Zawgyi
"မင္း ဘယ္လိုေရာက္လာတာလဲ ဟုတ္လား ေသခ်ာေပါက္ ငါ မင္းကို ေခၚလာတာေပါ့" ဘိုးေဘးႀကီး ေျပာေလသည္။
"ဘိုးေဘးႀကီးက ကြၽန္မကို ဒီကိုေခၚခဲ့တယ္ဟုတ္လား ဘယ္လိုလုပ္ ျဖစ္ ႏိုင္မွာလဲ" သူမ တီးတိုးေရ႐ြတ္လိုက္သည္ "ဘိုးေဘးႀကီးက ဒီမွာဖိႏွိပ္ခံထားရ သလို အားကလည္း အပိတ္ခံထားရတယ္၊ ကြၽန္မ အႏၲရာယ္ျဖစ္ေနတာကို ဘယ္လိုသိၿပီး ကြၽန္မရဲ႕ဝိညာဥ္ကို ဒီကိုေခၚလိုက္တာလဲ"
သူမကို ဖုံးလႊမ္းထားေသာ ျမဴခိုးမည္းႀကီးသည္ တျဖည္းျဖည္း ေပ်ာက္ ကြယ္သြားေလသည္။ သူမသည္ သူမရပ္ေနသည့္ေနရာကို ရွင္းလင္းစြာ ျမင္ရ ေခ်ၿပီ။
ၿပီးေနာက္ သူမ၏ ဘိုးေဘးႀကီးသည္ ျမဴခိုးမည္းႀကီးျဖင့္ ဖုံးအုပ္ထားဆဲ ျဖစ္ကာ သူ၏ ပုံရိပ္ကိုမျမင္ႏိုင္ေအာင္ လုပ္ထားသည္။
"အဲႏွစ္ မင္းလာတုန္းက မင္းရဲ႕ခႏၶာကိုယ္ထဲကို ငါ တစ္ခုထည့္ေပးလိုက္ တယ္ မင္းရဲ႕ခႏၶာကိုယ္မွာက တေစၦေရာင္ဝါရွိေနေတာ့ ငါ့ရဲ႕ ကိုယ္ပြားကိုရွာ မေတြ႕တာ သဘာဝပါပဲ" ဘိုးေဘးႀကီး ျပန္ေျဖလိုက္သသည္။
"ကြၽန္မ ဒီေန႔ ေဘးဒုကၡခံရမွာကို ဘိုးေဘးႀကီး အဲတုန္းကသိထားလား" ရွီမာယူယူသည္ စိတ္ထဲမွ အံ့ဩမႈကို မဖုံးကြယ္ႏိုင္ေပ။ ထိုသို႔ဆိုလွ်င္ သူ၏ အားသည္ အလြန္ပင္ အားေကာင္းသာ အခုခ်ိန္ထိ ကိစၥကို ခန႔္မွန္းခ်က္ထုတ္ ႏိုင္သည္။
ဘိုးေဘးႀကီးသည္ တိတ္ဆိတ္ေနကာ ျပန္မေျဖေပ။ သူသာ ထိုကိစၥေလး ကိုပင္ ေဟာကိန္းမထုတ္ႏိုင္ပါက ႏွစ္ေပါင္းမ်ားစြာ ေနလာသမွ်သည္ အလကားပင္ျဖစ္သည္။
"ဘိုးေဘးႀကီး ရွင္က တကယ္ပဲ ကြၽန္မရဲ႕ဘိုးေဘးႀကီးလား ရွင္က တေစၦ မ်ိဳးႏြယ္ေတာ္ဝင္မိသားစုကလား" ရွီမာယူယူ ထပ္ေမးလိုက္သည္ "တေစၦဘုရင္ က ရွင့္ကိုကယ္ဖို႔ ဘာလို႔ လူမလႊတ္တာလဲ"
"တေစၦမ်ိဳးႏြယ္ေတာ္ဝင္မိသားစုလား" ဘိုးေဘးႀကီးသည္ တေစၦမ်ိဳးႏြယ္ ေတာ္ဝင္မိသားစုကို မ်က္စိထဲပင္ မထည့္သကဲ့သို႔ သူ႔အသံမွာ အထင္ေသးသံ ပါေနသည္။ "တေစၦမ်ိဳးႏြယ္ရဲ႕ ဘုရင္အစစ္အမွန္က အဲလူေတြေ႐ြးတာမဟုတ္ ဘူး ေသြးကအလိုလိုေ႐ြးတာပဲ၊ ၾကာပန္းနက္ပြင့္တဲ့ေနရာ ကိုးခုေျမာက္ မရဏာေတာင္ေျခကို တေစၦေလာကရဲ႕ ေဒသသုံးခုက မလိုက္ရဲေတာ့ဘူး"
ရွီမာယူယူ စိတ္ထဲမွ အံ့အားသင့္သြားမိကာ ေက်ာျပင္မွ ဟသၤာပဒါးေရာင္ ၾကာပန္းနက္ကို ေတြးမိလိုက္သည္။
"ၾကာပန္းနက္ပြင့္တဲ့ေနရာ ကိုးခုေျမာက္ မရဏာေတာင္ေျခမွာရွိတဲ့ တေစၦေလာကရဲ႕နယ္ေျမသုံးခုကို မလိုက္ရဲေတာ့ဘူး..." ထိုအျဖစ္အပ်က္မ်ား ကို ေဘးပတ္ပတ္လည္တြင္ ျဖစ္ေနသကဲ့သို႔ သူမသည္ ထိုစကားကို ျပန္ေရ႐ြတ္ လိုက္သည္။
