Chapter 38
ထိုအချိန်က ဝမ်ရူယာမှာ မော့ယီချန်းနှင့် ကွာရှင်းပြီးကာစဖြစ်သည်။ သူမ သူ့အားလာတွေ့ချိန်တွင် သူမက မည်သည့်စကားမှ မဆိုခဲ့ပေ။ သူမအနေဖြင့် ဘာပြောရမှန်းမသိသည်လည်း ဖြစ်နိုင်၏။ သိူ့မဟုတ်ပါက သူမဘာပြောပြော အသုံးမဝင်မှန်းသိ၍လည်း ဖြစ်နိုင်သည်။ အားလုံးပြီးသည့်နောက် သူ့အားကူညီရန် သူမလုပ်နိုင်သည့်အရာ မရှိပါချေ။
မော့တိကလည်း ဝမ်ရူယာနှင့် စကားမပြောချင်ခဲ့သလို သူမအခြေအနေကိုလည်း မေးမြန်းလိုခြင်းရှိမနေခဲ့ပေ။ သူက စိတ္တဇဆေးရုံမှ အရူးတစ်ယောက်သာဖြစ်ပြီး နေ့တိုင်းပင် ညှင်းပန်းမှုအမျိုးမျိုးအား ခံစားနေခဲ့ရသည်။ အသက်ရှင်ရသည်ကို ပင်ပန်းနေသူတစ်ဦးအနေဖြင့် အခြားသူများကို စာနာသနားနေခြင်းငှာ မတတ်နိုင်သလို ထိုသို့စာနာရန် အရည်အချင်းလည်းမရှိပါချေ။
သို့ပေသိ ဤဘဝတွင် အရာအားလုံး ပြန်လည်စတင်နေပေပြီ။
ဖြစ်နိုင်လျှင် ဝမ်ရူယာအပါအဝင် ထိုအပြစ်ကင်းသည့်အမြှောက်စာအားလုံး မော့မိသားစု၏မီးတွင်းမှ ဝေးဝေးနေနိုင်ဖို့ရာ မျှော်လင့်မိပါ၏။ မော့မိသားစုသို့ ဝင်မိသည်နှင့် ရွေးချယ်စရာ နှစ်ခုသာရှိ၏။ တစ်ခုမှာ ကိုယ့်စိတ်ကိုယ်စုစည်းကာ အနှီနှုတ်ချိုသော အဒေါ်များကဲ့သို့ ကျန်မိသားစုများနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ဖို့ဖြစ်၏။ ဒုတိယတစ်ခုမှာ ခြေနင်းတုံးဖြစ်လာရန်ပင်။
သို့ပေသိ လက်ရှိတွင်တော့ သူ့အဒေါ်များကဲ့သို့ ဖြစ်လာရန်မှာ ထပ်မံ၍ မဖြစ်နိုင်တော့ချေ။ အားလုံးပြီးသည့်နောက် သူတို့မိသားစုထဲ ဝင်သည့်အချိန်က မော့လျှိုကွေ့ မမွေးသေးပေ။ သူတို့ ကလေးတစ်ယောက်ပြီးတစ်ယောက် မွေးနေချိန်၌လည်း မိသားစုထဲရှိ အနေအထားမှာ တည်ငြိမ်နေခဲ့သည်။ မောလျှိုကွေ့နှင့်အတူ သူ မွေးဖွားပြီးနောက် လူတိုင်း၏ ခြေနင်းပြားဖြစ်လာကာ သူ့အဒေါ်များမှာလည်း မော့မိသားစုအား ကိုးကွယ်သူများအဖြစ် လွယ်လင့်တကူ ပြောင်းလဲလိုက်ပြီး အနိုင်ကျင့်သူများ ဖြစ်လာကြသည်။
သို့ပေသိ မော့မိသားစု၏ တည်ဆောက်ပုံမှာ သိပ်မတူညီတော့ချေ။ သူတို့၏ ခြေနင်းပြား(md)မရှိတော့ချေ။
သေချာပေါက်ပင် သူအကြံပေးသည်အား အရေးမစိုက်ပါက သူသည်လည်း သူတို့အပေါ် အင်အားများဖြုန်းတီးနေတော့မည်မဟုတ်ပေ။ သူက ဓားပြတစ်ဦး မဟုတ်ရပါချေ။ သူ့ကိုယ်သူ ကြောက်စရာကောင်းသော အဆုံးသတ်သို့ ကျရောက်သွားမည်ကို ကာကွယ်ရန်အလို့ငှာ ရေခဲအလွှာပါးပါးလေးထက်၌ စိတ်ရောကိူယ်ပါ စိုက်ထုတ်ထားရသည်။ အခြားလူများအား ကူညီရန် အင်အားများစွာ ရှိမနေပါချေ။
မုထျန်းဟန်က မော့တိ၏စကားလုံးများကြောင့် အနှောင့်အယှက်မဖြစ်ပေ။ သူက အနည်းငယ် စဥ်းစားပြီးနောက် ပြောလိုက်သည်။
"မင်းသူမကို ဆွဲဆောင်ချင်ရင် ဒါမှမဟုတ် အကြံပေးချင်ရင်၊ အမည်မဖော်ပဲ လုပ်လို့ရတယ်၊ တိုက်ရိုက်ဆုံဖို့ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် လတ်တလောမှာ မော့မိသားစုရဲ့စိတ်သဘောထား အကျင့်စရိုက်တွေပြည့်နေတဲ့ ဗီဒီယိုတွေ ပြန့်နေတာပဲ၊ ဒါကြောင့် အများကြီး ထပ်ရှင်းပြစရာမလိုပါဘူး၊ မင်းလုပ်ရမှာက တွန်းအားနည်းနည်းလေး ပေးရုံပဲ၊ ဒါဆို လုံလောက်ပြီ၊ ဗီဒီယိုကြည့်ပြီး မင်းဆီက အမည်မသိအကြံပေးချက်ကို ရပြီးတာတောင် မော့ယီချန်းကို လက်ထပ်ချင်တုန်းပဲ၊ သူ့နောက်ကနေ ကူညီချင်တုန်းပဲဆို သူ့ကိုဆွဲဆောင်ဖို့ မျှော်လင့်ချက်မရှိဘူး။
“နားလည်ပါပြီ...”
