Zawgyi
အပိုင္း (၁၇၂၄) – ပ်င္းလို႔မင္းကိုနည္းနည္းေလာက္စမယ္
ရွီမာယူယူသည္ ခ်ဳံးက်ိေနာက္သို႔ လိုက္လာသည္။ သူထြက္မသြားခင္ တြင္ သူသည္ သူမပခုံးကိုဆုပ္ကိုင္ကာ ေျပာေလသည္ "ဒါၿပီးသြားတာနဲ႔ အကုန္ လုံးအဆင္ေျပသြားလိမ့္မယ္"
ထိုသို႔ေျပာၿပီးေနာက္ သူ ထြက္သြားေလသည္။ ရွီမာယူယူသည္ သူ ထြက္ သြားသည္ကိုၾကည့္ၿပီးေနာက္ ထူးဆန္းသည္ဟု ခံစားရသည္။ ခ်ိပ္စည္းပိတ္ခံ ထားရေသာ က်ဳံက်န္းဟန္ယြဲ႕၏ မွတ္ဉာဏ္ကို သူမမသိရေပ။
"ျမင့္ျမတ္ေသာသမီးေတာ္" ဂူရွီသည္ သူမေနာက္မွေပၚလာၿပီး တေလး တစားေခၚေလသည္။
"ျပန္ရေအာင္" ရွီမာယူယူသည္ သူမကိုလာႀကိဳသည္မွန္းသိသည္။ သူမ လွည့္လိုက္သည္ႏွင့္ ဂူရွီသည္ ခ်ဳံးက်ိကို တျခားသူမ်ားႏွင့္ မတူေသာအၾကည့္ ျဖင့္ၾကည့္ေနသည္ကို သူမ သတိထားမိသည္။
သူမ က်ဳံက်န္းဟန္ယြဲ႕ေနထိုင္သည့္ေနရာသို႔ေရာက္ေသာအခါ ရွီမာယူယူ သည္ အားလုံးကို ႏွင္ထုတ္လိုက္ၿပီး ဂူရွီကိုခ်န္ထားလိုက္သည္။
"ျမင့္ျမတ္ေသာသမီးေတာ္ ညီလာခံႀကီးက မနက္ျဖန္ဆိုစၿပီ ေကာင္းေကာင္းေလး နားလိုက္ခ်င္လား" ဂူရွီ ေမးလိုက္သည္။
"ဂူရွီ မင္းက ငါ စံအိမ္ေတာ္ကိုေရာက္လာၿပီးမွ ငါ့ကိုယ္ပိုင္အေစခံ မိန္းကေလးျဖစ္လာတာမလား" ရွီမာယူယူ ေျပာလိုက္သည္ "ဒါဆိုရင္ ငါ မတိုင္ ခင္က ဘယ္သူ႔ကိုျပဳစုေပးခဲ့တာလဲ"
"ဒီအေစခံက စံအိမ္ေတာ္သခင္ရဲ႕ နန္းေတာ္မွာ ခစားခဲ့တာပါ" ဂူရွီ ျပန္ ေျဖလိုက္သည္။
"ဒါဆိုရင္ ငါ့ရဲ႕ေပ်ာက္ေနတဲ့မွတ္ဉာဏ္ကို မင္းသိမွာေပါ့"
"ဘာ" ဂူရွီသည္ သူမကို ၾကည့္လိုက္သည္။ ထိုေမးခြန္းေမးရသည့္ အေၾကာင္းအရင္းကိုနားမလည္ေပ။
"ငါ့ရဲ႕မွတ္ဉာဏ္ အပိုင္းတစ္ခုက ခ်ိပ္ပိတ္ခံထားရတယ္ မင္းသိေလာက္ မယ္ထင္တယ္" ရွီမာယူယူ ေျပာလိုက္သည္ "စံအိမ္ေတာ္သခင္က ငါ့နားမွာ ဆိုရင္ နည္းနည္းထူးဆန္းတယ္ အဲဒါက ငါ့ရဲ႕ အရင္မွတ္ဉာဏ္နဲ႔ပတ္သက္မယ္ လို႔ထင္တယ္၊ မင္းက စံအိမ္ေတာ္သခင္ခ်ဳံးက ငါ့ကိုဂ႐ုစိုက္ေပးဖို႔ လႊတ္လိုက္တဲ့ လူဆိုေတာ့ ဒီမတိုင္ခင္က ဘာေတြျဖစ္ခဲ့လဲ မင္းသိမွာေပါ့"
"ဒီအေစခံက ဘာမွမသိပါဘူး" ဂူရွီသည္ ေခါင္းငုံ႔သြားသည္။
"ဂူရွီ မင္း ငါ့ေနာက္ကို ဒီေလာက္ၾကာေအာင္ လိုက္လာတာ ငါက စိတ္ရွည္တဲ့လူမဟုတ္ဘူးဆိုတာ မင္းသိသင့္ေနၿပီ မင္းက စံအိမ္ေတာ္သခင္ရဲ႕ ေဘးကေနလာတယ္ဆိုေပမဲ့..." ရွီမာယူယူသည္ က်ဳံက်န္းဟန္ယြဲ႕၏ ၿခိမ္းေျခာက္သည့္ေလသံအတိုင္း လိုက္ေျပာသည္။
