မနိမ့္ဘူး ကြၽန္ေတာ္တို႔ကို ကာကြယ္ဖို႔ လူတခ်ိဳ႕ပါလိမ့္မယ္"
"ဘယ္ေတာ့သြားမွာလဲ"
"မနက္ျဖန္"
"လူငယ္ဖလွယ္ပြဲက ေနာက္ရက္ပိုင္းဆိုရင္ လုပ္ေတာ့မွာ ရွင္ဝင္မပါဘူး လား"
"အခ်ိန္တန္ရင္ ဂူလန္ေတာင္နဲ႔ ပတ္သက္မႈရွိလာမွာပဲ" ကုန္းဇီယြမ္ ျပန္ေျဖလိုက္သည္ "ကြၽန္ေတာ္တို႔အခ်ိန္မွီျပန္လာရင္ေတာ့ ဝင္ၿပိဳင္ တာေပါ့ မမွီလည္း ထားလိုက္ပါေတာ့"
ရွီမာယူယူသည္ ခ်က္ခ်င္းသေဘာမတူဘဲ ေခါင္းလွည့္ကာ ထင္စန္းကို ေမးလိုက္သည္ "သူက စကားေျပာတိုင္း အၿမဲတမ္း ဒီလိုပဲလုပ္တာလား"
ထင္စန္းသည္ မွင္တက္သြားကာ ျပန္ေျဖလိုက္သည္ "ဟုတ္ပါတယ္"
သူ႔ စိတ္ထဲတြင္ေတာ့ တီးတိုးေလးေျပာေနမိသည္။ သခင္မေလး... သခင္မေလးလည္း အရင္တုန္းက အဲလိုပဲေလ။
ရွီမာယူယူ ေခါင္းညိတ္ၿပီး ေမးလိုက္သည္ "ကြၽန္မက သူ႔လိုပဲ တေစၦအ႐ူး ျဖစ္ခဲ့တာလား"
"... ဟုတ္ပါတယ္" ထင္စန္းသည္ တေစၦအ႐ူးဆိုသည့္ အဓိပၸာယ္ကို စဥ္းစားေနေသးသည္။ မဟုတ္ဘူး သူတို႔အကုန္လုံးက တေစၦေတြပဲေလ။
"ဒီလိုဆိုရင္ေတာ့ သေဘာတူပါတယ္ မနက္ျဖန္ အိမ္ေတာ္မွာ ကြၽန္မကို လာရွာပါ" ရွီမာယူယူသည္ ကုန္းဇီယြမ္ကို ေျပာလိုက္သည္ "ကြၽန္မ အေဖနဲ႔ သြားစကားေျပာလိုက္ဦးမယ္"
"..." ကုန္းဇီယြမ္သည္ ထြက္သြားေသာ သူမ၏ ေက်ာျပင္ကိုၾကည့္ၿပီး ႏႈတ္ခမ္းတြန႔္လိုက္သည္။ သူမ သူ႔ကိုၾကည့္တဲ့အခ်ိန္ဆိုရင္ အ႐ြယ္မေရာက္ ေသးတဲ့ ကေလးတစ္ေယာက္ကို ၾကည့္ေနသလိုမ်ိဳး ဘာလို႔ခံစားမိတာလဲ။
"မနက္ျဖန္ မင္းကိုလာေခၚမယ္" သူသည္ သူမအေနာက္မွ ေအာ္လိုက္ သည္။
"ဟုတ္ၿပီ" ရွီမာယူယူသည္ လက္ယမ္းျပလိုက္ေသာ္လည္း ေနာက္ျပန္ လွည့္မၾကည့္ေပ။ သူသည္ စိတ္ဓာတ္က်သြားကာ ေလွ်ာက္လာခဲ့လိုက္သည္။
သူမ ဂူလန္ေတာင္သို႔ ကုန္းဇီယြမ္ႏွင့္ အတူသြားမည္ဟု မု႐ုန္ေဟြ႕ ၾကားသည္ႏွင့္ မ်က္ေမွာင္အသာအယာၾကဳတ္လိုက္သည္ "ဂူလန္ေတာင္ကို ဘာလို႔သြားခ်င္တာလဲ"
"ကြၽန္မရွိခဲ့တဲ့ေနရာကို ၾကည့္ခ်င္လို႔ပါ" ရွီမာယူယူ ေျပာလိုက္သည္ "ၿပီးေတာ့ တစ္ခ်ိန္လုံးႀကီး အိမ္မွာမေနႏိုင္ဘူးေလ အဲဒါဆိုရင္ အဲလူေတြ လႈပ္ရွားဖို႔ အခြင့္အေရးမရွိဘဲေနလိမ့္မယ္"
"လူငယ္ဖလွယ္ပြဲကို မသြားဘူးလား"
