အမြတ်နိုးဆုံးဝမ်

De MaNganLay

53.9K 4.5K 341

ဝမ်ရိပေါ် ❤️ ရှောင်ကျန့် Mai multe

အမြတ်နိုးဆုံးဝမ် အပိုင်း၁
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
ဇတ်သိမ်းပိုင်း

Part 32

1K 105 6
De MaNganLay

Part 32

နံနက်စာစုံညီစွာ စားနေတုန်း ကိုကိုက

" ရှောင်ဝမ်!..မင်း ရှင်းလေးကျောင်းအကြိုအပို့
တာဝန်ယူ "

" ဗျာ...ကျွန်တော်ကလား "

" အင်း ဘာလဲမင်းအလုပ်ရှုပ်လို့လား "

" မရှုပ်ပါဘူး ကျွန်တော်လုပ်ပါမယ် "

တော်သေးတယ် အချိန်မှီသေးလို့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုလှည့်အကြည့်
ဝမ်ရဲ့မကျေနပ်သောအကြည့်နဲ့ ကြည့်ခြင်းကို
ခံရသည်။

ဝမ်ကဘာလို့အဲ့လိုကြည့်တာလဲ သူဘာမှားသွားလို့လဲ

" ကျွန်တော်စားလို့ဝပြီ ကျောင်းသွားတော့မယ် "

"  အစ်ကိုလည်းပြီးပြီ သွားရအောင် "

ရှောင်ဝမ်နဲ့ ရှင်းလေးထွက်သွားတော့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုမေးလိုက်သည်။

" ဘယ်လိုလဲ ကိုယ်တော်တယ်မဟုတ်လား "

ဝမ် ကျွန်တော်ကိုမကြည့်ပဲ ထမင်းစားခန်းထဲက
ထွက်သွားသည်။

" ဝမ်ဘာဖြစ်လို့လဲ "

ရှောင်ကျန့် မြန်မြန်ပဲ ဝမ်နောက်ကိုလိုက်လိုက်သည်။

" ကိုယ့်ရဲ့မောင်က ကိုယ့်ဘာမှားလို့ စိတ်ဆိုးသွားရတာလဲ "

" ဘာမောင်လဲ! "

" ဝမ်ပဲ တချိန်က မောင်လို့ခေါ်ဆို "

ရိပေါ်မျက်စောင်းထိုးလိုက်ပြီး အိတ်ယူကာ
ထွက်ဖို့အလုပ် ကိုကိုကလက်ကိုလှမ်းဆွဲကာ
နမ်းဖို့ကြိုးစားနေသည်။

" ရပ်!...ကျွန်တော်ဒေါသဖြစ်နေတာနော် "

" ကိုယ်ဘာအမှားလုပ်လို့လဲ "

" ကိုကိုက ကိုယ့်ကိုယ်ကိုဘာအမှားလုပ်မိလဲ
ကိုယ်တိုင်တောင်မသိဘူးလား "

ရှောင်ကျန့် စဥ်းစားလိုက်ပေမဲ့ အဖြေမထွက်လာပေ။

" ကိုယ် ဒီမနက်ဘာအမှားမှမလုပ်ပါဘူး "

ဝမ်ကျွန်တော်ခြေထောက်ကိုကန်ချလိုက်သည်။

" အား..ဝမ်! "

ဝမ်လက်ကိုလွှတ်ပေးလိုက်ပြီး
ခြေထောက်ကိုပွတ်လိုက်သည်။ယ

"  ကိုယ့်ဘာမှားမှန်းမသိမချင်း ကျွန်တော်ကို
စကားလာမပြောနဲ့ "

ဝမ်ပြောပြီး ထွက်သွားသည်။

" ဝမ်! "

ရှောင်ကျန့် သေချာပေါက်ဘာအမှားမှ မလုပ်ရပါဘူး။

🚘

  ညနေ ဝမ်ကုမ္ပဏီသို့သွားကြိုတော့ ဝမ်အလုပ်ဆင်းသွားပြီ
ပြောသည်။ ဝမ်နှင့်ရှင်းလေးအတွက် စိန်ဆိုင်ဝင်ပြီး
စိန်လည်ဆွဲ ဝယ်လာပြီး အိမ်ကိုပြန်လာလိုက်သည်။

" မင်းရဲ့သခင်ငယ်လေး ပြန်လာပြီလား "

အပေါ်ထပ်ရောက်တော့ ကျင်းရီကိုတွေ့ပြီး
မေးလိုက်သည်။

" ပြန်မလာသေးဘူး "