"ဟုတ္တယ္ တကယ့္ေတာ္ဝင္မ်ိဳးႏြယ္က ကိုးခုေျမာက္မရဏာ ေတာင္ေျခက ကိုးခုေျမာက္မရဏာမ်ိဳးႏြယ္မွာရွိတယ္၊ ငါတို႔ေတြက ေကာင္းကင္နဲ႔ ေျမႀကီးျဖစ္ေပၚကတည္းက တည္ရွိခဲ့ၾကတာ ငါတို႔ကသာ ေကာင္းကင္ရဲ႕ တကယ့္စစ္မွန္တဲ့ လိုက္ဖက္ျဖစ္မႈပဲ" ဘိုးေဘးႀကီး၏ စကား မ်ားသည္ ၾကာျပန္းနက္မ်ိဳးႏြယ္၏ ေတာ္ဝင္မ်ိဳး႐ိုးမ်ားတြင္သာရွိသည့္ ေမာက္မာသံေပါက္ေနသည္။
"ဒါဆိုရင္ ဘိုးေဘးႀကီးကို ဘာလို႔ ဒီမွာခ်ဳပ္ထားတာလဲ ဘယ္သူက ဒီမွာ လာပိတ္ထားတာလဲ"
"ကိုးခုေျမာက္ မရဏာမ်ိဳးႏြယ္က အားေကာင္းေပမဲ့ တခ်ိဳ႕ပဲ အရည္အခ်င္းနဲ႔ ဘိုးေဘးေတြရဲ႕ေသြးသားဂရွိတာ ၿပီးေတာ့ ကိုးခုေျမာက္ မရဏာမ်ိဳးႏြယ္က တျဖည္းျဖည္းပ်က္သုဥ္းေနၿပီ၊ ေနာက္ပိုင္း သူတို႔လည္း သီးျခားေနဖို႔ပဲေ႐ြးခ်ယ္လိုက္ၾကတယ္ ၿပီးေတာ့ တေစၦမ်ိဳးႏြယ္က တေစၦ ဘုရင္ကို ေ႐ြးလိုက္ၾကတယ္ ဒီကိစၥကို ငါတို႔လူနည္းစုပဲသိၾကေတာ့တယ္" ဘိုးေဘးႀကီးအသံသည္ ေျခာက္ကပ္ကပ္ျဖစ္ေနသည္ "ဒါေပမဲ့ ငါတို႔ ေသြးသား က ေတာ္ဝင္အျဖစ္ဆုံးပဲ တေစၦမ်ိဳးႏြယ္တစ္ခုလုံးကို ဖိႏွိပ္ႏိုင္တယ္"
"ကိုးခုေျမာက္မရဏာမ်ိဳးႏြယ္..." ရွီမာယူယူ စိတ္ထဲမွ မာနတစ္ခြဲသား ျဖင့္ ေရ႐ြတ္လိုက္သည္။ သူမသည္ ႐ုတ္တရက္ ကိုးခုေျမာက္ မရဏာ ေတာင္ေျခသို႔ သြားၾကည့္ခ်င္စိတ္ျဖစ္လာသည္။
"ကိုးခိုေျမာက္ မရဏာမ်ိဳးႏြယ္ရဲ႕ ဆက္ခံသူအေနနဲ႔ အနာဂတ္မွာ ငါတို႔မ်ိဳးႏြယ္ရဲ႕ ဂုဏ္က်က္သေရကို ေသခ်ာေပါက္ သိထားရမယ္ ၿပီးေတာ့ အဲဒီအနာဂတ္ဂုဏ္က်က္သေရကိုလည္း မင္းဖန္တီးရလိမ့္မယ္" ဘိုးေဘးႀကီး ေျပာေလသည္။
"ဘိုးေဘးႀကီး"
"ကိုးခုေျမာက္မရဏာမ်ိဳးႏြယ္က အၾကာႀကီးႏႈတ္ဆိတ္လာၿပီးၿပီ ျပန္ေပၚ ထြက္ရမယ့္အခ်ိန္ေရာက္ၿပီ" ဘိုးေဘးႀကီး ေၾကညာေလသည္ "မင္း တေစၦ ေလာကကိုေရာက္ၿပီးရင္ မင္းက ကိုးခုေျမာက္မရဏာမ်ိဳးႏြယ္ရဲ႕ သခင္မ ျဖစ္လာလိမ့္မယ္၊ မင္း မ်ိဳးႏြယ္ဝင္ေတြကိုေခၚသြားၿပီး ပိုႀကီးျမတ္တဲ့ ဂုဏ္သေရ ကိုျပၿပီး အဲဒီေမာက္မာေနတဲ့ေကာင္ေတြကို ႏွင္ထုတ္ၿပီး တေစၦေလာကရဲ႕ တကယ့္ဘုရင္က ဘယ္သူလဲဆိုတာျပလိုက္"
ရွီမာယူယူ၏ ႏႈတ္ခမ္းသည္ တြန႔္သြားသည္။ သူသည္ ထိုစကားကို သတၱိ ရွိရွိေျပာလိုက္ေသာ္လည္း လက္ေတြ႕မက်သလိုပင္။
"ဘိုးေဘးႀကီး အခု ကြၽန္မမွာအားမရွိဘူး" သူမ သူ႔ကို သတိေပးလိုက္ သည္ "ၿပီးေတာ့ ကြၽန္မက ကြၽန္မခႏၶာကိုယ္ပဲျပန္လိုခ်င္တာ တေစၦေလာကကို သြားခ်င္တာမဟုတ္ဘူး"