"ျမင့္ျမတ္ေသာသမီးေတာ္ ကြၽန္မတကယ္မသိပါဘူး" ဂူရွီ ေခါင္းငုံ႔သြား ကာ သူမမ်က္လုံးထဲမွ အမူအရာကို ရွီမာယူယူကိုျမင္ခြင့္မေပးေပ။
"မဟုတ္ဘူး မင္းသိတယ္ ငါ့ကိုေျပာမလား မေျပာဘူးလား မင္းေ႐ြးခ်ယ္ ႏိုင္တယ္၊ ဒါေပမဲ့ အေစခံမိန္းကေလး တစ္ေယာက္ကို သတ္လိုက္တာနဲ႔ စံအိမ္ေတာ္သခင္က အျပစ္တင္မွာေတာ့မဟုတ္ဘူး မင္းက ဉာဏ္ေကာင္းတာ ကို ငါသိပါတယ္ မင္းအတြက္အေကာင္းဆုံးျဖစ္မယ့္ဟာကို မင္းသိသင့္ပါတယ္" ရွီမာယူယူ ေျပာလိုက္သည္။
ဂူရွီသည္ တုန္ယင္သြားကာ ခ်က္ခ်င္းပင္ ဒူးေထာက္လိုက္သည္။ သူမ၏ တစ္ကိုယ္လုံးသည္ တုန္ယင္ကာ ေျပာေလသည္ "ျမင့္ျမတ္ေသာသမီးေတာ္ ဘာေတြျဖစ္ခဲ့လဲဆိုတာ ဒီအေစခံမိန္းကေလးက တကယ္မသိပါဘူး"
"မင္း ဆုံးျဖတ္ခ်က္ခ်ဖို႔ ငါ အခ်ိန္ ၂ မိနစ္ေပးမယ္" ရွီမာယူယူသည္ ထိုင္ခုံ တြင္ထိုင္ကာ လက္ဖက္ရည္တစ္ခြက္ေကာက္ယူၿပီး ေသာက္လိုက္သည္။
၂ မိနစ္ကုန္ဆုံးသြားေသာအခါ သူမသည္ လက္ဖက္ရည္ခြက္ကို ျပန္ခ်ၿပီး ဂူရွီ၏ ေခါင္းထိပ္ကိုစိုက္ၾကည့္လိုက္သည္။
ဂူရွီသည္ ေခါင္းေမာ့လာၿပီး သူမကိုၾကည့္ကာ ေျပာေလသည္ "ဘာေတြ ျဖစ္ခဲ့လဲဆိုတာ သခင္မေလးရဲ႕ အေစခံမသိပါဘူး အဲဒီတစ္ေယာက္က စံအိမ္ ေတာ္သခင္ရဲ႕ နန္းေတာ္မွာ တစ္ညေနခဲ့တာကိုပဲသိပါတယ္ ၿပီးေတာ့ သခင္မ ေလးရဲ႕ အေစခံမိန္းကေလးက သခင္မေလးကို ခစားရတာပါပဲ ဘာေတြျဖစ္ခဲ့ တာလဲဆိုတာေတာ့ အေစခံမေလးက တကယ္ပဲမသိပါဘူး"
ရွီမာယူယူသည္ သူမစကားမ်ား အမွန္ ဟုတ္မဟုတ္ကို သိခ်င္သျဖင့္ သူမကို ၾကည့္ေနခဲ့သည္။ အတန္ၾကာၿပီးေနာက္ သူမ ထၿပီးထြက္သြားသည္။ သူမ ဂူရွီကို ျဖတ္ေလွ်ာက္ၿပီးေသာအခါ ေခတၱမွ် ရပ္လိုက္သည္ "ငါ အဲဒါကို သိ ပါတယ္ ငါ့ကိုဂ႐ုစိုက္ဖို႔အျပင္ မင္းက ငါ့ကိုေစာင့္ၾကည့္ဖို႔ လာခဲ့တာပဲ၊ ေနာက္ ျဖစ္လာမယ့္ အက်ိဳးဆက္ကို မင္းခံႏိုင္မယ္ဆိုရင္ေတာ့ ဘာေတြျဖစ္ခဲ့လဲဆိုတာ စံအိမ္ေတာ္သခင္ကို ေျပာလို႔ရပါတယ္"
သူမ ထြက္သြားေသာအခါ ဂူရွီသည္ ၾကမ္းျပင္ေပၚသို႔ အ႐ုပ္ႀကိဳးျပတ္ထိုင္ ခ်လိုက္သည္။ ထို႔ေနာက္ သူမသည္ ဝိညာဥ္ေစတီအတြင္းဝင္ကာ က်ဳံက်န္းဟန္ယြဲ႕ကို ခ်ဳပ္ထားသည့္ေနရာသို႔ သြားလိုက္သည္။
က်ဳံက်န္းဟန္ယြဲ႕သည္ သူမ၏ သားရဲမ်ား၏ တိုက္ခိုက္ျခင္းကိုခံရကာ သူမတြင္ ေဒါသမရွိေတာ့ေပ။ သူမကို ျမင္ေသာအခါ ဘာမွမေျပာဘဲ ၾကည့္႐ုံ သာ ၾကည့္ေနခဲ့သသည္။
ရွီမာယူယူသည္ သူမကို စကားအပိုမေျပာခ်င္ေတာ့ေပ။ သူမသည္ က်ဳံက်န္းဟန္ယြဲ႕၏ ခႏၶာကိုယ္ကို စမ္းသပ္ၿပီးေနာက္ တစ္ခုခုကို ထင္ထား သည့္အတိုင္း ေခါင္းညိတ္ေလသည္။
