အပိုင်း (၃၈) locker တံခါး
စုလုရီ၏ ရင်ခုန်သံများ ကျယ်လောင်လာသည်။
စုချီက စုလုရီကို စိုက်ကြည့်ကာ "မင်း အဲ့ မနက်က ရောက်လာခဲ့တာ ငါ သိတယ်။ မင်း ငါ့ကို ခေါ်နေတာ ငါ ကြားတယ်" ဟု ပြောလိုက်၏။
"သိနေတယ်၊ ဟုတ်လား"
စုလုရီက အံ့ဩနေသော မျက်လုံးများဖြင့် စုချီကို ကြည့်ကာ မေးလိုက်သည်။
စုချီက ရေပန်းခလုတ်ကို ပိတ်လိုက်ပြီး "ငါတောင် မရှက်တာ။ မင်းက ဘာလို့ ရှက်နေတာလဲ။ ယောက်ျားအချင်းချင်းပဲကို၊ ဘာလို့ ငါ့ကို ရှောင်နေတာလဲ " ဟု ပြောလိုက်၏။
"ဒါဆိုလည်း ကျွန်တော် လက်ခံဖို့ ကြိုးစားကြည့်လိုက်ပါ့မယ်"
"အင်း၊ မြန်မြန် ကြိုးစားပြီး လက်ခံလိုက်။ ငါ့ကို ရှောင်မနေနဲ့" ဟု ပြောကာ စုချီက ရေချိုးခန်းထဲမှ ထွက်သွားတော့သည်။
စုလုရီက ရေချိုးကန်ထဲ၌ ရေနွေးများကို ဖြည့်ကာ စုချီ ပြောသည့် အကြောင်းအရာများမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးပြီး ရေစိမ်နေရာ မိနစ် လေးဆယ်ခန့် ကြာမြင့်သွား၏။
ထိုအခါ စုချီက တံခါး လာခေါက်ကာ "မင်း အဲ့ထဲမှာ စွပ်ပြုတ် ဖြစ်နေပြီလား" ဟု မေးတော့သည်။
စုလုရီ ရေချိုးခန်းထဲမှ ထွက်လာသောအခါ စုချီက ဧည့်ခန်းထဲရှိ ဆိုဖာပေါ်၌ ထိုင်နေ၏။
စုလုရီက စုချီဘေး၌ ဝင်ထိုင်လိုက်ကာ "အစ်ကိုကြီး၊ ကျွန်တော်..."
စုလုရီ စကား မဆုံးမီတွင် စုချီက တဘက်ကို ယူကာ "ရေလည်း မခြောက်သေးဘူး" ဟု ပြောပြီး စုလုရီ၏ ခေါင်းကို သုတ်ပေးတော့သည်။
"မင်း ငါ့ကို မရှောင်ဘူးဆိုရင် ငြိမ်ငြိမ်လေးနေ"
"အင်း...ကျွန်တော် အစ်ကိုကြီးကို ဒီရက်ပိုင်း ရှောင်နေခဲ့မိလို့ တောင်းပန်ပါတယ်"
စုလုရီက ထိုသို့ ပြောပြီး စုချီက ထိုအကြောင်းအရာများကိုပါ သူနှင့် ပွင့်ပွင့်လင်းလင်း ပြောလာသဖြင့် ပို၍ ရင်းနှီးလာသည်ဟုလည်း ခံစားလာသည်။
ထို့ကြောင့် "အစ်ကိုကြီး၊ ကျွန်တော့်ကို ဒီလို ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော် အရင်တုန်းက ဘောင်းဘီရှည် မဝတ်ထားတဲ့ ပုံစံကို အစ်ကိုကြီး မြင်ဖူးတယ် မလား။ အခု အစ်ကိုကြီးလည်း အဲ့လိုလုပ်ပြပါလား" ဟုပြောလိုက်၏။
ထိုအခါ စုချီက သဘက်ကို စုလုရီ၏ မျက်နှာပေါ်သို့ ပစ်ချကာ "ကိုယ့်ဘာသာကိုယ်ပဲ သုတ်လိုက်တော့" ဟု ပြောပြီး ထသွားတော့သည်။
နှစ်ယောက်သား ခရီးပန်းလာကြသဖြင့် စကားများ ပြောအပြီးတွင် အိပ်ယာ ကိုယ်စီ ဝင်ခဲ့ကြ၏။
နောက်တစ်နေ့ မနက်၌ စုလုရီက အိပ်မှုန်စုတ်ဖွား ပုံစံဖြင့် ထလာပြီး စုချီကို တွေ့သောအခါ "ညက မိုးရွာတော့ အေးလိုက်တာ အစ်ကိုကြီးရာ" ဟု ပြောလိုက်သည်။