"အေဖက လူငယ္ဖလွယ္ပြဲနဲ႔ အလုပ္ရႈပ္ေနတာမလား အဲလူေတြ လႈပ္ရွား လာရင္ သူတို႔ကို ေျခရာခံလိုက္ဖို႔ စြမ္းအားရွိလား" ရွီမာယူယူ ေျပာလိုက္သည္ "ကြၽန္မ ဂူလန္ေတာင္ကို ျပန္သြားမယ္လို႔ အဲလူေတြထင္မထား ေလာက္ပါဘူး သူတို႔ကြၽန္မကိုဘာမွမလုပ္ႏိုင္ပါဘူး ဒီအတိုင္းသြားလည္႐ုံတင္ပဲ ကို"
"ဟုတ္ၿပီ မင္းသြားခ်င္မွေတာ့ သြားပါ ဒါယူသြား တစ္ခုခုျဖစ္ရင္ မင္းကို ခ်က္ခ်င္းကယ္ႏိုင္မယ္" မု႐ုန္ေဟြ႕သည္ ေက်ာက္တုံးအမည္းတစ္ခုထုတ္လိုက္ သည္။ ထိုအရာကို ရွီမာယူယူမသိေသာ္လည္း ေပးသည့္အတိုင္းယူလိုက္သည္။
"ဒါနဲ႔ မင္း က်င့္ႀကံေနၿပီလို႔ ၾကားတယ္"
"ဟုတ္တယ္"
"သက္ေရာက္မႈေရာ ဘယ္လိုလဲ မရွင္းတာရွိရင္ ငါ့ကိုလာရွာပါ" မု႐ုန္ေဟြ႕ ေျပာလိုက္သည္။
ရွီမာယူယူသည္ အံ့အားသင့္သြားၿပီးေနာက္ ေခါင္းညိတ္လိုက္သည္ "ဟုတ္ကဲ့ပါ"
သူ၏ လမ္းျပမႈကိုလိုခ်င္ၾကသည္မွာ လူအမ်ားအိပ္မက္မက္သည့္ အရာ ပင္ျဖစ္သည္။ သူမ မလိုအပ္ေသာ္လည္း သူ၏ ကမ္းလမ္းခ်က္ကို ျပန္ေျဖလိုက္ သည္။
"မနက္ျဖန္ကို ကုန္းဇီယြမ္ လာေခၚပါလိမ့္မယ္... သူေရာက္တာနဲ႔ ကြၽန္မ သြားမွာပါ... တစ္ျခားမရွိေတာ့ရင္ ကြၽန္မသြားလိုက္ပါဦးမယ္"
"ဟုတ္ၿပီ မင္းေနာက္ကိုလိုက္ဖို႔ လူလႊတ္ေပးမယ္"
"ေက်းဇူးတင္ပါတယ္ အေဖ"
သူမ လွည့္ထြက္လာလိုက္သည္။ သူမသည္ ဝင္လာေသာ ဘ႑ာထိန္းႏွင့္ ေတြ႕ရာ ဘ႑ာထိန္းသည္ သူမကို အ႐ိုအေသျပဳေလသည္။
ရွီမာယူယူ သူ႔ကိုေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ အျပင္တြင္ အေစာင့္မ်ားကို ေတြ႕သည္ႏွင့္ ေလွ်ာက္ထြက္လာခဲ့လိုက္သည္။
သူမသည္ အတုအေယာင္ဆိုသည္ကို ဘ႑ာထိန္းသိသည္။ သူသည္ ဤကဲ့သို႔ ထုံးတမ္းအစဥ္အလာမ်ား ျပဳမူတုန္းပင္ျဖစ္သည္။ သူတို႔ကို မ်က္စိ ေဒါက္ေထာက္ၾကည့္ေနတဲ့သူေတြမ်ား ရွိလို႔လား။
အဲလူေတြက သူမ ဂူလန္ေတာင္ကိုသြားမယ္ဆိုတာ သိေနလို႔ လား။
မည္သို႔ပင္ျဖစ္ေစကာမူ အခုခ်ိန္တြင္ မု႐ုန္ေဟြ႕သည္ သူမကို မည္သည့္ မေတာ္တဆမႈမ်ားႏွင့္ ေတြ႕ခြင့္ျပဳမည္မဟုတ္ေပ။ လုံၿခဳံေရးသည္ ထိုေနရာတြင္ ေသခ်ာေပါက္ရွိေနမည္ျဖစ္သည္။ ထိုအေစာင့္မ်ား အလုပ္မျဖစ္ပါက သူမတြင္ မီအာရွိေသးသည္။
ျပန္လာၿပီးေနာက္ သူမသည္ တစ္ညလုံး က်င့္ႀကံသည္။ သည္တစ္ႀကိမ္ တြင္ သူမသည္ ဝိညာဥ္စြမ္းအားကို က်င့္ႀကံသည္။ သူမသည္ မရဏာမိစာၦသခင္ အဆင့္သို႔ ဝင္ႏိုင္သည္ဟု ခံစားရသည္။
