B-EB/10

633 9 2
                                    

"ကောင်း ဒီနေ့ ဘာလို့မုန့်တွေအကုန်ယူမလာတာလဲ မေဇင်တို့ကို အားနာစရာ"

"အဲ့ဒါ အကုန်ပဲလေ"

"ဟမ် မင်းပြောတော့ သူတို့အတွက်ပါတယ်ဆို"

"မင်းအတွက်ပဲဝယ်လာတာ ဘယ်သူ့အတွက်မှမပါဘူး ဝယ်လာရအောင် သူတို့က မင်းမှမဟုတ်တာကွာ"

"အဲ့ဒါဆိုလဲ ၂ယောက်ထဲတွေ့မှပေးလေ ခုကျကောင်းမလား"

"ကောင်းတယ် ဘာမှလျှောက်တွေးမနေနဲ့"

"ပြီးတာပဲ ငါကတော့ ငါစားချင်တာတွေဝယ်လာပေးလို့ မင်းကိုကျေးဇူးတင်တယ်နော် ကောင်း is the best"

"အေးပါကွာ စားချင်တာစားရရင် အကောင်းဆုံးပေါ့လေ ဟုတ်လား"

"အဲ့ဒါလဲပါသလို မင်းကလဲ ငါ့အပေါ်အရမ်းကောင်းတယ်လေ"

"အင်း ငါသိပြီ အိပ်တော့ သွင် နောက်ကျနေပြီ"

"Ok good night ကောင်း"

"Good night သွင်"

ညတိုင်း ဖုန်းပြောတယ်ဆိုတာ အဲ့လို ဘာမဟုတ် ညာမဟုတ်လေးတွေ။

*ငါက မင်းအတွက် အမြဲ အကောင်းဆုံးဖြစ်ချင်မိတဲ့သူပါ သွင်*
......................

"လပြည့် ဒီကားတော်တော်ကောင်းတယ် သိလား"

"ဘာ ကား လဲ?"

မမလုက online ကပဲတက်တော့တာမို့ ကောင်း'က ကျွန်တော်တို့ ရှေ့တန်းကိုပြောင်းလာတယ်လေ။

မိန်းကလေး ၂ယောက်ကြား ယောက်ျားလေး၂ယောက်က အလယ်ကထိုင်ရတာ အဆင်ကိုပြေနေရောပဲ။ခုနက မေဇင်ပြောတာကို ကောင်း'ကဝင်မေးတာ။မေဇင်နဲ့ကောင်း'က ကပ်ရပ်ထိုင်တာမို့။

" Friend Zone"

"ငါကြည့်ပြီးပြီ ဘယ်နှစ်ခါမှန်းတောင် မသိတော့ဘူး"

"ညကျ ငါနဲ့ ထပ်ကြည့်မယ်လေ"

"အင်း"

"တာယာလဲ ကြည့်ချင်တယ် ကောင်းလားဟင် မေဇင်"

"အင်း ကောင်းတယ်"

"လပြည့် ငါလဲအတူကြည့်မယ်လေနော်"

တာယာက ကျွန်တော်တို့သူ့ကိုရှောင်လဲ အတင်းကိုလိုက်ရောနေတော့တာ။

Blue-Eyed boy(Completed)Where stories live. Discover now