"အေးရင် ထူထူ ဝတ်ထားလေ"
"ဧည့်သည်နဲ့ သွားတွေ့မှာဆိုတော့ အရမ်း ထူတာကြီး ဝတ်သွားလို့ မကောင်းဘူးလေ"
"ဒါဆိုလည်း မဝတ်နဲ့ပေါ့။ မြန်မြန် ပြင်ဆင်လိုက်တော့"
"ဒါဆို အစ်ကိုကြီးက မိသားစုဝင် တစ်ယောက်ယောက် အအေးလွန်ပြီး သေသွားလည်း ဖြစ်တယ်ပေါ့လေ"
"ဟင်း...အောက်ထပ်မှာ ရှော့ပင်းစင်တာ ရှိတယ်။ ငါ မင်းကို အဲ့ကနေ ရေနွေးကပ်ခွာ ဝယ်ပေးမယ်။ မြန်မြန် ပြင်ဆင်လိုက်တော့"
နှစ်ယောက်သား အခန်းထဲမှ ထွက်လာသောအခါ ရှောင်ချင်က ဓာတ်လှေကား အဝ၌ စောင့်နေသည်ကို တွေ့လိုက်ရ၏။
"မောနင်းပါ၊ ဒါရိုက်တာ စုနဲ့ လက်ထောက် စု။ ကျွန်တော် အောက်ထပ်မှာ ကား မှာထားပြီးပါပြီ။ ငါးမိနစ် နေရင် ရောက်လာပါလိမ့်မယ်"
"အင်း၊ ငါ ရှော့ပင်းစင်တာ ခဏဝင်လိုက်ဦးမယ်"
"ဟုတ်ကဲ့၊ ဒါရိုက်တာ စု"
စုချီက ရှော့ပင်းစင်တာသို့ သွားကာ ရေနွေးကပ်ခွာဗူး သုံးဗူးကို ယူပြီး ကောင်တာ၌ ရှင်းလိုက်သည်။
ထိုအခါ ကောင်တာမှ ကောင်မလေးက ရေနွေးကပ်ခွာမှာ မိန်းကလေးများ သုံးသည့် ပစ္စည်းဖြစ်သောကြောင့် စုချီက သူ၏ ကောင်မလေးအတွက် လာဝယ်ပေးသည်ဟုထင်ကာ "(၃၆) ယွမ်ကျပါတယ် လူကြီးမင်း။ ကောင်မလေးအတွက် လာဝယ်ပေးတာ ထင်တယ်။ ချိုမြိန်လိုက်တာ" ဟု ပြောလိုက်၏။
စုချီက ဘာမှ ပြန်မပြောဘဲ ပိုက်ဆံရှင်းကာ အနားရှိ စုလုရီလက်ထဲသို့ "ရော့ ယူလိုက်" ဟု ဆိုကာ ရေနွေးကပ်ခွာကို ထည့်ပေးလိုက်သည်။
ကောင်တာမှ ကောင်မလေးနှင့်အတူ စုလုရီပါ ဆွံ့အသွားလေ၏။
ထို့နောက် စုချီက ထွက်သွားကာ မှာထားသော ကားဆီသို့ လျှောက်သွားလိုက်သည်။
ကားပေါ်သို့ ရောက်သောအခါ စုလုရီက စုချီကို ရေနွေးကပ်ခွာကို နောက်ကျော၌ ကပ်ပေးရန် အကူအညီတောင်းလိုက်ပြီး "အစ်ကိုကြီး၊ ဘာလို့ ရှင်းမပြလိုက်တာလဲ" ဟု မေးကာ ရန်တွေ့လိုက်၏။
"ဘာကို ရှင်းပြရမှာလဲ"
"အစ်ကိုကြီး ခုနတုန်းက လုပ်လိုက်တဲ့ အပြုအမူက တခြားလူတွေ အမြင်မှာ အထင်လွဲသွားစေနိုင်တယ်။ ခုနတုန်းက ကောင်မလေးက ကျွန်တော့်ကို ထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်နေတယ်၊ သိလား"
"ဒါဆို ငါက ဘယ်လို ရှင်းပြရမှာလဲ။ ကောင်မလေးအတွက် မဟုတ်ဘူး။ နုလွန်းတဲ့ ညီလေးအတွက်လို့ ပြောရမှာလား"
စုလုရီလည်း ဘာမှ ပြန်မပြောနိုင်တော့သဖြင့် ဆွံ့အသွားတော့၏။
ချိန်းထားသောနေရာမှာ ဂျပန်စတိုင် ဒီဇိုင်းရေးဆွဲထားသော ဟိုတယ် ဖြစ်သည်။
ဧည့်သည်၏ မျိုးရိုးနာမည်မှာ ဝမ် ဖြစ်၏။ ဝမ်သူဌေးက စုချီတို့ကို VIP အခန်း၌ ဧည့်ခံသည်။