ေနာက္ေန႔မနက္ေစာေစာတြင္ ကုန္းဇီယြမ္သည္ သူမဆီသို႔ ေျပးလာ၏။ သူမ မနက္စာမစားရေသးသည္ကို ျမင္ၿပီး သူမအတြက္ ေပါက္စီႏွစ္လုံးယူလာ ကာ သူမလက္ကိုဆုပ္ကိုင္ၿပီး ေျပးေလသည္။
"ဘာလို႔ ဒီေလာက္ေလာေနတာလဲ" ရွီမာယူယူသည္ လမ္းတစ္ဝက္ အေရာက္တြင္ သူမလက္ကို ျပန္ဆြဲလိုက္သည္။ သူမသည္ လက္ကိုပြတ္ကာ သူ႔ကိုစိုက္ၾကည့္လိုက္သည္။
"ဟိုေကာင္ေတြက စထြက္မယ့္အခ်ိန္ကို ေရွ႕တိုးလိုက္တာ အခုၿမိဳ႕အဝင္ ေပါက္မွာ ေစာင့္ေနၾကတယ္ သူတို႔ထြက္သြားရင္ ကြၽန္ေတာ္တို႔ဘာသာ သြားရ လိမ့္မယ္" ကုန္းဇီယြမ္ ရွင္းျပေလသည္။
"ကြၽန္မတို႔ဘာသာသြားလို႔ရတာပဲ ရွင္က လမ္းမရွာႏိုင္တာလည္း မဟုတ္ ဘူး" ရွီမာယူယူ ျပန္ေခ်ပလိုက္သည္ "ကြၽန္မကို ဖုံးကြယ္ထားတာရွိလို႔လား"
"ကြၽန္ေတာ္ မင္းကိုဖုံးကြယ္ထားတာမဟုတ္ဘူး အဲဒီေခ်ာင္ခ်န္းအန္းနဲ႔ ၿပိဳင္ဖို႔ခ်ိန္းထားတာ ကြၽန္ေတာ္တို႔ခြဲသြားလိုက္ရင္ သူ႔အဆင့္ကိုမသိႏိုင္ေတာ့ဘူး" ကုန္းဇီယြမ္ ေျပာလိုက္သည္ "ထြက္ေျပးလို႔ဆိုၿပီး သူ ကြၽန္ေတာ့္ကိုေလွာင္ေန မွာ အဲကေလးက ပါးစပ္ဆိုးတယ္ ကိစၥတစ္ခုကို အၾကာႀကီးေျပာသြားေတာ့မွာ သူက စိတ္တိုဖို႔ေကာင္းတယ္ အဲဒါေၾကာင့္ မင္းကိုလာရွာတာ"
ရွီမာယူယူသည္ သူ႔ကိုမတတ္သာေသာ အမူအရာျဖင့္ ၾကည့္လိုက္သည္ "သြားမယ္"
"ဝုတ္ ဝုတ္ ဝုတ္"
အမည္းေလးသည္ သူတို႔အေနာက္မွ လိုက္လာသည္။ ကုန္းဇီယြမ္ကို မကိုက္မိေစရန္ ရွီမာယူယူသည္ သူ႔ကို လက္ႏွစ္ဖက္ျဖင့္ ဖမ္းလိုက္သည္။
"ဝုတ္ ဝုတ္ ဝုတ္" အမည္းေလးသည္ ကုန္းဇီယြမ္ကို ေဟာင္ေလသည္။ သူ စားေနစဥ္တြင္ ရွီမာယူယူကို ထိုလူေခၚသြားသည္ကို မေက်နပ္ေပ။
"လိမၼာတယ္ သူက ငါ့ကိုထိခိုက္ေအာင္မလုပ္ပါဘူး" ရွီမာယူယူသည္ သူ႔ ေခါင္းကိုပြတ္ေပးၿပီး ကုန္းဇီယြမ္ဘက္သို႔လွည့္လိုက္သည္ "ကြၽန္မကို ဒီလိုမ်ိဳး ဆြဲၿပီးမေျပးပါနဲ႔ အမည္းေလးက အသိဉာဏ္သိပ္ရွိတာမဟုတ္ဘူး ဆိုးတာ ေကာင္းတာ မခြဲႏိုင္ဘူး သူ ရွင့္ကို ဒဏ္ရာရေအာင္လုပ္မိရင္ ျပႆနာတက္လိမ့္ မယ္"
'အဲဒီေခြးက သူ႔ကို ထိခိုက္ေစႏိုင္တယ္လို႔လား' ဟု ကုန္းဇီယြမ္ ေျပာလိုက္ ခ်င္သည္။ သို႔ေသာ္ ရွီမာယူယူ၏ ေလးနက္ေသာအမူအရာကို ျမင္ေသာအခါ ေခါင္းညိတ္လိုက္သည္။