မော့တိက မုထျန်းဟန်အား ပြိုင်ဘက်မရှိနိုင်သည့်အာရုံစိုက်မှုမျိုးဖြင့်ကြည့်ကာ လိမ္မာစွာ ခေါင်းညိတ်ပြလိုက်လေသည်။ နောက်ထပ် သူက ရိုးသားခြင်းလွန်လွနိကဲကဲဖြင့် မြှောက်ပင့်ကာ "ကိုကို၊ ခင်များက မယုံနိုင်စရာပဲ၊ ကိစ္စတွေကိူ ယုတ္တိကျကျနဲ့ အကျိုးကြောင်းဆီလျော်အောင် ဖြေရှင်းတတ်တယ်၊ ဒီမတိုင်ခင်က ကျွန်တော် အဲလိုမျိုး တွေးတောင်မတွေးမိဘူး"
"မြှောက်နေလည်း အသုံးမဝင်ဘူး"
မုထျန်းဟန်က အကူညီမဲ့စွာဖြင့် ကျေနပ်နေသည့်အပြုံးတစ်ခု သူ့မျက်နှာထက်၌ ရှိနေသည်။ သူက ပဲစိမ်းနဲ့ကြာစေ့စွပ်ပြုတ်ကို ဖြည့်လိုက်ပြီး မော့တိရှေ့သို့ ချပေးလိုက်သည်။
"သောက်လိုက်၊ ပြီးရင် အခု လှည့်ကွက်လုပ်ခဲ့တာကို ခွင့်လွှတ်ပေးမယ်"
"ဟုတ်ကဲ့ပါ၊ ဆြာ"
မော့တိက အလေးပြုလိုက်ပြီးနောက် စွပ်ပြုတ်ပန်းကန်အား လက်လှမ်းလိုက်ပြီး အလင်းကဲ့သို့အရှိန်ဖြင့် သောက်ချလိုက်သည်။
ထို့နောက်တွင် သူကလေချဥ်တက်လိုက်ပြီး မုထျန်းဟန်အား လှပသည့်မျက်ဝန်းတစ်စုံဖြင့် ကြည့်လိုက်လေသည်။
"ကိုကို ကျွန်တော့်ကို အခု ခွင့်လွှတ်မှာလား"
ရုတ်တရက်ဆိုသလို တိရိစ္ဆာန်ဆန်ဆန်အတွေးတို့က မုထျန်းဟန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ခေတ္တမျှ ကောင်ငယ်လေးကို သူ့လက်အတွင်း ဆွဲသွင်းကာ အနှီ မှင်ဆေးပန်းချီပမာ မျက်ဝန်းတို့အား အနမ်းပေးချင်မိ၏။
သို့ပေသိ အဆူံးတွင် သူ၏လူသား အသိစိတ်က အတွင်းမှ သားရဲဗီဇတို့အား ဖိနှိပ်နိုင်လိုက်ပါသည်။ မုထျန်းဟန်က တည်တည်ငြိမ်ငြိမ်ဖြင့် ချောင်းဟန့်လိုက်ကာ "အမ်း..."
ပြီးနောက် သူက လက်ဆန့်ကာ မော့တိ၏ နူးညံ့သည့်ဆံသားလေးများကို အသာအယာပွတ်သပ်ရင်း နမ်းလိုစိတ်အား လျှော့လိုက်တော့သည်။
….အမှန်တော့ ယင်းကလည်း တိရိစ္ဆာန် ဆန်နေဆဲသာ။
ထိူညက မော့တိနှင့်မုထျန်းဟန် အိမ်ပြန်ရောက်သည့်အခါ ဆယ်နာရီပင် ကျော်သွားချေပြီ။ တစ်ဦးနှင့်တစ်ဦး ကောင်းသောညပါ ဟူ၍ နှုတ်ဆက်ပြီးနောက် ဆေးကြာကာ အနားယူကြသည်။
သူစိတ်အားအထက်သန်ဆုံး သတင်းဖြစ်သော ကျန်းခွမ်းချန်နှင့် မော့ရှစ်ဟုန်တို့အား စီရင်ချက်ချမှုကို နောက်တစ်နေ့တွင် ထုတ်ပြန်လိမ့်မည်။
ထို့ကြောင့် သူက သိပ်အလျင်မလိုပါချေ။ အချိန်အား နောက်တစ်နေ့ အစားအသောက် ခရီးစဥ်အတွက် အစီအစဥ်ချရာတွင် သုံးခြင်းက ပိုကောင်းသည်။ မုထျန်ဟန်းက အလုပ်နှစ်ရက်နားပြီး နောက်နေ့တွင် ပြန်လည်အလုပ်များလာမည့် အဓိပ္ပါယ်ပင်။ မနက်ဖြန်အတွက် အစီအစဉ်အား သေချာပေါက် ပြည့်စုံအောင် လုပ်ရမည်။
သို့သော်လည်း…
ထိုသို့ဆိုခြင်းက မော့တိအနေဖြင့် အစားအသောက်ခရီးစဥ်အတွက်သာ လုံးလုံးပူပန်နေခြင်း မဟုတ်ရပါချေ။ အားလုံးပြီးသည့်အခါ အကြီးမားဆုံးသော ချိန်ကိုက်ဗုံးဖြစ်သည့် ချင်ချန်းယီမှာ တစ်နေနေရာ၌ ချောင်းမြောင်းကာစောင့်ဆိုင်းရင်း သူမမှန်းဆနိုင်သော အရာတစ်ခုကို စီစဉ်နေလိမ့်မည်။
…
ထိုအချိန်တွင် မြို့တော်ရှိအကောင်းဆုံး ဇိမ်ခံဗီလာ၌ ချင်ချန်းယီက သူ့ဖခင် ချင်ကျယ်ကွမ်းနှင့် ဗီဒီယိုဆက်သွယ်မှု လုပ်နေ၏။
ချင်ကျယ်ကွမ်းတွင် ကောင်းမွန်သည့်စိတ်အခြေအနေမရှိသည်မှာ ထင်ရှား၍နေပါ၏။ စိတ်ပျက်နေသော အမူအယာနှင့် သူကဆိုသည်။
"ငါ့နောက်ကွယ်မှာ မင်းလုပ်နေတာတွေက ဘယ်မှာများ ယုတ္တိရှိလို့လဲ၊ မင်းအရမ်းတွေ လုပ်နိုင်စွမ်းရှိနေမှတော့ ငါ့ကိုမင်းလုပ်ထားတဲ့ အရှုပ်တွေရှင်းဖို့ ဘာလို့လိုနေသေးတာလဲကွ"
"ကျွန်တော် သတိလက်လွတ်ဖြစ်သွားပြီး အမှားတစ်ခုလုပ်လိုက်မိတယ်၊ အဖေစိတ်ပူစရာမလိုပါဘူး၊ မနက်ဖြန် ကျွန်တော် အဲဒါကို ဖြေရှင်းနိုင်ပါတယ်"
ချင်ချန်းယီက မှုန်မှိုင်းနေသော်ငြား သူ့သဘောထားကတော့ ကောင်းမွန်၍နေသေးသည်။
“ကြည့်ရတာ အဖေ့ဇနီးလေးတွေက(အပျော်ဇနီး) အဖေ့ကို ပျော်အောင်မလုပ်ပေးနိုင်ပုံပဲ၊ ကျွန်တော့်ကို နှောင့်ယှက်ဖို့တောင် အချိန်တွေရနေသေးတယ် “
“သောက်ကောင်လေး! မင်းအဖေကို ဘယ်လိုလုပ် ဒီလိုပုံစံနဲ့ ပြောနိုင်ရတာလဲ?”