စုချီနှင့် ဝမ်သူဌေးတို့ အလုပ်ကိစ္စ ဆွေးနွေးနေသည့် အချိန်၌ စုလုရီက အေးမည်ကို ကြောက်သောကြောင့် ရေနွေးများကို ထပ်ကာ ထပ်ကာ ထည့်သောက်နေတော့၏။
ရေနွေး အများကြီး သောက်လိုက်မိသဖြင့် အိမ်သာသွားချင်လာသည်။
ထို့ကြောင့် စုလုရီက ခွင့်တောင်းကာ သန့်စင်ခန်းသို့ ထသွားတော့သည်။
ထိုအခါ ဝမ်သူဌေးက "အိုး၊ သူ့ကို ပြောလိုက်ဖို့ မေ့သွားတယ်။ သန့်စင်ခန်းထဲက ပြတင်းပေါက်က ပိတ်ထားရဲ့လား မသိဘူး။ ပြတင်းပေါက်အပြင်မှာက ခြံဝန်းရှိတော့ လူတွေ ဖြတ်သွားဖြတ်လာ လုပ်ကြတယ်" ဟု ပြောလိုက်၏။
စုချီက ချက်ချင်းထကာ "ကျွန်တော်လည်း သန့်စင်ခန်း သွားလိုက်ဦးမယ်" ဟု ပြောပြီး ထွက်သွားတော့သည်။
စုလုရီက သန့်စင်ခန်းသို့ ရောက်ပြီး မကြာမီတွင် စုချီ လိုက်လာသည်ကို တွေ့လိုက်ရ၏။
"အစ်ကိုကြီး၊ လိုက်လာတာလား"
"အင်း"
စုချီက ပြတင်းပေါက်ကို ပိတ်ကာ ပြန်ထွက်သွားတော့သည်။
ဆွေးနွေးအပြီး ပြန်တော့မည့်အချိန်၌ ဝမ်သူဌေးက ရေပူစမ်း သုံးသွားရန် ဖိတ်ခေါ်သဖြင့် ရေပူစမ်းသို့ သွားရန် အဝတ်အစားလဲလိုက်ကြ၏။
စုလုရီက စုချီနှင့် တစ်ခန်းတည်း အတူတူ ဝင်ကာ အဝတ်အစား လဲရန် ပြင်လိုက်သည်။
"တခြားအခန်းတွေ လွတ်နေတာကို ဘာလို့ ငါ့နောက်လိုက်လာတာလဲ"
"ကျွန်တော်နဲ့ အစ်ကိုကြီးက ဘာရှက်စရာရှိလို့လဲ"
စုလုရီက ထိုသို့ ပြောပြီး အင်္ကျီကို ချွတ်ရန် ပြင်လိုက်ရာ သူ၏ လည်ပင်းမှ မှဲ့နီက ပေါ်လာ၏။
စုချီက သူ့ကိုလှမ်းကြည့်လိုက်ရာ ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး လည်ပင်းနှင့် အတွင်းသားများကို အတိုင်းသား မြင်နေရသဖြင့် အလျင်အမြန် ထွက်ကာ တခြားအခန်းသို့ ပြောင်းသွားလိုက်သည်။
အခန်းနှစ်ခန်းမှာ တံခါး တပ်မထားသဖြင့် တစ်ခန်းနှင့် တစ်ခန်း လှမ်းကြည့်ပါက မြင်နေရ၏။
စုလုရီက အဝတ်အစားများကို ချွတ်လိုက်ပြီး ရေချိုးခန်းတဘက်ကို ပတ်လိုက်သည်။
ထို့နောက် တစ်ဖက်ခန်းရှိ စုချီကို လျှောက်လမ်း၌ ရပ်ကာ စောင့်နေလိုက်သည်။
စုချီက locker ကို ဖွင့်ကာ စုလုရီဘက်သို့ ကျောပေးထားပြီး အောက်သို့ငုံ့ကာ တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ရပ်နေ၏။
စုလုရီက "အစ်ကိုကြီး" ဟု ခေါ်လိုက်မှသာ အသိပြန်ဝင်လာသည့် ပုံစံဖြင့် အလျင်အမြန် အဝတ်ချွတ်ကာ ရေချိုးတဘက်ကို ပတ်လိုက်တော့သည်။
ထို့နောက် အပြင်သို့ ထွက်လာရန် ပြင်လိုက်ချိန်၌ စုလုရီက "အစ်ကိုကြီးရဲ့ locker တံခါးပွင့်နေသေးတယ်" ဟုသတိပေးလိုက်သဖြင့် တံခါးကို ပိတ်လိုက်တော့၏။
"ဒုန်း"
...…….................................