ရွီမာယူယူသည္ အမည္းေလးကိုခ်ကာ သူ႔ေခါင္းကိုပုတ္လိုက္သည္ "ႀကီးလာလိုက္"
အမည္းေလးသည္ လြန႔္လူးလိုက္ရာ က်ားတစ္ေကာင္အ႐ြယ္အစားသို႔ ေျပာင္းသြားေလသည္။ ရွီမာယူယူ ခုန္တက္လိုက္ၿပီး ကုန္းဇီယြမ္ကို ေျပာလိုက္ သည္ "သြားမယ္"
ကုန္းဇီယြမ္သည္ သူမေရွ႕သို႔သြားသည္ကိုၾကည့္ၿပီး လက္ကိုဆန႔္ထုတ္ ကာ မ်က္လုံးမ်ားကို ကာလိုက္သည္။ ထိုလူမ်ား သူမ၏ စာခ်ဳပ္သားရဲကို ေတြ႕ လွ်င္ မည္သို႔တုံ႔ျပန္မည္ကို ေတြးမရေပ။
႐ုတ္တရက္ပင္ သူသည္ ေတာင္ဆီသို႔ သူမကိုေကာင္းေကာင္းေခၚသြားရ မည္ဟု ေတြးလိုက္သည္။ အနည္းဆုံးေတာ့ အရွက္ကြဲမည္မဟုတ္ေပ။
ထင္ထားသည့္အတိုင္းပင္ ရွီမာယူယူ မရဏာေခြးေပၚတြင္ ထိုင္ေနသည္ ကို ျမင္ေသာအခါ ၿမိဳ႕ဂိတ္မွလူမ်ားသည္ မွင္တက္ၾကေလသည္။ သူတို႔ အားလုံး ရယ္ေမာလိုက္ၾကသည္။
"ကုန္းဇီယြမ္ မင္းက လူေခၚလာမယ္လို႔ေျပာတာ ဒီအမႈိက္ကိုေခၚလာတာ လား"
"မု႐ုန္ရွီ ကစားဖို႔ ဒီတေစၦသားရဲကို ဘယ္တုန္းကရလိုက္တာလဲ ဒါက မင္းရဲ႕ စာခ်ဳပ္သားရဲလား"
"မင္းတို႔အားလုံး အမႈိက္လို႔ ထပ္ေခၚရင္ ဦးေလးေဟြ႕ေဒါသထြက္ၿပီး မင္းတို႔ကို ၿမိဳ႕ကေနႏွင္ထုတ္လိမ့္မယ္" ကုန္းဇီယြမ္ ၿခိမ္းေျခာက္လိုက္သည္။
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ မု႐ုန္ရွီ အငယ္ေတြကိစၥကို မိသားစုက ဝင္မပါ ဘူးလို႔ အရင္တစ္ေခါက္ကသေဘာတူခဲ့ၿပီးၿပီ မင္းက ကတိဖ်က္ၿပီး စကားဖြာ ခ်င္တာလား"
ရွီမာယူယူသည္ သူတို႔ကိုၾကည့္ၿပီး လက္တစ္ဖက္ျဖင့္ ေမးေစ့ကို ပင့္ေထာက္လိုက္သည္ "လူႀကီးေတြကို မေျပာဘူးလို႔ေျပာထားမွေတာ့ မေျပာ ဘူးေပါ့ ကြၽန္မက ဘယ္တုန္းက ကတိဖ်က္ဖူးလို႔လဲ"
"ဟုတ္တယ္ ဒါေပမဲ့ မင္း ဂူလန္ေတာင္ကို ဒါႀကီးစီးသြားမလို႔လား"
ရွီမာယူယူသည္ အမည္းေလး၏ ေခါင္းကိုပုတ္လိုက္သည္ "ဒါက ဘာျဖစ္ လို႔လဲ ငါ့အမည္းေလးက မိုက္ပါတယ္"
Unicode
အပိုင်း (၁၇၄၄) – သွားလည်ခြင်း
"တကယ်တော့ ဘာမှမဟုတ်ပါဘူး မင်း ကျွန်တော်တို့နဲ့ ဂူလန်တောင်ကို လိုက်မလားလို့ မေးချင်လို့" ကုန်းဇီယွမ်သည် ခေါင်းကုတ်လိုက်သည် "အဲဒီမှာ အခုနောက်ပိုင်း လူစည်တယ်လို့ပြောတယ်"
"ဂူလန်တောင်ဟုတ်လား"
"မြို့အပြင်က တောင်တန်းပဲ အရင်တစ်ခေါက်က မင်းကို အဲဒီကနေ ခေါ်လာတာ" ကုန်းဇီယွမ် ပြောလိုက်သည် "ဘယ်လိုလဲ သွားချင်လား"