ချင်ကျယ်ကွမ်း၏မျက်နှာက ဒေါသကြောင့် အမဲသားရောင် ပြောင်းနေချေပြီ။
“ငါမင်းကိုပြောလိုက်မယ်၊ မော့မိသားစုရဲ့အရှုပ်တွေကို ဖြေရှင်းပေးခွင့်မပြုဘူး၊ မင်း အဲ့မော့မိန်းကလေးကို တရားစွဲချင်ရင် ရတယ် မင်းသဘောပဲ၊ ဒါပေမယ့် အခြားဘာကိုမှ ဝင်စွက်ဖက်ခွင့်မရှိဘူး ၊ အထူးသဖြင့် အဲဒီ့ သက်သေအတုလုပ်တဲ့ပြစ်မှုပဲ၊ မင်းပြဿနာကြားမဝင်ရင် ပိုကောင်းမယ် !”
"အဲဒီ့ ကောလိပ်ဝင်ခွင့်စာမေးပွဲပြဿနာက တစ်တိုင်းပြည်လုံးသိနေပြီဆိုတာ မင်းသိရဲ့လား၊ အထက်တန်းလွှာအားလုံးက အဲ့အပေါ်မှာ အာရုံစိုက်နေတာကွ၊ ငါအဆက်အသွယ် ဘယ်လောက်ရှာရမလဲမင်းသိရဲ့လား၊ မင်းရဲ့ အရှုပ်တွေရှင်းဖို့ ငွေဘယ်လောက်ပေးရမလဲဆိုတာရော သိရဲ့လား၊ ကောင်စုတ်လေး ဘာမှမသိတာကပဲ မင်းအတွက်ကောင်းပါတယ်လေ"
"အဖေရှင်းပေးစရာမလိုပါဘူး၊ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်၊ ကျွန်တော့်အရှုပ်ကို ကျွန်တော်ရှင်းနိုင်တယ်၊ ကျောက်ခွမ်းချန် ကျွန်တော့်ကို မဖော်ထုတ်နိုင်အောင် လုပ်ဖို့ နည်းလမ်းတွေရှိပြီးသားပါ၊ ခင်များက အဲဒါလေးအတွက်နဲ့ ငွေအများကြီးသုံးပြီး အဆက်အသွယ်တွေ ခက်ခက်ခဲခဲရှာနေမှတော့ ခင်များအိုနေပြီ အသုံးမဝင်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ"
“ပြီးတော့ နောက်တစ်ခုက”
ချင်ချန်းယီက ချင်ကျယ်ကွမ်းအား အေးစက်စက်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။
"ခင်များ ရှောင်ကွေ့ကို ထိလို့မရဘူး၊ မဟုတ်ရင်တော့ လူအိုကြီး ခင်များနောင်တရမယ်နော် ...”
“မင်းဘာကိုဆိုလိုတာလဲ ခွေးမသားလေး၊ အဖေကို ခြိမ်းခြောက်နေတာလား၊ မင်းငါ့ကို အဖေလို့ရော သတ်မှတ်သေးရဲ့လား၊ မော့လျှိုကွေ့က မင်းကို ဘာဆေးတွေများ တိုက်ထား …. beep——!”
ချင်ကျယ်ကွမ်းက ဒေါသဖြင့် သူ၏ကွန်ပျူတာကို မြေပြင်ထက် ပစ်ပေါက်ပစ်လိုက်လေသည်။
"အဲ့အယုတ်တမာလေးက ငါ့ဖုန်းကိူချရဲတယ်၊ သူငါ့စကား ထပ်နားမထောင်တော့ဘူးကွ !!!”
“ဒါရိုက်တာချင်”
အထက်တန်းလွှာဟန်ပန်ရှိသည့် အမျိုးသားတစ်ဦးက သူ့နံဘေးတွင် ရိုသေမှုအပြည့်ဖြင့် ရပ်နေကာ ချင်ကျယ်ကွမ်း စိတ်လျှော့သွားသည်ကို စောင့်နေ၏။
"ခင်များ အရင်ကပြောတာကို ... ကျွန်တော်တို့ လုပ်ရဦးမှာလား"
"ဒါပေါ့၊ လုပ်လိုက်"
ချင်ကျယ်ကွမ်းက အတွင်းရေးမှူးစွန်းအား သူ့အတွက် ဆေးပြင်းလိပ်ကို ဖြတ်ပေးလိုက်သည်။
"ငါသာ အဲ့ကောင်စုတ်လေးကို မရပ်နိုင်ရင် ငါ့အတွက် ကျင်းတစ်ခု တူးပေးသွားလိမ့်မယ်၊ သူအသက်ပိုကြီးလာလေလေ ပိုရက်စက်လာလေလေပဲ၊ သူက ဥပဒေကိုတောင် ချိုးဖောက်နေပြီ၊ ငါသူ့အရွယ်တုန်းက ငါ့လက်တွေက သန့်ရှင်းနေတုန်းပဲကွ"
သူ့ဘေးရှိ အတွင်းရေးမှူးစွန်းက ဦးသာညွတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
'ကောင်းပြီ၊ အခု ခင်များလက်တွေကလည်း လုံးဝသန့်ရှင်းမနေတော့ပါဘူးနော်´
"ယန်ဖန်းနှင့် သူ့လူတွေကို အရင်က ငါပြောခဲ့တာတွေကို ကိုင်တွယ်ဖို့ စည်းကမ်းတင်းတင်းကြပ်ကြပ် ထုတ်လိုက်၊ ကောင်စုတ်လေး ဒီကိစ္စကနေ လုံးလုံးလွတ်ကင်းတာ သေချာပါစေ၊ ကျောက်ခွမ်းချန်ကိုလည်း ကိုင်တွယ်ဖို့ လိုအပ်တယ်၊ ပြီးတော့ အရေးကြီးတာတစ်ခုက ဟိုမိန်းကလေး ဒါမှမဟုတ် မော့လျှိုကွေ့ရဲ့အဖေကိုဖြစ်ဖြစ် ကူညီလို့ အဲကောင်စုတ်လေးကို လူတွေဒေါသထွက်တာမျိုး မဖြစ်စေနဲ့၊ ပြဿနာတက်လိမ့်မယ်"