.........................................
အပိုင်း (၃၈) ပြီးပါပြီ။
Zawgyi
အပိုင္း (၃၈) locker တံခါး
စုလုရီ၏ ရင္ခုန္သံမ်ား က်ယ္ေလာင္လာသည္။
စုခ်ီက စုလုရီကို စိုက္ၾကည့္ကာ "မင္း အဲ့ မနက္က ေရာက္လာခဲ့တာ ငါ သိတယ္။ မင္း ငါ့ကို ေခၚေနတာ ငါ ၾကားတယ္" ဟု ေျပာလိုက္၏။
"သိေနတယ္၊ ဟုတ္လား"
စုလုရီက အံ့ဩေနေသာ မ်က္လုံးမ်ားျဖင့္ စုခ်ီကို ၾကည့္ကာ ေမးလိုက္သည္။
စုခ်ီက ေရပန္းခလုတ္ကို ပိတ္လိုက္ၿပီး "ငါေတာင္ မရွက္တာ။ မင္းက ဘာလို႔ ရွက္ေနတာလဲ။ ေယာက္်ားအခ်င္းခ်င္းပဲကို၊ ဘာလို႔ ငါ့ကို ေရွာင္ေနတာလဲ " ဟု ေျပာလိုက္၏။
"ဒါဆိုလည္း ကြၽန္ေတာ္ လက္ခံဖို႔ ႀကိဳးစားၾကည့္လိုက္ပါ့မယ္"
"အင္း၊ ျမန္ျမန္ ႀကိဳးစားၿပီး လက္ခံလိုက္။ ငါ့ကို ေရွာင္မေနနဲ႕" ဟု ေျပာကာ စုခ်ီက ေရခ်ိဳးခန္းထဲမွ ထြက္သြားေတာ့သည္။
စုလုရီက ေရခ်ိဳးကန္ထဲ၌ ေရေႏြးမ်ားကို ျဖည့္ကာ စုခ်ီ ေျပာသည့္ အေၾကာင္းအရာမ်ားမွာ အဓိပၸာယ္ရွိသည္ဟု ေတြးၿပီး ေရစိမ္ေနရာ မိနစ္ ေလးဆယ္ခန႔္ ၾကာျမင့္သြား၏။
ထိုအခါ စုခ်ီက တံခါး လာေခါက္ကာ "မင္း အဲ့ထဲမွာ စြပ္ျပဳတ္ ျဖစ္ေနၿပီလား" ဟု ေမးေတာ့သည္။
စုလုရီ ေရခ်ိဳးခန္းထဲမွ ထြက္လာေသာအခါ စုခ်ီက ဧည့္ခန္းထဲရွိ ဆိုဖာေပၚ၌ ထိုင္ေန၏။
စုလုရီက စုခ်ီေဘး၌ ဝင္ထိုင္လိုက္ကာ "အစ္ကိုႀကီး၊ ကြၽန္ေတာ္..."
