Blue-Eyed boy(Completed)

Bởi wholeyou

23.1K 677 5

သူငယ်ချင်းမို့ ချစ်လို့မရဘူးလား? ကောင်းဆက်ပိုင် သူငယ်ချင်းကိ... Xem Thêm

B-EB/1
B-EB/2
B-EB/3
B-EB/4
B-EB/5
B-EB/6
B-EB/7
B-EB/8
B-EB/9
B-EB/10
B-EB /12
B-EB/13
B-EB/14
B-EB/15
B-EB/16
B-EB/17
B-EB/18
B-EB/19
B-EB/ 20
B-EB/21
B-EB/22
B-EB/23
B-EB/24
B-EB/25
B-EB/26
B-EB/27
B-EB/28
B-EB/29
B-EB/30
B-EB/31
New

B-EB/11

602 23 0
Bởi wholeyou

သင်တန်းကာလ ကြာလာတာနဲ့အမျှ ကောင်း'နဲ့ဆက်ဆံရကလဲ ပိုပိုတိုးလာတယ်။ကောင်း'က ကျွန်တော်နေတဲ့ ကျောက်မြောင်းကို ခဏခဏ အလည်လာတတ်တယ်။သူလာရင် ရုပ်ရှင်သွားကြည့် ကျားကွက်သစ်ထဲ မုန့်ပတ်စားနဲ့ ခင်မင်မှု့ကနေ သံဃောဇဉ်တွေ တဖြည်းဖြည်းရစ်တွယ်လာကျတယ်။

"ဟဲ့! ဟိုနှစ်ယောက် မှန်မှန်ပြောစမ်း ရှင်လေးတို့"

Online ကပဲတက်နေတဲ့ မမလုက ဒီနေ့မှ သင်တန်းကိုပေါက်ချလာပြီး အခန်းထဲဝင်လာတဲ့ ကျွန်တော်တို့ကို စူးစမ်းသလိုမေးနေတာမို့..

"ဟမ် ဘာလဲ မမလုရဲ့?"

ကျောပိုးအိတ်ကို‌ ခုံပေါ်တင်ရင်း သူ့အမေးကို အမေးနဲ့ပဲပြန်ဖြေလိုက်တယ်။

"ဘာ ဘာလဲလဲ ရှင်တို့ ခုအတူလာကျတာမလား"

"အင်းလေ နေ့တိုင်းလဲ အတူလာတာပဲဟာ မမလုကလဲ"

တာယာလင်းလက်က ဟိုတခါကိစ္စအပြီး ကောင်း'ကို ညဖက် လိုင်းပေါ်စကားသွားအပြော ဟိုကဘယ်လိုကောလိုက်လဲ မသိပါဘူး။နောက်ရက်ကစပြီး နောက်အတန်းကိုပြောင်းထိုင်တာမို့ မမလုက ကျွန်တော်တို့အတန်းမှာပဲ ထိုင်နေတာ။

"အတူလာတာက ကိစ္စမဟုတ်ပါဘူး လက်တွဲပြီးလမ်းလျှောက်ရတာနဲ့ ပခုံးလေးကိုင်ပေးရတာနဲ့ ပြောပြော တွဲနေကျတာ မှတ်လား ဟင်?"

နောက်ဆုံးစကားလုံးတွေကို တိုးတိုးလေးကပ်မေးလာတာဆိုပေမယ့်လဲ ကျွန်တော့်မှာ မလုံမလဲနဲ့ အနားက ကောင်း'ကို လှည့်ကြည့်လိုက်မိတယ်။

"ဟာ မဟုတ်တာကြီးဗျာ ကျွန်တော်တို့က ယောက်ျားလေးတွေလေ ဒီလိုတွဲသွားတွဲလာလုပ်တာ အဲ့လိုထင်စရာလား သူငယ်ချင်းတွေဟာကိုဗျာ"

"သူငယ်ချင်း ဟုတ်လား ငါကတော့ မယုံရေးချမယုံပါနော်"

"တကယ်ပါဆိုဗျာ"

"အေး ရှင်လေးကသာ ငြင်းနေ ဟိုက တုတ်တုတ်တောင်မလှုပ်ဘူး ဟုတ်နေရင်လဲ လက်တို့နော် ကျုပ်က ဒါမျိုးတွေအရမ်းသဘောကျတာ"

လာပြန်ပြီ မေဇင်နောက်တစ်ယောက်ဆိုပြီး ကိုယ့်နဖူးသာ ကိုယ်ရိုက်လိုက်ချင်တော့တယ်။

"မဟုတ်ပါဘူးဆိုဗျာ မယုံလဲနေတော့"

