Zawgyi
အပိုင္း (၁၇၃၃) – ႏိုးရန္မျဖစ္ႏိုင္ျခင္း ၁
အားလုံးသည္ ထိုျမင္ကြင္းေၾကာင့္ ၾကက္ေသေသသြားၾကသည္။ အျဖစ္ အပ်က္မွာ ျမန္ဆန္လြန္းလွသျဖင့္ တုံ႔ျပန္ရန္ပင္ အခ်ိန္မရွိလိုက္ေပ။
ရွီမာယူယူက ဘယ္လိုျဖစ္ၿပီး... ဒီအတိုင္း ေသသြားတာလဲ။
သူမ ခႏၶာကိုယ္ ေပါက္ကြဲသြားသည္ႏွင့္ ထိုစြမ္းအား၏ တြန္းဖယ္ျခင္းခံရ သည္ကို ၾကည့္ၿပီး ထိုအမွန္တရားကို သူတို႔ယုံရေတာ့သည္။
ရွီမာယူယူသည္ သူမခႏၶာကိုယ္ မည္သို႔ျဖစ္သြားသည္ကို မသိေပ။ သူမ၏ အသိစိတ္အနည္းအက်ဥ္းသည္ အစိတ္စိတ္အမႊာမႊာျဖစ္သြားသည္။ သူမသည္ ျပာလဲ့ေသာ ေကာင္းကင္ကို ေငးငိုင္စြာၾကည့္မိသည္။ ထိုအရာသည္ သူမ ေနာက္ဆုံးျမင္လိုက္သည့္ အေရာင္ပင္ ျဖစ္ႏိုင္သည္။
မၾကာမီတြင္ သူမသည္ နာက်င္မႈကို မခံစားရေပ။ သူမအပါအဝင္ အရာ အားလုံးမွာ ထင္ေယာင္ထင္မွားျဖစ္လာသည္။
သူမသည္ ေသေတာ့မည္။ ထိုခံစားခ်က္သည္ အရင္ သူမ ေသခဲ့စဥ္က ခံစားခ်က္ႏွင့္အတူတူပင္.... ေအးစိမ့္ျခင္း၊ ေၾကာက္႐ြံမႈႏွင့္ အဆုံးမရွိေသာ အေမွာင္ထု....
ဒါက ရင္လင္းေျပာခဲ့တဲ့ ေဘးဒုကၡမ်ားလား။ ရၿပီေလ အခုျဖစ္လာၿပီ။
သူမ အိမ္ကထြက္လာစဥ္က စိတ္ပူပန္မႈႏွင့္ တြန႔္ဆုတ္မႈကို စဥ္းစားၾကည့္ လွ်င္ ထိုစဥ္က ေနာင္တစ္ခ်ိန္တြင္ ေဆြမ်ိဳးမ်ားကို မျမင္ႏိုင္ေတာ့ဟု စိတ္ထင္ခဲ့ သည္။
ဒါက သူမရဲ႕ ေဘးဒုကၡျဖစ္ေနတာကိုး...
သူမသည္ ႐ုတ္တရက္ ဝိညာဥ္ေစတီအတြင္းတြင္ ရွိေနေသးေသာ သူမ၏ ဖခင္ျဖစ္သူကို ေတြးမိသြားသည္။ အစကေတာ့ သူ အနည္းငယ္စိတ္ပူေနသည္ ကို သူမ အာ႐ုံခံမိသည္။ သူသည္ ႀကိဳသတိေပးခဲ့ေသးသည္။ သူသည္ ဝိညာဥ္ ေစတီအတြင္းပိတ္မိေနကာ သူမေသ ေသဆုံးသြားေလၿပီ။ သူ ဘယ္လိုထြက္ ေတာ့မလဲ။
ၿပီးေတာ့ ေလာကအေသးထဲက လူေတြေရာ။ သူတို႔ေရာ ဘယ္လိုလုပ္ၾက မလဲ။
သူမ အစိုးရိမ္ဆုံးမွာ... ဝူလင္းယူပင္။ သူမ ေသသြားၿပီလို႔ သူသိရင္ ဘယ္လိုျဖစ္သြားမလဲ။
"လင္းယူ ေတာင္းပန္ပါတယ္...."
"အေဖ အေမ သမီးေတာင္းပန္ပါတယ္..."
လင္းယူ... ကြၽန္မ တကယ္ပဲ... ရွင့္ကို တစ္ခါေလာက္ထပ္ၿပီး ေတြ႕ခ်င္ တယ္...
မေသဆုံးခင္တြင္ ေထာင္ခ်ီေသာ မွတ္ဉာဏ္မ်ား ျဖတ္ခနဲေပၚလာသည္။ သို႔ေသာ္ တျခားသူမ်ား၏ အျမင္တြင္ေတာ့ ထိုအရာသည္ တစ္ခဏမွ်သာ ျဖစ္ သည္။ သူတို႔သည္ သူမ၏ အေျခအေနကို ရွင္းရွင္းလင္းလင္းမျမင္ရေပ။
သူမက... အ႐ိုးေတာင္... မက်န္ခဲ့ေတာ့ဘူးလား...