"ဟုတ်ကဲ့" အတွင်းရေးမှူးစွန်းက ပေါ့ပါးသည့် ဆေးပြင်းလိပ်ကို ချင်ကျယ်ကွမ်းထံ ပေးကာ အလျင်အမြန် နောက်ဆုတ်လိုက်၏။ သူထွက်သွားပြီးနောက်တွင် သူ့မျက်နှာမှာ သိပ်မကောင်းပါချေ။
သခင်ငယ်လေး၏ အာဏာမှာ သခင်ကြီး၏အချိတ်အဆက်အရင်းအမြစ်များနှင့်ပင် ရင်ဘောင်တန်းနိုင်သည်အထိ အလျင်အမြန် တိုးတက်လျက် ရှိသည်။ သူ့ဖက်မှ လှုပ်ရှားမှုများရှိမလာစေရန် တားဆီးလိုပါမူ သူတို့အင်အားစု၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်ကို စိုက်ထုတ်ရပေမည်။
နှစ်နှစ်အတွင်း သခင်ငယ်လေး၏ နောက်ခံအင်အားက သိပ်မကောင်းသည့် သခင်ကြီး၏အရင်းအနှီးတို့အား ဖိနှိပ်လိုက်နိုင်မည်ကို စိုးရိမ်မိပါ၏။ သို့ပေသိ အချိန်ကျလာသည့်အခါ သူတို့လို အရေးမပါသည့် လူလေးများက ဦးစွာ ခံစားရပေလိမ့်မည်။
…
ရေချိုးပြီးနောက်တွင် မုထျန်းဟန်သည် လက်ထောက်ကောင်းထံက ချင်မိသားစုအား ဝင်ရောက်စွက်ဖက်ရာမှ တားဆီးရာတွင် ကြောက်စရာကောင်းသည့် အင်အားတစ်ခုကို ခံစားမိခဲ့ကြောင်း အစီရင်ခံသည့်ဖုန်းကို ရရှိခဲ့သည်။ အနှီအင်အားမှာ ချင်ချန်းယီ၏နည်းလမ်းများနှင့် တူညီပုံရသည်ဟူ၍။ လက်ထောက်ကောင်းက မုထျန်ဟန်ကို ပြန်တုန့်ပြန်လိုပါသလားဟု မေးလာ၏။
မုထျန်းဟန်က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်ကာ စဥ်းစားပြီးနောက် ပြောလိုက်သည်။
"မလိုဘူး၊ သူတို့ကို စောင့်ကြည့်ထား၊ ချင်ချန်းယီကို မကိုင်တွယ်နိုင်တဲ့ ဆန့်ကျင်ဘက်အင်အားကို ရှာတွေ့ရင်(သူတို့တွေ့တဲ့အင်အားက ချင်ချန်းယီကို မကိုင်တွယ်နိူင်ရင်) ဒါမှမဟုတ် သူတို့က ရပ်လိုက်တယ်ဆိုရင် ငါတို့ လှုပ်ရှားမယ်"
“နားလည်ပါပြီ...”
မုထျန်းဟန်က ဖုန်းချလိုက်သည်။ သူ့သူငယ်အိမ်များက မသိမသာကျုံ့သွား၏ ။ ယခင်က စုံစမ်းစစ်ဆေးရေး၌ ဝင်ရောက်စွက်ဖက်ခဲ့သည့်တစ်ယောက်မှာ ချင်မိသားစုဝင်မဟုတ်သည့်အတိုင်းပင်။ မြို့တော်ရှိ မြေအောက်အင်အားက သူတွေးထားသည်ထက် ပို၍နက်ရှိုင်းစွာ တိုးပွားလာပုံရသည်။ချင်အဖေနှင့်သားတို့ နှစ်ယောက်စလုံး၌ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသော အမြင်ရှိပုံရသည်။ မိသားစုတိုင်း၌ ကိူယ်စီကိုယ်ငှ ပြဿနာရှိကြပုံပင်။ ထို့အပြင် အစိုးရ၊ သူ၏လူများနှင့် သူတို့၏အကျိုးစီးပွားတို့မှာ ရှုပ်ထွေးလွန်းနေ၏။
စိတ်ဝင်စားစရာ ကောင်းလာပုံပင်။
နောက်တစ်နေ့တွင်
ဒင် ဒင် ဒင်
မော့တိတစ်ယောက် သူ့ဖုန်းမှမြည်လာသည့် အချက်ပေးသံသုံးခုကြောင့် နိုးလာသည်။
မော့တိက အမှတ်တမဲ့ပင် မျက်နှာပြင်အား ဖွင့်လိုက်မိ၏။ အကြည့်တစ်ချက်ဖြင့်ပင် နောက်ဆုံးစကားလုံးကို မြင်လိုက်ရပြီးနောက် လန့်ဖျတ်ကာ အပြည့်အဝ နိုးကြားလာရတော့သည်။
Xxxxxxx
Chapter 38