မမလုက မယုံပါဘူးဆိုပြီး ပြုံးတုံ့တုံ့နဲ့ကြည့်နေတာမို့ ကောင်း'ဖက်ကို လှည့်ထိုင်လိုက်တော့ သကောင့်သားက နားကြပ်တပ်ပြီး မကြားသလိုလုပ်နေတယ်လေ။သူ သီချင်းမဖွင့်ထားပဲ နားကြပ်ပဲတပ်ထားတာ ကျွန်တော်သိတာပေါ့။တကယ်ပါပဲ ဟန်ဆောင်ရင်လဲ ပိပိရိရိလုပ်စမ်းပါ ငကောင်းရယ်။

ကျွန်တော့်နားထဲက Bluetooth နားကြပ်ကိုဖြုတ်ပြီး သူ့ရှေ့ပြလိုက်တော့ အထိတ်တလန့်မော့ကြည့်ရှာတယ်။

'ကဲရှင်းစမ်း'ဆိုတဲ့ အထာနဲ့မေးငေါ့ပြတော့ နွားပွဲစားထင်လားမသိပါဘူး သွားအကုန်ပေါ်အောင်ရီပြတော့တာပဲ။

'တွေ့မယ် ဒင်းနဲ့ သင်တန်းဆင်းမှ တွေ့မယ်'

ဆရာမဝင်လာပြီမို့ အံကြိတ်ပြုံးပြပြီး စာအုပ်သာထုတ်လိုက်တော့တယ်။

"ကဲ ပြောပါဦး မသိချင်ယောင်ဆောင်နေတာလေး!"

ပြောရင်းက အသံကျယ်သွားတာမို့ ပခုံးတချက်တွန့်သွားရင်းက..

"ငါ ငါ ဘယ်လိုပြန်ဖြေရမှန်းမသိလို့ပါ"

"ဘာ!!"

"သွင် စိတ်လျော့ပါကွာ နော် နော်"

"ကောင်းဆက်ပိုင် မင်း မင်း ငါ့ကိုဒေါသပိုထွက်အောင်လုပ်နေတာလားဟင်"

"မဟုတ်ဘူးလေကွာ ငါတို့က ယောက်ျားလေးတွေပဲဟာ ဒီလိုတွဲသွားတာဘာဖြစ်လဲ အဲ့ဒါကို လျှောက်မေးနေတော့ ငါလဲဘယ်လိုဖြေရမှန်းမသိလို့ပါ"

တဖြည်းဖြည်းတိုးသွားတဲ့ အသံကိုသေချာလိုက်နားထောင်ရတယ်။

"ပြောလေ အဲ့တုန်းက အဲ့လိုဝင်ပြောပါလား မသိရင် ငါကပဲ အတင်းကာရောကြီးငြင်းပြီး မင်းကတော့ ဟုတ်နေသလိုလိုနဲ့လေ"

"ငါက မင်းလောက် သေချာမပြောတတ်လို့ပါ ငါဝင်ပြောရင်ပိုဆိုးသွားမှာစိုးလို့ မသိချင်ယောင်ဆောင်နေလိုက်မိတာပါကွာ စိတ်မဆိုးပါနဲ့နော်"

"ဆိုးတယ် ဆိုးတယ်"

ပြောလဲပြော သူ့လက်မောင်းကိုလဲ ဆွဲကိုက်ပစ်လိုက်တယ်။အားပါပါနဲ့ကိုက်နေတာကို တစ်ချက်အသံမထွက်လာလို့ ကိုက်နေတာလွှတ်ပြီးမော့ကြည့်လိုက်တော့ အံတင်းတင်းကြိတ်ပြီး လက်သီးတွေဆုတ်ထားတယ်။

"ကောင်း နာသွားတယ်မလား ဘာလို့မအော်တာလဲ"

"စိတ်ဆိုးပြေပြီလား"

"ခု အဲ့ဒါက အရေးကြီးလား ပြစမ်း ပေါက်သွားပြီလား မသိဘူး"

"မပေါက်ပါဘူး စိတ်ဆိုးပြေပြီလား သွင် ပြေပြီမလားဟင်"

အင်္ကျီပေါ်မှာတောင် သွားရာအကွင်းလိုက်ဖြစ်နေတာကို မပေါက်ဘူးဆိုပြီး ကျွန်တော် စိတ်ဆိုးပြေပြီလားကိုပဲ အတင်းလိုက်မေးနေတဲ့ ကောင်း'ကြောင့် ခေါင်းပဲညိမ့်ပြလိုက်ရတော့တယ်။

'ငါ မင်းကို တဖြည်းဖြည်းတွယ်တာလာအောင် မရစ်ပတ်ပါနဲ့ ကောင်းရယ်'