"မင္း ဒီေလာက္ေပ်ာ္သြားတာ ငါ့ခႏၶာကိုယ္မွာ ဘာေတြ႕လိုက္လို႔လဲ"
"မင္းရဲ႕ ခ်ိပ္စည္းပိတ္ထားတဲ့ မွတ္ဉာဏ္က ဘာလဲဆိုတာ ငါ သိၿပီ" ရွီမာယူယူ ေျပာလိုက္သည္ "မင္းသိခ်င္လား"
"မသိခ်င္ဘူး မင္း ေျပာပုံအရ ေကာင္းတဲ့ကိစၥမျဖစ္ႏိုင္ဘူး" က်ဳံက်န္းဟန္ယြဲ႕ ႏွာမႈတ္ကာ ရွီမာယူယူကို ျငင္းဆန္သည့္အၾကည့္ျဖင့္ ၾကည့္ ေလသည္။
အရႈံးသမားမ်ားသည္ အၿမဲတေစ မွားယြင္းခဲ့သည္။ သူမသည္ အခုခ်ိန္ တြင္ အက်ဥ္းသားျဖစ္ေနရာ မည္သည့္အရာကို လုပ္ႏိုင္ဦးမည္နည္း။
"အဲဒါက ဘာလို႔ ကိစၥေကာင္းမဟုတ္ရမွာလဲ မင္းအတြက္ သတင္း ေကာင္းေတာင္ျဖစ္ႏိုင္ေသးတယ္" ရွီမာယူယူ ေျပာလိုက္သည္ "ဒါေပမဲ့ အဲဒီ ပညာရွိစံအိမ္ေတာ္က ျမင့္ျမတ္ေသာသမီးေတာ္ေတြက အပ်ိဳျဖစ္ရမယ္လို႔ ငါ ၾကားဖူးတယ္ ခ်ဳံးက်ိက မင္းကို ဒီလိုသ႐ုပ္မွန္ကို ဘယ္လိုေပးလဲလို႔ ငါသိခ်င္ေန ခဲ့တာ"
"ဘာအဓိပၸာယ္လဲ" က်ဳံက်န္းဟန္ယြဲ႕သည္ သူမကို စိုက္ၾကည့္ေလသည္။
"ငါေျပာတဲ့အတိုင္းပဲေလ မင္းမသိခ်င္ဘူးလား မင္းက အပ်ိဳမဟုတ္တာ ေသခ်ာေနတာပဲ အဲေတာ့ ဘယ္လိုလုပ္ ျမင့္ျမတ္ေသာသမီးေတာ္ျဖစ္လာတာ လဲ" ရွီမာယူယူ ေမးလိုက္သည္။
"မျဖစ္ႏိုင္တာ ငါ အဲလိုတစ္ခါမွမလုပ္ဖူးဘူး အဲေတာ့ ဘယ္လိုလုပ္ ျဖစ္ႏိုင္ မွာလဲ" က်ဳံက်န္းဟန္ယြဲ႕သည္ သူမကို မယုံေပ "မင္းငါ့ကို ႏိုင္ခ်င္တာ ငါသိ တယ္ မင္းက ငါ့ကိုလဲက်ေစခ်င္တာ ဒါေပမဲ့ ဒီလိုမ်ိဳး လုပ္ႀကံေျပာလိုက္တာက အသုံးမဝင္ဘူး"
"ဟုတ္လား ငါ လုပ္ႀကံေျပာတယ္ဆိုတာ မင္းဘယ္လိုသိမွာလဲ မင္းရဲ႕ ခႏၶာကိုယ္ထဲက ေျပာင္းလဲမႈေတြကိုေတာင္ မင္းမသိဘူးလား" ရွီမာယူယူသည္ ေပ်ာ္႐ႊင္စြာ ၿပဳံးလိုက္သည္ "ငါ မင္းကို စမ္းသပ္ၾကည့္ၿပီးၿပီ ၿပီးေတာ့ မင္းခႏၶာ ကိုယ္ကိုလည္း ျမင္ၿပီးၿပီ၊ မင္းက အေကာင္းဆုံး က်င့္စဥ္ဖိုျဖစ္ေနလိမ့္မယ္လို႔ ငါလုံးဝ မသိခဲ့ဘူး"
က်ဳံက်န္းဟန္ယြဲ႕၏ မ်က္ႏွာထားမွာ ေျပာင္းလဲသြားသည္။ ရွီမာယူယူ ေျပာသည္မွာ မွန္သည္။ သူမသည္ သူမ၏ ခႏၶာကိုယ္အေၾကာင္း အရွင္းလင္း ဆုံး သိသူျဖစ္သည္။ သူမက အေသးစိတ္ကိုဘယ္လိုလုပ္ လြတ္သြားတာလဲ။ သို႔ေသာ္ ရွီမာယူယူ ယေန႔တူးဆြသည့္ ျပႆနာမွာ ဤကိစၥျဖစ္လိမ့္မည္ဟု သူမ ထင္မထားေပ။
"မျဖစ္ႏိုင္တာ မင္း ငါ့ကိုလိမ္ေနတာ" သူမ ေခါင္းခါၿပီး ယုံရန္ျငင္းဆန္ လိုက္သည္။