"ဘယ်သူသွားမှာလဲ"
"အရင်ကအဖွဲ့ပဲလေ" ကုန်းဇီယွမ်ပြောပြီးနောက်မှပင် သူမ မသိသည်ကို ပြန်အမှတ်ရသွားသည် "ဘယ်လိုပဲဖြစ်ဖြစ် သူတို့အဆင့်အတန်းက ကျွန်တော် နဲ့အတူတူလောက်ပဲ မနိမ့်ဘူး ကျွန်တော်တို့ကို ကာကွယ်ဖို့ လူတချို့ပါလိမ့်မယ်"
"ဘယ်တော့သွားမှာလဲ"
"မနက်ဖြန်"
"လူငယ်ဖလှယ်ပွဲက နောက်ရက်ပိုင်းဆိုရင် လုပ်တော့မှာ ရှင်ဝင်မပါဘူး လား"
"အချိန်တန်ရင် ဂူလန်တောင်နဲ့ ပတ်သက်မှုရှိလာမှာပဲ" ကုန်းဇီယွမ် ပြန်ဖြေလိုက်သည် "ကျွန်တော်တို့အချိန်မှီပြန်လာရင်တော့ ဝင်ပြိုင် တာပေါ့ မမှီလည်း ထားလိုက်ပါတော့"
ရှီမာယူယူသည် ချက်ချင်းသဘောမတူဘဲ ခေါင်းလှည့်ကာ ထင်စန်းကို မေးလိုက်သည် "သူက စကားပြောတိုင်း အမြဲတမ်း ဒီလိုပဲလုပ်တာလား"
ထင်စန်းသည် မှင်တက်သွားကာ ပြန်ဖြေလိုက်သည် "ဟုတ်ပါတယ်"
သူ့ စိတ်ထဲတွင်တော့ တီးတိုးလေးပြောနေမိသည်။ သခင်မလေး... သခင်မလေးလည်း အရင်တုန်းက အဲလိုပဲလေ။
ရှီမာယူယူ ခေါင်းညိတ်ပြီး မေးလိုက်သည် "ကျွန်မက သူ့လိုပဲ တစ္ဆေအရူး ဖြစ်ခဲ့တာလား"
"... ဟုတ်ပါတယ်" ထင်စန်းသည် တစ္ဆေအရူးဆိုသည့် အဓိပ္ပာယ်ကို စဉ်းစားနေသေးသည်။ မဟုတ်ဘူး သူတို့အကုန်လုံးက တစ္ဆေတွေပဲလေ။
"ဒီလိုဆိုရင်တော့ သဘောတူပါတယ် မနက်ဖြန် အိမ်တော်မှာ ကျွန်မကို လာရှာပါ" ရှီမာယူယူသည် ကုန်းဇီယွမ်ကို ပြောလိုက်သည် "ကျွန်မ အဖေနဲ့ သွားစကားပြောလိုက်ဦးမယ်"
"..." ကုန်းဇီယွမ်သည် ထွက်သွားသော သူမ၏ ကျောပြင်ကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သူမ သူ့ကိုကြည့်တဲ့အချိန်ဆိုရင် အရွယ်မရောက် သေးတဲ့ ကလေးတစ်ယောက်ကို ကြည့်နေသလိုမျိုး ဘာလို့ခံစားမိတာလဲ။
"မနက်ဖြန် မင်းကိုလာခေါ်မယ်" သူသည် သူမအနောက်မှ အော်လိုက် သည်။
"ဟုတ်ပြီ" ရှီမာယူယူသည် လက်ယမ်းပြလိုက်သော်လည်း နောက်ပြန် လှည့်မကြည့်ပေ။ သူသည် စိတ်ဓာတ်ကျသွားကာ လျှောက်လာခဲ့လိုက်သည်။
သူမ ဂူလန်တောင်သို့ ကုန်းဇီယွမ်နှင့် အတူသွားမည်ဟု မုရုန်ဟွေ့ ကြားသည်နှင့် မျက်မှောင်အသာအယာကြုတ်လိုက်သည် "ဂူလန်တောင်ကို ဘာလို့သွားချင်တာလဲ"