******

Nora 🌺

Zawgyi

သင္တန္းကာလ ၾကာလာတာနဲ႕အမွ် ေကာင္း'နဲ႕ဆက္ဆံရကလဲ ပိုပိုတိုးလာတယ္။ေကာင္း'က ကြၽန္ေတာ္ေနတဲ့ ေက်ာက္ေျမာင္းကို ခဏခဏ အလည္လာတတ္တယ္။သူလာရင္ ႐ုပ္ရွင္သြားၾကည့္ က်ားကြက္သစ္ထဲ မုန့္ပတ္စားနဲ႕ ခင္မင္မႈ႕ကေန သံေဃာဇဥ္ေတြ တျဖည္းျဖည္းရစ္တြယ္လာက်တယ္။

"ဟဲ့! ဟိုႏွစ္ေယာက္ မွန္မွန္ေျပာစမ္း ရွင္ေလးတို႔"

Online ကပဲတက္ေနတဲ့ မမလုက ဒီေန႕မွ သင္တန္းကိုေပါက္ခ်လာၿပီး အခန္းထဲဝင္လာတဲ့ ကြၽန္ေတာ္တို႔ကို စူးစမ္းသလိုေမးေနတာမို႔..

"ဟမ္ ဘာလဲ မမလုရဲ႕?"

ေက်ာပိုးအိတ္ကို‌ ခုံေပၚတင္ရင္း သူ႕အေမးကို အေမးနဲ႕ပဲျပန္ေျဖလိုက္တယ္။

"ဘာ ဘာလဲလဲ ရွင္တို႔ ခုအတူလာက်တာမလား"

"အင္းေလ ေန႕တိုင္းလဲ အတူလာတာပဲဟာ မမလုကလဲ"

တာယာလင္းလက္က ဟိုတခါကိစၥအၿပီး ေကာင္း'ကို ညဖက္ လိုင္းေပၚစကားသြားအေျပာ ဟိုကဘယ္လိုေကာလိုက္လဲ မသိပါဘူး။ေနာက္ရက္ကစၿပီး ေနာက္အတန္းကိုေျပာင္းထိုင္တာမို႔ မမလုက ကြၽန္ေတာ္တို႔အတန္းမွာပဲ ထိုင္ေနတာ။

"အတူလာတာက ကိစၥမဟုတ္ပါဘူး လက္တြဲၿပီးလမ္းေလွ်ာက္ရတာနဲ႕ ပခုံးေလးကိုင္ေပးရတာနဲ႕ ေျပာေျပာ တြဲေနက်တာ မွတ္လား ဟင္?"

ေနာက္ဆုံးစကားလုံးေတြကို တိုးတိုးေလးကပ္ေမးလာတာဆိုေပမယ့္လဲ ကြၽန္ေတာ့္မွာ မလုံမလဲနဲ႕ အနားက ေကာင္း'ကို လွည့္ၾကည့္လိုက္မိတယ္။

"ဟာ မဟုတ္တာႀကီးဗ်ာ ကြၽန္ေတာ္တို႔က ေယာက္်ားေလးေတြေလ ဒီလိုတြဲသြားတြဲလာလုပ္တာ အဲ့လိုထင္စရာလား သူငယ္ခ်င္းေတြဟာကိုဗ်ာ"

"သူငယ္ခ်င္း ဟုတ္လား ငါကေတာ့ မယုံေရးခ်မယုံပါေနာ္"

"တကယ္ပါဆိုဗ်ာ"

"ေအး ရွင္ေလးကသာ ျငင္းေန ဟိုက တုတ္တုတ္ေတာင္မလႈပ္ဘူး ဟုတ္ေနရင္လဲ လက္တို႔ေနာ္ က်ဳပ္က ဒါမ်ိဳးေတြအရမ္းသေဘာက်တာ"

လာျပန္ၿပီ ေမဇင္ေနာက္တစ္ေယာက္ဆိုၿပီး ကိုယ့္နဖူးသာ ကိုယ္ရိုက္လိုက္ခ်င္ေတာ့တယ္။

"မဟုတ္ပါဘူးဆိုဗ်ာ မယုံလဲေနေတာ့"

မမလုက မယုံပါဘူးဆိုၿပီး ၿပဳံးတုံ႕တုံ႕နဲ႕ၾကည့္ေနတာမို႔ ေကာင္း'ဖက္ကို လွည့္ထိုင္လိုက္ေတာ့ သေကာင့္သားက နားၾကပ္တပ္ၿပီး မၾကားသလိုလုပ္ေနတယ္ေလ။သူ သီခ်င္းမဖြင့္ထားပဲ နားၾကပ္ပဲတပ္ထားတာ ကြၽန္ေတာ္သိတာေပါ့။တကယ္ပါပဲ ဟန္ေဆာင္ရင္လဲ ပိပိရိရိလုပ္စမ္းပါ ငေကာင္းရယ္။

