B-EB/3

1K 37 0
                                    

မျက်မှန်တပ်ရတဲ့သူမို့ ရှေ့ဆုံးတန်းရအောင် အတန်းထဲမြန်မြန်ဝင်လာလိုက်တယ်။ဒုတိယတန်းမှာ ခုံလွတ်ရှိသေးတာမို့ ၂ယောက်သားအဲ့မှာပဲဝင်ထိုင်လိုက်ကျတယ်။အများစုက နောက်ဆုံးဖက်တွေပဲနေရာဦးကျတာမို့ ရှေ့တန်းတွေက တော်တော်များများလွတ်နေတယ်လေ။

သူကတော့ ကျွန်တော်တို့နောက်တန်းမှာ။တစ်တန်းကို ၄ယောက်ထိုင်ပုံစံလုပ်ထားတာမို့ ကျွန်တော်တို့အတန်းမှာ မေဇင်နဲ့ကျွန်တော်အပြင် ရွယ်တူကောင်မလေးတစ်ယောက်နဲ့ အမတစ်ယောက်ပဲရှိတယ်။

"ဟဲ့ နာမည် မိတ်ဆက်ကျမယ်လေဟာ ပြီးရင် အကောင့်တွေလဲကျမယ်နော်"

အသွက်မမေဇင်က နောက်ဖက်ရော ကိုယ့်အတန်းကိုပါ မိတ်ဆွေဖွဲ့နေလေပြီ။

"နင်က ခုနက ငါတို့ကိုလာခေါ်တဲ့ တစ်ယောက်မလား"

"အေး ငါ့နာမည် သုတဟန် နင်ကရော"

"ငါက မေသဇင်ဦး သူက သွင်လပြည့်"

သူ့နာမည်မိတ်ဆက်ရုံတင်မဟုတ်ဘူး ကိုယ့်ကိုပါဆွဲမိတ်ဆက်ပေးသေးတာ။

"ဟဲ့ နင့်နာမည်လဲ ပြောလေဟာ"

သူ့ဖုန်းသူပဲအာရုံရနေတဲ့သူကို မေဇင်က ခုံပေါ်လက်ပုတ်ပြီးခေါ်လိုက်တော့မှ မျက်လုံးလှန်ကြည့်တယ်။

"ကောင်း ဆက် ပိုင်"

"ငါတို့ သူငယ်ချင်းလုပ်ကြမယ်နော် သုတ ငါ့ကို နင့်အကောင့်ပေးလေ fb မှာ fri လုပ်ရအောင်"

"အေး ရော့ "

ဟိုက နာမည်ပြောပြီးတာနဲ့ နားထဲနားကြပ်တပ်ထားလိုက်တာ ဘေးကလူတွေပြောနေတာ သူနဲ့မဆိုင်သလိုပဲ။ဘေးကနှစ်ယောက်နဲ့ပါ နာမည်တွေမိတ်ဆက် အကောင့်တွေလဲပြီးချိန်မှာတော့ ဆရာဝင်လာတော့တယ်။

"ဒီနေ့က အစဆိုတော့ ပေါ့ပေါ့ပါးပါးပေါ့ကွာ ဆရာကတော့ social study သင်မယ့် ဦးသီဟအောင်ပါ။"

"ဟုတ်ကဲ့ပါ ဆရာ"

"သင်ကြားရမယ့် ဘာသာရပ်တွေနဲ့သင်ကြားရေးအပိုင်းတွေကို ဆရာရှင်းပြမယ်နော်"

.........................................

"လပြည့် နင်အရင်က မျက်မှန်မတပ်ပါဘူး ဘာလဲ စတိုင်လား ခုက"

Blue-Eyed boy(Completed)Where stories live. Discover now