"မင္းလုပ္ေနတာကို ၾကည့္ပါဦး မင္းၾကည့္ရတာ အရမ္းေပ်ာ္ပုံမေပါက္ဘူး အမွန္ဆိုရင္ မင္းခႏၶာကိုယ္က မင္းအတြက္ အေရးအႀကီးဆုံးပဲ၊ မင္းက ဘယ္သူ႔ အတြက္ကိုမွ အေျခမခ်သလို မင္းနဲ႔လိုက္တဲ့ ေယာက္်ားမရွိဘူးလို႔ ထင္ေနတာ၊ အခု မင္းရဲ႕ခႏၶာကိုယ္က အေၾကာင္းအရင္းမရွိ ခ်ိဳးဖဲ့ခံလိုက္ရၿပီ ၿပီးေတာ့ မွတ္ဉာဏ္ကိုေတာင္ ခ်ိပ္စည္းပိတ္ခံလိုက္ရတာ မေပ်ာ္တာျဖစ္သင့္ပါတယ္ ေလ" ရွီမာယူယူ ခြဲျခမ္းစိတ္ျဖာလိုက္သည္ "ဒါေပမဲ့ နားလည္ဖို႔အခက္ဆုံးက သူက မင္းကိုလိုခ်င္ရဲ႕သားနဲ႔ ဘာလို႔မ်ား မင္းရဲ႕မွတ္ဉာဏ္ကို ခ်ိပ္ပိတ္ထားတာ လဲ၊ သူက မင္းကိုကစားခ်င္ေနသလိုပဲ"
"ပါးစပ္ပိတ္ထား" က်ဳံက်န္းဟန္ယြဲ႕သည္ နားမ်ားကိုပိတ္ကာထားၿပီး ေအာ္ဟစ္လိုက္သည္ "ရွီမာယူယူ မင္းေျပာေနတဲ့ စကားေတြအတြက္ သက္ေသ မရွိဘူးမလား ငါ့ကိုတိုက္ခိုက္ဖို႔ ဒီစကားေတြကို သုံးဖို႔မစဥ္းစားလိုက္နဲ႔ ငါ ယုံမွာ မဟုတ္ဘူး"
"ငါက ဘယ္တုန္းက မင္းကိုတိုက္ခိုက္ခ်င္လို႔လဲ မင္းကို အမွန္တရား ေျပာျပ႐ုံတင္ပဲ မင္းမၾကားခ်င္ရင္ေတာ့ ထပ္မေျပာ႐ုံပဲေပါ့" ရွီမာယူယူ ပခုံးတြန႔္ လိုက္သည္။ သူမ ခံစားေနရသည္ကိုျမင္ေသာအခါ ရွီမာယူယူ မဲ့ၿပဳံးၿပဳံးလိုက္ သည္ "တကယ္ေတာ့ မင္းရဲ႕ခႏၶာကိုယ္အရဆိုရင္ ပညာရွိစံအိမ္ေတာ္ကို လာ မယ့္အစား တုနန္မ်ိဳးႏြယ္ကိုသြားလိုက္တာက အနာဂတ္ပိုေတာက္ပဦးမယ္ သူတို႔က်င့္စဥ္နည္းလမ္းက မင္းနဲ႔လိုက္မွာ သူတို႔ေတြပ်က္သုဥ္းသြားတာေတာ့ ႏွေျမာစရာပဲ"
"ပါးစပ္ပိတ္ထားစမ္း အပ်က္မ ဒီလိုနည္းလမ္းနဲ႔ ငါ့ကို ကိုင္တြယ္ဖို႔ကလြဲ ၿပီး မင္းဘာလုပ္ႏိုင္ေသးလဲ မင္းမွာသတၱိရွိရင္ ငါ့ကိုလာသတ္လိုက္ေလ" က်ဳံက်န္းဟန္ယြဲ႕သည္ ေအာ္လိုက္သည္။
"မင္းက အဲေလာက္ေတာင္ ေသခ်င္ေနတာပဲ" ရွီမာယူယူသည္ သူမေရွ႕ သို႔ေျပးသြားၿပီး ႏွာမႈတ္လိုက္သည္ "အရင္ကေတာ့ မင္းကို အရမ္းသတ္ခ်င္ေန ခဲ့တာ ဒါေပမဲ့ အခုေတာ့ နားလည္သြားခဲၿပီ မင္းကိုအသက္ရွင္လ်က္ထားလိုက္ တာက ပိုၿပီးခံစားေစမွာပဲ မင္းငါ့ကိုေပးတဲ့ နာက်င္မႈကို မင္းကို တစ္ခုခ်င္းစီ ျပန္ေပးမယ္ ဒီမွာဆိုရင္ ေသတာက ဘယ္ေလာက္ေတာင္ ဇိမ္ကလိုက္မလဲလို႔ ေတာင္ ေတြးမိသြားေစရမယ္"
"ရွီမာယူယူ အပ်က္မ မိန္းမပ်က္ ငါ မင္းကိုသတ္မယ္" က်ဳံက်န္းဟန္ယြဲ႕ သည္ ရွီမာယူယူကို တိုက္ခိုက္ေလသည္။ သို႔ေသာ္ ရွီမာယူယူသည္ သူမ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။
Unicode
အပိုင်း (၁၇၂၄) – ပျင်းလို့မင်းကိုနည်းနည်းလောက်စမယ်
