B-EB/7

660 27 0
                                    

"သွင် ငါ့ဆီ ဖုန်းတွေခေါ်ထားလို့ ဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမလဲ ကောင်း'မင်း ကျောင်းပွဲရှိတာသိသေးရဲ့လား ငါဆက်သွယ်လို့လဲမရနဲ့ ဘယ်တွေရောက်နေတာလဲ"

"အာ ဟိုရက်တွေက ငါလိုင်းမတက်ဖြစ်လို့ပါ ခုက ငါ ကားပေါ်မှာ"

"အင် ဒီချိန်ကြီးကို"

ညကြီး ၁၁နာရီလောက်ကို ကားပေါ်မှာဆိုတော့....ခရီးထွက်နေတာသိပေမယ့် ဘာလဲပြန်လာနေပြီလား သူက။

"အေး ငါ မန္တလေးသွားနေတာ ခု"

"ဟင် နောက်အပတ်ထဲ ပွဲလေ မင်း မှီပါ့မလား"

"မှီပါတယ် စိတ်ချ ငါ့အမေ အဖော်မရှိလို့ လိုက်ပေးတာလေ စိတ်ချနော် ငါမှီအောင်လာမှာ"

"အင်းပါ မင်းလဲ လမ်းခရီးမှာ ဂရုစိုက်နော်"

"အေးပါ   သွင်"

ဖုန်းချမလိုပြင်ပြီးမှ ခေါ်လိုက်တာမို့ ဖုန်းကို နားနားပြန်ကပ်လိုက်ရတယ်။

"ဟင် ဘာပြောမလို့လဲ"

"ငါ ဒီတစ်ညတော့ မင်းကို ဖုန်းခေါ်နေမယ်နော် ငါနဲ့စကားပြောပေးမလား"

"အော ရတယ်လေ ၃နာရီလောက်ထိတော့ နောက်ပိုင်းတော့ ငါအိပ်တော့မယ်လေကွာ တစ်ညလုံးစကားပြောနေတာ ဖေကြီးသိရင် အော်လိမ့်မယ်"

"အေးပါကွာ မင်းအချိန်ပေးသလောက်ပေါ့"

"Ok"

အဲ့လိုနဲ့ တစ်ညလုံး ဖုန်းတွေခေါ်လိုက် သူ့ပုံတွေရိုက်ပို့လိုက် လိုင်းပေါ်က သူတွေ့ထားတဲ့အကြောင်းတွေပြောလိုက်နဲ့ မိုးစင်စင်ကိုလင်းတော့တာပါပဲ။

"ငါ ဒီနေ့ အိပ်ရေးပျက်ပြီ မင်း တနေ့လုံးဖုန်းမခေါ်နဲ့တော့နော် ငါအိပ်ပြီ ဒါပဲ အော် နေဦး"

"အင်း ပြော သွင်"

"ငါ့အတွက် မုန့်ဝယ်လာခဲ့"

"ဝယ်ခဲ့မှာပေါ့ ဘာစားမလဲ ထိုးမုန့်လား"

"ထိုးမုန့်လဲစားမယ် ငါက မြင့်မြင့်ခင်လမုန့်ပိုကြိုက်တာ"

"အေး အဲ့ဒါဆို ၂မျိုးလုံးဝယ်လာခဲ့မယ်"

"အာ ၁ခုပဲဝယ်လာပါ တခြားသူတွေတွက်လဲ မင်းဝယ်ရမယ်မလား ငါတစ်ယောက်ထဲအတွက်ပဲဝယ်လာတော့ ဘယ်ကောင်းပါ့မလား မင်းအများကြီးကုန်နေပါ့မယ် ငါ့အတွက်ဆိုပြီးပါလာရင်ကို ငါကကျေနပ်နေပြီ ဟီး"

Blue-Eyed boy(Completed)Onde histórias criam vida. Descubra agora