အပိုင်း (၃၇)
စုလုရီ ကြက်သေ သေသွားခဲ့သည်။
ထို့နောက် ရေပန်းမှ ရေများကျလာသည့် အသံကို ကြားရ၏။
စုလုရီက (၃) စက္ကန့်ခန့် အသက်ရှူ ရပ်သွားရာမှ သတိပြန်ဝင်လာကာ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတော့သည်။
တံခါးကို ညင်သာစွာ ပြန်ပိတ်ပြီး လျှောက်လမ်း နံရံ၌ မှီကာ အသက်ကို ဝအောင် ပြန်ရှူနေလိုက်၏။
ထိုအချိန်၌ စုကျန်းချန်၏ အသံထွက်လာသဖြင့် စုလုရီ လန့်သွားလေသည်။
"မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ တံခါးလော့ချထားလို့လား"
"မဟုတ်ပါဘူး။ အစ်ကိုကြီး အိမ်သာ ဝင်နေလို့ပါ"
"အစ်ကိုကြီး အိမ်သာဝင်နေတာ ဘာလို့ အဲ့လောက်တောင် ကြာနေတာလဲ"
စုကျန်းချန်က ထိုသို့ပြောပြီး စုချီ၏ အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သဖြင့် စုလုရီက စုကျန်းချန်၏ ကျောကို ကိုင်ကာ "ခက်ခဲနေလို့ ဖြစ်မယ်" ဟု ပြောပြီး အောက်သို့ တွန်းခေါ်လာလိုက်သည်။
စုကျန်းချန်လည်း နားလည်သွားသဖြင့် ထပ်မမေးတော့ပေ။
စုချီက ရေချိုးပြီး အောက်ထပ်သို့ ဆင်းလာသောအခါ အားလုံးက စားပြီးနေပြီ ဖြစ်၏။
စုကျန်းချန်က စုချီ ပန်းကန်ထဲသို့ အရွက်ကြော်ကို ထည့်ပေးကာ "ဒါ များများစား အစ်ကိုကြီး။ အမျှင်ဓာတ်ပါတဲ့ အရွက်တွေက ပြဿနာ ဖြေရှင်းနိုင်တယ်" ဟု ပြောလိုက်သည်။
စုချီလည်း မျက်ခုံးကို ပင့်ကာ နားမလည်သော်လည်း "အင်း" ဟု ပြောကာ ယူစားလိုက်၏။
စုလုရီမှာ အသံပင် မထွက်တော့ဘဲ ခေါင်းကို ငုံ့ထားလေတော့သည်။
...........
ကုမ္ပဏီသို့ ရောက်သောအခါ ရှောင်ချင်က စုချီ၏ ရုံးခန်း တံခါးဝ၌ စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာကိစ္စလဲ"
"ဒါရိုက်တာ စု၊ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှာ ဘဏ္ဍာရေး ပြဿနာ တက်နေလို့ ကျွန်တော် သွားစစ်ဆေးရမယ် ထင်တယ်"
"သွား စစ်ဆေးလိုက်။ ငါလည်း ဒီမနက် ဘယ်မှ သွားစရာ မရှိဘူး"
ထိုအခါ စုလုရီက စုချီနှင့် နှစ်ယောက်တည်း အတူတူရှိနေရန် စိတ် အဆင်မပြေသေးသဖြင့် ရှောင်ချင်နားသို့ တိုးကာ "ကျွန်တော်လည်း လိုက်ခဲ့လို့ ရမလား" ဟု မေးလိုက်၏။
ရှောင်ချင်က စုချီကို လှမ်းကြည့်လိုက်ကာ စုချီက "ဘာလို့ လိုက်ချင်တာလဲ" ဟု မေးလိုက်သည်။
"ကျွန်တော်တို့ ကုမ္ပဏီက အကြီးကြီးပဲ ဆိုတော့ လိုက်လေ့လာချင်လို့ပါ" ဟု စုလုရီက ပြန်ဖြေလိုက်၏။
"... ..."