" ရှောင်ဝမ်ကြိုမလာဘူးလား "

" သွားကြိုပေမဲ့ တင်းနီနဲ့ ထွက်သွားတယ်ကြားတယ် "

အလုပ်ရှုပ်နေတဲ့ တင်းနီက ဒီလိုကြတော့
အားတယ်တဲ့လား ဒီကောင်လေး ရိုက်ကွင်းမရှီဘူးလား

" မင်းရဲ့သခင်လေးကော ရောက်ပြီလား "

" ဟုတ်ကဲ့ "

" ကျင်းရီ မင်းက မင်းရဲ့သခင်လေးအိမ်မှာနေခဲ့တာဆိုတော့
သူ့စိတ်ကို နည်းနည်းတော့သိမှာပေါ့ "

" သခင်လေး ဘာကိုဆိုလို "

" ဒီလိုလေကွာ ဒီမနက်က ငါကိုဘာကိုစိတ်ဆိုးသွားလဲမသိဘူး ငါပြောလိုက်တာဆိုလို့ ရှောင်ဝမ်ကို ရှင်းလေးကို
ကျောင်းအကြို့အပို့ လုပ်ခိုင်းတာပဲ ရှီတာပါ "

ကျင်းရီ စိတ်ပျက်စွာ ခေါင်းရမ်းလိုက်သည်။

" မင်းကဘာခေါင်းရမ်းနေတာလဲ "

"  သခင်လေးက တကယ့်အမှားကြီးကို
ကျူးလွန်လိုက်တာပဲ "

" ငါဘာအမှားလုပ်လို့လဲ "

" ရှင်းလေးနဲ့ သခင်လေးက အခုထိဆက်ဆံရေး
မကောင်းသေးဘူးလေ ကျောင်းအကြိုအပို့လုပ်ရင်း
သခင်လေးက သူ့ညီနဲ့ ရင်းနှီးမှုပြန်ယူဖို့ ကြိုးစားနေတာမဟုတ်ဘူးလား "

" အာ...ဟုတ်သားပဲ "

ရှောင်ကျန့်တကယ်ကို အမှားကြီး ကျူးလွန်မိတာပဲ။
ရှောင်ကျန့်  အခန်းတံခါးကိုဖွင့်လိုက်တော့
ရိပေါ်က  Laptopနဲ့ အလုပ်ရှုပ်နေသည်။

ရှောင်ကျန့် စားပွဲပေါ် ရတနာဗူးတင်လိုက်ပြီး
ရိပေါ်ဘေးကခုံမှာ ထိုင်လိုက်သည်။

" ကိုယ်မှားသွားပါတယ်  "

ဝမ်က ကျွန်တော်ကိုလှည့်မကြည့်ပဲ အလုပ်ထဲပဲ
အာရုံစိုက်နေသည်။

" ဝမ်မန်နေဂျာက အသုံးမကျဘူးလား
ဝမ်ကို အိမ်အထိအလုပ်တွေသယ်လာစေတယ် "

" ကိုကိုနဲ့စကားမပြောချင်လို့ "

ရှောင်ကျန့်ပြုံးလိုက်မိသည်။ ဝမ်က ကျွန်တော်ကို
စိတ်ဆိုးပေမဲ့ ခါတိုင်းလို့မပြင်းထန်ပေ။ အခေါ်အဝေါ်လည်းမပြောင်းဘူး။

" ကိုယ်က အဲ့အချက်ကိုမေ့သွားလို့ပါ
ညကဝမ်ကပြောတော့
ကိုယ် ရှောင်ဝမ်အပေါ် အားနာတဲ့စိတ်ကြီးသွားလို့
ဒီမနက်က အဲ့လိုပြောမိတာ ဝမ်က ရှင်းလေးကို
ကျောင်းပို့ချင်တာကိုး ကိုယ်မေ့သွားခဲ့တယ်
တောင်းပန်ပါတယ်နော် "

" နောက်ဆုံးတော့ ဘာမှားလဲသိသွားပြီပေါ့ "

" ကိုယ်တောင်းပန်ပါတယ် နော် "

လက်ဖဝါးနှစ်ဖက်ကိုပွတ်ကာ တောင်းပန်နေတဲ့
ကိုကိုကြောင့် ရိပေါ်စိတ်ပြေသွားကာ
ခေါင်းညိတ်လိုက်သည်။

" ဝမ်ကစိတ်ထားကောင်းလိုက်တာ
ကိုယ့်ရဲအသဲလေးအတွက် လက်ဆောင်ပါတယ် "