ကြၽန္ေတာ့္နားထဲက Bluetooth နားၾကပ္ကိုျဖဳတ္ၿပီး သူ႕ေရွ႕ျပလိုက္ေတာ့ အထိတ္တလန႔္ေမာ့ၾကည့္ရွာတယ္။

'ကဲရွင္းစမ္း'ဆိုတဲ့ အထာနဲ႕ေမးေငါ့ျပေတာ့ ႏြားပြဲစားထင္လားမသိပါဘူး သြားအကုန္ေပၚေအာင္ရီျပေတာ့တာပဲ။

'ေတြ႕မယ္ ဒင္းနဲ႕ သင္တန္းဆင္းမွ ေတြ႕မယ္'

ဆရာမဝင္လာၿပီမို႔ အံႀကိတ္ၿပဳံးျပၿပီး စာအုပ္သာထုတ္လိုက္ေတာ့တယ္။

"ကဲ ေျပာပါဦး မသိခ်င္ေယာင္ေဆာင္ေနတာေလး!"

ေျပာရင္းက အသံက်ယ္သြားတာမို႔ ပခုံးတခ်က္တြန႔္သြားရင္းက..

"ငါ ငါ ဘယ္လိုျပန္ေျဖရမွန္းမသိလို႔ပါ"

"ဘာ!!"

"သြင္ စိတ္ေလ်ာ့ပါကြာ ေနာ္ ေနာ္"

"ေကာင္းဆက္ပိုင္ မင္း မင္း ငါ့ကိုေဒါသပိုထြက္ေအာင္လုပ္ေနတာလားဟင္"

"မဟုတ္ဘူးေလကြာ ငါတို႔က ေယာက္်ားေလးေတြပဲဟာ ဒီလိုတြဲသြားတာဘာျဖစ္လဲ အဲ့ဒါကို ေလွ်ာက္ေမးေနေတာ့ ငါလဲဘယ္လိုေျဖရမွန္းမသိလို႔ပါ"

တျဖည္းျဖည္းတိုးသြားတဲ့ အသံကိုေသခ်ာလိုက္နားေထာင္ရတယ္။

"ေျပာေလ အဲ့တုန္းက အဲ့လိုဝင္ေျပာပါလား မသိရင္ ငါကပဲ အတင္းကာေရာႀကီးျငင္းၿပီး မင္းကေတာ့ ဟုတ္ေနသလိုလိုနဲ႕ေလ"

"ငါက မင္းေလာက္ ေသခ်ာမေျပာတတ္လို႔ပါ ငါဝင္ေျပာရင္ပိုဆိုးသြားမွာစိုးလို႔ မသိခ်င္ေယာင္ေဆာင္ေနလိုက္မိတာပါကြာ စိတ္မဆိုးပါနဲ႕ေနာ္"

"ဆိုးတယ္ ဆိုးတယ္"

ေျပာလဲေျပာ သူ႕လက္ေမာင္းကိုလဲ ဆြဲကိုက္ပစ္လိုက္တယ္။အားပါပါနဲ႕ကိုက္ေနတာကို တစ္ခ်က္အသံမထြက္လာလို႔ ကိုက္ေနတာလႊတ္ၿပီးေမာ့ၾကည့္လိုက္ေတာ့ အံတင္းတင္းႀကိတ္ၿပီး လက္သီးေတြဆုတ္ထားတယ္။

"ေကာင္း နာသြားတယ္မလား ဘာလို႔မေအာ္တာလဲ"

"စိတ္ဆိုးေျပၿပီလား"

"ခု အဲ့ဒါက အေရးႀကီးလား ျပစမ္း ေပါက္သြားၿပီလား မသိဘူး"

"မေပါက္ပါဘူး စိတ္ဆိုးေျပၿပီလား သြင္ ေျပၿပီမလားဟင္"

အကၤ်ီေပၚမွာေတာင္ သြားရာအကြင္းလိုက္ျဖစ္ေနတာကို မေပါက္ဘူးဆိုၿပီး ကြၽန္ေတာ္ စိတ္ဆိုးေျပၿပီလားကိုပဲ အတင္းလိုက္ေမးေနတဲ့ ေကာင္း'ေၾကာင့္ ေခါင္းပဲညိမ့္ျပလိုက္ရေတာ့တယ္။

'ငါ မင္းကို တျဖည္းျဖည္းတြယ္တာလာေအာင္ မရစ္ပတ္ပါနဲ႕ ေကာင္းရယ္'

******

Nora 🌺

Đọc tiếp

Bạn Cũng Sẽ Thích

567K 30.5K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
10.7M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
345K 40.1K 27
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
761K 38.2K 35
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...