အတန်ကြာ ညှိနှိုင်းပြီးနောက် စုချီက ခွင့်ပြုလိုက်ကာ "ကောင်းပြီလေ။ ဒါဆိုလည်း ရှောင်ချင်နဲ့ လိုက်သွားလိုက်" ဟု ပြောရင်း စုလုရီထံသို့ လက်လှမ်းမည့် ဆဲဆဲတွင် စုလုရီက လန့်သွားကာ တုန်သွား၏။
ထို့ကြောင့် စုချီက လက်ကို ပြန်ရုတ်ကာ ဘောင်းဘီ အိတ်ကတ်ထဲသို့ ထည့်လိုက်ပြီး "မင်း ဘာလို့ တုန်နေတာလဲ" ဟု မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ လေတိုက်လာလို့ ရုတ်တရက်
ချမ်းပြီး တုန်သွားတာ" ဟု စုလုရီက ဆင်ခြေပေးလိုက်၏။
"ဒါဆိုလည်း သွားကြတော့"
ထိုလက်အောက်ခံ ကုမ္ပဏီမှာ စုကျန်းချန်၏ လက်အောက်၌ မဟုတ်ဘဲ အခြား မန်နေဂျာ တစ်ယောက်၏ လက်အောက်၌ ဖြစ်သည်။
ထိုကုမ္ပဏီသို့ ရုံးချုပ်မှ မိနစ် (၄၀) ခန့် မောင်းရ၏။
ကားပေါ်၌ စုလုရီက ရှောင်ချင်ကို ထိုကုမ္ပဏီ၏ ပြဿနာများကို မေးနေသည်။
အပြန်အလှန် ပြဿနာ အကြောင်း ဆွေးနွေးကြပြီးနောက် ခဏကြာ တိတ်ဆိတ်သွားကာ စုချီ၏ ကိစ္စကို ခေါင်းထဲ၌ ပြန်ပေါ်လာသဖြင့် စုလုရီက ရှောင်ချင်ကို မေးလိုက်တော့၏။
"အတွင်းရေးမှူးချင် ကျွန်တော့် သူငယ်ချင်း တစ်ယောက် မေးထားတဲ့ အကြောင်းကို မေးလို့ရမလား"
"ရတယ် မေးလေ လက်ထောက်စု။ ဘာကိစ္စ သိချင်လို့လဲ"
"သူ့ရဲ့ လိင်တူ သူငယ်ချင်းရဲ့ လူသိမခံတဲ့ အကြောင်းတွေကို သူက သိလိုက်တယ်ဆိုတာကို အဲ့သူငယ်ချင်းကို ပြောပြလိုက်ရင် အဆင်မပြေ ဖြစ်သွားနိုင်မလားတဲ့"
"ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။ တစ်ချို့ကတော့ အဲ့ဒါကို ဂရုမစိုက်ပေမယ့် တစ်ချို့က ရှက်သွားနိုင်တယ်။ အဲ့ဒါကြောင့် လူပေါ်မူတည်ပြီးပဲ ဆုံးဖြတ်လို့ရမယ်"
"ဪ၊ အဲ့လိုကိုး"
လက်အောက်ခံ ကုမ္ပဏီ၌ ပြဿနာများ ဖြေရှင်းပြီးသောအခါ နေ့လည် (၁၂) နာရီ မထိုးသေးပေ။
ရှောင်ချင်က စုချီကို ဖုန်းဆက်ကာ အကျိုးအကြောင်း တင်ပြပြီး "ပြန်ကြမယ်၊ လက်ထောက်စု" ဟုပြောကာ ရုံးချုပ်သို့ ပြန်လာလိုက်ကြ၏။
ရုံးချုပ်သို့ ပြန်ရောက်သောအခါ မွန်းလွဲ (၁၂) နာရီခွဲနေပြီ ဖြစ်သည်။