ရှောင်ကျန့် ရတနာဗူးကိုဖွင့်ကာ  လည်ဆွဲကို
အရင်ဆွဲပေးလိုက်သည်။

" ကိုကိုဘာလုပ်နေတာလဲ "

လက်စွပ်ဗူးဖွင့်ကာ စိန်လက်စွပ်ကို လက်သူကြွယ်မှာ
စွပ်ပေးလိုက်သည်။

" လက်ထပ်လက်စွပ်ကို ဘယ်ထားလဲ "

" ရှီပါတယ် အံဆွဲထဲမှာ "

"  အခုပေးတဲ့လက်စွပ်ကို မချွတ်နဲ့
ကိုကိုကထက်ဝယ်ပေးတာ "

" ပိုက်ဆံပေါတဲ့ သူဌေးတွေများ ကောင်းချက် "

" ဟားဟား ကိုယ်ကဝမ်ကိုအရမ်းမြတ်နိုးလွန်းလို့
ဝမ်လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးမှာ "

ရှောင်ကျန့်ပြောပြီး နောက်ထက်ရတနာဗူးကို
ဝမ်လက်ထဲထည့်ပေးလိုက်သည်။

" ဒါကရှင်းလေးအတွက် ဝမ်ကိုယ်တိုင်ပေးလိုက်  "

" ကိုကိုပဲပေးလိုက်ပါ "

" ဘာဖြစ်လို့လဲ ဝမ်ပဲပြန်ချော့ချင်တယ်ဆို "

" ပစ္စည်းနဲ့ပြန်ချော့လို့ရမှာမဟုတ်ဘူး
မေတ္တာနဲ့ပဲ ပြန်ချော့ရမှာ "

" ဝမ်က ရှင်းလေးကို ဘယ်လောက်ထိချစ်လဲ
ကိုယ်သိပါတယ် ကိုယ်ကမကြိုးစားပေးတဲ့အပြင်
အမှားလုပ်မိသွားသေးတယ် "

ရှောင်ကျန့်စိတ်မကောင်းစွာ ဝမ်နဖူးကိုနမ်းလိုက်သည်။

" ရှင်း​လေး ပြန်လာလောက်ပြီ
ကိုယ်သွားပေးလိုက်မယ် "

ရှောင်ကျန့် ရတနာဗူးယူကာ ရှင်းလေးအခန်းထဲသို့
လျှောက်လာလိုက်သည်။

" ရှင်းလေး ရေချိုးနေတာလား "

အခန်းထဲရောက်တော့ အော်မေးလိုက်သည်။

" ယောက်ဖ ဘာဖြစ်လို့လဲ "

" ရေမြန်မြန်ချိုးကလေးလေး အအေးပတ်လိမ့်မယ် "

ရှောင်ကျန့် ကလေးဝတ်ဖို့ အဝတ်အစားကို
အဆင့်သင့်ထုတ်ထားလိုက်သည်။

" ယောက်ဖ! "

  ရှင်းလေး လည်ပင်းကိုကြည့်လိုက်တော့ ပလက်တီနမ်
ကြိုးလေး ဆွဲထားတာတွေ့သည်။

" ယောက်ဖက အဝတ်အစားထုတ်ပေးထားတာပဲ
ညစာစားဖို့လာခေါ်တာဆို ကျွန်တော်မစားတော့ဘူးနော် "

" တင်းနီနဲ့ စားလာခဲ့တာလား "

ရှောင်ကျန့် ကလေးကို အင်္ကျီဝတ်ပေးလိုက်ရင်း
မေးလိုက်သည်။

" ဟုတ် "

ရှင်းလေး မျက်နှာရဲသွားပြီး ပြန်ဖြေသည်။

" ဆွဲကြိုးက သူဝယ်ပေးလိုက်တာလား "

"  ကျွန်တော်နဲ့လိုက်တယ်မှတ်လား ယောက်ဖ "

" အင်း..လိုက်ပါတယ်  ဒါပေမဲ့စိတ်မကောင်းဘူး "

" ဘာဖြစ်လို့လဲ ယောက်ဖရဲ့ "

ရှင်းလေးဘောင်းဘီဝတ်ပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုလည်းဝယ်လာလို့လေ "

ရှောင်ကျန့် ရတနာဗူးကိုပြကာ ပြောလိုက်သည်။

" ယောက်ဖဝယ်လာတာ ကိုကို့ကိုပေးလိုက်လေ "