သူမသည္ အခုကို ၂ ႏွစ္ၾကာေအာင္ ေႏွာင့္ေႏွးေနၿပီျဖစ္သည္။ က်န္လူ မ်ား သူမကို မည္မွ်စိတ္ပူေနသည္ မသိေပ။ သူမသည္ ျဖစ္ႏိုင္သေလာက္ ျမန္ျမန္ျပန္ရမည္။
"မင္းရဲ႕ ဝိညာဥ္က ခႏၶာကိုယ္ကထြက္လာၿပီ ျပန္သြားလို႔မရဘူး" ဘိုးေဘးႀကီးသည္ သူမအေပၚသို႔ ေရေအးေလာင္းလိုက္ေလသည္ "မင္း အခုပဲ တေစၦေလာကကို သြားလို႔ရႏိုင္မယ္"
"ဘာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ" ရွီမာယူယူ ထိတ္လန႔္သြားသည္။ သူမ မျပန္ႏိုင္လွ်င္ လူသားေလာကမွ သူမ၏ ေဆြမ်ိဳးမ်ားႏွင့္ သူငယ္ခ်င္းမ်ားကို မည္သို႔ေတြ႕ႏိုင္ေတာ့မည္နည္း။
"မင္းခႏၶာကိုယ္ကို ျပန္ဖို႔အတြက္ ဝိညာဥ္က အရမ္းအားနည္းလြန္းတယ္ မင္းရဲ႕ က်င့္စဥ္အဆင့္က တေစၦဘုရင္ေလာက္ရွိရင္ေတာ့ မင္းရဲ႕ဝိညာဥ္က ခႏၶာကိုယ္ထဲကို မေပ်ာက္မကြယ္ဘဲ ဝင္ႏိုင္မယ္" ဘိုးေဘးႀကီး ျပန္ေျဖလိုက္ သည္ "အဲေတာ့ မင္းမွာ အခုနည္းလမ္းတစ္ခုပဲရွိေတာ့တယ္ မင္းတေစၦေလာက ကိုသြားၿပီး တေစၦက်င့္ႀကံသူျဖစ္လာဖို႔ပဲ၊ မင္း တေစၦေလာကကိုသြားၿပီး မင္း အေမကို မကယ္ခ်င္ဘူးလား မင္းလက္ေလ်ာ့ခ်င္ေနပီဲလား"
"ကြၽန္မ လက္ေလ်ာ့ခ်င္တာမဟုတ္ပါဘူး ဒါေပမဲ့ ကြၽန္မက ဒီလိုပဲ၊ ကြၽန္မမွာ ၾကက္တစ္ေကာင္ကိုေတာင္ ခ်ဳပ္ဖို႔အားမရွိဘူး တေစၦေလာကမွာ ႏွစ္ရက္ေတာင္မေနႏိုင္မွာ စိုးရတယ္" ရွီမာယူယူ မတတ္သာစြာျဖင့္ ေျပာလိုက္ သည္ "ကြၽန္မ အေမကိုကယ္ခ်င္တယ္ ဒါေပမဲ့ ကြၽန္မက အခုလိုပုံစံျဖစ္ေန တယ္ေလ ဒီအေျခအေနနဲ႔ ဘယ္ေလာက္ၾကာေအာင္ သြားရမလဲမသိေသးဘူး"
သူမသာ သူမ၏ ခႏၶာကိုယ္သို႔ ျပန္သြားပါက သူမ၏ အားကိုျပန္ရႏိုင္ဦး မည္။ သို႔ေသာ္ သူမသည္ ဝိညာဥ္တစ္ခုသာျဖစ္သည္။ သူမသည္ အစမွျပန္ ေလ့က်င့္ရဦးမည္ျဖစ္ကာ မိခင္ျဖစ္သူကို ကယ္ႏိုင္သည္အထိေစာင့္ရဦးမည္။ ထိုအရာမွာ ေတြးၾကည့္႐ုံႏွင့္တင္ ေအးစက္လွသည္။
"ဒီအတြက္ကိုေတာ့ စိတ္မပူပါနဲ႔ မင္း လြယ္လြယ္နဲ႔မေသပါဘူး" ဘိုးေဘးႀကီး အာမခံေလသည္။
ရွီမာယူယူ ဆြံ႕အသြားသည္။
သူမ သက္ျပင္းခ်လိုက္သည္။ ေ႐ြးခ်ယ္စရာမရွိမွေတာ့ သူမ ဘာလုပ္ႏိုင္ ဦးမွာလဲ။ သူမ က်ည္ဆန္ကိုကိုက္ၿပီး ဆက္လုပ္ရေတာ့မွာပဲ။
"အကုန္လုံးမွာက သူ႔အစီအစဥ္နဲ႔ သူရွိတယ္" ဘိုးေဘးႀကီး ေျပာလိုက္ သည္ "အဲေတာ့ အဲအတြက္နဲ႔ ဘာမွစိတ္ပူစရာမလိုဘူး မင္းကို ဘယ္ဟာကမွ ေနာက္ျပန္ဆြဲမထားဘူး"
"ဟုတ္ကဲ့ပါ ယူယူ နားလည္ပါၿပီ" ရွီမာယူယူ ျပန္ေျဖလိုက္သည္။
"မုန္တိုင္းလာေနၿပီ အခ်ိန္ဘယ္ေလာက္မွ မက်န္ေတာ့ဘူး" ဘိုးေဘးႀကီး သက္ျပင္းခ်လိုက္သည္။