စုချီ၏ စားပွဲ၌ ထမင်း၊ ဟင်းများ ပြင်ထားသည်ကို တွေ့လိုက်၏။
စုလုရီက ဟင်းနံ့များကို ရလိုက်သောအခါ ပုံမှန် ပြန်ဖြစ်သွားပြီး "အစ်ကိုကြီး၊ ဘာလို့ တန်ဖိုးကြီး စားပွဲပေါ်မှာ ဟင်းတွေ တင်ထားတာလဲ" ဟု မေးကာ စုချီ၏ စားပွဲသို့ လျှောက်သွားလိုက်သည်။
"ဒါဆို ကြမ်းပြင်ပေါ်မှာ ချစားရမှာလား"
"ဟုတ်ဘူးလေ။ ကော်ဖီ စားပွဲတို့၊ ဘာတို့ မရှိဘူးလား"
စုချီက ပရိဘောဂအကြောင်းကို ဆက်၍ မဆွေးနွေးချင်တော့သဖြင့် စုလုရီထံသို့ တူပေးလိုက်ကာ "ရော့၊ မြန်မြန်စားတော့" ဟု ပြောလိုက်သည်။
ဟင်းများက စုလုရီ၏ အကြိုက်ဆုံး ဟင်းများဖြစ်သဖြင့် စုလုရီက ခေါင်းမဖော်တမ်း စားလေတော့၏။
ထမင်း စားပြီးသွားသောအခါ စုလုရီက နားနေခန်းဆီသို့ လျှောက်သွားရန် ပြင်လိုက်ပြီး "အစ်ကိုကြီး၊ မအိပ်တော့ဘူးလား" ဟု စုချီကို လှည့်မေးလိုက်သည်။
"မင်းပဲ အိပ်လိုက်တော့။ ငါ ခရီးစဥ်အတွက် ပြင်ဆင်ရဦးမယ်"
"ဘာ ခရီးစဥ်လဲ၊ အစ်ကိုကြီး"
"သဘက်ခါကျရင် အလုပ်ကိစ္စနဲ့ နိုင်းကို ခရီးထွက်ရမယ်။ မင်းလည်း အတူတူ လိုက်ခဲ့ရမယ်"
............
လေယာဉ်ပေါ်၌ စုချီနှင့် စုလုရီတို့က ဘေးချင်းကပ်လျက် ထိုင်ကာ ရှောင်ချင်က လျှောက်လမ်း၏ တစ်ဖက်၌ သပ်သပ်ထိုင်သည်။
လေယာဉ် စတက်သည့် အချိန်၌ အနည်းငယ် တုန်ခါသွားသဖြင့် စုလုရီက ကြောက်သွားကာ မျက်လုံးကိုမှိတ်ပြီး စုချီကို လှမ်းကိုင်ရန် ပြင်လိုက်၏။
သို့သော် သူ၏ လက်ကောက်ဝတ်ကို နွေးထွေးသော လက်တစ်စုံက လာရောက် ကိုင်ထားသည်ကို ခံစားလိုက်ရသည်။
လေယာဉ် ပြန်ငြိမ်သွားမှသာ စုလုရီက မျက်လုံးကို ပြန်ဖွင့်ပြီး "ကျေးဇူးပဲနော်၊ အစ်ကိုကြီး" ဟု ပြောလိုက်၏။
စုချီက လက်ကို ပြန်လွှတ်ပေးကာ ဘာမှ ပြန်မပြောပေ။
လေယာဉ် ဆိုက်သောအခါ ချိန်းထားသည့် အချိန်နီးနေသဖြင့် ဟိုတယ်သို့ တန်းသွားကာ အထုပ်များကို နေရာချလိုက်သည်။
ထို့နောက် စုချီ ချိန်းထားသော ဧည့်သည်နှင့် သွားတွေ့ကာ ညစာတူတူ စားလိုက်ကြ၏။