ရှီမာယူယူသည် ချုံးကျိနောက်သို့ လိုက်လာသည်။ သူထွက်မသွားခင် တွင် သူသည် သူမပခုံးကိုဆုပ်ကိုင်ကာ ပြောလေသည် "ဒါပြီးသွားတာနဲ့ အကုန် လုံးအဆင်ပြေသွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက် သူ ထွက်သွားလေသည်။ ရှီမာယူယူသည် သူ ထွက် သွားသည်ကိုကြည့်ပြီးနောက် ထူးဆန်းသည်ဟု ခံစားရသည်။ ချိပ်စည်းပိတ်ခံ ထားရသော ကျုံကျန်းဟန်ယွဲ့၏ မှတ်ဉာဏ်ကို သူမမသိရပေ။
"မြင့်မြတ်သောသမီးတော်" ဂူရှီသည် သူမနောက်မှပေါ်လာပြီး တလေး တစားခေါ်လေသည်။
"ပြန်ရအောင်" ရှီမာယူယူသည် သူမကိုလာကြိုသည်မှန်းသိသည်။ သူမ လှည့်လိုက်သည်နှင့် ဂူရှီသည် ချုံးကျိကို တခြားသူများနှင့် မတူသောအကြည့် ဖြင့်ကြည့်နေသည်ကို သူမ သတိထားမိသည်။
သူမ ကျုံကျန်းဟန်ယွဲ့နေထိုင်သည့်နေရာသို့ရောက်သောအခါ ရှီမာယူယူ သည် အားလုံးကို နှင်ထုတ်လိုက်ပြီး ဂူရှီကိုချန်ထားလိုက်သည်။
"မြင့်မြတ်သောသမီးတော် ညီလာခံကြီးက မနက်ဖြန်ဆိုစပြီ ကောင်းကောင်းလေး နားလိုက်ချင်လား" ဂူရှီ မေးလိုက်သည်။
"ဂူရှီ မင်းက ငါ စံအိမ်တော်ကိုရောက်လာပြီးမှ ငါ့ကိုယ်ပိုင်အစေခံ မိန်းကလေးဖြစ်လာတာမလား" ရှီမာယူယူ ပြောလိုက်သည် "ဒါဆိုရင် ငါ မတိုင် ခင်က ဘယ်သူ့ကိုပြုစုပေးခဲ့တာလဲ"
"ဒီအစေခံက စံအိမ်တော်သခင်ရဲ့ နန်းတော်မှာ ခစားခဲ့တာပါ" ဂူရှီ ပြန် ဖြေလိုက်သည်။
"ဒါဆိုရင် ငါ့ရဲ့ပျောက်နေတဲ့မှတ်ဉာဏ်ကို မင်းသိမှာပေါ့"
"ဘာ" ဂူရှီသည် သူမကို ကြည့်လိုက်သည်။ ထိုမေးခွန်းမေးရသည့် အကြောင်းအရင်းကိုနားမလည်ပေ။
"ငါ့ရဲ့မှတ်ဉာဏ် အပိုင်းတစ်ခုက ချိပ်ပိတ်ခံထားရတယ် မင်းသိလောက် မယ်ထင်တယ်" ရှီမာယူယူ ပြောလိုက်သည် "စံအိမ်တော်သခင်က ငါ့နားမှာ ဆိုရင် နည်းနည်းထူးဆန်းတယ် အဲဒါက ငါ့ရဲ့ အရင်မှတ်ဉာဏ်နဲ့ပတ်သက်မယ် လို့ထင်တယ်၊ မင်းက စံအိမ်တော်သခင်ချုံးက ငါ့ကိုဂရုစိုက်ပေးဖို့ လွှတ်လိုက်တဲ့ လူဆိုတော့ ဒီမတိုင်ခင်က ဘာတွေဖြစ်ခဲ့လဲ မင်းသိမှာပေါ့"
"ဒီအစေခံက ဘာမှမသိပါဘူး" ဂူရှီသည် ခေါင်းငုံ့သွားသည်။
"ဂူရှီ မင်း ငါ့နောက်ကို ဒီလောက်ကြာအောင် လိုက်လာတာ ငါက စိတ်ရှည်တဲ့လူမဟုတ်ဘူးဆိုတာ မင်းသိသင့်နေပြီ မင်းက စံအိမ်တော်သခင်ရဲ့ ဘေးကနေလာတယ်ဆိုပေမဲ့..." ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့၏ ခြိမ်းခြောက်သည့်လေသံအတိုင်း လိုက်ပြောသည်။
"မြင့်မြတ်သောသမီးတော် ကျွန်မတကယ်မသိပါဘူး" ဂူရှီ ခေါင်းငုံ့သွား ကာ သူမမျက်လုံးထဲမှ အမူအရာကို ရှီမာယူယူကိုမြင်ခွင့်မပေးပေ။