"ဘိုးေဘးႀကီး" သူ႐ုတ္တရက္ ဘာေၾကာင့္ သက္ျပင္းခ်လိုက္သည္ကို ရွီမာယူယူ နားမလည္ေပ "ကြၽန္မ ဘိုးေဘးႀကီးအတြက္ ဘာလုပ္ေပးႏိုင္မလဲ"
"မင္းလုပ္ရမယ့္ဟာရွိတယ္" ဘိုးေဘးႀကီး ျပန္ေျဖလိုက္သည္ "ငါနဲ႔ လိုက္ခဲ့"
ရွီမာယူယူ ေလွ်ာက္သြားလိုက္သည္။ ျမဴခိုးမည္းမွာ တျဖည္းျဖည္း ေလ်ာ့ပါးလာသည္။ ထိုအခါမွပင္ ၾကမ္းေပၚတြင္ အမည္းေရာင္တည္ေဆာက္မႈ ရွိေနသည္ကို သိလိုက္ရသည္။
"အေနာက္ေတာင္ဘက္မွာ ရပ္လိုက္" ဘိုးေဘးႀကီး ေျပာလိုက္သည္။
ရွီမာယူယူသည္ စကၠန႔္ပိုင္းမွ်ေတြေဝၿပီးေနာက္ သြားလိုက္သည္။ သူသာ သူမကို တစ္ခုခုလုပ္ခ်င္ပါက ၂ ႏွစ္ၾကာေအာင္ ကယ္ခဲ့မည္မဟုတ္ေပ။
"ဘိုးေဘးႀကီး တည္ေဆာက္မႈကို ခ်ိဳးဖ်က္ဖို႔ နည္းလမ္းရွိႏိုင္မလား" သူမ ေျပာလိုက္သည္။
"မလိုဘူး ငါေျပာသလိုလုပ္" သူ ျငင္းဆန္လိုက္သည္။
ရွီမာယူယူသည္ ႏႈတ္ခမ္းတြန႔္လိုက္ကာ သူ ေျပာသည့္ေနရာတြင္ ရပ္ လိုက္သည္။ သူမသည္ ေနရာလြတ္တစ္ခုတြင္ ေရာက္သြားသကဲ့သို႔ ျမင္ကြင္း တစ္ခုလုံး ေဝဝါးသြားသည္ကို ခံစားမိၿပီး ေႏြးေထြးမႈမွာ လႊမ္းၿခဳံမိသြားသည္။
ေနာက္တစ္ခုမွာ စြမ္းအားတခ်ိဳ႕သည္ သူမခႏၶာကိုယ္အတြင္းသို႔ ဝင္သြား ေလသည္။
"ဘိုးေဘးႀကီး..." သူမ ကပ်ာကယာ ေအာ္လိုက္သည္။
"လက္ခံလိုက္" ဘိုးေဘးႀကီး၏ အသံသည္ သူမအနားတြင္ ဝဲလည္လည္ ျဖစ္ေနရာ ထိုအသံသည္ လႈပ္ရွားေနေသာ သူမ၏ စိတ္ကိုၿငိမ္သြားေစသည္။
"ဘိုးေဘးႀကီး ဒါဘာလဲ"
"ယူယူ ဒါကိုမွတ္ထားလိုက္ ဒီကမာၻႀကီးမွာ အားအေကာင္းဆုံးက ႏွစ္ခုပဲ ရွိတယ္ တစ္ခုက ယုံၾကည္မႈစြမ္းအားနဲ႔ ေနာက္တစ္ခုက အခုမင္းကို ငါေပးတဲ့ မရဏာစြမ္းအားပဲ၊ ဒီစြမ္းအားႏွစ္ခုေပါင္းလိုက္ရင္ ေကာင္းကင္နဲ႔ ေျမႀကီးကို ဖ်က္ဆီးႏိုင္တဲ့ စြမ္းအားကို ဖန္တီးႏိုင္တယ္" ဘိုးေဘးႀကီး ေျပာ လိုက္သည္ "ၿပီးေတာ့ ဒီမရဏာစြမ္းအားမွာ ငါတို႔ကိုးခုမရဏာမ်ိဳးႏြယ္က အထက္စီးကပဲ"
"ဘိုးေဘးႀကီး အခု ကြၽန္မကို ဘိုးေဘးႀကီးရဲ႕ မရဏာစြမ္းအားကို ေပးလိုက္တာလား မဟုတ္ဘူး ကြၽန္မ ရွင့္ကိုကယ္ႏိုင္တယ္"
"မဟုတ္ဘူး အသုံးမဝင္ဘူး ငါ ဒီကိုေျခခ်လိုက္ကတည္းက ထြက္သြားႏိုင္ ေခ်မရွိေတာ့ဘူး ငါ ေစာင့္ေနတာ မင္းကိုေစာင့္ေနတာ အခုထိေစာင့္ေနခဲ့တာ"
"ဘာလို႔လဲ"
"အကုန္လုံးမွာ အဆုံးသတ္ဆိုတာရွိတယ္ မင္းပဲလုပ္ႏိုင္တဲ့ ကိစၥတခ်ိဳ႕ရွိ သလို မင္းလုပ္ဖို႔ကိုလည္း ေစာင့္ေနၾကတယ္ မင္းကို အရင္ကေျပာခဲ့တာကို မွတ္ထားပါ..."