စုလုရီက လေယာဉ် မူးနေသော်လည်း ဘာမှ မဖြစ်သည့် ပုံစံ ဟန်ဆောင်ကာ စုချီ၏ ဘေး၌ ထိုင်နေလိုက်သည်။
ညစာ စားပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့ကြ၏။
စုချီနှင့် စုလုရီက ခုတင်နှစ်လုံး အခန်းတစ်ခန်းနှင့် ရှောင်ချင်က သီးသန့်တစ်ခန်း ဖြစ်သည်။
အခန်းထဲသို့ ဝင်လာပြီးနောက် "မင်း ရေအရင်ချိုးမလား။ ငါ အရင်ချိုးရမလား" ဟု မေးပြီး စုလုရီက အရင်ချိုးခိုင်းသဖြင့် စုချီက အရင်ဝင်ချိုးလိုက်၏။
ထို့နောက် ရေသံကြားသောအခါ ပြန်သတိရလာသဖြင့် စုလုရီက နားကို ပိတ်ကာ စိတ်ထဲမှ သီချင်းဆိုနေလိုက်သည်။
စုချီက ရေချိုးပြီးသောအခါ စုလုရိီကို "ဒီကို လာခဲ့ဦး" ဟု ရေချိုးခန်းထဲသို့ လှမ်းခေါ်လိုက်၏။
"ဘာလုပ်မလို့လဲ၊ အစ်ကိုကြီး"
"မင်း ဒီက ခလုတ်တွေကို မသုံးတတ်လောက်ဘူး ထင်လို့ ငါ ပြပေးမလို့"
"ဪ၊ ဟုတ်"
စုချီက စုလုရီကို ခလုတ်များ အကြောင်း သေချာရှင်းပြနေသည်ကို စုလုရီက ငုံ့ကာ လိုက်ကြည့်လေသည်။
ထိုအခါ စုချီကပါ အနားသို့ ကပ်ပြီး ရှင်းပြလိုက်သောအခါ စုလုရီက မနေတတ်တော့ သဖြင့် ရုတ်တရက်ပြန်ထလိုက်ရာ စုချီ၏ မေးစေ့နှင့် စုလုရီ၏ ခေါင်းဆောင့်မိသွားတော့၏။
စုလုရီက ခေါင်းဆောင့် သွားသည့်အရှိန်ကြောင့် ခေါင်းမူးသွားကာ နောက်သို့ ဆုတ်လိုက်သဖြင့် ရေပန်းခလုတ်ကို ဖိမိသွားလေသည်။
"မင်း ဘာတွေ လုပ်နေတာလဲ"
ရေများ ခေါင်းပေါ်သို့ ကျလာသဖြင့် စုချီက စိတ်တိုသွားကာ စုလုရီကို မေးလိုက်၏။
စုလုရီက ရှက်ပြီး ခေါင်းကို ငုံ့ထားသဖြင့် စုချီက "မင်း ဘာလို့ ငါ့ကို ရှောင်နေတာလဲ။ မင်း အဲ့နေ့မနက်တုန်းက ကြားလိုက်တယ် မလား" ဟု ပြောကာ စုလုရီကို စိုက်ကြည့်နေသည်။
...…….................................
.........................................
အပိုင်း (၃၇) ပြီးပါပြီ။
Zawgyi
အပိုင္း (၃၇)
စုလုရီ ၾကက္ေသ ေသသြားခဲ့သည္။
ထို႔ေနာက္ ေရပန္းမွ ေရမ်ားက်လာသည့္ အသံကို ၾကားရ၏။
စုလုရီက (၃) စကၠန႔္ခန႔္ အသက္ရႉ ရပ္သြားရာမွ သတိျပန္ဝင္လာကာ ျဖည္းျဖည္းခ်င္း ေနာက္ဆုတ္သြားေတာ့သည္။