"မဟုတ်ဘူး မင်းသိတယ် ငါ့ကိုပြောမလား မပြောဘူးလား မင်းရွေးချယ် နိုင်တယ်၊ ဒါပေမဲ့ အစေခံမိန်းကလေး တစ်ယောက်ကို သတ်လိုက်တာနဲ့ စံအိမ်တော်သခင်က အပြစ်တင်မှာတော့မဟုတ်ဘူး မင်းက ဉာဏ်ကောင်းတာ ကို ငါသိပါတယ် မင်းအတွက်အကောင်းဆုံးဖြစ်မယ့်ဟာကို မင်းသိသင့်ပါတယ်" ရှီမာယူယူ ပြောလိုက်သည်။
ဂူရှီသည် တုန်ယင်သွားကာ ချက်ချင်းပင် ဒူးထောက်လိုက်သည်။ သူမ၏ တစ်ကိုယ်လုံးသည် တုန်ယင်ကာ ပြောလေသည် "မြင့်မြတ်သောသမီးတော် ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒီအစေခံမိန်းကလေးက တကယ်မသိပါဘူး"
"မင်း ဆုံးဖြတ်ချက်ချဖို့ ငါ အချိန် ၂ မိနစ်ပေးမယ်" ရှီမာယူယူသည် ထိုင်ခုံ တွင်ထိုင်ကာ လက်ဖက်ရည်တစ်ခွက်ကောက်ယူပြီး သောက်လိုက်သည်။
၂ မိနစ်ကုန်ဆုံးသွားသောအခါ သူမသည် လက်ဖက်ရည်ခွက်ကို ပြန်ချပြီး ဂူရှီ၏ ခေါင်းထိပ်ကိုစိုက်ကြည့်လိုက်သည်။
ဂူရှီသည် ခေါင်းမော့လာပြီး သူမကိုကြည့်ကာ ပြောလေသည် "ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သခင်မလေးရဲ့ အစေခံမသိပါဘူး အဲဒီတစ်ယောက်က စံအိမ် တော်သခင်ရဲ့ နန်းတော်မှာ တစ်ညနေခဲ့တာကိုပဲသိပါတယ် ပြီးတော့ သခင်မ လေးရဲ့ အစေခံမိန်းကလေးက သခင်မလေးကို ခစားရတာပါပဲ ဘာတွေဖြစ်ခဲ့ တာလဲဆိုတာတော့ အစေခံမလေးက တကယ်ပဲမသိပါဘူး"
ရှီမာယူယူသည် သူမစကားများ အမှန် ဟုတ်မဟုတ်ကို သိချင်သဖြင့် သူမကို ကြည့်နေခဲ့သည်။ အတန်ကြာပြီးနောက် သူမ ထပြီးထွက်သွားသည်။ သူမ ဂူရှီကို ဖြတ်လျှောက်ပြီးသောအခါ ခေတ္တမျှ ရပ်လိုက်သည် "ငါ အဲဒါကို သိ ပါတယ် ငါ့ကိုဂရုစိုက်ဖို့အပြင် မင်းက ငါ့ကိုစောင့်ကြည့်ဖို့ လာခဲ့တာပဲ၊ နောက် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းခံနိုင်မယ်ဆိုရင်တော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ စံအိမ်တော်သခင်ကို ပြောလို့ရပါတယ်"
သူမ ထွက်သွားသောအခါ ဂူရှီသည် ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ထိုင် ချလိုက်သည်။ ထို့နောက် သူမသည် ဝိညာဉ်စေတီအတွင်းဝင်ကာ ကျုံကျန်းဟန်ယွဲ့ကို ချုပ်ထားသည့်နေရာသို့ သွားလိုက်သည်။
ကျုံကျန်းဟန်ယွဲ့သည် သူမ၏ သားရဲများ၏ တိုက်ခိုက်ခြင်းကိုခံရကာ သူမတွင် ဒေါသမရှိတော့ပေ။ သူမကို မြင်သောအခါ ဘာမှမပြောဘဲ ကြည့်ရုံ သာ ကြည့်နေခဲ့သသည်။
ရှီမာယူယူသည် သူမကို စကားအပိုမပြောချင်တော့ပေ။ သူမသည် ကျုံကျန်းဟန်ယွဲ့၏ ခန္ဓာကိုယ်ကို စမ်းသပ်ပြီးနောက် တစ်ခုခုကို ထင်ထား သည့်အတိုင်း ခေါင်းညိတ်လေသည်။