နတ္ဆိုးေလာကတြင္ ဝူလင္းယူသည္ လက္ေအာက္ငယ္သားမ်ားႏွင့္ စခန္းတြင္ ကိစၥမ်ားကို ေဆြးေႏြးလ်က္ရွိသည္။ ႐ုတ္တရက္ သူ႔ႏွလုံးသားထဲမွ နာက်င္မႈကို ခံစားရသည္။ သူသည္ တစ္စုံတစ္ခုကို အာ႐ုံခံမိၿပီး မ်က္ႏွာမွာ ျဖဴေဖ်ာ့လာသည္။
"ငါ့ကိုေခၚသြားေပး"
ေလဟာျပင္တြင္ ေပါက္ၿပဲရာတစ္ခုေပၚလာသည္။ သူသည္ အားလုံးကို ေျပာခ်ိန္ပင္မရွိေတာ့ေပ။ သူ၏ ေျခလွမ္းမ်ားမွာ ေလးလံလွသည္။ သူသည္ ေလဟာျပင္ဆီသို႔ တြားသြားသည္ဟုပင္ ေျပာရသည္။
ရွီမာယူယူ၏ အသိစိတ္မွာ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေလၿပီ။ သူမ အသိစိတ္မေပ်ာက္ခင္ ေနာက္ဆုံးအေတြးမွာ မေတြ႕လိုက္ရေသာလူပင္ျဖစ္၏။
လင္းယူ ကြၽန္မ... ရွင့္ကို တစ္ခါေလာက္ေတြ႕ခြင့္ရမလား...
ရွင္လာရင္... ကြၽန္မ ေက်နပ္ပါၿပီ...
ေနာက္တြင္ အဆုံးမရွိေသာ အေမွာင္ထုႀကီး က်လာေတာ့သည္။
ဝူလင္းယူ ေလဟာျပင္မွ ထြက္လာခ်ိန္တြင္ ရွီမာယူယူ၏ အစိတ္စိတ္ အမႊာမႊာျဖစ္ေနေသာ ခႏၶာကိုယ္ကိုသာ ျမင္လိုက္ရသည္။ သူ၏ မ်က္လုံးမ်ား ျပဴးက်ယ္လာကာ နီရဲသြားေတာ့သည္။ သူသည္ ႐ူးသြပ္ေတာ့မလိုပင္။
"သူမကို ဘာလို႔မကယ္တာလဲ မင္းရဲ႕တာဝန္ကဘာလဲဆိုတာ ေမ့သြားၿပီ လား" သူ ေအာ္လိုက္သည္။
"အဲဒါက အျပင္ကဖိအားေၾကာင့္မဟုတ္ဘူး သူမ ခႏၶာကိုယ္က ထိန္းမရ ျဖစ္သြားတာ" အသံတစ္သံသည္ ေလထဲမွ ထြက္လာသည္။ ရွီမာယူယူကို တစ္စုံတစ္ေယာက္မွ ကာကြယ္ထားသည္ကို အားလုံးသိၾကသည္။
အျပင္လူသာ သူမကိုသတ္ခ်င္ပါက သူတို႔သည္ သူမကိုကယ္ႏိုင္သည္။ သို႔ေသာ္ သူမခႏၶာကိုယ္ျပႆနာကိုေတာ့ သူတို႔ ဘာမွမတတ္ႏိုင္ေပ။
"မဟုတ္ဘူး ေနာက္မက်ေသးဘူး မင္းကိုေသခြင့္မေပးႏိုင္ဘူး" ဝူလင္းယူ သည္ ထိတ္ထိတ္ပ်ာပ်ာ ေအာ္ေလသည္။ သူသည္ လက္ႏွင့္ သေကၤတမ်ား လုပ္သည္။ သူ႔ခႏၶာကိုယ္မွ ျမင့္ျမတ္ေသာစြမ္းအား ထြက္လာၿပီး ရွီမာယူယူ၏ တစ္စစီျဖစ္ေနေသာ ခႏၶာကိုယ္ကို ဝန္းပတ္လိုက္သည္။ ထို႔ေနာက္တြင္ စက္ဝိုင္းသဖြယ္ပတ္ကာ အျပင္မွတျခားလူမ်ားႏွင့္ ခြဲလိုက္သည္။
"အခ်ိန္ ေနာက္ျပန္လွည့္ျခင္း..."