တံခါးကို ညင္သာစြာ ျပန္ပိတ္ၿပီး ေလွ်ာက္လမ္း နံရံ၌ မွီကာ အသက္ကို ဝေအာင္ ျပန္ရႉေနလိုက္၏။
ထိုအခ်ိန္၌ စုက်န္းခ်န္၏ အသံထြက္လာသျဖင့္ စုလုရီ လန႔္သြားေလသည္။
"မင္း အဲ့မွာ ဘာရပ္လုပ္ေနတာလဲ။ တံခါးေလာ့ခ်ထားလို႔လား"
"မဟုတ္ပါဘူး။ အစ္ကိုႀကီး အိမ္သာ ဝင္ေနလို႔ပါ"
"အစ္ကိုႀကီး အိမ္သာဝင္ေနတာ ဘာလို႔ အဲ့ေလာက္ေတာင္ ၾကာေနတာလဲ"
စုက်န္းခ်န္က ထိုသို႔ေျပာၿပီး စုခ်ီ၏ အခန္းထဲသို႔ ဝင္ရန္ ျပင္လိုက္သျဖင့္ စုလုရီက စုက်န္းခ်န္၏ ေက်ာကို ကိုင္ကာ "ခက္ခဲေနလို႔ ျဖစ္မယ္" ဟု ေျပာၿပီး ေအာက္သို႔ တြန္းေခၚလာလိုက္သည္။
စုက်န္းခ်န္လည္း နားလည္သြားသျဖင့္ ထပ္မေမးေတာ့ေပ။
စုခ်ီက ေရခ်ိဳးၿပီး ေအာက္ထပ္သို႔ ဆင္းလာေသာအခါ အားလုံးက စားၿပီးေနၿပီ ျဖစ္၏။
စုက်န္းခ်န္က စုခ်ီ ပန္းကန္ထဲသို႔ အ႐ြက္ေၾကာ္ကို ထည့္ေပးကာ "ဒါ မ်ားမ်ားစား အစ္ကိုႀကီး။ အမွ်င္ဓာတ္ပါတဲ့ အ႐ြက္ေတြက ျပႆနာ ေျဖရွင္းနိုင္တယ္" ဟု ေျပာလိုက္သည္။
စုခ်ီလည္း မ်က္ခုံးကို ပင့္ကာ နားမလည္ေသာ္လည္း "အင္း" ဟု ေျပာကာ ယူစားလိုက္၏။
စုလုရီမွာ အသံပင္ မထြက္ေတာ့ဘဲ ေခါင္းကို ငုံ႕ထားေလေတာ့သည္။
...........
ကုမၸဏီသို႔ ေရာက္ေသာအခါ ေရွာင္ခ်င္က စုခ်ီ၏ ႐ုံးခန္း တံခါးဝ၌ ေစာင့္ေနသည္ကို ေတြ႕လိုက္ရသည္။
"ဘာကိစၥလဲ"
"ဒါရိုက္တာ စု၊ လက္ေအာက္ခံ ကုမၸဏီတစ္ခုမွာ ဘ႑ာေရး ျပႆနာ တက္ေနလို႔ ကြၽန္ေတာ္ သြားစစ္ေဆးရမယ္ ထင္တယ္"
"သြား စစ္ေဆးလိုက္။ ငါလည္း ဒီမနက္ ဘယ္မွ သြားစရာ မရွိဘူး"
ထိုအခါ စုလုရီက စုခ်ီႏွင့္ ႏွစ္ေယာက္တည္း အတူတူရွိေနရန္ စိတ္ အဆင္မေျပေသးသျဖင့္ ေရွာင္ခ်င္နားသို႔ တိုးကာ "ကြၽန္ေတာ္လည္း လိုက္ခဲ့လို႔ ရမလား" ဟု ေမးလိုက္၏။
ေရွာင္ခ်င္က စုခ်ီကို လွမ္းၾကည့္လိုက္ကာ စုခ်ီက "ဘာလို႔ လိုက္ခ်င္တာလဲ" ဟု ေမးလိုက္သည္။
"ကြၽန္ေတာ္တို႔ ကုမၸဏီက အႀကီးႀကီးပဲ ဆိုေတာ့ လိုက္ေလ့လာခ်င္လို႔ပါ" ဟု စုလုရီက ျပန္ေျဖလိုက္၏။
"... ..."