ထိုအခ်ိန္က ဝမ္႐ူယာမွာ ေမာ့ယီခ်န္းႏွင့္ ကြာရွင္းၿပီးကာစျဖစ္သည္။ သူမ သူ႕အားလာေတြ႕ခ်ိန္တြင္ သူမက မည္သည့္စကားမွ မဆိုခဲ့ေပ။ သူမအေနျဖင့္ ဘာေျပာရမွန္းမသိသည္လည္း ျဖစ္နိုင္၏။ သိူ႕မဟုတ္ပါက သူမဘာေျပာေျပာ အသုံးမဝင္မွန္းသိ၍လည္း ျဖစ္နိုင္သည္။ အားလုံးၿပီးသည့္ေနာက္ သူ႕အားကူညီရန္ သူမလုပ္နိုင္သည့္အရာ မရွိပါေခ်။
ေမာ့တိကလည္း ဝမ္႐ူယာႏွင့္ စကားမေျပာခ်င္ခဲ့သလို သူမအေျခအေနကိုလည္း ေမးျမန္းလိုျခင္းရွိမေနခဲ့ေပ။ သူက စိတၱဇေဆး႐ုံမွ အ႐ူးတစ္ေယာက္သာျဖစ္ၿပီး ေန႕တိုင္းပင္ ညွင္းပန္းမႈအမ်ိဳးမ်ိဳးအား ခံစားေနခဲ့ရသည္။ အသက္ရွင္ရသည္ကို ပင္ပန္းေနသူတစ္ဦးအေနျဖင့္ အျခားသူမ်ားကို စာနာသနားေနျခင္းငွာ မတတ္နိုင္သလို ထိုသို႔စာနာရန္ အရည္အခ်င္းလည္းမရွိပါေခ်။
သို႔ေပသိ ဤဘဝတြင္ အရာအားလုံး ျပန္လည္စတင္ေနေပၿပီ။
ျဖစ္နိုင္လွ်င္ ဝမ္႐ူယာအပါအဝင္ ထိုအျပစ္ကင္းသည့္အျမႇောက္စာအားလုံး ေမာ့မိသားစု၏မီးတြင္းမွ ေဝးေဝးေနနိုင္ဖို႔ရာ ေမွ်ာ္လင့္မိပါ၏။ ေမာ့မိသားစုသို႔ ဝင္မိသည္ႏွင့္ ေ႐ြးခ်ယ္စရာ ႏွစ္ခုသာရွိ၏။ တစ္ခုမွာ ကိုယ့္စိတ္ကိုယ္စုစည္းကာ အႏွီႏႈတ္ခ်ိဳေသာ အေဒၚမ်ားကဲ့သို႔ က်န္မိသားစုမ်ားႏွင့္ တစ္စိတ္တစ္ဝမ္းတည္း ျဖစ္ဖို႔ျဖစ္၏။ ဒုတိယတစ္ခုမွာ ေျခနင္းတုံးျဖစ္လာရန္ပင္။
သို႔ေပသိ လက္ရွိတြင္ေတာ့ သူ႕အေဒၚမ်ားကဲ့သို႔ ျဖစ္လာရန္မွာ ထပ္မံ၍ မျဖစ္နိုင္ေတာ့ေခ်။ အားလုံးၿပီးသည့္ေနာက္ သူတို႔မိသားစုထဲ ဝင္သည့္အခ်ိန္က ေမာ့လွ်ိုေကြ႕ မေမြးေသးေပ။ သူတို႔ ကေလးတစ္ေယာက္ၿပီးတစ္ေယာက္ ေမြးေနခ်ိန္၌လည္း မိသားစုထဲရွိ အေနအထားမွာ တည္ၿငိမ္ေနခဲ့သည္။ ေမာလွ်ိုေကြ႕ႏွင့္အတူ သူ ေမြးဖြားၿပီးေနာက္ လူတိုင္း၏ ေျခနင္းျပားျဖစ္လာကာ သူ႕အေဒၚမ်ားမွာလည္း ေမာ့မိသားစုအား ကိုးကြယ္သူမ်ားအျဖစ္ လြယ္လင့္တကူ ေျပာင္းလဲလိုက္ၿပီး အနိုင္က်င့္သူမ်ား ျဖစ္လာၾကသည္။
သို႔ေပသိ ေမာ့မိသားစု၏ တည္ေဆာက္ပုံမွာ သိပ္မတူညီေတာ့ေခ်။ သူတို႔၏ ေျခနင္းျပား(md)မရွိေတာ့ေခ်။
ေသခ်ာေပါက္ပင္ သူအႀကံေပးသည္အား အေရးမစိုက္ပါက သူသည္လည္း သူတို႔အေပၚ အင္အားမ်ားျဖဳန္းတီးေနေတာ့မည္မဟုတ္ေပ။ သူက ဓားျပတစ္ဦး မဟုတ္ရပါေခ်။ သူ႕ကိုယ္သူ ေၾကာက္စရာေကာင္းေသာ အဆုံးသတ္သို႔ က်ေရာက္သြားမည္ကို ကာကြယ္ရန္အလို႔ငွာ ေရခဲအလႊာပါးပါးေလးထက္၌ စိတ္ေရာကိူယ္ပါ စိုက္ထုတ္ထားရသည္။ အျခားလူမ်ားအား ကူညီရန္ အင္အားမ်ားစြာ ရွိမေနပါေခ်။
မုထ်န္းဟန္က ေမာ့တိ၏စကားလုံးမ်ားေၾကာင့္ အႏွောင့္အယွက္မျဖစ္ေပ။ သူက အနည္းငယ္ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။
"မင္းသူမကို ဆြဲေဆာင္ခ်င္ရင္ ဒါမွမဟုတ္ အႀကံေပးခ်င္ရင္၊ အမည္မေဖာ္ပဲ လုပ္လို႔ရတယ္၊ တိုက္ရိုက္ဆုံဖို႔ မလိုပါဘူး၊ ဘာပဲျဖစ္ျဖစ္ လတ္တေလာမွာ ေမာ့မိသားစုရဲ႕စိတ္သေဘာထား အက်င့္စရိုက္ေတြျပည့္ေနတဲ့ ဗီဒီယိုေတြ ျပန့္ေနတာပဲ၊ ဒါေၾကာင့္ အမ်ားႀကီး ထပ္ရွင္းျပစရာမလိုပါဘူး၊ မင္းလုပ္ရမွာက တြန္းအားနည္းနည္းေလး ေပး႐ုံပဲ၊ ဒါဆို လုံေလာက္ၿပီ၊ ဗီဒီယိုၾကည့္ၿပီး မင္းဆီက အမည္မသိအႀကံေပးခ်က္ကို ရၿပီးတာေတာင္ ေမာ့ယီခ်န္းကို လက္ထပ္ခ်င္တုန္းပဲ၊ သူ႕ေနာက္ကေန ကူညီခ်င္တုန္းပဲဆို သူ႕ကိုဆြဲေဆာင္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိဘူး။
နားလည္ပါၿပီ...