သူ ေရ႐ြတ္လိုက္သည္ႏွင့္ စက္ဝိုင္းထဲမွ ပုံရိပ္သည္ ေဝဝါးလာသည္။ အားလုံးသည္ အထဲကအရာကိုမျမင္ရေပ။ သို႔ေသာ္ ေၾကာက္မက္ဖြယ္ေကာင္း ေသာ စြမ္းအားကို ခံစားမိၾကသည္။
ရွားေက်ာင္ထ်န္ႏွင့္ အဖြဲ႕သည္ ဝူလင္းယူ အခ်ိန္စြမ္းအားသုံးသည္ကို အရင္က ျမင္ဖူးသည္။ ထိုစဥ္က အေရွ႕မွ်တမႈၿမိဳ႕တြင္ ရွီမာယူယူ မိုးႀကိဳးဒဏ္ကို မခံႏိုင္ေတာ့သည့္အခ်ိန္ကျဖစ္သည္။ သူသည္ အခ်ိန္ကိုေအးခဲၿပီး သူမ အားႏွင့္ ေတာင့္ခံေအာင္ လုပ္ေပးခဲ့သည္။
မထင္မွတ္စြာပင္ သူ႔ကို မျမင္ရသည္မွာ ႏွစ္ဆယ္ခ်ီသာရွိေသာ္လည္း ဤအဆင့္ထိ တက္သြားလိမ့္မည္ဟု ထင္မထားေပ။
စက္ဝိုင္းထဲမွ အျဖဴေရာင္အလင္းတန္း ထြက္လာကာ ေကာင္းကင္ႏွင့္ ေျမႀကီးကိုထိုးေဖာက္ၿပီး ျပန္ဝင္စားျခင္းစက္ဝန္းကို ခ်ိဳးေဖာက္ေလသည္။
"ဒါက ရွီမာယူယူေပါက္ကြဲသြားတဲ့အလင္းပဲ" ရွားေက်ာင္ထ်န္ ေအာ္ေလ သည္။ တျခားသူမ်ားလည္း သတိဝင္လာကာ ဝူလင္းယူအား တေလးတစား ၾကည့္လိုက္ၾကသည္။
သူက တကယ္ပဲ အခ်ိန္ကိုေနာက္ျပန္ဆုတ္ႏိုင္တာပဲ။
သူျပဳလုပ္လိုက္သည္မွာ ေနရာေလးတစ္ခုသာျဖစ္ေသာ္လည္း ခ်ိဳးေဖာက္ မႈပင္ျဖစ္သည္။
စက္ဝိုင္းထဲတြင္ ရွီမာယူယူသည္ ေျခလက္မ်ားက်ိဳးကာ အသားမ်ားၿပဲၿပီး ေသြးမ်ားႏွင့္ ေလထဲတြင္ ေျမႇာက္ေနသည္။ အခု သူမသည္ ေလထဲတြင္ ေပါေလာေပၚေနသည္။
ဝူလင္းယူသည္ သူ၏ဝိညာဥ္စြမ္းအား ပင္ပန္းသြားေသာ္လည္း ရွီမာယူယူ အရင္ပုံစံျပန္ရသည္ကိုျမင္ေသာအခါ ႏႈတ္ခမ္းတြင္ အၿပဳံးသဲ့သဲ့ျဖစ္လာသည္။ သို႔ေသာ္ ထိုအၿပဳံးသည္ စကၠန႔္အနည္းငယ္ပင္မခံလိုက္ရဘဲ ေပ်ာက္ကြယ္သြား ေလသည္။
"ဘာလို႔ ဒီလိုျဖစ္တာလဲ"
သူသည္ ရွီမာယူယူကို ဖမ္းလိုက္သည္။ သူမမ်က္လုံးမ်ားသည္ ပိတ္ေန ကာ မ်က္ႏွာမွာျဖဴေဖ်ာ့ေနသည္။ အသက္ရွင္သည့္ လကၡဏာေတာ့မရွိေပ။
သူမသည္ အသက္ျပန္မရွင္လာေသးေပ။
"ဘာလို႔လဲ ငါ ေသခ်ာေပါက္ အခ်ိန္ျပန္လွည့္ပါတယ္ သူမ ဘာလို႔ ျပန္ရွင္ မလာတာလဲ" သူသည္ ပ်ာယာခတ္သြားသည္။ ဒါသာမျဖစ္ႏိုင္ဘူးဆိုရင္ သူမ ဘယ္လိုႏိုးလာႏိုင္ေတာ့မွာလဲ။
"ဖူး..."