အတန္ၾကာ ညွိႏွိုင္းၿပီးေနာက္ စုခ်ီက ခြင့္ျပဳလိုက္ကာ "ေကာင္းၿပီေလ။ ဒါဆိုလည္း ေရွာင္ခ်င္နဲ႕ လိုက္သြားလိုက္" ဟု ေျပာရင္း စုလုရီထံသို႔ လက္လွမ္းမည့္ ဆဲဆဲတြင္ စုလုရီက လန႔္သြားကာ တုန္သြား၏။
ထို႔ေၾကာင့္ စုခ်ီက လက္ကို ျပန္႐ုတ္ကာ ေဘာင္းဘီ အိတ္ကတ္ထဲသို႔ ထည့္လိုက္ၿပီး "မင္း ဘာလို႔ တုန္ေနတာလဲ" ဟု ေမးလိုက္သည္။
"ဘာမွ မဟုတ္ပါဘူး။ ေလတိုက္လာလို႔ ႐ုတ္တရက္
ခ်မ္းၿပီး တုန္သြားတာ" ဟု စုလုရီက ဆင္ေျခေပးလိုက္၏။
"ဒါဆိုလည္း သြားၾကေတာ့"
ထိုလက္ေအာက္ခံ ကုမၸဏီမွာ စုက်န္းခ်န္၏ လက္ေအာက္၌ မဟုတ္ဘဲ အျခား မန္ေနဂ်ာ တစ္ေယာက္၏ လက္ေအာက္၌ ျဖစ္သည္။
ထိုကုမၸဏီသို႔ ႐ုံးခ်ဳပ္မွ မိနစ္ (၄၀) ခန႔္ ေမာင္းရ၏။
ကားေပၚ၌ စုလုရီက ေရွာင္ခ်င္ကို ထိုကုမၸဏီ၏ ျပႆနာမ်ားကို ေမးေနသည္။
အျပန္အလွန္ ျပႆနာ အေၾကာင္း ေဆြးေႏြးၾကၿပီးေနာက္ ခဏၾကာ တိတ္ဆိတ္သြားကာ စုခ်ီ၏ ကိစၥကို ေခါင္းထဲ၌ ျပန္ေပၚလာသျဖင့္ စုလုရီက ေရွာင္ခ်င္ကို ေမးလိုက္ေတာ့၏။
"အတြင္းေရးမႉးခ်င္ ကြၽန္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္ ေမးထားတဲ့ အေၾကာင္းကို ေမးလို႔ရမလား"
"ရတယ္ ေမးေလ လက္ေထာက္စု။ ဘာကိစၥ သိခ်င္လို႔လဲ"
"သူ႕ရဲ႕ လိင္တူ သူငယ္ခ်င္းရဲ႕ လူသိမခံတဲ့ အေၾကာင္းေတြကို သူက သိလိုက္တယ္ဆိုတာကို အဲ့သူငယ္ခ်င္းကို ေျပာျပလိုက္ရင္ အဆင္မေျပ ျဖစ္သြားနိုင္မလားတဲ့"
"ဒါကေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ မတူနိုင္ဘူး။ တစ္ခ်ိဳ႕ကေတာ့ အဲ့ဒါကို ဂ႐ုမစိုက္ေပမယ့္ တစ္ခ်ိဳ႕က ရွက္သြားနိုင္တယ္။ အဲ့ဒါေၾကာင့္ လူေပၚမူတည္ၿပီးပဲ ဆုံးျဖတ္လို႔ရမယ္"
"ဪ၊ အဲ့လိုကိုး"
လက္ေအာက္ခံ ကုမၸဏီ၌ ျပႆနာမ်ား ေျဖရွင္းၿပီးေသာအခါ ေန႕လည္ (၁၂) နာရီ မထိုးေသးေပ။
ေရွာင္ခ်င္က စုခ်ီကို ဖုန္းဆက္ကာ အက်ိဳးအေၾကာင္း တင္ျပၿပီး "ျပန္ၾကမယ္၊ လက္ေထာက္စု" ဟုေျပာကာ ႐ုံးခ်ဳပ္သို႔ ျပန္လာလိုက္ၾက၏။