စုလုရီ စကား မဆုံးမီတြင္ စုခ်ီက တဘက္ကို ယူကာ "ေရလည္း မေျခာက္ေသးဘူး" ဟု ေျပာၿပီး စုလုရီ၏ ေခါင္းကို သုတ္ေပးေတာ့သည္။
"မင္း ငါ့ကို မေရွာင္ဘူးဆိုရင္ ၿငိမ္ၿငိမ္ေလးေန"
"အင္း...ကြၽန္ေတာ္ အစ္ကိုႀကီးကို ဒီရက္ပိုင္း ေရွာင္ေနခဲ့မိလို႔ ေတာင္းပန္ပါတယ္"
စုလုရီက ထိုသို႔ ေျပာၿပီး စုခ်ီက ထိုအေၾကာင္းအရာမ်ားကိုပါ သူႏွင့္ ပြင့္ပြင့္လင္းလင္း ေျပာလာသျဖင့္ ပို၍ ရင္းႏွီးလာသည္ဟုလည္း ခံစားလာသည္။
ထို႔ေၾကာင့္ "အစ္ကိုႀကီး၊ ကြၽန္ေတာ့္ကို ဒီလို ပြင့္ပြင့္လင္းလင္း ေျပာလာလိမ့္မယ္လို႔ မထင္ထားဘူး။ ကြၽန္ေတာ္ အရင္တုန္းက ေဘာင္းဘီရွည္ မဝတ္ထားတဲ့ ပုံစံကို အစ္ကိုႀကီး ျမင္ဖူးတယ္ မလား။ အခု အစ္ကိုႀကီးလည္း အဲ့လိုလုပ္ျပပါလား" ဟုေျပာလိုက္၏။
ထိုအခါ စုခ်ီက သဘက္ကို စုလုရီ၏ မ်က္ႏွာေပၚသို႔ ပစ္ခ်ကာ "ကိုယ့္ဘာသာကိုယ္ပဲ သုတ္လိုက္ေတာ့" ဟု ေျပာၿပီး ထသြားေတာ့သည္။
ႏွစ္ေယာက္သား ခရီးပန္းလာၾကသျဖင့္ စကားမ်ား ေျပာအၿပီးတြင္ အိပ္ယာ ကိုယ္စီ ဝင္ခဲ့ၾက၏။
ေနာက္တစ္ေန႕ မနက္၌ စုလုရီက အိပ္မႈန္စုတ္ဖြား ပုံစံျဖင့္ ထလာၿပီး စုခ်ီကို ေတြ႕ေသာအခါ "ညက မိုး႐ြာေတာ့ ေအးလိုက္တာ အစ္ကိုႀကီးရာ" ဟု ေျပာလိုက္သည္။
"ေအးရင္ ထူထူ ဝတ္ထားေလ"
"ဧည့္သည္နဲ႕ သြားေတြ႕မွာဆိုေတာ့ အရမ္း ထူတာႀကီး ဝတ္သြားလို႔ မေကာင္းဘူးေလ"
"ဒါဆိုလည္း မဝတ္နဲ႕ေပါ့။ ျမန္ျမန္ ျပင္ဆင္လိုက္ေတာ့"
"ဒါဆို အစ္ကိုႀကီးက မိသားစုဝင္ တစ္ေယာက္ေယာက္ အေအးလြန္ၿပီး ေသသြားလည္း ျဖစ္တယ္ေပါ့ေလ"
"ဟင္း...ေအာက္ထပ္မွာ ေရွာ့ပင္းစင္တာ ရွိတယ္။ ငါ မင္းကို အဲ့ကေန ေရေႏြးကပ္ခြာ ဝယ္ေပးမယ္။ ျမန္ျမန္ ျပင္ဆင္လိုက္ေတာ့"
ႏွစ္ေယာက္သား အခန္းထဲမွ ထြက္လာေသာအခါ ေရွာင္ခ်င္က ဓာတ္ေလွကား အဝ၌ ေစာင့္ေနသည္ကို ေတြ႕လိုက္ရ၏။
"ေမာနင္းပါ၊ ဒါရိုက္တာ စုနဲ႕ လက္ေထာက္ စု။ ကြၽန္ေတာ္ ေအာက္ထပ္မွာ ကား မွာထားၿပီးပါၿပီ။ ငါးမိနစ္ ေနရင္ ေရာက္လာပါလိမ့္မယ္"
"အင္း၊ ငါ ေရွာ့ပင္းစင္တာ ခဏဝင္လိုက္ဦးမယ္"
"ဟုတ္ကဲ့၊ ဒါရိုက္တာ စု"