ေမာ့တိက မုထ်န္းဟန္အား ၿပိဳင္ဘက္မရွိနိုင္သည့္အာ႐ုံစိုက္မႈမ်ိဳးျဖင့္ၾကည့္ကာ လိမၼာစြာ ေခါင္းညိတ္ျပလိုက္ေလသည္။ ေနာက္ထပ္ သူက ရိုးသားျခင္းလြန္လြနိကဲကဲျဖင့္ ျမႇောက္ပင့္ကာ "ကိုကို၊ ခင္မ်ားက မယုံနိုင္စရာပဲ၊ ကိစၥေတြကိူ ယုတၱိက်က်နဲ႕ အက်ိဳးေၾကာင္းဆီေလ်ာ္ေအာင္ ေျဖရွင္းတတ္တယ္၊ ဒီမတိုင္ခင္က ကြၽန္ေတာ္ အဲလိုမ်ိဳး ေတြးေတာင္မေတြးမိဘူး"
"ျမႇောက္ေနလည္း အသုံးမဝင္ဘူး"
မုထ်န္းဟန္က အကူညီမဲ့စြာျဖင့္ ေက်နပ္ေနသည့္အၿပဳံးတစ္ခု သူ႕မ်က္ႏွာထက္၌ ရွိေနသည္။ သူက ပဲစိမ္းနဲ႕ၾကာေစ့စြပ္ျပဳတ္ကို ျဖည့္လိုက္ၿပီး ေမာ့တိေရွ႕သို႔ ခ်ေပးလိုက္သည္။
"ေသာက္လိုက္၊ ၿပီးရင္ အခု လွည့္ကြက္လုပ္ခဲ့တာကို ခြင့္လႊတ္ေပးမယ္"
"ဟုတ္ကဲ့ပါ၊ ၾဆာ"
ေမာ့တိက အေလးျပဳလိုက္ၿပီးေနာက္ စြပ္ျပဳတ္ပန္းကန္အား လက္လွမ္းလိုက္ၿပီး အလင္းကဲ့သို႔အရွိန္ျဖင့္ ေသာက္ခ်လိဳက္သည္။
ထို႔ေနာက္တြင္ သူကေလခ်ဥ္တက္လိုက္ၿပီး မုထ်န္းဟန္အား လွပသည့္မ်က္ဝန္းတစ္စုံျဖင့္ ၾကည့္လိုက္ေလသည္။
"ကိုကို ကြၽန္ေတာ့္ကို အခု ခြင့္လႊတ္မွာလား"
႐ုတ္တရက္ဆိုသလို တိရိစ္ဆာန္ဆန္ဆန္အေတြးတို႔က မုထ်န္းဟန္၏ စိတ္ထဲသို႔ ဝင္ေရာက္လာသည္။ ေခတၱမွ် ေကာင္ငယ္ေလးကို သူ႕လက္အတြင္း ဆြဲသြင္းကာ အႏွီ မွင္ေဆးပန္းခ်ီပမာ မ်က္ဝန္းတို႔အား အနမ္းေပးခ်င္မိ၏။
သို႔ေပသိ အဆူံးတြင္ သူ၏လူသား အသိစိတ္က အတြင္းမွ သားရဲဗီဇတို႔အား ဖိႏွိပ္နိုင္လိုက္ပါသည္။ မုထ်န္းဟန္က တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေခ်ာင္းဟန့္လိုက္ကာ "အမ္း..."
ၿပီးေနာက္ သူက လက္ဆန့္ကာ ေမာ့တိ၏ ႏူးညံ့သည့္ဆံသားေလးမ်ားကို အသာအယာပြတ္သပ္ရင္း နမ္းလိုစိတ္အား ေလွ်ာ့လိုက္ေတာ့သည္။
.အမွန္ေတာ့ ယင္းကလည္း တိရိစ္ဆာန္ ဆန္ေနဆဲသာ။
ထိူညက ေမာ့တိႏွင့္မုထ်န္းဟန္ အိမ္ျပန္ေရာက္သည့္အခါ ဆယ္နာရီပင္ ေက်ာ္သြားေခ်ၿပီ။ တစ္ဦးႏွင့္တစ္ဦး ေကာင္းေသာညပါ ဟူ၍ ႏႈတ္ဆက္ၿပီးေနာက္ ေဆးၾကာကာ အနားယူၾကသည္။
သူစိတ္အားအထက္သန္ဆုံး သတင္းျဖစ္ေသာ က်န္းခြမ္းခ်န္ႏွင့္ ေမာ့ရွစ္ဟုန္တို႔အား စီရင္ခ်က္ခ်မႈကို ေနာက္တစ္ေန႕တြင္ ထုတ္ျပန္လိမ့္မည္။
ထို႔ေၾကာင့္ သူက သိပ္အလ်င္မလိုပါေခ်။ အခ်ိန္အား ေနာက္တစ္ေန႕ အစားအေသာက္ ခရီးစဥ္အတြက္ အစီအစဥ္ခ်ရာတြင္ သုံးျခင္းက ပိုေကာင္းသည္။ မုထ်န္ဟန္းက အလုပ္ႏွစ္ရက္နားၿပီး ေနာက္ေန႕တြင္ ျပန္လည္အလုပ္မ်ားလာမည့္ အဓိပ္ပါယ်ပင်။ မနက္ျဖန္အတြက္ အစီအစဥ္အား ေသခ်ာေပါက္ ျပည့္စုံေအာင္ လုပ္ရမည္။
သို႔ေသာ္လည္း
ထိုသို႔ဆိုျခင္းက ေမာ့တိအေနျဖင့္ အစားအေသာက္ခရီးစဥ္အတြက္သာ လုံးလုံးပူပန္ေနျခင္း မဟုတ္ရပါေခ်။ အားလုံးၿပီးသည့္အခါ အႀကီးမားဆုံးေသာ ခ်ိန္ကိုက္ဗုံးျဖစ္သည့္ ခ်င္ခ်န္းယီမွာ တစ္ေနေနရာ၌ ေခ်ာင္းေျမာင္းကာေစာင့္ဆိုင္းရင္း သူမမွန္းဆနိုင္ေသာ အရာတစ္ခုကို စီစဥ္ေနလိမ့္မည္။
ထိုအခ်ိန္တြင္ ၿမိဳ႕ေတာ္ရွိအေကာင္းဆုံး ဇိမ္ခံဗီလာ၌ ခ်င္ခ်န္းယီက သူ႕ဖခင္ ခ်င္က်ယ္ကြမ္းႏွင့္ ဗီဒီယိုဆက္သြယ္မႈ လုပ္ေန၏။
ခ်င္က်ယ္ကြမ္းတြင္ ေကာင္းမြန္သည့္စိတ္အေျခအေနမရွိသည္မွာ ထင္ရွား၍ေနပါ၏။ စိတ္ပ်က္ေနေသာ အမူအယာႏွင့္ သူကဆိုသည္။
"ငါ့ေနာက္ကြယ္မွာ မင္းလုပ္ေနတာေတြက ဘယ္မွာမ်ား ယုတၱိရွိလို႔လဲ၊ မင္းအရမ္းေတြ လုပ္နိုင္စြမ္းရွိေနမွေတာ့ ငါ့ကိုမင္းလုပ္ထားတဲ့ အရႈပ္ေတြရွင္းဖို႔ ဘာလို႔လိုေနေသးတာလဲကြ"
"ကြၽန္ေတာ္ သတိလက္လြတ္ျဖစ္သြားၿပီး အမွားတစ္ခုလုပ္လိုက္မိတယ္၊ အေဖစိတ္ပူစရာမလိုပါဘူး၊ မနက္ျဖန္ ကြၽန္ေတာ္ အဲဒါကို ေျဖရွင္းနိုင္ပါတယ္"
ခ်င္ခ်န္းယီက မႈန္မွိုင္းေနေသာ္ျငား သူ႕သေဘာထားကေတာ့ ေကာင္းမြန္၍ေနေသးသည္။
ၾကည့္ရတာ အေဖ့ဇနီးေလးေတြက(အေပ်ာ္ဇနီး) အေဖ့ကို ေပ်ာ္ေအာင္မလုပ္ေပးနိုင္ပုံပဲ၊ ကြၽန္ေတာ့္ကို ႏွောင့္ယွက္ဖို႔ေတာင္ အခ်ိန္ေတြရေနေသးတယ္
ေသာက္ေကာင္ေလး! မင္းအေဖကို ဘယ္လိုလုပ္ ဒီလိုပုံစံနဲ႕ ေျပာနိုင္ရတာလဲ?