႐ုံးခ်ဳပ္သို႔ ျပန္ေရာက္ေသာအခါ မြန္းလြဲ (၁၂) နာရီခြဲေနၿပီ ျဖစ္သည္။
စုခ်ီ၏ စားပြဲ၌ ထမင္း၊ ဟင္းမ်ား ျပင္ထားသည္ကို ေတြ႕လိုက္၏။
စုလုရီက ဟင္းနံ႕မ်ားကို ရလိုက္ေသာအခါ ပုံမွန္ ျပန္ျဖစ္သြားၿပီး "အစ္ကိုႀကီး၊ ဘာလို႔ တန္ဖိုးႀကီး စားပြဲေပၚမွာ ဟင္းေတြ တင္ထားတာလဲ" ဟု ေမးကာ စုခ်ီ၏ စားပြဲသို႔ ေလွ်ာက္သြားလိုက္သည္။
"ဒါဆို ၾကမ္းျပင္ေပၚမွာ ခ်စားရမွာလား"
"ဟုတ္ဘူးေလ။ ေကာ္ဖီ စားပြဲတို႔၊ ဘာတို႔ မရွိဘူးလား"
စုခ်ီက ပရိေဘာဂအေၾကာင္းကို ဆက္၍ မေဆြးေႏြးခ်င္ေတာ့သျဖင့္ စုလုရီထံသို႔ တူေပးလိုက္ကာ "ေရာ့၊ ျမန္ျမန္စားေတာ့" ဟု ေျပာလိုက္သည္။
ဟင္းမ်ားက စုလုရီ၏ အႀကိဳက္ဆုံး ဟင္းမ်ားျဖစ္သျဖင့္ စုလုရီက ေခါင္းမေဖာ္တမ္း စားေလေတာ့၏။
ထမင္း စားၿပီးသြားေသာအခါ စုလုရီက နားေနခန္းဆီသို႔ ေလွ်ာက္သြားရန္ ျပင္လိုက္ၿပီး "အစ္ကိုႀကီး၊ မအိပ္ေတာ့ဘူးလား" ဟု စုခ်ီကို လွည့္ေမးလိုက္သည္။
"မင္းပဲ အိပ္လိုက္ေတာ့။ ငါ ခရီးစဥ္အတြက္ ျပင္ဆင္ရဦးမယ္"
"ဘာ ခရီးစဥ္လဲ၊ အစ္ကိုႀကီး"
"သဘက္ခါက်ရင္ အလုပ္ကိစၥနဲ႕ နိုင္းကို ခရီးထြက္ရမယ္။ မင္းလည္း အတူတူ လိုက္ခဲ့ရမယ္"
............
ေလယာဥ္ေပၚ၌ စုခ်ီႏွင့္ စုလုရီတို႔က ေဘးခ်င္းကပ္လ်က္ ထိုင္ကာ ေရွာင္ခ်င္က ေလွ်ာက္လမ္း၏ တစ္ဖက္၌ သပ္သပ္ထိုင္သည္။
ေလယာဥ္ စတက္သည့္ အခ်ိန္၌ အနည္းငယ္ တုန္ခါသြားသျဖင့္ စုလုရီက ေၾကာက္သြားကာ မ်က္လုံးကိုမွိတ္ၿပီး စုခ်ီကို လွမ္းကိုင္ရန္ ျပင္လိုက္၏။
သို႔ေသာ္ သူ၏ လက္ေကာက္ဝတ္ကို ေႏြးေထြးေသာ လက္တစ္စုံက လာေရာက္ ကိုင္ထားသည္ကို ခံစားလိုက္ရသည္။
ေလယာဥ္ ျပန္ၿငိမ္သြားမွသာ စုလုရီက မ်က္လုံးကို ျပန္ဖြင့္ၿပီး "ေက်းဇူးပဲေနာ္၊ အစ္ကိုႀကီး" ဟု ေျပာလိုက္၏။
စုခ်ီက လက္ကို ျပန္လႊတ္ေပးကာ ဘာမွ ျပန္မေျပာေပ။
ေလယာဥ္ ဆိုက္ေသာအခါ ခ်ိန္းထားသည့္ အခ်ိန္နီးေနသျဖင့္ ဟိုတယ္သို႔ တန္းသြားကာ အထုပ္မ်ားကို ေနရာခ်လိဳက္သည္။