ရွီမာယူယူ၏ အံ့ဖြယ္အာ႐ုံသည္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။ သို႔ေသာ္ ထိုဘိုးေဘးႀကီးသည္ အေၾကာင္းအရာမ်ားစြာ ေရ႐ြတ္သြားသည္ကို သူမ မွတ္မိသည္။ သူမ အေမွာင္ထဲသို႔ နစ္ဝင္သြားသည့္အခ်ိန္တြင္ သူမ၏ ခႏၶာကိုယ္သည္ ေနာက္တစ္ဖန္ ေပါက္ကြဲေတာ့မည့္အတိုင္း ခံစားရေလသည္။
Unicode
အပိုင်း (၁၇၃၇) – မရဏာနိုင်ငံမှစွမ်းအား
"မင်း ဘယ်လိုရောက်လာတာလဲ ဟုတ်လား သေချာပေါက် ငါ မင်းကို ခေါ်လာတာပေါ့" ဘိုးဘေးကြီး ပြောလေသည်။
"ဘိုးဘေးကြီးက ကျွန်မကို ဒီကိုခေါ်ခဲ့တယ်ဟုတ်လား ဘယ်လိုလုပ် ဖြစ် နိုင်မှာလဲ" သူမ တီးတိုးရေရွတ်လိုက်သည် "ဘိုးဘေးကြီးက ဒီမှာဖိနှိပ်ခံထားရ သလို အားကလည်း အပိတ်ခံထားရတယ်၊ ကျွန်မ အန္တရာယ်ဖြစ်နေတာကို ဘယ်လိုသိပြီး ကျွန်မရဲ့ဝိညာဉ်ကို ဒီကိုခေါ်လိုက်တာလဲ"
သူမကို ဖုံးလွှမ်းထားသော မြူခိုးမည်းကြီးသည် တဖြည်းဖြည်း ပျောက် ကွယ်သွားလေသည်။ သူမသည် သူမရပ်နေသည့်နေရာကို ရှင်းလင်းစွာ မြင်ရ ချေပြီ။
ပြီးနောက် သူမ၏ ဘိုးဘေးကြီးသည် မြူခိုးမည်းကြီးဖြင့် ဖုံးအုပ်ထားဆဲ ဖြစ်ကာ သူ၏ ပုံရိပ်ကိုမမြင်နိုင်အောင် လုပ်ထားသည်။
"အဲနှစ် မင်းလာတုန်းက မင်းရဲ့ခန္ဓာကိုယ်ထဲကို ငါ တစ်ခုထည့်ပေးလိုက် တယ် မင်းရဲ့ခန္ဓာကိုယ်မှာက တစ္ဆေရောင်ဝါရှိနေတော့ ငါ့ရဲ့ ကိုယ်ပွားကိုရှာ မတွေ့တာ သဘာဝပါပဲ" ဘိုးဘေးကြီး ပြန်ဖြေလိုက်သသည်။
"ကျွန်မ ဒီနေ့ ဘေးဒုက္ခခံရမှာကို ဘိုးဘေးကြီး အဲတုန်းကသိထားလား" ရှီမာယူယူသည် စိတ်ထဲမှ အံ့ဩမှုကို မဖုံးကွယ်နိုင်ပေ။ ထိုသို့ဆိုလျှင် သူ၏ အားသည် အလွန်ပင် အားကောင်းသာ အခုချိန်ထိ ကိစ္စကို ခန့်မှန်းချက်ထုတ် နိုင်သည်။
ဘိုးဘေးကြီးသည် တိတ်ဆိတ်နေကာ ပြန်မဖြေပေ။ သူသာ ထိုကိစ္စလေး ကိုပင် ဟောကိန်းမထုတ်နိုင်ပါက နှစ်ပေါင်းများစွာ နေလာသမျှသည် အလကားပင်ဖြစ်သည်။
"ဘိုးဘေးကြီး ရှင်က တကယ်ပဲ ကျွန်မရဲ့ဘိုးဘေးကြီးလား ရှင်က တစ္ဆေ မျိုးနွယ်တော်ဝင်မိသားစုကလား" ရှီမာယူယူ ထပ်မေးလိုက်သည် "တစ္ဆေဘုရင် က ရှင့်ကိုကယ်ဖို့ ဘာလို့ လူမလွှတ်တာလဲ"
"တစ္ဆေမျိုးနွယ်တော်ဝင်မိသားစုလား" ဘိုးဘေးကြီးသည် တစ္ဆေမျိုးနွယ် တော်ဝင်မိသားစုကို မျက်စိထဲပင် မထည့်သကဲ့သို့ သူ့အသံမှာ အထင်သေးသံ ပါနေသည်။ "တစ္ဆေမျိုးနွယ်ရဲ့ ဘုရင်အစစ်အမှန်က အဲလူတွေရွေးတာမဟုတ် ဘူး သွေးကအလိုလိုရွေးတာပဲ၊ ကြာပန်းနက်ပွင့်တဲ့နေရာ ကိုးခုမြောက် မရဏာတောင်ခြေကို တစ္ဆေလောကရဲ့ ဒေသသုံးခုက မလိုက်ရဲတော့ဘူး"
ရှီမာယူယူ စိတ်ထဲမှ အံ့အားသင့်သွားမိကာ ကျောပြင်မှ ဟင်္သာပဒါးရောင် ကြာပန်းနက်ကို တွေးမိလိုက်သည်။