သူ စိတ္ပူပန္ေနျခင္းေၾကာင့္ပင္ ေသြးမ်ားလိမ့္တက္လာကာ ပါးစပ္ အျပည့္ ေသြးမ်ားအန္ထြက္လိုက္ၿပီး ရွီမာယူယူကိုကိုင္ရင္းႏွင့္ မိုးေပၚမွက်လာ ေတာ့သည္။
"သခင္" ထန္းယြမ္ႏွင့္ ဟုန္ေဝတို႔ အတူပ်ံလာၾကၿပီး သူ႔ကို ဝိညာဥ္ စြမ္းအင္ျဖင့္ဆြဲလိုက္ရာ သူသည္ တည္ၿငိမ္စြာပင္ ဆင္းသက္သြားေလသည္။
"လင္းယူ အဆင္ေျပလား" ရွားေက်ာင္ထ်န္တို႔သည္ သူႏွင့္ ရွီမာယူယူတို႔ ၏ ဆက္ဆံေရးကိုသိသည္။ သူတို႔သည္ သူ၏ ပုံစံကိုျမင္ေသာအခါ စိုးရိမ္လာ ၾကသည္။
ရွီမာယူယူ ေသသြားေလၿပီ။ သူတင္မဟုတ္ဘဲ သူတို႔ပါ လက္မခံႏိုင္ေပ။
ဝူလင္းယူသည္ ေဘးပတ္ပတ္လည္မွ လူမ်ား၏ စိုးရိမ္ေနမႈကို လ်စ္လ်ဴရႈ ၿပီး ရွီမာယူယူ၏ မ်က္ႏွာကိုၾကည့္လိုက္သည္။ သူတို႔ ေျပာေနသည့္စကားမ်ား ကိုလည္း သူမၾကားႏိုင္ေပ။ သူသည္ ကိုယ့္ကိုယ္ကိုယ္သာ အျပစ္တင္ေနမိ ေတာ့သည္။ သူသည္ လုပ္ရမည့္အရာမ်ားကို စဥ္းစားေနလိုက္သည္။
"မင္းကို ကယ္ဖို႔နည္းလမ္းရွိမွာပါ နည္းလမ္းရွိရမယ္" သူသည္ သူမ ခႏၶာကိုယ္ထဲသို႔ ဝိညာဥ္စြမ္းအင္ထည့္လိုက္သည္။ သို႔ေသာ္ ထိုဝိညာဥ္စြမ္းအား မွာ အတြင္းထဲထိဝင္သြားပုံမရဘဲ သက္ေရာက္မႈလုံးဝမရွိေပ။
"သခင္ ဒီလိုမလုပ္ပါနဲ႔ ဒီနည္းလမ္းက အသုံးမဝင္ဘူး" ထန္းယြမ္သည္ ဝူလင္းယူ၏ ႐ူးသြပ္ေနေသာ ပုံစံကိုျမင္ၿပီး ေဖ်ာင္းဖ်ရန္ ႀကိဳးစားေလသည္။
သို႔ေသာ္ ဝူလင္းယူသည္ သူ႔ကို ၾကည့္ပင္မၾကည့္ေပ။ သူသည္ ရွီမာယူယူ ကိုဆက္ၾကည့္ေနၿပီး သူမ၏ ခႏၶာကိုယ္ထဲသို႔ ဝိညာဥ္စြမ္းအင္ထည့္လိုက္သည္။
"ဟိန္းသံေလး ဟိန္းသံေထာင္ခ်ီ" ကံေကာင္းေလးသည္ ဟိန္းသံေလးႏွင့္ ဟိန္းသံေထာင္ခ်ီတို႔၏ ျဖတ္လတ္မႈမ်ား ေပ်ာက္ကြယ္သြားသည္ကို ခံစားမိၿပီး အျမန္ေျပးလာသည္။
စာခ်ဳပ္သားရဲမ်ားသည္ သခင္ေသသည္ႏွင့္ ေသရမည္ျဖစ္သည္။
"ဟိန္းသံေလး ဟိန္းသံေထာင္ခ်ီ မေသပါနဲ႔" ထိုသတင္းမ်ားမွာ သူတို႔ကို ႐ိုက္ခတ္သြားသည္။ သူသည္ ႀကီးျမတ္ေသာဝူလင္းကို ေအာ္လိုက္သည္ "အေဖ ယူယူ႔ကိုကယ္ပါ ဟိန္းသံေလးတို႔ကိုကယ္ပါ"
ႀကီးျမတ္ေသာ ဝူလင္းသည္ ဟိန္းသံေလးႏွင့္ ဟိန္းသံေထာင္ခ်ီတို႔ေဘး သို႔လာလိုက္သည္။ သူသည္ လက္ထဲသို႔ ဝိညာဥ္စြမ္းအင္မ်ားထည့္ေပးလိုက္ သည္။
သူမ မေသလွ်င္ သူမ၏ ဝိညာဥ္သားရဲမ်ားလည္း မေသႏိုင္ေပ။
သူ ခြင့္မျပဳႏိုင္ေပ။
လြန္ခဲ့သည့္ ႏွစ္ေထာင္ေပါင္းမ်ားစြာက သူ ဘာမွမလုပ္ႏိုင္ခဲ့ေပ။ ႏွစ္ေပါင္း သန္းခ်ီၾကာၿပီးသြားေတာ့ သူ ဒီလိုထပ္ၿပီးႀကဳံေတြ႕ရျပန္ၿပီလား။
"အေဖ ယူယူ အေမ..." ကံေကာင္းေလး ငိုေေလသည္။ သူ႔မ်က္လုံးမ်ား မွာ ေမွ်ာ္လင့္ခ်က္မဲ့ေနသည္။
"သူမ မေသဘူး" ႀကီးျမတ္ေသာဝူလင္း ေျပာလိုက္သည္ "သူမကို ကယ္ဖို႔ ငါတို႔နည္းလမ္းရွာမယ္"
ဝူလင္းသည္ ဝိညာဥ္စြမ္းအင္ ကုန္ခမ္းေနၿပီျဖစ္သည္။ ရွီမာယူယူသည္ တုံ႔ျပန္ခ်က္မရွိေသးေပ။ ဟိန္းသံေလးႏွင့္ ဟိန္းသံေထာင္ခ်ီတို႔၏ အသက္ စြမ္းအားမ်ာလည္း ေပ်ာက္ကြယ္လုနီးပါးပင္။ ႀကီးျမတ္ေသာဝူလင္းပင္ မတား တိုင္ေပ။
"ဟုတ္တယ္ ေနာက္မက်ေသးဘူး..."