ထို႔ေနာက္ စုခ်ီ ခ်ိန္းထားေသာ ဧည့္သည္ႏွင့္ သြားေတြ႕ကာ ညစာတူတူ စားလိုက္ၾက၏။
စုလုရီက ေလယာဥ္ မူးေနေသာ္လည္း ဘာမွ မျဖစ္သည့္ ပုံစံ ဟန္ေဆာင္ကာ စုခ်ီ၏ ေဘး၌ ထိုင္ေနလိုက္သည္။
ညစာ စားၿပီးေနာက္ ဟိုတယ္သို႔ ျပန္လာခဲ့ၾက၏။
စုခ်ီႏွင့္ စုလုရီက ခုတင္ႏွစ္လုံး အခန္းတစ္ခန္းႏွင့္ ေရွာင္ခ်င္က သီးသန႔္တစ္ခန္း ျဖစ္သည္။
အခန္းထဲသို႔ ဝင္လာၿပီးေနာက္ "မင္း ေရအရင္ခ်ိဳးမလား။ ငါ အရင္ခ်ိဳးရမလား" ဟု ေမးၿပီး စုလုရီက အရင္ခ်ိဳးခိုင္းသျဖင့္ စုခ်ီက အရင္ဝင္ခ်ိဳးလိုက္၏။
ထို႔ေနာက္ ေရသံၾကားေသာအခါ ျပန္သတိရလာသျဖင့္ စုလုရီက နားကို ပိတ္ကာ စိတ္ထဲမွ သီခ်င္းဆိုေနလိုက္သည္။
စုခ်ီက ေရခ်ိဳးၿပီးေသာအခါ စုလုရိီကို "ဒီကို လာခဲ့ဦး" ဟု ေရခ်ိဳးခန္းထဲသို႔ လွမ္းေခၚလိုက္၏။
"ဘာလုပ္မလို႔လဲ၊ အစ္ကိုႀကီး"
"မင္း ဒီက ခလုတ္ေတြကို မသုံးတတ္ေလာက္ဘူး ထင္လို႔ ငါ ျပေပးမလို႔"
"ဪ၊ ဟုတ္"
စုခ်ီက စုလုရီကို ခလုတ္မ်ား အေၾကာင္း ေသခ်ာရွင္းျပေနသည္ကို စုလုရီက ငုံ႕ကာ လိုက္ၾကည့္ေလသည္။
ထိုအခါ စုခ်ီကပါ အနားသို႔ ကပ္ၿပီး ရွင္းျပလိုက္ေသာအခါ စုလုရီက မေနတတ္ေတာ့ သျဖင့္ ႐ုတ္တရက္ျပန္ထလိုက္ရာ စုခ်ီ၏ ေမးေစ့ႏွင့္ စုလုရီ၏ ေခါင္းေဆာင့္မိသြားေတာ့၏။
စုလုရီက ေခါင္းေဆာင့္ သြားသည့္အရွိန္ေၾကာင့္ ေခါင္းမူးသြားကာ ေနာက္သို႔ ဆုတ္လိုက္သျဖင့္ ေရပန္းခလုတ္ကို ဖိမိသြားေလသည္။
"မင္း ဘာေတြ လုပ္ေနတာလဲ"
ေရမ်ား ေခါင္းေပၚသို႔ က်လာသျဖင့္ စုခ်ီက စိတ္တိုသြားကာ စုလုရီကို ေမးလိုက္၏။
စုလုရီက ရွက္ၿပီး ေခါင္းကို ငုံ႕ထားသျဖင့္ စုခ်ီက "မင္း ဘာလို႔ ငါ့ကို ေရွာင္ေနတာလဲ။ မင္း အဲ့ေန႕မနက္တုန္းက ၾကားလိုက္တယ္ မလား" ဟု ေျပာကာ စုလုရီကို စိုက္ၾကည့္ေနသည္။
...…….................................
.........................................
အပိုင္း (၃၇) ၿပီးပါၿပီ။