B-EB/ 20

536 22 0
                                    

တီ တီ :

အောက်ထပ်က ကားဟွန်းသံကြားတာနဲ့ အထုတ်တွေဆွဲပြီးပြေးဆင်းလာလိုက်တော့တယ်။ကောင်း'ဖွင့်ပေးတဲ့ တံခါးဖက်ကနေ ကားပေါ်တက်ရင်း ဝရန်တာက ဖေနဲ့မေကို လက်လှမ်းပြလိုက်တယ်။

"‌ကောင်း ငါက မင်းမောင်းလာမယ်ထင်တာ"

"အာ ကားက ထားခဲ့ရမှာလေ အဲ့ဒါကြောင့် ဦးငယ်က လိုက်ပို့ပေးတာ"

"အော် အော"

ရှေ့ခန်းက ကားမောင်းသူကို ကြည့်ရင်းနဲ့ ကောင်း'ကို တိုးတိုးလေး ကပ်ပြောလိုက်မိတာ။တကယ်တော့ ကောင်း'ကလဲ ကားမောင်းတတ်သလို လိုင်စင်လဲရှိပြီးသား။ကျောင်းကိုလဲ သူဖာသာ ကားမောင်းလာနေကျလေ။

ကောင်း'ကားမောင်းစသင်တော့ ကျွန်တော်သူ့ကိုပြောဖူးတဲ့စကားရှိတယ်။

"ကောင်း ငါဒီနေ့ကစပြီးတော့လေ ကားလမ်းပေါ်လဲလမ်းတက်မလျှောက်တော့ဘူး ပြီးတော့ ကားလမ်းလဲတစ်ယောက်ထဲမကူးတော့ဘူး သိလား"

"အမ် ဘာလို့လဲ!"

ကျွန်တော့စကားကြားပြီး အထိတ်တလန့်ပြောရှာတဲ့ ကောင်း'ကိုကြည့်ပြီး။

"မင်း ကားမောင်းသင်နေလို့လေ"

"ဟာ သွင် ငါက အကောင်းမှတ်လို့ကွာ မင်း"

"ငါက ကြောက်တတ်တယ်ကွ ဟား ဟားး"

"အေးပါ ငါ မောင်းတတ်မှ မင်းလိုက်မစီးနဲ့"

"စီးဘူး"

အဲ့တုန်းက ‌အခြေနေလေးကိုပြန်တွေးရင်း တစ်ယောက်ထဲပြုံးနေမိတာ ကောင်း'ပြောမှပဲ ကိုယ့်ဖာသာပြုံးနေမိမှန်းသိတော့တယ်။

"သွင် တစ်ယောက်ထဲပြုံးနေတာ ဘယ်သူ့တွေးနေတာလဲ ငါခေါ်နေတာကြာပြီ"

"အာ မတွေးပါဘူး မင်း ကားမောင်းသင်တုန်းကဟာစဉ်းစားပြီး ပြုံးမိတာပါ"

"အေးပါ ထားပါ ဦးငယ် ဒါ သွင်လေ"

"အေးအေး သွင်လပြည့်ဆိုတာ ဦးငယ်ခနခနကြားနေရလို့ နာမည်တော့အလွတ်ရနေပါပြီကွာ လူကိုယ်တိုင်တော့ ခုမှမြင်ဖူးတာ"

ရှေ့ခန်းက ဦးငယ်က ကားအရှိန်လျော့လိုက်ရင်း နောက်ဖက်လှည့်ပြုံးကြည့်ကာပြောလာတာမို့ ခေါင်းအသာညိမ့်ပြလိုက်မိတယ်။

Blue-Eyed boy(Completed)Waar verhalen tot leven komen. Ontdek het nu