"မင်း ဒီလောက်ပျော်သွားတာ ငါ့ခန္ဓာကိုယ်မှာ ဘာတွေ့လိုက်လို့လဲ"
"မင်းရဲ့ ချိပ်စည်းပိတ်ထားတဲ့ မှတ်ဉာဏ်က ဘာလဲဆိုတာ ငါ သိပြီ" ရှီမာယူယူ ပြောလိုက်သည် "မင်းသိချင်လား"
"မသိချင်ဘူး မင်း ပြောပုံအရ ကောင်းတဲ့ကိစ္စမဖြစ်နိုင်ဘူး" ကျုံကျန်းဟန်ယွဲ့ နှာမှုတ်ကာ ရှီမာယူယူကို ငြင်းဆန်သည့်အကြည့်ဖြင့် ကြည့် လေသည်။
အရှုံးသမားများသည် အမြဲတစေ မှားယွင်းခဲ့သည်။ သူမသည် အခုချိန် တွင် အကျဉ်းသားဖြစ်နေရာ မည်သည့်အရာကို လုပ်နိုင်ဦးမည်နည်း။
"အဲဒါက ဘာလို့ ကိစ္စကောင်းမဟုတ်ရမှာလဲ မင်းအတွက် သတင်း ကောင်းတောင်ဖြစ်နိုင်သေးတယ်" ရှီမာယူယူ ပြောလိုက်သည် "ဒါပေမဲ့ အဲဒီ ပညာရှိစံအိမ်တော်က မြင့်မြတ်သောသမီးတော်တွေက အပျိုဖြစ်ရမယ်လို့ ငါ ကြားဖူးတယ် ချုံးကျိက မင်းကို ဒီလိုသရုပ်မှန်ကို ဘယ်လိုပေးလဲလို့ ငါသိချင်နေ ခဲ့တာ"
"ဘာအဓိပ္ပာယ်လဲ" ကျုံကျန်းဟန်ယွဲ့သည် သူမကို စိုက်ကြည့်လေသည်။
"ငါပြောတဲ့အတိုင်းပဲလေ မင်းမသိချင်ဘူးလား မင်းက အပျိုမဟုတ်တာ သေချာနေတာပဲ အဲတော့ ဘယ်လိုလုပ် မြင့်မြတ်သောသမီးတော်ဖြစ်လာတာ လဲ" ရှီမာယူယူ မေးလိုက်သည်။
"မဖြစ်နိုင်တာ ငါ အဲလိုတစ်ခါမှမလုပ်ဖူးဘူး အဲတော့ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ" ကျုံကျန်းဟန်ယွဲ့သည် သူမကို မယုံပေ "မင်းငါ့ကို နိုင်ချင်တာ ငါသိ တယ် မင်းက ငါ့ကိုလဲကျစေချင်တာ ဒါပေမဲ့ ဒီလိုမျိုး လုပ်ကြံပြောလိုက်တာက အသုံးမဝင်ဘူး"
"ဟုတ်လား ငါ လုပ်ကြံပြောတယ်ဆိုတာ မင်းဘယ်လိုသိမှာလဲ မင်းရဲ့ ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကိုတောင် မင်းမသိဘူးလား" ရှီမာယူယူသည် ပျော်ရွှင်စွာ ပြုံးလိုက်သည် "ငါ မင်းကို စမ်းသပ်ကြည့်ပြီးပြီ ပြီးတော့ မင်းခန္ဓာ ကိုယ်ကိုလည်း မြင်ပြီးပြီ၊ မင်းက အကောင်းဆုံး ကျင့်စဉ်ဖိုဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မသိခဲ့ဘူး"
ကျုံကျန်းဟန်ယွဲ့၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။ ရှီမာယူယူ ပြောသည်မှာ မှန်သည်။ သူမသည် သူမ၏ ခန္ဓာကိုယ်အကြောင်း အရှင်းလင်း ဆုံး သိသူဖြစ်သည်။ သူမက အသေးစိတ်ကိုဘယ်လိုလုပ် လွတ်သွားတာလဲ။ သို့သော် ရှီမာယူယူ ယနေ့တူးဆွသည့် ပြဿနာမှာ ဤကိစ္စဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။
"မဖြစ်နိုင်တာ မင်း ငါ့ကိုလိမ်နေတာ" သူမ ခေါင်းခါပြီး ယုံရန်ငြင်းဆန် လိုက်သည်။