ခ်င္က်ယ္ကြမ္း၏မ်က္ႏွာက ေဒါသေၾကာင့္ အမဲသားေရာင္ ေျပာင္းေနေခ်ၿပီ။
ငါမင္းကိုေျပာလိုက္မယ္၊ ေမာ့မိသားစုရဲ႕အရႈပ္ေတြကို ေျဖရွင္းေပးခြင့္မျပဳဘူး၊ မင္း အဲ့ေမာ့မိန္းကေလးကို တရားစြဲခ်င္ရင္ ရတယ္ မင္းသေဘာပဲ၊ ဒါေပမယ့္ အျခားဘာကိုမွ ဝင္စြက္ဖက္ခြင့္မရွိဘူး ၊ အထူးသျဖင့္ အဲဒီ့ သက္ေသအတုလုပ္တဲ့ျပစ္မႈပဲ၊ မင္းျပႆနာၾကားမဝင္ရင္ ပိုေကာင္းမယ္ !
"အဲဒီ့ ေကာလိပ္ဝင္ခြင့္စာေမးပြဲျပႆနာက တစ္တိုင္းျပည္လုံးသိေနၿပီဆိုတာ မင္းသိရဲ႕လား၊ အထက္တန္းလႊာအားလုံးက အဲ့အေပၚမွာ အာ႐ုံစိုက္ေနတာကြ၊ ငါအဆက္အသြယ္ ဘယ္ေလာက္ရွာရမလဲမင္းသိရဲ႕လား၊ မင္းရဲ႕ အရႈပ္ေတြရွင္းဖို႔ ေငြဘယ္ေလာက္ေပးရမလဲဆိုတာေရာ သိရဲ႕လား၊ ေကာင္စုတ္ေလး ဘာမွမသိတာကပဲ မင္းအတြက္ေကာင္းပါတယ္ေလ"
"အေဖရွင္းေပးစရာမလိုပါဘူး၊ ကြၽန္ေတာ္ ကိုင္တြယ္နိုင္ပါတယ္၊ ကြၽန္ေတာ့္အရႈပ္ကို ကြၽန္ေတာ္ရွင္းနိုင္တယ္၊ ေက်ာက္ခြမ္းခ်န္ ကြၽန္ေတာ့္ကို မေဖာ္ထုတ္နိုင္ေအာင္ လုပ္ဖို႔ နည္းလမ္းေတြရွိၿပီးသားပါ၊ ခင္မ်ားက အဲဒါေလးအတြက္နဲ႕ ေငြအမ်ားႀကီးသုံးၿပီး အဆက္အသြယ္ေတြ ခက္ခက္ခဲခဲရွာေနမွေတာ့ ခင္မ်ားအိုေနၿပီ အသုံးမဝင္ေတာ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ"
ၿပီးေတာ့ ေနာက္တစ္ခုက
ခ်င္ခ်န္းယီက ခ်င္က်ယ္ကြမ္းအား ေအးစက္စက္မ်က္လုံးတစ္စုံျဖင့္ စိုက္ၾကည့္လိုက္သည္။
"ခင္မ်ား ေရွာင္ေကြ႕ကို ထိလို႔မရဘူး၊ မဟုတ္ရင္ေတာ့ လူအိုႀကီး ခင္မ်ားေနာင္တရမယ္ေနာ္ ...
မင္းဘာကိုဆိုလိုတာလဲ ေခြးမသားေလး၊ အေဖကို ၿခိမ္းေျခာက္ေနတာလား၊ မင္းငါ့ကို အေဖလို႔ေရာ သတ္မွတ္ေသးရဲ႕လား၊ ေမာ့လွ်ိုေကြ႕က မင္းကို ဘာေဆးေတြမ်ား တိုက္ထား . beep!
ခ်င္က်ယ္ကြမ္းက ေဒါသျဖင့္ သူ၏ကြန္ပ်ဴတာကို ေျမျပင္ထက္ ပစ္ေပါက္ပစ္လိုက္ေလသည္။
"အဲ့အယုတ္တမာေလးက ငါ့ဖုန္းကိူခ်ရဲတယ္၊ သူငါ့စကား ထပ္နားမေထာင္ေတာ့ဘူးကြ !!!