အသံတစ္သံသည္ ေလထဲမွထြက္လာၿပီး ေလဟာျပင္ဝင္ေပါက္ ပြင့္သြား သည္။ အားလုံးသည္ ရင္လင္း၊ လက္ေထာက္ေလးႏွင့္ ဖန္႐ူယန္တို႔ ထြက္လာ သည္ကို ျမင္လိုက္ၾကသည္။ အေစာက ေျပာေသာစကားမ်ားမွာ ရင္လင္းေျပာ လိုက္ျခင္းျဖစ္သည္။
Unicode
အပိုင်း (၁၇၃၃) –
အားလုံးသည် ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။ အဖြစ် အပျက်မှာ မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။
ရှီမာယူယူက ဘယ်လိုဖြစ်ပြီး... ဒီအတိုင်း သေသွားတာလဲ။
သူမ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် ထိုစွမ်းအား၏ တွန်းဖယ်ခြင်းခံရ သည်ကို ကြည့်ပြီး ထိုအမှန်တရားကို သူတို့ယုံရတော့သည်။
ရှီမာယူယူသည် သူမခန္ဓာကိုယ် မည်သို့ဖြစ်သွားသည်ကို မသိပေ။ သူမ၏ အသိစိတ်အနည်းအကျဉ်းသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။ သူမသည် ပြာလဲ့သော ကောင်းကင်ကို ငေးငိုင်စွာကြည့်မိသည်။ ထိုအရာသည် သူမ နောက်ဆုံးမြင်လိုက်သည့် အရောင်ပင် ဖြစ်နိုင်သည်။
မကြာမီတွင် သူမသည် နာကျင်မှုကို မခံစားရပေ။ သူမအပါအဝင် အရာ အားလုံးမှာ ထင်ယောင်ထင်မှားဖြစ်လာသည်။
သူမသည် သေတော့မည်။ ထိုခံစားချက်သည် အရင် သူမ သေခဲ့စဉ်က ခံစားချက်နှင့်အတူတူပင်.... အေးစိမ့်ခြင်း၊ ကြောက်ရွံမှုနှင့် အဆုံးမရှိသော အမှောင်ထု....
ဒါက ရင်လင်းပြောခဲ့တဲ့ ဘေးဒုက္ခများလား။ ရပြီလေ အခုဖြစ်လာပြီ။
သူမ အိမ်ကထွက်လာစဉ်က စိတ်ပူပန်မှုနှင့် တွန့်ဆုတ်မှုကို စဉ်းစားကြည့် လျှင် ထိုစဉ်က နောင်တစ်ချိန်တွင် ဆွေမျိုးများကို မမြင်နိုင်တော့ဟု စိတ်ထင်ခဲ့ သည်။
ဒါက သူမရဲ့ ဘေးဒုက္ခဖြစ်နေတာကိုး...
သူမသည် ရုတ်တရက် ဝိညာဉ်စေတီအတွင်းတွင် ရှိနေသေးသော သူမ၏ ဖခင်ဖြစ်သူကို တွေးမိသွားသည်။ အစကတော့ သူ အနည်းငယ်စိတ်ပူနေသည် ကို သူမ အာရုံခံမိသည်။ သူသည် ကြိုသတိပေးခဲ့သေးသည်။ သူသည် ဝိညာဉ် စေတီအတွင်းပိတ်မိနေကာ သူမသေ သေဆုံးသွားလေပြီ။ သူ ဘယ်လိုထွက် တော့မလဲ။
ပြီးတော့ လောကအသေးထဲက လူတွေရော။ သူတို့ရော ဘယ်လိုလုပ်ကြ မလဲ။
သူမ အစိုးရိမ်ဆုံးမှာ... ဝူလင်းယူပင်။ သူမ သေသွားပြီလို့ သူသိရင် ဘယ်လိုဖြစ်သွားမလဲ။
"လင်းယူ တောင်းပန်ပါတယ်...."