"ကျွန်မရှိခဲ့တဲ့နေရာကို ကြည့်ချင်လို့ပါ" ရှီမာယူယူ ပြောလိုက်သည် "ပြီးတော့ တစ်ချိန်လုံးကြီး အိမ်မှာမနေနိုင်ဘူးလေ အဲဒါဆိုရင် အဲလူတွေ လှုပ်ရှားဖို့ အခွင့်အရေးမရှိဘဲနေလိမ့်မယ်"
"လူငယ်ဖလှယ်ပွဲကို မသွားဘူးလား"
"အဖေက လူငယ်ဖလှယ်ပွဲနဲ့ အလုပ်ရှုပ်နေတာမလား အဲလူတွေ လှုပ်ရှား လာရင် သူတို့ကို ခြေရာခံလိုက်ဖို့ စွမ်းအားရှိလား" ရှီမာယူယူ ပြောလိုက်သည် "ကျွန်မ ဂူလန်တောင်ကို ပြန်သွားမယ်လို့ အဲလူတွေထင်မထား လောက်ပါဘူး သူတို့ကျွန်မကိုဘာမှမလုပ်နိုင်ပါဘူး ဒီအတိုင်းသွားလည်ရုံတင်ပဲ ကို"
"ဟုတ်ပြီ မင်းသွားချင်မှတော့ သွားပါ ဒါယူသွား တစ်ခုခုဖြစ်ရင် မင်းကို ချက်ချင်းကယ်နိုင်မယ်" မုရုန်ဟွေ့သည် ကျောက်တုံးအမည်းတစ်ခုထုတ်လိုက် သည်။ ထိုအရာကို ရှီမာယူယူမသိသော်လည်း ပေးသည့်အတိုင်းယူလိုက်သည်။
"ဒါနဲ့ မင်း ကျင့်ကြံနေပြီလို့ ကြားတယ်"
"ဟုတ်တယ်"
"သက်ရောက်မှုရော ဘယ်လိုလဲ မရှင်းတာရှိရင် ငါ့ကိုလာရှာပါ" မုရုန်ဟွေ့ ပြောလိုက်သည်။
ရှီမာယူယူသည် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် "ဟုတ်ကဲ့ပါ"
သူ၏ လမ်းပြမှုကိုလိုချင်ကြသည်မှာ လူအများအိပ်မက်မက်သည့် အရာ ပင်ဖြစ်သည်။ သူမ မလိုအပ်သော်လည်း သူ၏ ကမ်းလမ်းချက်ကို ပြန်ဖြေလိုက် သည်။
"မနက်ဖြန်ကို ကုန်းဇီယွမ် လာခေါ်ပါလိမ့်မယ်... သူရောက်တာနဲ့ ကျွန်မ သွားမှာပါ... တစ်ခြားမရှိတော့ရင် ကျွန်မသွားလိုက်ပါဦးမယ်"
"ဟုတ်ပြီ မင်းနောက်ကိုလိုက်ဖို့ လူလွှတ်ပေးမယ်"
"ကျေးဇူးတင်ပါတယ် အဖေ"
သူမ လှည့်ထွက်လာလိုက်သည်။ သူမသည် ဝင်လာသော ဘဏ္ဍာထိန်းနှင့် တွေ့ရာ ဘဏ္ဍာထိန်းသည် သူမကို အရိုအသေပြုလေသည်။
ရှီမာယူယူ သူ့ကိုခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အပြင်တွင် အစောင့်များကို တွေ့သည်နှင့် လျှောက်ထွက်လာခဲ့လိုက်သည်။
သူမသည် အတုအယောင်ဆိုသည်ကို ဘဏ္ဍာထိန်းသိသည်။ သူသည် ဤကဲ့သို့ ထုံးတမ်းအစဉ်အလာများ ပြုမူတုန်းပင်ဖြစ်သည်။ သူတို့ကို မျက်စိ ဒေါက်ထောက်ကြည့်နေတဲ့သူတွေများ ရှိလို့လား။
အဲလူတွေက သူမ ဂူလန်တောင်ကိုသွားမယ်ဆိုတာ သိနေလို့ လား။
မည်သို့ပင်ဖြစ်စေကာမူ အခုချိန်တွင် မုရုန်ဟွေ့သည် သူမကို မည်သည့် မတော်တဆမှုများနှင့် တွေ့ခွင့်ပြုမည်မဟုတ်ပေ။ လုံခြုံရေးသည် ထိုနေရာတွင် သေချာပေါက်ရှိနေမည်ဖြစ်သည်။ ထိုအစောင့်များ အလုပ်မဖြစ်ပါက သူမတွင် မီအာရှိသေးသည်။