"ကြာပန်းနက်ပွင့်တဲ့နေရာ ကိုးခုမြောက် မရဏာတောင်ခြေမှာရှိတဲ့ တစ္ဆေလောကရဲ့နယ်မြေသုံးခုကို မလိုက်ရဲတော့ဘူး..." ထိုအဖြစ်အပျက်များ ကို ဘေးပတ်ပတ်လည်တွင် ဖြစ်နေသကဲ့သို့ သူမသည် ထိုစကားကို ပြန်ရေရွတ် လိုက်သည်။
"ဟုတ်တယ် တကယ့်တော်ဝင်မျိုးနွယ်က ကိုးခုမြောက်မရဏာ တောင်ခြေက ကိုးခုမြောက်မရဏာမျိုးနွယ်မှာရှိတယ်၊ ငါတို့တွေက ကောင်းကင်နဲ့ မြေကြီးဖြစ်ပေါ်ကတည်းက တည်ရှိခဲ့ကြတာ ငါတို့ကသာ ကောင်းကင်ရဲ့ တကယ့်စစ်မှန်တဲ့ လိုက်ဖက်ဖြစ်မှုပဲ" ဘိုးဘေးကြီး၏ စကား များသည် ကြာပြန်းနက်မျိုးနွယ်၏ တော်ဝင်မျိုးရိုးများတွင်သာရှိသည့် မောက်မာသံပေါက်နေသည်။
"ဒါဆိုရင် ဘိုးဘေးကြီးကို ဘာလို့ ဒီမှာချုပ်ထားတာလဲ ဘယ်သူက ဒီမှာ လာပိတ်ထားတာလဲ"
"ကိုးခုမြောက် မရဏာမျိုးနွယ်က အားကောင်းပေမဲ့ တချို့ပဲ အရည်အချင်းနဲ့ ဘိုးဘေးတွေရဲ့သွေးသားဂရှိတာ ပြီးတော့ ကိုးခုမြောက် မရဏာမျိုးနွယ်က တဖြည်းဖြည်းပျက်သုဉ်းနေပြီ၊ နောက်ပိုင်း သူတို့လည်း သီးခြားနေဖို့ပဲရွေးချယ်လိုက်ကြတယ် ပြီးတော့ တစ္ဆေမျိုးနွယ်က တစ္ဆေ ဘုရင်ကို ရွေးလိုက်ကြတယ် ဒီကိစ္စကို ငါတို့လူနည်းစုပဲသိကြတော့တယ်" ဘိုးဘေးကြီးအသံသည် ခြောက်ကပ်ကပ်ဖြစ်နေသည် "ဒါပေမဲ့ ငါတို့ သွေးသား က တော်ဝင်အဖြစ်ဆုံးပဲ တစ္ဆေမျိုးနွယ်တစ်ခုလုံးကို ဖိနှိပ်နိုင်တယ်"
"ကိုးခုမြောက်မရဏာမျိုးနွယ်..." ရှီမာယူယူ စိတ်ထဲမှ မာနတစ်ခွဲသား ဖြင့် ရေရွတ်လိုက်သည်။ သူမသည် ရုတ်တရက် ကိုးခုမြောက် မရဏာ တောင်ခြေသို့ သွားကြည့်ချင်စိတ်ဖြစ်လာသည်။
"ကိုးခိုမြောက် မရဏာမျိုးနွယ်ရဲ့ ဆက်ခံသူအနေနဲ့ အနာဂတ်မှာ ငါတို့မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို သေချာပေါက် သိထားရမယ် ပြီးတော့ အဲဒီအနာဂတ်ဂုဏ်ကျက်သရေကိုလည်း မင်းဖန်တီးရလိမ့်မယ်" ဘိုးဘေးကြီး ပြောလေသည်။
"ဘိုးဘေးကြီး"
"ကိုးခုမြောက်မရဏာမျိုးနွယ်က အကြာကြီးနှုတ်ဆိတ်လာပြီးပြီ ပြန်ပေါ် ထွက်ရမယ့်အချိန်ရောက်ပြီ" ဘိုးဘေးကြီး ကြေညာလေသည် "မင်း တစ္ဆေ လောကကိုရောက်ပြီးရင် မင်းက ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ သခင်မ ဖြစ်လာလိမ့်မယ်၊ မင်း မျိုးနွယ်ဝင်တွေကိုခေါ်သွားပြီး ပိုကြီးမြတ်တဲ့ ဂုဏ်သရေ ကိုပြပြီး အဲဒီမောက်မာနေတဲ့ကောင်တွေကို နှင်ထုတ်ပြီး တစ္ဆေလောကရဲ့ တကယ့်ဘုရင်က ဘယ်သူလဲဆိုတာပြလိုက်"
ရှီမာယူယူ၏ နှုတ်ခမ်းသည် တွန့်သွားသည်။ သူသည် ထိုစကားကို သတ္တိ ရှိရှိပြောလိုက်သော်လည်း လက်တွေ့မကျသလိုပင်။
"ဘိုးဘေးကြီး အခု ကျွန်မမှာအားမရှိဘူး" သူမ သူ့ကို သတိပေးလိုက် သည် "ပြီးတော့ ကျွန်မက ကျွန်မခန္ဓာကိုယ်ပဲပြန်လိုချင်တာ တစ္ဆေလောကကို သွားချင်တာမဟုတ်ဘူး"