ဒါရိုက္တာခ်င္
အထက္တန္းလႊာဟန္ပန္ရွိသည့္ အမ်ိဳးသားတစ္ဦးက သူ႕နံေဘးတြင္ ရိုေသမႈအျပည့္ျဖင့္ ရပ္ေနကာ ခ်င္က်ယ္ကြမ္း စိတ္ေလွ်ာ့သြားသည္ကို ေစာင့္ေန၏။
"ခင္မ်ား အရင္ကေျပာတာကို ... ကြၽန္ေတာ္တို႔ လုပ္ရဦးမွာလား"
"ဒါေပါ့၊ လုပ္လိုက္"
ခ်င္က်ယ္ကြမ္းက အတြင္းေရးမႉးစြန္းအား သူ႕အတြက္ ေဆးျပင္းလိပ္ကို ျဖတ္ေပးလိုက္သည္။
"ငါသာ အဲ့ေကာင္စုတ္ေလးကို မရပ္နိုင္ရင္ ငါ့အတြက္ က်င္းတစ္ခု တူးေပးသြားလိမ့္မယ္၊ သူအသက္ပိုႀကီးလာေလေလ ပိုရက္စက္လာေလေလပဲ၊ သူက ဥပေဒကိုေတာင္ ခ်ိဳးေဖာက္ေနၿပီ၊ ငါသူ႕အ႐ြယ္တုန္းက ငါ့လက္ေတြက သန့္ရွင္းေနတုန္းပဲကြ"
သူ႕ေဘးရွိ အတြင္းေရးမႉးစြန္းက ဦးသာၫြတ္လိုက္ၿပီး စိတ္ထဲမွ ေတြးလိုက္သည္။
'ေကာင္းၿပီ၊ အခု ခင္မ်ားလက္ေတြကလည္း လုံးဝသန့္ရွင္းမေနေတာ့ပါဘူးေနာ္
"ယန္ဖန္းႏွင့္ သူ႕လူေတြကို အရင္က ငါေျပာခဲ့တာေတြကို ကိုင္တြယ္ဖို႔ စည္းကမ္းတင္းတင္းၾကပ္ၾကပ္ ထုတ္လိုက္၊ ေကာင္စုတ္ေလး ဒီကိစၥကေန လုံးလုံးလြတ္ကင္းတာ ေသခ်ာပါေစ၊ ေက်ာက္ခြမ္းခ်န္ကိုလည္း ကိုင္တြယ္ဖို႔ လိုအပ္တယ္၊ ၿပီးေတာ့ အေရးႀကီးတာတစ္ခုက ဟိုမိန္းကေလး ဒါမွမဟုတ္ ေမာ့လွ်ိုေကြ႕ရဲ႕အေဖကိုျဖစ္ျဖစ္ ကူညီလို႔ အဲေကာင္စုတ္ေလးကို လူေတြေဒါသထြက္တာမ်ိဳး မျဖစ္ေစနဲ႕၊ ျပႆနာတက္လိမ့္မယ္"
"ဟုတ္ကဲ့" အတြင္းေရးမႉးစြန္းက ေပါ့ပါးသည့္ ေဆးျပင္းလိပ္ကို ခ်င္က်ယ္ကြမ္းထံ ေပးကာ အလ်င္အျမန္ ေနာက္ဆုတ္လိုက္၏။ သူထြက္သြားၿပီးေနာက္တြင္ သူ႕မ်က္ႏွာမွာ သိပ္မေကာင္းပါေခ်။
သခင္ငယ္ေလး၏ အာဏာမွာ သခင္ႀကီး၏အခ်ိတ္အဆက္အရင္းအျမစ္မ်ားႏွင့္ပင္ ရင္ေဘာင္တန္းနိုင္သည္အထိ အလ်င္အျမန္ တိုးတက္လ်က္ ရွိသည္။ သူ႕ဖက္မွ လႈပ္ရွားမႈမ်ားရွိမလာေစရန္ တားဆီးလိုပါမူ သူတို႔အင္အားစု၏ ရွစ္ဆယ္ ရာခိုင္ႏႈန္းခန့္ကို စိုက္ထုတ္ရေပမည္။
ႏွစ္ႏွစ္အတြင္း သခင္ငယ္ေလး၏ ေနာက္ခံအင္အားက သိပ္မေကာင္းသည့္ သခင္ႀကီး၏အရင္းအႏွီးတို႔အား ဖိႏွိပ္လိုက္နိုင္မည္ကို စိုးရိမ္မိပါ၏။ သို႔ေပသိ အခ်ိန္က်လာသည့္အခါ သူတို႔လို အေရးမပါသည့္ လူေလးမ်ားက ဦးစြာ ခံစားရေပလိမ့္မည္။
ေရခ်ိဳးၿပီးေနာက္တြင္ မုထ်န္းဟန္သည္ လက္ေထာက္ေကာင္းထံက ခ်င္မိသားစုအား ဝင္ေရာက္စြက္ဖက္ရာမွ တားဆီးရာတြင္ ေၾကာက္စရာေကာင္းသည့္ အင္အားတစ္ခုကို ခံစားမိခဲ့ေၾကာင္း အစီရင္ခံသည့္ဖုန္းကို ရရွိခဲ့သည္။ အႏွီအင္အားမွာ ခ်င္ခ်န္းယီ၏နည္းလမ္းမ်ားႏွင့္ တူညီပုံရသည္ဟူ၍။ လက္ေထာက္ေကာင္းက မုထ်န္ဟန္ကို ျပန္တုန့္ျပန္လိုပါသလားဟု ေမးလာ၏။
မုထ်န္းဟန္က အံ့အားသင့္စြာျဖင့္ မ်က္ခုံးပင့္လိုက္ကာ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။
"မလိုဘူး၊ သူတို႔ကို ေစာင့္ၾကည့္ထား၊ ခ်င္ခ်န္းယီကို မကိုင္တြယ္နိုင္တဲ့ ဆန့္က်င္ဘက္အင္အားကို ရွာေတြ႕ရင္(သူတို႔ေတြ႕တဲ့အင္အားက ခ်င္ခ်န္းယီကို မကိုင္တြယ္နိူင္ရင္) ဒါမွမဟုတ္ သူတို႔က ရပ္လိုက္တယ္ဆိုရင္ ငါတို႔ လႈပ္ရွားမယ္"
နားလည္ပါၿပီ...
မုထ်န္းဟန္က ဖုန္းခ်လိဳက္သည္။ သူ႕သူငယ္အိမ္မ်ားက မသိမသာက်ဳံ႕သြား၏ ။ ယခင္က စုံစမ္းစစ္ေဆးေရး၌ ဝင္ေရာက္စြက္ဖက္ခဲ့သည့္တစ္ေယာက္မွာ ခ်င္မိသားစုဝင္မဟုတ္သည့္အတိုင္းပင္။ ၿမိဳ႕ေတာ္ရွိ ေျမေအာက္အင္အားက သူေတြးထားသည္ထက္ ပို၍နက္ရွိုင္းစြာ တိုးပြားလာပုံရသည္။ခ်င္အေဖႏွင့္သားတို႔ ႏွစ္ေယာက္စလုံး၌ တစ္ဦးႏွင့္တစ္ဦး မတူကြဲျပားေသာ အျမင္ရွိပုံရသည္။ မိသားစုတိုင္း၌ ကိူယ္စီကိုယ္ငွ ျပႆနာရွိၾကပုံပင္။ ထို႔အျပင္ အစိုးရ၊ သူ၏လူမ်ားႏွင့္ သူတို႔၏အက်ိဳးစီးပြားတို႔မွာ ရႈပ္ေထြးလြန္းေန၏။
စိတ္ဝင္စားစရာ ေကာင္းလာပုံပင္။
ေနာက္တစ္ေန႕တြင္
ဒင္ ဒင္ ဒင္
ေမာ့တိတစ္ေယာက္ သူ႕ဖုန္းမွျမည္လာသည့္ အခ်က္ေပးသံသုံးခုေၾကာင့္ နိုးလာသည္။
ေမာ့တိက အမွတ္တမဲ့ပင္ မ်က္ႏွာျပင္အား ဖြင့္လိုက္မိ၏။ အၾကည့္တစ္ခ်က္ျဖင့္ပင္ ေနာက္ဆုံးစကားလုံးကို ျမင္လိုက္ရၿပီးေနာက္ လန့္ဖ်တ္ကာ အျပည့္အဝ နိုးၾကားလာရေတာ့သည္။
Xxxxxxx