"အဖေ အမေ သမီးတောင်းပန်ပါတယ်..."
လင်းယူ... ကျွန်မ တကယ်ပဲ... ရှင့်ကို တစ်ခါလောက်ထပ်ပြီး တွေ့ချင် တယ်...
မသေဆုံးခင်တွင် ထောင်ချီသော မှတ်ဉာဏ်များ ဖြတ်ခနဲပေါ်လာသည်။ သို့သော် တခြားသူများ၏ အမြင်တွင်တော့ ထိုအရာသည် တစ်ခဏမျှသာ ဖြစ် သည်။ သူတို့သည် သူမ၏ အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
သူမက... အရိုးတောင်... မကျန်ခဲ့တော့ဘူးလား...
နတ်ဆိုးလောကတွင် ဝူလင်းယူသည် လက်အောက်ငယ်သားများနှင့် စခန်းတွင် ကိစ္စများကို ဆွေးနွေးလျက်ရှိသည်။ ရုတ်တရက် သူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားရသည်။ သူသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်နှာမှာ ဖြူဖျော့လာသည်။
"ငါ့ကိုခေါ်သွားပေး"
လေဟာပြင်တွင် ပေါက်ပြဲရာတစ်ခုပေါ်လာသည်။ သူသည် အားလုံးကို ပြောချိန်ပင်မရှိတော့ပေ။ သူ၏ ခြေလှမ်းများမှာ လေးလံလှသည်။ သူသည် လေဟာပြင်ဆီသို့ တွားသွားသည်ဟုပင် ပြောရသည်။
ရှီမာယူယူ၏ အသိစိတ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။ သူမ အသိစိတ်မပျောက်ခင် နောက်ဆုံးအတွေးမှာ မတွေ့လိုက်ရသောလူပင်ဖြစ်၏။
လင်းယူ ကျွန်မ... ရှင့်ကို တစ်ခါလောက်တွေ့ခွင့်ရမလား...
ရှင်လာရင်... ကျွန်မ ကျေနပ်ပါပြီ...
နောက်တွင် အဆုံးမရှိသော အမှောင်ထုကြီး ကျလာတော့သည်။
ဝူလင်းယူ လေဟာပြင်မှ ထွက်လာချိန်တွင် ရှီမာယူယူ၏ အစိတ်စိတ် အမွှာမွှာဖြစ်နေသော ခန္ဓာကိုယ်ကိုသာ မြင်လိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာကာ နီရဲသွားတော့သည်။ သူသည် ရူးသွပ်တော့မလိုပင်။
"သူမကို ဘာလို့မကယ်တာလဲ မင်းရဲ့တာဝန်ကဘာလဲဆိုတာ မေ့သွားပြီ လား" သူ အော်လိုက်သည်။
"အဲဒါက အပြင်ကဖိအားကြောင့်မဟုတ်ဘူး သူမ ခန္ဓာကိုယ်က ထိန်းမရ ဖြစ်သွားတာ" အသံတစ်သံသည် လေထဲမှ ထွက်လာသည်။ ရှီမာယူယူကို တစ်စုံတစ်ယောက်မှ ကာကွယ်ထားသည်ကို အားလုံးသိကြသည်။
အပြင်လူသာ သူမကိုသတ်ချင်ပါက သူတို့သည် သူမကိုကယ်နိုင်သည်။ သို့သော် သူမခန္ဓာကိုယ်ပြဿနာကိုတော့ သူတို့ ဘာမှမတတ်နိုင်ပေ။
"မဟုတ်ဘူး နောက်မကျသေးဘူး မင်းကိုသေခွင့်မပေးနိုင်ဘူး" ဝူလင်းယူ သည် ထိတ်ထိတ်ပျာပျာ အော်လေသည်။ သူသည် လက်နှင့် သင်္ကေတများ လုပ်သည်။ သူ့ခန္ဓာကိုယ်မှ မြင့်မြတ်သောစွမ်းအား ထွက်လာပြီး ရှီမာယူယူ၏ တစ်စစီဖြစ်နေသော ခန္ဓာကိုယ်ကို ဝန်းပတ်လိုက်သည်။ ထို့နောက်တွင် စက်ဝိုင်းသဖွယ်ပတ်ကာ အပြင်မှတခြားလူများနှင့် ခွဲလိုက်သည်။
"အချိန် နောက်ပြန်လှည့်ခြင်း..."