သူမသည် အခုကို ၂ နှစ်ကြာအောင် နှောင့်နှေးနေပြီဖြစ်သည်။ ကျန်လူ များ သူမကို မည်မျှစိတ်ပူနေသည် မသိပေ။ သူမသည် ဖြစ်နိုင်သလောက် မြန်မြန်ပြန်ရမည်။
"မင်းရဲ့ ဝိညာဉ်က ခန္ဓာကိုယ်ကထွက်လာပြီ ပြန်သွားလို့မရဘူး" ဘိုးဘေးကြီးသည် သူမအပေါ်သို့ ရေအေးလောင်းလိုက်လေသည် "မင်း အခုပဲ တစ္ဆေလောကကို သွားလို့ရနိုင်မယ်"
"ဘာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမ မပြန်နိုင်လျှင် လူသားလောကမှ သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို မည်သို့တွေ့နိုင်တော့မည်နည်း။
"မင်းခန္ဓာကိုယ်ကို ပြန်ဖို့အတွက် ဝိညာဉ်က အရမ်းအားနည်းလွန်းတယ် မင်းရဲ့ ကျင့်စဉ်အဆင့်က တစ္ဆေဘုရင်လောက်ရှိရင်တော့ မင်းရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကို မပျောက်မကွယ်ဘဲ ဝင်နိုင်မယ်" ဘိုးဘေးကြီး ပြန်ဖြေလိုက် သည် "အဲတော့ မင်းမှာ အခုနည်းလမ်းတစ်ခုပဲရှိတော့တယ် မင်းတစ္ဆေလောက ကိုသွားပြီး တစ္ဆေကျင့်ကြံသူဖြစ်လာဖို့ပဲ၊ မင်း တစ္ဆေလောကကိုသွားပြီး မင်း အမေကို မကယ်ချင်ဘူးလား မင်းလက်လျော့ချင်နေပီဲလား"
"ကျွန်မ လက်လျော့ချင်တာမဟုတ်ပါဘူး ဒါပေမဲ့ ကျွန်မက ဒီလိုပဲ၊ ကျွန်မမှာ ကြက်တစ်ကောင်ကိုတောင် ချုပ်ဖို့အားမရှိဘူး တစ္ဆေလောကမှာ နှစ်ရက်တောင်မနေနိုင်မှာ စိုးရတယ်" ရှီမာယူယူ မတတ်သာစွာဖြင့် ပြောလိုက် သည် "ကျွန်မ အမေကိုကယ်ချင်တယ် ဒါပေမဲ့ ကျွန်မက အခုလိုပုံစံဖြစ်နေ တယ်လေ ဒီအခြေအနေနဲ့ ဘယ်လောက်ကြာအောင် သွားရမလဲမသိသေးဘူး"
သူမသာ သူမ၏ ခန္ဓာကိုယ်သို့ ပြန်သွားပါက သူမ၏ အားကိုပြန်ရနိုင်ဦး မည်။ သို့သော် သူမသည် ဝိညာဉ်တစ်ခုသာဖြစ်သည်။ သူမသည် အစမှပြန် လေ့ကျင့်ရဦးမည်ဖြစ်ကာ မိခင်ဖြစ်သူကို ကယ်နိုင်သည်အထိစောင့်ရဦးမည်။ ထိုအရာမှာ တွေးကြည့်ရုံနှင့်တင် အေးစက်လှသည်။
"ဒီအတွက်ကိုတော့ စိတ်မပူပါနဲ့ မင်း လွယ်လွယ်နဲ့မသေပါဘူး" ဘိုးဘေးကြီး အာမခံလေသည်။
ရှီမာယူယူ ဆွံ့အသွားသည်။
သူမ သက်ပြင်းချလိုက်သည်။ ရွေးချယ်စရာမရှိမှတော့ သူမ ဘာလုပ်နိုင် ဦးမှာလဲ။ သူမ ကျည်ဆန်ကိုကိုက်ပြီး ဆက်လုပ်ရတော့မှာပဲ။
"အကုန်လုံးမှာက သူ့အစီအစဉ်နဲ့ သူရှိတယ်" ဘိုးဘေးကြီး ပြောလိုက် သည် "အဲတော့ အဲအတွက်နဲ့ ဘာမှစိတ်ပူစရာမလိုဘူး မင်းကို ဘယ်ဟာကမှ နောက်ပြန်ဆွဲမထားဘူး"
"ဟုတ်ကဲ့ပါ ယူယူ နားလည်ပါပြီ" ရှီမာယူယူ ပြန်ဖြေလိုက်သည်။
"မုန်တိုင်းလာနေပြီ အချိန်ဘယ်လောက်မှ မကျန်တော့ဘူး" ဘိုးဘေးကြီး သက်ပြင်းချလိုက်သည်။
"ဘိုးဘေးကြီး" သူရုတ်တရက် ဘာကြောင့် သက်ပြင်းချလိုက်သည်ကို ရှီမာယူယူ နားမလည်ပေ "ကျွန်မ ဘိုးဘေးကြီးအတွက် ဘာလုပ်ပေးနိုင်မလဲ"