စုခ်ီက ေရွာ့ပင္းစင္တာသို႔ သြားကာ ေရေႏြးကပ္ခြာဗူး သုံးဗူးကို ယူၿပီး ေကာင္တာ၌ ရွင္းလိုက္သည္။
ထိုအခါ ေကာင္တာမွ ေကာင္မေလးက ေရေႏြးကပ္ခြာမွာ မိန္းကေလးမ်ား သုံးသည့္ ပစၥည္းျဖစ္ေသာေၾကာင့္ စုခ်ီက သူ၏ ေကာင္မေလးအတြက္ လာဝယ္ေပးသည္ဟုထင္ကာ "(၃၆) ယြမ္က်ပါတယ္ လူႀကီးမင္း။ ေကာင္မေလးအတြက္ လာဝယ္ေပးတာ ထင္တယ္။ ခ်ိဳၿမိန္လိုက္တာ" ဟု ေျပာလိုက္၏။
စုခ်ီက ဘာမွ ျပန္မေျပာဘဲ ပိုက္ဆံရွင္းကာ အနားရွိ စုလုရီလက္ထဲသို႔ "ေရာ့ ယူလိုက္" ဟု ဆိုကာ ေရေႏြးကပ္ခြာကို ထည့္ေပးလိုက္သည္။
ေကာင္တာမွ ေကာင္မေလးႏွင့္အတူ စုလုရီပါ ဆြံ႕အသြားေလ၏။
ထို႔ေနာက္ စုခ်ီက ထြက္သြားကာ မွာထားေသာ ကားဆီသို႔ ေလွ်ာက္သြားလိုက္သည္။
ကားေပၚသို႔ ေရာက္ေသာအခါ စုလုရီက စုခ်ီကို ေရေႏြးကပ္ခြာကို ေနာက္ေက်ာ၌ ကပ္ေပးရန္ အကူအညီေတာင္းလိုက္ၿပီး "အစ္ကိုႀကီး၊ ဘာလို႔ ရွင္းမျပလိုက္တာလဲ" ဟု ေမးကာ ရန္ေတြ႕လိုက္၏။
"ဘာကို ရွင္းျပရမွာလဲ"
"အစ္ကိုႀကီး ခုနတုန္းက လုပ္လိုက္တဲ့ အျပဳအမူက တျခားလူေတြ အျမင္မွာ အထင္လြဲသြားေစနိုင္တယ္။ ခုနတုန္းက ေကာင္မေလးက ကြၽန္ေတာ့္ကို ထူးဆန္းတဲ့ အၾကည့္မ်ိဳးနဲ႕ ၾကည့္ေနတယ္၊ သိလား"
"ဒါဆို ငါက ဘယ္လို ရွင္းျပရမွာလဲ။ ေကာင္မေလးအတြက္ မဟုတ္ဘူး။ ႏုလြန္းတဲ့ ညီေလးအတြက္လို႔ ေျပာရမွာလား"
စုလုရီလည္း ဘာမွ ျပန္မေျပာနိုင္ေတာ့သျဖင့္ ဆြံ႕အသြားေတာ့၏။
ခ်ိန္းထားေသာေနရာမွာ ဂ်ပန္စတိုင္ ဒီဇိုင္းေရးဆြဲထားေသာ ဟိုတယ္ ျဖစ္သည္။
ဧည့္သည္၏ မ်ိဳးရိုးနာမည္မွာ ဝမ္ ျဖစ္၏။ ဝမ္သူေဌးက စုခ်ီတို႔ကို VIP အခန္း၌ ဧည့္ခံသည္။
စုခ်ီႏွင့္ ဝမ္သူေဌးတို႔ အလုပ္ကိစၥ ေဆြးေႏြးေနသည့္ အခ်ိန္၌ စုလုရီက ေအးမည္ကို ေၾကာက္ေသာေၾကာင့္ ေရေႏြးမ်ားကို ထပ္ကာ ထပ္ကာ ထည့္ေသာက္ေနေတာ့၏။
ေရေႏြး အမ်ားႀကီး ေသာက္လိုက္မိသျဖင့္ အိမ္သာသြားခ်င္လာသည္။
ထို႔ေၾကာင့္ စုလုရီက ခြင့္ေတာင္းကာ သန႔္စင္ခန္းသို႔ ထသြားေတာ့သည္။
ထိုအခါ ဝမ္သူေဌးက "အိုး၊ သူ႕ကို ေျပာလိုက္ဖို႔ ေမ့သြားတယ္။ သန႔္စင္ခန္းထဲက ျပတင္းေပါက္က ပိတ္ထားရဲ႕လား မသိဘူး။ ျပတင္းေပါက္အျပင္မွာက ၿခံဝန္းရွိေတာ့ လူေတြ ျဖတ္သြားျဖတ္လာ လုပ္ၾကတယ္" ဟု ေျပာလိုက္၏။