သူ ရေရွတ်လိုက်သည်နှင့် စက်ဝိုင်းထဲမှ ပုံရိပ်သည် ဝေဝါးလာသည်။ အားလုံးသည် အထဲကအရာကိုမမြင်ရပေ။ သို့သော် ကြောက်မက်ဖွယ်ကောင်း သော စွမ်းအားကို ခံစားမိကြသည်။
ရှားကျောင်ထျန်နှင့် အဖွဲ့သည် ဝူလင်းယူ အချိန်စွမ်းအားသုံးသည်ကို အရင်က မြင်ဖူးသည်။ ထိုစဉ်က အရှေ့မျှတမှုမြို့တွင် ရှီမာယူယူ မိုးကြိုးဒဏ်ကို မခံနိုင်တော့သည့်အချိန်ကဖြစ်သည်။ သူသည် အချိန်ကိုအေးခဲပြီး သူမ အားနှင့် တောင့်ခံအောင် လုပ်ပေးခဲ့သည်။
မထင်မှတ်စွာပင် သူ့ကို မမြင်ရသည်မှာ နှစ်ဆယ်ချီသာရှိသော်လည်း ဤအဆင့်ထိ တက်သွားလိမ့်မည်ဟု ထင်မထားပေ။
စက်ဝိုင်းထဲမှ အဖြူရောင်အလင်းတန်း ထွက်လာကာ ကောင်းကင်နှင့် မြေကြီးကိုထိုးဖောက်ပြီး ပြန်ဝင်စားခြင်းစက်ဝန်းကို ချိုးဖောက်လေသည်။
"ဒါက ရှီမာယူယူပေါက်ကွဲသွားတဲ့အလင်းပဲ" ရှားကျောင်ထျန် အော်လေ သည်။ တခြားသူများလည်း သတိဝင်လာကာ ဝူလင်းယူအား တလေးတစား ကြည့်လိုက်ကြသည်။
သူက တကယ်ပဲ အချိန်ကိုနောက်ပြန်ဆုတ်နိုင်တာပဲ။
သူပြုလုပ်လိုက်သည်မှာ နေရာလေးတစ်ခုသာဖြစ်သော်လည်း ချိုးဖောက် မှုပင်ဖြစ်သည်။
စက်ဝိုင်းထဲတွင် ရှီမာယူယူသည် ခြေလက်များကျိုးကာ အသားများပြဲပြီး သွေးများနှင့် လေထဲတွင် မြှောက်နေသည်။ အခု သူမသည် လေထဲတွင် ပေါလောပေါ်နေသည်။
ဝူလင်းယူသည် သူ၏ဝိညာဉ်စွမ်းအား ပင်ပန်းသွားသော်လည်း ရှီမာယူယူ အရင်ပုံစံပြန်ရသည်ကိုမြင်သောအခါ နှုတ်ခမ်းတွင် အပြုံးသဲ့သဲ့ဖြစ်လာသည်။ သို့သော် ထိုအပြုံးသည် စက္ကန့်အနည်းငယ်ပင်မခံလိုက်ရဘဲ ပျောက်ကွယ်သွား လေသည်။
"ဘာလို့ ဒီလိုဖြစ်တာလဲ"
သူသည် ရှီမာယူယူကို ဖမ်းလိုက်သည်။ သူမမျက်လုံးများသည် ပိတ်နေ ကာ မျက်နှာမှာဖြူဖျော့နေသည်။ အသက်ရှင်သည့် လက္ခဏာတော့မရှိပေ။
သူမသည် အသက်ပြန်မရှင်လာသေးပေ။
"ဘာလို့လဲ ငါ သေချာပေါက် အချိန်ပြန်လှည့်ပါတယ် သူမ ဘာလို့ ပြန်ရှင် မလာတာလဲ" သူသည် ပျာယာခတ်သွားသည်။ ဒါသာမဖြစ်နိုင်ဘူးဆိုရင် သူမ ဘယ်လိုနိုးလာနိုင်တော့မှာလဲ။
"ဖူး..."