" နှစ်ယောက်လုံးအတွက်ဝယ်လာတာပေါ့
အစ်ကိုအတွက် ဝမ်ကဘဝလက်တွဲဖော်ဖြစ်သလို
ရှင်းလေးကလည်း အစ်ကိုသားပဲလေး "

" ဟီးဟီး ယောက်ဖက ကလေးလိုချင်တာပဲ "

" ဝမ်နဲ့လက်ထပ်မှတော့ ရှင်းလေးက
အစ်ကို့ကလေးပဲလေ
တခြားကလေးတွေ ဆိုလိုတာမဟုတ်ဘူး "

"  သိပါပြီ ယောက်ဖပေးတာလည်း
ကျွန်တော်လက်ခံလိုက်မယ်လေ "

လည်းပင်ထိပ်မှာမဟုတ်ပဲ သိမ်းထားမယ်ဆိုတဲ့ အသိနဲ့ပဲ
ရှောင်ကျန့် ကျေနပ်လိုက်ရသည်။

🌃

   ရှင်းလေးမပါပဲ  သုံးယောက်သား ညစာစားနေရင်း

" စားမကောင်းဘူးလား ကိုကို "

" ကောင်းပါတယ် ထည့်စား
ဝမ်ကို ကိုယ်ထည့်ပေးဖို့ မေ့နေတာ
ဝက်ခေါင်းသုတ် တော်တော်ကောင်းတယ် စားကြည့် "

ရှောင်ကျန့် ဝမ်ကိုထည့်ပေးရင်း ​ဆိုလိုက်သည်။

" ရှောင်လေး မင်းလည်းထည့်စား "

ညီဖြစ်သူကိုလည်း ထည့်ပေးကာဆိုလိုက်သည်။

" ကျွန်တော်တို့ကို ထည့်ပေးတာကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ကိုကိုကြည့်ရတာ စိတ်လွတ်နေသလိုပဲ "

ရှောင်ကျန့် ညီဖြစ်သူကိုကြည့်လိုက်မိသည်။

"  ကျွန်တော်ရှေ့မှာမို့လို့ မဟုတ်လား
ကျွန်တော်ဝပြီ သွားတော့မယ် "

ရှောင်ဝမ် ထထွက်မလို့အလုပ်

" တောင်းပန်ပါတယ် ရှောင်ဝမ် "

" ဘာကိုလဲ "

" ရှင်းလေးကို မင်းနှစ်သက်မှန်း ငါမသိခဲ့ဘူး "

" မတောင်းပန်နဲ့ အခုလည်း ကျွန်တော်နောက်မကျသေးဘူး "

" ရှောင်ဝမ်!  "

" ဒါပေမဲ့ အတင်းအကျပ်မလုပ်ပါဘူး ရှင်းလေးကို
ကျွန်တော်သေတဲ့အထိ ချစ်မှာမို့
အချစ်မှာ နောက်ကျတယ် မရှီဘူး "

ရှောင်ဝမ်ပြောပြီး ထွက်သွားသည်။
ကျွန်တော် ရင်နစ်သွားရသည်။ ကျွန်တော်က
တော်တော်အသုံးမကျတဲ့ အစ်ကိုပဲ။

" ဘာဖြစ်လို့လဲ ကိုကို "

" ရှင်းလေးက တင်းနီနဲ့ချစ်သွားပြီ "

" တင်းနီကညီကိုချစ်တယ်တဲ့လား "

" အင်း သူလည်ပင်းမှာ တင်းနီပေးတဲ့ ချစ်သက်လက်ဆောင်
ဆွဲကြိုးလေး ဆွဲထားတယ် ကိုယ်ပေးတဲ့
လက်ဆောင်တောင် အလိုမရှီတော့ဘူးလေ "

ဝမ်ရိပေါ် သက်ပြင်းချပြီး ရှောင်ကျန့်လက်ကို
ဆုတ်ကိုင်ထားလိုက်သည်။ အချစ်ဆိုတဲ့အရာက
တားလို့မှမရတာ ရှောင်ဝမ်အတွက် စိတ်မကောင်းရုံကလွဲပြီး ကျွန်တော်ဘာတက်နိုင်မှာလဲ။

Continuă lectura

O să-ți placă și

52.7K 4.4K 22
ငါ -ိုး!!! အိပ်ယာက နိုးနိုးချင်း ယောက်ျားရသွားပြီ!!!
44.6K 3.1K 72
ဖတ်ကြည့်နော်😉😉
91.3K 12.1K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
177K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...