ပြန်လာပြီးနောက် သူမသည် တစ်ညလုံး ကျင့်ကြံသည်။ သည်တစ်ကြိမ် တွင် သူမသည် ဝိညာဉ်စွမ်းအားကို ကျင့်ကြံသည်။ သူမသည် မရဏာမိစ္ဆာသခင် အဆင့်သို့ ဝင်နိုင်သည်ဟု ခံစားရသည်။
နောက်နေ့မနက်စောစောတွင် ကုန်းဇီယွမ်သည် သူမဆီသို့ ပြေးလာ၏။ သူမ မနက်စာမစားရသေးသည်ကို မြင်ပြီး သူမအတွက် ပေါက်စီနှစ်လုံးယူလာ ကာ သူမလက်ကိုဆုပ်ကိုင်ပြီး ပြေးလေသည်။
"ဘာလို့ ဒီလောက်လောနေတာလဲ" ရှီမာယူယူသည် လမ်းတစ်ဝက် အရောက်တွင် သူမလက်ကို ပြန်ဆွဲလိုက်သည်။ သူမသည် လက်ကိုပွတ်ကာ သူ့ကိုစိုက်ကြည့်လိုက်သည်။
"ဟိုကောင်တွေက စထွက်မယ့်အချိန်ကို ရှေ့တိုးလိုက်တာ အခုမြို့အဝင် ပေါက်မှာ စောင့်နေကြတယ် သူတို့ထွက်သွားရင် ကျွန်တော်တို့ဘာသာ သွားရ လိမ့်မယ်" ကုန်းဇီယွမ် ရှင်းပြလေသည်။
"ကျွန်မတို့ဘာသာသွားလို့ရတာပဲ ရှင်က လမ်းမရှာနိုင်တာလည်း မဟုတ် ဘူး" ရှီမာယူယူ ပြန်ချေပလိုက်သည် "ကျွန်မကို ဖုံးကွယ်ထားတာရှိလို့လား"
"ကျွန်တော် မင်းကိုဖုံးကွယ်ထားတာမဟုတ်ဘူး အဲဒီချောင်ချန်းအန်းနဲ့ ပြိုင်ဖို့ချိန်းထားတာ ကျွန်တော်တို့ခွဲသွားလိုက်ရင် သူ့အဆင့်ကိုမသိနိုင်တော့ဘူး" ကုန်းဇီယွမ် ပြောလိုက်သည် "ထွက်ပြေးလို့ဆိုပြီး သူ ကျွန်တော့်ကိုလှောင်နေ မှာ အဲကလေးက ပါးစပ်ဆိုးတယ် ကိစ္စတစ်ခုကို အကြာကြီးပြောသွားတော့မှာ သူက စိတ်တိုဖို့ကောင်းတယ် အဲဒါကြောင့် မင်းကိုလာရှာတာ"
ရှီမာယူယူသည် သူ့ကိုမတတ်သာသော အမူအရာဖြင့် ကြည့်လိုက်သည် "သွားမယ်"
"ဝုတ် ဝုတ် ဝုတ်"
အမည်းလေးသည် သူတို့အနောက်မှ လိုက်လာသည်။ ကုန်းဇီယွမ်ကို မကိုက်မိစေရန် ရှီမာယူယူသည် သူ့ကို လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်သည်။
"ဝုတ် ဝုတ် ဝုတ်" အမည်းလေးသည် ကုန်းဇီယွမ်ကို ဟောင်လေသည်။ သူ စားနေစဉ်တွင် ရှီမာယူယူကို ထိုလူခေါ်သွားသည်ကို မကျေနပ်ပေ။
"လိမ္မာတယ် သူက ငါ့ကိုထိခိုက်အောင်မလုပ်ပါဘူး" ရှီမာယူယူသည် သူ့ ခေါင်းကိုပွတ်ပေးပြီး ကုန်းဇီယွမ်ဘက်သို့လှည့်လိုက်သည် "ကျွန်မကို ဒီလိုမျိုး ဆွဲပြီးမပြေးပါနဲ့ အမည်းလေးက အသိဉာဏ်သိပ်ရှိတာမဟုတ်ဘူး ဆိုးတာ ကောင်းတာ မခွဲနိုင်ဘူး သူ ရှင့်ကို ဒဏ်ရာရအောင်လုပ်မိရင် ပြဿနာတက်လိမ့် မယ်"