သူ စိတ်ပူပန်နေခြင်းကြောင့်ပင် သွေးများလိမ့်တက်လာကာ ပါးစပ် အပြည့် သွေးများအန်ထွက်လိုက်ပြီး ရှီမာယူယူကိုကိုင်ရင်းနှင့် မိုးပေါ်မှကျလာ တော့သည်။
"သခင်" ထန်းယွမ်နှင့် ဟုန်ဝေတို့ အတူပျံလာကြပြီး သူ့ကို ဝိညာဉ် စွမ်းအင်ဖြင့်ဆွဲလိုက်ရာ သူသည် တည်ငြိမ်စွာပင် ဆင်းသက်သွားလေသည်။
"လင်းယူ အဆင်ပြေလား" ရှားကျောင်ထျန်တို့သည် သူနှင့် ရှီမာယူယူတို့ ၏ ဆက်ဆံရေးကိုသိသည်။ သူတို့သည် သူ၏ ပုံစံကိုမြင်သောအခါ စိုးရိမ်လာ ကြသည်။
ရှီမာယူယူ သေသွားလေပြီ။ သူတင်မဟုတ်ဘဲ သူတို့ပါ လက်မခံနိုင်ပေ။
ဝူလင်းယူသည် ဘေးပတ်ပတ်လည်မှ လူများ၏ စိုးရိမ်နေမှုကို လျစ်လျူရှု ပြီး ရှီမာယူယူ၏ မျက်နှာကိုကြည့်လိုက်သည်။ သူတို့ ပြောနေသည့်စကားများ ကိုလည်း သူမကြားနိုင်ပေ။ သူသည် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်နေမိ တော့သည်။ သူသည် လုပ်ရမည့်အရာများကို စဉ်းစားနေလိုက်သည်။
"မင်းကို ကယ်ဖို့နည်းလမ်းရှိမှာပါ နည်းလမ်းရှိရမယ်" သူသည် သူမ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ သို့သော် ထိုဝိညာဉ်စွမ်းအား မှာ အတွင်းထဲထိဝင်သွားပုံမရဘဲ သက်ရောက်မှုလုံးဝမရှိပေ။
"သခင် ဒီလိုမလုပ်ပါနဲ့ ဒီနည်းလမ်းက အသုံးမဝင်ဘူး" ထန်းယွမ်သည် ဝူလင်းယူ၏ ရူးသွပ်နေသော ပုံစံကိုမြင်ပြီး ဖျောင်းဖျရန် ကြိုးစားလေသည်။
သို့သော် ဝူလင်းယူသည် သူ့ကို ကြည့်ပင်မကြည့်ပေ။ သူသည် ရှီမာယူယူ ကိုဆက်ကြည့်နေပြီး သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
"ဟိန်းသံလေး ဟိန်းသံထောင်ချီ" ကံကောင်းလေးသည် ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့၏ ဖြတ်လတ်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားမိပြီး အမြန်ပြေးလာသည်။
စာချုပ်သားရဲများသည် သခင်သေသည်နှင့် သေရမည်ဖြစ်သည်။
"ဟိန်းသံလေး ဟိန်းသံထောင်ချီ မသေပါနဲ့" ထိုသတင်းများမှာ သူတို့ကို ရိုက်ခတ်သွားသည်။ သူသည် ကြီးမြတ်သောဝူလင်းကို အော်လိုက်သည် "အဖေ ယူယူ့ကိုကယ်ပါ ဟိန်းသံလေးတို့ကိုကယ်ပါ"
ကြီးမြတ်သော ဝူလင်းသည် ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့ဘေး သို့လာလိုက်သည်။ သူသည် လက်ထဲသို့ ဝိညာဉ်စွမ်းအင်များထည့်ပေးလိုက် သည်။
သူမ မသေလျှင် သူမ၏ ဝိညာဉ်သားရဲများလည်း မသေနိုင်ပေ။
သူ ခွင့်မပြုနိုင်ပေ။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သူ ဘာမှမလုပ်နိုင်ခဲ့ပေ။ နှစ်ပေါင်း သန်းချီကြာပြီးသွားတော့ သူ ဒီလိုထပ်ပြီးကြုံတွေ့ရပြန်ပြီလား။
"အဖေ ယူယူ အမေ..." ကံကောင်းလေး ငိုေလေသည်။ သူ့မျက်လုံးများ မှာ မျှော်လင့်ချက်မဲ့နေသည်။
"သူမ မသေဘူး" ကြီးမြတ်သောဝူလင်း ပြောလိုက်သည် "သူမကို ကယ်ဖို့ ငါတို့နည်းလမ်းရှာမယ်"
ဝူလင်းသည် ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေပြီဖြစ်သည်။ ရှီမာယူယူသည် တုံ့ပြန်ချက်မရှိသေးပေ။ ဟိန်းသံလေးနှင့် ဟိန်းသံထောင်ချီတို့၏ အသက် စွမ်းအားမျာလည်း ပျောက်ကွယ်လုနီးပါးပင်။ ကြီးမြတ်သောဝူလင်းပင် မတား တိုင်ပေ။
"ဟုတ်တယ် နောက်မကျသေးဘူး..."
အသံတစ်သံသည် လေထဲမှထွက်လာပြီး လေဟာပြင်ဝင်ပေါက် ပွင့်သွား သည်။ အားလုံးသည် ရင်လင်း၊ လက်ထောက်လေးနှင့် ဖန်ရူယန်တို့ ထွက်လာ သည်ကို မြင်လိုက်ကြသည်။ အစောက ပြောသောစကားများမှာ ရင်လင်းပြော လိုက်ခြင်းဖြစ်သည်။