စုခ်ီက ခ်က္ခ်င္းထကာ "ကြၽန္ေတာ္လည္း သန႔္စင္ခန္း သြားလိုက္ဦးမယ္" ဟု ေျပာၿပီး ထြက္သြားေတာ့သည္။
စုလုရီက သန႔္စင္ခန္းသို႔ ေရာက္ၿပီး မၾကာမီတြင္ စုခ်ီ လိုက္လာသည္ကို ေတြ႕လိုက္ရ၏။
"အစ္ကိုႀကီး၊ လိုက္လာတာလား"
"အင္း"
စုခ်ီက ျပတင္းေပါက္ကို ပိတ္ကာ ျပန္ထြက္သြားေတာ့သည္။
ေဆြးေႏြးအၿပီး ျပန္ေတာ့မည့္အခ်ိန္၌ ဝမ္သူေဌးက ေရပူစမ္း သုံးသြားရန္ ဖိတ္ေခၚသျဖင့္ ေရပူစမ္းသို႔ သြားရန္ အဝတ္အစားလဲလိုက္ၾက၏။
စုလုရီက စုခ်ီႏွင့္ တစ္ခန္းတည္း အတူတူ ဝင္ကာ အဝတ္အစား လဲရန္ ျပင္လိုက္သည္။
"တျခားအခန္းေတြ လြတ္ေနတာကို ဘာလို႔ ငါ့ေနာက္လိုက္လာတာလဲ"
"ကြၽန္ေတာ္နဲ႕ အစ္ကိုႀကီးက ဘာရွက္စရာရွိလို႔လဲ"
စုလုရီက ထိုသို႔ ေျပာၿပီး အကၤ်ီကို ခြၽတ္ရန္ ျပင္လိုက္ရာ သူ၏ လည္ပင္းမွ မွဲ႕နီက ေပၚလာ၏။
စုခ်ီက သူ႕ကိုလွမ္းၾကည့္လိုက္ရာ ၾကယ္သီးႏွစ္လုံးျဖဳတ္ထားၿပီး လည္ပင္းႏွင့္ အတြင္းသားမ်ားကို အတိုင္းသား ျမင္ေနရသျဖင့္ အလ်င္အျမန္ ထြက္ကာ တျခားအခန္းသို႔ ေျပာင္းသြားလိုက္သည္။
အခန္းႏွစ္ခန္းမွာ တံခါး တပ္မထားသျဖင့္ တစ္ခန္းႏွင့္ တစ္ခန္း လွမ္းၾကည့္ပါက ျမင္ေနရ၏။
စုလုရီက အဝတ္အစားမ်ားကို ခြၽတ္လိုက္ၿပီး ေရခ်ိဳးခန္းတဘက္ကို ပတ္လိုက္သည္။
ထို႔ေနာက္ တစ္ဖက္ခန္းရွိ စုခ်ီကို ေလွ်ာက္လမ္း၌ ရပ္ကာ ေစာင့္ေနလိုက္သည္။
စုခ်ီက locker ကို ဖြင့္ကာ စုလုရီဘက္သို႔ ေက်ာေပးထားၿပီး ေအာက္သို႔ငုံ႕ကာ တစ္ခုခုကို စဥ္းစားေနဟန္ျဖင့္ ရပ္ေန၏။
စုလုရီက "အစ္ကိုႀကီး" ဟု ေခၚလိုက္မွသာ အသိျပန္ဝင္လာသည့္ ပုံစံျဖင့္ အလ်င္အျမန္ အဝတ္ခြၽတ္ကာ ေရခ်ိဳးတဘက္ကို ပတ္လိုက္ေတာ့သည္။
ထို႔ေနာက္ အျပင္သို႔ ထြက္လာရန္ ျပင္လိုက္ခ်ိန္၌ စုလုရီက "အစ္ကိုႀကီးရဲ႕ locker တံခါးပြင့္ေနေသးတယ္" ဟုသတိေပးလိုက္သျဖင့္ တံခါးကို ပိတ္လိုက္ေတာ့၏။
"ဒုန္း"
...…….................................
.........................................
အပိုင္း (၃၈) ၿပီးပါၿပီ။