'အဲဒီခွေးက သူ့ကို ထိခိုက်စေနိုင်တယ်လို့လား' ဟု ကုန်းဇီယွမ် ပြောလိုက် ချင်သည်။ သို့သော် ရှီမာယူယူ၏ လေးနက်သောအမူအရာကို မြင်သောအခါ ခေါင်းညိတ်လိုက်သည်။
ရှီမာယူယူသည် အမည်းလေးကိုချကာ သူ့ခေါင်းကိုပုတ်လိုက်သည် "ကြီးလာလိုက်"
အမည်းလေးသည် လွန့်လူးလိုက်ရာ ကျားတစ်ကောင်အရွယ်အစားသို့ ပြောင်းသွားလေသည်။ ရှီမာယူယူ ခုန်တက်လိုက်ပြီး ကုန်းဇီယွမ်ကို ပြောလိုက် သည် "သွားမယ်"
ကုန်းဇီယွမ်သည် သူမရှေ့သို့သွားသည်ကိုကြည့်ပြီး လက်ကိုဆန့်ထုတ် ကာ မျက်လုံးများကို ကာလိုက်သည်။ ထိုလူများ သူမ၏ စာချုပ်သားရဲကို တွေ့ လျှင် မည်သို့တုံ့ပြန်မည်ကို တွေးမရပေ။
ရုတ်တရက်ပင် သူသည် တောင်ဆီသို့ သူမကိုကောင်းကောင်းခေါ်သွားရ မည်ဟု တွေးလိုက်သည်။ အနည်းဆုံးတော့ အရှက်ကွဲမည်မဟုတ်ပေ။
ထင်ထားသည့်အတိုင်းပင် ရှီမာယူယူ မရဏာခွေးပေါ်တွင် ထိုင်နေသည် ကို မြင်သောအခါ မြို့ဂိတ်မှလူများသည် မှင်တက်ကြလေသည်။ သူတို့ အားလုံး ရယ်မောလိုက်ကြသည်။
"ကုန်းဇီယွမ် မင်းက လူခေါ်လာမယ်လို့ပြောတာ ဒီအမှိုက်ကိုခေါ်လာတာ လား"
"မုရုန်ရှီ ကစားဖို့ ဒီတစ္ဆေသားရဲကို ဘယ်တုန်းကရလိုက်တာလဲ ဒါက မင်းရဲ့ စာချုပ်သားရဲလား"
"မင်းတို့အားလုံး အမှိုက်လို့ ထပ်ခေါ်ရင် ဦးလေးဟွေ့ဒေါသထွက်ပြီး မင်းတို့ကို မြို့ကနေနှင်ထုတ်လိမ့်မယ်" ကုန်းဇီယွမ် ခြိမ်းခြောက်လိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မုရုန်ရှီ အငယ်တွေကိစ္စကို မိသားစုက ဝင်မပါ ဘူးလို့ အရင်တစ်ခေါက်ကသဘောတူခဲ့ပြီးပြီ မင်းက ကတိဖျက်ပြီး စကားဖွာ ချင်တာလား"
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး လက်တစ်ဖက်ဖြင့် မေးစေ့ကို ပင့်ထောက်လိုက်သည် "လူကြီးတွေကို မပြောဘူးလို့ပြောထားမှတော့ မပြော ဘူးပေါ့ ကျွန်မက ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ"
"ဟုတ်တယ် ဒါပေမဲ့ မင်း ဂူလန်တောင်ကို ဒါကြီးစီးသွားမလို့လား"
ရှီမာယူယူသည် အမည်းလေး၏ ခေါင်းကိုပုတ်လိုက်သည် "ဒါက ဘာဖြစ် လို့လဲ ငါ့အမည်းလေးက မိုက်ပါတယ်"