"မင်းလုပ်ရမယ့်ဟာရှိတယ်" ဘိုးဘေးကြီး ပြန်ဖြေလိုက်သည် "ငါနဲ့ လိုက်ခဲ့"
ရှီမာယူယူ လျှောက်သွားလိုက်သည်။ မြူခိုးမည်းမှာ တဖြည်းဖြည်း လျော့ပါးလာသည်။ ထိုအခါမှပင် ကြမ်းပေါ်တွင် အမည်းရောင်တည်ဆောက်မှု ရှိနေသည်ကို သိလိုက်ရသည်။
"အနောက်တောင်ဘက်မှာ ရပ်လိုက်" ဘိုးဘေးကြီး ပြောလိုက်သည်။
ရှီမာယူယူသည် စက္ကန့်ပိုင်းမျှတွေဝေပြီးနောက် သွားလိုက်သည်။ သူသာ သူမကို တစ်ခုခုလုပ်ချင်ပါက ၂ နှစ်ကြာအောင် ကယ်ခဲ့မည်မဟုတ်ပေ။
"ဘိုးဘေးကြီး တည်ဆောက်မှုကို ချိုးဖျက်ဖို့ နည်းလမ်းရှိနိုင်မလား" သူမ ပြောလိုက်သည်။
"မလိုဘူး ငါပြောသလိုလုပ်" သူ ငြင်းဆန်လိုက်သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်ကာ သူ ပြောသည့်နေရာတွင် ရပ် လိုက်သည်။ သူမသည် နေရာလွတ်တစ်ခုတွင် ရောက်သွားသကဲ့သို့ မြင်ကွင်း တစ်ခုလုံး ဝေဝါးသွားသည်ကို ခံစားမိပြီး နွေးထွေးမှုမှာ လွှမ်းခြုံမိသွားသည်။
နောက်တစ်ခုမှာ စွမ်းအားတချို့သည် သူမခန္ဓာကိုယ်အတွင်းသို့ ဝင်သွား လေသည်။
"ဘိုးဘေးကြီး..." သူမ ကပျာကယာ အော်လိုက်သည်။
"လက်ခံလိုက်" ဘိုးဘေးကြီး၏ အသံသည် သူမအနားတွင် ဝဲလည်လည် ဖြစ်နေရာ ထိုအသံသည် လှုပ်ရှားနေသော သူမ၏ စိတ်ကိုငြိမ်သွားစေသည်။
"ဘိုးဘေးကြီး ဒါဘာလဲ"
"ယူယူ ဒါကိုမှတ်ထားလိုက် ဒီကမ္ဘာကြီးမှာ အားအကောင်းဆုံးက နှစ်ခုပဲ ရှိတယ် တစ်ခုက ယုံကြည်မှုစွမ်းအားနဲ့ နောက်တစ်ခုက အခုမင်းကို ငါပေးတဲ့ မရဏာစွမ်းအားပဲ၊ ဒီစွမ်းအားနှစ်ခုပေါင်းလိုက်ရင် ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ဖန်တီးနိုင်တယ်" ဘိုးဘေးကြီး ပြော လိုက်သည် "ပြီးတော့ ဒီမရဏာစွမ်းအားမှာ ငါတို့ကိုးခုမရဏာမျိုးနွယ်က အထက်စီးကပဲ"
"ဘိုးဘေးကြီး အခု ကျွန်မကို ဘိုးဘေးကြီးရဲ့ မရဏာစွမ်းအားကို ပေးလိုက်တာလား မဟုတ်ဘူး ကျွန်မ ရှင့်ကိုကယ်နိုင်တယ်"
"မဟုတ်ဘူး အသုံးမဝင်ဘူး ငါ ဒီကိုခြေချလိုက်ကတည်းက ထွက်သွားနိုင် ချေမရှိတော့ဘူး ငါ စောင့်နေတာ မင်းကိုစောင့်နေတာ အခုထိစောင့်နေခဲ့တာ"
"ဘာလို့လဲ"
"အကုန်လုံးမှာ အဆုံးသတ်ဆိုတာရှိတယ် မင်းပဲလုပ်နိုင်တဲ့ ကိစ္စတချို့ရှိ သလို မင်းလုပ်ဖို့ကိုလည်း စောင့်နေကြတယ် မင်းကို အရင်ကပြောခဲ့တာကို မှတ်ထားပါ..."
ရှီမာယူယူ၏အံ့ဖွယ်အာရုံသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သို့သော် ထိုဘိုးဘေးကြီးသည် အကြောင်းအရာများစွာရေရွတ်သွားသည်ကို သူမ မှတ်မိသည်။ သူမ အမှောင်ထဲသို့ နစ်ဝင်သွားသည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်သည် နောက်တစ်ဖန် ပေါက်ကွဲတော့မည့်အတိုင်း ခံစားရလေသည်။