B-EB/2

1.4K 44 1
                                    

Training ကာလ စတက်တော့မှာ‌မို့ မေမေရော ဖေဖေပါ သင်တန်းလိုက်ပို့ကျတယ်။

ကျွန်တော်ကလေ အသက်သာ ၁၆နှစ် အိမ်အပြင်ကို ခုထိ တခါမှတစ်ယောက်ထဲမထွက်ဖူးဘူး။ကျောင်းနဲ့ကျူရှင်တောင် မေမေပဲပို့ ကြိုလုပ်ပေးခဲ့တာမို့ ကားလမ်းတောင်မကူးတတ်ဘူးလေ။

ဖေကြီးကတော့ ခရီးထွက်နေတာများတဲ့သူမို့ အိမ်မှာသိပ်မရှိတာများတယ်။အဲ့တော့ မေမေက ကျွန်တော်ကို ပိုးလေးလိုဥထားတော့တာပါပဲ။

အဲ့ဒါကြောင့် အပြင်အကြောင်း သိပ်မသိတဲ့ ကျွန်တော်က ဖုန်းတစ်လုံးနဲ့အိမ်ထဲသာ အောင်းနေတတ်တာ။
game လဲ ထင်သလောက်စိတ်မဝင်စားသလို တနေ့တနေ့ သူငယ်ချင်းမတွေနဲ့ သူတို့ပြောသမျှ သတင်းအတင်းအကုန်နားထောင်သလို ကျွန်တော်ကြိုက်တဲ့ idol သတင်းတွေကြည့်မယ် ရုပ်ရှင်တွေကြည့်နဲ့သာ အချိန်ကုန်နေခဲ့တာ။အပေါင်းအသင်းထားပေမယ့် ယောကျာ်းလေးသူငယ်ချင်းတွေကလဲ အပြင်သိပ်မထွက်တဲ့ ကျွန်တော်နဲ့က သိပ်ကီးမကိုက်ကျဘူးလေ။

အရွယ်လေးရောက်လာတော့ သူများရွသလို online ကရည်းစားလေးထားမိပါတယ်။ဖေကြီးက ဖုန်းကောက်စစ်တာ တခါတည်းမိပါလေရော။အဲ့တုန်းက ဖေကြီးက ဆူပူနေတာမို့ နောက်တခါရည်းစားထားဖို့ကို စိတ်ကိုမကူးတော့တာ။ဟုတ်တယ်လေ သာယာတာက ခဏလေး ဆူခံလိုက်ရတာ နားတွေကိုထုံနေရောပဲလေ။

၁၆နှစ်ပြည့်တဲ့အချိန်မှာ မေမေက အရွယ်ရောက်ပြီဆိုပြီး ဖေကြီးမသိအောင် တချို့အရာတွေကို ခွင့်ပြုပေးတတ်လာပါတယ်။သူငယ်ချင်းတွေနဲ့ အပြင်သွားတာ ရည်းစားထားခွင့် ပေးတာတို့ပေါ့။ခက်တာက ကိုယ်ကြိုက်တဲ့သူ ရှာမတွေ့သေးတာပါပဲ။

...................................

"ဟဲ့ လပြည့် နင် လပြည့်မလား"

"ဝါး မေဇင် နင်ရော ဒီမှာပဲလား"

"အေး ဟုတ်တယ် ငါတို့အရင် Batch မှာ ငုဝါတို့ အသွယ်တို့ရှိတယ်ဟ ငါက သူတို့ပြောလို့ တက်ဖြစ်တာ နင်ကရော"

အထက်တန်းကျောင်းက ငယ်ပေါင်းကြီးတွေ ပြန်တွေ့ခန်းပေါ့ဗျာ။

"ငါက fb ကတွေ့လို့ဟ ဒါနဲ့ viber group ထဲ နင့်မတွေ့ပါဘူး"

"ဟုတ်တယ် ငါ မjoin ရသေးတာ ဟိုရက်မှ ခရီးကပြန်လာလို့လေ"

Blue-Eyed boy(Completed)Where stories live. Discover now