"မင်းလုပ်နေတာကို ကြည့်ပါဦး မင်းကြည့်ရတာ အရမ်းပျော်ပုံမပေါက်ဘူး အမှန်ဆိုရင် မင်းခန္ဓာကိုယ်က မင်းအတွက် အရေးအကြီးဆုံးပဲ၊ မင်းက ဘယ်သူ့ အတွက်ကိုမှ အခြေမချသလို မင်းနဲ့လိုက်တဲ့ ယောက်ျားမရှိဘူးလို့ ထင်နေတာ၊ အခု မင်းရဲ့ခန္ဓာကိုယ်က အကြောင်းအရင်းမရှိ ချိုးဖဲ့ခံလိုက်ရပြီ ပြီးတော့ မှတ်ဉာဏ်ကိုတောင် ချိပ်စည်းပိတ်ခံလိုက်ရတာ မပျော်တာဖြစ်သင့်ပါတယ် လေ" ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာလိုက်သည် "ဒါပေမဲ့ နားလည်ဖို့အခက်ဆုံးက သူက မင်းကိုလိုချင်ရဲ့သားနဲ့ ဘာလို့များ မင်းရဲ့မှတ်ဉာဏ်ကို ချိပ်ပိတ်ထားတာ လဲ၊ သူက မင်းကိုကစားချင်နေသလိုပဲ"
"ပါးစပ်ပိတ်ထား" ကျုံကျန်းဟန်ယွဲ့သည် နားများကိုပိတ်ကာထားပြီး အော်ဟစ်လိုက်သည် "ရှီမာယူယူ မင်းပြောနေတဲ့ စကားတွေအတွက် သက်သေ မရှိဘူးမလား ငါ့ကိုတိုက်ခိုက်ဖို့ ဒီစကားတွေကို သုံးဖို့မစဉ်းစားလိုက်နဲ့ ငါ ယုံမှာ မဟုတ်ဘူး"
"ငါက ဘယ်တုန်းက မင်းကိုတိုက်ခိုက်ချင်လို့လဲ မင်းကို အမှန်တရား ပြောပြရုံတင်ပဲ မင်းမကြားချင်ရင်တော့ ထပ်မပြောရုံပဲပေါ့" ရှီမာယူယူ ပခုံးတွန့် လိုက်သည်။ သူမ ခံစားနေရသည်ကိုမြင်သောအခါ ရှီမာယူယူ မဲ့ပြုံးပြုံးလိုက် သည် "တကယ်တော့ မင်းရဲ့ခန္ဓာကိုယ်အရဆိုရင် ပညာရှိစံအိမ်တော်ကို လာ မယ့်အစား တုနန်မျိုးနွယ်ကိုသွားလိုက်တာက အနာဂတ်ပိုတောက်ပဦးမယ် သူတို့ကျင့်စဉ်နည်းလမ်းက မင်းနဲ့လိုက်မှာ သူတို့တွေပျက်သုဉ်းသွားတာတော့ နှမြောစရာပဲ"
"ပါးစပ်ပိတ်ထားစမ်း အပျက်မ ဒီလိုနည်းလမ်းနဲ့ ငါ့ကို ကိုင်တွယ်ဖို့ကလွဲ ပြီး မင်းဘာလုပ်နိုင်သေးလဲ မင်းမှာသတ္တိရှိရင် ငါ့ကိုလာသတ်လိုက်လေ" ကျုံကျန်းဟန်ယွဲ့သည် အော်လိုက်သည်။
"မင်းက အဲလောက်တောင် သေချင်နေတာပဲ" ရှီမာယူယူသည် သူမရှေ့ သို့ပြေးသွားပြီး နှာမှုတ်လိုက်သည် "အရင်ကတော့ မင်းကို အရမ်းသတ်ချင်နေ ခဲ့တာ ဒါပေမဲ့ အခုတော့ နားလည်သွားခဲပြီ မင်းကိုအသက်ရှင်လျက်ထားလိုက် တာက ပိုပြီးခံစားစေမှာပဲ မင်းငါ့ကိုပေးတဲ့ နာကျင်မှုကို မင်းကို တစ်ခုချင်းစီ ပြန်ပေးမယ် ဒီမှာဆိုရင် သေတာက ဘယ်လောက်တောင် ဇိမ်ကလိုက်မလဲလို့ တောင် တွေးမိသွားစေရမယ်"
"ရှီမာယူယူ အပျက်မ မိန်းမပျက် ငါ မင်းကိုသတ်မယ်" ကျုံကျန်းဟန်ယွဲ့ သည် ရှီမာယူယူကို တိုက်ခိုက်လေသည်။ သို့သော် ရှီမာယူယူသည် သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။