B-EB/1

3.7K 66 1
                                    

"ဖေကြီး သား ဒီသင်တန်းတက်ချင်တယ်"

ကျောင်းတွေနားထားတဲ့အချိန် အိမ်မှာနေရင် ဘာမှမလုပ်ပဲ ဝေလေလေလုပ်နေတယ် ပြောလွန်းအားကြီးလို့ fb က‌ သင်တန်းတခုတွေ့တာနဲ့ ဖေကြီးကို ပူဆာလိုက်မိတယ်။

"အင်း သားတက်ချင်ရင် သား မေမေ့ကိုပြောပြလိုက်လေ"

လုပ်ပြီ တဆိတ်ရှိ မေမေ့ကိုပြောဆိုတာကြီးပဲ ဘာမှ သူမဆုံးဖြတ်ဘူး။မေမေသည်သာ အိမ်ရဲ့ အဓိကမိန်း။

"သားသားက တကယ်စိတ်ဝင်စားလို့လား?"

"ဟုတ် မား အဲ့သင်တန်းလေးကမဆိုးဘူး အချိန်လဲနည်းလို့ သားနဲ့လဲ ကိုက်သလားလို့လေ တက်ကြည့်ချင်တယ် အိမ်မှာလဲ အလကားနေမယ့်အတူတူလေ"

"အင်း မေမေ online ကနေ လေ့လာကြည့်လိုက်မယ်လေ အချိန် နေရာ ဘယ်မှာအဆင်ပြေမလဲလို့ သားသားတက်ချင်တဲ့နေရာရှိရင်လဲ ပြောလေနော်"

"ဟုတ် မား"

‌ဒါလုပ်ချင်တယ် ဒါလိုချင်တယ်လို့ပြောလိုက်တာနဲ့ သင့်တော်၏။မတော်၏ဆိုတာကို သူကျင်လည်ရာပတ်ဝန်းကျင်မှာ သေချာလေ့လာပြီး ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို အကောင်းဆုံးဖြည့်ပေးတတ်တဲ့ မေမေ့ကို အရမ်းချစ်ရသလို ကြောက်လဲကြောက်ရတယ်။

ဖေကြီးကတော့ လိုအပ်တဲ့အရာရာကို မင်းမေမေ့ကိုပြောဆိုတာနဲ့ပဲ နောက်ကွယ်ကနေ ဆန္ဒအားလုံးဖြည့်ပေးနေမှန်း သိရတော့ ပိုပိုပြီးချစ်ရတယ်။

******

ကျွန်တော်က တစ်ဦးတည်းသောသား
မားနဲ့ဖေကြီးရဲ့တစ်ဦးတည်းသောသားအပြင် နှစ်ဖက်အဖိုးအဖွားတွေရဲ့ တစ်ဦးတည်းသော မြေးအသည်းညှာ
မားရော ဖေကြီးပါ မွေးချင်းမောင်နှမတစ်ယောက်စီရှိကျပေမယ့် သူတို့တွေက သားသမီးမရှိကျတော့ အားလုံးရဲ့အချစ်သည်သာ ကျွန်တော် သွင်လပြည့် တစ်ယောက်တည်းရဲ့ အပိုင်ပေါ့။

..................................

သင်တန်းကာလက ၆လဆိုပေမယ့် အရင်ဆုံး Training ကာလက ၂ပတ်တက်ပေးရတယ်။အဲ့၂ပတ်ကာလပြီးမှ ဒီသင်တန်းကို စိတ်ဝင်စားလို့ဆက်တက်ချင်လဲ ရသလို။မတက်တော့ရင်လဲရတယ်။ဆက်တက်မယ်ဆိုမှ သင်တန်းကြေးသွင်းရတာပေါ့နော်။

Blue-Eyed boy(Completed)Where stories live. Discover now