B-EB/27

508 11 0
                                    

"ကောင်းကောင်း မမကိုပြောပေးပါ ဦးငယ် ခရီးထွက်သွားတယ်လို့"

လွန်ခဲ့တဲ့ တစ်ပတ် ကျောင်းခန်းထဲစာသင်နေချိန် ဖုန်းမြည်လာတာမို့ မကိုင်ပဲနေတာ ဆက်တိုက်ခေါ်နေတာမို့ ဆရာ့ကို ခွင့်တောင်းပြီး အခန်းပြင်သာ ထွက်လာလိုက်ရသည်။

"ဘာလို့လဲ ဦးငယ် ဘယ်သွားမှာလဲ သေချာလေး ပြော‌လေ"

အသက်၁၀နှစ်လောက်ပဲကွာတဲ့သူတွေမို့ တူဝရီးဆိုတာထက် သူငယ်ချင်းလို ညီအကိုလိုဖြစ်နေတာ။

"မောင် ဟို ဦးငယ်ချစ်သူလေ အလုပ်ခွင်မှာ accident ‌ဖြစ်လို့တဲ့ ကောင်းကောင်းရယ် အခြေနေမသိရသေးတာမို့ ဦးငယ်လိုက်သွားမှဖြစ်မယ်"

"ဟင် အင်းပါ ဒါဆိုလဲ ဦးငယ် စိတ်တော့အေးအေးထားနော် ဦးငယ်က သူ့အတွက်ရှိပေးရမှာလေ စိတ်လှုပ်ရှားနေလို့မဖြစ်ဘူးနော် ကျွန်တော်ပြောတာသိတယ်မလား"

"အေး အေးပါ ဒါဆို ဒါပဲနော် ကောင်းကောင်း"

"ဟုတ် ကျွန်တော်လဲ ဆုတောင်းပေးနေမယ်နော် ဦးငယ်လဲဂရုစိုက်ပါ"

"အေး အေး"
......

ခုဆို ဦးငယ်ချစ်သူက ဆေးရုံမှာသတိမရသေးတဲ့အနေအထား။

ဟား'

ဘီးးးးးးး

အိပ်ယာပေါ်က ဖုန်းက တုန်ခါလာတာမို့ ကောက်ကြည့်လိုက်တော့ ချစ်ရသူ အိမ်ပြန်ရောက်နေတာ ဖုန်းမဆက်ရသေးဘူးပဲ။

"သွင်"

"ကောင်း ပြန်ရောက်ပြီလား ခု ဘယ်မှာလဲ ဘာမှမဖြစ်ဘူးမလားဟင် စိတ်ပူနေတာ ပြန်သွားတာ ၁နာရီကျော်နေပြီလေ ကား ဘာဖြစ်နေလို့လဲ ဘာမှတော့မဖြစ်ပါဘူးနော်"

"သွင် ဘာမှမဖြစ်ဘူးနော် စိတ်မပူနဲ့ ပြန်ရောက်ရောက်ချင်း ဒယ်ဒီကစကားပြောနေလို့ ဖုန်းမခေါ်ဖြစ်တာ ခု အခန်းထဲပြန်ရောက်လို့ ဖုန်းခေါ်မလို့လုပ်နေတုန်း သွင့်ဖုန်းဝင်လာတာ"

"တော်သေးတာပေါ့ ငါ စိတ်ပူနေမိတာ"

"Sorry ပါကွာ ကိုကို့ချစ်သူလေးကို စိတ်ပင်ပန်းစေမိပြီ"

"အာ ရပါတယ် မင်း ဘာမှမဖြစ်ရင် ပြီးတာပါပဲ ဒါဆို ဖုန်းချလိုက်တော့မယ်နော် မင်းလဲ နားလိုက်တော့လေ"

Blue-Eyed boy(Completed)Where stories live. Discover now